အခန်း (၄၃)
ငါ့နှုတ်ကပတ်တော်များ၌ လူတို့ “ကြီးစွာသော စိတ်ဝင်စားမှု” ရှိရခြင်းမှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့်သာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ သူတို့သည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အုပ်စိုးခြင်း မခံခဲ့ရပါက၊ သူတို့အားလုံးသည် နှောင့်ယှက်ခံလိုက်ရသည့် ကျားများကဲ့သို့ ဟိန်းဟောက်နေကြပေလိမ့်မည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအားဖြင့် ငါ၏ချုပ်ထိန်းခြင်းကို လိုက်နာရပြီး ကမ္ဘာမြေကို ဖုံးလွှမ်းထားသော လူသားမျိုးနွယ်တို့ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည်ကို ငါကြည့်ရှုလျက် ငါသည် နေ့စဉ် တိမ်များအကြား လှည့်လည်သွားလာ၏။ ဤနည်းအားဖြင့် လူသားမျိုးနွယ်ကို စနစ်တကျဖြစ်အောင် ထိန်းသိမ်းထားပြီး ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆက်လက်၍ တည်တံ့စေသည်။ ဤအချိန်မှစ၍ ကမ္ဘာပေါ်၌ရှိသောသူတို့သည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့် ပြစ်တင်ဆုံးမခြင်း အမျိုးမျိုးကို ရရှိကြပြီး၊ ဤပြစ်တင်ဆုံးမခြင်းက သူတို့အပေါ်သို့ ဆင်းသက်လာသောအခါ၊ လူသားအားလုံးသည် ကျယ်လောင်စွာ ပွက်လောရိုက်သွားကြပြီး အရပ်ရပ်သို့ ထွက်ပြေးကြသည်။ ဤတစ်ခဏတွင် ကမ္ဘာမြေရှိ တိုင်းပြည်များသည် ချက်ချင်းပျက်စီးကြသည်၊ တိုင်းနိုင်ငံများကြားရှိ နယ်နိမိတ်များ နောက်ထပ်မရှိတော့ပေ၊ နေရာတစ်နေရာနှင့် တစ်နေရာ ပိုင်းခြားထားခြင်း မရှိတော့သည့်အပြင်၊ လူတို့ကြား၌ ကင်းကွာမှု နောက်ထပ် မရှိတော့ပေ။ လူတို့သည် နောက်ထပ် ရန်ပွဲမရှိတော့ဘဲ၊ တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရန် ငါသည် လူတို့ကြားတွင် “အတွေးအမြင်စနစ်ဆိုင်ရာအလုပ်” ကို စတင် လုပ်ဆောင်သည့်အပြင်၊ ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် ပေါင်းကူးတံတားများကို ဆောက်လုပ်ပေးပြီး ဆက်နွှယ်မှုများကို တည်ထောင် ပေးသည်နှင့်အမျှ လူတို့က စည်းလုံးလာသည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေပြင်ပေါ်တွင် နောက်ထပ် “လှည့်လည်သွားလာခြင်း” မရှိတော့ဘဲ မကြာမီ သင့်လျော်သော ခရီးဆုံးပန်းတိုင်တစ်ခု ရှိလာစေရန်အလို့ငှာ ငါသည် ငါ၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော သရုပ်သကန်များဖြင့် မိုးကောင်းကင်ကို ပြည့်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်းကို ငါ၏ တန်ခိုးအောက်တွင် ပျပ်ဝပ်စေမည်၊ ထိုသို့ဖြင့် “ကမ္ဘာလုံးဆိုင်ရာ တစ်စုတစ်စည်းတည်းဖြစ်စေမှု” အတွက် ငါ၏ အစီအစဉ်ကို အကောင်အထည်ဖော်ကာ ငါ၏ ဤဆန္ဒတစ်ခုကို အသီးအပွင့်များ ဖြစ်ထွန်းစေမည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ငြိမ်းချမ်းပြီး ပျော်ရွှင်သော နယ်မြေတစ်ခုတွင် မကြာမီ နေထိုင်လာကြစေရန်၊ ၎င်းတို့ အသက်တာ၏ နေ့ရက်များသည် နောက်ထပ် ခြောက်ကပ်နေမည် မဟုတ်စေရန်နှင့် ငါ၏ အစီအစဉ်သည် ကမ္ဘာမြေပေါ်တွင် အချည်းနှီး မဖြစ်စေရန် ငါသည် လူသားမျိုးနွယ်အတွက် အဘက်ဘက်မှ စဉ်းစားပေးလေသည်။ လူသား၏ တည်ရှိမှုကြောင့် ငါ၏ နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် ငါ တည်ဆောက်မည်၊ အကြောင်းမှာ ငါ၏ ဘုန်းအသရေ ထင်ရှားခြင်း၏ အစိတ်အပိုင်းတစ်ခုသည် ကမ္ဘာမြေပေါ်တွင် ရှိသောကြောင့် ဖြစ်သည်။ အထက်ကောင်းကင်ဘုံတွင် ငါ၏ မြို့တော်ကို ငါ တည့်မတ်စွာ တည်ထားမည်ဖြစ်ပြီး ထိုသို့ဖြင့် အထက်နှင့် အောက်ရှိ အရာခပ်သိမ်းကို အသစ်ဖြစ်စေမည်။ ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်းသည် ကောင်းကင်ဘုံရှိ အရာအားလုံးနှင့် ပေါင်းစည်းစေရန်အလို့ငှာ ကောင်းကင်၏ အထက်နှင့် အောက်တွင် တည်ရှိသမျှကို တစ်ခုတည်းသော ပေါင်းစည်းမှုအဖြစ် ငါ ပြုလုပ်မည်။ ဤသည်မှာ ငါ၏ အစီအစဉ် ဖြစ်သည်၊ ယင်းမှာ နောက်ဆုံးသော ခေတ်ကာလတွင် ငါ ပြီးမြောက်မည့်အရာ ဖြစ်သည်၊ ငါ၏ ဤအမှုအပိုင်းကို မည်သူမျှ ဝင်ရောက်မစွက်ဖက်စေနှင့်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင် ငါ၏အမှုကို ဖြန့်ကျက်ခြင်းသည် ကမ္ဘာမြေပေါ်ရှိ ငါ၏အမှု၏ နောက်ဆုံးအပိုင်း ဖြစ်သည်။ ငါ လုပ်ဆောင်မည့်အမှုကို မည်သူမျှ ဉာဏ်မမီနိုင်ပေ၊ ဤအရာကြောင့် လူတို့သည် အတော်အတန် တွေဝေနေကြသည်။ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ ငါ၏အမှုဖြင့် ငါ အလုပ်များနေသောကြောင့် လူတို့သည် “ပြက်တီးပြက်ချော်လုပ်ရန်” အခွင့်အရေးယူကြသည်။ ၎င်းတို့ကို မဆင်မခြင် ပြုမူခြင်းမှ တားဆီးရန်အလို့ငှာ မီးအိုင်၏ “လေ့ကျင့်ခြင်း” ကို ခံယူရန် ၎င်းတို့ကို ငါ၏ ပြစ်တင်ဆုံးမခြင်းအောက်တွင် ငါ ပထမဦးစွာ ထားရှိပြီးဖြစ်သည်။ ဤသည်မှာ ငါ၏အမှုထဲမှ အဆင့်တစ်ဆင့်ဖြစ်ပြီး ငါ၏အမှု၏ ဤအဆင့်ကို ပြီးမြောက်ရန် မီးအိုင်၏ စွမ်းအားကို ငါ အသုံးပြုမည်၊ သို့မဟုတ်ပါက ငါ၏အမှုကို ဆောင်ရွက်ရန် ခက်ခဲလိမ့်မည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ့ကို ပုန်ကန်ခြင်းမှ ရပ်တန့်သွားစေရန်၊ ထိုအစား ငါ အမည်ပေးထားသော အမျိုးအစားများနှင့်အညီ သပ်ရပ်ပြီး စနစ်ကျသော အစီအစဉ်တစ်ခုထဲသို့ ရောက်ရှိသွားစေရန်အလို့ငှာ စကြဝဠာတစ်ခွင်ရှိ လူသားများကို ငါ၏ ပလ္လင်ရှေ့တွင် ကျိုးကျိုးနွံနွံ နာခံစေမည်၊ ငါ၏ တရားစီရင်မှုကြောင့် မတူညီသော အမျိုးအစားများအဖြစ် ကွဲပြားစေမည်၊ ဤအမျိုးအစားများနှင့်အညီ ခွဲခြားသတ်မှတ်စေမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုများထဲသို့ ပြန်လည်ရောက်ရှိစေမည်၊ မည်သူမျှ မိမိတို့ သဘောအတိုင်း လှည့်လည်သွားလာခြင်း မပြုစေနှင့်။ စကြဝဠာတစ်ခွင်နှင့် ယင်း၏အထက်တွင် အမှုသစ်ကို ငါ လုပ်ဆောင်ပြီးပြီ၊ စကြဝဠာထဲရှိ လူသားအားလုံးသည် ငါ၏ ရုတ်တရက် ပေါ်ထွန်းလာခြင်းကြောင့် မိန်းမောတွေဝေကာ အံ့သြမှင်တက်နေကြပြီး လူသိရှင်ကြား ငါ ပေါ်ထွန်းခြင်းကြောင့် ၎င်းတို့သည် များစွာ မျက်စိပွင့် နားပွင့်ကုန်ကြ၏။ ယနေ့သည် ထိုသို့ပင် ဖြစ်သည် မဟုတ်လော။
ငါသည် တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးအကြားတွင် ငါ၏ပထမခြေလှမ်းကို လှမ်းခဲ့ပြီး ငါ့အလုပ်၏ ပထမအပိုင်းကို အစပြုခဲ့ပြီး ဖြစ်သည်။ ငါသည် အသစ်တစ်ဖန် အစပြုရန် ငါ၏ အကြံအစည်ကို ဖျက်မည်မဟုတ်- တစ်ပါးအမျိုးသားတိုင်းနိုင်ငံများ အကြားရှိ အလုပ် အစီအစဉ်သည် ကောင်းကင်ဘုံရှိ ငါ့အလုပ်၏ လုပ်ငန်းစဉ်များ အပေါ် အခြေခံထားသည်။ လူသားများအားလုံးက ငါ၏ အမူအရာနှင့် လုပ်ဆောင်မှုတိုင်းကို မျှော်ကြည့်ရန် မိမိတို့၏ မျက်လုံးများကို မော့ကြည့်ကြသည့်အခါ၌၊ ယင်းသည် ငါက ကမ္ဘာပေါ် မြူဆိုင်းစေမည့် အချိန်ဖြစ်သည်။ လူတို့၏မျက်လုံးများသည် ချက်ချင်းပင် ဝေဝါးပြီး၊ သူတို့သည် သဲကန္တာရထဲက သိုးကဲ့သို့ မည်သည့်ဦးတည်ချက်မျှ မရှာနိုင်သည့်အပြင်၊ လေပြင်းမုန်တိုင်း တဝေါဝေါစတင်တိုက်ခတ်သောအခါ၊ သူတို့၏ ငိုကြွေးသံများကို တိုက်ခတ်သောလေက ဖုံးလွှမ်းသွားသည်။ လေလှိုင်းများ၏ အလယ်တွင် လူသားသဏ္ဌာန်များကို ရေးရေးလေး တွေ့မြင်နိုင်သည်၊ သို့သော် လူသားတို့၏ အသံကို မကြားရနိုင်ဘဲ၊ လူတို့သည် သူတို့၏အသံကုန် အော်ဟစ်နေကြသော်လည်း၊ အားထုတ်မှုက အလဟဿပင်ဖြစ်သည်။ ဤအချိန်တွင် လူသားမျိုးနွယ်သည် မိုးကောင်းကင်မှ ကယ်တင်ရှင်တစ်ပါး ရုတ်ချည်းကျလာပြီး အတိုင်းအဆမဲ့သော ကန္တာရထဲမှနေ၍ သူတို့ကို ဦးဆောင်လမ်းပြလိမ့်မည်ဟု မျှော်လင့်လျက် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းကြသည်။ သို့သော်လည်း သူတို့၏ ယုံကြည်ခြင်းက မည်မျှပင် ကြီးမားစေကာမူ ကယ်တင်ရှင်သည် မလှုပ်ရှားဘဲ ရှိနေသောကြောင့်၊ လူသား၏ မျှော်လင့်ခြင်းတို့သည် ပြိုကွဲလွင့်စင်ကုန်သည်- ထွန်းညှိထားသော ယုံကြည်ခြင်းမီးသည် ကန္တာရမှလာသော လေပြင်းမုန်တိုင်း၏ ငြှိမ်းသတ်ခြင်းကို ခံရပြီး လူသားသည် လူသူမနေထိုင်သော ကျတ်တီးမြေအရပ်တွင် ဝမ်းလျားမှောက် လဲလျောင်းကာ၊ တောက်ပသော မီးတုတ်ကို နောင်ဘယ်သောအခါမှ မထွန်းညှိနိုင်တော့ဘဲ သတိလစ် မေ့မြောသွားသည်။...ထိုအခြေအနေကို အခွင့်ကောင်းယူလျက် ငါသည် လူ၏မျက်စိရှေ့တွင် အိုအေစစ်တစ်ခုကို ဖြစ်ပေါ်စေသည်။ သို့သော် လူ၏စိတ်သည် အလွန်တရာ ဝမ်းသာကောင်း ဝမ်းသာနေစဉ်တွင်၊ သူ၏ခန္ဓာကိုယ်သည် တုံ့ပြန်ဖို့ အလွန်ချည့်နဲ့ကာ၊ အားနည်းပြီး ခြေလက်တို့ ပျော့ခွေကုန်ကြသည်။ ထို့ပြင် သူသည် အိုအေစစ်ထဲတွင် နှစ်သက်ဖွယ်ကောင်းသော သစ်သီးများကို တွေ့ရသော်လည်း၊ ယင်းတို့ကို ခူးဆွတ်ဖို့အားအင် မရှိပေ၊ အဘယ်ကြောင့်ဆိုသော် လူ၏ “အတွင်း၌ရှိသော အင်အားများ” က လုံးလုံးလျားလျား ခြေကုန်လက်ပန်းကျသွားပြီ ဖြစ်သည်။ ငါသည် လူသားက လိုအပ်သောအရာများကို ယူ၍ သူ့ကို ပေးအပ်သော်လည်း၊ သူလုပ်သည့်အရာဆို၍ စိတ်ကြည်လင်ဖွယ် အလျှင်းကင်းမဲ့သော မျက်နှာနှင့် တဒင်္ဂအပြုံးတစ်ခုကို လျှပ်တပြက်ပြုံးပြခြင်းသာ ဖြစ်သည်- လူသားမျိုးနွယ်၏ ခွန်အားဟူသမျှ တစိုးတစိမျှမကျန်ဘဲ တိုက်ခတ်နေသော လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ဤအကြောင်းကြောင့် လူ၏မျက်နှာမှာ လုံးဝ ခံစားမှုကင်းမဲ့ပြီး မိမိ၏ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်နေသည့် မိခင်တစ်ဦးကဲ့သို့သော သူ၏ နူးညံ့သိမ်မွေ့သော စေတနာမေတ္တာပါဝင်သည့် လူသား၏ နီရဲနေသော မျက်လုံးများမှ ကြင်နာမှုရောင်ခြည် တစ်ခုတည်းသာလျှင် ဖြာထွက်ပေသည်။ မကြာခဏပင် လူ၏ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းသည် စကားပြောတော့မည့်အလား လှုပ်ရှားသော်လည်း၊ ထိုသို့ပြုရန် အားအင်မရှိပေ။ ငါသည် လူကို ရေအနည်းငယ် ပေးသော်လည်း၊ သူသည် ခေါင်းခါလျက်သာနေ၏။ ဤကဲ့သို့ အပြောင်းအလဲမြန်ပြီး တပ်အပ်ပြောရန်ခက်သော အမူအရာများမှ လူသည် မိမိကိုယ်တိုင်ထဲ၌ မျှော်လင့်ချက်ဟူသမျှ ပျောက်ဆုံးနှင့်ပြီးဖြစ်ကာ၊ ငါ့ကို အသနားခံသော အကြည့်ဖြင့်သာ ကြည့်မြဲကြည့်လျက် တစ်စုံတစ်ခုကို တောင်းခံနေသကဲ့သို့ ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်၏ ထုံးတမ်းများနှင့် ဓလေ့စရိုက်များကို မသိနားမလည်သဖြင့်၊ ငါသည် လူသားတို့၏ မျက်နှာအမူအရာများနှင့် အပြုအမူများကြောင့် စိတ်ရှုပ်ထွေးလေသည်။ လူသားဖြစ်တည်မှု၏ နေ့ရက်များသည် အဆုံးသို့ မြန်မြန်ဆန်ဆန် နီးကပ်လာနေကြောင်းကို ဤအခိုက်အတန့်၌သာလျှင် ရုတ်တရက် ငါသိလိုက်ရပြီး သူ့အပေါ် ကရုဏာသက်သော အကြည့်နှင့် ငါကြည့်၏။ ဤအခိုက်အတန့်၌သာလျှင် လူသည် သူ၏ဆန္ဒအားလုံး ပြည့်ဝသွားသည့်အလား ငါ့အား ခေါင်းညိတ်ပြလျက် ဝမ်းမြောက်သောအပြုံးကို ပြလေသည်။ လူသားတို့သည် ဝမ်းမနည်းကြတော့ချေ။ ကမ္ဘာပေါ်တွင် လူတို့သည် ဘဝ၏ အဓိပ္ပာယ်မဲ့ခြင်းကို နောက်ထပ် မညည်းညူကြတော့ဘဲ၊ “အသက်” နှင့်ပတ်သက်သော အရာခပ်သိမ်းကို ရပ်တန်းကရပ်ကြသည်။ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် သက်ပြင်းချသံများ ရှိတော့မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ် အသက်ရှင်သော နေ့ရက်များသည် ဝမ်းမြောက် ပျော်ရွှင်ခြင်းနှင့် ပြည့်လိမ့်မည်။...
ငါ၏အလုပ်ကို လူသားတို့ အမြဲတစေ မနှောင့်ယှက်စေဖို့အတွက် ငါကိုယ်တော်တိုင်၏အလုပ်ကို မလုပ်ဆောင်မီ လူ၏အရေးကိစ္စများကို ငါ အသေအချာ ရှင်းထုတ်ပစ်မည်။ ငါ့အတွက်မူ လူသားတို့၏ အရေးကိစ္စများက အဓိကအချက် မဟုတ်၊ လူသားမျိုးနွယ်၏ အရေးကိစ္စများသည် အရေးမပါချေ။ လူသားသည် စိတ်ဓာတ် လွန်စွာ သေးသိမ်သောကြောင့် လူသားတို့သည် ပုရွက်ဆိတ်တစ်ကောင်ကိုပင် သနားကရုဏာ မပြသလိုသည် သို့မဟုတ် ပုရွက်ဆိတ်များမှာ လူသားမျိုးနွယ်၏ ရန်သူများဖြစ်သည်ဟုပင် ထင်ရကာ၊ လူသားတို့အကြားတွင် အမြဲတမ်း သဘောထားကွဲလွဲခြင်း ရှိတတ်သည်။ လူတို့၏ သဘောထားကွဲလွဲမှုကို