အခန်း ၄၄
လူတို့သည် ငါ၏အမှုကို အဖြည့်တစ်ခုအဖြစ် သဘောထားကြသည်။ ၎င်းတို့သည် ယင်းအတွက် အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစွန့်လွှတ်ကြပေ၊ ထို့ကြောင့် ငါသည် ရွေးချယ်စရာ မရှိဘဲ လူသားအား ငါ့အပေါ်ထားသည့် သူ၏သဘောထားနှင့် သင့်လျော်သည့်အတိုင်း ထိုက်တန်သော တောင်းဆိုချက်များကို တောင်းဆိုချက်များပြုရန်သာ ရှိသည်။ ငါသည် လူသားကို ကျေးဇူးတော်များစွာနှင့် ကောင်းချီးမင်္ဂလာများစွာတို့ကို တစ်ချိန်က ပေးခဲ့သော်လည်း ဤအရာများကို ဆတ်ခနဲဆွဲယူပြီးနောက် သူသည် ချက်ချင်း ထွက်ခွာသွားခဲ့သည်ကို ငါ အမှတ်ရမိသည်။ ယင်းမှာ ငါသည် မရည်ရွယ်ဘဲ ယင်းတို့ကို သူ့ထံ ပေးပြီးသည့်အလား ဖြစ်ခဲ့သည်။ ထို့ကြောင့် လူသားသည် သူ၏ကိုယ်ပိုင် အယူအဆများအားဖြင့် ငါ့ကို အမြဲချစ်လေပြီ။ လူသားသည် ငါ့ကို အမှန်တကယ် ချစ်ရန် ငါအလိုရှိသည်။ သို့သော် လူတို့သည် လေးကန် ဖင့်နွှဲနေကြပြီး၊ ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား မပေးနိုင်ကြပေ။ ၎င်းတို့၏စိတ်ကူးများတွင် ၎င်းတို့က ၎င်းတို့၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား ပေးပါက ၎င်းတို့၌ မည်သည့်အရာမျှ ကျန်ရစ်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ငါကန့်ကွက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်များတစ်ခုလုံး တုန်လှုပ်ကြသည်- သို့သော်လည်း ၎င်းတို့သည် ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား မပေးလိုဘဲ ဆက်လက်ရှိနေကြသည်။ ယင်းမှာ ၎င်းတို့သည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် အမှန်တကယ် ဖြစ်နေသည့်အရာ၏ အမှန်တရားကို ငါ့အား မည်သည့်အခါမျှ မပြောပြကြဘဲ၊ ရှေ့သို့ကြည့်ကြနေကြလေသည်။ ယင်းမှာ ၎င်းတို့၏ နှုတ်များသည် စတေကာကပ်ခွာတစ်ခုဖြင့် ပိတ်ခံရပြီးဖြစ်သည့်အလား ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ စကားသည် စဉ်ဆက်မပြတ် အထစ်ထစ် အငေါ့ငေါ့ ဖြစ်လေသည်။ လူသားရှေ့တွင်၊ ငါသည် မသနားတတ်သော အရင်းရှင်တစ်ဦး ဖြစ်လာပြီးဖြစ်ပုံရသည်။ လူတို့သည် ငါ့ကို အမြဲ ကြောက်ကြသည်- ငါ့ကို မြင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏အခြေအနေများနှင့်ပတ်သက်၍ ၎င်းတို့အား ငါ မည်သည့်အရာ မေးမည်ကို ကြောက်လန့်လျက်၊ ၎င်းတို့သည် အရိပ်အယောင်မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ လူတို့သည် ၎င်းတို့၏ “တစ်ရွာတည်းသားများ”ကို