လမ်းကြောင်း... (၃)

ငါ့အသက်တာတွင်၊ ငါ၏ စိတ်နှင့် ခန္ဓာကို ဘုရားသခင်အား လုံးဝ ပေးအပ်ရန် အမြဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။ ထိုအခါမှသာ ငါ၏အသိစိတ်သည် အပြစ်တင်ခံရခြင်းမရှိသကဲ့သို့ အတော်အတန် အေးချမ်းရသည်။ အသက်ကို လိုက်စားရှာဖွေသောသူတို့သည် မိမိတို့၏ စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်အား ဦးစွာပထမ ပေးအပ်ရမည်။ ဤသည်မှာ ကြိုတင်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ငါ၏ ညီအစ်ကို မောင်နှမများအနေဖြင့် ငါနှင့်အတူ ဘုရားသခင်ထံ ဆိုတောင်းစေလိုသည်- “အို ဘုရားသခင်၊ ကျွန်ုပ်၏နှလုံးသား ကိုယ်တော်ထံသို့ အပြည့်အဝ လှည့်နိုင်ရန်အလို့ငှာ၊ ကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ တို့ထိခြင်း ခံရနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ကျွန်ုပ်၏ စိတ်ဝိညာဉ်ထဲတွင် ကိုယ်တော်၏ ချစ်ခင်ဖွယ်ကောင်းခြင်းကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် ကမ္ဘာမြေပေါ် ရှိသောသူတို့သည် ကိုယ်တော်၏ လှပမှုကို မြင်တွေ့ဖို့ ကောင်းချီးမင်္ဂလာ ခံစားနိုင်ကြဖို့အလို့ငှာ၊ ကောင်းကင်ဘုံက ကိုယ်တော်၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်က လူတို့အပေါ် ကျေးဇူးတော် အပ်နှင်းစေတော်မူပါ။ ဘုရားသခင်။ ကျွန်ုပ်တို့၏ ချစ်ခြင်းသည် အမြဲတည်တံ့ကာ မပြောင်းလဲနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များကို တစ်ဖန် တို့ထိစေတော်မူပါ။” ငါတို့အားလုံး အထဲ၌၊ ဘုရားသခင်သည် ငါတို့၏ နှလုံးသားများကို ဦးစွာ စစ်ဆေးပြီး-ငါတို့၏ နှလုံးသားများကို သူ့ထံ ဖွင့်ဟပြီးသည်နှင့်တစ်ပြိုင်နက်၊ ငါတို့၏ ဝိညာဉ်များကို သူစတင် တို့ထိလေသည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်း၊ သာလွန်ကြီးစိုးခြင်းနှင့် ကြီးမြတ်ခြင်းတို့ကို ငါတို့ မြင်နိုင်သည်မှာ ငါတို့၏ ဝိညာဉ်များထဲ၌သာ ဖြစ်သည်။ ဤသည်မှာ လူသားများထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်း ဖြစ်သည်။ သင်သည် ဤကဲ့သို့သော အသက်တာမျိုး ရှိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသက်ကို သင်ကြုံတွေ့ပြီးပြီလော။ သင်၏ ဝိညာဉ်သည် ဘုရားသခင်၏ တို့ထိခြင်း ခံရပြီးပြီလော။ လူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို သင်မြင်ပြီးပြီလော။ သင်၏နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ သင် လွှဲအပ်ပြီးပြီလော။ သင်၏နှလုံးသားတစ်ခုလုံးကို ဘုရားသခင်အား ပေးပြီးသည့်အခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသက်ကို