သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

စုံလင်စေခြင်းခံရဖို့ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သိမ်းပိုက်ခြင်း ခံရဖို့ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့အနေဖြင့် သိမ်းပိုက်ခြင်းခံရဖို့အတွက် မည်သည့်စံများကို ပြည့်မီရမည်နည်း။ ပြီးလျှင် ၎င်းတို့သည် စုံလင်စေခြင်း ခံရဖို့အတွက် မည်သည့် စံများကို ပြည့်မီရမည်နည်း။ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း နှစ်ခုလုံးမှာ လူသားကို ၎င်း၏မူလပုံသဏ္ဌာန်သို့ ပြန်လည် ဖြစ်သွားစေနိုင်ဖို့နှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးကာ စာတန်ဆန်သော စိတ်သဘောထားနှင့် စာတန်၏လွှမ်းမိုးမှုမှ ၎င်းကို လွတ်မြောက်စေနိုင်ဖို့အလို့ငှာ၊ လူသားကို စုံလင်စေခြင်း ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤသိမ်းပိုက်ခြင်းသည် လူသား၌ အမှုပြုခြင်း ဖြစ်စဉ်တွင် စောစီးစွာ ဖြစ်ပေသည်။ စင်စစ်၊ ယင်းသည် အမှု၏ ပထမအဆင့် ဖြစ်သည်။ စုံလင်စေခြင်းသည် ဒုတိယအဆင့် ဖြစ်ပြီး အဆုံးသတ်သည့်အမှု ဖြစ်သည်။ လူသားတိုင်းသည် သိမ်းပိုက်ခြင်း ဖြစ်စဉ်ကို ကြုံရမည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဘုရားသခင်ကို သိရှိရန် နည်းလမ်း ရှိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါး ရှိသည်ကိုလည်း သိမည် မဟုတ်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို အသိအမှတ်ပြုဖို့ ၎င်းတို့အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် လူများသည် ဘုရားသခင်ကို အသိအမှတ်မပြုပါက၊ သင်သည် စုံလင်စေခြင်းအတွက် စံများကို မပြည့်မီကြသည့်အတွက်၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရရန်လည်း ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သင်သည် ဘုရားသခင်ကို အသိအမှတ်ပင် မပြုပါက၊ သူ့ကို သင် မည်သို့ သိရှိနိုင်မည်နည်း။ သူ့နောက်ကို သင် မည်သို့ လိုက်နိုင်မည်နည်း။ သင်သည် သူ့ကို စိတ်ကျေနပ်စေရန် ယုံကြည်ခြင်းရှိဖို့ မဆိုထားနှင့်၊ သူ့အဖို့ သက်သေခံနိုင်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် စုံလင်စေခြင်း ခံလိုသောသူ မည်သူမဆိုအတွက်၊ ပထမအဆင့်မှာ သိမ်းပိုက်ခြင်းအမှုကို ကြုံဖို့ ဖြစ်သည်။ ဤသည်မှာ ပထမဦးဆုံး သတ်မှတ်ချက် ဖြစ်သည်။ သို့သော် သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း နှစ်ခုလုံးသည် လူတို့၌ အမှုပြုဖို့နှင့် ၎င်းတို့ကို ပြောင်းလဲစေဖို့ဖြစ်သကဲ့သို့၊ အသီးသီးသည် လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အစိတ်အပိုင်း ဖြစ်ပေသည်။ အဆင့်နှစ်ဆင့်လုံးသည် တစ်စုံတစ်ဦးကို ပြည့်စုံစေဖို့ လိုအပ်ပြီး၊ တစ်ခုကိုမျှ လျစ်လျူရှု၍ မရပေ။ “သိမ်းပိုက်ခံရခြင်း” သည် ကြားရသည်မှာ သိပ်နားထောင်မကောင်းသည်မှာ မှန်သော်လည်း၊ အမှန်တွင် တစ်စုံတစ်ဦးကို သိမ်းပိုက်ခြင်း ဖြစ်စဉ်သည် ၎င်းတို့ကို ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် သိမ်းပိုက်ခြင်းခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ အမြစ်ဖြတ်ကောင်း မဖြတ်ရနိုင်သေးပေ၊ သို့သော် ထိုအရာကို သင် သိရှိပြီး ဖြစ်လိမ့်မည်။ သိမ်းပိုက်ခြင်း အမှုမှတစ်ဆင့်၊ သင်သည် သင်၏ နိမ့်ကျသော လူ့သဘာဝအပြင်၊ သင်ကိုယ်တိုင်၏ မနာခံမှု အများစုကို သိရှိလာပြီး ဖြစ်လိမ့်မည်။ သင်သည် ဤအရာများကို သိမ်းပိုက်ခြင်း အမှု၏ တိုတောင်းသော အချိန်ကာလအတွင်းတွင် စွန့်ပစ်နိုင်မည် မဟုတ်သော်လည်း သို့မဟုတ် ပြောင်းလဲနိုင်မည်မဟုတ်သော်လည်း၊ ထိုအရာများကို သင်သိလာလိမ့်မည်ဖြစ်ပြီး၊ ဤအရာက သင်၏ စုံလင်ခြင်းအတွက် အခြေခံအုတ်မြစ်ကို ချပေးလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ အပြည့်အဝ ပေးအပ်နိုင်ဖို့အလို့ငှာ လူတို့ကို ပြောင်းလဲဖို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို ဖယ်ရှားဖို့ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းနှစ်ခုလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သိမ်းပိုက်ခံရခြင်းသည် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရာတွင် ပထမအဆင့်မျှသာ ဖြစ်သည့်အပြင် လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ အပြည့်အဝ ပေးအပ်ရာတွင်လည်း ပထမအဆင့် ဖြစ်ပြီး၊ ယင်းသည် စုံလင်စေခြင်းအဆင့်ထက် သာ၍ နိမ့်ကျပေသည်။ သိမ်းပိုက်ခံရသည့် လူတစ်ဦး၏ အသက်စိတ်သဘောထားသည် စုံလင်ခံရသော လူတစ်ဦး၏ အသက်စိတ်သဘောထားထက် ပြောင်းလဲမှု များစွာသာ၍ လျော့နည်းပေသည်။ သိမ်းပိုက်ခံရခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းသည် သဘောတရားအရ အချင်းချင်း ကွဲပြားခြားနားပေသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှု၏ မတူညီသော အဆင့်များဖြစ်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူများကို ကွဲပြားသော စံများ ထိန်းသိမ်းစေသောကြောင့်လည်းကောင်း ဖြစ်သည်၊ သိမ်းပိုက်ခြင်းသည် လူတို့အား သာ၍နိမ့်သော စံများကို ထိန်းသိမ်းစေသော်လည်း၊ စုံလင်စေခြင်းကမူ လူတို့ကို သာ၍ မြင့်မားသော စံများ ထိန်းသိမ်းစေသောကြောင့် ဖြစ်သည်။ စုံလင်စေခြင်း ခံရသူများသည် ဖြောင့်မတ်သောလူများ၊ သန့်ရှင်းစေခြင်းခံရသူများ ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ ပုံပေါ်လာခြင်းများ သို့မဟုတ် နောက်ဆုံး ရလဒ်များ ဖြစ်သည်။ ၎င်းတို့သည် စုံလင်သော လူသားများ မဟုတ်သော်လည်း၊ အဓိပ္ပာယ်ရှိသော အသက်တာများကို အသက်ရှင်ရန် ကြိုးစားကြသည့် လူများ ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင်၊ သိမ်းပိုက်ခြင်း ခံရသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကို စကားဖြင့်သာ အသိအမှတ်ပြုကြ၏။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာပြီးဖြစ်ကာ၊ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကို ပြုဖို့ ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်ကို ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု၊ သူ၏ ဒဏ်ခတ်ခြင်းနှင့် စစ်ဆေးမှု အားလုံးသည် လူသားအဖို့ အကျိုးရှိသည်ကိုလည်း ၎င်းတို့ အသိအမှတ်ပြုကြသည်။ ၎င်းတို့သည် မကြာသေးခင်ကမှသာ အတော်အတန် လူသားပုံသဏ္ဌာန် စတင်ရှိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘဝနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှုအချို့ ရှိကြသော်လည်း၊ ယင်းသည် ၎င်းတို့အဖို့ မထင်မရှားဖြစ်နေဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ၎င်းတို့သည် လူ့သဘာဝကို ခုတင် စတင်ပိုင်ဆိုင်နေကြခြင်းသာ ဖြစ်သည်။ ယင်းမှာ သိမ်းပိုက်ခံရခြင်း၏ အကျိုးတရားများ ဖြစ်သည်။ လူတို့သည် စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ ခြေချသောအခါတွင်၊ ၎င်းတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ထို့အပြင်၊ ၎င်းတို့၏ အသက်တာသည် ဆက်လက်ကြီးထွားပြီး၊ သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ၎င်းတို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ ၎င်းတို့သည် လောကနှင့် သမ္မာတရားကို မလိုက်စားသောသူ အားလုံးအား စက်ဆုပ်ရွံရှာ နိုင်ကြ၏။ အထူးသဖြင့် မိမိတို့ကိုယ်ကိုယ် စက်ဆုပ် ရွံရှာကြသည်၊ သို့သော် ထို့ထက်ပို၍၊ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစွာ သိရှိကြလေသည်။ ၎င်းတို့သည် သမ္မာတရားဖြင့် အသက်ရှင်ရန် လိုလားနေကြပြီး၊ သမ္မာတရားကို လိုက်စားဖို့ကို မိမိတို့၏ ရည်မှန်းချက် ဖြစ်စေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဦးနှောက်မှ ဖြစ်ပေါ်သော အတွေးများအတွင်းတွင် အသက်ရှင်ဖို့ လိုလားလျက် မရှိကြသကဲ့သို့၊ လူသား၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်း၊ မောက်မာခြင်းနှင့် မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ခြင်းတို့ကို စက်ဆုပ်ရွံရှာမှု ခံစားရလေသည်။ ၎င်းတို့သည် အားကောင်းသည့် ရည်မွန်သော အသိစိတ်ဖြင့် စကားပြောဆိုကြသည်၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာဖြင့် အမှုအရာများကို ကိုင်တွယ်ကြပြီး၊ ဘုရားသခင်ကို သစ္စာစောင့်သိကာ နာခံကြလေသည်။ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း ဖြစ်စဉ်တစ်ခုကို တွေ့ကြုံရပါက၊ ၎င်းတို့သည် မတုန်မလှုပ် ဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်လာကြရုံသာမက၊ ဘုရားသခင်ထံမှလာသော ဤပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအတွက် ကျေးဇူးတင်ရှိတတ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း မပါဘဲ၊ မဖြစ်နိုင်သကဲ့သို့ ယင်းသည် ၎င်းတို့အား ကွယ်ကာသည်ကို ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဆာလောင်မှုကို ဖြည့်ဆည်းရန် မုန့်ကိုရှာဖွေခြင်းတို့နှင့်ဆိုင်သည့် ယုံကြည်ခြင်းကို မလိုက်စားကြပေ။ ဇာတိပကတိနှင့်ဆိုင်သော တစ်ခဏတာ ပျော်ရွှင်မှုများကိုလည်း ၎င်းတို့ မလိုက်စားကြချေ။ ဤသည်မှာ စုံလင်စေခြင်းခံရသူတို့၌ ဖြစ်ပေါ်သည့်အရာ ဖြစ်သည်။ လူတို့သည် သိမ်းပိုက်ခံရပြီးနောက်တွင်၊ ဘုရားသခင်တစ်ပါး ရှိသည်ကို အသိအမှတ် ပြုကြသော်လည်း၊ ထိုအသိအမှတ်ပြုခြင်းသည် ၎င်းတို့၌ ကန့်သတ်ထားသော နည်းလမ်းများစွာဖြင့် ပေါ်လွင်ထင်ရှားလေသည်။ နှုတ်ကပတ်တော် လူ့ဇာတိတွင် ပေါ်ထွန်းခြင်းသည် အမှန်တကယ် မည်သည့်အရာကို ဆိုလိုပါသနည်း။ လူ့ဇာတိခံယူခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်ပြီးဖြစ်သနည်း။ သူ့အမှု၏ ရည်မှန်းချက်နှင့် အရေးပါမှုမှာ မည်သည့်အရာ ဖြစ်သနည်း။ သူ၏ အမှုများစွာကို တွေ့ကြုံပြီးနောက်တွင်၊ လူ့ဇာတိ၌ သူ၏ လုပ်ဆောင်ချက်များကို တွေ့ကြုံပြီးနောက်တွင် သင်သည် မည်သည့်အရာကို ရရှိပြီးဖြစ်သနည်း။ ဤအရာများအားလုံးကို နားလည်ပြီးနောက်တွင်သာ သင်သည် သိမ်းပိုက်ခြင်းခံရသည့် သူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်တစ်ပါး ရှိသည်ကို အသိအမှတ်ပြုသည်ဟု သင်သည် ပြောရုံမျှပြောသော်လည်း၊ သင် ပစ်ပယ်သင့်သည့် အရာကို မပစ်ပယ်ပါက၊ ပြီးလျှင် သင်စွန့်လွှတ်သင့်သည့် ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများကို မစွန့်လွှတ်ဘဲ၊ ယင်းအစား၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာ ဖြစ်မှုများကို သင် အမြဲတပ်မက်ခဲ့သည့်အတိုင်း ဆက်လက် တပ်မက်နေပါက၊ ပြီးလျှင် ညီအစ်ကို မောင်နှမများအပေါ် မည်သည့် မလိုမုန်းထားမှုကိုမျှ လက်မလွှတ်နိုင်သကဲ့သို့၊ ရိုးရှင်းသော လက်တွေ့လုပ်ဆောင်မှုများစွာကို ဆောင်ရွက်ရာတွင် မည်သည့် အဖိုးအခမျှ မပေးပါက၊ ဤအရာက သင်သည် သိမ်းပိုက်ခြင်း မခံရသေးသည်ကို သက်သေပြပေသည်။ ထိုအခြေအနေတွင်၊ သင်နားလည်သော အရာများစွာ ရှိလျှင်ပင်၊ အားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ သိမ်းပိုက်ခြင်း ခံရသောသူများသည် ကနဦး ပြောင်းလဲမှုအချို့နှင့် ကနဦး ဝင်ရောက်မှုတို့ကို ရရှိသည့် လူများ ဖြစ်ကြလေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ခံစားခြင်းသည် လူတို့ကို ဘုရားသခင်နှင့်သက်ဆိုင်သော အသိပညာနှင့် သမ္မာတရားအား ကနဦး သိနားလည်ခြင်းတို့ကို ပေး၏။ သာ၍နက်ရှိုင်းသည့်၊ သာ၍ အသေးစိတ်ကျသော သမ္မာတရားများ၏ လက်တွေ့အရှိတရားထဲသို့ အပြည့်အဝ ဝင်ရောက်ခြင်းငှာ သင် မတတ်စွမ်းနိုင်သော်လည်း၊ သင်၏ တကယ့်အသက်တာထဲတွင် သင်၏ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများ သို့မဟုတ် သင်၏ ပုဂ္ဂိုလ်ရေး အဆင့်အတန်းတွင် ပါဝင်ခြင်းကဲ့သို့သော အခြေခံမျှသာဖြစ်သည့် သမ္မာတရားများစွာကို သင် လက်တွေ့ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ဤအရာအားလုံးသည် သိမ်းပိုက်ခြင်း ဖြစ်စဉ်အတွင်းတွင် လူတို့၌ ရရှိသည့် အကျိုးတရား ဖြစ်ပေသည်။ စိတ်သဘောထား၌ ပြောင်းလဲခြင်းများကိုလည်း သိမ်းပိုက်ခံရသော သူတို့တွင် တွေ့မြင်ရလေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့ ဝတ်ဆင်ကာ မိမိတို့ကိုယ်ကိုယ် အသွင်ဆောင်သည့်ပုံနှင့် ၎င်းတို့ အသက်ရှင်ပုံ- ဤအရာများအားလုံး