လမ်းကြောင်း… (၆)

မျက်မှောက်ခေတ်ထိ ငါတို့ ခေါ်ဆောင်ခံရကြသည်မှာ ဘုရားသခင်၏ အမှုကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ငါတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ရှင်ကျန်သူများ ဖြစ်ကြသည်။ ယနေ့ ငါတို့ ကျန်ရစ်ကြသည်မှာ ဘုရားသခင်ထံမှ ကြီးမြတ်သည့် ချီးမြှောက်မှုတစ်ခုဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အစီအစဉ်အရ၊ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ဖျက်ဆီးခံရသင့်သည့်အတွက် ဖြစ်၏။ သို့သော် သူသည် အခြား အစီအစဉ်တစ်ခု ချမှတ်ပြီးဖြစ်ကောင်း ဖြစ်မည်၊ သို့မဟုတ် သူ့အမှု၏ အခြားသော အစိတ်အပိုင်းကို သူ ဆောင်ရွက်ရန် ဆန္ဒရှိကောင်း ရှိမည်ဟု ငါ ထင်၏၊ ထို့ကြောင့် ယနေ့တွင်ပင်၊ ဤအရာကို ငါ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်- ယင်းသည် ဖြေရှင်းမရသည့် ပဟေဠိတစ်ခုကဲ့သို့ ဖြစ်သည်။ သို့သော် ခြုံငုံကြည့်လျှင်၊ ငါတို့၏ ဤအုပ်စုကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားပြီးဖြစ်ကာ ဘုရားသခင်သည် ငါတို့၌ အခြားသော အမှုရှိသည်ဟု ငါ ဆက်ယုံကြည်မိ၏။ ထို့ကြောင့် ငါတို့အားလုံး ကောင်းကင်ဘုံကို ဤသို့တောင်းပန်ကြစို့- “ကိုယ်တော်၏ အလို ပြီးမြောက်ပါစေ၊ ပြီးလျှင် ကိုယ်တော်၏ ဘုန်းအသရေနှင့် မျက်နှာရိပ်မျက်နှာကဲကို သာ၍ ရှင်းလင်းစွာ ကျွန်ုပ်တို့ မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ်တို့ထံ ကိုယ်တော် တစ်ဖန် ပြန်ပေါ်ထွန်းကာ မိမိကိုယ်ကိုယ် မဖုံးကွယ်ပါစေနှင့်။” ငါတို့ကို ဘုရားသခင် တောက်လျှောက် လမ်းပြခဲ့သည့် လမ်းကြောင်းသည် မဖြောင့်သန်းဘဲ ချိုင့်များပြည့်သည့် ကောက်ကွေ့သော လမ်းတစ်ခု ဖြစ်သည်ဆိုသည်မှာ ငါ၏ စဉ်ဆက်မပြတ် ခံစားချက်ဖြစ်သည်။ ထို့အပြင် လမ်းကြောင်းက ကြမ်းတမ်းလေလေ၊ ငါတို့၏ ချစ်သော နှလုံးသားများကို ထုတ်ဖော်ပြနိုင်လေလေ ဖြစ်သည်ဟု ဘုရားသခင်က ပြောလေသည်။ သို့တိုင် ထိုသို့သော လမ်းကြောင်းတစ်ခုကို ငါတို့ထဲမှ မည်သူမျှ မဖွင့်နိုင်ကြ။ ငါ၏ အတွေ့အကြုံတွင်၊ ငါသည် ကျောက်ဆောင်ကျောက်တုံး အတိပြီးသော၊ စိတ်မချရသည့် လမ်းကြောင်းများကို လျှောက်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခကို ငါ အောင့်ခံပြီးဖြစ်၏။ တစ်ခါတစ်ရံ ငါသည် အလွန် လုံးဝ သောကရောက်သည်မှာ အော်ဟစ်လိုက်ချင်ခဲ့၏၊ သို့သော် ငါသည် ဤလမ်းကြောင်းကို ယနေ့ထိ လျှောက်ခဲ့လေပြီ။ ဤသည်မှာ ဘုရားသခင် ဦးဆောင်သော