သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

သိမ်းပိုက်ခြင်းအလုပ်၏ ရည်ရွယ်ထားသည့် ရလဒ်မှာ အဖြစ်ချင်ဆုံး အနေဖြင့်၊ လူသား၏ ဇာတိပကတိအနေဖြင့် နောက်ထပ် မပုန်ကန်တော့ဖို့ အတွက် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသစ်သော အသိပညာကို လူ့စိတ်က ရရှိရန်အတွက်၊ လူ၏စိတ်နှလုံးက ဘုရားသခင်ကို လုံးလုံးလျားလျား နာခံရန်အတွက် ဖြစ်ပြီး၊ လူသားအနေဖြင့် ဘုရားသခင်အတွက်ဖြစ်ဖို့ ဆန္ဒပြင်းပြရန်အတွက် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ပင်ကိုစရိုက်၊ သို့မဟုတ် ဇာတိပကတိ ပြောင်းလဲသည့်အခါ၊ သိမ်းပိုက်ခံရခြင်းအဖြစ် မယူဆကြပေ။ လူသား၏ အတွေး၊ လူသား၏အသိဉာဏ်နှင့် အသိစိတ်တို့ပြောင်းလဲသောအခါ၊ ဆိုလိုသည်မှာ သင်၏စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုလုံး ပြောင်းလဲသည့်အခါ- ယင်းသည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင် ခံရပြီးဖြစ်သည့်အချိန် ဖြစ်လိမ့်မည်။ သင်သည် နာခံရန် စိတ်ဆုံးဖြတ်ထားပြီး အသစ်သောစိတ်နေစိတ်ထားကို မွေးပြီးသည့်အခါ၊ သင်၏ကိုယ်ပိုင်အယူအဆများ သို့မဟုတ် ရည်ရွယ်ချက်များ တစ်ခုတစ်လေကိုမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုထံသို့ သင် ယူဆောင်မလာတော့သည့်အခါ၊ ပြီးလျှင် သင်၏ဦးနှောက်က ပုံမှန် စဉ်းစားနိုင်သည့်အခါ- ဆိုလိုသည်မှာ သင်သည် ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိကိုယ်ကိုယ် အသုံးပြုနိုင်သည့်အခါ- သင်သည် အပြည့်အဝ သိမ်းပိုက်ခံရသည့် လူစားမျိုး ဖြစ်ပေသည်။ ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏အလိုကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏အလိုနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ အလိုနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ပြုပြင်ခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို အမြစ်ဖြတ်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းစိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏အလိုကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် သက်ဆိုင်သည့် သင်၏အသိပညာနှင့်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အယူအဆများစွာတို့ကို သင်ပြောင်းလဲနိုင်ပါက၊ သင်၏သဘာဝကျခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤအရာနှင့် ဤအရာသည်သာ လူတို့ကို ဘုရားသခင် သိမ်းပိုက်သည့်အခါ၊ ရရှိသည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ ယင်းသည် လူတို့အထဲတွင် ဖြစ်ပွားသည့် ပြောင်းလဲမှုဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သိသမျှအကြောင်းသည် သင်၏ ခန္ဓာကိုယ်ကို ချိုးနှိမ်ခြင်း၊ ကြံ့ကြံ့ခံခြင်းနှင့် ဆင်းရဲဒုက္ခခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် လုပ်ဆောင်သည်ကို မဆိုထားနှင့်၊ ဤအရာ မှန်သည် မှားသည်ကို သင် မသိပါက၊ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် ပြောင်းလဲမှုဆီသို့ မည်သို့ ဦးတည်စေနိုင်မည်နည်း။

သင်တို့ကို ငါတောင်းဆိုသည့်အရာသည် သင်တို့၏ဇာတိပကတိကို ကျေးကျွန်ဘဝဖြင့် ထိန်းသိမ်းရန် သို့မဟုတ် သင်တို့၏ဦးနှောက်ကို ထင်ရာမြင်ရာအတွေးများကို စဉ်းစားခြင်းမှ တားဆီးရန် မဟုတ်သည်ကို နားလည်ကြလော့။ ဤအရာသည် အမှု၏ရည်ရွယ်ချက် မဟုတ်သကဲ့သို့၊ ယခု လုပ်ဆောင်ဖို့လိုအပ်သည့် အလုပ်လည်း မဟုတ်ပေ။ ယခု၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့အလို့ငှာ အပြုသဘောဆောင်သော ရှုထောင့်မှ အသိပညာရှိရမည်ဖြစ်သည်။ အလိုအပ်ဆုံးသော လုပ်ဆောင်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သင်တို့သည် ယခု လက်ရှိ သမ္မာတရားနှင့် ရူပါရုံတို့ဖြင့် မိမိတို့ကိုယ်မိမိတို့ အပြည့်အဝ ပြင်ဆင်ပြီးနောက် ရှေ့ဆက်ပြီး ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ သင်တို့၏တာဝန် ဖြစ်၏။ သာ၍ပင် ကြီးမားသော