သခင်သည် မိုးတိမ်စီး၍ အမှန်တကယ် ပြန်ကြွလာမည်လော။

01.04.2026

ကြီးမားတဲ့ ကပ်ဘေးတွေ ပိုပိုပြီး နီးကပ်လာတဲ့အချိန်မှာ ယုံကြည်သူအတော်များများက ဘေးအန္တရာယ်တွေကနေ လွတ်မြောက်ပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ဖို့အတွက် သခင့်ကို ကြိုဆိုဖို့ စိတ်ထက်ထက်သန်သန်နဲ့ မျှော်လင့်နေကြတာပေါ့။ ဒါပေမဲ့ သခင်ပြန်ကြွလာတာကို စောင့်မျှော်ကြိုဆိုတဲ့နေရာမှာ လူတွေရဲ့ သဘောထားတွေက အမျိုးမျိုးဖြစ်နေတယ်။ တချို့က သခင့်ရဲ့ သွန်သင်ချက်တွေကို လိုက်နာကြတယ်။ သူတို့က သတိရှိရှိ နိုးကြားပြီး ဆုတောင်းကြတယ်၊ တက်တက်ကြွကြွ ရှာဖွေပြီး စုံစမ်းလေ့လာကြတယ်၊ ပြီးတော့ မင်္ဂလာဆောင်လုလင်ရဲ့ အသံကို နားထောင်ဖို့ အာရုံစိုက်ကြတယ်။ ဒါပေမဲ့ တခြားသူတွေကျတော့ သူတို့အသင်းတော်တွေထဲမှာပဲ နေပြီး သခင် မိုးတိမ်စီးပြီး ကြွလာမှာကိုပဲ စောင့်နေကြတယ်။ သူတို့က သခင်ယေရှု ပြောခဲ့တဲ့အရာအပေါ် အခြေခံပြီး ဒီလိုလုပ်ကြတာပါ။ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်း(ကပ်ဘေး)နောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၉-၃၀) သူတို့က တွေးကြတယ်၊ “ဒီပရောဖက်ပြုချက်ကို သခင်ကိုယ်တိုင် ပြောခဲ့တာပဲ။ ငါတို့က သခင် မိုးတိမ်စီးပြီး ကြွလာမှာကို စောင့်ကြည့်ရင်းနဲ့ သခင့်ကို ကြိုဆိုဖို့ စောင့်နေကြတာလေ။ ဘာမှားလို့လဲ” လို့ပေါ့။

သမ္မာကျမ်းစာထဲက ပရောဖက်ပြုချက်တွေအပေါ် အခြေခံပြီး သခင့်ကို ကြိုဆိုတာက ဘာမှမမှားပါဘူး၊ ဒါပေမဲ့ သခင် မိုးတိမ်စီးပြီး ကြွလာမှာကို စောင့်နေတာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာ ပြောဖို့ခက်တယ်၊ ဘာလို့လဲဆိုတော့ သခင်ယေရှုက သူ့ရဲ့ ပြန်ကြွလာခြင်းဟာ လူသားအနေနဲ့ ဖြစ်မယ်၊ တိတ်တဆိတ် ကြွလာမယ်လို့ အဓိက ပရောဖက်ပြုခဲ့လို့ပါပဲ။ ဥပမာအနေနဲ့ သခင်ယေရှုက ပရောဖက်ပြုခဲ့တယ်။ “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) သခင်ယေရှုက ထပ်ပြီး ပရောဖက်ပြုခဲ့ပါသေးတယ်။ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဒီပရောဖက်ပြုချက်တွေက “လူသားသည် ကြွလာလိမ့်မည်”၊ ဒါမှမဟုတ် “လူသားသည် ကြွလာသောအခါ” ဆိုတာတွေကို ဖော်ပြထားပါတယ်။ “လူသား” ဆိုတဲ့ အသုံးအနှုန်းက လူကနေ မွေးဖွားလာသူတစ်ဦးကို ရည်ညွှန်းတာပါ။ တစ်နည်းပြောရရင် ဘုရားသခင်က ဇာတိပကတိကို ယူတင်ဝတ်ဆင်ပြီး သာမန်၊ ပုံမှန်လူတစ်ယောက်ဖြစ်လာမယ်၊ စကားပြောဖို့နဲ့ အမှုပြုဖို့ လူသားမျိုးနွယ်ကြားထဲကို တိတ်တဆိတ် ကြွလာမယ်ဆိုတာပါပဲ။ ဒါဟာ မိုးတိမ်ပေါ်မှာ လူသိရှင်ကြား ပေါ်ထွန်းတာနဲ့ လုံးဝ ကွာခြားပါတယ်။ သခင်က လူသားအနေနဲ့ ပြန်ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေ အများကြီးရှိရက်နဲ့ ဘာလို့ ဘာသာရေးလောက က ကိုယ်တော် မိုးတိမ်စီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေကိုပဲ ရွေးပြီး အာရုံစိုက်ကြတာလဲ။ လူသား ကြွလာခြင်း၊ လူသား ဆင်းသက်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို သူတို့ ဘာလို့ ဂရုမစိုက်ကြတာလဲ။ ဒီကိစ္စမှာ မမြင်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။