စိတ်ရင်းအတိုင်း ချစ်နိုင်စွမ်း ရှိကြသော်လည်း ဝိညာဉ်၌ ဖြောင့်မှန်သော ငါ့ကို အဘယ်ကြောင့် မချစ်နိုင်ကြသည့် အကြောင်းရင်းကို ငါမသိပေ။ ဤအရာကြောင့် ငါသက်ပြင်းချရသည်- လူတို့သည် လူ့လောကတွင် ၎င်းတို့၏ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် အမြဲတမ်း ထုတ်လွှတ်ကြသနည်း။ ငါသည် အဘယ်ကြောင့် လူသား၏ချစ်ခြင်းမေတ္တာကို မမြည်းစမ်းနိုင်သနည်း။ ယင်းမှာ ငါသည် လူသားမျိုးနွယ်ထဲမှ တစ်ဦး မဟုတ်သောကြောင့် ဖြစ်သလော။ လူတို့သည် ငါ့ကို တောင်များပေါ်မှ လူရိုင်းတစ်ဦးအဖြစ် အမြဲ သဘောထားကြသည်။ ယင်းမှာ ငါသည် သာမန်လူတစ်ဦးကို ပုံဖော်သည့် အစိတ်အပိုင်းအားလုံး မရှိသည့်အလားဖြစ်ပြီး၊ ထို့ကြောင့် ငါ့ရှေ့တွင် လူတို့သည် မြင့်မားသော လူ့ကျင့်ဝတ် သဘောလက္ခဏာတစ်ခုကို အမြဲ ပြစားကြသည်။ ၎င်းတို့သည် ကျောင်းမတက်ရသေးသော အရွယ် ကလေးတစ်ဦးကဲ့သို့ ငါ့ကို ဆူပူကြိမ်းမောင်းရင်း၊ ငါ့ကို ပြစ်တင်မောင်းမဲရန် ၎င်းတို့ရှေ့သို့ မကြာခဏ တရွတ်တိုက်ဆွဲသွားကြသည်။ လူတို့၏မှတ်ဉာဏ်များထဲတွင် ငါသည် ဆင်ခြင်တုံတရားမရှိသကဲ့သို့ ပညာမဲ့သောသူ တစ်စုံတစ်ဦး ဖြစ်သောကြောင့် ၎င်းတို့သည် ငါ့ရှေ့တွင် ပညာသင်ကြားပေးသူ၏ ကဏ္ဍကို အမြဲ ကပြကြသည်။ ငါသည် လူတို့ကို ၎င်းတို့၏ အားနည်းချက်များအတွက် ပြစ်တင်ဆုံးမခြင်း မရှိဘဲ၊ ၎င်းတို့အား ပုံမှန် “အကျိုးအမြတ်ရှိသော အထောက်အကူ” ကို ရရှိစေရင်း၊ ၎င်းတို့ကို သင့်တော်သော အကူအညီ ပေး၏။ လူသားသည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးအကြားတွင် အမြဲ အသက်ရှင်ခဲ့ပြီး၊ လွတ်မြောက်ရန် အခက်တွေ့ကာ၊ ဤဘေးဒုက္ခအကြား၌ သူသည် ငါ့ကို အမြဲတမ်း အော်ခေါ်ခဲ့သောကြောင့်၊ ငါသည် လူအပေါင်းတို့အား ခေတ်သစ် မိသားစုကြီးထဲတွင် အသက်ရှင်ခွင့်ပေးပြီး မိသားစုကြီး၏နွေးထွေးမှုကို တွေ့ကြုံခံစားခွင့်ပေးရင်း၊ အချိန်မှန်မှန် “ဆန်စပါးဂျုံစသည့် အထောက်အပံ့များ” ကို သူ၏လက်ထဲသို့ ပေးပို့၏။ လူသားအလယ်ရှိ အမှုကို ငါလေ့လာသောအခါ၊ သူ၏ များစွာသောချွတ်ယွင်းချက်များကို ငါရှာဖွေတွေ့ရှိပြီး အကျိုးဆက်အနေဖြင့်၊ ငါသည် သူ့ကို အကူအညီ ပေးသည်။ ဤအချိန်၌ပင်လျှင် လူသားအလယ်တွင် ထူးခြားသောဆင်းရဲခြင်း ရှိနေဆဲဖြစ်ပြီး၊ ထို့ကြောင့် ငါသည် ၎င်းတို့ကို ဆင်းရဲခြင်းမှ မတင်ပေးရင်း၊ “နွမ်းပါးသောနေရာများ” အပေါ် သင့်လျော်သော စောင့်ရှောက်မှုကို အပ်နှင်းပြီးဖြစ်သည်။ ဤသည်မှာ လူအပေါင်းတို့ကို ၎င်းတို့တတ်နိုင်သရွေ့ ငါ၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခွင့်ပေးရင်း၊ ငါအမှုပြုသော နည်းလမ်းဖြစ်သည်။