ပြောင်းလဲနိုင်ပေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင် ပြောင်းလဲသည်၊ ၎င်းတို့၏ လိုက်စားရှာဖွေမှု ရည်မှန်းချက်များနှင့် ပတ်သက်၍ ၎င်းတို့ ရှင်းလင်းကြပြီး၊ သာ၍ မြင့်မားသည့် ရည်မှန်းချက်များ ၎င်းတို့ရှိကြလေသည်။ သိမ်းပိုက်ခြင်း အမှုအတွင်းတွင်၊ အလားတူ လိုက်လျောညီထွေသော ပြောင်းလဲမှုများလည်း ၎င်းတို့၏ အသက်စိတ်သဘောထား၌ ဖြစ်ပေါ်၏။ ပြောင်းလဲမှုများရှိသော်လည်း၊ ယင်းတို့သည် ပေါ့တန်သည်၊ ပဏာမဖြစ်ပြီး စိတ်သဘောထား၌ ပြောင်းလဲမှုများနှင့် စုံလင်စေခြင်းခံရပြီးသူတို့၏ လိုက်စားရှာဖွေမှု ရည်မှန်းချက်များထက် သာ၍ နိမ့်ကျလေသည်။ စုံလင်ခံရခြင်း ဖြစ်စဉ်တွင်၊ လူတစ်ဦး၏ စိတ်သဘောထား လုံးဝ မပြောင်းလဲသကဲ့သို့ မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့ မရရှိပါက၊ ဤလူသည် အမှိုက်ဖြစ်ပြီး လုံးဝ အသုံးမဝင်ပေ။ သိမ်းပိုက်ခြင်း မခံရသေးသောလူများသည် စုံလင်စေခြင်း မခံရနိုင်။ လူတစ်ဦးသည် သိမ်းပိုက်ခံရဖို့သာ ကြိုးစားပါက၊ ၎င်း၏ စိတ်သဘောထားများသည် အလားတူ လိုက်လျောညီထွေသော ပြောင်းလဲမှုအချို့ကို သိမ်းပိုက်ခြင်းအမှုအတွင်းတွင် ထုတ်ဖော်ပြလျှင်ပင်၊ ၎င်းတို့သည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ ရရှိခဲ့သည့် ကနဦး သမ္မာတရားများကိုလည်း ဆုံးရှုံးကြလိမ့်မည်။ သိမ်းပိုက်ခံရသူများနှင့် စုံလင်စေခြင်းခံရသူများ၌ရှိသည့် စိတ်သဘောထားများထဲက ပြောင်းလဲမှုတွင် ကြီးမားသော ကွာခြားမှုတစ်ခု ရှိ၏။ သို့သော် သိမ်းပိုက်ခံရခြင်းသည် ပြောင်းလဲမှု၌ ပထမအဆင့် ဖြစ်သည်။ ယင်းသည် အခြေခံအုတ်မြစ် ဖြစ်သည်။ ဤအသိပညာသည် တရားစီရင်ခြင်းမှလာပြီး ထိုသို့သော တရားစီရင်ခြင်းသည် သိမ်းပိုက်ခြင်းအမှု၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက်၊ ဤကနဦးပြောင်းလဲမှု မရှိခြင်းသည် လူတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် လုံးဝ မသိသည့် သက်သေ ဖြစ်ပေသည်။ ထိုသို့ဖြစ်သဖြင့်၊ စုံလင်စေခြင်းခံရသူအားလုံးသည် ပထမဦးစွာ သိမ်းပိုက်ခြင်းခံရမည်ဖြစ်သည်။ သို့မဟုတ်ပါက၊ ၎င်းတို့ စုံလင်စေခြင်း ခံရဖို့ မဖြစ်နိုင်ချေိ။

လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ ပြီးလျှင် လူ့ဇာတိတွင် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းကို အသိအမှတ်ပြုသည်ဟု သင် ဆိုသော်လည်း၊ သင်သည် သူ၏ နောက်ကွယ်၌ သူတောင်းဆိုသည့်အရာနှင့် ဆန့်ကျင်သည့် အချို့သော အရာများကို လုပ်ဆောင်ပြီး၊ သင်၏စိတ်နှလုံးထဲတွင် သူ့ကိုကြောက်ရွံ့မှု မရှိချေ။ ဤသည်မှာ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းလော။ သူပြောသည့်အရာကို သင် အသိအမှတ်ပြုသော်လည်း၊ သင်လုပ်ဆောင်နိုင်သည့် အရာကို လက်တွေ့မလုပ်ဆောင်သကဲ့သို့၊ သူ၏နည်းလမ်းကိုလည်း သင် မလိုက်နာချေ။ ဤသည်မှာ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းလော။ ပြီးလျှင် သင်သည် သူ့ကို အသိအမှတ်ပြုသော်လည်း၊ သင်၏ပုံသေ အတွေးအခေါ်သည် ချစ်ကြောက်ရိုသေခြင်းနှင့် သက်ဆိုင်သောအရာ လုံးဝ မဟုတ်ဘဲ၊ သူ့အပေါ် သတိထားခြင်းနှင့်ဆိုင်သည့် အရာတစ်ခုတည်းသာ ဖြစ်သည်။ သင်သည် သူ၏အမှုကို မြင်ပြီး အသိအမှတ်ပြုကာ သူသည် ဘုရားသခင်ဖြစ်သည်ကို သိရှိသော်လည်း၊ ဆက်၍ စိတ်မပါ့တပါဖြစ်ပြီး လုံးဝ မပြောင်းလဲပါက၊ သင်သည် သိမ်းပိုက်ခြင်း မခံရသေးသော လူစားမျိုး ဖြစ်ပေသည်။ သိမ်းပိုက်ခြင်း ခံပြီးသူများသည် ၎င်းတို့ လုပ်ဆောင်နိုင်သမျှအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့သည် သာ၍ မြင့်မားသော သမ္မာတရားများထဲသို့ မဝင်ရောက်နိုင်ကြသကဲ့သို့၊ ဤသမ္မာတရားများကို ၎င်းတို့ လက်လှမ်းမမီနိုင်သော်လည်း၊ ထိုသို့သော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဤအရာကို ရရှိရန် လိုလားလျက်ရှိကြပေသည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် အရာတွင် အတိုင်းအတာနှင့် ကန့်သတ်မှုများရှိသည်မှာ ၎င်းတို့ လက်ခံနိုင်သည့်အရာတွင် ကန့်သတ်မှုများ ရှိသောကြောင့် ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ၎င်းတို့ လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ယင်းကို သင် ရရှိနိုင်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်း အမှုကြောင့် ရရှိခဲ့သည့် အကျိုးတရားတစ်ခု ဖြစ်ပေသည်။ သင့်အနေဖြင့်၊ “လူသားက မပြောနိုင်သည့် နှုတ်ကပတ်တော်များစွာကို သူပြောဆိုနိုင်သည်ကို ထောက်ဆလျှင်၊ သူသည် ဘုရားသခင် မဟုတ်ပါက မည်သူနည်း။” ဟု ပြောသည်ဆိုပါစို့။ ထိုသို့သော အတွေးမျိုးက သင်သည် ဘုရားသခင်ကို အသိအမှတ်ပြုသည်ဟု မဆိုလိုပေ။ ဘုရားသခင်ကို သင် အသိအမှတ်ပြုပါက၊ ယင်းကို သင်၏ တကယ့်လုပ်ရပ်များမှတစ်ဆင့် သင် ပြသရပေမည်။ အသင်းတော် တစ်ခုကို ဦးဆောင်သော်လည်း၊ ဖြောင့်မတ်ခြင်းတရားကို လက်တွေ့မလုပ်ဆောင်ပါက၊ သင်သည် ငွေနှင့် ချမ်းသာကြွယ်ဝမှုကို မက်မောတောင့်တပြီး အသင်းတော်၏ ရန်ပုံငွေများကို မိမိကိုယ်ကိုယ်အတွက် အမြဲ အိတ်ကပ်ထဲ ထည့်ပါက၊ ဤသည်မှာ ဘုရားသခင်ရှိသည်ဟု အသိအမှတ်ပြုခြင်းလော။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး သူသည် ချစ်ကြောက်ရိုသေထိုက်ပေသည်။ ဘုရားသခင် ရှိသည်ဟု သင်အမှန်တကယ် အသိအမှတ်ပြုပါက၊ မည်သို့ မကြောက်ရွံဘဲ နေနိုင်သနည်း။ သင်သည် ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းသည့် လုပ်ရပ်များကို ကျူးလွန်နိုင်စွမ်းရှိပါက၊ သူ့ကို အမှန်တကယ် သင် အသိအမှတ်ပြုသလော။ သင် ယုံကြည်သည်မှာ ဘုရားသခင်လော။ သင်ယုံကြည်သည်မှာ မရေရာသော ဘုရားသခင် တစ်ပါးဖြစ်၏။ ယင်းမှာ သင် မကြောက်ရွံ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် အသိအမှတ်ပြုပြီး သိရှိသူများအားလုံးသည် သူ့ကို ကြောက်ရွံ့ကြပြီး သူ့ကို ဆန့်ကျင်သည့် သို့မဟုတ် ၎င်းတို့၏ အသိစိတ်များကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မိမည်ကို စိုးရွံ့ကြသည်။ အထူးသဖြင့် ဘုရားသခင်၏ အလိုနှင့် ဆန့်ကျင်သည်ဟု ၎င်းတို့ သိရှိထားကြသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤအရာကိုသာ ဘုရားသခင်၏တည်ရှိခြင်းကို