သင် တိုက်ရိုက် တွေ့ကြုံခံစားနိုင်ပြီး၊ သူ၏လုပ်ဆောင်မှုသည် သင့်ထံ စဉ်ဆက်မပြတ် သိသာထင်ရှားလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသော တစ်စုံတစ်ဦး ဖြစ်လာလိမ့်မည်။ ထိုသို့သော လူတစ်ဦးဖြစ်လာရန် သင်ဆန္ဒ ရှိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရပြီး၊ ငါ၏ နှလုံးသားကို ဘုရားသခင်ထံ ပထမဦးဆုံး ပေးအပ်ခဲ့ချိန်တွင် သူ၏ရှေ့မှောက်၌ ငါ လဲကျပြီး၊ “အို ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်၏ မျက်စိများကို ဖွင့်ပေးပြီးဖြစ်ကာ ကိုယ်တော်၏ ကယ်တင်ခြင်းတရားကို ကျွန်ုပ်အား သိခွင့်ပေးလေပြီ။ ကျွန်ုပ်၏ နှလုံးသားကို ကိုယ်တော်အား လုံးဝ ပေးအပ်ရန် ကျွန်ုပ် ဆန္ဒရှိပါ၏၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်စေဖို့ရန်သာ ကျွန်ုပ် တောင်းလျှောက်ပါ၏၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော့်မျက်မှောက်တွင် ကိုယ်တော်၏ လက်ခံမှုကို ရရှိနိုင်ဖို့ရန်သာ ကျွန်ုပ် ဆန္ဒရှိပြီး၊ ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်ဖို့သာ ကျွန်ုပ် တောင်းလျှောက်ပါ၏” ဟု အော်ဟစ်ခဲ့ပုံကို ငါ အမှတ်ရမိသည်။ ထိုဆုတောင်းချက်ကို မည်သည့်အခါတွင်မျှ ငါ မေ့လိမ့်မည်မဟုတ်။ ငါသည် အကြီးအကျယ် တို့ထိခံခဲ့ရပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် မချိတင်ကဲ ဝေဒနာမျက်ရည်များဖြင့် စိတ်မတင်းနိုင်ဖြစ်ခဲ့ရသည်။ ယင်းမှာ ကယ်တင်ခံခဲ့ရပြီးသည့် တစ်စုံတစ်ဦးအနေဖြင့် ဘုရားသခင်၏ မျက်မှောက်တွင် ငါ၏ ပထမဆုံး အောင်မြင်ခဲ့သော ဆုတောင်းချက်ဖြစ်ပြီး၊ ယင်းသည် ငါ့စိတ်နှလုံး၏ ပထမဦးဆုံးသော ဆန္ဒ ဖြစ်သည်။ ထို့နောက်တွင်၊ ငါသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို မကြာခဏ ခံခဲ့ရသည်။ သင်သည် ဤအတွေ့အကြုံမျိုး ရှိဖူးသလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မည်သို့အလုပ်လုပ်လေပြီနည်း။ သာ၍ ကြီးမားသော အတိုင်းအတာအထိ သို့မဟုတ် သာ၍ လျော့နည်းသော အတိုင်းအတာအထိ၊ ဘုရားသခင်အား ချစ်ရန် ကြိုးစားသူအားလုံးက ဤအတွေ့အကြုံကို မျှဝေခံစားရသည်ဟု ငါ ထင်သည်- ၎င်းတို့ မေ့လျော့ကြခြင်းသာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့သည် ထိုသို့သော အတွေ့အကြုံတစ်ခု မရှိကြသေးဟု ဆိုပါက၊ ဤအရာက ၎င်းတို့ ကယ်တင်မခံရကြသေးသကဲ့သို့ စာတန်၏ အုပ်စိုးမှုအောက် ရှိနေကြသေးသည်ကို သက်သေပြပေသည်။ ငါတို့အားလုံး တွေ့နေကျဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သကဲ့သို့၊ ယင်းသည် ဘုရားသခင်ကို ယုံကြည်ပြီး ရှာဖွေသောသူတို့၏ လမ်းကြောင်းလည်း ဖြစ်သည်။ လူတို့၌ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သည့် အမှု၏ ပထမအဆင့်မှာ ၎င်းတို့၏ စိတ်ဝိညာဉ်များကို တို့ထိခြင်း ဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စတင်ချစ်ကြပြီး၊ အသက်ကို လိုက်စားရှာဖွေကာ ဤလမ်းကြောင်းကို လျှောက်ကြသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြပေသည်။ ဤသည်တို့မှာ တရုတ်ပြည်မထဲတွင်သာမက၊ စကြ၀ဠာတစ်ခွင်လုံးရှိ ဘုရားသခင့်အမှု၏ လှုပ်ရှားမှုအင်အား ဖြစ်ပေသည်။ သူသည် အယောက်တိုင်း၌ ထိုသို့ အမှုပြု၏။ အကယ်၍ တစ်စုံတစ်ဦးသည် မည်သည့်အခါတွင်မျှ တို့ထိခြင်းမခံရဖူးပါက၊ ဤအရာက ၎င်းတို့သည် ဤပြန်လည်ရှင်သန်မှု ရေစီးကြောင်း၏ အပြင်ဘက်တွင် ရှိသည်ကို သက်သေပြပေသည်။ ငါ၏ စိတ်နှလုံးတွင်၊ နေမင်းအောက်ရှိကြသူ အယောက်တိုင်းသည် ဘုရားသခင်၏ တို့ထိခြင်းခံရကာ ဤလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အလို့ငှာ၊ လူအားလုံးကို သူ တို့ထိဖို့ တောင်းလျှောက်ရင်း၊ ဘုရားသခင်ထံ မရပ်မနား ငါ ဆုတောင်း၏။ ဤသည်မှာ ငါ့ထံမှ ဘုရားသခင်ဆီသို့ အရေးမပါသော တောင်းလျှောက်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤအရာကို သူ လုပ်ဆောင်လိမ့်မည်ဟု ငါ ယုံကြည်သည်။ ငါ၏ ညီအစ်ကိုမောင်နှမအားလုံးသည် ဤအရာအတွက် ဆုတောင်းကြလိမ့်မည်၊ ဘုရားသခင်၏ အလိုပြည့်စုံကောင်း ပြည့်စုံနိုင်လိမ့်မည်ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ ဝိညာဉ် အနားယူနိုင်ဖို့အလို့ငှာ၊ သူ၏အမှု မကြာမီ ပြီးစီးလိမ့်မည်ဟု ငါ မျှော်လင့်သည်။ ဤသည်မှာ ငါ၏ သေးငယ်သော ကိုယ်ပိုင်မျှော်လင့်ချက် ဖြစ်သည်။

ဘုရားသခင်သည် နတ်ဆိုးတို့၏ ခံတပ်တစ်ခုတွင် သူ၏ အမှုကို စတင်နိုင်ပြီးဖြစ်သည့်အတွက်၊ သူသည် စကြ၀ဠာအနှံ့ မရေမတွက်နိုင်သော အခြားခံတပ်များတွင် ထိုသို့ ဧကန်မုချ လုပ်ဆောင်နိုင်သည်ဟု ငါ ယုံကြည်သည်။ “အဆုံးတိုင်အောင် လိုက်လျှောက်သောသူသည် ကယ်တင်ခံရလိမ့်မည်” ဟု ဆိုထားသည့်အတိုင်းပင်၊ နောက်ဆုံးသောခေတ်နှင့်ဆိုင်သော ငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက်ကို ရှုမြင်ရန် သေချာကြပေသည်။ ဘုရားသခင်ကို သူ့အမှု၏ ဤအဆင့်တွင် မည်သူမျှ အစားထိုး၍ မရနိုင်ပေ- အမှု၏ ဤအဆင့်သည် ထူးခြားသည့်အတွက်၊ ဘုရားသခင်ကိုယ်တိုင်သာ ဤအမှုကို လုပ်ဆောင်နိုင်သည်။ ယင်းသည် သိမ်းပိုက်ခြင်းအမှု၏ အဆင့်တစ်ခု ဖြစ်ပြီး၊ လူတို့သည် အခြားလူများကို မသိမ်းပိုက်နိုင်ပေ။ ဘုရားသခင်က သူကိုယ်တိုင်၏ နှုတ်ဖြင့် စကားပြောပြီး သူကိုယ်တိုင်၏ လက်ဖြင့် ဆောင်ရွက်သည့်အခါမှသာ လူတို့ သိမ်းပိုက်ခြင်းခံရပေသည်။ စကြ၀ဠာအားလုံးအနက်၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ နိုင်ငံကို စမ်းသပ်မြေအဖြစ် အသုံးပြုသည်။ ထို့နောက်တွင် သူသည် စကြ၀ဠာအနှံ့ ဤအမှုကို စတင်ပေမည်။ ထိုသို့ဖြင့် ဘုရားသခင်သည် စကြ၀ဠာအနှံ့ သာ၍ကြီးသော အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ စကြ၀ဠာ၏ လူအားလုံးသည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှုကို ရရှိကြလိမ့်မည်။ ဘသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူတို့သည် အမှု၏ ဤအဆင့်ကို လက်ခံကြရမည်။ ဤသည်မှာ လျှောက်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်- မည်သူမျှ မလွှဲရှောင်နိုင်ပေ။ ဘုရားသခင်က သင့်အား ပေးအပ်ထားသည့် လက်ခံရန် သင် လိုလားနေပါသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ တာဝန်ပေး စေခိုင်းချက်ကို လက်ခံခြင်းသည် မွန်မြတ်သောအရာတစ်ခု ဖြစ်သည်ဟု အမြဲ ငါခံစားရပြီးဖြစ်သည်။ ငါ၏အမြင်အရ၊ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ပေးသည့် အကြီးမားဆုံးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ဘုရားသခင်သည် စကြ၀ဠာအနှံ့နှင့် အထက်လောကတွင် ဘုန်းအသရေ ရနိုင်စေဖို့နှင့် ငါတို့၏ အသက်တာများ အချည်းနှီးမဖြစ်ဖို့အလို့ငှာ၊ ငါ၏ ညီအစ်ကိုမောင်နှမများသည် ငါနှင့်အတူ ကြိုးစားလုပ်ဆောင်ပြီး၊ ဘုရားသခင်ထံမှ ဤစေခိုင်းချက်တာဝန်ကို လက်ခံကြဖို့ ငါ မျှော်လင့်သည်။ ဘုရားသခင်အတွက် ငါတို့ တစ်စုံတစ်ရာ လုပ်ဆောင်သင့်သည်၊ သို့မဟုတ် ကတိသစ္စာတစ်ခု ငါတို့ ကျိန်ဆိုသင့်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ချိန်တွင်၊ မည်သည့် ရည်မှန်းချက်မျှ မလိုက်စားပါက၊ ၎င်းတို့၏ အသက်တာသည် အချည်းနှီးအတွက်ဖြစ်ပြီး ၎င်းတို့ သေဆုံးချိန်ရောက်လာသည့်အခါ၊ ၎င်းတို့သည် ကောင်းကင်ပြာနှင့် ဖုန်ထူသော မြေကြီးသာ မြင်ရကြလိမ့်မည်။ ယင်းသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုလော။ သင်အသက်ရှင်နေစဉ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ပါက၊ ဤသည်မှာ နှစ်သက်ဖွယ်သော အရာတစ်ခု မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် မိမိကိုယ်ကိုယ်အပေါ် အမြဲ ဒုက္ခရောက်စေပြီး၊ စိတ်ပျက်အားငယ်နေရသနည်း။ သင်တို့သည် ထိုနည်းဖြင့် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို ရရှိနိုင်သလော။ ဘုရားသခင်သည်လည်း သင့်ထံမှ တစ်စုံတစ်ရာကို ရယူနိုင်သလော။ ဘုရားသခင်ထံ ငါ၏ ကတိသစ္စာတွင်၊ ငါ့ စိတ်နှလုံး၏ ကတိသာ ရှိသည်။ ငါသည် သူ့ကို စကားများဖြင့် လှည့်စားရန် ကြိုးစားနေခြင်း မဟုတ်။ ထိုသို့သော အရာတစ်ခုကို