ကမ္ဘာမြေပေါ်ရှိလူတို့သည် ပြစ်တင်ဆုံးမခြင်းကို မရည်ရွယ်ဘဲ ခံစားကြရပြီး၊ ထို့ကြောင့် ငါသည် ကမ္ဘာမြေပေါ်၌ ငါ၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းနှင့်ဆိုင်သည့် ကောင်းသောအခွင့်အလမ်းကို ၎င်းတို့အား အခွင့်ပေးရင်း၊ ငါ၏ကြီးသောလက်ကို ဖွင့်ကာ ၎င်းတို့အား ငါ့ဘက်သို့ ဆွဲခေါ်၏။ ကမ္ဘာမြေပေါ်၌ မည်သည့်အရာသည် အနှစ်သာရမကင်းမဲ့သကဲ့သို့ တန်ဖိုးမရှိ မဖြစ်သနည်း။ လူ့လောကထဲက နေရာအားလုံးအလယ် ငါ လျှောက်လှမ်းပြီး၊ များစွာသော ကျော်ကြားသည့် သမိုင်းဝင်အဆောက်အအုံများနှင့် လူသားအဖို့ နှစ်သက်ဖွယ်ဖြစ်သည့် သဘာဝရှုခင်း ရှိသော်လည်း၊ ငါသွားသည့် နေရာတိုင်းသည် အချိန်ကြာမြင့်စွာကတည်းက အသက်ဝင်မှု ကင်းမဲ့လာပြီး ဖြစ်သည်။ ထိုအခါမှသာ ကမ္ဘာမြေသည် မှုန်မှိုင်းကာ ခြောက်ကပ်နေသည်ကို ခံစားရသည်- ကမ္ဘာမြေပေါ်တွင် အချိန်ကြာမြင့်စွာကတည်းက အသက် ပျောက်ကွယ်ပြီးဖြစ်သည်။ သေခြင်းတရား၏ အနံ့အသက်သာ ရှိပြီး၊ ထို့ကြောင့် ဤဒုက္ခမြေမှ အမြန် ထွက်ခွာကြရန် လူသားကို ငါ အစဉ် ပန်ကြားနေခြင်းဖြစ်သည်။ ငါမြင်သမျှသော အရာအားလုံးမှာ နှစ်မဲ့ခြင်း၏ ကြိုင်လှိုင်သောရနံ့ ဖြစ်သည်။ ငါသည် ငါ၏လက်ထဲမှ အသက်ကို ငါရွေးချယ်ခဲ့သောသူများထံ ပစ်ပေးရန် အခွင့်အရေးကို ယူသည်။ ချက်ချင်း၊ မြေပေါ်တွင် စိမ်းလန်းသောမြေကွက်တစ်ကွက် ရှိလေသည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အသက်ဝင်မှုရှိသည့် အမှုအရာများကို မွေ့လျော်ခံစားရန် လိုလားနေကြသော်လည်း၊ ငါသည် ဤအရာ၌ ပျော်ရွှင်မှုကို မတွေ့ပေ။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က အရာများကို အမြဲ ချစ်မြတ်နိုးကြပြီး ၎င်းတို့၏ အနှစ်သာရကင်းမဲ့ခြင်းကို မည်သည့်အခါမျှ မမြင်ကြသည်မှာ၊ ယနေ့ ဤအဆင့်သို့ ရောက်ရှိပြီးနောက်၊ ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် မည်သည့်အသက်မျှ မတည်ရှိသည်ကို ၎င်းတို့ နားမလည်ကြသေးချေ။ ယနေ့တွင်၊ စကြဝဠာအတွင်း ငါ လျှောက်လှမ်းသည်နှင့်အမျှ၊ လူအပေါင်းတို့သည် ငါရှိသောနေရာ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားနိုင်ကြပြီး ၎င်းတို့သည် အသက်၏အရင်းအမြစ်ကို မည်သည့်အခါမျှ လေ့လာလိုက်စားခြင်းမရှိဘဲလျက်၊ ဤအရာကို အဖိုးတန်ပစ္စည်းတစ်ခုအဖြစ် သဘောထားကြ၏။ ၎င်းတို့အားလုံးသည် ငါပေးသောအရာကို အဖိုးတန်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုကြသော်လည်း ၎င်းတို့ထဲမှ မည်သူကမျှ အသက်ဝင်ခြင်း၏ မူလလုပ်ငန်းဆောင်တာကို ဆောင်ရွက်ရန် မကြိုးစားကြချေ။ ၎င်းတို့သည် သဘာဝအရင်းအမြစ်များကို မည်ကဲ့သို့ အသုံးပြုရမည် သို့မဟုတ် တိုးတက်စေရမည်ကို မသိကြသကဲ့သို့၊ ထို့ကြောင့် ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကျန်ရစ်ကြသည်။ ငါသည် လူသားအလယ်တွင် နေထိုင်သည်၊ လူသားအလယ်တွင် အသက်ရှင်သည်၊ သို့သော် ယနေ့တွင် လူသားသည် ငါ့ကို မသိသေးပေ။ ငါသည် အိမ်နှင့်အလွန်ဝေးလျက်နေခြင်း၏ အကျိုးဆက်အနေဖြင့် လူတို့သည် ငါ့ကို အကူအညီများစွာ ပေးပြီးသော်လည်း၊ ယင်းမှာ ငါသည် လူသားနှင့် မှန်ကန်သော ခင်မင်ရင်းနှီးမှုကို မတည်ဆောက်ရသေးသည့်အလားဖြစ်ပြီး၊ ထို့ကြောင့် ငါသည် လူ့လောက၏ မတရားမှုကို ခံစားရဆဲဖြစ်သည်။ ငါ၏အမြင်တွင် တကယ်တော့ လူသားမျိုးနွယ်သည် အနှစ်သာရ ကင်းမဲ့ပြီး လူသားအလယ်တွင် တန်ဖိုးတစ်ခုတစ်လေရှိသည့် ရတနာ မရှိပေ။ လူ့ဘဝနှင့်သက်ဆိုင်၍ လူတို့ မည်သည့်အမြင် ရှိကြသည်ကို ငါမသိသော်လည်း၊ အချုပ်အားဖြင့်၊ ငါ၏အမြင်မှာ “အနှစ်သာရကင်းမဲ့သည်” ဟူသော စကားလုံးမှ ခွဲထုတ်၍မရပေ။ ငါသည် အတော်အတန် တဲ့တိုးပြောသည့်အတွက်၊ ဤအရာကြောင့် လူတို့သည် ငါ့ကို ဆိုးရွားစွာ မတွေးကြဖို့ ငါ မျှော်လင့်သည်၊ ပြီးလျှင် ငါသည် ယဉ်ကျေးသိမ်မွေ့ရန် မကြိုးစားပေ။ သို့သော်၊ အဆုံးတွင်တော့ ငါ၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ အကူအညီ ဖြစ်သည့်အတွက်၊ ငါစဉ်းစားသောအရာကို သာ၍ နီးကပ်စွာ အာရုံစိုက်ကြရန် လူတို့ကို ငါ အကြုံပြုမည်။ “အနှစ်သာရကင်းမဲ့ခြင်း”နှင့် သက်ဆိုင်၍ လူတို့က မည်သည့် သိနားလည်မှုရှိသည်ကို ငါမသိ။ ငါ၏မျှော်လင့်ချက်မှာ ၎င်းတို့သည် ဤအမှုအပေါ် အနည်းငယ် ကြိုးပမ်းအားထုတ်ကြမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် လူ့ဘဝကို လက်တွေ့ကျသော နည်းလမ်းဖြင့် တွေ့ကြုံခံစားဖို့နှင့် ယင်းတွင် တန်ဖိုးရှိသော “ကွယ်ဝှက်ထားသည့် တွင်းထွက်ပစ္စည်းများ” တစ်ခုတစ်လေ ရှိမရှိဆိုသည်ကို ကြည့်ဖို့ ကောင်းစွာ လုပ်ဆောင်ကြပေမည်။ ငါသည် လူတို့၏ အပြုသဘောဆောင်ခြင်းကို လျော့စေရန် ကြိုးစားနေသည်မဟုတ်ပေ။ ငါသည် ၎င်းတို့အား ငါ၏နှုတ်ကပတ်တော်များမှ အသိပညာ အချို့ကို ရစေလိုခြင်းသာဖြစ်သည်။ ငါသည် လူသား အရေးကိစ္စများအတွက် အမြဲအပူတပြင်း ဖြစ်နေသော်လည်း၊ ယခုတွင် ၎င်းတို့မှာ အလွန်အလုပ်ရှပ်ကြကာ ထိုသို့ လုပ်ဆောင်ရန် မေ့လျော့ကြပြီးဖြစ်သည့်အလား၊ လူတို့သည် အမှုအရာများ ရှိကြသည်နှင့်အမျှ ကျေးဇူးတင်စကား တစ်ခွန်းကို မပြောကြသေးချေ။ ယနေ့ပင်လျှင်၊ လူသား၏ တစ်နေကုန် ဟိုဟိုသည်သည်အပူတပြင်းလုပ်ဆောင်ခြင်းက အဘယ်အကျိုး ရှိပြီးဖြစ်သည်ကို ငါမသိသေးပေ။ ယနေ့တွင်ပင်၊ လူတို့၏စိတ်နှလုံးထဲ၌ ငါ့အတွက် နေရာတစ်ခု မရှိမြဲဖြစ်နေပြီး၊ ထို့ကြောင့် နောက်ထပ်တဖန် ငါအတွေးနက်ရလေသည်။ ငါသည် “လူတို့က ငါ့ကို အမှန်တကယ် ချစ်သောစိတ်နှလုံးတစ်ခု အဘယ်ကြောင့်မရှိကြသည်” ဟူသော သုတေသနပြုခြင်း အလုပ်ကို ငါကိုယ်တိုင် စတင်စီစဉ်နေ၏။ ငါသည် လူသားကို “ခွဲစိတ်စားပွဲ” ပေါ်သို့ မတင်မည်၊ သူ၏ “နှလုံးသား” ကို ငါ ခွဲစိတ်လေ့လာရမည်ဖြစ်ပြီး၊ သူ၏စိတ်နှလုံးထဲတွင် ငါ့ကို အမှန်တကယ် ချစ်ခြင်းမှ မည်သည့်အရာက လမ်းကြောင်း ပိတ်ဆို့နေကာ သူ့ကို ဟန့်တားနေသည်ဆိုသည်ကို ငါကြည့်မည်။ “ဓား”၏ သက်ရောက်မှုအောက်တွင်၊ လူတို့သည် ဤအချိန်တွင် လုံးဝ အလျှော့ပေးကြပြီး ဖြစ်သည့်အတွက်၊ ငါစတင်ရန် စောင့်ဆိုင်းရင်း ၎င်းတို့၏မျက်လုံးများကို ဖျစ်ညှစ်၍မှိတ်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အခြား အရောအနှောများစွာကို ငါရှာတွေ့သည်။ ဤအရာများထဲမှ အဓိကအရာမှာ လူတို့၏ကိုယ်ပိုင် အမှုအရာများ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ခန္ဓာကိုယ်ပြင်ပတွင် အနည်းငယ်သော အရာများသာ ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ အရာများမှာ မရေမတွက်နိုင်လောက်အောင် ဖြစ်သည်။ ယင်းမှာ လူသား၏စိတ်နှလုံးသည် ကြွယ်ဝချမ်းသာမှုများနှင့် လူတို့ လိုအပ်သမျှ အရာရာတိုင်းဖြင့် ပြည့်လျက်ရှိသည့် သိုလှောင်ပုံးကြီးတစ်ပုံးကဲ့သို့ ဖြစ်ခဲ့သည့်အလား ဖြစ်သည်။ ဤအခိုက်အတန့်တွင်သာ လူတို့သည် အဘယ်ကြောင့် ငါ့ကို မည်သည့်အခါမျှ အလးထားမှု တစ်ခုတစ်လေ မရှိကြသည့် အကြောင်းရင်းကို ငါအမှန်တကယ် နားလည်သည်- ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကြီးစွာသော မိမိကိုယ်ကိုယ် ဖူလုံမှု ရှိသောကြောင့် ဖြစ်သည်- ငါ၏အကူအညီအတွက် ၎င်းတို့ လိုအပ်မှု အဘယ်အရာ ရှိသနည်း။ ထို့ကြောင့်၊ လူတို့သည် ငါ၏အကူအညီကို မလိုအပ်သည့်အတွက်၊ ငါသည် လူသားထံမှ ထွက်ခွာရပေသည်။ ငါသည် အဘယ်ကြောင့် “အရှက်မဲ့စွာ ပြုမူ”ကာ ၎င်းတို့၏ စက်ဆုပ်မှုကို ခံရသင့်သနည်း။