လမ်းကြောင်းဖြစ်သည်ဟု ငါ ယုံကြည်၏၊ ထို့ကြောင့် ဆင်းရဲဒုက္ခအလုံးစုံ၏ ညှဉ်းဆဲမှုကို ငါ သည်းခံခဲ့ပြီး ဆက်လက် ရှေ့ဆက်ခဲ့သည်။ အကြောင်းမူကား ဤသည်မှာ ဘုရားသခင် စီမံထားသည့်အရာ သောကြောင့်ဖြစ်၏၊ ထို့ကြောင့် ယင်းထံမှ အဘယ်သူ လွတ်မြောက်နိုင်သနည်း။ ငါသည် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ ရရှိဖို့ရန် မတောင်းဆို။ ငါ တောင်းဆိုသမျှမှာ ဘုရားသခင်၏ အလိုတော်နှင့်အညီ ငါ လျှောက်သင့်သည့် လမ်းကြောင့်ကို ငါ လျှောက်နိုင်ဖို့ ဖြစ်သည်။ အခြားသူများ လျှောက်သည့် လမ်းကြောင်းကို လျှောက်လှမ်းရင်း၊ ၎င်းတို့ကို ငါ အတုခိုးဖို့ မကြိုးစားပေ။ ငါ ကြိုးစားသမျှမှာ ငါ၏ သတ်မှတ်ထားသော လမ်းကြောင်းကို အဆုံးထိ လျှောက်ဖို့ရန် ငါ၏ ဆက်ကပ်မှုကို ပြည့်စုံစေနိုင်ဖို့ ဖြစ်သည်။ ငါသည် အခြားသူများ၏ အကူအညီကို မတောင်း။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ငါသည် အခြားမည်သူ့ကိုမျှလည်း မကူညီနိုင်ပေ။ ဤကိစ္စရပ်အပေါ် ငါသည် အလွန်အမင်း ဆတ်ဆတ်ထိမခံ ဖြစ်ပုံရ၏။ အခြားသူများ မည်သို့ထင်သည်ကို ငါ မသိ။ ဤသည်မှာ လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ငါသည် ချစ်ခြင်းမေတ္တာမရှိဟု အချို့သော စိတ်အားထက်သန်သည့် ညီအစ်ကို မောင်နှမများက ပြောနိုင်သော်လည်း၊ ဤသည်မှာ ငါ ယုံကြည်သော အရာသာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ လမ်းပြမှုအပေါ် မှီခိုရင်း ၎င်းတို့၏ လမ်းကြောင်းများကို ‌လျှောက်ကြပြီး၊ ငါ၏ညီအစ်ကို မောင်နှမအများစုက ငါ၏ စိတ်နှလုံးကို နားလည်လိမ့်မည်ဟု ငါ ယုံကြည်၏။ ငါတို့၏ ချစ်ခြင်းမေတ္တာ သာ၍ ဖြူစင်လာဖို့နှင့် ငါတို့၏ ခင်မင်ရင်းနှီးမှု သာ၍ တန်ဖိုးရှိဖို့အလို့ငှာ၊ ဤရှုထောင့်၌ ဘုရားသခင်သည် သာ၍ များစွာ ကြီးမားသော ဉာဏ်အလင်းပေးခြင်းကို ငါတို့အား ပေးသည်ဟုလည်း ငါ မျှော်လင့်၏။ လူလူချင်း ဆက်ဆံရေးများသည် ဘုရားသခင်၏ ခေါင်းဆောင်မှု အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်နိုင်ဖို့အလို့ငှာ ငါတို့သည် ဤအကြောင်းအရာအပေါ် စိတ်မရှုပ်ထွေးဘဲ သာ၍ ကြီးမားသော ရှင်းလင်းပြတ်သားမှုကိုသာ ရရှိနိုင်ကြပါစေ။

