လမ်းကြောင်း… (၅)

အတိတ်ကာလတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မည်သူမျှ မသိခဲ့ကြချေ၊ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သည့် လမ်းကြောင်းကို သာ၍ပင် သတိမမူမိကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်၌ လူတို့ အမြဲပေါကျန်ရစ်ခဲ့ကြရသည်။ ဘုရားသခင်ကို ယုံကြည်သူတိုင်းက သန့်ရှင်းသော ဝိညာဉ်တော်ကို မသိရှိကြသကဲ့သို့၊ ၎င်းတို့၏ ယုံကြည်ခြင်းက ကမောက်ကမဖြစ်ကာ ရှုပ်ထွေးသည်ဟု ပြောဖို့ သင့်လျော်ပေလိမ့်မည်။ သိသိသာသာပင်၊ လူတို့သည် ဘုရားသခင်ကို နားမလည်ကြချေ။ ပြီးလျှင်၊ သူ့ကို ယုံကြည်သည်ဟု ၎င်းတို့၏ နှုတ်များက ပြောနိုင်သော်လည်း၊ အနှစ်သာရအားဖြင့်၊ ၎င်းတို့၏ အပြုအမူများပေါ် အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်ကို မဟုတ်ဘဲ၊ မိမိတို့ကိုယ်ကိုယ် ယုံကြည်ကြသည်။ ငါကိုယ်တိုင်၏ တကယ့်အတွေ့အကြုံများတွင်၊ ဘုရားသခင်က လူ့ဇာတိခံ ဘုရားသခင်အား သက်သေခံသည်ကို ငါမြင်ပြီးဖြစ်သကဲ့သို့၊ အပြင်ပန်းတွင် ဘုရားသခင်၏ သက်သေခံချက်ကို လူတို့က အသိအမှတ်ပြုရန် အကျပ်ကိုင်ခံရပုံပေါ်လေသည်၊ ဘုရားသခင်၏ ဝိညာဉ်က အမှားအယွင်း လုံးဝမရှိဟု ၎င်းတို့ ယုံကြည်ကြောင်း ပြောနိုင်ရုံလေးသာ ပြောနိုင်ပေသည်။ သို့သော်၊ လူတို့ ယုံကြည်ကြသည်မှာ ဤလူပုဂ္ဂိုလ် မဟုတ်ပေ၊ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ရန် သာ၍ပင် မဟုတ်ဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင် ခံစားချက်များဖြစ်သည်ဟု ငါပြော၏။ ယင်းကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ယုံကြည်နေကြခြင်းသာ ဖြစ်သည် မဟုတ်လော။ ငါပြောသည့်အရာ မှန်ကန်၏။ လူတို့၏အကျင့်စရိုက်များကို ငါမတရားဖော်ပြနေခြင်း မဟုတ်၊ သို့သော် ငါ ရှင်းပြရမည့် အရာတစ်ခု ရှိ၏။ လူတို့သည် ရှင်းလင်းမှုရှိသည်ဖြစ်စေ၊ စိတ်ရှုပ်ထွေးသည်ဖြစ်စေ ၎င်းတို့ ယနေ့ထံ ခေါ်ဆောင်ခဲ့ခြင်းခံရဖို့မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏တာဝန် လုံးဝဖြစ်ပေသည်။ ယင်းသည် လူသားတို့ ထိန်းချုပ်မှုတစ်ခုတစ်လေရှိသည့် အရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ လူတို့၏ ယုံကြည်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က အတင်းအကျပ်ပြုခြင်းနှင့် ပတ်သက်၍ ယခင်က ငါ ပြောခဲ့သည့် အရာ၏ ဥပမာတစ်ခု ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်‌တော် အမှုပြုသည့် နည်းလမ်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ အနှစ်သာရအားဖြင့် မည်သူကို လူတို့ ယုံကြည်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ၎င်းတို့၏ စိတ်နှလုံးများထဲ ဘုရားသခင်ကို ယုံကြည်စေရင်း ခံစားချက် တစ်မျိုးကို အတင်းအကျပ် ပေးလေသည်။ ယင်းမှာ သင် ယုံကြည်သည့် ပုံပင် မဟုတ်လော။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုသည် ထူးဆန်းသောအရာတစ်ခု ဖြစ်သည်ဟု သင် မခံစားရသလော။ ဤရေစီးကြောင်းမှ သင် မလွတ်မြောက်နိုင်သည်မှာ ထူးဆန်းသည်ဟု သင် မထင်သလော။ ဤအကြောင်းကို တွေးတောရန် သင်အားထုတ်မှု တစ်ခုတစ်လေ မပြုသလော။ ဤသည်မှာ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများအားလုံးထဲမှ အကြီးမားဆုံး မဟုတ်လော။ သင်သည် လွတ်မြောက်ဖို့ ပြင်းပြသည့်ဆန္ဒ အကြိမ်များစွာ ရှိခဲ့လျှင်ပင်၊ သင့်ကို ဆွဲဆောင်ပြီး အဝေးထွက်သွားဖို့ ဝန်လေးစေသည့် တန်ခိုးကြီးမားသည့် အသက် အင်အားတစ်ခု အမြဲရှိလေသည်။ ထိုသို့သော အခြေအနေများ၌ ရှိသည်ကို သင့်ကိုယ်သင် တွေ့ရသည့် အကြိမ်တိုင်းတွင်၊ နောက်ဘာလုပ်ရမည်ကို သင် မသိဘဲ အစဉ်အမြဲ စတင် မျက်ရည်ကျကာ ရှိုက်ငိုလေသည်။ သင်တို့ထဲမှ အချို့သည် ထွက်သွားဖို့ ကြိုးစားကြသည်၊ သို့သော် သွားဖို့ သင် ကြိုးစားသည့်အခါ၊ သင့်နှလုံးကို ဓါးဖြင့် ထိုးသကဲ့သို့ ခံစားရသည်၊ သင့်နှလုံးသားကို ဂနာမငြိမ်ဖြစ်စေပြီး ငြိမ်သက်ခြင်း ကင်းမဲ့စေရစ်လျက် သင်၏ ဝိညာဉ်ကို လောကီနှင့်ဆိုင်သော တစ္ဆေတစ်ကောင်ကောင်က သင့်ထံမှ ယူသွားသကဲ့သို့ ခံစားရလေသည်။ ထို့နောက်တွင်၊ သင်သည် သင့်ကိုယ်သင် အားတင်းကာ ဘုရားသခင်ထံ ပြန်မသွားဘဲ မနေနိုင်ဖြစ်လေသည်။ ... ဤအတွေ့အကြုံ သင် မရှိခဲ့ဖူးလော။ မိမိတို့၏နှလုံးသားများကို ဖွင့်ဟနိုင်သည့် ပိုမို ငယ်ရွယ်သော ညီအစ်ကိုမောင်နှမများက၊ “ဟုတ်သည်။ ဤအရာကို ကျွန်ုပ် အကြိမ်များစွာ တွေ့ကြုံဖူးသည်၊ ယင်းကို တွေးဖို့ ကျွန်ုပ် ရှက်မိသည်” ဟု ပြောလိမ့်မည်မှာ ငါ သံသယမရှိချေ။ ငါကိုယ်တိုင်၏ နေ့စဉ် အသက်တာတွင်၊ ငါသည် ငါ၏ ငယ်ရွယ်သော ညီအစ်ကို မောင်နှမများကို ငါ၏ အရင်းအချာများကဲ့သို့ ဆက်ဆံဖို့ ငါ အလွန်လိုလားသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အထဲတွင် အပြစ်ကင်းစင်မှု အလွန်များစွာ ရှိသောကြောင့်ဖြစ်သည် - ၎င်းတို့သည် အလွန်ဖြူစင်ပြီး ချစ်ဖွယ်ကောင်းကြ၏။ ၎င်းတို့သည် ငါကိုယ်တိုင်၏ အပေါင်းအဖော်များကဲ့သို့ ဖြစ်လေသည်။ ထို့ကြောင့် ငါတို့၏ စံနမူနာများနှင့် အစီအစဉ်များအကြောင်း ဆွေးနွေးရန် ငါ၏ အရင်းအချာများအားလုံးကို အတူတကွ ခေါ်ဆောင်ဖို့ အခွင့်အရေးအား ငါ အမြဲရှာဖွေနေခြင်း ဖြစ်သည်။ ငါတို့ကြား မည်သည့် အတားအဆီး သို့မဟုတ် အကွာအဝေးမျှမရှိဘဲ ငါတို့အားလုံး အသားနှင့် အသွေးကဲ့သို့ ဖြစ်ကြဖို့ရန်အလို့ငှာ ငါတို့အထဲတွင် ဘုရားသခင်၏ အလိုတော် ဆောင်ရွက်ပါစေ။ ငါတို့အားလုံး ဘုရားသခင်ထံ “အို ဘုရားသခင်။ ကိုယ်တော်၏ အလိုတော်ဖြစ်ပါက၊ ကျွန်ုပ်တို့ စိတ်နှလုံးများထဲက စိတ်ဆန္ဒများကို ကျွန်ုပ်တို့ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ မှန်ကန်သည့် ပတ်ဝန်းကျင် ကိုယ်တော် ကျွန်ုပ်တို့အား ပေးဖို့ ကျွန်ုပ်တို့ တောင်းလျှောက်ပါ၏။ ငယ်ရွယ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သည့် ကျွန်ုပ်တို့အပေါ် ကိုယ်တော် ကရုဏာထားပြီး ကျွန်ုပ်တို့ စိတ်နှလုံးများထဲက ခွန်အားကို အသုံးဖို့ရန် ကျွန်ုပ်တို့ကို အခွင့်ပေးတော်မူပါ” ဟု ဆုတောင်းနိုင်ကြပါစေ။ အချိန်ကြာမြင့်စွာကတည်းက ဘုရားသခင်ထံ ငါ ဆုတောင်းပြီး၊ “အဖ။ ကမ္ဘာမြေပေါ် ကိုယ်တော်၏ အလိုတော် မကြာခင် တည်နိုင်မည့်ငှာ ဆုတောင်းမေတ္တာပို့လျက် ကိုယ်တော့်ထံ ကမ္ဘာမြေပေါ်၌ ကျွန်ုပ်တို့ မရပ်မနား အော်ဟစ်ကြပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် ရှာဖွေပါမည်။ ကိုယ်တော် လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ပြီး အမြန်ဆုံး ကျွန်ုပ်အထဲ၌ ကိုယ်တော်၏ တာဝန်ကို ပြည့်စုံစေတော်မူပါ။ ကိုယ်တော်၏ အလိုတော် မကြာမီ ပြည့်စုံမည်ဟု ဆိုလိုပါက၊ ကျွန်ုပ်တို့အလယ် အသစ်သော လမ်းကြောင်းတစ်ခု ကိုယ်တော် ဖွင့်ပေးဖို့အတွက်ပင် ကျွန်ုပ် လိုလားလျက် နေပါ၏။ ကိုယ်တော်၏ အမှု မကြာမီ ပြည့်စုံနိုင်ဖို့သာ ကျွန်ုပ် တောင်းလျှောက်ပါ၏၊ ပြီးလျှင် မည်သည့် စည်းကမ်းများကမျှ ထိုအမှုကို မထိန်းနိုင်သည်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ဆိုသည့်အတွက်၊ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်ဟု ငါ ယုံကြည်၏။ ယနေ့ ဘုရားသခင်၏ အမှုမှာ ထိုသို့ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းကို သင် မမြင်သလော။ အသက်ပိုကြီးသော ညီအစ်ကို မောင်နှမများကို ငါ ဆုံသည့် အကြိမ်တိုင်းတွင်၊ ငါသည် ဤဖော်ပြမရနိုင်သော ဖိစီးမှု ခံစားရ၏။ ၎င်းတို့နှင့် ငါ ဆုံသည့်အခါ၊ ၎င်းတို့သည် လူမှုအဖွဲ့အစည်း၏ အနံ့ထွက်သည်ကို ငါ တွေ့ရသည်။ ၎င်းတို့၏ ဘာသာရေး အယူအဆများ၊ အမှုအရာများကို ကိုင်တွယ်ခြင်းနှင့်ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံများ၊ ၎င်းတို့၏ စကားပြောဆိုသည့် ပုံစံ၊ ၎င်းတို့ အသုံးပြုသည့် စကားလုံးများ၊ စသဖြင့် - ထိုအရာများအားလုံးသည် စိတ်ကုန်စရာကောင်းပေ၏။ ၎င်းတို့သည် အဆိုအရတော့ “ဉာဏ်ပညာ” ဖြင့် ပြည့်ကြ၏။ ငါကိုယ်တိုင်အတွက်မူ ငါသည် လောကထဲ၌ အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များဖြင့် မရှိသောကြောင့်၊ ၎င်းတို့ထံမှ ငါသည် ဝေးနိုင်သမျှ ဝေးဝေး အမြဲနေ၏။ ဤလူတို့နှင့် ငါ ဆုံသည့်အခါတိုင်းတွင်၊ ၎င်းတို့သည် ငါ့ခေါင်းကို ချွေးဖြင့် ဖုံးလွှမ်းစေလျက် ငါ့ကို ပင်ပန်းနွမ်းနယ်စေရစ်ကြသည်။ တစ်ခါတစ်ရံတွင် ငါသည် အလွန် စိတ်ဖိစီးမှု ခံစားရသည်မှာ အသက်မရှုနိုင်အောင် ဖြစ်သည်။ ထို့ကြောင့် ဤအန္တရာယ်များသော အခိုက်အတန့်တွင်၊ ဘုရားသခင်က ငါ့ကို ကြီးမားသည့် ထွက်ပေါက်တစ်ခု ပေးလေသည်။ ယင်းသည် ငါ၏ နားလည်မှုလွဲခြင်းသာ ဖြစ်ကောင်းဖြစ်မည်။ ဘုရားသခင်ကို အကျိုးဖြစ်စေသည့် အရာကိုသာ ငါ အရေးစိုက်၏။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးသော အရာ ဖြစ်သည်။ ဤလူတို့ထံမှ ငါ ဝေးဝေးနေ၏၊ သို့သော် ၎င်းတို့နှင့် တွေ့ဆုံဖို့ ဘုရားသခင်က ငါ့ကို တောင်းဆိုပါက၊ ငါ နာခံဆဲဖြစ်သည်။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ဖြစ်နေသည် မဟုတ်ဘဲ၊ ၎င်းတို့၏ “ဉာဏ်ပညာ”၊ အယူအဆများနှင့် လောကထဲ ရှင်သန်ခြင်းအတွက် ဒဿနများက အလွန် စက်ဆုပ်ဖွယ်ဖြစ်နေခြင်း ဖြစ်သည်။ ငါသည် ဘုရားသခင်၏ စေခိုင်းချက်ကို ပြည့်စုံစေဖို့ ရှိနေခြင်းဖြစ်သည်၊ အမှုအရာများကို ၎င်းတို့ မည်သို့ လုပ်ဆောင်သည်ကို သင်ယူဖို့မဟုတ်ချေ။ တစ်ခါက ဘုရားသခင်သည် ငါ့ကို၊ “ကမ္ဘာမြေပေါ်တွင်၊ သင်၏ ဖခမည်းတော် အလိုတော်ကို လုပ်ဆောင်ဖို့နှင့် သူ၏ စေခိုင်းချက်ကို ပြည့်စုံစေဖို့သာ ကြိုးစားလော့။ အခြားမည်သည့်အရာမျှ သင်နှင့် သက်ဆိုင်ခြင်းမရှိ” ဟု ပြောခဲ့ပုံကို ငါ အမှတ်ရမိ၏။ ဤအရာကို စဉ်စားမိခြင်းက ငါ့ကို ငြိမ်သက်ခြင်း အနည်းငယ်ပေးလေသည်။ ယင်းမှာ လူတို့၏ အရေးကိစ္စများသည် ငါ့အဖို့ အလွန် ရှုပ်ထွေးသည်ဟု အမြဲခံစားရသောကြောင့် ဖြစ်သည်။ ထိုအရေးကိစ္စများကို ငါ သဘောမပေါက်နိုင်သကဲ့သို့၊ အဘယ်အရာလုပ်ဆောင်ရမည်ကို ငါ လုံးဝမသိ။ ထို့ကြောင့် အကြိမ်မရေမတွက်နိုင်အောင် ငါသည် ဤအရာအားဖြင့် စိတ်နောက်ကျိကျန်ရစ်ခဲ့ပြီး လူသားမျိုးနွယ်ကို မုန်းမိလေသည်။ အဘယ်ကြောင့် လူတို့သည် အလွန် ရှုပ်ထွေးရသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မရိုးရှင်းနိုင်သနည်း။ အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံ၍ အလွန်တော်ဖို့ ကြိုးစားနေရသနည်း။ လူတို့နှင့် ငါ ဆုံသည့်အခါ၊ များသောအားဖြင့် ယင်းသည် ဘုရားသခင်၏ ငါ့အား စေခိုင်းချက်အပေါ် အခြေခံလေသည်။ ယင်းသို့ မဟုတ်သည့် အကြိမ်အနည်းငယ် ရှိနိုင်ခဲ့သော်လည်း၊ ငါ့ စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများ၌ မည်သည့်အရာ ကွယ်ဝှက်ထားသည်ကို အဘယ်သူ သိသနည်း။

ငါနှင့်အတူရှိသည့် ညီအစ်ကို မောင်နှမများကို ဘုရားသခင်အား ၎င်းတို့ စိတ်နှလုံးဖြင့် ယုံကြည်သင့်ကြောင်း၊ မိမိတို့၏ ကိုယ်ကျိုးများကို မရှာဖွေသင့်ဘဲ ဘုရားသခင်၏ အလိုတော်ကို အလေးထားသင့်ကြောင်း အကြိမ်များစွာ ငါ အကြံပေးပြီးဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ငါသည် မချိတင်ကဲ ဝေဒနာဖြင့် အကြိမ်များစွာ ငိုကြွေးခဲ့ပြီးလေပြီ။ ဘုရားသခင်၏ အလိုတော်ကို လူတို့သည် အဘယ်ကြောင့် အလေးမထားကြသနည်း။ ဘုရားသခင်၏ အမှုသည် အကြောင်းပြချက်မရှိဘဲ သဲလွန်စမရှိ အကယ်ပင် ကွယ်ပျောက်သွားခြင်း ရှိနိုင်မည် မဟုတ်သည်မှာ သေချာပေသည်။ အဘယ်ကြောင့် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းကို မည်သည့်အခါမျှ မသိ၊ အခြားသူများနှင့် ၎င်းတို့ ရှိကြသည့် မူမမှန်သော ဆက်ဆံရေးများကို ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားနေကြသနည်းဟူသည်ကိုလည်း ငါမသိ၊ ယင်းသည် ငါ့စိတ်ထဲတွင် ပဟေဠိဖြစ်လုနီးပါး ရှိလေပြီ။ လူများ ဤသို့ဖြစ်သည်ကို မြင်ရခြင်းက ငါ့ကို အော်ဂလီဆန်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းကို ကြည့်ရမည့်အစား၊ ၎င်းတို့သည် လူသား၏ လုပ်ဆောင်ချက်များကို အာရုံစိုက်ကြ၏။ ဤအရာအားဖြင့် ဘုရားသခင် စိတ်ကျေနပ်နိုင်မည်လော။ ဤအရာအားဖြင့် ငါ မကြာခဏ ဝမ်းနည်းမိ၏။ ယင်းသည် ငါ၏ ဝန်ထုပ်ဖြစ်လာလုနီးပါး ဖြစ်လေပြီ - ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သင်၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း တစ်ခုတစ်လေမျှ သင် မခံစားရသလော။ ငါတို့ စိတ်ဝိညာဉ်များ၏ မျက်စိများကို ဘုရားသခင် ဖွင့်ပေးပါစေ။ လူတို့ကို ဘုရားသခင်၏ အမှုထဲသို့ ဝင်ရောက်ဖို့ဦးဆောင်သည့် ငါသည်- “အို အဖ။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော် အဓိကဖြစ်လိုပါ၏၊ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် ရှာဖွေပါမည်၊ ဤလူစုကို ကိုယ်တော် ရယူနိုင်ဖို့အလိုငှာ ကိုယ်တော်၏ စေခိုင်းချက်ကို ကျွန်ုပ် သစ္စာရှိလိုပါသည်။ ကိုယ်တော့်ကို ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များဖြင့် တို့ထိနိုင်ဖို့အလို့ငှာ လွတ်မြောက်ခြင်း နယ်မြေဆီ ကျွန်ုပ်တို့ကို ခေါ်သွားတော်မူပါ၊ ပြီးလျှင် ကျွန်ုပ်တို့ စိတ်နှလုံးများထဲက ဝိညာဉ်ရေးရာ ခံစားချက်များကို ကိုယ်တော် နိုးထစေတော်မူပါ” ဟု ဘုရားသခင်ရှေ့တွင် အကြိမ်များစွာ ဆုတောင်းလေပြီ။ ဘုရားသခင်၏ အလိုတော် လုပ်ဆောင်ဖို့ ငါ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် ငါတို့ကို ဉာဏ်အလင်း ပေးမြဲပေးဖို့ရန်၊ သန့်ရှင်းသော ဝိညာဉ်တော် လမ်းပြသော လမ်းကြောင်းကို ငါတို့ လျှောက်နိုင်ကြဖို့အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်အတွက် ငါ မရပ်မနား ဆုတောင်း၏။ ငါ့ကိုယ်စား အခြား အဘယ်သူက ဤလမ်းကြောင်းကို လျှောက်နိုင်မည်နည်း။ ဤသည်မှာ ငါ၏ ဝန်ထုပ်ကို သာ၍ပင် လေးလံစေသောအရာ ဖြစ်သည်။ ငါ လဲကျတော့မည်ကဲ့သို့ ခံစားရသော်လည်း၊ ဘုရားသခင်က သူ၏ အမှုကို လုံးဝ နှောင့်နှေးစေမည် မဟုတ်သည်ကို ငါ ယုံကြည်၏။ သူ၏ စေခိုင်းချက် ပြည့်စုံပြီးသည်နှင့် တစ်ပြိုင်နက် ငါတို့ လမ်းခွဲရုံသာ ရှိကောင်းရှိလိမ့်မည်။ ထို့ကြောင့် ငါ အမြဲ ထူးခြားမှုခံစားရသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ သက်ရောက်မှုကြောင့် ဖြစ်နိုင်ပေသည်။ ယင်းမှာ ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ရှိသော်လည်း ထိုအရာက မည်သည့်အရာဖြစ်သည်ကို ငါ သဘောမပေါက်နိုင်သေးသကဲ့သို့ ဖြစ်သည်။ သို့တိုင် ငါ၏ အရင်းအချာများထက် ကမ္ဘာမြေပေါ်က မည်သူမျှ မတော်သည်ကို ငါ ယုံကြည်ပြီး၊ ဘုရားသခင်၏ ရှေ့တွင့် ငါ့အတွက် ၎င်းတို့ ဆုတောင်းပေးလိမ့်မည်ကို ငါ ယုံကြည်၏၊ ယင်းအတွက် ငါသည် အတိုင်းမသိ ကျေးဇူးတင်မိပေသည်။ ညီအစ်ကို မောင်နှမများသည် ငါနှင့်အတူ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် စိတ်ဝိညာဉ်၏ အသက်တာဖြင့် ကောင်းချီးခံစားရနိုင်ဖို့နှင့် ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ဆောင်ချက်များကို ရှုမြင်ပြီး သူ၏ စစ်မှန်သော မျက်နှာကို ဖူးတွေ့ဖို့အလို့ငှာ ကိုယ်တော်၏ အလိုတော်သည် နောက်ဆုံးသော ကာလနှင့်ဆိုင်သော လူများဖြစ်သည့် ကျွန်ုပ်တို့အထဲတွင် အပြည့်အဝ ထင်ရှားပါစေ” ဟု ပြောဆိုဖို့အတွက် ငါ ဆန္ဒရှိ၏။ ဤအဆင့်ကို ငါတို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် ဧကန်အမှန် ငါတို့ အသက်ရှင်နေကြလိမ့်မည်ဖြစ်ပြီး ထိုအခါတွင်မှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို ငါတို့ ဖူးတွေ့နိုင်လိမ့်မည်ဖြစ်သည်။ ယင်းမှာ လူတို့သည် သမ္မာတရားအားလုံး၏ စစ်မှန်သော အဓိပ္ပါယ်ကို လူသား အယူအဆများနှင့်အညီ သိနားလည်ခြင်း သို့မဟုတ် သဘောပေါက်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင့် ဝိညာဉ်တော်၏ အလိုတော်နှင့်ဆိုင်သော ဉာဏ်အလင်းပေးခြင်းနှင့်အညီ နားလည်နိုင်လိမ့်မည်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု လုံးလုံးလျားလျား ဖြစ်၏၊ ထိုအရာ၌ လူသား စိတ်ကူးများ ဘာမျှ မရှိချေ။ ယင်းသည် ကမ္ဘာမြေပေါ်တွင် ပေါ်လွင်စေရန် သူ ဆန္ဒရှိသည့် လုပ်ဆောင်ချက်များအတွက် သူ့အမှုတော်၏ အစီအစဉ်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်က သူ့အမှုတော်၏ နောက်ဆုံး အစိတ်အပိုင်း ဖြစ်သည်။ ဤအမှုတွင် သင် ပါ၀င်ဖို့ ဆန္ဒရှိပါသလော။ ပတ်သက်လိုပါသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် စုံလင်ခံရပြီး စိတ်ဝိညာဉ်၏ အသက်တာ၌ မျှဝေခံစားဖို့ရန် ဆန္ဒပြင်းပြပါသလော။

ယနေ့ အဓိကဖြစ်သည့်အရာမှာ ငါတို့၏ မူလ အခြေခံအုတ်မြစ်မှ သာ၍နက်နက်နဲနဲ သွားဖို့ ဖြစ်သည်။ သမ္မာတရား၊ ရူပါရုံများနှင့် အသက်ထဲသို့ ငါတို့ သာ၍နက်နက်နဲနဲ သွားရမည်၊ သို့သော် ဤအမှုအဆင့်ထဲ ဝင်ရောက်ဖို့ရန် သင်၏ ယခင် အယူအဆများအား စွန့်ပစ်ရမည်ကို ပထမဦးစွာ ညီအစ်ကို မောင်နှမများကို ငါ သတိပေးရမည်။ ယင်းမှာ သင် အသက်ရှင်သည့် နည်းလမ်းကို ပြောင်းလဲရမည်၊ အစီအစဉ်သစ်များ ပြုလုပ်ရမည်၊ ပိုမိုကောင်းမွန်စွာ စတင်ပြုမူရမည် ဖြစ်သည်။ လွန်ခဲ့သည့် အချိန်များက သင့်အဖို့ တန်ဖိုးရှိခဲ့သည့် အရာကို သင် ဖက်တွယ်နေဆဲဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သင်၏ အသက်တာကို ထိန်းထားနိုင်ရုံမျှသာ ရှိလိမ့်မည်။ လေ့လာလိုက်စားခြင်း မပြုသူ သို့မဟုတ် မဝင်ရောက်သူ သို့မဟုတ် မစီစဉ်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုံးဝ စွန့်ပစ်ခြင်းခံရလိမ့်မည် - ထို့ကြောင့် ခေတ်၏ စွန့်ပစ်ခြင်းခံရသည်ဟု ၎င်းတို့ကို ဆိုရပေသည်။ ငါ၏ စိတ်နှလုံးကို ညီအစ်ကို မောင်နှမများအားလုံး နားလည်နိုင်ကြသည်ဟု ငါ မျှော်လင့်၏၊ ပြီးလျှင် ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ရန်နှင့် ဤအမှုကို အတူတကွ ပြည့်စုံစေဖို့ရန် ပို၍များသော အဖွဲ့သား အသစ်များ” က မှတ်ကျောက် အတင်ခံနိုင်လိမ့်မည်ဟု ငါ မျှော်လင့်၏။ ငါတို့ကို ဘုရားသခင် ကောင်းချီးပေးမည်ဟု ငါ ယုံကြည်သည်။ ထို့ကြောင့်၊ ငါသည် ကမ္ဘာမြေ၏ နေရာတိုင်းသို့ ငါ လျှောက်လှမ်းနိုင်ဖို့အလို့ငှာ နောက်ထပ် အရင်းအချာများစွာ ငါ့ကို ဘုရားသခင် ပေးလိမ့်မည်ဖြစ်ပြီး ငါတို့ကြားတွင် သာ၍ ကြီးမားသော ချစ်ခြင်းမေတ္တာရှိလိမ့်မည်ဟုလည်း ငါ ယုံကြည်၏။ ထို့အပြင်၊ ငါတို့၏ အားထုတ်မှုများကြောင့် ဘုရားသခင်သည် သူ၏ နိုင်ငံတော်ကို တိုးချဲ့လိမ့်မည်ဟု ငါ ယုံကြည်သည်။ ဘုရားသခင်ကို သာ၍ များပြားသော လူငယ်များကို ရယူခွင့်ပေးရင်း ငါတို့၏ ဤကြိုးပမ်းမှုများကို မကြုံစဖူးသောအဆင့်များသို့ ရောက်ရှိစေလိုသည်။ ဤအတွက် ဆုတောင်းခြင်းငှာ ငါတို့ သာ၍ အချိန်ယူဖို့ ငါအလိုရှိ၏၊ ဘုရားသခင်၏ ရှေ့တွင် ငါတို့၏ အသက်တာတစ်ခုလုံး ငါတို့ ကုန်ဆုံးဖို့အလို့ငှာ မရပ်မနားဘဲ ငါတို့ ဆုတောင်းဖို့နှင့် ဘုရားသခင်နှင့် နီးနိုင်သမျှ နီးဖို့ ငါ အလိုရှိ၏။ ငါတို့ကြားတွင် မည်သည့်အရာမျှ တစ်ဖန် လုံးဝမရှိပါစေနှင့်၊ ပြီးလျှင် အတူတကွ ကြိုးစားလုပ်ဆောင်ကြဖို့၊ တကယ့်အဆုံးထိ သစ္စာရှိကြဖို့၊ ဘယ်သောအခါမျှ မခွဲဖို့နှင့် အတူအမြဲရှိကြဖို့ ဘုရားသခင်ရှေ့တွင် ဤသစ္စာကို ငါတို့အားလုံး တိုင်တည်နိုင်ကြပါစေ။ ငါတို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ မပြောင်းလဲဖို့နှင့် ငါတို့၏ ဆုံးဖြတ်ချက်သည် ဘယ်သောအခါမျှ မယိမ်းယိုင်ဖို့အလို့ငှာ ညီအစ်ကို မောင်နှမများအားလုံးက ဤကတိကို ဘုရားသခင်၏ ရှေ့တွင် ပြုဖို့ရန် ငါ မျှော်လင့်၏။ ဘုရားသခင်၏ အလိုအတွက်၊ ငါ တစ်ဖန်ပြော၏ - ငါတို့ အလုပ်ကြိုးစားစို့။ ငါတို့ အစွမ်းရှိသမျှဖြင့် ကြိုးပမ်းကြစို့။ ဘုရားသခင်သည် ဧကန်မုချ ငါတို့ကို ကောင်းချီးပေးလိမ့်မည်။

အရှေ့သို့- လမ်းကြောင်း... (၄)

နောက်တစ်ခုသို့- လမ်းကြောင်း… (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။