အလင်းပေးခြင်းကို ရှာဖွေကာ ရရှိရန် သင်တို့ကို ငါ တောင်းဆိုခြင်း မဟုတ်ပေ။ လက်ရှိတွင် ယင်းအတွက် ဝိညာဉ်ရင့်ကျက်မှု သင်တို့၌ တကယ်ကို မရှိကြချေ။ သင်တို့ထံမှ လိုအပ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ သင်တို့ တတ်နိုင်သမျှ လုပ်ဆောင်ရန် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ အမှုကို သိနားလည်ရမည်ဖြစ်ပြီး၊ သင်တို့၏သဘာဝဗီဇ၊ သင်တို့၏ အနှစ်သာရနှင့် သင်တို့၏ ထိုအသက်တာဟောင်းတို့ကို သိရမည်ဖြစ်သည်။ အထူးသဖြင့်၊ အတိတ်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော လက်တွေ့လုပ်ဆောင်မှုများကို သင်တို့ သိရန် လိုအပ်သည်။ ပြောင်းလဲရန်၊ သင်တို့၏အတွေးကို ပြောင်းလဲခြင်းဖြင့် စတင်ရမည်။ ပထမဦးစွာ၊ သင်တို့၏အတွေးဟောင်းကို အတွေးအသစ်ဖြင့် အစားထိုးလော့၊ ပြီးလျှင် သင်တို့၏ အတွေးသစ်ကို သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် သင်တို့၏အသက်တာကို စိုးမိုးစေလော့။ ဤသည်မှာ ယနေ့ သင်တို့ အသီးသီးကို တောင်းဆိုသည့်အရာ ဖြစ်သည်။ ကျိုးကြောင်းမမြင်ဘဲ လက်တွေ့မလုပ်ဆောင်နှင့် သို့မဟုတ် ကျိုးကြောင်းမမြင်ဘဲ မလိုက်လျှောက်နှင့်။ သင်တို့အနေဖြင့် အခြေခံအကြောင်းရင်းနှင့် ရည်မှန်းချက်တစ်ခု ရှိရမည်။ မိမိတို့ကိုယ်ကိုယ် အရူးမလုပ်ကြနှင့်။ ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုသည် မည်သည့်အရာအတွက် အတိအကျ ဖြစ်သည်၊ ယင်းမှ မည်သည့်အရာကို ရရှိသင့်သည်ဆိုသည်နှင့် ယခု မည်သည့်အရာတွင် သင်တို့ ဝင်ရောက်သင့်သည်တို့ကို သိရှိသင့်ပေသည်။ ဤအရာအားလုံးအား သင် သိဖို့မှာ အလွန် အရေးကြီးပေသည်။

လက်ရှိတွင် သင်တို့ဝင်ရောက်သင့်သည့်အရာမှာ သင်တို့၏ဘဝကို တိုးမြှင့်ခြင်းနှင့် သင်တို့၏ အရည်အချင်းကို မြှင့်တင်ခြင်း ဖြစ်သည်။ ထို့ပြင်၊ သင်တို့၏ အတိတ်မှ ရှုထောင့်အဟောင်းများကို ပြောင်းလဲဖို့၊ သင်တို့၏ အတွေးကို ပြောင်းလဲဖို့နှင့် သင်တို့၏အယူအဆများကို ပြောင်းလဲဖို့ လိုအပ်သည်။ သင်တို့၏ ဘဝတစ်ခုလုံး အသစ်ပြုပြင်ဖို့ လိုအပ်သည်။ ဘုရားသခင်၏လုပ်ဆောင်မှုများနှင့် သက်ဆိုင်သော သင်၏ အသိပညာ ပြောင်းလဲသည့်အခါ၊ ဘုရားသခင်ပြောသည့် အရာရာတိုင်း၏ သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာသစ်တစ်ခု သင်၌ ရှိသည့်အခါ၊ ပြီးလျှင် သင့်အတွင်းရှိ အသိပညာ တိုးမြှင့်ခံရသည့်အခါ၊ သင်၏ဘဝသည် သာ၍ ကောင်းမွန်ဖို့ ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ယခု လူတို့ လုပ်ဆောင်ကာ ပြောဆိုသည့် ဤအရာများအားလုံးသည် ယခု လက်တွေ့ကျ၏။ ဤအရာတို့သည် အယူဝါဒများ မဟုတ်ဘဲ၊ ယင်းထက် မိမိတို့၏ဘဝအတွက် လူတို့ လိုအပ်သည့်အရာများ ဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှုအတွင်း လူတို့၌ဖြစ်ပျက်သည့် ပြောင်းလဲခြင်း၊ လူတို့ တွေ့ကြုံခံစားသင့်သည့် ပြောင်းလဲခြင်းဖြစ်ပြီး၊ ယင်းသည် ၎င်းတို့ သိမ်းပိုက်ခံရပြီးနောက် အကျိုးဆက်ဖြစ်သည်။ သင်သည် သင်၏အတွေးကို ပြောင်းလဲပြီးသည့်အခါ၊ အသစ်သော စိတ်သဘောထားကို မွေးပြီးသည့်အခါ၊ သင်၏အယူအဆများ၊ ရည်ရွယ်ချက်များနှင့် သင်၏ အတိတ်က အကျိုးသင့်အကြောင်းသင့် ဆင်ခြင်မှုများကို ပယ်ဖျက်ပြီးသည့်အခါ၊ သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သည့်အရာများကို စွန့်ပစ်ပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် အသစ်သော အသိပညာကို ရရှိပြီးသည့်အခါတွင်၊ သင်ပေးသည့် သက်သေခံချက်များသည် တိုးမြှင့်ခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ သင်၏ဖြစ်တည်မှုတစ်ခုလုံး အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ဤအရာအားလုံးသည် လက်တွေ့အကျဆုံး ဖြစ်သည်၊ အစစ်မှန်ဆုံး ဖြစ်ပြီး၊ အမှုအရာများထဲမှ အခြေခံအကျဆုံး ဖြစ်သည်- အတိတ်က လူတို့ သဘောပေါက်နိုင်ခြင်း မရှိသည့်အရာများဖြစ်ပြီး၊ ပါဝင်ပတ်သက်ရန် ၎င်းတို့ တတ်စွမ်းနိုင်ခြင်းမရှိသော အရာများ ဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အစစ်အမှန် ဖြစ်သည်။ သင်သည် အတိတ်က သမ္မာကျမ်းစာကို မည်သို့ အတိအကျ နားလည်ခဲ့ပါသနည်း။ ဤအရာကို ယနေ့နှိုင်းယှဉ်ကြည့်ပါက သင်တို့ သိလိမ့်မည်။ အတိတ်က သင်သည် မောရှေ၊ ပေတရု၊ ပေါလု သို့မဟုတ် ကျမ်းစာဆိုင်ရာ ထွက်ဆိုချက်များနှင့် ရှုထောင့်များကို စိတ်ဖြင့် ချီးမြှောက်ခဲ့ပြီး ၎င်းတို့ကို ဖျာလိုလိပ် ထိပ်ပေါ်တင်ထားခဲ့သည်။ ယခုတွင်၊ ကျမ်းစာကို ဖျာလိုလိပ် ထိပ်ပေါ်တင်ထားဖို့ သင့်ကို တောင်းဆိုပါက၊ သင်ပြုလုပ်မည်လော။ သမ္မာကျမ်းစာသည် လူသားရေးသားသည့် မှတ်တမ်းများစွာနှင့် ပါဝင်လွန်းလှပြီး၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်နှင့်သက်ဆိုင်သည့် လူသား၏ ဖြစ်စဉ် ဖော်ပြချက်သာ ဖြစ်သည်ကို သင် မြင်ရပေမည်။ ယင်းသည် သမိုင်းစာအုပ် တစ်အုပ်ဖြစ်သည်။ ဤသည်မှာ ယင်းနှင့် သက်ဆိုင်သည့် သင်၏အသိပညာ ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသည်မဟုတ်လော။ ယနေ့တွင် မဿဲခရစ်ဝင်ကျမ်းထဲက ပေးထားသည့် ယေရှု၏မျိုးရိုးစဉ်ဆက်ကို ကြည့်ပါက၊ “ယေရှု၏ မျိုးရိုးစဉ်ဆက်လား။ အဓိပ္ပာယ်မရှိပါတကား။ ဤသည်မှာ ယောသပ်၏ မျိုးရိုးစဉ်ဆက်ဖြစ်၏၊ ယေရှု၏ မျိုးရိုးစဉ်ဆက် မဟုတ်ပါ။ ယေရှုနှင့် ယောသပ်ကြားတွင် ဆက်နွှယ်မှုမရှိပါ။” ဟု သင်ပြောပေမည်။ ယခုတွင် သမ္မာကျမ်းစာကို သင်ကြည့်ရှုသည့်အခါ၊ ယင်းနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် မတူညီပေ၊ ဆိုလိုသည်မှာ သင်၏ရှုထောင့်အမြင် ပြောင်းလဲပြီးဖြစ်ကာ၊ သင်သည် ဘာသာတရား၏ ဝါရင့် ပညာရှင်များထက် သာ၍မြင့်မားသည့် အသိပညာအဆင့် ရှိပေသည်။ ဤမျိုးရိုးစဉ်ဆက်နှင့်ပတ်သက်၍ အရေးကြီးသည့် အချက်များရှိသည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့မည်ဆိုပါက၊ “ယင်းတွင် မည်သည့်အရာ အရေးကြီးသနည်း။ ဆက်၍ ရှင်းပြပါ။ ယေရှုနှင့် ယောသပ်သည် ဆက်နွှယ်မှု မရှိပါ။ ယင်းကို သင် မသိပါသလား။ ယေရှုသည် မျိုးရိုးစဉ်ဆက် ရှိနိုင်ပါသလား။ ယေရှုသည် အဘယ်သို့ ဘိုးဘေးများ ရှိနိုင်မည်နည်း။ သူသည် အဘယ်သို့ လူသား၏ သားစဉ်မြေးဆက် ဖြစ်နိုင်မည်နည်း။ သူ၏ လူ့ဇာတိသည် မာရိထံမှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်ဖြစ်သည်၊ လူသား၏ ဝိညာဉ် မဟုတ်ပါ။ ယေရှုသည် ဘုရားသခင်၏ ချစ်လှစွာသော သားဖြစ်၏၊ ထို့ကြောင့် သူသည် မျိုးရိုးစဉ်ဆက် ရှိနိုင်ပါသလား။ ကမ္ဘာမြေပေါ် ရှိစဉ်တွင် ယေရှုသည် လူသားမျိုးနွယ်ဝင်တစ်ဦး မဟုတ်ခဲ့ပါ၊ ထို့ကြောင့် သူသည် အဘယ်သို့ မျိုးရိုးစဉ်ဆက် ရှိနိုင်မည်နည်း။” ဟု သင်တုံ့ပြန်ပေမည်။ သင်သည် သင် နားလည်ပြီးဖြစ်သည့် အရာကို ဝေမျှရင်း၊ မျိုးရိုးစဉ်ဆက်ကို စိစစ်ပြီး အတွင်းကျကျ သမ္မာတရားကို ရှင်းလင်းစွာ ရှင်းပြသည့်အခါ၊ ထိုလူသည် မှင်တက်ရစ်ပေလိမ့်မည်။ အချို့က ကျမ်းစာကို မှီငြမ်းပြီး၊ “ယေရှုတွင် မျိုးရိုးစဉ်ဆက်တစ်ခု ရှိပါသည်။ ယနေ့ သင်၏ ဘုရားသခင်သည် မျိုးရိုးစဉ်ဆက်ရှိပါသလား” ဟု သင့်ကို မေးလိမ့်မည်။ ထိုအခါ၊ သင်သည် အားလုံးထဲမှ အစစ်မှန်ဆုံးသော သင်၏အသိပညာကို ၎င်းတို့အား ပြောပြလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် သင်၏အသိပညာသည် အကျိုးတရားတစ်ခု ရရှိပေလိမ့်မည်။ အမှန်တွင်၊ ယေရှုသည် အာဗြဟံနှင့် ဆက်နွှယ်မှုရှိဖို့မဆိုထားနှင့်၊ ယောသပ်နှင့် ဆက်နွှယ်မှု မရှိပေ။ သူသည် ဣသရေလတွင် မွေးဖွားခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည် ဣသရေလလူမျိုးတစ်ဦး သို့မဟုတ် ဣသရေလ လူမျိုးများမှ ဆင်းသက်လာသူတစ်ဦး မဟုတ်ပေ။ ဣသရေလတွင် မွေးဖွားခဲ့သော်လည်း၊ ဘုရားသခင်သည် ဣသရေလ အမျိုးများ၏ ဘုရားသာ ဖြစ်သည်ဟု မဆိုလိုပေ။ လူ့ဇာတိခံခြင်း အမှုကို သူ ဆောင်ရွက်သည်မှာ သူ၏ အမှုအတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် စကြဝဠာတစ်လျှောက်လုံး ဖန်ဆင်းခြင်းအားလုံး၏ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် ပထမဦးစွာ သူ၏ အမှုအဆင့်တစ်ခုကို ဣသရေလတွင်သာ ဆောင်ရွက်ခြင်း ဖြစ်သည်၊ ယင်းနောက်တွင် တစ်ပါးအမျိုးသား