လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)

ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် တည်ဆောက်ခြင်း တစ်ခုခု သို့မဟုတ် လှုပ်ရှားမှုများတစ်ခုခုတွင် ပါဝင်ရန် ကြွလာခြင်းမဟုတ်ဘဲ သူ၏အမှုတော်ကို ဖြည့်ဆည်းရန် ကြွလာခြင်းဖြစ်သည်။ သူ လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင်၊ ယင်းမှာ အမှု၏အဆင့်တစ်ခု ပြီးမြောက်ရန်နှင့် ခေတ်သစ်တစ်ခုကို စတင် ဖွင့်လှစ်ရန်သာ ဖြစ်သည်။ ယခုအခါ နိုင်ငံတော်၏ လေ့ကျင့်မှု ရှိသည်နှင့်အမျှ နိုင်ငံတော်ခေတ် ရောက်ရှိပြီဖြစ်သည်။ အမှု၏ ဤအဆင့်မှာ လူ၏အလုပ် မဟုတ်ပေ၊ ယင်းသည် လူသားကို သီးသန့် အတိုင်းအတာ တစ်ခုအထိ ပြုပြင်ရန် မဟုတ်ဘဲ၊ ဘုရားသခင်၏ အမှုအစိတ်အပိုင်းတစ်ခုကို စုံလင်စေရန်သာဖြစ်သည်။ သူလုပ်ဆောင်သောအရာမှာ လူ၏အလုပ် မဟုတ်၊ ယင်းသည် ကမ္ဘာမြေကြီးကို မစွန့်ခွာမီ လူကို အမှုပြုရာ၌ ရလဒ်တစ်ခုခုကို ရရှိရန် မဟုတ်ပေ။ ယင်းမှာ သူ၏အမှုတော်ကို ဖြည့်ဆည်းရန်နှင့် သူ လုပ်ဆောင်ရမည့်အမှုကို ပြီးစီးရန်ဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေကြီးပေါ်က သူ၏အမှုအတွက် သင့်လျော်သော အစီအစဉ်များကို ပြုလုပ်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုန်းအသရေ ရရှိလာစေရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူတို့၏ အလုပ်နှင့် မတူပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာသည့်အခါ၊ သူသည် သူ၏အမှုတော် ပြည့်စုံခြင်းကိုသာ သူပူပန်၏။ သူ၏အမှုတော်နှင့်မဆက်နွှယ်သည့် အခြားကိစ္စရပ် အားလုံးအတွက်မူ၊ သူသည် မသိကျိုးကျွန် ပြုသည်အထိ၊ မပါဝင်သလောက်ဖြစ်နီးပါး ဖြစ်လေသည်။ သူသည် သူ လုပ်ဆောင်သင့်သော အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပြီး၊ လူ လုပ်ဆောင်သင့်သောအမှုနှင့်ပတ်သက်၍ သူသည် ပူပန်မှုမရှိဆုံးဖြစ်၏။ အခြားသောကိစ္စမှန်သမျှမှာ သူ၏ပိုင်နက်ပြင်ပ၌ ရှိသည့်အလား၊ သူပြုသောအမှုသည် သူရှိသည့် ခေတ်၊ သူ ဖြည့်ဆည်းသင့်သည့် အမှုတော်နှင့်သာ လုံးဝဥဿုံ သက်ဆိုင်လေသည်။ သူသည် လူသားမျိုးနွယ်ထဲမှ တစ်ဦးအဖြစ် အသက်ရှင်ခြင်းနှင့်ပတ်သက်သည့် ပို၍အခြေခံကျသော အသိဖြင့် မိမိကိုယ်ကိုယ် ဖြည့်ဆည်းခြင်း မရှိသကဲ့သို့၊ နောက်ထပ်လူမှုရေးရာကျွမ်းကျင်မှုများကို သင်ယူခြင်း၊ လူတို့နားလည်သော အခြားမည်သည့်အရာမဆိုဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ခြင်းလည်း မရှိပေ။ လူသားတို့ ပိုင်ဆိုင်သင့်သောအရာ မှန်သမျှကို သူသည် စိတ်ဝင်စားခြင်း လုံးဝမရှိဘဲ၊ သူသည် သူ၏တာဝန်ဖြစ်သော အမှုကိုသာ လုပ်ဆောင်လေသည်။ ထို့ကြောင့် လူက မြင်သည့်အတိုင်း လူ့ဇာတိခံ ဘုရားသခင်သည် မပြည့်စုံလွန်း လှသည်မှာ လူသား ပိုင်ဆိုင်သင့်သည့် အမှုအရာများစွာကိုပင် သူက အလေးဂရုမပြုသည်သာမက၊ ထိုသို့သော ကိစ္စရပ်များကို သိနားလည်မှု မရှိပေ။ ဘဝနှင့်ပတ်သက်သည့် အသိပညာအပြင် တစ်ကိုယ်ရေ အပြုအမူနှင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရေးတို့ကို ထိန်းချုပ်သော စည်းမျဉ်းများကဲ့သို့သော အမှုအရာများသည် သူနှင့် ဆက်နွှယ်မှုမရှိဟု ထင်ရ၏။ သို့သော်လည်း သင်သည် လူ့ဇာတိခံယူသောဘုရားသခင်ထံမှ ပုံမှန်မဟုတ်ခြင်း၏ အရိပ်အမြွက် အနည်းငယ်ကိုမျှ သတိမပြုမိနိုင်ပေ။ ဆိုလိုသည်မှာ သူ၏လူ့သဘာဝသည် သူ့အား အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်း ပေးရင်း၊ ပုံမှန်လူတစ်ဦးအဖြစ် သူ၏အသက်တာနှင့် သူ့ ဦးနှောက်၏ ပုံမှန်တွေးခေါ်ဆင်ခြင်ခြင်းကို ထိန်းသိမ်းခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူသည် လူ (ဖန်ဆင်းခံသတ္တဝါများ) တစ်ဦးတည်းက ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်သည့် အခြား မည်သည့်အရာမဆိုဖြင့် ဖြည့်ဆည်းထားခြင်းမရှိချေ။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုတော်ကို ဖြည့်ဆည်းဖို့သာ လူ့ဇာတိခံယူပေသည်။ သူ၏အမှုသည် ခေတ်ကာလတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် နေရာတစ်ခုတစ်လေမျှကိုသာ မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။ ဤသည်မှာ သူ၏အမှုတော် ဦးတည်ချက်ဖြစ်ပြီး၊ သူအမှုပြုသော အခြေခံသဘောတရား ဖြစ်သည်။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍ မရသကဲ့သို့၊ လူသားသည် ယင်း၌ ပါဝင်ပတ်သက်လာရန် မဖြစ်နိုင်ပေ။ ဘုရားသခင် လူ့ဇာတိခံယူသည့် အကြိမ်အသီးသီးတွင်၊ ထိုခေတ်၏အမှုကို သူနှင့်အတူ ဆောင်ကြဉ်းပြီး၊ လူက သူ့ကို သာ၍ ကောင်းစွာ နားလည်ကာ သူနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု ရရှိနိုင်စေရန်အလို့ငှာ လူနှင့်အတူ အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် သို့မဟုတ် အနှစ်ခုနှစ်ဆယ်၊ ရှစ်ဆယ်ပင် နေထိုင်ခြင်းငှာ သူသည် ရည်ရွယ်ချက် မရှိပေ။ ယင်းကို မလိုအပ်ချေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် သက်ဆိုင်သည့် လူသား၏အသိကို မည်သို့မျှ နက်ရှိုင်းစေရန် ဖြစ်နိုင်လိမ့်မည် မဟုတ်၊ ယင်းအစား လူသား၏အယူအဆများကိုသာ တိုးစေမည်ဖြစ်ပြီး၊ လူသား၏ အယူအဆများနှင့် အတွေးများကို အသေစွဲထားလာရန်သာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သင်တို့အားလုံးသည် လူ့ဇာတိခံ ဘုရားသခင်၏အမှုက အဘယ်အရာဖြစ်သည်ကို အတိအကျ နားလည်အပ်ပေသည်။ “ငါလာခဲ့သည်မှာ ပုံမှန်လူသားတစ်ဦး၏ အသက်တာကို တွေ့ကြုံရန်မဟုတ်။” ဟု သင်တို့အား ငါပြောခဲ့သော နှုတ်ကပတ်တော်များကို၊ သင်တို့အနေဖြင့် ဧကန်မုချ နားမလည်၍ မရပေ။ “ဘုရားသခင်သည် ပုံမှန်လူတစ်ဦး၏အသက်တာကို အသက်ရှင်ရန် ကမ္ဘာမြေသို့ ကြွလာခြင်းမဟုတ်။” ဟူသော နှုတ်ကပတ်တော်တို့ကို သင်တို့ မေ့လျော့ကြပြီလော။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်တို့ နားမလည်ကြသကဲ့သို့၊ “ဘုရားသခင်သည် ဖန်ဆင်းခံတစ်ဦး၏ဘဝကို တွေ့ကြုံခံစားခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ် အဘယ်သို့ ကြွလာနိုင်မည်နည်း။” ဆိုခြင်း၏ အဓိပ္ပာယ်ကိုလည်း သင်တို့ မသိကြပေ။ ဘုရားသခင်သည် သူ၏ အမှုကို ပြည့်စုံစေဖို့ တစ်ခုတည်းဖြင့် ကမ္ဘာမြေပေါ်သို့ ကြွလာပြီး၊ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏အမှုသည် သက်တမ်းတိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အနေဖြင့် သူ၏ဇာတိခန္ဓာအား အသင်းတော်ကို ဦးဆောင်မည့် သာလွန်သော လူသားတစ်ဦးအဖြစ်သို့ ပြုစုပျိုးထောင်ပေးစေခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ သူ ကြွလာခြင်းမဟုတ်ပေ။ ဘုရားသခင်သည် ကမ္ဘာမြေပေါ်သို့ ကြွလာသောအခါတွင်၊ ယင်းသည် နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူလာခြင်းဖြစ်သည်။ သို့သော် လူသည် သူ၏အမှုကို မသိဘဲ၊ အမှုအရာများကို သူနှင့် အတင်းအကျပ် ပတ်သက်စပ်ဆိုင်စေကြ၏။ သို့သော် ဘုရားသခင်သည် “လူ့ဇာတိခံယူသော နှုတ်ကပတ်တော်” ဖြစ်ပြီး၊ ဘုရားသခင်၏အခန်းကဏ္ဍကို တဒင်္ဂ တာဝန်ယူရန် ဘုရားသခင်ဝိညာဉ်တော်၏ ပျိုးထောင်ခြင်းခံပြီးဖြစ်သည့် ဇာတိခန္ဓာ တစ်ခု မဟုတ်သည်ကို သင်တို့အားလုံး နားလည်သင့်သည်။ ဘုရားသခင်ကိုယ်တိုင်သည် ပျိုးထောင်ခြင်း၏ ရလဒ်မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်ကာ၊ ယနေ့တွင် သူသည် သင်တို့အားလုံးအလယ်၌ သူ၏အမှုကို တရားဝင် ဆောင်ရွက်နေပေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် စစ်မှန်သော အမှန်တရားတစ်ခုဖြစ်သည်ကို သင်တို့အားလုံးသိကြပြီး၊ အသိအမှတ်ပြုကြသော်လည်း၊ သင်တို့သည် ယင်းကို နားလည်ကြသည့်အလား ပြုမူကြပေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုမှသည် သူ၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် အနှစ်သာရအထိ သင်တို့သည် ဤအရာများကို အနည်းငယ်မျှ သဘောမပေါက်နိုင်ကြသကဲ့သို့၊ မှတ်မိသရွေ့ နှုတ်ကပတ်တော်တို့ကို ရွှန်းရွှန်းဝေအောင် ရွတ်ဆိုပြခြင်းဖြင့် အခြားသူများနောက် လိုက်ကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို သင်စိတ်ကူးသည့်အတိုင်း ဖြစ်မည်ဟု သင် ယုံကြည်ပါသလော။

ဘုရားသခင်သည် ခေတ်ကို ဦးဆောင်ရန်နှင့် အမှုသစ်ကို စတင်လှုပ်ရှားစေရန် တစ်ခုတည်းဖြင့် လူ့ဇာတိခံယူလာပေသည်။ ဤအချက်ကို သင်တို့ နားလည်ရန် လိုအပ်သည်။ ဤသည်မှာ လူသား၏လုပ်ငန်းတာဝန်နှင့် များစွာကွာခြားပြီး၊ ထိုနှစ်ခုကို တစ်ချိန်တည်းတွင် ဖော်ပြရန် မဖြစ်နိုင်ချေ။ လူသားသည် အလုပ်ကို ဆောင်ရွက်ရန် အသုံးပြုခြင်း မခံရနိုင်မီတွင် အချိန်ကာလကြာမြင့်စွာ ပျိုးထောင်ခံရဖို့နှင့် စုံလင်စေခြင်းခံရဖို့ လိုအပ်ပြီး၊ လိုအပ်သည့် လူ့သဘာဝမျိုးသည် အထူးသဖြင့် အဆင့်အတန်းမြင့်သည့် အရာမျိုးတစ်ခု ဖြစ်၏။ လူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်ကို ထိန်းနိုင်ရမည်သာမက၊ အခြားသူများနှင့် ဆက်နွှယ်ရာတွင် သူ၏အပြုအမူကို ထိန်းချုပ်သည့် အခြေခံသဘောတရားများနှင့် စည်းမျဉ်းများစွာကိုလည်း နောက်ထပ် နားလည်ရမည်ဖြစ်သည်၊ ထို့အပြင် သူသည် ဉာဏ်ပညာနှင့် လူ၏ကျင့်ဝတ်ဆိုင်ရာ အသိပညာအကြောင်းကို သာ၍ပင် လေ့လာသင်ခြင်းဆီသို့ စိတ်နှစ်မြှုပ်ထားရမည်ဖြစ်သည်။ ဤသည်မှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သော အရာများဖြစ်၏။ သို့သော် ဘုရားသခင်၏ အမှုသည် လူသားကို ကိုယ်စားမပြုသကဲ့သို့၊ လူသား၏အမှုလည်း မဟုတ်သည့်အတွက် ဤသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင် အတွက် မဟုတ်လှပေ။ ထို့ထက် ယင်းသည် သူ၏ ဖြစ်တည်ခြင်းနှင့်သက်ဆိုင်သည့် တိုက်ရိုက်ဖော်ပြချက်တစ်ခုနှင့် သူပြုသင့်သောအမှုနှင့် သက်ဆိုင်သည့် တိုက်ရိုက် အကောင်အထည် ဖော်မှုတစ်ခု ဖြစ်သည်။ (သဘာဝအားဖြင့် သူ၏အမှုကို သာမန်ကာလျှံကာနှင့် ကြုံရာကျပန်း မဟုတ်ဘဲ၊ သင့်လျော်သော အချိန်တွင် ဆောင်ရွက်ပြီး၊ သူ၏အမှုတော်ကို ဖြည့်ဆည်းဖို့ အချိန်ရောက်သောအခါတွင် အစပြုပေသည်။) သူသည် လူ၏အသက်တာ သို့တည်းမဟုတ် လူ၏အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိပေ၊ ဆိုလိုသည်မှာ သူ၏လူ့သဘာဝသည် ဤအရာတစ်ခုတစ်လေဖြင့် (ဤအရာက သူ၏အမှုကို ထိခိုက်စေခြင်းမရှိသော်လည်း) ဖြည့်ဆည်း ထားခြင်းမရှိပေ။ သူ့အတွက် ထိုသို့ လုပ်ဆောင်ဖို့ အချိန်ကျသည့်အခါတွင်၊ သူသည် သူ၏အမှုတော်ကို ဖြည့်ဆည်းရုံသာ ဖြစ်သည်။ သူ၏အဆင့်အတန်း မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သူသည် သူ လုပ်ဆောင်သင့်သော အမှုဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူနှင့် သက်ဆိုင်၍ လူက မည်သည့်အရာသိသည်ဖြစ်စေ၊ ပြီးလျှင် သူနှင့်သက်ဆိုင်သည့် လူသား၏ အယူအဆက မည်သည့်အရာ ဖြစ်ပါစေ၊ သူ၏အမှုသည် အလျှင်းထိခိုက်ခြင်းမရှိပေ။ ဥပမာအားဖြင့် ယေရှုသည် သူ၏အမှုကို ဆောင်ရွက်ခဲ့အချိန်တွင် သူသည် မည်သူဖြစ်သည်ကို အဘယ်သူမျှ တိတိကျကျ မသိရှိခဲ့သော်လည်း၊ သူသည် သူ၏အမှုဖြင့် ရှေ့သို့သာ ဆက်တိုးခဲ့၏။ ဤအရာထဲမှ မည်သည့်အရာကမျှ သူပြုသင့်သောအမှုကို ဆောင်ရွက်ရာ၌ မတားဆီးခဲ့ပေ။ ထို့ကြောင့် သူသည် သူ၏ ကိုယ်ပိုင် ပင်ကိုလက္ခဏာကို အစတွင် ဝန်မခံခဲ့ သို့မဟုတ် မကြေညာခဲ့သကဲ့သို့ လူကို သူ့နောက်သို့သာ လိုက်စေခဲ့၏။ ပင်ကိုအားဖြင့် ဤသည်မှာ ဘုရားသခင်၏နှိမ့်ချမှု ဖြစ်ခဲ့ရုံသာမက၊ ဘုရားသခင်က လူ့ဇာတိ၌ အမှုပြုခဲ့သော နည်းလမ်းလည်း ဖြစ်ခဲ့၏။ လူသားသည် ပကတိမျက်စိဖြင့် သူ့ကို မှတ်မိသိရှိနိုင်ခြင်း မရှိသည့်အတွက်၊ သူသည် ဤနည်းဖြင့်သာ အမှုကို ပြုနိုင်ခဲ့၏။ အကယ်၍ လူသည် သူ့အား မှတ်မိသိရှိခဲ့ပြီးဖြစ်လျှင်ပင်၊ သူ၏အမှုတွင် လူသားသည် ကူညီနိုင်ပြီး ဖြစ်မည်မဟုတ်ပေ။ ထို့အပြင်၊ သူသည် လူတို့အနေဖြင့် သူ၏ လူ့ဇာတိကို သိလာစေရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ ယင်းမှာ သူ၏အမှုတော်ကို ဆောင်ရွက်ပြီး ဖြည့်ဆည်းရန် ဖြစ်ခဲ့သည်။ ဤအကြောင်းရင်းကြောင့်၊ သူ၏ ပင်ကိုလက္ခဏာကို လူသိရှင်ကြား ဖြစ်စေခြင်းအား သူအလေးမပေးခဲ့ခြင်း ဖြစ်သည်။ သူပြုသင့်သော အမှုအားလုံးကို ပြည့်စုံစေခဲ့ပြီးသည့်အချိန်တွင်၊ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတစ်ခုလုံးသည် လူသားအဖို့ အလိုအလျောက် ရှင်းလင်းလာခဲ့၏။ လူ့ဇာတိခံ ဘုရားသခင်သည် နှုတ်ဆိတ်လျက်နေပြီး၊ မည်သည့်ထုတ်ဖော်ချက်ကိုမျှ လုံးဝ မပြုပေ။ သူသည် လူသားကို အရေးမစိုက်သကဲ့သို့၊ လူသားအနေဖြင့် သူ၏နောက်သို့လိုက်ရာတွင် မည်သို့ရှိသည်ကိုလည်း အရေးမစိုက်ဘဲ၊ သူ၏အမှုတော်ကို ဖြည့်ဆည်းခြင်းနှင့် သူပြုသင့်သော အမှုကို ဆောင်ရွက်ခြင်းဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူ၏အမှုတော် လမ်းကြောင်း၌ မည်သူမျှ မတားဆီးနိုင်ပေ။ သူ၏အမှုကို အဆုံးသတ်ရန် သူ့အတွက် အချိန်ကျလာသည့်အခါတွင်၊ ယင်းအမှုသည် သေချာပေါက် အဆုံးသတ်ရလိမ့်မည်ဖြစ်ပြီး၊ အဆုံးသို့ ရောက်ရှိလိမ့်မည်ဖြစ်ကာ၊ မည်သူကမျှ အခြားနည်းဖြင့် ဆုံးဖြတ် မပေးနိုင်ချေ။ သူ၏အမှုပြီးဆုံးရာတွင် လူသားထံမှ သူထွက်ခွာသည့် နောက်တွင်သာ လူသားသည် လုံးဝ မရှင်းလင်းသေးသော်လည်း၊ သူပြုသောအမှုကို နားလည်လိမ့်မည် ဖြစ်သည်။ သူ၏ အမှုကို ပထမဦးဆုံး ဆောင်ရွက်ခဲ့သည့် ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်ဖို့ လူသားအတွက် အချိန်ကြာမြင့်ပေလိမ့်မည်။ တစ်နည်းအားဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ ခေတ်နှင့်သက်ဆိုင်သည့် အမှုကို နှစ်ပိုင်းခွဲခြားထား၏။ တစ်ပိုင်းသည် ဘုရားသခင် ကိုယ်တိုင်၏ လူ့ဇာတိခံ ခန္ဓာ ပြုသည့်အမှုနှင့် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တိုင်၏ လူ့ဇာတိခံ ခန္ဓာက ပြောဆိုသည့် နှုတ်ကပတ်တော်များ ပါရှိ၏။ သူ၏ လူ့ဇာတိ အမှုတော် လုံးဝ ပြည့်စုံသည့်နှင့်တစ်ပြိုင်နက်၊ အမှု၏ အခြားအစိတ်အပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသောသူများက လုပ်ဆောင်ရန် ကျန်ရှိလေသည်။ ဘုရားသခင်သည် လမ်းခရီးကို ဖွင့်ပေးနှင့်ပြီးဖြစ်သည့်အတွက်၊ လူသားအနေဖြင့် သူ၏အလုပ်ကို ကျေပွန်အောင် လုပ်ဆောင်သင့်သည်မှာ ဤအချိန် ဖြစ်ပြီး၊ ယင်းအား လူသား ကိုယ်တိုင် လျှောက်လှမ်းရန် လိုအပ်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်သည် အမှု၏အစိတ်အပိုင်းတစ်ခုကို ဆောင်ရွက်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသူများသည် ဤအမှုကို ဆက်ခံကြလိမ့်မည်ဖြစ်၏။ ထို့ကြောင့် လူသားသည် ဤအဆင့်၌ အဓိကအားဖြင့် လူ့ဇာတိခံ ဘုရားသခင် ဆောင်ရွက်ရမည့်အမှုက မည်သည့်အရာ ဖြစ်ပေါ်စေသည်ကို သိသင့်ပြီး၊ ဘုရားသခင် လူ့ဇာတိခံလာခြင်း၏ အရေးပါမှုက မည်သည့်အရာဖြစ်ပြီး သူပြုသင့်သောအမှုမှာ မည်သည့်အရာဖြစ်သည်တို့ကို အတိအကျ နားလည်ရမည်ဖြစ်ကာ လူသားအပေါ် ပြုသော တောင်းဆိုချက်များ အတိုင်း ဘုရားသခင်ကို တောင်းဆိုချက်များ မပြုရ။ ဤတွင် လူ၏အမှား၊ သူ၏အယူအဆနှင့် ထိုမျှမက သူ၏မနာခံခြင်းတို့ တည်ရှိပေ၏။

ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူအား သိခွင့်ပေးခြင်း သို့တည်းမဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို လူအား ခွဲခြားခွင့်ပေးဖို့ ရည်ရွယ်ချက်ဖြင့် လူ့ဇာတိခံယူခြင်း မဟုတ်သကဲ့သို့၊ လူ၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးရန် လူ့ဇာတိခံယူခြင်းလည်းမဟုတ်၊ ပြီးလျှင် လူအား ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကို ကိုးကွယ်ခွင့်ပေးလျက်၊ ထိုသို့ဖြင့် ကြီးစွာသော ဘုန်းအသရေကို ရရှိရန်အလို့ငှာ ရည်ရွယ်ချက်ဖြင့် သာ၍ပင် ထိုသို့ သူ မလုပ်ဆောင်ပေ။ ဤအရာများထဲမှ မည်သည့်အရာမျှသည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချရန် လူ့ဇာတိခံလာခြင်း မဟုတ်သကဲ့သို့၊ လူသားကို တမင်သက်သက် ထုတ်ဖော်ပြရန်လည်းကောင်း၊ လူသားအတွက် အမှုအရာများ ခက်ခဲစေရန်လည်းကောင်း လူ့ဇာတိခံလာခြင်း မဟုတ်ပေ။ ဤအရာများထဲမှ မည်သည့်အရာမျှ ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်ချေ။ ဘုရားသခင် လူ့ဇာတိခံလာသည့်အကြိမ်တိုင်းတွင်၊ ယင်းသည် ရှောင်လွှဲ၍မရသည့် အမှုပုံစံတစ်ခု ဖြစ်သည်။ သူ၏ သာ၍ကြီးမားသော အမှုနှင့် သာ၍ကြီးမားသော စီမံခန့်ခွဲမှုအတွက် သူ လုပ်ဆောင်သည့်အတိုင်း သူ ပြုမူခြင်းဖြစ်ပြီး၊ လူသား စိတ်ကူးသော အကြောင်းပြချက်များအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သည်နှင့်အမျှ ကမ္ဘာမြေပေါ်သို့ ကြွလာခြင်းသာဖြစ်ပြီး၊ လိုအပ်မှသာ ကြွလာခြင်း ဖြစ်သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်ပတ်ကြည့်ခြင်း သက်သက် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ၊ သူပြုသင့်သောအမှုကို ဆောင်ရွက်ရန် ကြွလာခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် ဤအမှုကို ဆောင်ရွက်ရန် ထိုမျှလေးလံသောဝန်တစ်ခုကို အဘယ့်ကြောင့် ခံယူပြီး၊ ထိုမျှကြီးမားသည့် စွန့်စားမှုတို့ကို အဘယ့်ကြောင့် လက်ခံမည်နည်း။ ဘုရားသခင်သည် လူ့ဇာတိ ခံယူရမည့် အချိန်တွင်သာ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ အတုမဲ့ အရေးပါမှုအမြဲ ရှိလေသည်။ အကယ်၍ ယင်းသည် သူ့ကို လူတို့အား မြင့်ခွင့်ပေးခြင်းနှင့် ၎င်းတို့၏အမြင်များကို ကျယ်စေရန် အတွက်သာ ဖြစ်ခဲ့ပါက၊ သူသည် လူတို့အလယ် မည်သည့်အခါမျှ အလွန်ပေါ့တန်စွာ ကြွလာမည်မဟုတ်သည်မှာ လုံးဝ သေချာပေသည်။ သူသည် သူ၏စီမံခန့်ခွဲမှုနှင့် သာ၍ကြီးမားသော သူ၏အမှုအတွက်၊ ပြီးလျှင် သာ၍များသော လူသားမျိုးနွယ်ကို ရရှိနိုင်ရန်အလို့ငှာ ကမ္ဘာမြေသို့ ကြွလာခြင်း ဖြစ်သည်။ သူသည် ခေတ်ကို ကိုယ်စားပြုရန် ကြွလာ၏၊ စာတန်ကို အနိုင်ယူရန် ကြွလာပြီး၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် မိမိကိုယ်ကိုယ် လူ့ဇာတိဖြင့် ယူတင်ဝတ်ဆင်လေသည်။ ထိုမျှမက သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ၎င်းတို့၏ အသက်တာများအား ရှင်သန်ရာ၌ လမ်းပြရန်အလို့ငှာ ကြွလာခြင်းဖြစ်သည်။ ဤအရာအားလုံးသည် သူ၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ပြီး၊ ယင်းသည် စကြဝဠာ တစ်ခုလုံး၏အမှုနှင့် သက်ဆိုင်၏။ အကယ်၍ ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူအား သိရှိလာခွင့်ပေးရန်နှင့် လူတို့၏ မျက်လုံးများကို ဖွင့်ပေးရန်မျှသာ လူ့ဇာတိခံယူလာခဲ့ပါက၊ သူသည် အဘယ်ကြောင့် တိုင်းနိုင်ငံအားလုံးသို့ ခရီးမသွားဘဲ နေမည်နည်း။ ဤသည်မှာ အလွန့်အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်မည် မဟုတ်လော။ သို့သော် သူသည် ထိုသို့ မပြုခဲ့ပေ၊ ယင်းအစား အခြေချရန်နှင့် သူပြုသင့်သောအမှုကို စတင်ရန် သင့်လျော်သော နေရာတစ်ခုကို သူရွေးချယ်ခဲ့၏။ ဤလူ့ဇာတိတစ်ခုတည်းသည်သာ အတော် အရေးပါမှုရှိ၏။ သူသည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့၊ ခေတ်တစ်ခုလုံး၏ အမှုကို ဆောင်ရွက်လေသည်။ သူသည် ယခင်ခေတ်ကို အဆုံးသတ်စေသကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေး၏။ ဤအရာအားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး၊ ဤအရာအားလုံးသည် ဘုရားသခင်က ဆောင်ရွက်ဖို့ ကမ္ဘာမြေပေါ် ကြွလာသည့် အမှု၏ အဆင့်တစ်ခုနှင့်သက်ဆိုင်သည့် အရေးပါမှု ဖြစ်သည်။ ယေရှုသည် ကမ္ဘာမြေသို့ ကြွလာခဲ့ချိန်တွင်၊ သူသည် နှုတ်ကပတ်တော်အချို့ကိုသာ ပြောဆိုခဲ့ပြီး၊ အမှုအချို့ကိုသာ ဆောင်ရွက်ခဲ့၏။ သူသည် လူ၏အသက်တာကို စိတ်မဝင်စားခဲ့သကဲ့သို့၊ သူ၏အမှုကို ပြည့်စုံစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ထွက်ခွာသွားခဲ့သည်။ ယနေ့တွင်၊ ငါသည် သင်တို့အား ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုခြင်းနှင့် လက်ဆင့်ကမ်းခြင်း ပြီးစီးချိန်တွင်၊ ပြီးလျှင် သင်တို့အားလုံး နားလည်ပြီးဖြစ်သည့်အချိန်တွင်၊ သင်တို့၏အသက်တာ မည်သို့ရှိမည်ဖြစ်စေ ငါ၏အမှုထဲက ဤအဆင့်သည် အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ အနာဂတ်တွင် ငါ၏အမှုထဲက ဤအဆင့်ကို ဆက်၍လုပ်ဆောင်မည့် လူအချို့နှင့် ဤနှုတ်ကပတ်တော်များနှင့်အညီ ကမ္ဘာမြေပေါ်တွင် ဆက်လက်အမှုပြုမည့် လူအချို့ ရှိရပေမည်။ ထိုအချိန်တွင် လူသား၏အလုပ်နှင့် လူသား၏တည်ဆောက်မှုသည် စတင်လိမ့်မည်။ သို့သော်လည်း လက်ရှိတွင် ဘုရားသခင်သည် သူ၏အမှုတော်ကို ဖြည့်ဆည်းရန်နှင့် သူ၏အမှု အဆင့်တစ်ဆင့်ကို ပြည့်စုံစေရန်အလို့ငှာ၊ သူ၏အမှုကိုသာ လုပ်ဆောင်လေသည်။ ဘုရားသခင်သည် လူသား၏နည်းဟန်နှင့် မတူသည့် နည်းဟန် တစ်ခုဖြင့် အမှုပြုသည်။ လူသားသည် ဝတ်ပြုပွဲများနှင့် ဆွေးနွေးပွဲများကို နှစ်သက်ပြီး၊ ဟိတ်ဟန်ကို အရေးထား ကြသော်လည်း၊ ဘုရားသခင် အရွံမုန်းဆုံးသောအရာမှာမူ လူသား၏ ဝတ်ပြုပွဲများနှင့် တွေ့ဆုံပွဲများ အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်သည် လူသားနှင့် ရိုးရိုး စကားလက်ဆုံပြောပြီး စကားပြောဆို၏။ ဤသည်မှာ ဘုရားသခင်၏အမှုဖြစ်သည်၊ ယင်းသည် ထူးခြားစွာ ချုပ်ချယ်မှုကင်းပြီး၊ သင်တို့ကိုလည်း လွတ်မြောက် စေလေသည်။ သို့သော်လည်း ငါသည် သင်တို့နှင့် စည်းဝေးရခြင်းကို လုံးလုံးရွံမုန်း၏၊ ပြီးလျှင် သင်တို့ကဲ့သို့ ပုံစံသွင်းခံထားရသော အသက်တာတစ်ခုကို ငါသည် ကျင့်သားရမလာနိုင်ပေ။ ငါသည် စည်းမျဉ်းများကို အရွံမုန်းဆုံးဖြစ်သည်။ ယင်းတို့သည် လူသားကို သူ၏မျက်လုံးက သင့်အား တည့်တည့် ငေးစိုက်ကြည့်နေရင်း၊ လှုပ်ရှားမှုတစ်ခုပြုဖို့၊ စကားပြောဆိုဖို့နှင့် သီချင်းဆိုဖို့ စိုးရွံ့စေသည့် အဆင့်ထိ လူသားအပေါ် ချုပ်ချယ်မှုများ ထားရှိလေသည်။ ငါသည် သင်တို့၏ တွေ့ဆုံစည်းဝေးခြင်း ပုံစံကို လုံးလုံးရွံမုန်းသကဲ့သို့၊ ကြီးမားသော လူစုလူဝေးများကို အလျှင်းရွံမုန်း၏။ ဤသို့သော ရှင်သန်နေထိုင်ပုံသည် ချုပ်နှောင်ခံထားရသလို ခံစားစေပြီး၊ သင်တို့သည် များပြားလှသော ဟိတ်ဟန်များနှင့် များပြားလှသော စည်းကမ်းများကို လိုက်နာကြသည့်အတွက်၊ ငါသည် သင်တို့နှင့်အတူ ဤနည်းဖြင့် စည်းဝေးရန် ရှင်းရှင်းငြင်းပယ်သည်။ အကယ်၍ သင်တို့ကို လူတို့အား ဦးဆောင်ခွင့်ပေးမည်ဆိုပါက၊ သင်တို့သည် လူအားလုံးကို စည်းမျဉ်းများ ကြီးစိုးရာနယ်ထဲသို့ ဦးဆောင်သွားမည်ဖြစ်ကာ၊ ၎င်းတို့သည် သင်တို့၏ခေါင်းဆောင်မှုအောက်၌ စည်းမျဉ်းများကို ဖယ်ထား၍ရမည် မဟုတ်ပေ။ ယင်းအစား ဘာသာတရား၏ သွင်ပြင်သည် ယခင်ထက် သာ၍ ပြင်းထန်လာရုံသာရှိမည်ဖြစ်ပြီး၊ လူသား၏ အလေ့အထများသည်လည်း တိုးပွားမြဲတိုးပွားနေမည် ဖြစ်သည်။ လူအချို့သည် ၎င်းတို့ စည်းဝေးကြသည့်အခါ၊ ဆွေးနွေးခြင်းနှင့် စကားပြောခြင်းကို ဆက်ကြပြီး၊ မည်သည့်အခါမျှ မငြီးငွေ့ကြသကဲ့သို့၊ အချို့သည် ဆယ်ရက်ကျော်ကြာ မရပ်မနားတမ်း ဆက်လက် တရားဟောပြောနိုင်ကြလေသည်။ ဤအရာအားလုံးကို လူသား၏ ကြီးမားသော ဝတ်ပြုပွဲများနှင့် တွေ့ဆုံပွဲများဟု