လမ်းကြောင်း... (၄)

လူတို့သည် ယနေ့ခေတ်ကာလတွင် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့ရှိနိုင်ခြင်း၊ ဘုရားသခင်အား ချစ်ခင်သည့် နည်းလမ်းများအား ရှာဖွေနိုင်ခြင်းနှင့် ယနေ့နိုင်ငံတော်၏ လေ့ကျင့်မှုကို လက်ခံရန် ဆန္ဒရှိခြင်းတို့အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်၏။ ထို့အပြင် လူသားမျိုးနွယ်အား ဘုရားသခင်၏ မြှင့်တင်ပေးခြင်းလည်း ဖြစ်၏။ ဤအချက်ကို ငါတွေးမိတိုင်း ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု အပေါ် အားကြီးသော အသိတရားတစ်ခုကို ငါရရှိ၏။ ဘုရားသခင်သည် ငါတို့အား အမှန်ပင် ချစ်၏။ သူ မချစ်လျှင်၊ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို အဘယ်သူသည် တွေ့နိုင်လိမ့်မည်နည်း။ ဤသို့ဖြင့်သာ ဤအမှုတော် အားလုံးကို ဘုရားသခင်ကိုယ်တော်တိုင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ကြောင်းနှင့် ဘုရားသခင်သည် လူတို့အား ဦးဆောင်လမ်းပြကြောင်း ငါမြင်၏။ ဤအတွက် ဘုရားသခင်အား ငါကျေးဇူးတင်သည့်အပြင်၊ ငါ၏ ညီအစ်ကို မောင်နှမတို့လည်း ဘုရားသခင်ကို ငါချီးမွမ်းရာ၌ ငါနှင့်အတူ ပါဝင်စေလိုသည်။ “အထွတ်အမြတ်ဆုံးသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့် ကိုယ်တော်၌ ဘုန်းတော်အားလုံး ရှိပါစေသတည်း။ ကိုယ်တော်၏ ဘုန်းတော်သည် တိုးပွား၍ ကိုယ်တော် ရွေးချယ်ထားပြီး၊ ရရှိထားသော ကျွန်ုပ်တို့၌ ထုတ်ဖော် ပါစေသော်။” ဘုရားသခင်သည် ငါ့အား အသိဉာဏ် ပွင့်လင်းစေခဲ့သည်- လွန်ခဲ့သော ကပ်ကမ္ဘာများစွာ ကတည်းက ငါတို့ကို ဘုရားသခင်သည် ကြိုတင် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ကြောင်းနှင့် နောက်ဆုံးသောကာလတွင် ငါတို့အား ရယူဖို့ ဘုရားသခင်၌ ဆန္ဒရှိခဲ့ကြောင်း၊ ထို့ကြောင့်လည်း ဘုရားသခင်၏ ဘုန်းတော် အလုံးစုံအား စကြဝဠာနှင့် အရာအားလုံးတို့ကို ငါတို့မှတစ်ဆင့် ကြည့်ခွင့်ပြုခဲ့ကြောင်းကို ဘုရားသခင်သည် ငါ့အား ပြခဲ့၏။ ဤသို့ဖြစ်ပါက ငါတို့သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ ပုံဆောင်မှု ဖြစ်၏။ ဤစကြဝဠာတစ်ခုလုံးတွင် ငါတို့သည် ဘုရားသခင်၏ စံပုံစံများ၊ နမူနာများ ဖြစ်ကြ၏။ ဘုရားသခင်သည် ငါတို့ကို မည်မျှချစ်ကြောင်းနှင့် ငါတို့၌ ဘုရားသခင် ပြုလုပ်တော်မူသော အမှုနှင့် ဘုရားသခင် မိန့်ကြားတော်မူသော နှုတ်ကပတ်တော်များသည် ယခင်ခေတ်များထက် အဆသန်းပေါင်းများစွာ ပိုများကြောင်း ယခုမှသာ ငါနားလည် သဘောပေါက်သည်။ ဘုရားသခင်သည် ဣသရေလနှင့် ရှင်ပေတရုတို့၌ပင် ဤမျှ များပြားသော အမှုတော်နှင့် ဤမျှ များပြားသော နှုတ်ကပတ်တော်တို့ကို ကိုယ်တော်တိုင် မလုပ်ခဲ့၊ မပြောခဲ့ပေ- ယင်းက ငါတို့ ဤအဖွဲ့သည် မယုံနိုင်လောက်အောင်ပင် အမှန်တကယ် ကောင်းချီးပေးခြင်းခံရကြောင်း၊ အတိတ်က သန့်ရှင်းသူများထက် နှိုင်းယှဉ်၍မရအောင် ပိုမို ကောင်းချီးပေးခြင်း ခံရကြောင်းကို ပြသသည်။ ထို့ကြောင့်လည်း ဘုရားသခင်က နောက်ဆုံးခေတ် ကာလ၏ လူတို့သည် ကောင်းချီးပေးခြင်းခံရသည်ဟု အမြဲဆိုခဲ့ခြင်း ဖြစ်၏။ အခြားသူများ မည်သို့ပင် ပြောကြပါစေ၊ ငါတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း အများဆုံး ခံရသူများဖြစ်ကြောင်း ငါယုံကြည်သည်။ ငါတို့အပေါ်သို့ ဘုရားသခင် ပေးသနားတော်မူသည့် ကောင်းချီးများကို ငါတို့ လက်ခံသင့်သည်။ ဘုရားသခင်အား မကျေမနပ် ပြောသူတစ်ချို့ ရှိကောင်း ရှိနိုင်သည်။ သို့သော် ဤကောင်းချီးများသည် ဘုရားသခင်ထံမှ လာပါက၊ ငါတို့သည် ထိုကောင်းချီးတို့နှင့် ထိုက်ကြောင်းကို ထိုအချက်က သက်သေခံသည်ဟု ငါယုံကြည်သည်။ အခြားသူတို့သည် ငါတို့နှင့်ပတ်သက်ပြီး ညည်းညူ ကြစေကာမူ သို့မဟုတ် မကျေနပ်စေကာမူ ငါ့တို့အား ဘုရားသခင် ပေးအပ်တော်မူသည့် ကောင်းချီးများကို ငါတို့ထံမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အမွေ မဆက်ခံနိုင်ကြောင်း သို့မဟုတ် မဖယ်ရှားနိုင်ကြောင်း ငါ ယုံကြည်ဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အား ငါတို့၌ ဆောင်ရွက်ပြီး အခြားသူများကို မပြောဘဲ၊ ငါတို့နှင့်သာ မျက်နှာချင်းဆိုင် ပြောဆိုတော်မူခြင်းတို့ကြောင့် ဘုရားသခင်သည် သူဆန္ဒ ရှိသည့်အတိုင်း လုပ်ဆောင်ခြင်း ဖြစ်၏။ ထို့အပြင် လူတို့သည် ယုံကြည်လက်ခံမှုမရှိလျှင်၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ရောက်အောင် ထိုသူတို့ ပြုလုပ်နေခြင်းမျှသာ မဟုတ်သလော။ ဤသို့လုပ်ခြင်းအားဖြင့် ထိုသူတို့သည် ကိုယ့်ကိုယ်ကိုယ် အထင်သေးစေရန် ပြုရာ မရောက်သလော။ ဘာကြောင့် ငါ ဤသို့သော အရာများကို ပြောရသနည်း။ ငါသည် ထိုအချက်အား လေးနက်စွာ နားလည်သဘောပေါက်သောကြောင့် ပြောခြင်းဖြစ်၏။ ဉပမာ ငါ၌ ဘုရားသခင် ပြုလုပ်တော်မူသည့် အမှုတော်ကို ကြည့်လော့- ဤအမှုတော်အား ငါတစ်ဦးတည်းသာ တာဝန်ယူနိုင်၏။ ယင်းကို အခြားတစ်စုံတစ်ဦး လုပ်နိုင်သလော။ ဘုရားသခင်ထံမှ ဤစေခိုင်းချက်တာဝန်ကို လက်ခံရရှိရန်အတွက် ငါသည် အတော်အတန် ကံကောင်းခဲ့၏။ ဤအမှုတော်ကို အခြားတစ်စုံတစ်ဦးသည် စိတ်ရူးပေါက်ကာ ပြုလုပ်နိုင်မည်လော။ မည်သို့ပင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများသည် ငါ့နှလုံးသားကို နားလည်မည်ဟု ငါမျှော်လင့်သည်။ ငါအရည်အချင်းမီကြောင်း သက်သေခံ အထောက်အထားများကို ငါသည် ကြွားဝါးနေခြင်း မဟုတ်ဘဲ၊ အကြောင်းအရာတစ်ရပ်ကို ရှင်းပြနေခြင်းသာ ဖြစ်သည်။ ငါသည် ဘုရားသခင်၌သာ ဘုန်းတော်အားလုံး ရှိစေလိုပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်၌ ငါတို့နှလုံးသားများသည် သန့်ရှင်းနေစေရန် ဘုရားသခင်အား ငါတို့ တစ်ဦးချင်းစီ၏ နှလုံးသားကို ကြည့်တော်မူစေချင်သည်။ ငါ့ နှလုံးသားထက်တွင်၊ ငါသည် ဘုရားသခင်၏ ရယူခြင်းကို အပြည့်အဝ ခံရရန်၊ ယဇ်ပလ္လင်ထက်တွင် ယစ်ပူဇော်ခံရသည့် အပျိုစင်ဖြစ်ရန်၊ ထို့အပြင် လူသားမျိုးနွယ် အားလုံးကြားတွင် သန့်ရှင်းသော ဝိညာဉ်ခန္ဓာအဖြစ် ပေါ်ထွန်းလျက်၊ သိုးသငယ်၏ နာခံမှုမျိုး ရှိရန် အလိုရှိ၏။ ဤသည်မှာ ဘုရားသခင် ရှေ့တော်မှောက်၌ ပြုလုပ်ထားသည့် ကျမ်းသစ္စာ၊ ငါ၏ ကတိဖြစ်သည်။ ဤကတိသစ္စာကို ငါ ဖြည့်ဆည်းပြီး ဤကတိသစ္စာဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါ ပြန်ဆပ်လိုသည်။ အသင် ဤသို့ လုပ်ရန် လိုလိုလားလား ရှိသလော။ ငါ၏ ဤကတိသည် ပိုများသည့် ငယ်ရွယ်သူ ညီအစ်ကို မောင်နှမများကို အားတိုးစေမည်၊ ထို့အပြင် ပိုများသည့် လူငယ်များအား မျော်လင့်ချက်များ ရရှိစေမည်ဟု ငါ ယုံကြည်သည်။ ငါ့အမြင်တွင် ဘုရားသခင်သည် လူငယ်များအား အထူးအရေးကြီးသူများအဖြစ် ရှုမြင်ပုံ ရသည်။ ဤသည်မှာ ငါ၏ ဘက်လိုက်သောအမြင် ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့သော် လူငယ်များတွင် အလားအလာများနှင့် မျှော်လင့်ချက် ရှိကြသည်ဟု ငါ အမြဲ ခံစားရသည်။ ဘုရားသခင်သည် လူငယ်များ၌ အမှုတော်ကို ပိုဆောင်ရွက်ပုံရသည်။ လူငယ်များတွင် ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာ ကင်းမဲ့ကောင်း ကင်းမဲ့နေနိုင်သည်။ ထို့အပြင် ထိုသူတို့သည် မွေးခါစ နွားသူငယ်ပမာ တက်ကြွပြီး ဂနာမငြိမ် ဖြစ်ကောင်း ဖြစ်နိုင်ကြသည်၊ သို့သော်လည်း ထိုသူတို့သည် အရည်အချင်း ကင်းမဲ့ကြသူများ မဟုတ်ဟု ငါ ယုံကြည်သည်။ လူငယ်ဘဝ၏ အပြစ်ကင်းစင်မှုနှင့် ၎င်းတို့သည် အမှုအရာအသစ်များကို လျင်မြန်စွာ လက်ခံနိုင်သည်ကို ထိုသူတို့ထံ၌ အသင်တို့ မြင်နိုင်သည်။ လူငယ်များသည် မာနထောင်လွှားတတ်သည်၊ ကြမ်းကြုတ်တတ်ပြီး မဆင်မခြင် ပြုမူတတ်ကြသော်လည်း၊ ယင်းက အလင်းသစ်ကို လက်ခံနိုင်သည့် ၎င်းတို့၏ စွမ်းရည်အား မထိခိုက်စေပါ၊ အဘယ့်ကြောင်ဆိုသော် လူငယ်တို့သည် ဟောင်းနွမ်းကာ ခေတ်မမီတော့သည့် အရာများအား ဆုပ်ကိုင်ခဲသောကြောင့် ဖြစ်၏။ ထို့ကြောင့် လူငယ်များတွင် အတိုင်းအဆမဲ့သည့် ကတိနှင့် ၎င်းတို့၏ အသက်ပါခြင်းကို ငါ မြင်ရခြင်းဖြစ်၏။ ဤအကြောင်းကြောင့်ပင် လူငယ်များအတွက် နူးညံ့သည့် ခံစားချက် ငါ့၌ ရှိခြင်းဖြစ်၏။ အသက်ကြီးသည့် ညီအစ်ကိုမောင်နှမများအား ငါ မကြိုက်ခြင်း မဟုတ်ပေ၊ သို့သော် ထိုသူတို့တွင် ငါ့အတွက် စိတ်ဝင်စားစရာလည်း မရှိ။ ဤအတွက် ထိုသူတို့အား ငါ အမှန်တကယ် တောင်းပန်၏။ ငါပြောခဲ့သည့်စကားသည် မသင့်လျော်သည့် စကား သို့မဟုတ် စာနာမှု ကင်းမဲ့သည့်စကား ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့သော် ငါသည် စကားကို မည်သို့ ပြောရမည်ကို သတိများစွာ ထားရန် ငယ်လွန်းသည့်အတွက် ငါ၏ အဆင်ခြင်မဲ့မှုကို သင်တို့အားလုံး ခွင့်လွှတ်နိုင်လိမ့်မည်ဟု ငါ မျှော်လင့်သည်။ သို့သော် အမှန်ကို ပြောရလျှင်၊ အသက်ကြီးသည့် ညီအစ်ကို မောင်နှမများသည် တကယ်တော့ အမှုတော်တစ်ရပ် တကယ်ကို ဆောင်ရွက် ကြသည်၊ ၎င်းတို့သည် လုံးဝ အသုံးမဝင်ကြသူများ မဟုတ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ကိစ္စရပ်များကို ကိုင်ကွယ်ရာတွင် အတွေ့အကြုံ ရှိကြသည်။ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ထိုသူတို့သည် တည်ငြိမ်ကြသည်။ ထို့အပြင် ထိုသူတို့သည် အမှားများစွာ မလုပ်ကြ။ ဤအချက်တို့သည့် ၎င်းတို့၏ အားသာချက်များ မဟုတ်ကြသလော။ ဘုရားသခင်ရှေ့တော်၌ “အို ဘုရားသခင်၊ ကျွန်ုပ်တို့၏ မတူညီသော အခြေအနေများတွင် ကျွန်ုပ်တို့ ကိုယ်တိုင်၏ အလုပ်တို့ကို ကျွန်ုပ်တို့အားလုံး ဖြည့်ဆည်း နိုင်ကြပြီး ကိုယ်တော်၏ အလိုတော်အတွက် ကျွန်ုပ်တို့ အားလုံး အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေသော်။” ဟု ငါတို့ အားလုံး ပြောကြစို့။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်ရမည်ဟု ငါ ယုံကြည်၏။

