စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၈)

ငါ၏ဗျာဒိတ်များသည် အထွတ်အထိပ်သို့ ရောက်သော အချိန်နှင့် ငါ၏တရားစီရင်ခြင်း အဆုံးသတ် ရောက်လာသည့်အချိန်သည် ငါ၏လူအားလုံးကို ထုတ်ဖော်ပြကာ စုံလင်စေသည့်အချိန် ဖြစ်လိမ့်မည်။ ငါ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီပြီး ငါ၏အသုံးပြုခြင်းအတွက် သင့်တော်သူများကို မရပ်မနား ရှာဖွေရာတွင် ငါသည် စကြဝဠာ၏ နေရာအနှံ့သို့ ခရီးသွား၏။ မည်သူသည် ထရပ်ကာ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်မည်နည်း။ ငါ့အပေါ် လူသား၏ ချစ်ခြင်းမေတ္တာသည် မပြောပလောက်သကဲ့သို့၊ ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည်လည်း သနားဖွယ်ကောင်းလောက်အောင် သေးငယ်၏။ ငါ့နှုတ်ကပတ်တော်များ၏ အပြင်းဆုံးဒဏ်ကို လူသား၏ အားနည်းချက်များအပေါ် ငါ ဦးမတည်စေခဲ့ပါက၊ ၎င်းတို့သည် အရာခပ်သိမ်းကို သိနိုင်စွမ်းရှိပြီး လောကီရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားလုံး သိရှိသည့်အလား လူတတ်လုပ်ပြီး၊ အရည်မရ အဖတ်မရ လူအထင်ကြီးစရာ သဘောတရားများကို စိတ်ကူးရလျက်၊ ဝါကြွားကာ ချဲ့ကားပြောဆိုကြမည် ဖြစ်သည်။ အတိတ်တွင် ငါ့ကို “သစ္စာစောင့်သိ” ခဲ့သူများနှင့် ယနေ့ ငါ၏ရှေ့မှောက်၌ “ခိုင်ခိုင်မာမာရပ်တည်” ကြသူများထဲမှ မည်သူသည် ဝါကြွားစွာ ပြောဆိုဝံ့သေးသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများအတွက် မည်သူသည် တိတ်တဆိတ် ကျေနပ်နှစ်သိမ့်ခြင်း မရှိသနည်း။ ငါသည် လူတို့ကို တိုက်ရိုက် မဖော်ထုတ်ခဲ့ချိန်တွင်၊ ၎င်းတို့သည် ပုန်းကွယ်စရာ နေရာမရှိသကဲ့သို့ အရှက်အားဖြင့် အလွန်အမင်း စိတ်ဆင်းရဲခဲ့ရ၏။ ငါသည် အခြားပုံစံ တစ်ခုဖြင့် စကားပြောဆိုခဲ့ပါက၊ ယင်းသည် မည်မျှသာ၍ ဆိုးမည်နည်း။ လူတို့သည် ၎င်းတို့အား မည်သည့်အရာကမျှ ကုသပေးနိုင်မည် မဟုတ်သည်ကို ယုံကြည်လျက်၊ သာ၍ပင် ကြီးမားသည့် ကျေးဇူးတင်ရှိခြင်း အသိစိတ်တစ်ခု ရှိကြမည် ဖြစ်ပြီး၊ မိမိတို့၏ မတုန်မလှုပ်မှု၏ တင်းတင်းကျပ်ကျပ် ချည်နှောင်ခြင်းကို အားလုံး ခံရကြပေမည်။ လူတို့သည် မျှော်လင့်ချက် ကင်းမဲ့သည့်အခါ၊ နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် တရားဝင် ထွက်ပေါ်လာသည်၊ ယင်းမှာ လူတို့က၊ “ခုနှစ်ဆ ပြင်းထန်သော ဝိညာဉ်တော် စတင် အလုပ်လုပ်သည့်အချိန်ကာလ” ဟု ဆိုကြပြီးဖြစ်သကဲ့သို့ ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ ကမ္ဘာမြေပေါ်တွင် နိုင်ငံတော် အသက်တာ တရားဝင် စတင်သည့်အချိန် ဖြစ်သည်။ ယင်းမှာ (စိတ်ပိုင်းဆိုင်ရာ “စီမံပြုပြင်ခြင်း” တစ်ခုတစ်လေမျှ မရှိဘဲ) တိုက်ရိုက် ဆောင်ရွက်ရန် ငါ၏ ဘုရား သဘောသဘာဝ ပေါ်ထွက်လာချိန် ဖြစ်၏။ လူအားလုံးသည် သတိပြန်လည်လာသည့်အလား သို့မဟုတ် အိပ်မက်တစ်ခုမှ အနှိုးခံရသည့်အလား မအားမလပ် ပြေးလွှား သွားနေကြပြီး၊ နိုးကြားလာရာတွင် မိမိတို့ကိုယ်ကိုယ် ထိုသို့သော အခြေအနေတွင် တွေ့လိုက်ရသည်ကို အံ့အားသင့်သွားကြသည်။ အတိတ်တွင် ငါသည် အသင်းတော် တည်ဆောက်ခြင်း အကြောင်းများစွာ ပြောခဲ့၏။ နက်နဲမှုများစွာ ငါ ထုတ်ဖော် ပြခဲ့သော်လည်း၊ အမှုက ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ရုတ်တရက် အဆုံးသတ်တစ်ခုသို့ ရောက်လာခဲ့၏။ သို့သော် နိုင်ငံတော်ကို တည်ဆောက်ခြင်းမှာ ကွဲပြားခြားနားပေသည်။ ဝိညာဉ်လောကထဲက စစ်ပွဲသည် ယင်း၏နောက်ဆုံးအဆင့်သို့ ရောက်သည့်အချိန်တွင်သာ၊ ငါသည် ကမ္ဘာမြေပေါ်တွင် ငါ၏ အမှုကို အသစ်စတင်၏။ ယင်းမှာ ငါ၏ အမှုတော်အသစ်ကို ငါ တရားဝင် စတင်ပြီး မြှင့်တင်သည်မှာ လူသားအားလုံး နောက်ဆုတ်ခါနီး အချိန်တွင်သာ ဖြစ်သည်ဟု ဆိုရပေမည်။ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် အသင်းတော် တည်ဆောက်ခြင်းတို့ကြား ခြားနားချက်မှာ အသင်းတော် တည်ဆောက်ခြင်းတွင်၊ ငါသည် ဘုရား၏သဘောသဘာဝက ထိန်းချုပ်ထားသော လူ့သဘာဝ တစ်ခုမှတစ်ဆင့် အမှုပြုခဲ့၏။ ငါသည် ၎င်းတို့၏အကျည်းတန်သော အတ္တများကို တိုက်ရိုက်ထုတ်ဖော်ပြပြီး ၎င်းတို့၏အနှစ်သာရကို ဖော်ထုတ်ရင်း၊ လူသား၏ သဘာဝဟောင်းကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းခဲ့၏။ အကျိုးဆက်အနေဖြင့် ဤအခြေခံ အကြောင်းရင်းပေါ်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိလာခဲ့ကြပြီး၊ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးများနှင့် ၎င်းတို့၏ စကားများဖြင့် လက်ခံ ယုံကြည်ခဲ့ကြသည်။ နိုင်ငံတော်ကို တည်ဆောက်ခြင်းတွင်၊ ငါသည် ငါ၏ဘုရားသဘာဝမှတစ်တင့် တိုက်ရိုက်ဆောင်ရွက်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အခြေခံအုတ်မြစ်ပေါ်တွင် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူအားလုံးအား သိခွင့်ပေးပြီး၊ နောက်ဆုံးတွင် လူ့ဇာတိခံ ခန္ဓာအဖြစ် ငါနှင့်သက်ဆိုင်သည့် အသိပညာကို ၎င်းတို့အား ရရှိခွင့် ပေးလေသည်။ ဤအကြောင်းကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံး၏ မရေရာသော ဘုရားသခင်ကို လိုက်စားရှာဖွေခြင်းအား အဆုံးသတ်ကာ၊ ထိုသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက် နေရာတစ်ခု ထိန်းသိမ်းထားခြင်းကို ၎င်းတို့ ရပ်တန့်လေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ခန္ဓာဖြစ်နေစဉ် ငါ၏လုပ်ဆောင်ချက်များကို လူသားမျိုးနွယ်အား ငါသိခွင့်ပေးကာ၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်၌ ငါ၏အချိန်ကာလကို အဆုံးသတ်မည် ဖြစ်သည်။

နိုင်ငံတော် တည်ဆောက်ခြင်းသည် ဝိညာဉ်လောကကို တိုက်ရိုက် ရည်ရွယ်ပေသည်။ ဆိုလိုသည်မှာ၊ ဝိညာဉ်လောက၏တိုက်ပွဲ အခြေအနေသည် ငါ၏လူအားလုံးအလယ်တွင် တိုက်ရိုက် ပေါ်လွင်စေပြီး၊ ဤအရာက အသင်းတော်အတွင်းတွင် သာမက နိုင်ငံတော်ခေတ်တွင်လည်း လူတိုင်းသည် စဉ်ဆက်မပြတ် စစ်ပွဲတွင် သာ၍ ရှိကြသည်ဟု ပြသရန် လုံလောက်ပေသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ ဖြစ်လင့်ကစား၊ ဝိညာဉ်လောကသည် တိုက်ရိုက် ထုတ်ဖော်ပြခံရပြီး၊ ၎င်းတို့သည် ဝိညာဉ်လောက၏ အသက်တာနှင့် ထိတွေ့လာကြရသည်။ ထို့ကြောင့် သင်တို့သည် စတင် သစ္စာရှိကြသောအခါတွင်၊ ငါ့အမှု၏ နောက်တစ်ပိုင်းအတွက် သင်တို့ ကောင်းမွန်စွာ ပြင်ဆင်ရမည်။ သင်တို့၏စိတ်နှလုံး တစ်ခုလုံးကို လွှဲအပ်သင့်၏။ ထိုအခါမှသာ သင်တို့သည် ငါ၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ယခင်က အသင်းတော်ထဲတွင် မည်သည့် အရာ ဖြစ်ပျက်ခဲ့သည်ကို ငါ လုံးဝ အရေးမစိုက်ပေ။ ယနေ့ နိုင်ငံတော်၌ ဖြစ်၏။ ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်း အခါသမယတွင်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် လုံးဝ အသွင်ပြောင်းလဲသွားပြီး၊ ၎င်းတို့သည် အောင်ပွဲခံကာ ဝမ်းမြောက်ကြ၏။ သင်တို့သည် တစ်ခုတစ်လေ ကွဲပြားခြားနားပါသလော။ မည်သူ၏ စိတ်နှလုံးထဲတွင် ပျားရည်၏ ချိုမြိန်မှု မရှိသနည်း။ မည်သူသည် ဝမ်းမြောက်မှုအတွက် ပြည့်လျှမ်း မနေပါသနည်း။ မည်သူသည် ဝမ်းသာပီတိဖြင့် မကခုန်သနည်း။ မည်သူသည် ချီးမွမ်းစကား မပြောဆိုသနည်း။

အထက်တွင် ငါပြောဆိုကာ ဆွေးနွေးပြီးသည့် အရာအားလုံး၏ ရည်မှန်းချက်များနှင့် ဇာစ်မြစ်ကို သင်တို့ သဘောပေါက်ကြသလော။ သို့မဟုတ် သဘောမပေါက်ဘူးလော။ ဤအရာကို ငါမမေးခဲ့ပါက၊ ငါသည် တောင်စဉ်ရေမရ ပြောနေခြင်းမျှသာ ဖြစ်သည်ဟု လူအများစုက ယုံကြည်မည် ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များ၏ အရင်းအမြစ်ကို နားလည် သဘောပေါက်နိုင်မည် မဟုတ်ပေ။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ သေချာစွာ တွေးဆပါက၊ ၎င်းတို့၏ အရေးပါမှုကို သင်တို့ သိကြလိမ့်မည်။ သင်သည် ၎င်းတို့ကို သေချာစွာ အဓိပ္ပာယ်ကောက်မှ ကောင်းပေလိမ့်မည်- ငါ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာသည် သင့်အဖို့ အကျိုးမရှိသနည်း။ မည်သည်က သင်၏ အသက်တာ ကြီးထွားစေဖို့ မရည်ရွယ်သနည်း။ မည်သည်က ဝိညာဉ်လောက၏ လက်တွေ့အရှိတရားနှင့် သက်ဆိုင်၍ မပြောဆိုသနည်း။ လူအများစုက ငါ၏နှုတ်ကပတ်တော်များတွင် ယုတ္တိယုတ္တာမရှိလိုက်သည်မှာ ၎င်းတို့သည် ရှင်းပြချက်နှင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ကင်းမဲ့သည်ဟု ယုံကြည်ကြသည်။ ငါ၏နှုတ်ကပတ်တော်များသည် အမှန်တကယ် အလွန် စိတ်ကူးသက်သက်ဖြစ်ပြီး နားမလည်နိုင်စရာ ဖြစ်သလော။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို အမှန်တကယ် ကျိုးနွံနာခံကြသလော။ ငါ၏နှုတ်ကပတ်တော်များကို သင်တို့ အမှန်တကယ် လက်ခံကြသလော။ ယင်းတို့ကို ကစားစရာများကဲ့သို့ သင်တို့ သဘောထားကြသည် မဟုတ်လော။ ယင်းတို့ကို သင်၏အကျည်းတန်သော အသွင်သဏ္ဌာန်ကို ဖုံးကွယ်ရန် အဝတ်အထည်ကဲ့သို့ သင်အသုံးပြုသည် မဟုတ်လော။ ဤကျယ်ပြောသော လောကတွင်၊ မည်သူသည် ငါ၏ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခြင်းကို ခံရဖူးသနည်း။ ငါ့ဝိညာဉ်၏ နှုတ်ကပတ်တော်များကို မည်သူသည် ကိုယ်တိုင်ကိုယ်ကျ ကြားဖူးသနည်း။ များစွာသော လူတို့သည် အမှောင်ထဲတွင် စမ်းတဝါးဝါးနှင့် ရှာဖွေကြ၏။ လူများစွာတို့သည် အခက်အခဲအလယ်တွင် ဆုတောင်းကြ၏။ များစွာသော သူတို့သည် ဆာလောင်ကာ အေး၏၊ မျှော်လင့်ခြင်းဖြင့် စောင့်ကြည့်သကဲ့သို့၊ များစွာတို့သည် စာတန်၏ချည်နှောင်ခြင်း ခံရ၏။ သို့ရာတွင် များစွာသော သူတို့သည် အဘယ်သို့ လှည့်ရမည်ကို မသိကြ၊ များစွာသောသူတို့သည် ၎င်းတို့၏ ပျော်ရွှင်မှုအလယ်တွင် ငါ့ကို သစ္စာဖောက်ကြ၏၊ များစွာတို့သည် ကျေးဇူးကန်းကြပြီး၊ များစွာတို့သည် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကို သစ္စာစောင့် သိကြ၏။ သင်တို့ထဲမှ မည်သူသည် ယောဘဖြစ်သနည်း။ မည်သူသည် ပေတရုဖြစ်သနည်း။ ငါသည် အဘယ်ကြောင့် ယောဘကို အဖန်ဖန် ပြောဆိုခဲ့သနည်း။ ငါသည် အဘယ့်ကြောင့် ပေတရုကို ကြိမ်ဖန်များစွာ ရည်ညွှန်းပြီးဖြစ်သနည်း။ သင်တို့အတွက် ငါ၏မျှော်လင့်ချက်များ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သေချာအောင် လေ့လာစိစစ်ဖူးပါသလော။ ထိုသို့သောအရာများကို တွေးဆရာတွင် သင်တို့ အချိန် ပိုကုန်ဆုံးသင့်ပေသည်။