မည်သည့်အခါတွင်မျှ ငါလုပ်ဆောင်မည် မဟုတ်- ကောင်းကင်ဘုံရှိ သူ၏ဝိညာဉ်သည် နှစ်သိမ့်ခြင်းသို့ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ ငါ၏နှလုံးသားဖြင့် ချစ်သော ဘုရားသခင်ကို နှစ်သိမ့်ရန်သာ ငါ ဆန္ဒရှိသည်။ နှလုံးသားသည် တန်ဖိုးရှိကောင်းရှိနိုင်သော်လည်း၊ ချစ်ခြင်းမေတ္တာသည် ပို၍ အဖိုးထိုက်တန်သည်။ ဘုရားသခင်သည် ငါ ရှိသည့် အလှပဆုံးသော အရာကို မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာနှင့် သူ့ကို ငါပူဇော်သော ချစ်ခြင်းမေတ္တာအားဖြင့် သူသည် စိတ်ကျေနပ်အားရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်ထံ ငါ့ စိတ်နှလုံးထဲက တန်ဖိုးအရှိဆုံး ချစ်ခြင်းမေတ္တာကို ငါ ပေးမည်။ ဘုရားသခင် မွေ့လျော်ဖို့ရန်အတွက် သင့်မေတ္တာကို သူ့အား ပေးရန် သင် လိုလားနေပါသလော။ ဤအရာကို သင်၏ တည်ရှိခြင်း အရင်းအနှီးဖြစ်စေဖို့ သင် လိုလားနေပါသလော။ ငါ၏အတွေ့အကြုံတွင်၊ ဘုရားသခင်ကို ငါ သာ၍ ချစ်ခြင်းမေတ္တာပေးလေလေ၊ အသက်ရှင်မှုတွင် ဝမ်းမြောက်မှုကို ငါ ရှာတွေ့လေလေ ဖြစ်သည်ကို ငါ မြင်လေပြီ။ ထို့အပြင်၊ ငါ၏ ခွန်အားအဖို့ အကန့်အသတ် မရှိသကဲ့သို့၊ ငါသည် ဘုရားသခင်ကို ငါ၏ ခန္ဓာနှင့် စိတ်အားလုံးကို ဝမ်းမြောက်ဝမ်းသာ ပေးပြီး၊ ငါသည် ဘုရားသခင်ကို အလုံလောက်စွာ မချစ်နိုင်ဟူသည့် အမြဲဖြစ်သော ခံစားချက်ရှိပေသည်။ ထိုကြောင့် သင်၏ ချစ်ခြင်းမေတ္တာသည် မပြောပလောက်သော ချစ်ခြင်းမေတ္တာလော သို့မဟုတ် မကုန်ဆုံးနိုင်သည့်၊ အတိုင်းမသိ ချစ်ခြင်းမေတ္တာလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ရန် ဆန္ဒရှိပါက၊ သင်သည် သူ့ကို ပြန်ပေးရန် သာ၍များသော ချစ်ခြင်းမေတ္တာ အမြဲ ရှိလိမ့်မည်- ပြီးလျှင် ထိုသို့ဖြစ်ပါက၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာကို မည်သည့်လူ သို့မဟုတ် မည်သည့်အရာက တားဆီးဖို့ ‌ဖြစ်နိုင်မည်နည်း။

ဘုရားသခင်သည် လူတိုင်း၏ ချစ်ခြင်းမေတ္တာကို ရင်ဝယ်ပိုက်ထားသည်။ သူ့ကို ချစ်သောသူအားလုံးအပေါ်၊ လူသား၏ ချစ်ခြင်းမေတ္တာသည် ရရှိဖို့ အလွန်ခက်သကဲ့သို့၊ အလွန်နည်းပါးသည့်အတွက်၊ ယင်းသည် မမြင်နိုင်လုနီးပါးဖြစ်သည့်အတွက်၊ သူ၏ကောင်းချီးမင်္ဂလာများသည် ဆထက်ထမ်းပိုး ဖြစ်သည်။ စကြ၀ဠာအနှံ့တွင်၊ ဘုရားသခင်သည် လူတို့အား သူ့ကို ပြန်ချစ်ရန် တောင်းဆိုရင်း ကြိုးစားပြီးဖြစ်သော်လည်း၊ ခေတ်ကာလများတစ်လျှောက် ယနေ့ထိ၊ အနည်းငယ်သာ- လက်တစ်ဆုပ်စာကသာ- ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းမေတ္တာ ပြန်ပေးဖူးကြပေသည်။ ငါမှတ်မိသရွေ့၊ ပေတရုသည် တစ်ဦးဖြစ်ခဲ့၏၊ သို့ရာတွင် သူသည် ယေရှု၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းခံခဲ့ရပြီး၊ ဘုရားသခင်ကို သူ၏ ပြည့်ဝသော ချစ်ခြင်းမေတ္တာ ပေးခဲ့သည်မှာ သူ၏ သေဆုံးချိန်တွင်သာ ဖြစ်ခဲ့ပြီး၊ ထို့နောက် သူ၏ ဘဝ အဆုံးသတ်သွားခဲ့သည်။ ထို့ကြောင့် ဤစက်ဆုပ်ရွံရှာဖွယ် အခြေအနေများအောက်တွင်၊ ဘုရားသခင်သည် စကြ၀ဠာထဲက သူ့အမှု၏ နယ်ပယ်ကို ကျဉ်းမြောင်းစေခဲ့ပြီး၊ သူ၏ အမှုကို သာ၍ ထိရောက်မှုရှိစေရန်နှင့် သူ၏ သက်သေခံချက်အဖို့ သာ၍ ကြီးမားသော အကျိုးကျေးဇူး ရှိစေဖို့အလို့ငှာ၊ သူ၏ အားအင်နှင့် အားထုတ်မှုအားလုံးကို တစ်နေရာတည်းတွင် စူးစိုက်ရင်း၊ အဆင်းနီသော နဂါးကြီး၏နိုင်ငံကို သရုပ်ပြခြင်း နယ်ပယ်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ဘုရားသခင်သည် စကြ၀ဠာတစ်ခွင်လုံးနှင့်သက်ဆိုင်သော သူ၏အမှုကို အားလုံးထဲတွင် အရည်အချင်း အနိမ့်ဆုံးရှိသည့် တရုတ်ပြည်မထဲက ဤလူများထံသို့ လွှဲပြောင်းပေးခဲ့ပြီး၊ သူ၏ နှစ်သက်ဖွယ်သော သိမ်းပိုက်ခြင်းအမှုကို စတင်ခဲ့သည်မှာ ဤအခြေအနေနှစ်ခုအောက်တွင် ဖြစ်သည်။ သူသည် ၎င်းတို့အားလုံးအား သူ့ကို ချစ်စေပြီးနောက်တွင်၊ သူ့အမှု၏ နောက်တစ်ဆင့်ကို သူ ဆောင်ရွက်လိမ့်မည်၊ ယင်းမှာ သူ၏ အစီအစဉ် ဖြစ်သည်။ ထိုသို့ဖြင့် သူ၏အမှုသည် ကြီးမားသော အကျိုးတရားကို စွမ်းဆောင်ရရှိလေသည်။ သူ့အမှု၏ နယ်ပယ်သည် အချက်အချာနှင့် အကန့်အသတ်များ နှစ်ခုလုံး ရှိသည်။ ငါတို့၏နေ့ရက် ရောက်ရှိလာစေရန်အတွက်၊ ငါတို့ထဲတွင် သူ၏ အမှုကို ဆောင်ရွက်နေချိန်တွင် မည်မျှကြီးမားသော အဖိုးအခတစ်ခု ဘုရားသခင် ပေးခဲ့ပြီး၊ မည်မျှများပြားသော အားထုတ်မှု သူ အသုံးပြုပြီးဖြစ်သည်မှာ ရှင်းလင်းသွားပေသည်။ ဤသည်မှာ ငါတို့၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ထို့ကြောင့်၊ လူတို့၏ အယူအဆများကို ပျက်ပြားစေသည်မှာ ကောင်းမွန်သော နေရာတွင် ငါတို့ မွေးဖွားရခြင်းအတွက် အနောက်တိုင်းသားများက ငါတို့ကို မနာလိုကြခြင်း ဖြစ်သော်လည်း၊ ငါတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် နိမ့်ကျပြီး နှိမ့်ချသူများအဖြစ် မြင်ကြပေသည်။ ဤသည်မှာ ဘုရားသခင်က ငါတို့ကို ချီမနေခြင်း မဟုတ်လော။ အမြဲနှင်းချေခံရပြီးဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များသည် အနောက်တိုင်းသားများ၏ မျှော်ကြည့်ခြင်း ခံရကြသည်- ဤသည်မှာ အမှန်တကယ် ငါတို့၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဤအရာကို ငါ တွေးမိသည့်အခါ၊ ငါသည် ဘုရားသခင်၏ သနားကြင်နာခြင်း၊ သူ၏ ချစ်မြတ်နိုးခြင်းနှင့် ရင်းနှီးခြင်းတို့ဖြင့် မွှန်ထူသွားရသည်။ ဤအရာက ဘုရားသခင် လုပ်ဆောင်သမျှအရာတိုင်းသည် လူသား၏ အယူအဆများနှင့် သဟဇာတမဖြစ်သည်ကို ပြသပေသည်။ ဤလူအားလုံး ကျိန်ခြင်းကိုခံရသော်လည်း၊ သူသည် ပညတ်တရား၏ ချုပ်ချယ်မှုများဖြင့် ဘောင်ခတ်မခံရသကဲ့သို့၊ သူသည် သူ့အမှု၏ ဗဟိုကို ကမ္ဘာကြီး၏ ဤတစ်စိတ်တစ်ဒေသသို့ တမင်တကာ လွှဲပြောင်းပြီး ဖြစ်သည်။ ဤသည်မှာ ငါ၀မ်းမြောက်ရသည့်အကြောင်းရင်း၊ အတိုင်းမသိ ပျော်ရွှင်မှု ငါ ခံစားရသည့် အကြောင်းရင်း ဖြစ်သည်။ က္ကသရေလလူမျိုးများအလယ်က ယဇ်ပုရောဟိတ်မင်းများကဲ့သို့ပင်၊ အမှုတွင် ဦးဆောင်ခြင်း အခန်းကဏ္ဍကို ယူသည့် တစ်စုံတစ်ဦးအနေဖြင့်၊ ငါသည် ဝိညာဉ်တော်၏ အလုပ်ကို တိုက်ရိုက်ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် အစေခံနိုင်သည်။ ဤသည်မှာ ငါ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ထိုသို့သော အရာတစ်ခုကို မည်သူ စိတ်ကူးဝံ့မည်နည်း။ သို့သော် ယနေ့တွင် ဤအရာသည် ငါတို့အပေါ် မမျှော်လင့်ဘဲ ရောက်ရှိလာပေပြီ။ ယင်းသည် ငါတို့၏ အောင်ပွဲခံခြင်းကို ထိုက်တန်စေသည့် ကြီးမားသော ဝမ်းမြောက်မှုဖြစ်သည်။ ငါတို့ထဲမှ ဤနောက်ချေးပုံထဲတွင် အသက်ရှင်နေကြသူတို့သည် ဘုရားသခင်၏ ကြီးမားသော အသုံးပြုခြင်းကို ခံရနိုင်ပြီး၊ ထိုသို့ဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် ငါတို့ကို ဆက်လက် ကောင်းချီးပေးပြီး ချီမဖို့ ငါမျှော်လင့်သည်။

ယခု ငါလျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းဖြစ်သည်၊ သို့သော် ဤသည်မှာ ဘုရားသခင်၏ အလိုမဟုတ်သကဲ့သို့၊ ငါ လျှောက်လှမ်းနေသင့်သည့် လမ်းကြောင်းလည်း မဟုတ်ဟူသည့် အမြဲဖြစ်သော ခံစားချက်တစ်ခု ငါ ရှိသည်။ ဘုရားသခင်အားဖြင့် ကြီးမားစွာ အသုံးပြုခြင်းခံရဖို့- ဤသည်မှာ ဘုရားသခင်၏ အလိုဖြစ်ပြီး၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ ငါ မှားကောင်းမှားပေမည်၊ သို့သော် အချိန်ကြာမြင့်စွာက ငါသည် ဘုရားသခင်ထံ ငါ့ကို သူလမ်းပြရန်အတွက် ငါ ဆန္ဒရှိသည်၊ ငါ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းပေါ် အမြန်ဆုံး ငါ ခြေချမည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို ဖြစ်နိုင်သမျှ မြန်မြန် ဖြည့်ဆည်းမည်ဟု သန္နိဋ္ဌာန်ပြုခဲ့သည့်အတွက်၊ ဤသည်မှာ ငါ၏လမ်းကြောင်း ဖြစ်သည်ဟု ငါထင်၏။ အခြားသူများ မည်သည့်အရာ တွေးသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်းသည် အဆုံးစွန် အရေးကြီး၏။ ငါ့အသက်တာတွင် မည်သည့်အရာမျှ သာ၍ အရေးမပါသကဲ့သို့၊ မည်သူမျှ ငါ့ကို ဤအခွင့်အရေးအား ပိတ်ပင်၍မရနိုင်ပေ။ ဤသည်မှာ ငါ၏ ကိုယ်ရေးကိုယ်တာ အမြင်ဖြစ်ပြီး၊ ယင်းကို နားမလည်နိုင်သောသူ ရှိကောင်းရှိမည်ဖြစ်သော်လည်း၊ ဤအရာကို