စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၀)

နိုင်ငံတော်ခေတ်သည် စင်စစ်မူကား အတိတ်က အချိန်ကာလများနှင့် ကွဲပြားခြားနားသည်။ ယင်းသည် လူတို့၏လုပ်ဆောင်ပုံနှင့် မသက်ဆိုင်ပေ၊ ယင်းအစား ငါသည် လူတို့က စိတ်မကူးနိုင်သကဲ့သို့ လုပ်ဆောင်၍လည်း မရနိုင်သော ငါ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီဖြစ်သည်။ လောကကမ္ဘာကြီးကို ဖန်ဆင်းခြင်းကတည်းက အမှုသည် အသင်းတော်တည်ဆောက်ခြင်းသာ အမြဲဖြစ်နေခဲ့သည်၊ သို့သော်လည်း မည်သူကမျှ နိုင်ငံတော်တည်ဆောက်ခြင်းအကြောင်းကို မည်သည့်အခါမျှ မကြားကြ။ ဤအကြောင်းကို ငါသည် ငါကိုယ်တိုင်၏နှုတ်ဖြင့် ပြောဆိုသော်လည်း ၎င်း၏အနှစ်သာရကို သိသောသူ တစ်ဦးတစ်ယောက်ရှိသလော။ ငါသည် တစ်ချိန်က လူ့လောကသို့ ကြွဆင်းလာခဲ့ပြီး လူတို့၏ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစား၍ လေ့လာခဲ့သော်လည်း ငါ့လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်း မရှိဘဲ ယင်းသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ခြင်းကို စတင်သောအခါ ငါခံယူထားသော ဇာတိပကတိသည် အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏ ရှင်ဘုရင်သည် အချုပ်အခြာအာဏာကို တရားဝင်စွဲကိုင်ခြင်းဖြစ်သည်။ လူ့လောကထဲသို့ နိုင်ငံတော်၏ ဆင်းသက်မှုသည် စာသားဆိုလိုရင်း အဓိပ္ပာယ်အတိုင်း သရုပ်သကန်ပြခြင်းသက်သက် ဖြစ်ရန်ဝေးစွ၊ ယင်းသည် စစ်မှန်သော အကြောင်းအရာတစ်ခုဖြစ်ကြောင်း ဤအရာမှ ထင်ရှားမြင်သာသည်၊ ဤသည်မှာ “လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သော စစ်မှန်ခြင်း” အဓိပ္ပာယ်၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ လူတို့သည် ငါ့လုပ်ဆောင်မှုများမှ တစ်ခုကိုမျှ မမြင်ဖူး၊ ငါ့ဖွင့်ဆိုချက်များမှ တစ်ခုကိုမျှလည်း မကြားဖူးပေ။ ထိုသူတို့သည် ငါ၏လုပ်ဆောင်မှုများကို မြင်တွေ့ခဲ့သည်ဆိုလျှင်ပင် အဘယ်အရာကို တွေ့ရှိခဲ့လိမ့်မည်နည်း။ သူတို့သည် ငါပြောဆိုသည်ကို ကြားခဲ့ပါက အဘယ်အရာကို သူတို့နားလည်ခဲ့လိမ့်မည်နည်း။ လောကကမ္ဘာကြီးတစ်လျှောက် လူတိုင်းသည် ငါ၏ ကရုဏာနှင့်ချစ်ခြင်းမေတ္တာအတွင်း၌ ရှိကြသော်လည်း လူသားမျိုးနွယ်အားလုံးသည် ငါ၏ တရားစီရင်မှု အောက်တွင်လည်း ရှိကြကာ၊ ထိုနည်းတူစွာပင် ငါ၏စမ်းသပ်မှုများကိုလည်း ခံစားကြရသည်။ လူအားလုံးသည် အတိုင်းအတာတစ်ခုအထိ ဖောက်ပြန်ပျက်စီးခဲ့သည့် အချိန်တွင်ပင် ငါသည် လူသားမျိုးနွယ်ကို သနားကြင်နာ၍ ချစ်ခင်ခဲ့သည်၊ လူသားများ အားလုံးသည် ငါ့ပလ္လင်၏ရှေ့မှောက်တွင် နှိမ့်ချခြင်းဖြင့် ရိုကျိုးခဲ့ချိန်တွင်ပင် ငါသည် ၎င်းတို့အတွက် ပြစ်တင်ဆုံးမချက်ကို ချပေးခဲ့၏။ သို့သော်လည်း ငါပေးပို့ထားသော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၏အလယ်တွင်မရှိသော လူတစ်ဦးတစ်ယောက် ရှိလေသလော။ များပြားလှသောလူတို့သည် အမှောင်ထုထဲ စမ်းတဝါးဝါးနှင့် အလင်းကို ရှာနေကြပြီး၊ များပြားလှသောလူတို့သည် သူတို့ခံရသော စမ်းသပ်မှုများ၌ ခါးသီးစွာ ရုန်းကန်နေကြသည်။ ယောဘ၌ ယုံကြည်ခြင်းရှိခဲ့၏၊ သို့သော်ငြားလည်း သူသည် သူ့အတွက် လွတ်မြောက်ရာလမ်းကို ရှာဖွေနေခဲ့သည် မဟုတ်လော။ ငါ၏လူများသည် စမ်းသပ်မှုများတွင် မြဲမြံစွာ ရပ်တည်နိုင်ကြသော်ငြားလည်း ထိုအရာကို ကျယ်လောင်စွာ ထုတ်ပြောခြင်းမရှိဘဲ မိမိ၏နှလုံးသားထဲတွင် ယုံကြည်ခြင်းရှိသူ တစ်စုံတစ်ယောက် ရှိသလော။ ယင်းအစား လူတို့သည် ၎င်းတို့၏နှလုံးသားထဲ၌ သံသယရှိနေစဉ်တွင် ၎င်းတို့၏ယုံကြည်ခြင်းကို နှုတ်မှထုတ်ဖော်ပြောသည် မဟုတ်လော။ စမ်းသပ်မှု၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သောလူများ သို့မဟုတ် စမ်းသပ်ခံနေရစဉ် စစ်မှန်စွာနာခံသော လူများမရှိပေ။ ဤလောကကြီးကို ကြည့်ရှုခြင်းမှရှောင်ရန် ငါ၏မျက်နှာကို ငါမဖုံးကွယ်ခဲ့ပါက၊ လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ငါ၏တောက်လောင်သော စူးစိုက်ကြည့်ခြင်းအောက်တွင် ပြိုလဲကျပေလိမ့်မည်၊ အကြောင်းမှာ ငါသည် လူသားမျိုးနွယ်အား ဘာတစ်ခုမျှ မတောင်းဆိုသောကြောင့်ဖြစ်၏။

မိုးချုန်းသံခုနစ်ချက် မြည်ဟီးသည့် အချိန်လည်းဖြစ်သည့် နိုင်ငံတော်ကိုအလေးပြုသံ မြည်ဟီးလေသောအခါ ဤအသံသည် ကောင်းကင်နှင့်မြေကြီးကို ပြင်းစွာတုန်လှုပ်စေပြီး အမြင့်ဆုံးသော ကောင်းကင်ဘုံကို လှုပ်ခါကာ လူတိုင်း၏ အသည်းညှာကို တုန်ခါစေသည်။ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် တခမ်းတနား ထွက်ပေါ်လာပြီး၊ ငါသည် ထိုတိုင်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီးနောက် ငါ၏နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြသည်။ သာ၍ အရေးကြီးသည်မှာ ငါ၏နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်၌ တည်ထောင်ထားခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် ငါ၏သားများ၊ ငါ၏လူများကို ထိန်းကျောင်းစေခြင်းငှာ ငါ၏ကောင်းကင်တမန်များကို ကမ္ဘာလောကကြီး၏ တိုင်းနိုင်ငံတိုင်းဆီသို့ ငါသည် စတင်၍ စေလွှတ်နေသည်၊ ဤသည်မှာ ငါ့အမှုနောက်တစ်ဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်။ သို့သော်လည်း ငါသည်ကား အဆင်းနီသောနဂါးကြီး ခွေလျက် လဲလျောင်းနေရာအရပ်သို့ ကိုယ်တိုင်ကိုယ်ကျသွား၍ တိုက်ပွဲဆင်နွှဲ၏။ လူသားမျိုးနွယ်အားလုံးသည် ဇာတိပကတိ၌ရှိနေသောငါ့ကို သိလာသောအခါနှင့်‌ ဇာတိပကတိ၌ပြုသော ငါ၏လုပ်ဆောင်ချက်များကို မြင်တွေ့လာနိုင်သောအခါ အဆင်းနီသောနဂါးကြီး၏ သားရဲတွင်းသည် ပြာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ငါ့နိုင်ငံတော်၏ လူများအနေဖြင့် သင်တို့သည် အဆင်းနီသောနဂါးကြီးကို သင်တို့၏ အရိုးထဲမှပင် စက်ဆုပ်ရွံရှာကြသောကြောင့် သင်တို့သည် ငါ၏နှလုံးသားကို သင်တို့၏လုပ်ရပ်များဖြင့် ကျေနပ်စေရမည်ဖြစ်ပြီး ဤနည်းလမ်းအားဖြင့် နဂါးအား