ပေတရုသည် ငါ့ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သော်လည်း၊ သူသည် မည်သည့်အခါမျှ မညည်းညူခဲ့သကဲ့သို့၊ မည်သည့် မကျေမနပ် ဖြစ်ခြင်းမျှလည်း မရှိခဲ့ပေ။ ယောဘသည်ပင် သူနှင့်တန်းတူ မဟုတ်ခဲ့သကဲ့သို့၊ ခေတ်ကာလများတစ်လျှောက်တွင်၊ သန့်ရှင်းသူ အားလုံးသည် ပေတရုကို မမီကြလေပြီ။ သူသည် ငါ့ကိုသိရန် ကြိုးစားခဲ့သည်သာမက၊ စာတန်သည် ၎င်း၏လှည့်ဖြားတတ်သော အကြံအစည်များ ထုတ်ပြန်နေချိန်အတောအတွင်းတွင်လည်း ပေတရုက ငါ့ကို သိလာခဲ့၏။ ဤအရာက ပေတရုအား ငါ၏စိတ်နှလုံးနှင့် အမြဲ ကိုက်ညီလျက် နှစ်များစွာကြာ ငါ့ကို အစေခံဖို့ဖြစ်စေခဲ့ပြီး ဤအကြောင်းရင်းကြောင့်၊ သူသည် စာတန်၏ အသုံးချခြင်းကို မည်သည့်အခါမျှ မခံခဲ့ရပေ။ ပေတရုသည် ယောဘ၏ယုံကြည်ခြင်းမှ သင်ခန်းစားများ ယူခဲ့သည်၊ သို့ရာတွင် ယောဘ၏ အားနည်းချက်များကိုလည်း ရှင်းလင်းစွာ သိမြင်ခဲ့၏။ ယောဘသည် ကြီးမြတ်သော ယုံကြည်ခြင်း ရှိခဲ့ပြီးဖြစ်သော်လည်း၊ သူသည် ဝိညာဉ်လောကထဲက ကိစ္စရပ်များနှင့်သက်ဆိုင်သည့် အသိပညာ ကင်းမဲ့ခဲ့သည်၊ ထို့ကြောင့် သူသည် လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် စကားများစွာ ပြောဆိုခဲ့သည်။ ဤအရာက သူ၏အသိပညာသည် မလေးနက်သကဲ့သို့၊ စုံလင်နိုင်စွမ်း မရှိသည်ကို ပြပေသည်။ ထို့ကြောင့် ပေတရုသည် စိတ်ဝိညာဉ်နှင့်ဆိုင်သည့် အသိစိတ်တစ်ခု ရရှိခြင်းအပေါ် အမြဲ အာရုံစိုက်ခဲ့ပြီး ဝိညာဉ်လောက၏ လှုပ်ရှားမှုအင်အားကို လေ့လာခြင်းအား အမြဲ အာရုံစိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ သူသည် ငါ၏အလိုဆန္ဒများထဲမှ တစ်စုံတစ်ရာကို သေချာအောင် လေ့လာစိစစ်နိုင်ခဲ့သည်သာမက၊ စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်ကိုလည်း ရှိခဲ့လေသည်။ ဤအရာကြောင့် ငါနှင့်သက်ဆိုင်သည့် သူ၏အသိပညာသည် ခေတ်ကာလများ တစ်လျှောက် အခြားမည်သူမဆိုထက် သာ၍ တိုး၍ကြီးမားခဲ့ပေသည်။

ပေတရု၏အတွေ့အကြုံမှ၊ လူသားများသည် ငါ့ကိုသိလိုပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်များအတွင်းတွင် ဂရုတစိုက် စဉ်းစားဆင်ခြင်ခြင်းအပေါ် အာရုံစိုက်ရမည်ဖြစ်သည်ကို မြင်ရန် မခက်ခဲပေ။ ငါ့ကို အပြင်ပန်းအားဖြင့် အတိုင်းအတာ တစ်ခုထိ သင် “ဆက်ကပ်” ဖို့ ငါမတောင်းဆိုပေ။ ဤသည်မှာ သာမညပူပန်ရခြင်းအကြောင်း ဖြစ်သည်။ သင်သည် ငါ့ကိုမသိလျှင်၊ သင်ပြောဆိုသည့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်း အားလုံးသည် စိတ်၏လှည့်စားမှုများသာ ဖြစ်၏။ ၎င်းတို့သည် အရည်မရအဖတ်မရ ဖြစ်ပြီး၊ သင်သည် ငါ့ရှေ့မှောက်တွင် ကြီးမားသည့် ဝါကြွားမှုများ ပြုလုပ်သော်လည်း၊ မိမိကိုယ်မိမိ မသိသည့်သူ တစ်ဦးဖြစ်လာရန် သေချာ၏။ ထိုသို့ဖြင့်သင်သည် စာတန်၏ ဖမ်းမိခြင်းကို တစ်ဖန် ခံရလိမ့်မည် ဖြစ်ပြီး၊ သင့်ကိုယ်သင် လွတ်မြောက်စေနိုင်မည်မဟုတ်ပေ။ သင်သည် ပျက်စီးခြင်း၏သားတစ်ဦးနှင့် ဖျက်ဆီးခြင်းခံရမည့်အရာတစ်ခု ဖြစ်လာလိမ့်မည်။ သို့ရာတွင် သင်သည် ငါ၏နှုတ်ကပတ်တော်များ အပေါ် အေးစက်စက်နိုင်ကာ ဂရုမစိုက်ပါက၊ သင်သည် ငါ့ကို ဧကန် ဆန့်ကျင်ပေသည်။ ဤသည်မှာ အမှန်တရား ဖြစ်ပြီး၊ ငါ၏ပြစ်တင်ဆုံးမခြင်း ခံရပြီးဖြစ်သည့် များစွာသော ဝိညာဉ် အမျိုးမျိုးကို သင်သည် ဝိညာဉ်လောက ဂိတ်တံခါးမှတစ်ဆင့် ကြည့်လျှင် ကောင်းပေမည်။ ၎င်းတို့ထဲမှ မည်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့် ရင်ဆိုင်ရလျက်၊ မလှုပ်မရှား ရှိခဲ့ကြသနည်း၊ ဂရုမစိုက်သကဲ့သို့ လက်မခံဘဲ ရှိခဲ့ကြသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အဆိုးမမြင်ဘဲ ရှိသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အပြစ်ရှာရန် မကြိုးစားခဲ့သနည်း။ ၎င်းတို့အနက် မည်သူသည် မိမိတို့ကိုယ်ကိုယ် “ကာကွယ်ရန်” ငါ၏နှုတ်ကပတ်တော်များကို “ခုခံသည့် လက်နက်များ” အဖြစ် အသုံးမပြုခဲ့သနည်း။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အကြောင်းအရာများကို ငါ့အား သိရှိရန် နည်းလမ်း တစ်ခုအဖြစ် အသုံးမပြုခဲ့ကြဘဲ၊ ကစားစရာများအဖြစ်သာ သုံးခဲ့ကြသည်။ ဤတွင် ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်နေကြသည် မဟုတ်လော။ ငါ၏နှုတ်ကပတ်တော်များသည် မည်သူများ ဖြစ်သနည်း။ ငါ၏ဝိညာဉ်သည် မည်သူ ဖြစ်သနည်း။ ငါသည် သင်တို့အား ထိုသို့သောမေးခွန်းများကို အကြိမ်များစွာ မေးပြီးဖြစ်သော်လည်း၊ ယင်းတို့နှင့် ပတ်သက်သည့် သာ၍ မြင့်မားပြီး ရှင်းလင်းသော ထိုးထွင်းသိမြင်မှု တစ်ခုတစ်လေ သင်တို့ ရရှိဖူးပါသလော။ ယင်းတို့ကို သင်တို့ အမှန်တကယ် တွေ့ကြုံဖူးပါသလော။ ငါသည် သင်တို့ကို တစ်ဖန် သတိပေး၏- ငါ၏နှုတ်ကပတ်တော်များကို သင်တို့ မသိရှိပါက၊ ယင်းတို့ကို လက်မခံသကဲ့သို့၊ လက်တွေ့မလုပ်ဆောင်ကြပါက၊ သင်တို့သည် ငါ၏ပြစ်တင် ဆုံးမခြင်းကို ခံရမည့်အရာများ မလွဲမသွေ ဖြစ်လာကြလိမ့်မည်။ သင်သည် ဧကန်မုချ စာတန်၏ သားကောင် ဖြစ်လာလိမ့်မည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်

အရှေ့သို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၆)

နောက်တစ်ခုသို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၀)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။