ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

13.04.2023

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို နားထောင်ချင်ပြီး သခင့်ကို ကြိုဆိုဖို့ တောင့်တကြတဲ့သူတွေပါ။ ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို နည်းနည်း မိတ်သဟာယပြုပြီး သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ နားလည်မှုအမျိုးမျိုးကို ဆွေးနွေးကြမှာပါ။ လူအများစုက သခင်ပြန်ကြွလာခြင်းကို မိုးတိမ်စီး ဆင်းကြွလာခြင်းအဖြစ် ကျဉ်းမြောင်းစွာ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ သခင်ယေရှုကိုယ်တိုင်ရဲ့ ပရောဖက်ပြုချက်တွေအရ သူက လူသားအဖြစ် ပြန်ကြွလာပြီး နှုတ်ကပတ်တော်တွေကို မိန့်မြွက်မှာပါ။ သခင်က လူသားကြွလာခြင်း၊ ပေါ်ထွန်းခြင်းကို သုံးလေးကြိမ်လောက် ပရောဖက်ပြုခဲ့ပါတယ်။ လူသားကြွလာခြင်းဆိုတာ ဘုရားသခင် ပေါ်ထွန်းပြီး လူ့ဇာတိနဲ့ အမှုပြုတာကို ဆိုလိုတာပါ။ ဒါကသာ အရိုးရှင်းဆုံး အနက်ဖွင့်ဆိုချက်ဖြစ်ပြီး ဒါမျိုးကို ဘာသာရေးအသင်းတော်တစ်ခုမှာ ကြားရဖို့ သိပ်မဖြစ်နိုင်ပါဘူး။ လူသားကြွလာခြင်း၊ ပေါ်ထွန်းခြင်းက တော်တော်ကြီးတဲ့ နက်နဲမှုတစ်ခုပါ။ သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ကြိုဆိုပြီးခြင်းမရှိသေးဘဲနဲ့ ဘယ်သူမှ သိမှာမဟုတ်တဲ့အရာတစ်ခုပဲ။

ကျမ်းစာထဲမှာ သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီး ပရောဖက်ပြုချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အများစုက လူသားတွေဆီကနေ လာတာပါ။ တမန်တော်တွေ၊ ပရောဖက်တွေ၊ ကောင်းကင်တမန်တွေလိုမျိုးပေါ့။ လူတွေ ကိုးကားလေ့ရှိတဲ့ ပရောဖက်ပြုချက်တွေက လူသားတွေဆီကပဲ။ ဒါကြောင့် သခင်က မိုးတိမ်တွေပေါ်ကနေ ပွင့်ပွင့်လင်းလင်း ကြွဆင်းလာတာကို မြင်ရဖို့ တောင့်တကြတယ်။ ဒါပေမဲ့ တကယ်တော့ သခင်ပြန်ကြွလာခြင်းက လူသိပ်မသိသေးတဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆) နေ့ရက်၊ အချိန်နာရီကို ကောင်းကင်ဘုံက ကောင်းကင်တမန်တွေ၊ ဒါမှမဟုတ် သားတော်တောင်မှ မသိဘဲ ဘယ်သူမှ မသိတော့ လူသားတွေ၊ ကောင်းကင်တမန်တွေကပြောတဲ့ သခင့်ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာရဲ့ ပရောဖက်ပြုချက်တစ်ခုခုက တကယ် တိကျမှန်ကန်နိုင်ပါ့မလား။ တိကျဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် သခင့်ကို ကျွန်မတို့ ကြိုဆိုချင်ရင် သခင်ယေရှုကိုယ်တိုင်ရဲ့ ပရောဖက်ပြုချက်တွေကို လက်ခံသင့်တယ်။ ဒါ သခင့်ကို ကြိုဆိုဖို့ ကျွန်မတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ဒါကြောင့် သခင်က လူပုံအလယ် မိုးတိမ်စီးပြီး ဆင်းကြွလာတာကို စောင့်နေတဲ့သူတွေက ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ရင်း ကပ်ဘေးတွေကနေ မလွန်ဆန်နိုင်ဖို့ သေချာတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။...နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) သခင်ယေရှုရဲ့ ဒီပရောဖက်ပြုချက်တွေကနေ ဘာကိုမြင်နိုင်သလဲ။ သခင်က နောက်ဆုံးသောကာလမှာ လူသားအဖြစ်ကြွလာတယ်လို့ သခင့်နှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ လူသားက တကယ်တမ်းမှာ လူ့ဇာတိခံခြင်းဖြစ်ပြီး သူက အဓိကအားဖြင့် နှုတ်ကပတ်တော်တွေ မိန့်မြွက်မယ်။ သမ္မာတရားများစွာကို ဖော်ပြမယ်။ ဘုရားသခင် ရွေးချယ်ထားသူတွေကို သမ္မာတရားအားလုံးထဲကို ဝင်ရောက်ဖို့ ဦးဆောင်လိမ့်မယ်။ သခင်က ကြွလာပြီး သမ္မာတရားတွေကို ဖော်ပြခြင်းအားဖြင့် ဘယ်အမှုကို ပြီးမြောက်မှာလဲ။ သေချာတာကတော့ ဒါဟာ ဘုရားအိမ်တော်က စတဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ပဲ။ ဒါက ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ သမ္မာတရားတွေကို ဖော်ပြခြင်းအားဖြင့် တရားစီရင်ခြင်းအမှုကို ပြုတယ်ဆိုတာကို ဆက်ပြီး သက်သေပြတယ်။ ဒါဆိုရင် ကျွန်မတို့က သခင့်ကို ဘယ်လို ကြိုဆိုနိုင်မလဲ။ သူက လူသားအနေနဲ့ ကြွလာတာဆိုတော့ လူသားက ပေါ်ပေါ်ထင်ထင် သဘာဝလွန်ဖြစ်နေတာမရှိဘဲနဲ့ လုံးဝ သာမန်အသွင်အပြင်ပဲရှိတယ်။ ဒါဟာ ဘုရားရဲ့ အသွင်အပြင်ဆိုတာကို အပြင်ပန်းပုံသဏ္ဌာန်ကနေ ဘယ်သူမှ သိမြင်နိုင်မှာမဟုတ်ဘူး။ အဓိကအချက်က လူသားရဲ့ မိန့်မြွက်ချက်တွေကို နားထောင်ပြီး ဘုရားရဲ့အသံဟုတ်သလားဆိုတာကို ကြည့်ဖို့ပဲ။ သခင့်ကို ကြိုဆိုဖို့က ဘုရားအသံကို သိမြင်ပြီး ဘုရားအတွက် တံခါးဖွင့်ပေးခြင်းအားဖြင့် ပြီးမြောက်ပါတယ်။ သူက သမ္မာတရားတွေကို မိန့်မြွက်ပြီးတော့ လူတွေက ကြားပေမဲ့ သူ့အသံကို မသိမြင်ဘူးဆိုရင် သူ့ကို ကြိုဆိုဖို့ နည်းလမ်းရှိမှာမဟုတ်ဘူး။ ဒါကို ဗျာဒိတ်ကျမ်းထဲမှာ ထပ်ခါထပ်ခါ ပရောဖက်ပြုထားတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ဒါကို စုစုပေါင်း ခုနစ်ကြိမ်ပြောထားတယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုဖို့အတွက် ဘုရားအသံကို ကြားဖို့က လုံးဝ အရေးပါပါတယ်။ ဒါက သူ့ကို ကြိုဆိုဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ အခု သခင့်ကို ကြိုဆိုဖို့ အဓိကအချက်က ဘာလဲ သိလား။ ဟုတ်တယ်။ သခင့်ကို ကြိုဆိုဖို့အတွက် ဘုရားအသံကို ကြားဖို့ လုံးဝ ရှာဖွေရမယ်။ ဒီ “အသံ” က ပြန်ကြွလာတဲ့ သခင်က ဖော်ပြတဲ့ သမ္မာတရားများစွာကို ရည်ညွှန်းတာပါ။ လူတွေ အရင်က တစ်ခါမှ မကြားဖူးတဲ့ သမ္မာတရားအားလုံးနဲ့ ကျမ်းစာထဲမှာ လုံးဝ မှတ်တမ်းတင်မထားတဲ့ အရာတွေကို ရည်ညွှန်းတာပါ။ ပညာရှိ သတို့သမီးတွေက လူသားက ဖော်ပြတဲ့စကားတွေအားလုံးက သမ္မာတရားဖြစ်တယ်၊ အားလုံးက ဘုရားအသံဖြစ်တယ်ဆိုတာကို ကြားပြီး အလွန်ဝမ်းမြောက်ကြတယ်။ သခင့်ကို ကြိုဆိုကြတယ်။ သခင်ကသာ သမ္မာတရားကို ဖော်ပြနိုင်စွမ်းရှိတယ်။ သခင်ကသာ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ဖြစ်ပါတယ်။ လူသားက ဖော်ပြတဲ့စကားတွေကို ကြားပေမဲ့ စိတ်မဝင်စားတဲ့သူ၊ ငြင်းပယ်တဲ့သူ သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တဲ့သူဘယ်သူမဆို သခင်က စွန့်ပစ်မယ့် မိုက်မဲသော သတို့သမီးပဲ။ ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ရင်း ကပ်ဘေးကြီးထဲကို သေချာပေါက် ကျလိမ့်မယ်။ အခုအချိန်မှာ ဘာသာရေးလောကက သခင့်ကို မကြိုဆိုရသေးဘူး။ အဲဒီအစား သူတို့ဟာ ဘုရားကို အပြစ်တင်၊ ငြင်းဆန်ပြီး ကြံရာမရတဲ့ အခြေအနေမှာ အမြဲတမ်းရှိနေပြီး ကပ်ဘေးတွေထဲကို ကျရောက်ကြရတယ်။ ဘုရားရဲ့သိုးတွေဖြစ်တဲ့သူတွေက ဘုရားအသံကို ကြားပြီးတဲ့နောက်မှာ လမ်းမှန်ကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေစူးစမ်းပြီး သခင့်ကို ကြိုဆိုရတဲ့ အခွင့်ကို ရကြတယ်။ ဒါကြောင့် ကျွန်မတို့ ရှင်းရှင်းလင်းလင်း သိထားရမယ်။ နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွလာတဲ့အခါ သူဟာ လူသားအဖြစ် ပေါ်ထွန်းပြီး သမ္မာတရားအားလုံးကို ဖော်ပြတယ်။ သခင်ပေါ်ထွန်းခြင်းကို ရှာဖွေတဲ့နေရာမှာ ကျွန်မတို့အတွက် အဓိကအချက်က သခင် ဖော်ပြတဲ့ ဒီသမ္မာတရားတွေအားလုံးက ဘယ်မှာရှိတယ်ဆိုတာကို ရှာဖို့၊ ဘုရားသခင် စကားပြောနေတဲ့ အသင်းတော်မှာ ရှာဖို့ပဲ။ လူသားက ဖော်ပြတဲ့ သမ္မာတရားတွေကို ရှာတွေ့တာနဲ့ အဲဒီအသံရဲ့ အရင်းအမြစ်နောက်ကိုလိုက်ပြီး ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ရှာတွေ့နိုင်ပါတယ်။ သခင် ဖော်ပြတဲ့ သမ္မာတရားတွေအားလုံးက လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်တဲ့အရာတွေဆိုတာ မိတ်ဆွေ ရှာတွေ့တာနဲ့ တစ်ပြိုင်နက် သခင်ပြန်ကြွလာတာကို လက်ခံသွားပြီး သခင့်ကို မိတ်ဆွေ ကြိုဆိုပြီးဖြစ်လိမ့်မယ်။ ဒါက သခင့်ကို ကြိုဆိုဖို့ အကောင်းဆုံး၊ အရိုးရှင်းဆုံးနည်းလမ်းပဲ။ ကောင်းကင်ကို ငေးကြည့်နေဖို့ မလိုပါဘူး။ သခင်က မိုးတိမ်စီးကြွလာတဲ့အခါ သခင့်ကို ကြိုဆိုဖို့အတွက် တောင်ထိပ်မှာ ရပ်နေဖို့လည်း လုံးဝ မလိုဘူး။ တစ်နေကုန် ဆုတောင်းနေဖို့၊ ဒါမှမဟုတ် အစာရှောင်ဆုတောင်းဖို့ဆိုတာ ပိုပြီးတော့ မလိုအပ်ဘူး။ ဘုရားအသံကို ကြားဖို့ဖြစ်တဲ့ ခရီးစဉ်မှာ လုံးဝ အနားမယူဘဲ စောင့်ကြည့်နေဖို့ပဲ လိုပါတယ်။

ဒီနေရာမှာ မိတ်ဆွေတို့ထဲက တချို့က တွေးနိုင်တယ်။ ဒါဆိုရင် ငါတို့ကြားတဲ့ဟာကို ဘုရားအသံလို့ ဘယ်လိုလုပ် သိမြင်နိုင်မှာလဲပေါ့။ တကယ်တော့ ဘုရားအသံကို ကြားဖို့က လုံးဝ မခက်ပါဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) တစ်ယောက်ယောက်က ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်အကြောင်း၊ ဒါမှမဟုတ် ဘုရားက သမ္မာတရားတွေအများကြီးကို ဖော်ပြပြီးပြီလို့သက်သေခံတာကို ကြားရတဲ့ ဘယ်အချိန်မှာမဆို ဒါကို ချက်ချင်း စူးစမ်းပြီး ဘုရားကပြောတယ်ဆိုတဲ့ ဒီစကားတွေက သမ္မာတရားဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ကြည့်ရမယ်။ သမ္မာတရားဟုတ်တယ်ဆိုရင် ဒါတွေကို လက်ခံသင့်တယ်။ ဘာကြောင့်လဲဆိုရင် ဘုရားရဲ့ သိုးတွေက ဘုရားအသံကို ကြားနိုင်ပါတယ်။ ဒါဟာ ဘုရားက ကြိုတင်စီမံထားတဲ့အရာတစ်ခုပဲ။ လူတစ်ယောက်က ဘယ်လောက်ပညာတတ်တယ်၊ ကျမ်းစာကို ဘယ်လောက်သိတယ်ဆိုတာနဲ့ သူ့ရဲ့ အတွေ့အကြုံအတိမ်အနက်တွေပေါ် မူတည်တာမဟုတ်ဘူး။ ခရစ်ယာန်တွေအနေနဲ့ သခင်ယေရှုပြောတဲ့ စကားများစွာကို ကြားရတဲ့အခါမှာ ဘယ်လိုခံစားရလဲ။ သခင့်စကားတွေကို တွေ့ကြုံခြင်း၊ ဒါမှမဟုတ် နားလည်ခြင်းတစ်ခုမှမရှိဘဲနဲ့တောင်မှ ကျွန်မတို့က ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဒါတွေဟာ သမ္မာတရားဖြစ်မှန်း၊ တန်ခိုးအာဏာကို ပိုင်ဆိုင်မှန်း ခံစားရနိုင်တယ်။ ဒါတွေဟာ လေးနက်ပြီး နက်နဲတယ်၊ လူသားရဲ့ သိနားလည်မှုထက် ကျော်လွန်တယ်ဆိုတာကို ခံစားရတယ်။ ဒါက စိတ်က လှုံ့ဆော်ပြီး အလိုလိုသိခြင်းပဲ။ ကျွန်မတို့က ဒါကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်ဖြစ်စေ၊ မဖော်ပြနိုင်သည်ဖြစ်စေ ဒီခံစားချက်က မှန်ကန်တယ်။ လူတစ်ယောက် စိတ်နှလုံးနဲ့ ဝိညာဉ်ရှိရင် ဘုရားဆီက စကားတွေရဲ့ တန်ခိုးအာဏာကို ခံစားသိရှိနိုင်တယ်ဆိုတာကို ပြဖို့ လုံလောက်တယ်။ ဒါက ဘုရားအသံကို ကြားတဲ့ပုံစံပဲ။ ဒါကို နည်းနည်းဆက်ပြီး နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မယ်ဆိုရင် ဘုရားနှုတ်ကပတ်တော်မှာ တခြားဘယ်လိုထူးခြားတဲ့ လက္ခဏာတွေရှိသလဲ။ ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့ကို အသက်အာဟာရကို ပေးတယ်။ နက်နဲမှုတွေကို ဖွင့်ပြတယ်။ ခေတ်သစ်တစ်ခုကို