ပထမဆုံးအနေနဲ့ “လူသားသည် ကြွလာလိမ့်မည်”၊ “မင်္ဂလာဆောင်လုလင်သည် လာပြီ” ဆိုတဲ့ သခင့်ရဲ့ ပရောဖက်ပြုချက်တွေနဲ့ ကိုယ်တော် မိုးတိမ်စီးပြီး ဆင်းသက်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကြားက အကြီးမားဆုံး ကွာခြားချက်ကို ကျွန်တော်တို့ နားလည်ရပါမယ်။ ဒီပရောဖက်ပြုချက် နှစ်မျိုးရဲ့ အချိန်ကာလနဲ့ နောက်ခံအကြောင်းအရာတွေက လုံးဝမတူဘူးဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။ လူသား ကြွလာခြင်းအတွက် နောက်ခံအကြောင်းအရာက ဘာလဲ။ သခင်ယေရှု ပရောဖက်ပြုခဲ့တယ်။ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇) နောဧခေတ်ကာလတုန်းက လူတွေဟာ စားသောက်ကြ၊ ထိမ်းမြားစုံဖက်ကြတယ်။ လူသား ကြွလာခြင်းရဲ့ နောက်ခံအကြောင်းအရာက ကြီးမားတဲ့ ကပ်ဘေးကာလအတွင်းမှာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်၊ ကပ်ဘေးတွေ မကျရောက်ခင် လူတွေရဲ့ဘဝ ပုံမှန်ဖြစ်နေတဲ့ ကာလတစ်ခုမှာ ဖြစ်မှာပါ။ ဒါပေမဲ့ မိုးတိမ်စီးပြီး ဆင်းသက်တာကတော့ ကြီးမားတဲ့ ကပ်ဘေးတွေပြီးမှ ဖြစ်မှာပါ။ ဒါကြောင့် သခင်ယေရှုက “သခင့်ကို ကြိုဆိုဖို့ မင်းတို့ နိုးကြားပြီး ဆီ ပြင်ဆင်ထားရမယ်” လို့ ခဏခဏ ပြောခဲ့တာပေါ့။ ဒါက ကပ်ဘေးတွေ မတိုင်ခင် လူ့ဇာတိခံ လူသားကို ကြိုဆိုရမယ်လို့ ဆိုလိုတာပါ။ ပညာရှိ သတို့သမီးကညာတွေနဲ့ မိုက်မဲတဲ့ သတို့သမီးကညာတွေအတွက် မတူညီတဲ့ အဆုံးသတ်တွေကိုလည်း ကိုယ်တော် ပရောဖက်ပြုခဲ့ပါတယ်။ ကပ်ဘေးတွေမတိုင်ခင် လူ့ဇာတိခံ လူသားကို ကြိုဆိုတဲ့သူတွေက ပညာရှိ သတို့သမီးကညာတွေ ဖြစ်ပါတယ်။ ဒီပညာရှိ သတို့သမီးကညာတွေဟာ ကောင်းကင်နိုင်ငံတော် စားပွဲတော်ကို တက်ရောက်ကြပြီး သန့်စင်ခံရဖို့ ခရစ်တော်ရဲ့ ပလ္လင်ရှေ့မှာ တရားစီရင်ခြင်းကို တွေ့ကြုံခံစားနိုင်ကြတယ်။ သူတို့ဟာ အောင်နိုင်သူတွေ ဖြစ်လာပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ကြတယ်။ ဒါပေမဲ့ သခင့်ကို ကြိုဆိုဖို့ သခင် မိုးတိမ်စီးပြီး ကြွလာမှာကိုပဲ မလျှော့တမ်း စောင့်နေတဲ့ ဘာသာရေးသမားတွေကတော့ မိုက်မဲတဲ့ သတို့သမီးကညာတွေပါပဲ။ သခင် မိုးတိမ်စီးပြီး ဆင်းသက်လာတာကို မြင်ရဖို့ စောင့်နေတဲ့သူတွေအတွက် အကျိုးဆက်တွေက ဘာဖြစ်မလဲ။ အဲဒါကတော့ “မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” ဆိုတဲ့ အဆုံးသတ်ပါပဲ။ ဒါက သူတို့ဟာ လူ့ဇာတိခံ လူသားကို ကြိုဆိုဖို့ အခွင့်အရေး လွဲသွားပြီး တရားစီရင်ခံရတယ်၊ အပြစ်စီရင်ခံရတယ်၊ ပြီးတော့ အပြစ်ဒဏ်ပေးခံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဆိုလိုတာပါ။ ဒါဟာ သောမလိုပါပဲ၊ သူက သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာ ပေါ်လာတာကို မြင်မှ သခင်ယေရှုကို သခင်နဲ့ ခရစ်တော်အဖြစ် အသိအမှတ်ပြုခဲ့တာလေ။ ဒီအတွက်ကြောင့် သူဟာ သခင့်ရဲ့ အပြစ်စီရင်တာကို ခံခဲ့ရတယ်။ သခင်ယေရှု မိန့်တော်မူခဲ့သလိုပေါ့။ “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) ဒီကနေကြည့်ရင် ကပ်ဘေးတွေမတိုင်ခင် သခင့်ကို ကြိုဆိုတဲ့သူတွေနဲ့ ကပ်ဘေးတွေပြီးမှ ကြိုဆိုတဲ့သူတွေရဲ့ အဆုံးသတ်တွေဟာ လုံးဝ မတူဘူးဆိုတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ သခင့်ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေအနေနဲ့ သူ့ကို ကပ်ဘေးတွေမတိုင်ခင် ကြိုဆိုဖို့ပါပဲ၊ ကြီးမားတဲ့ ကပ်ဘေးတွေ ပြီးဆုံးသွားပြီးတဲ့နောက်မှ ကြိုဆိုဖို့ လုံးဝ မဟုတ်ပါဘူး။