မည်သူသည် အကြောင်းရင်းကို သိသနည်း၊ သို့သော် ငါသည် မိမိကိုယ်ကိုယ် မတတ်နိုင်သည့်အလား လူသားအလယ်တွင် စကားပြောရန် အမြဲ လိုလားနေပြီး ဖြစ်သည်။ ဤအကြောင်းကြောင့်၊ လူတို့သည် ငါ့အပေါ် တန်ဖိုးမရှိသကဲ့သို့ မြင်ကြပြီး၊ ငါသည် ကြေးပဲနိတစ်ပဲနိထက်ပင် တန်ဖိုးနည်းခဲ့သည့်အလား၊ ငါ့ကို အမြဲသဘောထားကြသည်။ ၎င်းတို့သည် ငါ့ကို ရိုသေလေးစားရမည့် အရာတစ်စုံတစ်ခုအဖြစ် သဘောမထားကြပေ။ ၎င်းတို့သည် ငါ့ကို မမြတ်နိုးကြသကဲ့သို့၊ ၎င်းတို့ ဆန္ဒရှိသည့်အချိန်တိုင်းတွင် ငါ့ကို အိမ်သို့ တရွတ်တိုက်ဆွဲသွားကြပြီး၊ လူရှေ့သူရှေ့တွင် ငါ့ကို “ဖော်ထုတ်”ရင်း၊ တဖန် အပြင်သို့ ပစ်လိုက်ကြလေသည်။ လူသား၏ယုတ်ညံ့သော အပြုအမူအတွက် ငါသည် အဆုံးစွန်သော စက်ဆုပ်ရွံရှာမှု ရှိ၏၊ ထို့ကြောင့် လူသားသည် အသိစိတ်မရှိဟု တုံးတိတိ ငါဆိုခြင်းဖြစ်သည်။ သို့သော်လည်း လူတို့သည် ခေါင်းမာကြသည်။ ၎င်းတို့သည် ၎င်းတို့၏ “ဓားများနှင့် လှံများ”ကို ယူပြီး ငါ၏နှုတ်ကပတ်တော်များသည် လက်တွေ့အနေအထားများနှင့် သဘောကွဲလွဲသည်ဟု ဆိုရင်း၊ ငါသည် ၎င်းတို့ကို သားပုပ်လေလွင့်ပြောသည်ဟု ဆိုရင်း ငါနှင့် တိုက်ပွဲဆင်နွဲကြသည်- သို့သော် ငါသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အပြုအမှု၏ အကျိုးဆက်အနေဖြင့် ၎င်းတို့အပေါ် ဒဏ်ခတ်ခြင်းဖြင့် အကြီးအကျယ် မထိခိုက်စေပေ။ ငါသည် လူတို့ကို စည်းရုံးနိုင်ရန်နှင့် ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် အရှက်ရစေရန် ငါ၏သမ္မာတရားများကို အသုံးပြုရုံမျှ အသုံးပြုဖြစ်သည်၊ ယင်းနောက်တွင် ၎င်းတို့သည် တိတ်ဆိတ်စွာ နောက်ဆုတ်ကြလေသည်။ ငါသည် လူသားနှင့် ယှဉ်ပြိုင်ခြင်း မပြုပေ၊ အဘယ်ကြောင့်ဆိုသော် ယင်းတွင် အကျိုးမရှိသည့်အတွက် ဖြစ်သည်။ ငါသည် ငါ၏တာဝန်ကို လိုက်နာပြီး လူသားသည်လည်း သူ၏တာဝန်ကို လိုက်နာနိုင်ကာ ငါ့ကို မဆန့်ကျင်ဖို့ ငါမျှော်လင့်သည်။ ဤနည်းဖြင့် အေးအေးချမ်းချမ်း အဆင်ပြေသည်မှာ ပို၍ကောင်းမည် မဟုတ်လော။ ငါတို့၏ဆက်ဆံရေးကို အဘယ်ကြောင့် ထိခိုက်စေမည်နည်း။ ငါတို့သည် ဤနှစ်ကာလများတစ်လျှောက်လုံး အဆင်ပြေကြပြီး ဖြစ်သည်- ငါတို့နှစ်ဦးလုံးအတွက် ပြဿနာဖြစ်စေရန် အဘယ်လိုအပ်သနည်း။ ယင်းမှာ ငါတို့၏ဂုဏ်သတင်းများ တစ်ခုခုအတွက် အကျိုးမရှိဖြစ်မည် မဟုတ်လော။ ငါတို့၏ဆက်ဆံရေးမှာ နှစ်ကာလကြာရှည်သော “သက်တမ်းရှိသော ခင်မင်ရင်းနှီးမှု”၊ “သက်တမ်းရှိသော အကျွမ်းဝင်မှု” တစ်ခုဖြစ်သည်- မပြေမလည်ဖြစ်သော သတ်မှတ်ချက်များနှင့်ပတ်သက်၍ ခွဲခွာရန် အဘယ်လိုအပ်မည်နည်း။ ထိုသို့လုပ်ဆောင်ရန်မှာ ကောင်းမည်လော။ လူတို့သည် အကျိုးသက်ရောက်မှုကို အာရုံစိုက်ရန်၊ ၎င်းတို့အတွက် မည်သည့်အရာမှာ ကောင်းသည်ကို သိကြရန် ငါမျှော်လင့်သည်။ ယနေ့ လူသားအပေါ် ငါ၏သဘောထားမှာ လူသား၏ တစ်သက်တာ ဆွေးနွေးမှုအတွက် လုံလောက်ပေသည်- လူတို့သည် ငါ၏ကြင်နာမှုကို အဘယ်ကြောင့် အမြဲ အသိအမှတ် မပြုနိုင်ရသနည်း။ ယင်းမှာ ၎င်းတို့သည် စကားအသုံးအနှုန်း စွမ်းရည်များ ကင်းမဲ့သောကြောင့် ဖြစ်သလော။ ၎င်းတို့သည် လုံလောက်သော ဝေါဟာရ မရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် အမြဲ စကားများ ပျောက်ဆုံးကြရသနည်း။ ငါသည် အဘယ်သို့ ပြုမူနေထိုင်သည်ကို မည်သူ မသိနားမလည်ရသနည်း။ လူတို့သည် ငါ၏လုပ်ဆောင်မှုများကို လုံးဝ သိကြသည်- ယင်းမှာ ၎င်းတို့သည် အခြားသူများကို အမြဲအခွင့်ကောင်းယူလိုခြင်းသာ ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် ၎င်တို့၏ အကျိုးစီးပွားများကို မေ့ထားရန် မည်သည့်အခါမျှ လိုလားနေခြင်း မရှိကြချေ။ အကယ်၍ စကားရပ်တစ်ခုသည် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါ ၎င်းတို့သည် အသာစီးရပြီးသည့်အထိ လျှော့ရန် ငြင်းဆိုကြသည်- ယင်းတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ လူတို့သည် ၎င်းတို့ ပံ့ပိုးပေးနိုင်သည့်အရာအပေါ် မယှဉ်ပြိုင်ကြဘဲ၊ ၎င်းတို့ ရရှိနိုင်သည့်အရာအပေါ် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့၏အဆင့်အတန်းတွင် ပျော်ရွှင်မှု မရှိသော်လည်း၊ ယင်းကို ၎င်းတို့ အလွန်မြတ်နိုးကြသည်မှာ၊ ယင်းကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးအဖြစ်ပင် သဘောထားနေကြလေသည်- ထို့ကြောင့် ၎င်းတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စွန့်လွှတ်မည့်အစား ငါ၏ပြစ်တင်ဆုံးမခြင်းကို ပို၍ သည်းခံလိုကြသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အထင်ကြီးကြသောကြောင့်၊ မိမိတို့ကိုယ်ကိုယ် မေ့ထားရန် မည်သည့်အခါမျှ လိုလားနေခြင်း မရှိကြချေ။ လူသားအပေါ် ငါ၏သုံးသပ်မှုတွင် သေးငယ်သော အမှားအချို့ ရှိကောင်းရှိမည်၊ သို့မဟုတ် ငါသည် ၎င်းတို့အပေါ် မပြင်းထန်သကဲ့သို့ သက်ညှာခြင်းလည်း မရှိသည့် အမည်ကို တပ်ပြီးဖြစ်ကောင်းဖြစ်မည်၊ သို့သော်လည်း အချုပ်အားဖြင့်၊ ငါ၏မျှော်လင့်ချက်မှာ လူတို့သည် ဤအရာကို သတိပေးချက်တစ်ခုအဖြစ် သဘောထားရန် ဖြစ်သည်။
၁၉၉၂ ခုနှစ်၊ မေလ ၂၁ ရက်