အစပြုပြီး ခေတ်ဟောင်းကို အဆုံးသတ်တယ်။ သခင်ယေရှုက လူတွေကို ထိန်းကျောင်းဖို့၊ ရေလောင်းဖို့၊ ထောက်ပံ့ဖို့အတွက် အချိန်မရွေး၊ နေရာမရွေး သမ္မာတရားတွေကို ဖော်ပြနိုင်သလိုပေါ့။ သခင်က ကောင်းကင်နိုင်ငံတော်ရဲ့ နက်နဲမှုတွေကိုလည်း ဖွင့်ပြတယ်။ ကောင်းကင်နို်ငငံတော်ကို ဦးတည်တဲ့ နောင်တလမ်းကို လူသားမျိုးနွယ်ဆီ ယူဆောင်ခဲ့တယ်။ ကျေးဇူးတော်ခေတ်ကို အစပြုပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်တယ်။ လူသားမျိုးနွယ်ရဲ့ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်တယ်။ ဒါက ဘယ်လူသားကမှ မပြီးမြောက်နိုင်တဲ့အရာတစ်ခုပဲ။ ဒါမမှန်ဘူးလား။ ဒီတော့ အခုအချိန်မှာ နှုတ်ကပတ်တော်တွေကို နှစ်များစွာ မိန့်မြွက်ပြီး သမ္မာတရားများစွာကို ဖော်ပြနေတဲ့ လူသားတစ်ဦးရှိတယ်။ လူတော်တော်များများက ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဒါတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေဖြစ်တယ်၊ ဘုရားအသံဖြစ်တယ်လို့ ခံစားမိကြတယ်။ သမ္မာတရားတွေကို ဖော်ပြနေတဲ့ ဒီလူသားက ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်၊ သူဟာ လူ့ဇာတိနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်ဆိုတာကို သူတို့ သေချာသွားကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားတွေအားလုံးကို ဖော်ပြခဲ့ပြီး ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေကို ဖွင့်ပြတယ်။ ဘုရားအိမ်တော်က စတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တယ်။ သူဟာ နိုင်ငံတော်ခေတ်ကို အစပြုပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို လူတိုင်းကြားချင်လား။ ဘုရားရဲ့ အသံကို ကြားချင်ကြလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်မြွက်ချက် အပိုဒ်နည်းနည်းလောက် ဖတ်လိုက်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒလူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်တချို့ကို နားထောင်ပြီးတော့ အခု လူတိုင်းက ဘယ်လိုခံစားရလဲ။ ဒါဘုရားရဲ့ အသံလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ စာကြောင်းတိုင်းက တန်ခိုးအာဏာကို သယ်ဆောင်ပြီး လူတွေကို နှလုံးသားထဲအထိ လှုပ်ခတ်စေပါတယ်။ လူသားမျိုးနွယ်အားလုံးကို ဘုရားက လွဲပြီး ဘယ်သူက မိန့်မြွက်နိုင်မှာလဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအလိုတော်ကို ဘယ်သူက ဖော်ပြနိုင်သလဲ။ ဘုရားရဲ့နောက်ဆုံးသောကာလအမှုတော်အတွက် ဘုရားရဲ့ အစီအစဉ်နဲ့ စီမံမှုတွေအပြင် လူသားမျိုးနွယ်ရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို ဘယ်သူက ကြိုပြီးတော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြနိုင်သလဲ။ ဘုရားရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်တွေကို စကြဝဠာတစ်ခုလုံးသိအောင် ဘယ်သူက လုပ်နိုင်သလဲ။ ဘုရားသခင်ကလွဲပြီး ဒါတွေကို ဘယ်သူမှ မလုပ်နိုင်ပါဘူး။ လူသားမျိုးနွယ်အားလုံးအတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေက ကျွန်မတို့ကို ဘုရားနှုတ်ကပတ်တော်ရဲ့ တန်ခိုးအာဏာကို ခံစားရစေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေက ဘုရားဆီကနေ တိုက်ရိုက်လာတာပါ။ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အသံပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်က