အခု ကပ်ဘေးတွေမတိုင်ခင် သခင့်ကို ကြိုဆိုခြင်းရဲ့ အရေးပါပုံအကြောင်း ပြောကြရအောင်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဗျာဒိတ်ကျမ်းမှာလည်း ပရောဖက်ပြုထားပါတယ်။ “ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သော သူသည်ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။(ဗျာဒိတ်ကျမ်း ၃:၂၁) ဒီပရောဖက်ပြုချက်တွေကနေ ကျွန်တော်တို့ မြင်နိုင်တာကတော့ ကပ်ဘေးတွေ မကျရောက်ခင် သခင်က အမှုတော်အဆင့်တစ်ဆင့်ကို လုပ်ဆောင်မယ်၊ အဲဒါကတော့ ဘုရားသခင်ရဲ့ အိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်းအမှုဖြစ်တယ် ဆိုတာပါပဲ။ ဆိုလိုတာက ကပ်ဘေးတွေ မတိုင်ခင် သခင်က လူတစ်စုကို သန့်စင်ပြီး ကယ်တင်ဖို့၊ ပြီးတော့ သူတို့ကို အောင်နိုင်သူတွေ ဖြစ်လာစေဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်မယ်ဆိုတာပါပဲ။ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့ အောင်နိုင်သူတွေဟာ ကပ်ဘေးတွေ မတိုင်ခင်၊ ဒါမှမဟုတ် ကပ်ဘေးကာလအတွင်း စုံလင်အောင် ပြုလုပ်ခြင်းခံရတဲ့သူတွေပဲဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကြီးမားတဲ့ ကပ်ဘေးတွေ စတင်တဲ့အချိန်မှာ ကယ်တင်ခြင်းတံခါး ပိတ်လိမ့်မယ်ဆိုတာ အရင်တုန်းက ကျွန်တော်တို့အားလုံး ကြားဖူးကြပါတယ်။ ဆိုလိုတာက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှု အပြည့်အဝ ပြီးစီးသွားလိမ့်မယ်ဆိုတာပါပဲ။ ဒါဆိုရင် ကပ်ဘေးတွေရဲ့ အဆုံးမှာဖြစ်မယ့် သခင် မိုးတိမ်စီးပြီး ဆင်းသက်လာတာကို ကျွန်တော်တို့ စောင့်နေမယ်ဆိုရင် ဘုရားသခင်က ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နေနိုင်ဦးမှာလား။ ဒါက မဖြစ်နိုင်တော့ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြောထားသလိုပါပဲ။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲ နေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏ နေမင်း လူသိရှင်ကြား ပေါ်ထွက်လာသည့်အချိန် ဖြစ်လိမ့်မည်ဟု သန့်ရှင်းသူဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့သိသင့်သည်မှာ သင်တို့သည် ယေရှု ကောင်းကင်မှ ဆင်းသက်သည်ကို မြင်တွေ့ရသည့်အချိန်သည် သင်တို့ အပြစ်ဒဏ်ပေးခြင်းခံရရန် ငရဲသို့ ဆင်းသွားရမည့်အချိန်လည်း ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးကြောင်း ကြေညာပြီးဖြစ်သည့်အချိန်နှင့် ဘုရားသခင်က ကောင်းမြတ်ခြင်းကို ဆုချ၍ ဆိုးယုတ်ခြင်းကို အပြစ်ဒဏ်ပေးတော်မူသည့်အချိန်လည်း ဖြစ်ပေသည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင် လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး နိမိတ်လက္ခဏာများကို မရှာဖွေသည့်အပြင် ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည် ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ခရစ်တော်အယောင်ဆောင်သူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ်လက္ခဏာများ ပြုလုပ်သော ယေရှု၌သာ ယုံကြည်ကြပြီး ပြင်းထန်သည့် တရားစီရင်မှုကို ဖော်ပြကာ အသက်နှင့် စစ်မှန်သော လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းသာ ဖြစ်ပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တော်တော့်ကို ရှင်းလင်းပါတယ်။ ကပ်ဘေးတွေပြီးနောက် သခင် မိုးတိမ်စီးပြီး ဆင်းသက်လာတဲ့အချိန်ကျမှ သခင့်ကို ကြိုဆိုဖို့ မလျှော့တမ်းလုပ်နေတဲ့သူတွေ အားလုံးဟာ အမင်္ဂလာနဲ့ ကြုံရမယ်လို့ ကျွန်တော်တို့ သေချာပေါက် ပြောနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ဟာ တရားစီရင်ခြင်းကို လက်ခံဖို့၊ သန့်စင်ခံရဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားကြမှာမို့လို့ပါ။ သူတို့ဟာ သမ္မာတရားရဲ့ဝိညာဉ်တော် ဖော်ပြတဲ့ သမ္မာတရားတွေနဲ့ လုပ်ဆောင်တဲ့ တရားစီရင်ခြင်းအမှုကို လက်ခံဖို့ အခွင့်အရေး ဆုံးရှုံးသွားကြလိမ့်မယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ မျက်နှာကို မြင်ရဖို့ အခွင့်အရေး ဘယ်တော့မှ ရှိတော့မှာ မဟုတ်ပါဘူး။