အသိအမှတ်ပြုခြင်းအဖြစ် မှတ်ယူနိုင်ပေသည်။ သင့်ကို သင်၏ မိဘများက ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးဖို့ ကြိုးစားသည့်အခါ၊ သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ မယုံကြည်သော သင်၏ လင်ယောက်ျားသည် သင့်အပေါ် ကောင်းသည့်အခါ၊ သင် မည်သို့ ဘုရားသခင်ကို ချစ်သင့်သနည်း။ ညီအစ်ကိုမောင်နှမများက သင့်ကို စက်ဆုပ်ရွံရှာသည့်အခါ၊ ဘုရားသခင်ကို သင် မည်သို့ ချစ်သင့်သနည်း။ သူ့ကို သင် အသိအမှတ်ပြုပါက၊ ဤကိစ္စရပ်များတွင် သင်သည် သင့်လျော်စွာ ပြုမူလိမ့်မည်ဖြစ်ပြီး လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ခိုင်လုံသော လုပ်ရပ်များကို လုပ်ဆောင်ရန် ပျက်ကွက်သော်လည်း၊ ဘုရားသခင်၏ တည်ရှိမှုကို သင် အသိအမှတ်ပြုသည်ဟုသာ ပြောဆိုပါက၊ သင်သည် အပြောသမားတစ်ဦးသာ ဖြစ်ပေသည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အသိအမှတ်ပြုသည်ဟု သင်ပြောသော်လည်း၊ မည်သည့် နည်းလမ်းဖြင့် သင်သည် သူ့ကို အသိအမှတ် ပြုသနည်း။ သူ့ကို မည်သည့်နည်းလမ်းဖြင့် သင် ယုံကြည်သနည်း။ သူ့ကို သင် ကြောက်ရွံ့သလော။ သူ့ကို သင် ချစ်ကြောက်ရိုသေသလော။ သင်သည် သူ့ကို အတွင်းစိတ်ထဲက ချစ်သလော။ သင်သည် စိတ်သောက ရောက်ပြီး အားကိုးဖို့ တစ်ဦးမျှ မရှိသောအခါ၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သင် ခံစားမိသော်လည်း၊ နောက်ပိုင်းတွင် ယင်းနှင့်ပတ်သက်၍ အားလုံးကို သင် မေ့လျော့၏။ ယင်းသည် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၌ ယုံကြည်ခြင်းလည်း မဟုတ်ပေ။ နောက်ဆုံးတွင် ဘုရားသခင်သည် လူသားအား မည်သည့်အရာကို ရရှိစေလိုသနည်း။ သင်ကိုယ်တိုင်၏ အရေးပါမှုကို အလွန်အထင်ကြီးလေးစားခြင်း၊ အသစ်သောအရာများကို သင်ယူပြီး နားလည်ဖို့ မြန်ဆန်သည်ဟု ခံစားရခြင်း၊ အခြားသူများကို ထိန်းချုပ်ခြင်း၊ အခြားသူများအပေါ် အထင်သေးခြင်း၊ လူတို့ကို ၎င်းတို့၏ သွင်ပြင်ဖြင့် ဝေဖန်အကဲဖြတ်ခြင်း၊ မာယာကင်းသော လူများကို အနိုင်ကျင့်ခြင်း၊ အသင်းတော် ငွေကို တပ်မက်ခြင်း စသည်ကဲ့သို့သော ငါ ပြောဆိုခဲ့သည့် အခြေအနေအားလုံး- ဤဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားများ အားလုံးသည် တစ်စိတ်တစ်ဒေသအားဖြင့် သင့်ထံမှ ဖယ်ရှားခံရပြီးသည့်အခါမှသာ၊ သင်၏ သိမ်းပိုက်ခံရခြင်းသည် ပေါ်လွင်ထင်ရှားလိမ့်မည်ဖြစ်သည်။

အသင်လူတို့အပေါ် ပြုသော သိမ်းပိုက်ခြင်းအမှုသည် အနက်ရှိုင်းဆုံးသော အရေးပါမှုနှင့် သက်ဆိုင်ပေသည်- တစ်ဖက်၌ ဤအမှု၏ ရည်ရွယ်ချက်မှာ လူတစ်စုကို စုံလင်စေဖို့၊ ဆိုလိုသည်မှာ- အဦးသီးသော အသီးများဟု အဓိပ္ပါယ်ရသည့် စုံလင်စေခြင်းခံရသည့် ပထမ လူတစ်စုအဖြစ်- အောင်မြင်သောသူများ ဖြစ်လာနိုင်ကြဖို့အလို့ငှာ ၎င်းတို့ကို စုံလင်စေဖို့ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ယင်းသည် ဖန်ဆင်းခံသတ္တဝါများအား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခွင့်ပေးဖို့၊ ဘုရားသခင်၏ ပြည့်ဝကာ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းကို