ဘုရားသခင်သည် တရုတ်ပြည်မ၌ နှစ်များစွာကြာ အမှုပြုပြီးဖြစ်ကာ ယနေ့ ငါတို့ ရှိသည့်နေရာသို့ ငါတို့ကို နောက်ဆုံးတွင် ရောက်စေဖို့ရန် လူအားလုံး၌ ကြီးမားသည့် အဖိုးအခတစ်ခုကို သူ ပေးပြီးဖြစ်သည်။ အယောက်တိုင်းကို မှန်ကန်သော လမ်းကြောင်းပေါ် လမ်းပြဖို့အလို့ငှာ ဤအမှုသည် အယောက်တိုင်း အားအနည်းဆုံးနေရာတွင် စတင်ရမည်ဟု ငါ ထင်၏။ ထိုအခါတွင်မှ၊ ၎င်းတို့သည် ပထမဦးဆုံး အခက်အခဲကို ကျော်လွှားနိင်ပြီး ရှေ့သို့ ဆက်နိုင်ကြပေသည်။ ယင်းမှာ ပိုကောင်းသည် မဟုတ်လော။ နှစ်ထောင်ပေါင်းများစွာကြာ ဖောက်ပြန်ပျက်စီးခဲ့သည့် တရုတ်တိုင်းနိုင်ငံသည် “ရောဂါပိုးမွှား”မျိုးစုံ မရပ်မနား ပြန့်ပွားရင်း၊ ကပ်ဘေးကဲ့သို့ နေရာတကာ ပျံ့နှံ့ရင်းဖြင့် ယနေ့ထိ ရှင်ကျန်ပြီးဖြစ်သည်။ လူတို့၏ ဆက်ဆံရေးများကို ကြည့်ခြင်းကပင် လူတို့အတွင်း၌ “ရောဂါပိုး” မည်မျှ ခိုအောင်းသည်ကို မြင်ရဖို့ လုံလောက်သည်။ ထိုသို့သော တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရောဂါပိုး ကူးစက်ခံရသည့် နယ်ပယ်တစ်ခုတွင် မိမိ၏အမှုကို ဖြစ်ပေါ်စေဖို့ ဘုရားသခင်အတွက် အလွန့်အလွန် ခက်ခဲသည်။ လူတို့၏ ပင်ကိုစရိုက်များ၊ အကျင့်များ၊ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းများ၊ ၎င်းတို့ အသက်တာများတွင် ၎င်းတို့ ဖော်ပြသည့် အရာရာတိုင်းနှင့် ၎င်းတို့၏ လူလူချင်း ဆက်ဆံရေးများ- ယင်းတို့အားလုံး အစုတ်စုတ် အပြတ်ပြတ်ဖြစ်သည်မှာ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများ အားလုံးတို့သည် ဘုရားသခင်၏ သေခြင်းသို့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံရပြီး ဖြစ်သည်အထိ ဖြစ်သည်။ ယင်းသာမက ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းမှ ၎င်းတို့ သင်ယူခဲ့ရသည့် အမျိုးမျိုးသော အတွေ့အကြုံများသည်လည်း ဘုရားသခင်၏ အမြင်တွင် အားလုံး စီရင်ချက်ချခံရပြီးဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤမြေတွင် နေထိုင်သူတို့သည် အလွန်များသော ရောဂါပိုးများကို ဝါးမျိုကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ၎င်းတို့အတွက် ထုံးစံအတိုင်းပင် ဖြစ်သည်၊ ယင်းနှင့်ပတ်သက်၍ ဘာမျှ ၎င်းတို့ မစဉ်းစားကြ။ ထို့ကြောင့်၊ နေရာတစ်ခုတွင် ဖောက်ပြန်ပျက်စီးသော လူများများ ရှိလေလေ၊ ၎င်းတို့၏ လူလူချင်းဆက်ဆံရေးများက မူမမှန်လေလေ ဖြစ်သည်။ လူတို့၏ ဆက်ဆံရေးများသည် ခြေပုန်းခုတ်ခြင်းများဖြင့် အောတိုက်နေသည်၊ ၎င်းတို့သည် အချင်းချင်း လျှို့ဝှက်ကြံစည်ကြပြီး ဇာတ်တူသားချင်း စားသည့် နတ်ဆိုးအချို့၏ ခံတပ်၌ ဖြစ်သည့်အလား အချင်းချင်း သတ်ဖြတ်ကြလေသည်။ တစ္ဆေများ ထကြွသောင်းကျန်းသည့်နေရာဖြစ်သည့် ထိုသို့သော ထိတ်လန့်ကြောက်ရွံ့စရာ အပြည့်ရှိသည့် နေရာတစ်ခုတွင်၊ ဘုရားသခင်၏ အမှုကို ဆောင်ရွက်ဖို့ အလွန့်အလွန် ခက်ခဲလေသည်။ ငါသည် လူတို့ကို တွေ့ဆုံဖို့ရန် ကြောက်လန့်မိပြီး ငါ၏ စိတ်သဘောထားဖြင့် ၎င်းတို့၏ “ဂုဏ်သိက္ခာ” စော်ကားမိမည်ကို ငါ အလွန်အမင်း စိုးရွံ့မိသည့်အတွက် လူတို့နှင့် တွေ့ရမည့်အခါ ဘုရားသခင်ထံ မရပ်မနား ငါ ဆုတောင်း၏။ ငါ၏ စိတ်နှလုံးထဲတွင်၊ ဤညစ်ညူးသော ဝိညာဉ်များက မဆင်မခြင် ပြုမူမည်ကို အစဉ် ငါကြောက်ရွံ့မိသည်၊ ထို့ကြောင့် ငါ့ကို ကွယ်ကာဖို့ ဘုရားသခင်ထံ ငါ အမြဲဆုတောင်း၏။ မူမမှန်သော ဆက်ဆံရေးမျိုးစုံသည် ငါတို့အလယ်တွင် ပေါ်လွင်ပြီး၊ ဤအရာအားလုံးကို မြင်ရခြင်းဖြင့်၊ ငါ၏ စိတ်နှလုံးထဲတွင် မုန်းတီမှု ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့အချင်းချင်းကြားတွင် လူသား၏ “ကိစ္စ” ၌ အမြဲ ပါဝင်ပတ်သက်ကြပြီး ဘုရားသခင်အတွက် မည်သည့်အတွေးကိုမျှ လုံးဝ ချန်မထားသည့်အတွက် ဖြစ်သည်။ ငါသည် ၎င်းတို့၏ အပြုအမူကို ငါ၏ တကယ့် အရိုးများအထိ စက်ဆုပ်မိသည်။ တရုတ်ပြည်မထဲက လူတို့၌ မြင်ရနိုင်သည့်အရာသည် ဖောက်ပြန်ပျက်သော ဆိုးယုတ်သည့် စိတ်သဘောထားများသာဖြစ်၏၊ ထို့ကြောင့် ဤလူတို့ထဲက ဘုရားသခင်၏ အမှု၌၊ ၎င်းတို့အတွင်းတွင် အကျိုးရှိသော အရာတစ်ခုတစ်လေ ရှာတွေ့ဖို့မှာ မဖြစ်နိုင်လုနီးပါးဖြစ်သည်။ အမှုအားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ခြင်းဖြစ်ကာ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို သာ၍ တို့ထိကာ ၎င်းတို့အထဲတွင် အမှုပြုခြင်းသာ ဖြစ်သည်။ ထိုလူတို့ကို အကျိုးရှိရှိ အသုံးချဖို့မှာ မဖြစ်နိုင်လုနီးပါးဖြစ်သည်။ ဆိုလိုသည်မှာ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိခြင်း အမှုနှင့် လူတို့၏ ပူးပေါင်းလုပ်ဆောင်မှုတို့ ပူးတွဲဖို့မှာ မဖြစ်နိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို တို့ထိဖို့ အစွမ်းကုန် လုပ်ဆောင်သည်၊ သို့သော်ငြားလည်း လူတို့သည် ထုံထိုင်းမြဲ ထုံထိုင်းကြပြီး ခံစားမှုကင်းမဲ့မြဲ ကင်းမဲ့ကြကာ၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို မသိကြချေ။ ထို့ကြောင့်၊ တရုတ်ပြည်မထဲက ဘုရားသခင်၏ အမှုသည် သူ၏ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခြင်း အမှုနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သူသည် လူအားလုံးကို တစ်ဖန် မွေးဖွားစေပြီး ၎င်းတို့အတွင်းတွင် အကျိုးရှိသည့်အရာ ဘာမျှမရှိသည့်အတွက် ၎င်းတို့နှင့် ပတ်သက်၍ အရာရာကို သူ ပြောင်းလဲလေသည်။ ယင်းမှာ အလွန်ကြေကွဲဖွယ်ဖြစ်သည်။ ဤလူတို့အတွက် ဝမ်းနည်းမှုဖြင့် ငါသည် “ဘုရားသခင်၊ ကိုယ်တော်၏ ဝိညာဉ်တော်သည် ဤလူတို့ကို ကြီးမားစွာ တို့ထိဖို့ရန်နှင့် ထုံထိုင်းပြီး ဉာဏ်ထိုင်းသော ဤဆင်းရဲဒုက္ခခံရသူများသည် လေးလံထိုင်းမှိုင်း၍ အိပ်မောကျနေခြင်း မရှိတော့ဘဲ နိုးထနိုင်ကြကာ ကိုယ်တော်၏ ဘုန်းအသရေနေ့ကို တွေ့မြင်နိုင်ကြဖို့အလို့ငှာ ၎င်းတို့အထဲတွင် ကိုယ်တော်၏ ကြီးမားသော တန်ခိုးကို ထုတ်ဖော်ပြတော်မူပါ” ဟု မကြာခဏ ဆုတောင်း၏။ ငါတို့ အားလုံး ဘုရားသခင်၏ ရှေ့တွင် ဆုတောင်းပြီး၊ အို ဘုရားသခင်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများ ကိုယ်တော့်ထံ တစ်ဖန် အပြည့်အဝ ပြန်လှည့်နိုင်ဖို့နှင့် ဤညစ်ညူးသော နယ်မြေမှ ကျွန်ုပ်တို့ လွတ်မြောက်နိုင်ပြီး ထရပ်ကာ ကျွန်ုပ်တို့ကို ကိုယ်တော် ပေးပြီးဖြစ်သည့်အရာကို ပြည့်စုံစေနိုင်ဖို့အလို့ငှာ ကျွန်ုပ်တို့အပေါ် တစ်ဖန် ကရုဏာထားပြီး ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူပါဟု ဆိုကြပါစေ။ သူ၏ ဉာဏ်အလင်းပေးခြင်းကို ငါတို့ ရရှိဖို့အလို့ငှာ ဘုရားသခင်သည် ငါတို့ကို တစ်ဖန် တို့ထိနိုင်မည်ဟု ငါ မျှော်လင့်ပြီး၊ ငါတို့၏ စိတ်နှလုံးများ သူ့ထံ တဖြည်းဖြည်း လှည့်နိုင်ဖို့ရန်နှင့် ငါတို့ကို သူ ရယူနိုင်ဖို့အလို့ငှာ သူသည် ငါတို့အပေါ် ကရုဏာထားနိုင်မည်ဟု ငါ မျှော်လင့်၏။ ဤသည်မှာ ငါတို့အားလုံး မျှဝေခံစားသည့် စိတ်ဆန္ဒဖြစ်သည်။

ငါတို့ လျှောက်လှမ်းသည့် လမ်းကြောင်းကို ဘုရားသခင်က လုံးလုံးလျားလျား စီမံထားလေသည်။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် ငါ့အပေါ် အမြဲ ပြုံးနေပြီး ငါသည် သူ၏ လက်အားဖြင့် အမြဲလမ်းပြခံရသည့်အလား ဖြစ်သည့်အတွက် ဤလမ်းကြောင်းကို တကယ့်အဆုံးထိ ငါ ဧကန်မုချ လျှောက်လှမ်းရမည်ဟု ငါ ယုံကြည်၏။ ငါ၏ စိတ်နှလုံးသည် ဤကဲ့သို့ပင် အခြား မည်သည့်အရာမျှဖြင့် မစွန်းထင်းဘဲ၊ ငါသည် ဘုရားသခင်၏ အမှုကို ဤကဲ့သို့ အမြဲ သတိရှိ၏။ လူအသီးသီးသည် မိမိတို့ကိုယ်တိုင်၏ လမ်းကြောင်းကို လျှောက်ရမည်ဖြစ်ပြီး အခြားသူများအပေါ် ဝင်နှောင့်ယှက်ရမည်မဟုတ်ဟု ငါ ယုံကြည်သည့်အတွက်၊ ငါသည် ငါ၏ အစွမ်းအစအားလုံးနှင့် ဆက်ကပ်မှုဖြင့် ငါ့အား ဘုရားသခင် စေခိုင်းသည့် အရာအားလုံးကို ဆောင်ရွက်ပြီး၊ ငါ့ကို သတ်မှတ်မပေးထားသည့် အလုပ်များ၌ ငါသည် ဘယ်သောအခါမျှ မနှောင့်ယှက်သကဲ့သို့ ယင်းကို