ယူဆထားပေသည်။ ယင်းတို့သည် စားသောက်ခြင်းအသက်တာ၊ မွေ့လျော်ခြင်း အသက်တာ၊ သို့တည်းမဟုတ် လွတ်လပ်နေသော စိတ်ဝိညာဉ်၏ အသက်တာနှင့် ပတ်သက်ခြင်းမရှိပေ။ ဤအရာ အားလုံးသည် တွေ့ဆုံပွဲများ ဖြစ်၏။ သင်တို့၏ လုပ်ဖော်ဆောင်ဖက် တွေ့ဆုံပွဲများအပြင်၊ ဝတ်ပြုပွဲများ ကြီးငယ်ဟူသမျှတို့သည် ငါ့အဖို့ စက်ဆုပ်စရာဖြစ်ပြီး၊ ငါသည် ယင်းတို့ကို မည်သည့်အခါမျှ စိတ်မဝင်စားလေပြီ။ ဤသည်မှာ ငါအမှုပြုသော အခြေခံသဘောတရား ဖြစ်သည်။ ငါသည် ဝတ်ပြုပွဲများအတွင်းတွင် တရားဟောပြောရန် ဆန္ဒမရှိသကဲ့သို့၊ ကြီးမားသော လူထုစည်းဝေးပွဲ၌လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိပေ၊ ပြီးလျှင် သင်တို့အားလုံးကို ရက်အနည်းငယ်ကြာ အထူးဆွေးနွေးပွဲ တစ်ခုအတွက် စုဝေးရန်ဖိတ်ကြားဖို့ သာ၍ပင် ဆန္ဒမရှိချေ။ သင်တို့အားလုံးသည် တွေ့ဆုံပွဲတစ်ခု၌ ဣန္ဒြေရရနှင့် မွန်မွန်ရည်ရည် ထိုင်သင့်သည်ကို ငါ သဘောတူရန် အကြောင်းမတွေ့ပေ။ သတ်မှတ်ထားသည့် ဟိတ်ဟန်တစ်ခုခု၏ ကန့်သတ်မှုများအတွင်း၌ သင်တို့ အသက်ရှင်ကြသည်ကို မြင်ရခြင်းအား ငါစက်ဆုပ်၏၊ ပြီးလျှင် ထိုမျှမက ငါသည် သင်တို့၏ ထိုသို့သော အခမ်းအနားတစ်ခု၌ ပါဝင်ရန် ငြင်းဆန်သည်။ ဤအရာကို သင်တို့က သာ၍လုပ်ဆောင်လေလေ၊ ငါသည် သာ၍ရွံမုန်းလေ ဖြစ်သည်။ ငါသည် သင်တို့၏ ဤအခမ်းအနားများနှင့် စည်းမျဉ်းများအပေါ် အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိ။ သင်တို့က ထိုအရာများမှ မည်မျှကောင်းမွန်သည့် အလုပ်တစ်ခုကို ဖန်တီးကြသည်ဖြစ်စေ၊ ထိုအရာအားလုံးကို ရွံမုန်းစရာဟု ငါမြင်၏။ ယင်းမှာ သင်တို့၏ စီစဉ်မှုများ မသင့်လျော်သည် မဟုတ်၊ သို့မဟုတ် သင်တို့ အလွန်နိမ့်ကျသည် မဟုတ်ပေ။ ငါသည် သင်တို့၏ အသက်ရှင်နေထိုင်ပုံကို ရွံမုန်းခြင်းသာဖြစ်ပြီး၊ ထိုမျှမက ငါသည် ထိုအရာကို ကျင့်သား ရမလာနိုင်ပေ။ သင်တို့သည် ငါပြုချင်သောအမှုကို အနည်းငယ်မျှပင် နားမလည်ကြချေ။ ယခင်တုန်းက ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ခဲ့ချိန်တွင်၊ အချို့သော နေရာ၌ တရားဒေသနာ ဟောကြားပြီးသည့်နောက်၊ သူသည် သူ၏တပည့်တော်များကို မြို့ပြင်သို့ ဦးဆောင်သွားပြီး၊ ၎င်းတို့ နားလည်အပ်သော လမ်းခရီးများအကြောင်းကို ၎င်းတို့နှင့်အတူ ပြောဆိုခဲ့၏။ သူသည် ထိုသို့သော ပုံစံဖြင့် မကြာခဏ အမှုပြုခဲ့သည်။ လူအမြောက်အများအလယ်တွင် သူ၏ အမှုသည် အတော် နည်းပါးခဲ့သည်။ သင်တို့ သူ့ကို တောင်းလျှောက်သည့်အရာနှင့်အညီ၊ လူ့ဇာတိခံ ဘုရားသခင်သည် ပုံမှန်လူသားတစ်ဦး၏ အသက်တာ မရှိသင့်ပေ။ သူသည် သူ၏အမှုကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထိုင်နေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ သူသည် စကားပြောဆိုရမည်ဖြစ်၏။ သူသည် အချိန်တိုင်း အမှုပြုရမည် ဖြစ်ကာ၊ သူ၏ “လုပ်ငန်းများ” ကို မည်သည့်အခါမျှ ရပ်တန့်၍ မရပေ၊ သို့မဟုတ်ပါက သူသည် သူ၏တာဝန်များကို လျစ်လျူရှုနေမိပေမည်။ လူသား၏ ဤတောင်းဆိုချက်တို့သည် လူသားအသိနှင့် ဆီလျော်ပါ၏လော။ သင်တို့၏ သမာဓိမှာ အဘယ်မှာနည်း။ သင်တို့သည် အလွန်များလှစွာ တောင်းဆိုကြသည် မဟုတ်လော။ ငါအမှုပြုသည်နှင့်အမျှ ငါ့ကို ဆန်းစစ်ရန် သင့်ကို ငါ လိုအပ်သလော။ ငါသည် ငါ၏အမှုတော်ကို ဖြည့်ဆည်းသည်နှင့်အမျှ ကြီးကြပ်ရန် သင့်ကို ငါလိုအပ်သလော။ မည်သည့်အမှုကို ငါပြုသင့်ပြီး၊ မည်သည့်အချိန်တွင် ပြုသင့်သည်ကို ငါသည် ကောင်းစွာသိ၏။ အခြားသူတို့ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ ငါသည် များစွာ လုပ်ဆောင်ပြီးခြင်းမရှိဟု သင်တို့အဖို့ ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ ယင်းအချိန်၌ ငါ၏အမှုသည် အဆုံးတစ်ခုသို့ရောက်ပြီ ဖြစ်သည်။ ခရစ်ဝင်ကျမ်းလေးကျမ်းထဲက ယေရှု၏ နှုတ်ကပတ်တော်များကို ဥပမာယူလော့- ယင်းတို့သည်လည်း အကန့်အသတ်ရှိခဲ့သည် မဟုတ်လော။ ထိုအချိန်က ယေရှုသည် တရားဇရပ်သို့ဝင်ပြီး တရားဒေသနာ ဟောပြောခဲ့ချိန်တွင်၊ သူသည် အများဆုံး မိနစ်အနည်းငယ်အတွင်း ပြီးစီးခဲ့သကဲ့သို့၊ သူစကားပြောဆိုပြီးချိန်တွင်၊ သူ၏တပည့်တော်များကို လှေပေါ်သို့ ဦးဆောင်ခေါ်သွားခဲ့ပြီး မည်သည့်ရှင်းပြချက်မျှမရှိဘဲ ထွက်ခွာခဲ့သည်။ အများအားဖြင့်၊ တရားဇရပ်အတွင်းရှိသူတို့သည် ဤအရာကို ၎င်းတို့ချင်းကြားတွင် ဆွေးနွေးခဲ့ကြသော်လည်း၊ ယေရှုသည် ယင်းနှင့် ပတ်သက်မှုမရှိခဲ့ပေ။ ဘုရားသခင်သည် သူ လုပ်ဆောင်သင့်သော အမှုကိုသာ လုပ်ဆောင်ပြီး၊ ဤသည်အပြင် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ယခုတွင် များစွာသောသူတို့သည် ငါ့အား