နိုင်ငံများအလယ်တွင် ဘုရားသခင် စတင်အမှုပြုခဲ့သည်။ သို့သော်၊ လူတို့သည် ယေရှုကို ဣသရေလ အမျိုး၏ဘုရားသခင်အဖြစ် ယူဆခဲ့ကြပြီး၊ ထို့အပြင် ဣသရေလ အမျိုးများထဲနှင့် ဒါဝိဒ်၏ သားစဉ်မြေးဆက်ထဲတွင် သူ့ကို ထားရှိခဲ့ကြလေသည်။ နောက်ဆုံးသောကာလတွင် ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအလယ် ကြီးမြတ်လိမ့်မည်ဟု ကျမ်းစာက ပြောသည်၊ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင် အမှုပြုမည် ဖြစ်သည်။ ယုဒပြည်တွင် ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ဘုရားသခင်သည် ယုဒလူမျိုးများကိုသာ ချစ်သည်ဟု ရည်ညွှန်းခြင်းမဟုတ်ပေ။ ယင်းက ဖြစ်ပျက်ခဲ့သည့်မှာ အမှုက လိုအပ်သောကြောင့်သာ ဖြစ်သည်။ (ဣသရေလအမျိုးသည် သူ၏ရွေးကောက်ခြင်းခံရသည့် လူမျိုးများ ဖြစ်သောကြောင့်) ဘုရားသခင်သည် ဣသရေလတွင်သာ လူ့ဇာတိ ခံယူနိုင်ခဲ့ခြင်းဖြစ်သည်မှာ မမှန်ပေ။ ဘုရားသခင်၏ ရွေးကောက်ခြင်း ခံရသည့် လူများကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင်လည်း တွေ့ရှိရသည် မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထိ အမှုကို တိုးချဲ့သည်မှာ ယုဒပြည်တွင် အမှုပြုခြင်းကို ယေရှု အပြီးသတ် ပြီးသည့်နောက်တွင် ဖြစ်ခဲ့ပေသည်။ (ဣသရေလလူမျိုးများသည် ဣသရေလမှလွဲ၍ တိုင်းနိုင်ငံအားလုံးကို “တစ်ပါးအမျိုးသားနိုင်ငံများ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။) အမှန်တွင်၊ ထိုတစ်ပါးအမျိုးသားနိုင်ငံများတွင်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများ ရှိခဲ့ကြပေသည်။ ထိုအချိန်က ထိုနေရာများတွင် မည်သည့်အမှုမျှ မလုပ်ဆောင်သေးခြင်းသာ ဖြစ်သည်။ လူတို့သည် ဣသရေလအပေါ် ထို့သို့အလေးထားရခြင်းမှာ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင် မည်သည့်အမှုမျှ လုပ်ဆောင်နေခြင်း မရှိစဉ်တွင်၊ ဣသရေလ၌ အမှု၏ ပထမနှစ်ဆင့် ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ပါးအမျိုးသားနိုင်ငံများထဲက အမှုသည် ယနေ့တွင်သာ စတင်နေပေသည်၊ ယင်းမှာ လူတို့အနေဖြင့် လက်ခံရန် အလွန်ခက်ခဲသည့်အကြောင်းရင်း ဖြစ်သည်။ ဤအရာအားလုံးကို ရှင်းလင်းစွာ သင်နားလည်နိုင်ပါက၊ ယင်းကို သင် မှန်ကန်စွာ စိတ်တွင်စွဲမှတ်ပြီး အလေးထားနိုင်ပါက၊ ယနေ့ဘုရားသခင်နှင့် အတိတ်ကာလ၏ ဘုရားသခင်နှင့်သက်ဆိုင်သော မှန်ကန်တိကျသည့် အသိပညာတစ်ခု သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ဤအသစ်သော အသိပညာသည် သမိုင်းတစ်လျှောက် သန့်ရှင်းသူများအားလုံး ပိုင်ဆိုင်ခဲ့ကြသည့် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာထက် သာ၍ မြင့်မားပေလိမ့်မည်။ သင်သည် ယနေ့၏အမှုကို တွေ့ကြုံခံစားပြီး ယနေ့ ဘုရားသခင်၏ကိုယ်ပိုင် မိန့်မြွက်ချက်များကို ကြားရသော်လည်း၊ ဘုရားသခင်၏အလုံးစုံနှင့် သက်ဆိုင်သော အသိပညာ မရှိဘဲ၊ သင်၏အားထုတ်ခြင်းသည် ရှိမြဲရှိခဲ့သည့်အတိုင်း ဆက်လက်ရှိနေပြီး၊ အသစ်သော အရာတစ်ခုတစ်လေဖြင့် အစားထိုးထားခြင်း မရှိပါက၊ ပြီးလျှင် အထူးသဖြင့် သင်သည် ဤသိမ်းပိုက်ခြင်းအမှု အားလုံးကို တွေ့ကြုံခံစား ရသော်လည်း၊ နောက်ဆုံးတွင် သင့်အထဲ၌ မည်သည့်ပြောင်းလဲမှုကိုမျှ မတွေ့ရှိနိုင်ပါက၊ သင်၏ ယုံကြည်ခြင်းသည် မိမိတို့၏ဆာလောင်မှုကို ဖြည့်ဆည်းဖို့ မုန့်ကိုသာ ရှာကြသောသူတို့၏ ယုံကြည်ခြင်းနှင့် တူညီသည် မဟုတ်လော။ ထိုအခြေအနေတွင်၊ သိမ်းပိုက်ခြင်းအမှုသည် သင်၏ အထဲတွင် မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ပယ်ထုတ်ခြင်း ခံရမည့်သူများထဲမှ တစ်ဦး ဖြစ်သွားလိမ့်မည် မဟုတ်လော။