ငါသည် မည်သူ့ကိုမျှ ရှင်းချက်ထုတ်ပြရမည်ဟု ငါ မထင်ပေ။ ငါလျှောက်သင့်သော လမ်းကြောင်းကို ငါလျှောက်မည်။ ငါ ရှိသင့်သော လမ်းကြောင်းကို ငါ သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ ထိုလမ်းကြောင်းကို ငါ လျှောက်မည်ဖြစ်ပြီး နောက်ဆုတ် လိမ့်မည်မဟုတ်။ ထို့ကြောင့်၊ ငါ ဤစကားများကို ပြန်ပြော၏- ဘုရားသခင်၏ အလိုကို လုပ်ဆောင်ရန် ငါ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ ငါ၏ ညီအစ်ကိုမောင်နှမများသည် ငါ့ကို အပြစ်မြင်လိမ့်မည်မဟုတ်ဟု ငါ သေချာသည်။ ခြုံငုံကြည့်လျှင်၊ ငါ ကိုယ်တိုင်ကိုယ်ကျ မြက်သည့်အတိုင်းဆိုပါက၊ အခြားလူတို့သည် မိမိတို့နှစ်သက်သည့်အရာကို ပြောနိုင်သည်၊ သို့သော် ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်းသည် အရေးကြီးဆုံးသော အရာဖြစ်ပြီး၊ ဤအရာတွင် ငါ့ကို မည်သည့်အရာကမျှ ဆွဲမထားနိုင်ဟု ငါ ခံစားရသည်။ ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်းသည် မည်သည့်အခါတွင်မျှ မမှားယွင်းနိုင်။ ယင်းသည် မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားဖြင့် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ငါ၏နှလုံးသားအတွင်းသို့ ကြည့်ရှုပြီးဖြစ်သည်ဟု ငါ ယုံကြည်သည်။ သို့ဆိုလျှင် ဤအရာကို သင်မည်သို့ နားလည်သင့်သနည်း။ သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် ပူဇော်ရန် လိုလားနေပါသလော။ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင် လိုလားနေပါသလော။ ဘုရားသခင်၏ အလိုကို လိုက်လျှောက်ရန် သင် သန္နိဋ္ဌာန်ပြုပါသလော။ ငါ၏ စကားများသည် ငါ၏ ညီအစ်ကိုမောင်နှမများအဖို့ အကူအညီအချို့ ဖြစ်နိုင်မည်ဟု ငါမျှော်လင့်သည်။ ငါ၏ ထိုးထွင်းသိမြင်မှုများနှင့်ပတ်သက်၍ နက်နဲသောအရာ မည်သည့်အရာမျှ မရှိသော်လည်း၊ ငါတို့၏ အတွင်းကျကျ ခံစားချက်များကို ငါတို့ကြားရှိ မည်သည့်အတားဆီးမျှ မရှိဘဲ ဝေမျှနိုင်ကြဖို့အလို့ငှာနှင့် ဘုရားသခင်သည် ငါတို့အလယ် အစဉ်ထာဝရှိစေဖို့အလို့ငှာ၊ ယင်းတို့ကို ငါတို့အား ငါ ပြောပြနေဆဲ ဖြစ်သည်။ ဤသည်တို့မှာ ငါ၏ နှလုံးသားမှ စကားများဖြစ်သည်။ ကောင်းပြီ။ ယနေ့ ငါ၏ စိတ်နှလုံးမှ ငါ ပြောဆိုရမည့်အရာမှာ ထိုမျှသာ ဖြစ်သည်။ ငါ၏ ညီအစ်ကိုမောင်နှမများသည် အလုပ်ကြိုးစားမြဲ ကြိုးစားနေကြလိမ့်မည်ဟု ငါ မျှော်လင့်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်သည် ငါတို့ကို အမြဲ စောင့်ရှောက်လိမ့်မည်ဟု ငါမျှော်လင့်သည်။

အရှေ့သို့- လမ်းကြောင်း... (၂)

နောက်တစ်ခုသို့- လမ်းကြောင်း... (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။