တစ်ရက်လျှင် အနည်းဆုံး နာရီအချို့ကြာ၊ သာ၍ စကားပြောပြီး သာ၍ ဆွေးနွေးစေချင်ကြသည်။ သင်တို့ မြင်သည့်အတိုင်းဆိုပါက၊ ဘုရားသခင်သည် စကားမပြောဆိုပါက ဘုရားသခင်အဖြစ်မှ ရပ်စဲပြီး၊ စကားပြောဆိုသောသူသာလျှင် ဘုရားသခင်ဖြစ်ပေသည်။ သင်တို့ အားလုံး မျက်ကန်းဖြစ်ကြပေသည်တကား။ အားလုံး အရိုင်းအစိုင်းများ ဖြစ်ပေသည်တကား။ သင်တို့အားလုံးသည် အသိစိတ်မရှိသည့် မသိနားမလည်သော အရာများပေတကား။ သင်တို့သည် များလှစွာသော အယူအဆများ ရှိကြသည်တကား။ သင်တို့၏ တောင်းဆိုချက်များက လွန်လွန်းလှ၏။ သင်တို့သည် လူသားမဆန်ကြ။ ဘုရားသခင် မည်သည့်အရာဖြစ်သည်ကို သင်တို့ အနည်းငယ်မျှ နားမလည်ကြ။ ဟောပြောသူများနှင့် အာဝဇ္ဇန်းရွှင်သူများအားလုံးကို ဘုရားသခင်ဟု သင်တို့ ယုံကြည်ကြပြီး၊ သင်တို့အား နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပေးရန် လိုလားလျက်ရှိသည့် မည်သူကိုမဆို သင်တို့၏ ဖခင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ငါ့ကို ပြောကြလော့၊ သင်တို့၏ “ကောင်းမွန်စွာ ဖွဲ့စည်းထားသော” အင်္ဂါရပ်များနှင့် “ထူးခြားသော” ပုံပန်းရှိသည့် သင်တို့အားလုံးသည် အသိစိတ် အနည်းငယ်မျှပင် ရှိကြသေးသလော။ ကောင်းကင်နေမင်းကို သင်တို့သိကြသေးသလော။ သင်တို့တစ်ဦးချင်းစီသည် လောဘကြီးပြီး အကျင့်ပျက်သော အရာရှိတစ်ဦးနှင့်တူ၏၊ ထို့ကြောင့် သင်တို့သည် အသိစိတ်ကို မည်သို့မြင်နိုင်မည်နည်း။ သင်တို့သည် အမှန်နှင့်အမှားကို မည်သို့ ခွဲခြားနိုင်မည်နည်း။ ငါသည် သင်တို့အပေါ် များစွာအပ်နှင်းပြီး ဖြစ်သော်လည်း၊ သင်တို့အထဲမှ မည်မျှသည် ယင်းအပေါ် တန်ဖိုးထားဖူးပါသနည်း။ မည်သူသည် ယင်းကို အပြည့်အဝ ပိုင်ဆိုင်ထားသနည်း။ သင်တို့ ယနေ့ လျှောက်နေသောလမ်းကို ဖွင့်ပေးခဲ့သူမှာ မည်သူဖြစ်သည်ကို သင်တို့သည် မသိကြ၊ ထို့ကြောင့် ငါ့အား အဓိပ္ပာယ်မရှိသကဲ့သို့ ယုတ္တိမတန်သော တောင်းဆိုချက်များကို ပြုလုပ်ရင်း၊ သင်တို့သည် ငါ့အား ဆက်၍တောင်းဆိုမှုများ ပြုကြ၏။ သင်တို့သည် ရှက်ကိုးရှက်ကန်းဖြစ်လျက် နီမြန်းကြသည် မဟုတ်လော။ ငါသည် လုံလောက်စွာ မပြောလေပြီလော။ ငါသည် လုံလောက်စွာ မပြုလေပြီလော။ သင်တို့ထဲမှ မည်သူသည် ငါ၏ နှုတ်ကပတ်တော်များကို ရတနာတစ်ပါးအဖြစ် အမှန်တကယ် မြတ်နိုးနိုင်သနည်း။ သင်တို့သည် ငါ၏မျက်မှောက်တွင် ရှိချိန်တွင် ငါ့ကို မျက်နှာချိုသွေးကြသော်လည်း၊ မျက်မှောက်၌မရှိသောအခါ သင်တို့သည် မုသားဆိုကာ လှည့်စားကြ၏။ သင်တို့၏ လုပ်ရပ်များသည် အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး၊ ယင်းတို့သည် ငါ့ကို ရွံရှာစေ၏။ သင်တို့သည် ငါ့အား ပြောဆိုရန်၊ အမှုပြုရန် တောင်းဆိုသည်မှာ၊ သင်တို့၏အသက်တာများကို ပြောင်းလဲစေခြင်း အတွက် မဟုတ်ဘဲ၊ သင်တို့၏မျက်စိများကို အစာကျွေးရန်နှင့် သင်တို့၏အမြင်များကို ကျယ်ပြန့်စေရန်ဟူသော အကြောင်းရင်း အတွက်သာ ဖြစ်သည်ကို ငါသိသည်။ သင်တို့ကို ငါ များစွာ စကားပြောဆိုပြီးလေပြီ။ သင်တို့၏အသက်တာများသည် အချိန်ကြာမြင့်စွာက ပြောင်းလဲပြီးဖြစ်သင့်ပေသည်၊ သို့ဆိုလျှင် သင်တို့သည် ယခုပင်လျှင် အဘယ်ကြောင့် သင်တို့၏ အခြေအနေဟောင်းသို့ ပြန်ရောက်မြဲ ပြန်ရောက်နေကြသေးသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် သင်တို့ထံမှ လုယူခြင်းခံရကာ၊ သင်တို့သည် ထိုနှုတ်ကပတ်တော်များကို မရရှိခဲ့ခြင်းဖြစ်နိုင်သလော။ အမှန်အတိုင်းဆိုရလျှင် သင်တို့ကဲ့သို့ ယိုယွင်းဆုတ်ယုတ်သူများကို ငါသည် နောက်ထပ် မပြောဆိုချင်တော့ပေ- ယင်းသည် အချည်းနှီး ဖြစ်လိမ့်မည်။ ငါသည် အလွန်အလဟဿဖြစ်သည့် အမှုကို ပြုရန် ဆန္ဒမရှိပေ။ သင်တို့သည် သင်တို့၏အမြင်များကို ချဲ့ထွင်ရန် သို့မဟုတ် မျက်စိအရသာခံရန်သာ အလိုရှိကြပြီး၊ အသက်ကိုရရန် အလိုမရှိကြပေ။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် လှည့်ဖြား နေကြပေသည်။ သင်တို့ကို ငါမေးသည်၊ သင်တို့ကို မျက်နှာချင်းဆိုင် ငါပြောဆိုပြီးဖြစ်သည့်အရာများထဲမှ မည်မျှကို သင်တို့ လက်တွေ့လုပ်ဆောင်ပြီးပြီနည်း။ သင်တို့လုပ်ဆောင်သမျှ အရာအားလုံးမှာ အခြားသူများကို လှည့်စားရန် ပရိယာယ်များ ဆင်ခြင်း ဖြစ်၏။ သင်တို့ထဲမှ ပွဲကြည့်ပရိသတ်များကဲ့သို့ ကြည့်ရှုရခြင်းကို မွေ့လျော်ကြသူများအား ငါရွံမုန်း၏၊ ပြီးလျှင် သင်တို့၏ သိချင်စိတ်ပြင်းပြခြင်းမှာ လွန်စွာ စက်ဆုပ်ဖွယ်ကောင်းသည်ကို ငါ မြင်သည်။ အကယ်၍ သင်တို့သည် မှန်သော လမ်းခရီးကို လိုက်စားရန် သို့မဟုတ် သမ္မာတရားကို ဆာငတ်ရန် ဤနေရာတွင် မရှိပါက၊ သင်တို့သည် ငါ၏မုန်းတီးစက်ဆုပ်ခြင်းကို ခံရသူများ ဖြစ်၏။ သင်တို့သည် သင်တို့၏သိချင်စိတ်ပြင်းပြခြင်းကို ဖြည့်ဆည်းရန် သို့မဟုတ် သင်တို့၏လောဘလိုအင်များကို တစ်ခုမဟုတ်တစ်ခု ဖြည့်ဆည်းရန် တစ်ခုတည်းအတွက် ငါ စကားပြောဆိုသည်ကို နားထောင်ကြမှန်း ငါသိသည်။ သင်တို့သည် သမ္မာတရား၏တည်ရှိခြင်း သို့မဟုတ် အသက်ထဲသို့ ဝင်ရောက်ခြင်း အတွက် မှန်သောလမ်းကြောင်းကို စူးစမ်းရှာဖွေခြင်းနှင့် သက်ဆိုင်၍ အတွေးမရှိကြပေ။ ဤလိုအပ်ချက်တို့သည် သင်တို့အလယ် တကယ်ကို မတည်ရှိပေ။ သင်တို့ လုပ်ဆောင်သမျှမှာ ဘုရားသခင်အား သင်တို့ လေ့လာကာ သဘောကျရသည့် ကစားစရာတစ်ခုအဖြစ် သဘောထားခြင်း ဖြစ်သည်။ သင်တို့သည် အသက်ကို လိုက်စားရန် စိတ်ထက်သန်ပြင်းပြမှု အလွန်နည်းပါးသော်လည်း၊ စူးစမ်းချင် စိတ်ပြင်းပြဖို့ ဆန္ဒ အမြောက်အမြား ရှိကြသည်။ ထိုသို့သော လူတို့ကို အသက်လမ်းအား ရှင်းပြခြင်းသည် လေထဲသို့ စကားပြောခြင်းနှင့် သဘောညီမျှ၏။ ငါသည် လုံးဝမပြောလျှင်ပင် ကောင်းဦးမည်။ သင်တို့ကို ငါပြောသည်- အကယ်၍ သင်တို့သည် သင်တို့၏ စိတ်နှလုံးအတွင်းရှိ ဟာကွက်ကိုဖြည့်ရန် ရှာကြံနေရုံမျှသာ ရှိပါက၊ သင်တို့သည် ငါ့ထံသို့မလာသည်က အကောင်းဆုံးဖြစ်ပေမည်။ သင်တို့သည် အသက် ရရှိခြင်းအပေါ် အလေးထားသင့်သည်။ မိမိတို့ကိုယ်ကိုယ် မလှည့်စားကြနှင့်။ သင်တို့၏သိချင်စိတ်ပြင်းပြမှုအား သင်တို့၏အသက်ကို လိုက်စားရှာဖွေမှုအတွက် အခြေခံအကြောင်းရင်း အဖြစ် မမှတ်ယူသင့်ပေ၊ သို့မဟုတ် သင်တို့ကို ပြောဆိုရန် ငါ့အား တောင်းဆိုခြင်းအတွက် မူမမှန်သော အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုသင့်ပေ။ ဤအရာအားလုံးမှာ သင်တို့အနေဖြင့် လွန်စွာကျွမ်းကျင်သော ပရိယာယ်များ ဖြစ်သည်။ သင့်ကို တစ်ဖန် ငါမေးသည်- သင့်ကို ဝင်ရောက်ရန် ငါ စေခိုင်းထားသည့်အရာ၏ မည်မျှကို သင် အမှန်တကယ် ဝင်ရောက်ပြီးပြီနည်း။ သင့်အား ငါပြောပြီးသော အရာအားလုံးကို သင် သဘောပေါက်ပြီးပြီလော။ သင့်ထံ ငါပြောပြီးသောအရာအားလုံးကို သင်သည် လက်တွေ့လုပ်ဆောင်နိုင်ပြီလော။

ခေတ်တိုင်း၏အမှုကို ဘုရားသခင်ကိုယ်တိုင်က အစပြုခြင်း ဖြစ်သော်လည်း၊ ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသည်ဖြစ်စေ၊ သူသည် လှုပ်ရှားမှုတစ်ခုကို စတင်ရန် သို့မဟုတ် အထူးဆွေးနွေးပွဲများကို ကျင်းပရန် သို့မဟုတ် သင်တို့ကိုယ်စား အဖွဲ့အစည်း အမျိုးအစားတစ်ခုတစ်လေကို တည်ထောင်ရန် ကြွလာခြင်းမဟုတ်သည်ကို သင်သိသင့်၏။ သူပြုသင့်သောအမှုကို ဆောင်ရွက်ရန် တစ်ခုတည်းဖြင့် သူကြွလာပေသည်။ သူ၏အမှုသည် မည်သည့်လူသား၏ အကန့်အသတ်ကိုမျှ ခံရခြင်းမရှိပေ။ သူသည် သူ၏အမှုကို သူ ဆန္ဒရှိသည့်အတိုင်း ပြု၏။ လူသားက ယင်းကို မည်သို့တွေးသည်ဖြစ်စေ၊ မည်သို့သိသည်ဖြစ်စေ၊ သူသည် သူ၏အမှု ဆောင်ရွက်ရန်ကိုသာ အလေးထားသည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ပစ္စုပ္ပန်ကာလအထိ၊ အမှု၏ အဆင့်သုံးဆင့် အမြဲ ရှိပြီးဖြစ်သည်။ ယေဟောဝါမှသည် ယေရှုအထိ၊ ပြီးလျှင် ပညတ်တော်ခေတ်မှသည် ကျေးဇူးတော်ခေတ်အထိ၊ ဘုရားသခင်သည် လူသားအတွက် အထူးဆွေးနွေးပွဲတစ်ခုကို မည်သည့်အခါမျှ မကျင်းပဖူးသကဲ့သို့၊ တစ်ကမ္ဘာလုံးဆိုင်ရာ အထူးအလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ကျင်းပပြီး၊ ထိုသို့ဖြင့် သူ၏အမှုနယ်ပယ်ကို ချဲ့ထွင်ရန်အလို့ငှာ လူသားမျိုးနွယ်အားလုံးကို အတူတကွ စုဝေးစေခြင်းလည်း မရှိဖူးပေ။ သူပြုသမျှမှာ သင့်လျော်သောအချိန်နှင့် သင့်လျော်သောနေရာတစ်ခုတွင် ခေတ်တစ်ခုလုံး၏ ကနဦးအမှုကို ဆောင်ရွက်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ခေတ်တစ်ခုကို ဖွင့်လှစ်ပေးကာ၊ လူသားမျိုးနွယ်အား ၎င်းတို့၏အသက်တာများကို မည်သို့ အသက်ရှင်ရမည်ဆိုသည့် အရာထဲသို့ ဦးဆောင်ခြင်း ဖြစ်သည်။ အထူးညှိနှိုင်းဆွေးနွေးပွဲများသည် လူသား၏ ဝတ်ပြုပွဲများ ဖြစ်သည်။ အားလပ်ရက်များကို ဆင်နွဲရန် လူတို့အား အတူတကွ စုဝေးစေခြင်းသည် လူသား၏အလုပ်ဖြစ်သည်။ ဘုရားသခင်သည် အားလပ်ရက်များကို စောင့်ထိန်းလိုက်နာခြင်းမရှိသည့်အပြင်၊ ယင်းတို့ကို စက်ဆုပ်စရာဖြစ်သည်ဟု မြင်၏။ သူသည် အထူးညှိနှိုင်းဆွေးနွေးပွဲများကို မကျင်းပသကဲ့သို့၊ ထို့အပြင် ယင်းတို့ကို စက်ဆုပ်စရာဟု မြင်လေသည်။ ယခု သင်သည် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုက အတိအကျ မည်သည့်အရာဖြစ်သည်ကို သိသင့်ပေသည်။

အရှေ့သို့- လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။