သိမ်းပိုက်ခြင်းအမှုအားလုံး အဆုံးသတ်သည့်အခါတွင်၊ ဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာ မဟုတ်ဘဲ၊ ဖန်ဆင်းခြင်းအားလုံးတို့၏ ဘုရားသခင်ဖြစ်သည်ကို သင်တို့ နားလည်ဖို့ အရေးကြီးပေသည်။ သူသည် ဣသရေလအမျိုးကိုသာမဟုတ်ဘဲ၊ လူသားမျိုနွယ်အားလုံးကို ဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ဘုရားသာ ဖြစ်သည်၊ သို့မဟုတ် ဣသရေလ ပြင်ပရှိ မည်သည့်တိုင်းနိုင်ငံတွင်မဆို လူ့ဇာတိခံယူရန်မှာ ဘုရားသခင်အတွက် မဖြစ်နိုင်ဟု သင်ပြောပါက၊ သင်သည် သိမ်းပိုက်ခြင်းအလုပ် ဖြစ်စဉ်အတွင်းတွင် မည်သည့်အသိပညာကိုမျှ မရရှိသေးသကဲ့သို့၊ ဘုရားသခင်သည် သင်၏ ဘုရားသခင်ဖြစ်သည်ကို နည်းနည်းမျှပင် သင် အသိအမှတ်မပြုပေ။ ဘုရားသခင်သည် ဣသရေလမှ တရုတ်ပြည်သို့ ရွှေ့ပြောင်းပြီး သင်၏ဘုရားသခင်ဖြစ်ရန် အတင်းအကျပ် ပြုခံရသည်ဟု သင် လက်ခံရုံမျှလက်ခံပေသည်။ ဤသည်မှာ အမှုအရာများကို သင် ရှုမြင်သည့်ပုံဖြစ်နေသေးပါက၊ ငါ၏ အမှုသည် သင့်အထဲတွင် အချည်းနှီးဖြစ်ပြီး ငါပြောပြီးသည့် အရာတစ်ခုကိုမျှ သင်နားမလည်သေးပေ။ နောက်ဆုံးတွင် ငါ့အတွက် သင့်တော်သည့် ဘိုးဘေးများကို ရှာရင်း- ဘုရားသခင်သည် သူ၏လူ့ဇာတိ နှစ်ကြိမ်ခံယူခြင်းအတွက် မျိုးရိုးစဉ်ဆက်နှစ်ခု ရှိသည်ဆိုသကဲ့သို့သော- ငါ၏ “မှန်ကန်သော” မိဘဘိုးဘွားကို ရှာရင်း၊ မဿဲလုပ်ဆောင်ခဲ့သကဲ့သို့ သင်သည် ငါ့အတွက် နောက်ထပ်မျိုးရိုးစဉ်ဆက်တစ်ခုကို ရေးသားပါက- ယင်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံး ဖြစ်မည် မဟုတ်လော။ ငါ့ကို မျိုးရိုးစဉ်ဆက်တစ်ခု ရှာဖွေပေးခဲ့သည့် ဤ “ရည်ရွယ်ချက်ကောင်း ရှိသောလူ” ဖြစ်သည့် သင်သည် ဘုရားသခင်ကို ခွဲခြားသောသူတစ်ယောက် ဖြစ်သွားပြီ မဟုတ်လော။ ဤအပြစ်၏ဝန်ကို သင် လက်ခံနိုင်ပါသလော။ ဤသိမ်းပိုက်ခြင်းအမှု အားလုံးနောက်တွင် ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးတို့၏ ဘုရားသခင်ဖြစ်သည်ကို သင်မယုံကြည်သေးပါက၊ ဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာ ဖြစ်သည်ဟု သင် တွေးထင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို ပွင့်လင်းစွာ ခုခံသော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ယနေ့ သင့်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်သကဲ့သို့၊ အခြားသူတို့၏ဘုရားသခင်လည်း ဖြစ်ကာ၊ အရေးကြီးဆုံးအနေဖြင့် သူသည် သူ့ကိုချစ်သောသူအားလုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းခြင်းအားလုံးတို့၏ဘုရားသခင် ဖြစ်သည်ကို သင့်အား အသိအမှတ်ပြုစေရန်ဖြစ်သည်။ သူသည် ဣသရေလအမျိုးများ၏ ဘုရားသခင်ဖြစ်ပြီး အဲဂုတ္တုလူမျိုးများ၏ ဘုရားသခင် ဖြစ်သည်။ သူသည် ဗြိတိသျှလူမျိုးတို့၏ ဘုရားသခင်ဖြစ်ပြီး အမေရိကန်လူမျိုးများ၏ ဘုရားသခင် ဖြစ်သည်။ သူသည် အာဒံနှင့်ဧဝတို့၏ ဘုရားသခင်ဖြစ်ရုံသာ မဟုတ်ဘဲ၊ ၎င်းတို့၏ သားစဉ်မြေးဆက်များ အားလုံး၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် ကောင်းကင်၌ ရှိသော အရာအားလုံးနှင့် မြေကြီးပေါ်၌ရှိသော အရာအားလုံးတို့၏ ဘုရားသခင် ဖြစ်သည်။ ဣသရေလလူမျိုးများဖြစ်စေ တစ်ပါးအမျိုးသားများဖြစ်စေ၊ မိသားစု အားလုံးသည် တစ်ဆူတည်းသော ဘုရားသခင်၏ လက်တွင် ရှိကြသည်။ သူသည် ဣသရေလတွင် နှစ်ထောင်ပေါင်းအချို့ကြာ အမှုပြုခဲ့ပြီး ယုဒပြည်တွင် တစ်ချိန်က မွေးဖွားခဲ့သည်သာမက၊ ယနေ့တွင် သူသည် အဆင်းနီသော နဂါးကြီး ရစ်ခွေလဲလျောင်းသော နေရာဖြစ်သည့် တရုတ်ပြည်တွင် ဆင်းသက်လေသည်။ ယုဒပြည်တွင် မွေးဖွားခြင်းက သူ့ကို ယုဒလူမျိုးတို့၏ရှင်ဘုရင် ဖြစ်စေပါက၊ သင်တို့အားလုံးအလယ်တွင် ယနေ့ ဆင်းသက်ခြင်းသည် သူ့ကို သင်တို့အားလုံး၏ ဘုရားသခင် ဖြစ်စေသည် မဟုတ်လော။ သူသည် ဣသရေလအမျိုးများကို ဦးဆောင်ခဲ့ပြီး ယုဒပြည်တွင် မွေးဖွားခဲ့သကဲ့သို့၊ သူသည် တစ်ပါးအမျိုးသားပြည် တစ်ခုတွင်လည်း မွေးဖွားလေပြီဖြစ်သည်။ သူ၏အမှုအားလုံးကို သူဖန်ဆင်းသည့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် လုပ်ဆောင်သည် မဟုတ်လော။ သူသည် ဣသရေလအမျိုးတို့ကို အဆတစ်ရာချစ်ပြီး တစ်ပါးအမျိုးသားတို့ကို အဆတစ်ထောင် စက်ဆုပ်ရွံရှာသလော။ ယင်းမှာ သင်တို့၏အယူအဆ မဟုတ်လော။ ဘုရားသခင်သည် သင်တို့၏ ဘုရားသခင် မည်သည့်အခါမျှ မဖြစ်ခဲ့သည်မှာ မမှန်ကန်ဘဲ၊ ယင်းထက် သင်တို့သည် သူ့ကို အသိအမှတ်မပြုခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သင်တို့၏ ဘုရားဖြစ်ရန် လိုလားခြင်းမရှိသည်မှာ မမှန်ကန်ဘဲ၊ ယင်းထက် သင်တို့သည် သူ့ကို ငြင်းပယ်ခြင်းသာ ဖြစ်သည်။ အဖန်ဆင်းခံများထဲတွင် မည်သူသည် အနန္တတန်ခိုးရှင်၏ လက်တွင် မရှိသနည်း။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်းတွင် ရည်မှန်းချက်မှာ ဘုရားသခင်သည် သင်တို့၏ ဘုရားသခင်သာဖြစ်သည်ကို သင်တို့အား အသိအမှတ်ပြုစေဖို့သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ ဘုရားသခင်သာ ဖြစ်သည်ဟု သင်တို့ ခံယူထားဆဲဖြစ်ပြီး၊ ဣသရေလရှိ ဒါဝိဒ်၏အိမ်တော်သည် ဘုရားသခင်၏မွေးဖွားခြင်း ဇာစ်မြစ်ဖြစ်သည်ဟု ခံယူထားဆဲဖြစ်ပါက၊ ပြီးလျှင် မည်သည့်တစ်ပါးအမျိုးသားမိသားစုကမျှ ယေဟောဝါ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ ရရှိနိုင်ဖို့မဆိုထားနှင့်၊ ဣသရေလမှအပ မည်သည့်နိုင်ငံမျှ ဘုရားသခင်ကို “မွေးဖွားရန်” အရည်အချင်းမပြည့်မီဟု ခံယူထားဆဲဖြစ်ပါက- ဤသို့ သင် တွေးထင်ဆဲဖြစ်ပါက၊ ယင်းက သင့်ကို ခေါင်းမာသော ခုခံသူတစ်ဦးဖြစ်စေသည် မဟုတ်လော။ ဣသရေလအပေါ် အမြဲ အစွဲအလမ်းမကြီးနှင့်။ ဘုရားသခင်သည် သင်တို့ကြားတွင် ယနေ့ ရှိ၏။ မိုးပေါ်သို့လည်း သင် ကြည့်ပြီးရင်း ကြည့်မနေသင့်ပေ။ ကောင်းကင်ရှိ သင်၏ဘုရားသခင်ကို တမ်းတနေခြင်းကို ရပ်လော့။ ဘုရားသခင်သည် သင်တို့အလယ် ကြွလာပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် အဘယ်သို့ ကောင်းကင်တွင် ရှိနိုင်မည်နည်း။ သင်သည် ဘုရားသခင်ကို ကာလကြာမြင့်စွာ မယုံကြည်ကြသေးသော်လည်း၊ သူနှင့်ပတ်သက်၍ သင်၌ အယူအဆများစွာရှိသည်မှာ ဣသရေလအမျိုးများ၏ ဘုရားသခင်သည် သင်တို့ကို သူ၏ မျက်မှောက်ဖြင့် ကျေးဇူးပြုဖို့ အရေးတယူလုပ်မည်ဟု တစ်ခဏမျှ သင်မတွေးဝံ့သည်အထိ ဖြစ်သည်။ သင်တို့သည် မခံနိုင်လောက်အောင် ညစ်ညူးကြပုံကို ထောက်ဆလျှင်၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင် မည်သို့ မြင်နိုင်မည်အကြောင်းအား သင်တို့ သာ၍ပင် မတွေးဝံ့ကြချေ။ ဘုရားသခင်သည် တစ်ပါးအမျိုးသားမြေတွင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ဆင်းသက်နိုင်မည်ကိုလည်း သင်တို့ မတွေးဖူးကြပေ။ သူသည် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် ဆင်းသက်ပြီး ဣသရေလလူမျိုးများထံ ပေါ်ထွန်းသင့်ပေသည်။ တစ်ပါးအမျိုးသားများ (ဆိုလိုသည်မှာ ဣသရေလပြင်ပရှိ လူမျိုးများ) သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းခံရသူများ ဖြစ်သည် မဟုတ်လော။ သူတို့ကြားတွင် သူသည် မည်သို့ ကိုယ်တိုင်ကိုယ်ကျ အမှုပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာအတွင်း သင်တို့ ထားရှိကြပြီးဖြစ်သည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အယူအဆများ ဖြစ်သည်။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ဤအယူအဆများကို အစိတ်စိတ်အမြွှာမြွှာ ခွဲရန် ဖြစ်သည်။ ထိုကြောင့်၊ သိနာတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် မဟုတ်ဘဲ ယခင်က သူဦးဆောင်ခဲ့ဖူးခြင်း မရှိသည့် လူများကြားဖြစ်သည့်- သင်တို့ကြားတွင် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင်တို့ ရှုမြင်ကြရပေသည်။ ဘုရားသခင်သည် ဣသရေလတွင် သူ၏အမှု အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဣသရေလလူမျိုးများနှင့် တစ်ပါးအမျိုးသား အားလုံးတို့က ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်မှာ မှန်ကန်သော်လည်း၊ သူသည် တစ်ပါးအမျိုးသားများ၏ ဘုရားဖြစ်ရန် မဟုတ်ဘဲ၊ ဣသရေလလူမျိုးများ၏ ဘုရားဖြစ်ရန်သာ လိုလားလျက်ရှိသည်ဟူသော အယူအဆကို ထပ်တူထပ်မျှ သိုထားလာခဲ့ကြသည်။ ဣသရေလအမျိုးများက အောက်ပါအတိုင်း ယုံကြည်ကြ၏- ဘုရားသခင်သည် တစ်ပါးအမျိုးသားများ ဖြစ်သော သင်တို့၏ ဘုရားသခင် မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ဘုရားသခင်သာ ဖြစ်နိုင်သည်၊ ပြီးလျှင် သင်တို့သည် ယေဟောဝါကို မကြည်ညိုကြပေ၊ ထို့ကြောင့်- ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သော- ယေဟောဝါသည် သင်တို့ကို စက်ဆုပ်ရွံရှာသည်ဟု ဖြစ်ပေသည်။ ယုဒလူမျိုးများသည်လည်း အောက်ပါအတိုင်း ယုံကြည်ကြ၏- သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးတို့၏ အသွင်ကိုဆောင်ပြီး ယုဒလူမျိုးတို့၏ အမှတ်အသားကို ဆောင်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် အမှုပြုသည်မှာ ကျွန်ုပ်တို့အလယ်တွင် ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ကျွန်ုပ်တို့၏ပုံသဏ္ဌာန်သည် ဆင်တူသည်။ ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် နီးစပ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးများ၏ ရှင်ဘုရင်ဖြစ်သည်။ တစ်ပါးအမျိုးသားတို့သည် ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိရန် အရည်အချင်း မပြည့်မီကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ဣသရေလအမျိုးများနှင့် ယုဒလူမျိုးများက ဤအယူအဆများအားလုံး ထားရှိခဲ့ကြသည်မှာ အမှု၏ ထိုအဆင့်နှစ်ဆင့်အရသာ ဖြစ်ခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တစ်ပါးအမျိုးသားတို့၏ ဘုရားသခင်လည်း ဖြစ်ခွင့် မပေးဘဲလျက်၊ ဗိုလ်ကျလျက် ဘုရားသခင်ကို မိမိတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုကြလေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသားများ၏ နှလုံးသားများတွင် ကွက်လပ်တစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် တစ်ပါးအမျိုးသားများ၏ ဘုရားသခင် မဖြစ်ချင်သကဲ့သို့၊ သူသည် ဣသရေလလူမျိုးများ- သူ၏ ရွေးချယ်ခြင်းခံရသောလူများ- နှင့် ယုဒလူမျိုးများ၊ အထူးသဖြင့် သူ့နောက်လိုက်ခဲ့သည့် တပည့်တော်များကိုသာ နှစ်သက်သည်ဟု အယောက်တိုင်း ယုံကြည်လာခဲ့ကြသောကြောင့် ဖြစ်သည်။ ယေဟောဝါနှင့် ယေရှု ပြုခဲ့သည့်အမှုသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ခြင်းအတွက် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်သည် ဣသရေလပြင်ပတွင် မွေးဖွားသော သင်တို့အားလုံး၏ ဘုရားသခင် ဖြစ်သည်ကို ယခု သင်တို့ အသိအမှတ်ပြုကြသလော။ ယနေ့တွင် ဘုရားသခင်သည် သင်တို့အလယ် ဤနေရာ၌ ရှိသည် မဟုတ်လော။ ဤအရာသည် အိပ်မက်မဖြစ်နိုင်ပေ၊ ဖြစ်နိုင်သလော။ ဤလက်တွေ့အရှိတရားကို သင်တို့လက်မခံကြသလော။ သင်တို့သည် ထိုအရာကို မယုံကြည်ရဲကြ သို့မဟုတ် မစဉ်းစားရဲကြပေ။ ထိုအရာကို သင်တို့ မည်သို့မြင်ကြသည်ဖြစ်စေ၊ ဘုရားသခင်သည် သင်တို့အလယ် ဤနေရာတွင် ရှိသည် မဟုတ်လော။ ဤနှုတ်ကပတ်တော်များကို ယုံကြည်ရန် သင်တို့ စိုးရွံ့နေသေးသလော။ ဤနေ့မှစ၍၊ သိမ်းပိုက်ခြင်းခံသော လူများအားလုံးနှင့် ဘုရားသခင်၏ နောက်လိုက်များဖြစ်ရန် ဆန္ဒရှိသူများအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသောလူများ ဖြစ်ကြသည် မဟုတ်လော။ ယနေ့ နောက်လိုက်များဖြစ်သော သင်တို့ အားလုံးသည် ဣသရေလပြင်ပရှိ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ အဆင့်အတန်းသည် ဣသရေလအမျိုးများကဲ့သို့ အလားတူ ဖြစ်ကြသည် မဟုတ်လော။ ဤအရာအားလုံးသည် သင်တို့ သတိပြုသင့်သည့်အရာများ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင်တို့ကို သိမ်းပိုက်ခြင်းအမှု၏ ရည်မှန်းချက် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ကြသည့်အတွက်၊ သူသည် အစအဦးမှ အနာဂတ်ထဲထိ သင်တို့၏ဘုရားသခင် ထာဝရဖြစ်လိမ့်မည်။ သင်တို့အားလုံးသည် သူ၏နောက်သို့ လိုက်ရန်နှင့် သူ၏သစ္စာစောင့်သိပြီး နာခံသော ဖန်ဆင်းခံများဖြစ်ရန် လိုလားလျက်ရှိနေကြသရွေ့၊ သူသည် သင်တို့ကို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။