အရှက်ရစေရမည်။ အဆင်းနီသော နဂါးကြီးသည် မုန်းဖွယ်ကောင်းသည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ ၎င်းမှာ နိုင်ငံတော်၏ရှင်ဘုရင်၏ ရန်သူဖြစ်သည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ သင်တို့သည် ငါ့အတွက် ပြောင်မြောက်သော သက်သေခံချက် ပေးနိုင်သည်ဟု အမှန်တကယ် ယုံကြည်ချက် ရှိသလော။ အဆင်းနီသော နဂါးကြီးကို အနိုင်ယူနိုင်သည်ဟု သင်တို့၌ အမှန်တကယ် မိမိကိုယ်ကိုယ်ယုံကြည်ချက် ရှိသလော။ ဤသည်မှာ သင်တို့အား ငါတောင်းဆိုသော အရာပင်ဖြစ်သည်။ ငါလိုအပ်သမျှမှာ သင်တို့သည် ဤအဆင့်ကို ရောက်ရှိရန် ဖြစ်သည်၊ သင်တို့သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ဤအရာကို သင်တို့သည် စွမ်းဆောင်ရရှိနိုင်သည်ဟု သင်တို့၌ ယုံကြည်ချက် ရှိသလော။ လူတို့ လုပ်ဆောင်နိုင်စွမ်းရှိသည်မှာ အတိအကျအားဖြင့် အဘယ်အရာနည်း။ ငါကိုယ်တိုင် ယင်းအရာကို လုပ်ဆောင်လျှင် ပိုကောင်းသည် မဟုတ်လော။ အဘယ်ကြောင့် ငါသည် တိုက်ပွဲဖြစ်ပွားသော အရပ်သို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းကြွလာသည်ဟု ငါပြောသနည်း။ ငါလိုချင်သောအရာမှာ သင်တို့၏ယုံကြည်ခြင်း ဖြစ်သည်၊ သင်တို့၏ လုပ်ဆောင်ခြင်းများ မဟုတ်။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို တိုက်ရိုက်နည်းလမ်းဖြင့် လက်ခံရန် မစွမ်းနိုင်ကြဘဲ ယင်းအစား မျက်စောင်းထိုး၍သာ ကြည့်ရှုနိုင်ကြသည်။ ဤသည်က သင်တို့အား ရည်မှန်းချက်ပန်းတိုင်ကို ရရှိရန် အထောက်အကူပြုခဲ့ပြီလော။ ဤနည်းအားဖြင့် သင်တို့သည် ငါ့ကို သိကျွမ်းလာခဲ့ကြလေသလော။ အမှန်အတိုင်း ပြောရပါလျှင် ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့တွင် မည်သူတစ်ဦးကမျှ ငါ၏မျက်နှာကို တည့်တည့်မကြည့်နိုင်ကြ၊ မည်သူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်၏ သန့်စင်၍ စစ်မှန်သော အဓိပ္ပာယ်ကို လက်ခံမရရှိနိုင်ကြ။ ထို့ကြောင့် ငါသည် ငါ၏ရည်မှန်းချက်ပန်းတိုင်များကို ရရှိရန်နှင့် လူတို့၏ နှလုံးသားများထဲတွင် ငါကိုယ်တော်တိုင်၏ စစ်မှန်သောပုံရိပ် မြဲမြံစေရန် ယခင်တစ်ခါမျှ မကြုံစဖူးသည့် စီမံကိန်းကို ကမ္ဘာမြေကြီးပေါ်၌ စတင်လုပ်ဆောင် ပြီဖြစ်သည်၊ ဤနည်းလမ်းအားဖြင့် လူတို့အပေါ် အယူအဆတို့ သြဇာညောင်းသည့် ခေတ်ကာလကို အဆုံးသတ်စေမည် ဖြစ်သည်။

ယနေ့တွင် ငါသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ၊ အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံး တုန်ခါစေလျက်၊ စကြဝဠာတစ်ခုလုံးကို မျက်နှာချင်းဆိုင်ရန်လည်း လှည့်နေ၏။ ငါ၏တရားစီရင်မှုကို မခံရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွန်းချလိုက်သော ဘေးဒုက္ခများအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော “ဘေးအန္တရာယ်၏ မျိုးစေ့များ” ကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။ ငါ့ကို ပို၍ပင် များပြားသောလူတို့ သိလာစေခွင့်၊ မြင်တွေ့နိုင်စေခွင့်ပြုပြီး ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်နိုင်ခဲ့သော်လည်း ယခုတွင် စစ်မှန်သော ဘုရားသခင်ကို ချစ်ကြောက်လာစေရန် ငါပြုလိုသည်။ အဘယ်အကြောင်းကြောင့် ငါသည် လောကကြီးကို ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးလာပြီးနောက် အဘယ်အကြောင်းကြောင့် ငါသည် သူတို့ကို လုံးလုံးလျားလျား မသုတ်သင်ခဲ့သနည်း။ အဘယ်အကြောင်းကြောင့် လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ဘေးဒဏ်များအကြားတွင် နေရသနည်း။ ငါသည် လူ့ဇာတိခန္ဓာကို ယူတင်ဝတ်ဆောင်ထားခဲ့သည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ငါ၏အမှုကို ငါထမ်းဆောင်နေသောအခါ လူသားမျိုးနွယ်သည် ခါးသီးခြင်းအရသာကိုသာမက ချိုမြိန်ခြင်းအရသာကိုလည်း သိခဲ့ကြရသည်။ လောကကမ္ဘာကြီးပေါ်ရှိ လူများအားလုံးအနက် မည်သူသည် ငါ၏ကျေးဇူးတော်အတွင်း၌ မနေထိုင်ကြသနည်း။ အကယ်၍ လူတို့ကို ငါသည် ရုပ်ပိုင်းဆိုင်ရာကောင်းချီးများကို မအပ်နှင်းခဲ့ပါက မည်သူသည် လောကကြီးထဲတွင် အလျှံပယ် ခံစားနိုင်ခဲ့လိမ့်မည်နည်း။ ငါ၏လူများအဖြစ် သင်တို့အား နေရာယူရန် အခွင့်ပေးခြင်းမှာ ကောင်းချီးတစ်ခုများ ဖြစ်နိုင်သလော။ သင်တို့သည် ငါ၏လူများမဟုတ်ဘဲ အစေခံများသာ ဖြစ်ခဲ့သည်ဆိုပါလျှင် သင်တို့သည် ငါ၏ကောင်းချီးများအတွင်းတွင် တည်ရှိနေမည် မဟုတ်လော။ ငါ့နှုတ်ကပတ်တော်များ၏ မူလအစကို သင်တို့ထဲက မည်သူတစ်ဦးကမျှ နားလည်သဘောပေါက်ခြင်းငှာ မတတ်စွမ်းနိုင်ကြ။ လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ ၎င်းတို့အထဲမှ များစွာတို့သည် “အစေခံသူများ” ဟူသော ဂုဏ်ပုဒ်ကြောင့် သူတို့၏ နှလုံးသားများထဲ၌ မကျေမချမ်းစိတ် သိုထားကြပြီး၊ များစွာတို့သည် “ငါ၏လူများ” ဟူသော ဂုဏ်ပုဒ်ကြောင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် ချစ်ခြင်းမေတ္တာကို ပေါက်ဖွားစေကြသည်။ ငါ့အားလှည့်ဖြားရန် မည်သူမျှ မကြိုးစားသင့်ပေ၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေ့သည်။ သင်တို့အထဲမှ မည်သူသည် လိုလားစွာနှင့် လက်ခံသနည်း၊ သင်တို့အထဲမှ မည်သူသည် နာခံခြင်းအပြည့်အဝ ရှိသနည်း။ အကယ်၍ နိုင်ငံတော်အား အလေးပြုသံ မြည်ဟီးခြင်း မရှိခဲ့ပါက သင်တို့သည် အဆုံးတိုင်အောင် နာခံခြင်းငှာ တကယ်ပင် တတ်စွမ်းနိုင်မည်လော။ လူတို့သည် အဘယ်အရာကို လုပ်နိုင်စွမ်းသည်၊ တွေးနိုင်စွမ်းသည်၊ ၎င်းတို့သည် အဘယ်ထိတိုင်အောင် သွားနိုင်သည်၊ ဤအရာအားလုံးတို့ကို ရှေးကတည်းကပင် ငါ ခွဲခန့်မှတ်သားထားခဲ့၏။