ကြားရလျက် ငါသည် နောက်တစ်ကြိမ် စွန့်ခွာကာ သူတို့၏ ဇာတ်လမ်းများကို နောက်ထပ်အရေးမစိုက်တော့ပေ။ လူသားတို့၏ အမြင်တွင်မူ ငါသည် “ဒေသခံများ” ထဲမှ “မိသားစု အငြင်းပွားမှုများ” ကို ဖြေရှင်းရာ၌ အထူးပြုသော “ဒေသခံကော်မတီဝင်” တစ်ဦးပင် ဖြစ်ချေသည်။ လူတို့သည် ငါ့ရှေ့မှောက်သို့လာသောအခါ၊ သူတို့သည် အစဉ်သဖြင့် ကိုယ်ပိုင်အကြောင်းပြချက်များနှင့် ရောက်လာကြပြီး နိုင်ထက်စီးနင်းကျသော စိတ်အားထက်သန်မှုနှင့် သူတို့၏ကိုယ်ပိုင် “ထူးကဲသော အတွေ့အကြုံများ” ကို ပြန်လည်ရေတွက်ရင်း၊ ပြောရင်းဆိုရင်းနှင့် သူတို့၏ကိုယ်ပိုင် ရှင်းလင်းချက်ကို ထပ်ဖြည့်ကြသည်။ ငါသည် လူသားတို့၏ ထူးခြားလှသော ကိုယ်နှုတ်အမူအရာကို ကြည့်သည်- သူတို့၏ မျက်နှာသည် မြေမှုန့်နှင့် ပေကျံနေပြီး၊ ထိုမြေမှုန့်မှာ “တသွင်သွင်စီးနေသော” ချွေးအောက်တွင် ချွေးနှင့် ချက်ချင်းရောနှော သွားသောကြောင့် မိမိ၏ “လွတ်လပ်ခြင်း” ကို ဆုံးရှုံးသွားသည့် မြေမှုန့်ဖြစ်ကာ၊ ထိုသို့ဖြင့် လူသားတို့၏ မျက်နှာသည် ခြေရာများကို ရံဖန်ရံခါ တွေ့မြင်ရနိုင်သော ကမ်းခြေသောင်ယံ၏ သဲထူထပ်သော မျက်နှာပြင်ကဲ့သို့ တိုး၍ပင် “ကြွယ်ဝ” လာသည်။ သူတို့၏ဆံပင်သည် သေဆုံးပြီးသော တစ္ဆေများ၏ ဆံပင်နှင့်တူကာ အရောင်စိုခြင်း ကင်းမဲ့လျက် အလုံးတစ်ခုထဲသို့ စိုက်ဝင်နေသည့် ကောက်ရိုးမျှင်များကဲ့သို့ တည့်တည့်ထောင်မတ်နေကြသည်။ သူ၏ဆံပင်တို့ ဒေါသဖြင့် ထောင်ထသွားရလောက်အောင် သူ၏အမျက်ဒေါသက အလွန် ကြီးသောကြောင့် သူ၏မျက်နှာသည် ချွေးတို့ “ပွက်ထ” နေသည့်ပမာ “အငွေ့” ကို တစ်ချက်တစ်ချက် ထုတ်လွှတ်သည်။ လူသားကို အနီးကပ် စေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာသည် ချစ်ချစ်တောက်ပူသော နေမင်းကဲ့သို့၊ “မီးတောက်များ” နှင့် ဖုံးလွှမ်းနေသည်ကို ငါမြင်ရကာ၊ ထို့အတွက်ကြောင့်ပင် ထိုမျက်နှာမှ အငွေ့ပူများ ထနေခြင်းဖြစ်ပြီး၊ သူကိုယ်တိုင်က ဤသည်ကို အရေးမစိုက်သော်လည်း၊ သူ၏ဒေါသက သူ့မျက်နှာအား လောင်ကျွမ်း ဖျက်ဆီးမည်ကို ငါသည် အကယ်ပင်စိုးရိမ်၏။ ဤအခြေအနေတွင် ငါသည် လူကို သူ၏ဒေါသအား အနည်းငယ်မျှ လျှော့ရန် တိုက်တွန်းသည်၊ ဤအရာက အဘယ်ကောင်းကျိုး ပြုသနည်း။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရမည်နည်း။ ဒေါသကြောင့် ဤ “ကမ္ဘာလုံး” ၏ မျက်နှာပြင်ပေါ်ရှိ ကောက်ရိုးတံများက နေ၏ မီးတောက်များကြောင့် လောင်ကျွမ်းကုန်သလောက် ဖြစ်သွားသည်။ ဤကဲ့သို့သော အခြေအနေများတွင် “လမင်း” သည်ပင်လျှင် အနီရောင် ပြောင်းသွားသည်။ လူ၏ဒေါသကို အလွန်အကျွံမဖြစ်စေရန် သူ့အား ငါတိုက်တွန်း၏၊ သူ၏ ကျန်းမာရေးကို ကာကွယ်ပေးရန် အရေးကြီးသည်။ သို့သော်လည်း လူသည် ငါ၏ အကြံပေးချက်ကို နားမထောင်ဘဲ၊ ထို့ထက် သူက ငါ့ကို “စွဲချက်တင် တိုင်တန်းခြင်းများ” ကို ဆက်ပြုလေသည်။ ဤအရာ၌ အဘယ်အသုံးဝင်မှု ရှိသနည်း။ ငါ၏ဆုလာဘ်သည် လူ့အနေဖြင့် ခံစားမွေ့လျော်ရန် မလောက်ငခြင်းကြောင့်လော။ သို့တည်းမဟုတ် သူသည် ငါပေးသောအရာကို ငြင်းပယ်ခြင်းကြောင့်လော။ ရုတ်တရက် ဒေါသမထိန်းနိုင်သဖြင့်၊ ငါသည် စားပွဲကို မှောက်လှန်ချလိုက်သောကြောင့်၊ လူသည် သူ၏ဇာတ်လမ်းမှ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်ခန်းများကို မပြောပြရဲတော့ပေ။ ငါသည် သူ့ကို ရက်အနည်းငယ်မျှ တမင် စောင့်ခိုင်းထားရန် “ထိန်းသိမ်းရေးစခန်း” သို့ ခေါ်ဆောင်သွားမည်ကို သူကကြောက်ရွံ့ပြီး၊ လစ်ထွက်သွားဖို့ ငါဒေါသူပုန်ထခြင်းကို အခွင့်အကောင်း ယူလေသည်။ ထိုသို့မဟုတ်ပါက လူသည် ထိုကဲ့သို့ အရာများကို ရုပ်သိမ်းလိုမည် မဟုတ်ဘဲ၊ သူ၏ကိုယ်ပိုင် အလေးထားစရာများကို အလျဉ်မပြတ် ဆက်ပြောနေမည်ဖြစ်သည်။ ထိုအသံကပင် ငါ့ကို နားမခံသာဖြစ်စေသည်။ လူသားတို့၏ အတွင်းစိတ်နှလုံးများသည် အဘယ်ကြောင့် အလွန်ရှုပ်ထွေးနေသနည်း။ ယင်းမှာ လူ၏အထဲ၌ အလွန်များပြားသော “အစိတ်အပိုင်းလေးများ” ကို ငါတပ်ဆင် ထားသောကြောင့် ဖြစ်နိုင်သလော။ သူသည် ငါ့ရှေ့မှောက်တွင် အဘယ့်ကြောင့် အမြဲတမ်း ဟန်ဆောင်ပြရသနည်း။ ငါသည် “အရပ်သားဆိုင်ရာ အငြင်းပွားမှုများ” အား ဖြေရှင်းခြင်းအတွက် “အတိုင်ပင်ခံပုဂ္ဂိုလ်” မဟုတ်သည်မှာ အသေအချာပင် မဟုတ်လော။ ငါသည် လူကို ငါ့ထံသို့လာရန် ပြောခဲ့သလော။ ငါသည် စီရင်စု ရာဇဝတ်တရားသူကြီး မဟုတ်သည်မှာ အသေအချာပင် မဟုတ်လော။ လူတို့၏ အရေးကိစ္စများကို အဘယ့်ကြောင့် ငါရှေ့မှောက်၌ အမြဲ တင်ပြကြသနည်း။ ငါ၌လုပ်စရာ အလုပ်မြောက်မြားစွာ ရှိသည့်အတွက်၊ လူသည် သင့်တင့်လျောက်ပတ်သကဲ့သို့ မိမိကိုယ်ကိုယ် တာဝန်ယူ ထိန်းချုပ်ကာ၊ ငါ့ကို မနှောင့်ယှက်ဖို့ ထောက်ထားဆင်ခြင်ကြမည်ဟု ငါမျှော်လင့်သည်။
၁၉၉၂ ခုနှစ်၊ မေလ ၁၈ ရက်