ဘေးအန္တရာယ်တွေက စတင်နေပါပြီ။ လူကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့အမှု မကြာခင် ပြီးဆုံးတော့မှာပါ၊ ပြီးတာနဲ့ ကျွန်တော်တို့ဟာ ကြီးမားတဲ့ ကပ်ဘေးတွေရဲ့ နောက်ဆုံး သုံးနှစ်ခွဲကာလထဲကို ဝင်ရောက်ကြတော့မှာပါ။ အဲဒါက လူသားမျိုးနွယ်ကို လုံးဝ ပျက်စီးစေမယ့် ကြီးမားတဲ့ ကပ်ဘေးတွေ ဖြစ်လိမ့်မယ်။ အခုအချိန်အထိ သခင့်ကို မကြိုဆိုရသေးတာဟာ အင်မတန် အန္တရာယ်များပါတယ်၊ မိတ်ဆွေဟာ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်။ မှန်တဲ့ လမ်းခရီးကို ရှာဖွေပြီး စုံစမ်းလေ့လာတာမျိုး မလုပ်ဘဲ “လူသား” ဖော်ပြတဲ့ သမ္မာတရားအားလုံးကို လက်မခံတာက တော်တော့်ကို မိုက်မဲရာကျပါတယ်။ ဒီလူတွေဟာ သေချာပေါက် မိုက်မဲတဲ့ သတို့သမီးကညာတွေ ဖြစ်ပြီး သခင့်ရဲ့ စွန့်ပစ်တာ၊ ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရနိုင်ပါတယ်။ အခု သခင့်ကို ကြိုဆိုဖို့ဆိုတာ အရေးအကြီးဆုံးကိစ္စလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ လူသားမျိုးနွယ်ကို ပျက်စီးစေမယ့် ကြီးမားတဲ့ ကပ်ဘေးတွေမတိုင်ခင် မိတ်ဆွေ သခင့်ကို ကြိုဆိုနိုင်တာမျိုး ရှိမရှိ၊ ပြီးတော့ သန့်စင်ခံရဖို့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံနိုင်တာမျိုး ရှိမရှိဆိုတာက ကြီးမားတဲ့ ကပ်ဘေးတွေအတွင်းမှာ မိတ်ဆွေရဲ့ အဆုံးသတ်ဖြစ်တဲ့ အသက်ရှင်မလား၊ သေမလားဆိုတာကို တိုက်ရိုက် ဆုံးဖြတ်ပေးပါလိမ့်မယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သခင် မိုးတိမ်စီး၍ ကြွဆင်းမည်ကိုသာ စောင့်မျှော်နေသူများ အမင်္ဂလာရှိ၏

သခင့်ကို ယုံကြည်သူတွေအတွက် အကြီးမားဆုံး မျှော်လင့်ချက်ကတော့ ကိုယ်တော် ပြန်ကြွလာတာကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ဆီ...

ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

ကပ်ဘေးရောဂါတစ်ခုက မရပ်မနား ပျံ့နှံ့နေပါတယ်။ ပြီးတော့ ငလျင်တွေ၊ ရေလွှမ်းမိုးမှုတွေ၊ အင်းဆက်ပိုးကောင်အုပ်တွေ၊ အစာငတ်မွတ်မှုတွေ...

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။