အခန်း (၄၅)

ငါသည် တစ်ခါက ငါ၏အိမ်၌ ပြိုင်ဘက်ကင်းသော ကြွယ်ဝမှုများ ရှိပြီး၊ ထိုသို့ဖြင့် တန်ဆာဆင်ဖို့အလို့ငှာ ထိန်းသိမ်းရန် ကုန်စည်ကောင်းများကို ငါရွေးချယ်ခဲ့ပြီး၊ ဤအရာမှ ပျော်ရွှင်ခြင်းကို ငါ ရရှိခဲ့သည်။ သို့သော် ငါ့အပေါ် လူသား၏သဘောထားကြောင့်၊ ပြီးလျှင် လူတို့၏ကြံရွယ်ချက်များကြောင့် ငါသည် ဤအမှုကို မေ့ထားလိုက်ကာ အခြားအမှုကို ပြုရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။ ငါသည် ငါ၏အမှုပြီးမြောက်စေရန် လူ၏ ကြံရွယ်ချက်များကို အသုံးပြုမည်၊ ငါ့ကို အစေခံရန် အရာခပ်သိမ်းကို ငါကိုယ်တွယ်မည်ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ငါ၏အိမ်ကို စိတ်ပျက်စရာနှင့် အထီးကျန်ခြင်း မရှိတော့စေရန် ငါပြုမည်။ ငါသည် တစ်ခါက လူအလယ်တွင် စောင့်ကြည့်ခဲ့သည်- အသွေးအသားရှိသည့် အရာအားလုံးသည် မိန်းမောနေခဲ့ကြသကဲ့သို့၊ မည်သည့်အရာတစ်ခုကမျှ ငါ၏ တည်ရှိခြင်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာကို မတွေ့ကြုံမခံစားခဲ့ရပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများအလယ်တွင် အသက်ရှင်သော်လည်း ၎င်းတို့ ကောင်းချီးမင်္ဂလာ မည်မျှခံစားရသည်ကို မသိကြပေ။ အကယ်၍ လူသားမျိုးနွယ်အပေါ် ငါ၏ကောင်းချီးမင်္ဂလာများသည် ယနေ့တိုင်အောင် မတည်ရှိခဲ့ပါက၊ လူသားမျို့နွယ်ထဲမှ မည်သူသည် လက်ရှိအချိန်ထိ ဆက်လက်ရှိကာ မပျက်စီးမဆုံးရှုံးဘဲ ရှိနိုင်ပြီးဖြစ်လေမည်နည်း။ လူသားသည် မူလက မည်သည့်အရာမျှ မရှိသောကြောင့်၊ ပြီးလျှင် သူသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် အသက်ရှင်ရန် မူလက အရင်းအနှီး မရှိသောကြောင့်၊ လူသားအသက်ရှင်သည်မှာ ငါ၏ကောင်းချီးမင်္ဂလာ ဖြစ်ပြီး၊ ယင်းမှာ သူသည် ငါ၏ကောင်းချီးမင်္ဂလာများအလယ် အသက်ရှင်သည်ဟု ဆိုလိုသည်။ ယနေ့ ငါသည် လူကို ဆက်လက် ကူညီပြီး ဤအရာကြောင့် လူသားသည် ငါ့ရှေ့တွင် အမှန်တကယ် ရပ်တည်သည်၊ သေခြင်းမှ လွတ်မြောက်ရလောက်အောင် ကံအကြောင်းလှခြင်းဖြစ်သည်။ လူတို့သည် လူသား တည်ရှိခြင်း၏ လျှို့ဝှက်ချက်များကို ပေါင်းရုံးသုံးသပ်ပြီးသော်လည်း၊ ဤအရာမှာ ငါ၏ကောင်းချီးမင်္ဂလာဖြစ်ကြောင်းကို မည်သူမျှ တစ်ကြိမ်တစ်ခါမျှ မသိမြင်ဖူးချေ။ အကျိုးဆက်အနေဖြင့်၊ လူအပေါင်းသည် ကမ္ဘာလောကကြီးအတွင်းရှိ မတရားမှုကို