ကောင်းကင်ဘုံအမြင့်ကနေ တစ်လောကလုံးကို မျက်နှာမူပြီး စကားပြောနေသလိုပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဖန်ဆင်းခြင်းသခင်ဖြစ်တဲ့ သူ့ရဲ့နေရာကနေ လူသားမျိုးနွယ်ကို စကားပြောနေတာပါ။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ လက်မခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ ဘုန်းအာနုဘော်ဖြစ်တဲ့ စိတ်သဘောထားကို လူသားမျိုးနွယ်ဆီကို ဖွင့်ပြနေတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ရှိတဲ့ သမ္မာတရားတွေကို လူတွေ နားမလည်နိုင်ပေမဲ့ ပထမဆုံးကြားတဲ့အချိန်မှာ တကယ့်အတွေ့အကြုံ၊ နားလည်မှုတစ်ခုခုမရှိနိုင်ပေမဲ့ ဘုရားရဲ့သိုးတွေဖြစ်တဲ့သူအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ဆီက နှုတ်ကပတ်တော်တိုင်းက တန်ခိုးအာဏာနဲ့ ပြည့်နေတယ်ဆိုတာကို ခံစားရဦးမှာဖြစ်ပြီး ဒါဟာ ဘုရားရဲ့အသံဖြစ်တယ်၊ ဘုရားရဲ့ ဝိညာဉ်တော်ကနေ တိုက်ရိုက်လာတယ်ဆိုတာကို သေချာမှာဖြစ်ပါတယ်။ ဒါက သခင်ယေရှုရဲ့ စကားတွေကို ပြည့်စုံစေတယ်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

အခု ဘုရားအသံကို ကျွန်မတို့ ကြားပြီး ဘုရားက ဖော်ပြတဲ့ သမ္မာတရားတွေကို မြင်တွေ့ပြီးပြီ။ ဒီတော့ သမ္မာတရားကို ဖော်ပြခြင်းနဲ့အတူ ဘုရားသခင်က ဘာအမှုကို လုပ်ဖို့ ကြွလာခဲ့တာလဲ။ သူက နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကြွလာခဲ့တာပါ။ ဒါကို သခင်ယေရှုကိုယ်တိုင်ရဲ့ ပါးစပ်ကပြောတဲ့ ပရောဖက်ပြုချက်တွေနဲ့ သက်သေပြနိုင်ပါတယ်။ “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၇)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။...နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးတော့ ရှင်ပေတရဩဝါဒစာ ပထမစောင် အခန်းကြီး ၄၊ အငယ် ၁၇ ကိုလည်း ကျွန်မတို့ မေ့ထားလို့ မရဘူး။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဒီပရောဖက်ပြုချက်တွေအားလုံးက တော်တော်ရှင်းပါတယ်။ နောက်ဆုံးသောကာလ တရားစီရင်ခြင်းက ဘုရားအိမ်တော်ကနေ စတင်မယ်။ ပြီးတော့ ဒါကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံတဲ့သူတွေကြားမှာ လုပ်ဆောင်မယ်။ ဆိုလိုတာက လူ့ဇာတိခံ လူသားက လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ဖို့ ကမ္ဘာမြေပေါ်မှာ သမ္မာတရား များစွာကို ဖော်ပြပြီး ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေကို သမ္မာတရားအားလုံးထဲကို ဝင်ရောက်ဖို့ လမ်းပြမယ်။ ဒါက နောက်ဆုံးသောကာလမှာ ကယ်တင်ရှင်က လုပ်ဆောင်တဲ့ တရားစီရင်ခြင်းအမှု၊ ဘုရားသခင်က ဟိုးအရင်ကတည်းက စီစဉ်ခဲ့တဲ့ အမှုပဲ။ အခု လူ့ဇာတိနဲ့ လူသားဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က အချိန်တော်တော်ကြာကတည်းက ကြွလာခဲ့ပြီး လူသားမျိုးနွယ်ရဲ့ သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် သမ္မာတရားအားလုံးကို ဖော်ပြတယ်။ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပြီး ဘာသာရေးနဲ့ အခန်းကဏ္ဍအားလုံးကို တုန်လှုပ်စေခဲ့တယ်။ ဘုရားအသံကို အရေးစိုက်ပြီး စစ်မှန်တဲ့ လမ်းခရီးကို ရှာဖွေစူးစမ်းနေတဲ့သူတွေ ပိုပိုများလာတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ အကြီးစားနက်နဲမှုတွေအားလုံးကို ဖွင့်ပြပြီး လူသားမျိုးနွယ်အပေါ် ဘုရားရဲ့ စီမံခန့်ခွဲမှုမှာ ဘုရားရဲ့ ရည်ရွယ်ချက်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ အမှုတော်အဆင့်သုံးဆင့်ကို ဘယ်လိုဆောင်ရွက်တယ်၊ လူ့ဇာတိခံခြင်းတွေရဲ့ နက်နဲမှု၊ ကျမ်းစာနောက်ကွယ်က ဖြစ်ရပ်မှန်ဆိုတာမျိုး သမ္မာတရား နက်နဲမှုတွေကို ကျွန်မတို့ကို ပြောပြရုံတင်မကဘဲ ဒါတွေအပြင်ကို အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားမျိုးနွယ်က စာတန်ရဲ့ ဖျက်ဆီးခြင်းကို ဘယ်လိုခံခဲ့ရတယ်ဆိုတာနဲ့ ဘုရားကို ဆန့်ကျင်တဲ့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကိုလည်း ဖွင့်ပြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပစ်ပြီး အပြည့်အဝကယ်တင်ခံရဖို့အတွက် လက်တွေ့ကျတဲ့လမ်းကြောင်းကို ညွှန်ပြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူအမျိုးအစားတစ်ခုချင်းစီရဲ့ အဆုံးသတ်၊ လူတွေရဲ့ တကယ့် နောက်ဆုံး ခရီးပန်းတိုင်၊ ဘုရားက ခေတ်တစ်ခုကို ဘယ်လို အဆုံးသတ်မယ်၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ဘယ်လို ပေါ်ထွန်းမယ်ဆိုတာတွေကိုလည်း ဖွင့်ပြခဲ့တယ်။ ဒီ သမ္မာတရားရဲ့ နက်နဲမှုတစ်ခုချင်းစီတိုင်းကို ကျွန်မတို့ကို ဖွင့်ပြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော်တွေကို သန်းချီပြီး မိန့်မြွက်ခဲ့ပြီးပြီ။ ဒီနှုတ်ကပတ်တော်တွေက လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ဖို့ အသုံးပြုတဲ့ သမ္မာတရားအားလုံးဖြစ်ပါတယ်။ ဒါက နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်တဲ့ တရားစီရင်ခြင်းအမှုပဲ။ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ဖို့က နှုတ်ကပတ်တော်ကတစ်ဆင့်ဖြစ်တဲ့ အမှုတော်အဆင့်တစ်ဆင့်ပဲ။

ဒီတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က တရားစီရင်ခြင်းအမှုကို အပြီးသတ်ဖို့ သမ္မာတရားကို ဘယ်လို အသုံးပြုသလဲ။ သူ့နှုတ်ကပတ်တော်က ပြောတာကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

လူသားမျိုးနွယ်ကို တရားစီရင်ဖို့၊ သန့်စင်ပြီး ကယ်တင်ဖို့ အဓိကအားဖြင့် သမ္မာတရားကို ဖော်ပြရင်း၊ သမ္မာတရားကို အသုံးပြုရင်းနဲ့ပဲ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို ပြုတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ရှင်းသွားလောက်ပါတယ်။ ဆိုလိုတာက နောက်ဆုံးသောကာလမှာ ဘုရားသခင်က သူ့ရဲ့ တရားစီရင်ခြင်းအမှုကတစ်ဆင့် လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပြီး လူတစ်စုကို ကယ်တင်ပြီး စုံလင်စေတယ်။ ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိတဲ့သူတစ်စုကို ပြုလုပ်တယ်။ ဒါက ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ အကျိုးဖြစ်ထွန်းမှုပဲ။ ဒါက နောက်ဆုံးသောတရားစီရင်ခြင်းအမှုက အာရုံစိုက်တဲ့နေရာပဲ။ ဒါကြောင့် ကယ်တင်ရှင် အနန္တတန်ခိုးရှင်ဘုရားသခင်က သူ ကြွလာကတည်းက သမ္မာတရားတွေကို ဖော်ပြနေပြီး လူတွေမှာရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအမျိုးအစားတိုင်းကို ဖော်ထုတ်ပြီး တရားစီရင်နေတာပါ။ သူက ကျွန်မတို့ကို ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းကတစ်ဆင့် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကိုလည်း သန့်စင်ပြီး ပြောင်းလဲပေးနေပါတယ်။ ဒါက လူရဲ့ အပြစ်ပြုခြင်း အရင်းအမြစ်ကို ဖြေရှင်းပေးတယ်။ ကျွန်မတို့အတွက် အပြစ်ကို ဖယ်ရှားပြီး စာတန်ရဲ့ စွမ်းအားကနေ လွတ်မြောက်ရတဲ့အခွင့်၊ ဘုရားကို နာခံပြီး ကိုးကွယ်နိုင်တဲ့ အခွင့်ကို ပေးတယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ပြီးပြီဆိုတော့ ဘုရားက လူသားမျိုးနွယ်ကို တရားစီရင်ဖို့အတွက် နောက်ဆုံးသောကာလမှာ ဘာလို့ သမ္မာတရားတွေကို ဖော်ပြစရာ လိုဦးမှာလဲလို့ စဉ်းစားတာရင်းနဲ့ ဒီနေရာမှာ တချို့လူတွေက နည်းနည်း ခေါင်းရှုပ်နိုင်တယ်။ ဒါက ဘာကြောင့်လဲဆိုရင် သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ ပြုခဲ့တာကြောင့်ပဲ။ အဓိပ္ပာယ်က သခင်ယေရှုအပေါ် ယုံကြည်ခြင်းက အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတယ်။ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာရောက်တယ်ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် လူတွေကို ဘုရားရှေ့လာပြီး ဆုတောင်းဖို့၊ ဘုရားနဲ့ ရင်းရင်းနှီးနှီးဖြစ်ဖို့၊ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခံစားရဖို့ သတ်မှတ်ချက်နဲ့ ပြည့်မီစေတယ်။ ဒါပေမဲ့ အပြစ်ဖြေရာယဇ်အနေနဲ့ သခင်ယေရှုရဲ့ အခန်းကဏ္ဍက လူသားမျိုးနွယ်ရဲ့ အပြစ်ကို ခွင့်လွှတ်ခြင်းကိုပဲ ဖြစ်စေတယ်။ လူရဲ့ အပြစ်ပြုခြင်းရဲ့ အရင်းအမြစ်ပြဿနာကို အပြည့်အဝ မဖြေရှင်းပေးခဲ့ဘူး။ ဒါတွေအားလုံးက အမှန်တရားတွေပဲ။ ဒါကြောင့် လူသားမျိုးနွယ်ရဲ့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီးတဲ့နောက်မှာတောင် ကျွန်မတို့က ဆက်ပြီး တစ်ချိန်လုံး အပြစ်ပြုနေတယ်ဆိုတဲ့အချက်ကို ကျေးဇူးတော်ခေတ်မှာ နေတဲ့သူတွေအားလုံးက အသိအမှတ်ပြုတာပေါ့။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြဘူး။ အပြစ်ကို ဖယ်ရှားဖို့ တောင့်တကြသလောက် တကယ်တမ်းကျတော့ မလုပ်နိုင်ခဲ့ကြဘူး။ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ချတဲ့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ဒါကြောင့် သခင်ယေရှုက ဒီလို ပရောဖက်ပြုခဲ့တယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။...နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒါက သခင်ယေရှု နောက်တစ်ဖန်ကြွလာပြီး လူသားတွေကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အပြည့်အဝ သန့်စင်ပေးပြီး သူတို့ရဲ့ အပြစ်ပြုခြင်း အရင်းအမြစ်ကို ဖြေရှင်းပေးတဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ရည်ညွှန်းတာပါ။ ဒါက လူတွေ အပြည့်အဝ လုံးလုံးလျားလျား ကယ်တင်ခံရတဲ့ ပုံစံပဲ။ ဆိုလိုတာကတော့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မကြုံတွေ့ဘဲနဲ့ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းကိုပဲ တွေ့ကြုံသူတွေက သူတို့ရဲ့ လုပ်ရပ်တွေက အပြစ်ရှိတယ်ဆိုတာကို မြင်ရုံကလွဲပြီး တခြားဘာမှမလုပ်နိုင်ဘူးဆိုတဲ့ သဘောပဲ။ လူရဲ့ အပြစ်ပြုခြင်းရဲ့ အကြောင်းရင်းကို သူတို့ မမြင်နိုင်ဘူး။ ဆိုလိုတာက သူတို့ဟာ လူရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ဖြေရှင်းနိုင်ဖို့ မပြောနဲ့ နားတောင်မလည်နိုင်ဘူး။ လူရဲ့ အပြစ်ပြုခြင်း အကြောင်းရင်းဖြစ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဘုရားရဲ့ တရားစီရင်ခြင်းအမှုကို ကြုံတွေ့ဖို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားသခင်ကိုယ်တော်တိုင်က ကြွလာပြီး တရားစီရင်ခြင်းအမှုကိုပြုဖို့၊ သမ္မာတရား အများကြီးကို ဖော်ပြဖို့ လူ့ဇာတိအသွင်သဏ္ဌန်ကို ယူခဲ့တယ်။ ပြီးတော့ လူတွေကို ရေရှည်ဖော်ထုတ်နေပြီး တရားစီရင်တယ်။ ဒါက လူတွေ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်ပြီး သူတို့ကိုယ်တိုင်ရဲ့ သဘာဝနဲ့ အနှစ်သာရကို မြင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒီတရားစီရင်ခြင်းကတစ်ဆင့် လူတွေက ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကိုလည်း မြင်ကြမယ်။ ဒီလိုနဲ့ ဘုရားကို ကြောက်ရွံ့ခြင်းရှိလာမယ်။ ဒါက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါကို အောင်မြင်ပြီးမြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက လူ့ဇာတိခံဘုရားသခင်အနေနဲ့ တရားစီရင်ခြင်းအမှုကိုပြုရအောင် သမ္မာတရားကို ဖော်ပြဖို့ပဲလို့ ပြောလို့ရတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော်တွေ မိန့်မြွက်ခြင်း၊ တရားစီရင်ခြင်းအမှုကိုပြုဖို့ သမ္မာတရားကို အသုံးပြုခြင်းက အရမ်း အဓိကကျ၊ အရမ်း အရေးပါပြီး အရမ်း အဓိပ္ပာယ်ရှိတာပါ။

ယုံကြည်သူတစ်ယောက်က အပြည့်အဝ ကယ်တင်ခံရပြီး ကောင်းတဲ့ ခရီးပန်းတိုင်ရှိမရှိဆိုတဲ့ အဓိကအချက်က ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သူ ကြိုဆိုနိုင်မလားဆိုတဲ့ အပေါ် မူတည်ပါတယ်။ ဒီလိုပဲ အဓိကအချက်က လူတစ်ယောက်က ဘုရားအသံကို ကြားနိုင်၊ မကြားနိုင်ဆိုတာပဲ။ လူတွေအများကြီးက သူတို့တစ်ဘဝလုံးမှာ သခင့်ကို ယုံကြည်ကြတယ်။ ဒါပေမဲ့ ဘုရားအသံကို လုံးဝ မကြားရဘဲ၊ ဒါမှမဟုတ် သခင့်ကို မကြိုဆိုရဘဲနဲ့ သူတို့ရဲ့ ဘဝနေဝင်ချိန်ကို ရောက်ကြရတယ်။ သူတို့ရဲ့ အားထုတ်မှုတွေအားလုံးက အလကားဖြစ်သွားတဲ့ သဘောပေါ့။ ဒါကြောင့် ဘုရားရဲ့ အသံကို ကြားနိုင်ခြင်းက လူတစ်ယောက်ဟာ ကယ်တင်ခြင်းအပြည့်အဝရပြီး ကောင်းတဲ့ ခရီးပန်းတိုင်ကို ရနိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့ အဓိကအချက်ပဲ။ လူတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားတွေဖြစ်တယ်လို့ အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ဖြစ်တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ကြသေးဘူး။ ဒါက တကယ်ကို စိတ်မကောင်းစရာပဲ။ လူသားရဲ့ မိုက်မဲမှုနဲ့ မမြင်နိုင်မှုရဲ့ ရလဒ်ပဲ။ သခင့်ကို မသိတဲ့သူတွေက ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ရင်း ကပ်ဘေးတွေထဲကို ကျရောက်ရဖို့ သေချာတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူ့ဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် ပယ်ထုတ်ခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ ပယ်ထုတ်ခံရပြီး၊ စစ်ကြောခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ ‘နှုတ်ကပတ်တော်’ ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...

အဘယ်သူသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင် ဖြစ်သနည်း

ဒီရက်အတွင်းမှာ၊ လူအများစုက ယုံကြည်ခြင်းရှိကြပြီး ဘုရားတစ်ပါးရှိတယ်လို့ ယုံကြတယ်။ သူတို့ စိတ်နှလုံးထဲက ဘုရားကို သူတို့ ယုံကြတယ်။ ဒီတော့...

သုံးပါးတစ်ဆူနှင့်ဆိုင်သော စိတ်ကူးသည် ယုတ္တိရှိပါသလား

လူ့ဇာတိခံ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုကို နှစ် ၂၀၀၀ကြာ ပြုခဲ့ပြီးကတည်းက၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ခရစ်ယာန်အားလုံးက...

သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။