ငါ၏အတွေ့အကြုံအရ၊ ဤဆွေးနွေးချက်ကို တိုက်ရိုက် ဆန့်ကျင်သူ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ဆန့်ကျင်ကြသူများစွာတို့သည် အသက်ကြီးသူများ ဖြစ်ကြ၏။ ထိုသူတို့တွင် အလွန်ပြင်းထန်သည့် ဘာသာရေး အယူအဆများ ရှိကြသည်။ ထိုသူတို့သည် အချိန်တိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ခေတ်ကုန်သွားသည့် အရာများနှင့် နှိုင်းယှဉ်ကြပြီး အတိတ်က လက်ခံထားသည့် အရာများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီမှုရှိအောင် ကြိုးစားကြသည်။ ထိုသူတို့သည် ရယ်စရာ မကောင်းသလော။ ထိုကဲ့သို့သောသူတို့သည် ဘုရားသခင် ၎င်းတို့အား အပ်နှင်းထားသည့် အမှုတော်ကို ထမ်းရွက်နိုင်မည်လော။ ဘုရားသခင်သည် သူ၏အမှုတော်၌ ထိုကဲ့သို့သောသူတို့ကို အသုံးပြုနိုင်မည်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အလုပ်၏ မည်သည့်နေ့ရက်မဆိုအတွက် နည်းလမ်း တစ်ရပ်ရှိ၏။ အကယ်၍ လူတို့သည် ၎င်းတို့၏ ခေတ်နောက်ကျသော အရာများကို ဖက်တွယ်နေပါက၊ ထိုသူတို့သည် သမိုင်းစင်မြင့်ထက်မှ တွန်းချခံရသည့် နေ့ရက် ရောက်လာပေမည်။ သူ့အမှု၏အဆင့်တိုင်း၌ ဘုရားသခင်သည် လူသစ်များကို အသုံးပြုသည်။ အခြားသူတို့အား သုံးမရတော့သည့် အရာများဖြင့် သြဝါဒပေးရန် ကြိုးစားသူတို့သည် လူများကို ပျက်စီးစေသည် မဟုတ်သလော။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်၏ အလုပ်အား နှောင့်နှေးစေသည် မဟုတ်သလော။ ဤအခြေအနေ ဖြစ်ပါက၊ ဘုရားသခင်၏ အမှုတော်သည် အဘယ်အခါ ပြီးမြောက်လေမည်နည်း။ ငါ ယခုပြောခဲ့သည့် အရာနှင့်ပတ်သက်ပြီး အယူအဆအချို့ ရှိသူများ ရှိကောင်း ရှိနိုင်သည်။ ထိုသူတို့သည့် လက်ခံယုံကြည်နိုင်ခြင်း မရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ငါသည် သင့်အား မစိုးရိမ်စေချင်ပေ- မကြာမီတွင် ဤသို့သော အရာများစွာ ဖြစ်လိမ့်မည်၊ ထို့အပြင် ထိုအရာတို့အား အဖြစ်မှန်များဖြင့်သာ ရှင်းပြနိုင်သည်။ အရေးပါသူအချို့၊ ဂုဏ်သတင်းကြီးသည့် သင်းအုပ်ဆရာတစ်ချို့ သို့မဟုတ် သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူ အချို့ထံ အလည်သွားကာ ဤရေစီးကြောင်းကို ဟောကြားကြစို့။ ထိုသူတို့သည် ယင်းကို အစတွင် ပွင့်ပွင့်လင်းလင်း ခုခံကြမည် မဟုတ်ပေ၊ ထိုအချက်သည် သေချာသည်- သို့သော်လည်း ထိုသူတို့သည် သင့်အား စိန်ခေါ်ရန် သမ္မာကျမ်းစာကို ထုတ်ယူလိမ့်မည်။ ထိုသူတို့သည် ဟေရှာယ အနာဂတ္တိကျမ်းနှင့် ဒံယေလအနာဂတ္တိကျမ်းတို့ကို သင့်အား