လူတို့သည် ဘုရားသခင်ကို ချစ်ရန် မည်မျှ စိတ်ပြင်းပြကြသည် ဖြစ်စေ မပြင်းပြသည်ဖြစ်စေ၊ ယနေ့ထိ သူ့နောက်လိုက်ရာတွင်မူ ၎င်းတို့သည် ယေဘုယျအားဖြင့် နာခံကြပြီးဖြစ်သည်။ ဤအမှု၏အဆင့် ပြီးဆုံးသည့်အခါ၊ နောက်ဆုံးမှသာ ၎င်းတို့သည် လုံးလုံးလျားလျား နောင်တရကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့ အမှန်တကယ် သိမ်းပိုက်ခြင်း ခံသည့်အချိန် ဖြစ်သည်။ ယခု၊ ၎င်းတို့သည် သိမ်းပိုက်ခြင်းခံရသည့် ဖြစ်စဉ်တွင်သာ ရှိကြသည်။ အမှု အဆုံးသတ်သည်နှင့် ၎င်းတို့သည် စုံလင်စွာ သိမ်းပိုက်ခြင်း ခံရကြမည် ဖြစ်သော်လည်း၊ ယခု ဤသို့မဟုတ်ပေ။ အယောက်တိုင်း ယုံကြည်လက်ခံကြလျှင်ပင်၊ ယင်းသည် ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား သိမ်းပိုက်ခံရပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ လက်ရှိ၌၊ လူတို့သည် နှုတ်ကပတ်တော်များကိုသာ မြင်ကြပြီးဖြစ်ကာ တကယ့် အဖြစ်အပျက်များကို မမြင်ကြသေးသကဲ့သို့၊ မည်မျှပင် ၎င်းတို့ နက်ရှိုင်းစွာ ယုံကြည်ကြပါစေ၊ မသေမချာ ဖြစ်မြဲဖြစ်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် နှုတ်ကပတ်တော်များ လက်တွေ့အရှိတရား ဖြစ်လာခြင်းတည်းဟူသော နောက်ဆုံး တကယ့်အဖြစ်အပျက်များဖြင့်သာ လုံးလုံးလျားလျား သိမ်းပိုက်ခံကြရမည် ဖြစ်သည်။ ယခု၊ ဤလူတို့သည် ယခင်က ၎င်းတို့ မကြားဖူးသည့် နက်နဲမှုများစွာကို ကြားကြရသောကြောင့် သိမ်းပိုက်ခံရကြပေသည်။ သို့သော်၊ ၎င်းတို့တစ်ဦးချင်းစီ၏ အတွင်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း အမှန်ဖြစ်လာခြင်းကို ၎င်းတို့အား မြင်ခွင့်ပေးသည့် တကယ့်အဖြစ်အပျက်အချို့ကို ရှာဖွေနေကြဆဲ၊ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် လုံးဝ ယုံကြည်လက်ခံကြမည် ဖြစ်သည်။ နောက်ဆုံးတွင် အမှန်ဖြစ်လာသည့် ဤတကယ့်အဖြစ်အပျက်များကို အားလုံး မြင်ကြပြီးဖြစ်ကာ၊ ဤလက်တွေ့အရှိတရားများက ၎င်းတို့ကို စိတ်ချစေနိုင်သည့် အခါမှသာ၊ ၎င်းတို့သည် ၎င်းတို့၏နှလုံးသားများ၊ ၎င်းတို့၏စကားနှင့် ၎င်းတို့၏အမြင်များတွင် လက်ခံယုံကြည်မှုကို ပြသကြလိမ့်မည် ဖြစ်ပြီး၊ လှိုက်လှိုက်လှဲလှဲ လုံးလုံးလျားလျား လက်ခံယုံကြည်ကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူ၏သဘာဝဗီဇ ဖြစ်သည်။ နှုတ်ကပတ်တော်များအားလုံး အမှန်တကယ် ဖြစ်လာသည်ကို သင်တို့ မြင်ရန် လိုအပ်သည်၊ တကယ့်အဖြစ်အပျက်အချို့ ဖြစ်ပျက်နေသည်ကို သင်တို့မြင်ရန်လိုအပ်ပြီး၊ အချို့သောလူများအပေါ် ဘေးဒုက္ခ ကျရောက်နေသည်ကို သင်တို့မြင်ရန် လိုအပ်သည်၊ ထို့နောက် သင်တို့သည် အတွင်းစိတ်ထဲက လုံးဝ လက်ခံယုံကြည်ကြလိမ့်မည် ဖြစ်သည်။ ယုဒလူမျိုးများကဲ့သို့၊ သင်တို့သည် နိမိတ်များနှင့် အံ့သြဖွယ်ရာများ မြင်ခြင်းတွင် အာရုံရောက်နေကြ၏။ သို့သော်၊ သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများရှိသည်ကို စဉ်ဆက်မပြတ် မမြင်သကဲ့သို့၊ သင်တို့၏အမြင်များကို ကြီးမားစွာ ပွင့်စေရန် ရည်ရွယ်သည့် လက်တွေ့အရှိတရားများ ဖြစ်ပျက်နေသည်ကိုလည်း မမြင်နိုင်ကြပေ။ တစ်စုံတစ်ဦး ကောင်းကင်မှ ဆင်းသက်နေသည်ဖြစ်စေ၊ မိုးတိမ်တိုင်တစ်ခုက သင်တို့ကို စကားပြောနေသည်ဖြစ်စေ၊ သင်တို့အထဲမှ တစ်ဦးအပေါ် မကောင်းဆိုးဝါး နှင်ခြင်းကို ငါဆောင်ရွက်နေသည်ဖြစ်စေ၊ သင်တို့အလယ်တွင် မိုးခြိမ်းသံကဲ့သို့ ငါအသံမြည်ဟိန်းနေသည်ဖြစ်စေ ဤအဖြစ်အပျက်မျိုးကို သင်တို့ အမြဲ မြင်ချင်ကြခဲ့ပြီး အမြဲ မြင်ချင်ကြလိမ့်ဦးမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ သင်တို့၏အကြီးမားဆုံး ဆန္ဒမှာ သင်တို့ထံ ဘုရားသခင်ကိုယ်တိုင် ကြွလာပြီး နိမိတ်လက္ခဏာတစ်ခုပြရန် ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုအခါ သင်တို့ စိတ်ကျေနပ်ကြလိမ့်မည်။ အသင်လူတို့ကို သိမ်းပိုက်ရန်၊ ကောင်းကင်နှင့်မြေကြီးတို့၏ဖန်ဆင်းခြင်းနှင့် ဆင်တူသော အမှုကို ငါ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထို့အပြင် နိမိတ်လက္ခဏာတစ်မျိုးမျိုးကို ပြရပေမည်။ ထိုအခါ၊ သင်တို့၏နှလုံးသားများသည် လုံးဝ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်သည်။

အရှေ့သို့- သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

နောက်တစ်ခုသို့- သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။