ကျိန်ဆဲကြပြီး၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အသက်တာများထဲက မပျော်ရွှင်မှုကြောင့် ငါနှင့်ပတ်သက်၍ ညည်းတွားကြသည်။ ငါ၏ကောင်းချီးမင်္ဂလာများကြောင့်သာ မဟုတ်ပါက ယနေ့ကို မည်သူ မြင်ပြီးဖြစ်မည်နည်း။ လူတို့သည် သက်သောင့်သက်သာရှိခြင်း အလယ်တွင် အသက်မရှင်နိုင်ကြသောကြောင့်၊ ၎င်းတို့အားလုံးသည် ငါနှင့်ပတ်သက်၍ ညည်းတွားကြသည်။ အကယ်၍ လူသား၏အသက်တာသည် တောက်ပပြီး အပူအပင်မရှိဖြစ်ခဲ့ပါက၊ အကယ်၍ သူ၏တစ်ကိုယ်လုံး၌ လွန်ကဲသောသာယာမှုကို ဖြစ်စေရင်းနှင့် သူ့ကို အနည်းငယ်မျှ နာကျင်မှု မရှိစေရစ်ဘဲလျက်၊ နွေးထွေးသော “နွေဦးလေညင်း” ကို လူသား၏စိတ်နှလုံးထဲသို့ စေလွှတ်ခဲ့မည်ဆိုပါက၊ လူသားထဲမှ မည်သူသည် ညည်းတွားရင်း သေဆုံးမည်နည်း။ လူတို့သည်- တစ်စုံတစ်ဦး၏ဦးခေါင်းကို တကယ်ကို ချာချာလည်စေလောက်အောင်- အလွန်မြောက်မြားစွာသော ကလိမ်ကကျစ် အကြံအစည်များ ရှိကြသည့်အတွက်၊ ငါသည် လူသား၏အကြွင်းမဲ့ ရိုးသားစစ်မှန်မှုကိုရရှိခြင်းငှာ အလွန်အခက်ကြုံရသည်။ သို့သော်လည်း ၎င်းတို့ကို ကန့်ကွက်ချက်များ ထုတ်ဖော်သောအခါ၊ ငါ၏ကန့်ကွက်ချက်များက ၎င်းတို့အား ဦးခေါင်းမှခြေဖျားအထိ စိတ်ဓာတ်ကိုမြှင့်တင်နိုင်စွမ်း မရှိစေရစ်ဘဲလျက်၊ ၎င်းတို့၏ဝိညာဉ်များကို ထိခိုက်ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ငါ့ကို တမင်အဖက်မလုပ်ဘဲ နေကြသကဲ့သို့၊ ငါ့ကို အရေးမစိုက်ကြပေ။ ဤအကြောင်းကြောင့်၊ ၎င်းတို့ကို “ညှဉ်းဆဲ” ရသည်ကို ငါအမြဲနှစ်ခြိုက်သည့်အတွက်၊ လူတို့သည် ငါ၏တည်ရှိမှုကို စက်ဆုပ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် လူတို့ သီဆိုကခုန်ကြသည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် နှုတ်ဆိတ်လျက် ၎င်းတို့၏ ဦးခေါင်းများကို ငုံ့ထားကြသည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် ဗြုန်းခနဲငိုကြွေးကြသည်။ ငါ၏နှုတ်ကပတ်တော်များ၌ လူတို့သည် မျှော်လင့်ချက်ပျက်သုဉ်းကြသည်၊ ငါ၏နှုတ်ကပတ်တော်များ၌ ၎င်းတို့သည် ရှင်သန်မှုအတွက် အလင်းကို ရကြသည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် လူးလှိမ့်ကြသည်၊ နေ့နှင့်ည အိပ်ရေးပျက်ကြပြီး၊ ငါ၏နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် နေရာအနှံ့ အပြေးအလွှားသွားကြသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူတို့ကို မရဏာနိုင်ငံထဲသို့ ထိုးဆင်းစေပြီးနောက် ၎င်းတို့ကို ပြစ်တင်ဆုံးမခြင်းထဲသို့ ထိုးဆင်းစေသည်- သို့သော် နားမလည်လိုက်ဘဲနှင့်၊ လူတို့သည် ငါ၏ကောင်းချီးမင်္ဂလာများကိုလည်း မွေ့လျော်ခံစားကြသည်။ ဤအရာကို လူသားက စွမ်းဆောင်ရရှိနိုင်သလော။ ယင်းသည် လူတို့၏ မမောနိုင်မပန်းနိုင်သော ကြိုးပမ်းအားထုတ်မှုများအတွက် အပြန်အလှန်အားဖြင့် လာနိုင်မည်လော။ အဘယ်သူသည် ငါ့နှုတ်ကပတ်တော်များ၏ စီစဉ်ညွှန်ကြားခြင်းများမှ လွတ်မြောက်နိုင်သနည်း။ ဤအကြောင်းကြောင့် လူ၏အားနည်းချက်များကြောင့်၊ ငါသည် ငါ၏နှုတ်ကပတ်တော်များကြောင့် လူသား၏ ချို့တဲ့ခြင်းများကို အားဖြစ်စေရင်း၊ လူသားမျိုးနွယ်၏အသက်တာသို့ ပြိုင်ဘက်ကင်းသောကြွယ်ဝမှုများကို ယူဆောင်လာရင်း၊ လူသားမျိုးနွယ်အပေါ် ငါ၏နှုတ်ကပတ်တော်များကို ငါ အပ်နှင်းသည်။

ငါသည် လူတို့၏ စကားများနှင့် လုပ်ရပ်များကို မကြာခဏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ၎င်းတို့၏ အပြုအမူနှင့် မျက်နှာ အမူအရာများတွင် ငါသည် များစွာသော “နက်နဲမှုများ” ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ လူတို့၏ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံမှုများတွင် “လျှို့ဝှက်နည်းနာများ” ကို လက်တွေ့ကျကျ အသားပေးထားသည်- ထို့ကြောင့်၊ ငါသည် လူသားနှင့် ထိတွေ့ဆက်ဆံသောအခါ၊ ငါ ရရှိသောအရာမှာ “လူအချင်းချင်း အပြန်အလှန်ဆက်ဆံခြင်း၏ လျှို့ဝှက်နည်းနာများ” ဖြစ်သည်၊ ယင်းက လူသားသည် ငါ့ကို မချစ်ကြောင်းကို ပြသပေသည်။ ငါသည် လူသားကို သူ၏အားနည်ချက်များကြောင့် မကြာခဏ အပြစ်ဖော်ဆုံးမသော်လည်း ငါသည် သူ၏ယုံကြည်မှုကို ရနိုင်စွမ်းမရှိချေ။ လူသား၏ “လူအချင်းချင်း အပြန်အလှန်ဆက်ဆံခြင်း၏ လျှို့ဝှက်နည်းနာများ” ထဲတွင် လူသားသည် သေလောက်သော ဘေးဒုက္ခတစ်ခုကို ခံစားရပြီးဖြစ်သည်ကို မည်သည့်အခါမျှ သိရဖူးခြင်းမရှိသည့်အတွက် လူသားသည် ငါ့အား သူ့ကို သတ်ဖြတ်ခွင့်ပေးရန် လိုလားနေခြင်းမရှိပေ- သူသည် ကံအကြောင်းမလှသည့် အချိန်ကာလများအတွင်းတွင် ဆုတ်ဆိုင်းမှု အနည်းငယ်ကို ခံစားရုံမျှခံစားရပြီး ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကြောင့် လူတို့သည် အော်ဟစ်ကြပြီး ၎င်းတို့၏တောင်းပန်မှုများသည် ငါ၏အကြင်နာမဲ့ခြင်းနှင့်ပတ်သက်၍ မကျေနပ်ချက်များ အမြဲ ပါရှိသည်။ ယင်းမှာ ၎င်းတို့အားလုံးသည် လူသားအပေါ် ငါ၏စစ်မှန်သော “ချစ်ခြင်းမေတ္တာ”ကို ရှာဖွေနေကြသည့်အလား ဖြစ်သည်- သို့သော် ၎င်းတို့သည် ငါ၏ချစ်ခြင်းမေတ္တာကို ငါ၏ခက်ထန်သောနှုတ်ကပတ်တော်များထဲတွင် အဘယ်သို့ ရှာတွေ့နိုင်မည်နည်း။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကြောင့် အမြဲ မျှော်လင့်ချက် ပျောက်ဆုံးကြသည်။ ယင်းမှာ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်လျှင်ဖတ်ချင်း “သေမင်းတမန်” ကို ရှုမြင်ရသည့်အလား ဖြစ်ကာ၊ ထို့ကြောင့် ကြောက်ရွံ့ခြင်းဖြင့် ၎င်းတို့ တုန်လှုပ်ကြသည်။ ဤအရာသည် ငါ့ကို စိတ်မချမ်းမြေ့ ဖြစ်စေ၏၊ သေခြင်းတရားအလယ်၌ အသက်ရှင်သော ခန္ဓာရှိသည့် လူတို့သည် အဘယ်ကြောင့် သေခြင်းတရားကို အမြဲ ကြောက်ရွံ့ကြသနည်း။ လူသားနှင့် သေခြင်းတရားမှာ ခါးသီးသော ရန်သူများ ဖြစ်ကြသလော။ သေခြင်းတရားကို ကြောက်ရွံခြင်းသည် အဘယ်ကြောင့် လူတို့ကို အမြဲ စိတ်သောကဖြစ်စေသနည်း။ ၎င်းတို့ အသက်တာများ၏ “ထူးခြားသော” အတွေ့အကြုံများတစ်လျှောက်တွင် ၎င်းတို့သည် သေခြင်း အနည်းငယ်ကိုသာ တွေ့ကြုံကြရသလော။ ၎င်းတို့ပြောသောအရာတွင် လူတို့သည် ငါနှင့်ပတ်သက်၍ အဘယ်ကြောင့် အမြဲ ညည်းတွားကြသနည်း။ ထို့ကြောင့်၊ လူ့ဘဝအတွက် စတုတ္ထမြောက် ဆောင်ပုဒ်ကို ငါအကျဉ်းချုပ်သည်- လူတို့သည် ငါ့အပေါ် အနည်းငယ်မျှသာ ကျိုးနွံနာခံကြသဖြင့် ၎င်းတို့သည် ငါ့ကို အစဉ် မုန်းတီးကြသည်ဟူ၍ ဖြစ်သည်။ လူသား၏အမုန်းကြောင့် ငါမကြာခဏ စွန့်ခွာသည်။ ငါသည် အဘယ်ကြောင့် ငါ့ကိုယ်ငါ ဤသို့ အမုန်းခံစေရမည်နည်း။ ငါသည် လူတို့အထဲတွင် စက်ဆုပ်ခြင်းကို အဘယ်ကြောင့် အမြဲတစေ ဆွပေးရမည်နည်း။ လူတို့သည် ငါ၏တည်ရှိမှုကို မကြိုဆိုကြသည့်အတွက်၊ ငါသည် လူသား၏အိမ်ထဲတွင် အရှက်မဲ့စွာ အဘယ်ကြောင့် နေထိုင်ရမည်နည်း။ ငါသည် ငါ၏ “အထုပ်အပိုး”ကို ယူကာ လူသားကို စွန့်ခွာရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ သို့သော် လူတို့သည် ငါ့ကို သွားခွင့်ပေးရန် မခံနိုင်ကြသကဲ့သို့၊ ငါ့ကို ထွက်ခွာခွင့်ပေးရန် မည်သည့်အခါမျှ အလိုမရှိကြပေ။ ငါ ထွက်ခွာကာ ထိုသို့ဖြင့် ၎င်းတို့ အသက်ရှင်ရန် မှီခိုသောအရာ ဆုံးရှုံးရမည်ကို အလွန်အမင်း စိုးရွံ့ကြလျက်၊ ၎င်းတို့သည် မြည်တမ်းကာ တရှိုက်ရှိုက်ငိုကြွေးကြသည်။ ၎င်းတို့၏ အနူးအညွတ်တောင်းပန်သော အကြည့်ကို မြင်ရသည့်အခါ၊ ငါ၏စိတ်နှလုံး