ပြောခိုင်းလိမ့်မည်၊ ထို့အပြင် သင့်အား ဗျာဒိတ်ကျမ်းကိုပင် ရှင်းပြခိုင်းလိမ့်မည်။ အကယ်၍ သင်က ထိုအကြောင်းတို့ကို မပြောနိုင်လျှင်၊ ထိုသူတို့သည် သင့်ကို ငြင်းပယ်လိမ့်မည် ဖြစ်ပြီး သင့်အား ခရစ်တော်၏ အယောင်ကိုဆောင်သောသူဟု ခေါ်ကြလိမ့်မည်၊ ထို့အပြင် သင်သည် အဓိပ္ပာယ်မရှိသော နည်းလမ်း တစ်လမ်းကို ဖြန့်ဝေနေသည်ဟု ဆိုကြလိမ့်မည်။ တစ်နာရီ ကြာသည့်နောက် သင့်အား အသက်ရှုရပ်တန့် သွားစေနိုင်သည့် စွပ်စွဲချက်အမှားများဖြင့် ထိုသူတို့က စွပ်စွဲကြလိမ့်မည်။ ၎င်းသည် ပွင့်လင်းစွာ ဆန့်ကျင်ခြင်း မဟုတ်သလော။ သို့သော် ဤသည်မှာ အစသာ ရှိသေး၏။ ဘုရားသခင်၏ အမှုတော်၏ နောက်တစ်ဆင့်ကို ထိုသူတို့ မတားဆီးနိုင်ကြပေ၊ ထို့အပြင် မကြာမီတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူတို့အား လက်ခံလာအောင် ဖိအားပေးလိမ်မည်။ ၎င်းသည် ရှောင်လွှဲမရသည့် လမ်းကြောင်း ဖြစ်သည်။ ထိုအရာသည် လူသားတို့ လုပ်နိုင်စွမ်း မရှိသည်အရာ ဖြစ်ပြီး လူသားတို့ စိတ်ကူး၍ပင် မရနိုင်သည့် အရာဖြစ်၏။ ဘုရားသခင်၏ အမှုတော်သည် စကြဝဠာ တစ်လျှောက် အတားအဆီး မရှိ ပျံ့နှံ့သွားမည်ဟု ငါ ယုံကြည်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်ပြီး မည်သူမှ ၎င်းကို မတားဆီးနိုင်ပေ။ ဘုရားသခင်သည် ငါတို့အား အသိဉာဏ်ပွင့်စေပြီး ငါတို့အား အလင်းသစ်များကို ပိုပြီး လက်ခံနိုင်ခွင့်ပြုစေပါ၊ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအား နှောင့်ယှက်ခွင့် မပြုပါစေနှင့်။ ဘုရားသခင်၏ ဘုန်းတော်ရှိသည့် နေ့ရက် ရောက်လာသည်ကို ငါတို့အားလုံး မြင်နိုင်ကြရန် ဘုရားသခင်သည့် ငါတို့အပေါ် သနားကရုဏာရှိပါစေ။ စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင် ဘုန်းအသရေတွင် မွေ့လျော်ခံစားနိုင်သည့် အချိန်သည် ဘုရားသခင်နှင့်အတူ ငါတို့သည်လည်း ဘုန်းပွင့်မည့်အချိန် ဖြစ်ပေမည်။ ထိုအချိန်တွင် ငါနှင့်အတူ လျှောက်ကြသူများနှင့် ငါ ခွဲခွာရမည့် အချိန်လည်း ဖြစ်ပုံရသည်။ ဘုရားသခင်၏ ဘုန်းပွင့်သည့် နေ့ရက်ကို ကျွန်ုပ်တို့၏ ဘဝသက်တမ်းတွင် ကျွန်ုပ်တို့ အားလုံး မြင်နိုင်ရန်အလို့ငှာ၊ ဘုရားသခင်၏ ကြီးမြတ်သည့် အမှုတော်သည် မကြာမီတွင် စုံလင်ပါစေဟု- ငါ၏ ညီအစ်ကိုမောင်နှမများသည် ငါနှင့်အတူ အသံမြှင့်ပြီး ဘုရားသခင်အား မေတ္တာရပ်ခံကြမည်ဟု ငါ မျှော်လင့်သည်။ ငါ၏ သက်တမ်းတွင် ဘုရားသခင်၏ အလိုတော်ကို စွမ်းဆောင် ရရှိရန် ငါမျှော်လင့်ဆဲ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ငါတို့၌ သူ့အမှုတော်အား ဆက်လက် လုပ်ဆောင်တော်မူပြီး မည်သည့်အခါမျှ အဟန့်အတား တစ်စုံတစ်ရာ ရှိမည်မဟုတ်ဟု ငါ မျှော်လင့်သည်။ ဤသည်မှာ ငါ၏ ထာဝရ ရည်မှန်းချက်ဆန္ဒ ဖြစ်သည်။ ဘုရားသခင်သည် ငါတို့အကြားတွင် ထာဝရ ရှိတော်မူပါစေ။ ပြီးလျှင် ငါတို့ကြား ခင်မင်ရင်နှီးမှုသည် ပိုပြီး အားကောင်းလာစေရန်၊ ဘုရားသခင်၏ မေတ္တာတော်သည် ငါတို့အကြားတွင် ပေါင်းကူးတံတားများကို တည်ဆောက်ပေးတော်မူပါစေ။ ချစ်ခြင်းမေတ္တာသည် ငါတို့ကြား ပိုမိုနားလည်မှုကို ဖန်တီးပေးပြီး ချစ်ခြင်းမေတ္တာသည် ငါတို့ထံ ပိုမိုနက်ရှိုင်းသည့် ရင်းနှီးခင်မင်မှုကို ယူဆောင်ပေးနိုင်ဖို့ ငါတို့ကြားထဲက ခပ်ခွာခွာ ဖြစ်နေခြင်း မှန်သမျှကိုလည်း ဖယ်ရှားပေးတော်မူဖို့၊ ငါတို့ကြားက ချစ်ခြင်းမေတ္တာသည် ပိုမိုနက်ရှိုင်း၊ ပိုမိုကျယ်ပြန့်ကာ၊ ပိုမိုချိုမြိန်လာဖို့တို့ကို ငါမျှော်လင့်သည်။ ဤအရာကား ဘုရားသခင်၏ အလိုတော်ဖြစ်ရမည်ဟု ငါ ယုံကြည်သည်။ ငါ၏ ညီအစ်ကိုမောင်နှမများသည် ငါနှင့် ပိုမိုနီးကပ်လာပြီး ငါတို့ အတူတကွရှိနေသည့် တိုတောင်းသည့် နေ့ရက်များကို ငါတို့အားလုံး တန်ဖိုးထားနိုင်ဖို့၊ ထိုနေ့ရက်များသည် ငါတို့အတွက် လှပသည့် အမှတ်တရများအဖြစ် ဖြည့်ဆည်းနိုင်ကြဖို့ ငါ မျှော်လင့်သည်။

တရုတ်ပြည်မကြီးတွင် ဘုရားသခင်၏အမှုတော်၏ ပိုမိုများပြားသည့် လုပ်ငန်းအဆင့်များ ရှိကောင်း ရှိနိုင်ခဲ့ပေမည်၊ သို့သော်လည်း ၎င်းတို့သည် မရှုပ်ထွေးကြပေ။ ထိုအကြောင်းကို စဉ်းစားသည့်အခါ၊ ဘုရားသခင်၏ အမှုတော်၏ အဆင့်တိုင်းတွင် အနက်အဓိပ္ပာယ် ရှိသည်။ အဆင့်တိုင်းအား ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့ပြီး၊ ဤအမှုတော်တွင် လူတိုင်းသည် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ကပြခဲ့ကြသည်။ ဇာတ်လမ်း တစ်ခန်းစီသည် အမှန်ပင် ရယ်စရာ ကောင်းပေသည်။ ထို့အပြင် ဤသို့သော ပြဇာတ်တွင် ထိုလူများ သရုပ်ဆောင်ကြပြီး၊ စစ်ဆေးမှုတိုင်းတွင် ၎င်းတို့၏ သရုပ်ဆောင်ချက်များသည် အလွန်ဘဝဆန်လှကာ၊ လူသား သရုပ်ဖော်သည့် ဟန်ပန်အမူအရာအားလုံး၏ တစ်ခုချင်းစီသည် နေ့၏အလင်းကို များစွာ ဖော်ထုတ်လျက် ဘုရားသခင်၏ ကလောင်တံ အောက်တွင် အလွန် ရှင်းလင်းပီပြင်စွာ လုံးလုံးရှိနေသည်ကို မည်သူက စိတ်ကူးမိမည်နည်း။ သို့သော် ဤသို့ပြောခြင်းဖြင့် ဘုရားသခင်သည် သူ၏အမှုတော်တစ်လျှောက် လူသားတို့နှင့် ကစားနေသည်ဟု ငါဆိုလိုခြင်း မဟုတ်။ ထိုသို့ပြုလုပ်ခြင်း၌ အဓိပ္ပာယ် မရှိပေ။ ဘုရားသခင်၏ အမှုတော်တွင် ရည်ရွယ်ချက် ရှိပြီး ဘုရားသခင်သည် မည်သည့်အရာကိုမှ အဓိပ္ပာယ်မဲ့ သို့မဟုတ် အကျိုးမဲ့ လုပ်တော်မမူ။ ဘုရားသခင် ပြုလုပ်တော်မူသမျှသည် လူတို့အား စုံလင်စေရန်နှင့် လူတို့အား ရယူရန်ဖြစ်၏။ ဤအရာမှ ဘုရားသခင်၏ နှလုံးသားသည် လူသားတို့ ကောင်းကျိုးအတွက်သာ လုံးလုံးဖြစ်သည်ကို ငါ အမှန်တကယ် မြင်ရသည်။ ၎င်းကို ငါက ဇာတ်လမ်းဟု ခေါ်မိကောင်း ခေါ်မိခဲ့လိမ့်မည်၊ သို့သော် ထိုဇာတ်လမ်းကို တကယ့်ဘဝမှ ထုတ်နုတ်ထားသည် ဟုလည်း ပြောနိုင်သည်။ ဤဇာတ်လမ်း၏ အထွေထွေ ဒါရိုက်တာဖြစ်သူ ဘုရားသခင်အဖို့မူ လူသားများသည် သူ့အမှုတော် ပြီးမြောက်ရန်အလို့ငှာ သူနှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက် ရှိနေရခြင်းသာ ဖြစ်၏။ သို့သော် နောက်ထပ် သဘောတရားတစ်ခုမှာ၊ ဘုရားသခင်သည် လူတို့အား ရရှိရန်နှင့် သူ့အား လူတို့ ပိုပြီး ချစ်ခင်စေရန်အတွက် ဤအမှုတော်အား အသုံးပြုခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော် မဟုတ်သလော။ ထို့ကြောင့် မည်သူမျှ စိုးရိမ်ပူပန်မှု မရှိဟု ငါ မျှော်လင့်သည်။ အသင်သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ မသိသလော။ ငါ စကားများစွာ ပြောပြီးပြီ- ညီအစ်ကို မောင်နှမတို့သည် ငါ့စကားအားလုံးကို နားလည်ပြီး၊ ငါ့နှလုံးသားအား လွဲမှားစွာ အနက် အဓိပ္ပာယ် မကောက်ယူကြဟု ငါမျှော်လင့်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ ရယူခြင်းခံရမည်ကို ငါ သံသယ မရှိ။ လူတိုင်းသည် မတူသည့် လမ်းကြောင်းကို လျှောက်လှမ်း ကြသည်။ သင်တို့ခြေထောက်အောက်ရှိ လမ်းကြောင်းသည် ဘုရားသခင် ဖွင့်ပေးထားခြင်း ဖြစ်စေလော့- အို ဘုရားသခင်။ ကျွန်ုပ်၏ ဝိညာဉ်သည် အရှင့်ထံ ပြန်လည် ရောက်ရှိသွားရန်အတွက် ကိုယ်တော် ကျွန်ုပ်အား ရယူရန် ကျွန်ုပ် ဆန္ဒရှိပါသည်ဟု ဆိုကာ ဘုရားသခင်ထံ သင်တို့ ဆုတောင်းကြစေလော့။ သင့်ဝိညာဉ်အတွင်းထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှုကို ရှာရန် အသင် အဆင်သင့် ဖြစ်ပြီလော။

အရှေ့သို့- လမ်းကြောင်း... (၃)

နောက်တစ်ခုသို့- လမ်းကြောင်း… (၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။