ရရှိခွင့်ပေးဖို့၊ လူသားကို ကရုဏာနှင့် မေတ္တာသာမက၊ သာ၍ အရေးကြီးသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မွေ့လျော်ခံစားခွင့်ပေးဖို့ဖြစ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယခုအချိန်ထိ၊ သူ၏အမှု၌ ဘုရားသခင် လုပ်ဆောင်ပြီးသမျှအားလုံးသည် လူသားအတွက် မည်သည့်မုန်းတီးခြင်းမျှ မရှိဘဲ၊ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်တွေ့မြင်ပြီးဖြစ်သည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပင် သာ၍မှန်ကန်ပြီး သာ၍စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ လူ့ဘဝ၏ မှန်သောလမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်လမ်းပြသော ချစ်ခြင်းမေတ္တာ ဖြစ်ပေသည်။ နောက်ထပ်တစ်ဖက်တွင်၊ ယင်းသည် စာတန်၏ရှေ့တွင် သက်သေခံဖို့ ဖြစ်ပေသည်။ ပြီးလျှင်နောက်တစ်ဖက်၌၊ ယင်းသည် အနာဂတ် ဧဝံဂေလိတရားအလုပ်ကို ဖြန့်ဝေခြင်းအတွက် အုတ်မြစ်တစ်ခု ချရန်ဖြစ်သည်။ လူတို့သည် မည်သို့ အသက်ရှင်ရမည်ကို မသိကြသည့်အပြင် လမ်းပြမှုမရှိဘဲ သင်သည် အနှစ်မဲ့သော အသက်တာများကိုသာ အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး သင်၏ အသက်တာသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့လိမ့်မည်ဖြစ်ကာ၊ ပုံမှန်လူတစ်ဦးဖြစ်ခြင်းငှာ သင် လုံးဝ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက်၊ လူတို့အနေဖြင့် သာမန်လူများအဖြစ် အသက်ရှင်နိုင်ကြဖို့အလို့ငှာ၊ သူလုပ်ဆောင်ပြီးသမျှ အမှုအားလုံးသည် လူတို့ကို လူ့အသက်တာ၏ မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ ဤသည်မှာ လူသားကို သိမ်းပိုက်ခြင်း၏ အနက်ရှိုင်းဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သင်တို့၌ သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်သည့်အခါတွင်၊ ယင်းသည် ကြီးမားသော ကယ်တင်ခြင်း ဖြစ်ပေသည်။ သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ဤကယ်တင်ခြင်းသည် ယခင်ကထက် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ပြမှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။ ဤအမှု၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင် သဘောမပေါက်နိုင်ပါက၊ သင့်အနေဖြင့် ဆက်လက် တွေ့ကြုံခံစားဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကယ်တင်ခြင်းသည် သင့်ကို ကိုယ်စိတ်ချမ်းသာခြင်း ဆောင်ကြဉ်းပေးသင့်ပေသည်။ အသိစိတ် ဝင်လာဖို့ မငြင်းနှင့်။ ဤအထိ ရောက်ရှိပြီးဖြစ်သဖြင့်၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါမှုသည် သင့်အဖို့ သိသာထင်ရှားသင့်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ ထင်မြင်ချက်များကို တစ်နည်းနည်းဖြင့် သင် မစွဲကိုင်သင့်တော့ပေ။

အရှေ့သို့- သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

နောက်တစ်ခုသို့- သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။