ပျော့ပျောင်းလာသည်။ လောက၏ သမုဒ္ဒရာအားလုံးအလယ်တွင်၊ မည်သူသည် ငါ့ကို ချစ်နိုင်စွမ်းရှိသနည်း။ လူသားသည် ပင်လယ်၏ အင်အားက လွှမ်းမိုးခံရလျက်၊ ညစ်ညမ်းသောရေဖြင့် ဖုံးလွှမ်းခံရသည်။ ငါသည် လူသား၏ ပုန်ကန်ခြင်းကို စက်ဆုပ်သည့်တိုင် လူသည် အဆုံးတွင် သားကောင်တစ်ဦး ဖြစ်နေဆဲဖြစ်သည့်အတွက် ငါသည် လူသားမျိုးနွယ်အားလုံး၏ ကံအကြောင်းမလှသည့် ဖြစ်ရပ်အတွက်လည်း သနားကရုဏာ ခံစားရသည်။ ငါသည် လူသားကို သူအားနည်းပြီး အစွမ်းတန်ခိုး မရှိသောအချိန်တွင် အဘယ်သို့ ရေထဲ ပစ်ချနိုင်မည်နည်း။ သူ အောက်ရောက်နေချိန်တွင် ကန်ကျောက်ရလောက်အောင် ငါသည် အလွန် ရက်စက်သလော။ ငါ၏စိတ်နှလုံးသည် အလွန်အကြင်နာမဲ့သလော။ လူသားသည် ငါနှင့်အတူ ဤခေတ်ထဲသို့ ဝင်ရောက်သည်မှာ လူသားမျိုးနွယ်အပေါ် ငါ၏သဘောထားကြောင့် ဖြစ်ပြီး၊ သူသည် ငါနှင့်အတူတကွ ထူးခြားသော ဤနေ့ရက်များနှင့် ညတာများကို ကျော်ဖြတ်ပြီးလေသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ယနေ့တွင်၊ လူတို့သည် ၎င်းတို့၏အသက်တာများထဲ၌ တက်ကြွမှု ရှိပြီး ၎င်းတို့သည် ကမ္ဘာမြေကြီးအစွန်းများအထိ ခြေဦးတည့်ရာလျှောက်သွားသည့် ပျောက်သောသားများ မဟုတ်တော့သောကြောင့်၊ ၎င်းတို့သည် မချိတင်ကဲ ဝမ်းမြောက်ခြင်းတွင် ရှိကြသည်၊ ငါ၏ချစ်ခင်မှုနှင့်ဆိုင်သည့် သာ၍ကြီးသောအသိစိတ်တစ်ခု ရှိကြပြီး၊ ၎င်းတို့သည် ငါ့ကို ကြီးစွာသောအားမာန်ဖြင့် ချစ်ကြသည်။

လူသားနှင့်အတူ နေထိုင်သော ငါ၏နေ့ရက်များတွင်၊ လူတို့သည် ငါ့အပေါ် အမှီပြုကြပြီး ငါသည် အရာခပ်သိမ်း၌ လူသားအပေါ် ထောက်ထားညှာတာပြီး သူ့အတွက် ငါ၏စောင့်ရှောက်ခြင်းတွင် စေ့စပ်သေချာသောကြောင့်၊ လူတို့သည် တိုက်ခတ်သောလေ၊ သည်းထန်သောမိုး သို့မဟုတ် တောက်လောင်သောနေထဲမှ မည်သည့်အရာကိုမျှ ကြံ့ကြံ့ခံရခြင်းမရှိဘဲ၊ ငါ၏နွေးထွေးသော ပွေ့ဖက်မှုတွင် အစဉ် အသက်ရှင်ကြသည်။ လူတို့သည် ပျော်ရွှင်မှုကြားတွင် အသက်ရှင်ကြပြီး ငါ့ကို ချစ်ခင်သော မိခင်တစ်ဦးအဖြစ် သဘောထားကြသည်။ လူတို့သည် “သဘာဝဘေးအန္တရာယ်များ” ၏ အပြင်းအထန်တိုက်ခိုက်မှုကို ကြံ့ကြံ့ခိုင်နိုင်စွမ်း လုံးဝ မရှိဘဲ၊ တစ်ကြိမ်တစ်ခါမျှ မြဲမြံစွာ ရပ်တည်နိုင်စွမ်းမရှိဘဲလျက် ဖန်လုံအိမ်တစ်လုံးထဲက ပန်းများကဲ့သို့ ဖြစ်ကြသည်။ ထို့ကြောင့် ငါသည် ၎င်းတို့ကို တဝေါဝေါတိုက်သော ပင်လယ်များ၏ စမ်းသပ်မှုများကြားတွင် ထားရှိပြီး၊ ၎င်းတို့သည် မရပ်မနား မ“ယိမ်းယိုင်”ဘဲ မနေနိုင်ကြပေ။ ၎င်းတိုသည် ခုခံနိုင်စွမ်း မရှိလုနီးပါးဖြစ်သည်- ၎င်းတို့၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ချို့တဲ့နေပြီး၊ ၎င်းတို့၏ခန္ဓာကိုယ်များသည် အလွန်အားနည်းသောကြောင့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ငါခံစားရသည်။ ဤအကြောင်းကြောင့်၊ လူတို့သည် နုနယ်လွန်းပြီး တဝေါဝေါတိုက်သော လေပြင်းများနှင့် ပူလောင်သောနေကို ဒဏ်ခံနိုင်စွမ်းမရှိသောကြောင့်၊ ၎င်းတို့သည် သတိမပြုမိဘဲ ငါ၏စမ်းသပ်မှုများကို ခံကြရသည်။ ဤသည်မှာ ပစ္စုပ္ပန်နှင့်ဆိုင်သည့် ငါ၏အမှု ဖြစ်သည်မဟုတ်လော။ ငါ၏စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ လူတို့သည် အဘယ်ကြောင့် အမြဲတစေ ဗြုန်းခနဲ့ မျက်ရည်ကျကြသနည်း။ ငါသည် ၎င်းတို့ကို မတရားမှုတစ်ခုကို ပြုနေသလော။ ငါသည် ၎င်းတို့ကို တမင်တကာ သတ်ဖြတ်နေသလော။ နှစ်လိုဖွယ်ကောင်းသော လူသား၏ အခြေအနေသည် သေဆုံးပြီး အဘယ်ကြောင့် မည်သည့်အခါမျှ ရှင်ပြန်ထမြောက်ခြင်း မရှိသနည်း။ လူတို့သည် ငါ့ကို အစဉ်ဆုပ်ကိုင်ထားကြပြီး အလွှတ်မပေးကြပေ။ ၎င်းတို့သည် မည်သည့်အခါမျှ ၎င်းတို့ ဘာသာ အသက်ရှင်နိုင်စွမ်းမရှိသောကြောင့်၊ အခြားသူတစ်စုံတစ်ဦး၏ ယူငင်ခြင်းခံရမည်ကို အလွန်အမင်း စိုးရွံ့လျက်၊ ငါ၏လက်ဖြင့် ၎င်းတို့ကို ဦးဆောင်ခွင့် အမြဲပေးကြပြီးဖြစ်သည်။ ၎င်းတို့၏ဘဝတစ်ခုလုံးကို ငါလမ်းပြသည်မဟုတ်သလော။ ဝရုန်းသုန်းကားဖြစ်သော ၎င်းတို့၏အသက်တာများအတွင်းတွင်၊ ၎င်းတို့သည် တောင်ထိပ်နှင့် တောင်ကြားကို ဖြတ်ကျော်စဉ် များစွာသော အုတ်အော်သောင်းတင်း ဖြစ်ခြင်းကို တွေ့ကြုံရပြီးဖြစ်သည်- ဤအရာသည် ငါ၏လက်မှ လာခဲ့သည် မဟုတ်လော။ လူတို့သည် ငါ၏စိတ်နှလုံးကို အဘယ်ကြောင့် မည်သည့်အခါမျှ နားမလည်နိုင်ကြသနည်း။ ငါ၏ကောင်းသောရည်ရွယ်ချက်များကို ၎င်းတိုက အဘယ်ကြောင့် အမြဲနားလည်မှုလွဲကြသနည်း။ ငါ၏အမှုသည် ကမ္ဘာမြေပေါ်တွင် အဘယ်ကြောင့် ချောမွေ့စွာ ရှေ့မဆက်နိုင်သနည်း။ လူသား၏အားနည်ခြင်းကြောင့်၊ ငါသည် လူသားကို အမြဲရှောင်ဖယ်လေပြီ၊ ယင်းက ငါ့ကို ဝမ်းနည်းမှုဖြင့် ပြည့်စေသည်- အဘယ်ကြောင့် ငါ့အမှု၏ နောက်တစ်ဆင့်ကို လူသားထဲ၌ မဆောင်ရွက်နိုင်ရသနည်း။ ထို့ကြောင့် ငါသည် သူ့ကို သေချာ လေ့လာချိန်ဆလျက် နှုတ်ဆိတ်သွားရသည်- ငါသည် လူသား၏ချွတ်ယွင်းချက်များဖြင့် အဘယ်ကြောင့် အစဉ်ဘောင်ခတ်ခံရသနည်း။ ငါ၏အမှုတွင် အဘယ်ကြောင့် ပိတ်ဆို့မှုများ အစဉ်ရှိသနည်း။ လူသား၏သဘောထားသည် အစဉ်ပြောင်းလဲနေကာ၊ သူသည် မည်သည့်အခါမျှ ပုံမှန်မဟုတ်သည့်အတွက်၊ ယနေ့တွင် ငါသည် လူသား၌ ပြည့်စုံသော အဖြေတစ်ခုကို ရှာရဦးမည်ဖြစ်သည်။ သူသည် ငါ့ကို မခံမရပ်နိုင်အောင် မုန်းတီး၏၊ သို့တည်းမဟုတ် ငါ့ကို အဆုံးစွန် ချစ်၏။ ပုံမှန်ဖြစ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည့် ငါသည် လူသားထံမှ ထိုသို့သော ညှဉ်းဆဲမှုကို မခံနိုင်ပေ။ လူတို့သည် စိတ်ပိုင်းဆိုင်ရာ အစဉ် ပုံမှန်မဟုတ်သောကြောင့်၊ ငါသည် အမြင်အားဖြင့် လူသားကို အနည်းငယ်ကြောက်ရွံ့၏၊ ထို့ကြောင့် သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခြင်းသည် ငါ့အား သူ၏ပုံမှန်မဟုတ်ခြင်းကို တွေးမိစေသည်။ ငါသည် လူသားထဲက နက်နဲမှုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။ လက်စသတ်တော့၊ သူ၏နောက်ကွယ်၌ ကြိုးကိုင်သူတစ်ဦး ရှိနေပေသည်။ အကျိုးဆက်အနေဖြင့်၊ လူတို့သည် တရားသောအရာ တစ်စုံတစ်ခုကို ပြုပြီးသည့်အလား၊ အမြဲတစေ ရဲဝံ့ပြီး ယုံကြည်စိတ်ချမှု ရှိနေသည်။ ထို့ကြောင့် လူတို့သည် အရွယ်ရောက်သူတစ်ဦးအဖြစ် အမြဲဟန်ဆောင်ကြပြီး “ကလေးငယ်”အား ချော့မော့ကြသည်။ လူ၏ မပိမရိဟန်ဆောင်မှုကို စောင့်ကြည့်ရင်း၊ ငါသည် တိုး၍ ဒေါသမထွက်ဘဲမနေနိုင်ပေ- အဘယ်ကြောင့် လူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် အလွန် မချစ်ခင်သကဲ့သို့ မလေးစားကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မသိကြသနည်း။ ငါ၏နှုတ်ကပတ်တော်များ ဆိတ်သုဉ်းလေပြီလော။ ငါ၏နှုတ်ကပတ်တော်များမှာ လူသား၏ရန်သူလော။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ငါ့အပေါ် အဘယ်ကြောင့် တိုး၍ မကျေမချမ်းဖြစ်လာကြသနည်း။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များသို့ ၎င်းတို့၏ကိုယ်ပိုင် အတွေးများကို အဘယ်ကြောင့် အမြဲ ဖြည့်ကြသနည်း။ ငါသည် လူသားအပေါ် အလွန် မလျော်ကန်လေသလော။ လူအပေါင်းသည် ဤအရာနှင့်ပတ်သက်၍၊ ငါ၏နှုတ်ကပတ်တော်များအတွင်း ပါဝင်သောအရာနှင့်ပတ်သက်၍ အလေးအနက် စဉ်းစားသင့်ကြပေသည်။

၁၉၉၂ ခုနှစ်၊ မေလ ၂၄ ရက်

အရှေ့သို့- အခန်း (၄၄)

နောက်တစ်ခုသို့- အခန်း (၄၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