လူအများစုတို့သည် ငါ၏မျက်နှာတော်ကို ထောက်ရှုကာ ငါ၏ မီးရှို့ခြင်းကို လက်ခံကြသည်။ လူအများစုတို့သည် ငါ၏အားပေးတိုက်တွန်းချက်ကြောင့် လှုံ့ဆော်ခြင်းခံရကာ ရှာဖွေခြင်းတွင် ရှေ့ဆက်တိုးရန် မိမိတို့ကိုယ်မိမိ နှိုးဆော်ကြသည်။ စာတန်၏ အင်အားစုများသည် ငါ၏လူများကို တိုက်ခိုက်သောအခါ ငါသည် ၎င်းတို့ကို ဆီးတားရန် ထိုနေရာ၌ ရှိ၏၊ စာတန်၏ လှည့်ကွက်များသည် ငါ့လူများ၏ အသက်တာများတွင် ကြီးမားသောပျက်စီးမှုကို ဖြစ်စေသောအခါ ငါသည် ၎င်းကို နောက်တစ်ဖန် လုံးဝမလာနိုင်တော့စေရန် ဖရိုဖရဲဖြင့် ထွက်ပြေးသွားစေသည်။ ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင်တစ်မျိုး ငါ၏နောက်ကွယ်တွင်တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့လုပ်ဆောင်ပါက သင့်ကို ရွေးနုတ်၍မရ ဖြစ်နေနှင့်ပြီးဖြစ်သည်။ ငါသည် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် မိန့်မြွက်ဆိုခဲ့ပြီး မဟုတ်သလော။ တိတိကျကျ ဆိုပါက လူ၏သဘာဝအဟောင်းသည် ပြုပြင်၍ မရသောကြောင့် ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ရခြင်း ဖြစ်သည်။ ငြီးငွေ့မသွားလေနှင့်။ ငါပြောသမျှမှာ သင်တို့၏ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ ဆိုးရွား၍ ညစ်ညူးသော အရပ်မှာ စာတန်လိုအပ်သည့်အရာ အတိအကျ ဖြစ်သည်။ သင်တို့သည် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် ငြင်းဆန်လျက်၊ မျှော်လင့်ချက်ကင်းမဲ့စွာနှင့် ရွေးနုတ်၍မရနိုင်အောင်ဖြစ်လေလေ ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးလေလေ၊ မသန့်ရှင်းသော ထိုဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် ၎င်းတို့ရနိုင်သော မည်သည့်အခွင့်အရေးကိုမဆို အသုံးချလေလေပင် ဖြစ်မည်။ သင်တို့သည် ဤအခြေအနေအထိ ရောက်ပြီဆိုပါက သင်တို့၏သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း လုံးဝမရှိသည့် အကျိုးမရှိသော အမျှင်မပြတ်ပြောသော စကားသက်သက်မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မသန့်ရှင်းသော ဝိညာဉ်များသည် သင်တို့၏ သန္နိဌာန်ကို ဝါးမျိုကာ ငါ၏အမှုကို နှောင့်ယှက်ရေးအတွက် အသုံးပြုရန် ၎င်းသန္နိဌာန်ကို မနာခံခြင်းနှင့် စာတန်၏လှည့်ကွက်များ အသွင်သို့ ပြောင်းလဲပစ်လိမ့်မည်။ ထိုအခါ သင်သည် အချိန်မရွေး ငါ၏ရိုက်နှက်ခြင်းကို ခံရနိုင်သည်။ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ နားမလည်ကြ၊ လူအားလုံးသည် သူတို့ကြားသော အရာကို ဂရုမစိုက်ဘဲသာနေကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသောအရာကို ငါသည် မှတ်မိသည်မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် “မေ့ပျောက်ခြင်း” ဖြင့် သင့်ကို သက်ညှာပေးရန် သင်စောင့်မျှော်နေဆဲလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့တို့အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ပင် သေးနုပ်လွန်းလှသောကြောင့် ငါသည် သူတို့ထံမှ လွန်ကဲစွာ ကြီးမားသော တောင်းဆိုမှုများကို မပြုခဲ့ပေ။ ငါတောင်းဆိုသမျှမှာ ၎င်းတို့သည် အသောက်အစား အပျော်အပါး၌ မွေ့လျော်ခြင်း မပြုရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤသတ်မှတ်ပြဋ္ဌာန်းချက်တစ်ခုကို ဖြည့်စွမ်းရန် သင်တို့၌ တတ်နိုင်စွမ်းရှိသည် မဟုတ်လော။ လူအများစုသည် သူတို့မျက်စိအရသာခံနိုင်ရန်အတွက် သာ၍ပင်များသော နက်နဲဆန်းကြယ်မှုများကို ငါထုတ်ဖော်ရန် ငါ့ကို စောင့်မျှော်နေကြသည်။ သို့သော်လည်း သင်သည် ကောင်းကင်ဘုံ၏ နက်နဲဆန်းကြယ်မှုများအားလုံးကို နားလည်လာခဲ့သည်ဆိုလျှင်ပင် သင်သည် ထိုအသိပညာနှင့် အဘယ်အရာကို ပြုနိုင်မည်နည်း။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို တိုးစေနိုင်မည်လော။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို နှိုးဆွပေးလိမ့်မည်လော။ ငါသည် လူတို့ကို အထင်သေးခြင်းမရှိသကဲ့သို့ ငါသည် သူ့ကို ပေါ့တန်စွာနှင့် စီရင်ချက်ချသည်လည်း မဟုတ်။ အကယ်၍ ဤသည်တို့သည် လူတို့၏ အခြေအနေအမှန်များ မဟုတ်ခဲ့ပါလျှင် ငါသည် ၎င်းတို့ကို ဤအမည်နာမများနှင့် ပေါ့ပေါ့တန်တန် မည်သည့်အခါမျှ သရဖူဆောင်း ပေးလိမ့်မည်မဟုတ်။ အတိတ်ကို ပြန်၍တွေးတောကြည့်လော့- ငါသည် သင်တို့ကို အကြိမ်မည်မျှ အသရေဖျက်ခဲ့သနည်း။ ငါသည် သင်တို့ကို အကြိမ်မည်မျှ အထင်သေးခဲ့သနည်း။ သင်တို့၏ အခြေအနေအမှန်များကို မစဉ်းစားဘဲ သင်တို့ကို အကြိမ်မည်မျှ ကြည့်မြင်ခဲ့သနည်း။ ငါ၏ မိန့်မြွက်ချက်တို့သည် သင်တို့၏နှလုံးသားများကို အပြည့်အဝရရှိရန် အကြိမ်မည်မျှ ပျက်ကွက်ခဲ့သနည်း။ သင်တို့၏အတွင်း ခံစားချက် လွန်စွာ ဖြစ်ပေါ်စေခြင်းမရှိဘဲ ငါ အကြိမ်မည်မျှ ပြောဆိုခဲ့သနည်း။ ငါသည် အဆုံးမရှိသောတွင်းထဲသို့ ရိုက်ချမည်ကို လွန်စွာကြောက်ရွံ့လျက်၊ သင်တို့အထဲမှ မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိဘဲ ဖတ်ခဲ့ဖူးသနည်း။ မည်သူသည် ငါ၏နှုတ်ကပတ်တော်များ၏ စမ်းသပ်မှုကို မခံရပ်သနည်း။ ငါ၏နှုတ်ကပတ်တော်များတွင် သြဇာအာဏာ ရှိသည်၊ သို့သော်လည်း ဤအရာသည် လူတို့အပေါ် သာမန်ကာလျှံကာ တရားစီရင်မှု ချမှတ်ရန်မဟုတ်၊ ယင်းအစား ၎င်းတို့၏ အခြေအနေ အမှန်များကို သတိချပ်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ ပင်ကိုမူရင်းအဓိပ္ပာယ်ကို ငါသည် လူတို့အား အစဉ်တစိုက် ထင်ရှားပြသသည်။ ဧကန်အမှန်တွင် ငါ၏နှုတ်ကပတ်တော်များတွင် ငါ၏အနန္တဖြစ်သောခွန်အားကို သိနိုင်စွမ်းသောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါ၏နှုတ်ကပတ်တော်များကို ပြုလုပ်ထားသည့် အသန့်စင်ဆုံးသော ရွှေစင်ကို လက်ခံနိုင်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါသည် နှုတ်ကပတ်တော်များ မည်မျှကို ပြောကြားခဲ့ပြီးသနည်း။ ၎င်းတို့ကို မည်သူမဆို တန်ဖိုးထားခဲ့ဖူးသလော။

၁၉၉၂ ခုနှစ်၊ မတ်လ ၃ ရက်

အရှေ့သို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၈)

နောက်တစ်ခုသို့- ကောင်းကင်နိုင်ငံတော်သီချင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။