လုပ်ဆောင်သည့် အခြားမည်သူနှင့်မျှ ငါသည် ပါဝင်ပတ်သက်ခြင်း မရှိ။ ယင်းမှာ ငါ မြင်သည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ ငါကိုယ်တိုင်၏ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ငါသည် ငါ့အဖ၏ အမိန့်များကို ဆန့်ကျင်ဖို့ ဘယ်သောအခါမျှ မဝံ့ရဲသောကြောင့် ငါ၏ ညီအစ်ကို မောင်နှမများသည် ငါ့ကို နားလည်ကာ ခွင့်လွှတ်လိမ့်မည်ဟု ငါ မျှော်လင့်၏။ ကောင်းကင်ဘုံ၏ အလိုကို ငါ အာမခံဝံ့ပေ။ “ကောင်းကင်ဘုံ၏ အလိုကို အာခံ၍ မရ” ဆိုသည်ကို သင် မေ့လျော့ပြီလော။ လူအချို့က ငါသည် အတ္တဆန်သည်ဟု ထင်နိုင်သော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အမှု၏ အစိတ်အပိုင်းတစ်ခုကို ဆောင်ရွက်ဖို့ အထူးသဖြင့် ငါလာခဲ့သည်ဟု ငါယုံကြည်၏။ လူလူချင်း ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ဖို့ ငါ လာခဲ့ခြင်း မဟုတ်ပေ။ ငါသည် အခြားသူများနှင့် မည်သို့ ကောင်းကောင်း သင့်မြတ်ရမည်ကို ဘယ်သောအခါမျှ တတ်မည်မဟုတ်။ သို့သော် ဘုရားသခင်၏ စေခိုင်းချက်တွင်၊ ဘုရားသခင်၏ လမ်းပြမှု ငါရှိပြီး၊ ဤအမှု ဖြစ်မြောက်သည် အထိ အဆုံးတိုင်လုပ်ဆောင်ဖို့ ယုံကြည်ချက်နှင့် ဇွဲရှိ၏။ ငါ အလွန် “အတ္တဆန်” နေသည်မှာ ဖြစ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ တရားမျှတပြီး ကိုယ်ကျိုးမငဲ့သော ချစ်ခြင်းမေတ္တာကို ခံစားရန် ကြိုးစားဖို့နှင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးစားဖို့ အယောက်တိုင်း တာ၀န်ယူလိမ့်မည်ဟု ငါ မျှော်လင့်၏။ ဘုရားသခင်၏ ဘုန်းအာနုဘော် ဒုတိယအကြိမ် ပေါ်ထွန်းမှုကို မစောင့်လေနှင့်။ ယင်းမှာ မည်သူ့အတွက်မျှ မကောင်းပေ။ ငါတို့ စဉ်းစားဆင်ခြင်သင့်သည်မှာ- “ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အလို့ငှာ ငါတို့ လုပ်သင့်သည့်အရာကို လုပ်ဆောင်ဖို့ အရာရာကို ဖြစ်နိုင်သမျှ လုပ်ဆောင်ရမည်။ ငါတို့ အသီးအသီးအပေါ် ဘုရားသခင်၏ စေခိုင်းချက်မှာ ကွဲပြားသည်။ ယင်းကို အဘယ်သို့ ငါတို့ ပြီးမြောက်သင့်သနည်း။” ဖြစ်သည်ဟု ငါ အမြဲထင်၏။ သင် လျှောက်သည်မှာ မည်သည့် လမ်းကြောင်းဖြစ်သည်ကို သင် သိမြင်ရမည်- ဤအရာနှင့် ပတ်သက်၍ သင် ရှင်းလင်းဖို့မှာ အလွန်အရေးကြီး၏။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ရန် သင်တို့အားလုံး ဆန္ဒရှိကြသည့်အတွက်၊ သူ့အတွက် သင်တို့ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မမြှုပ်နှံသနည်း။ ဘုရားသခင်ထံ ပထမဦးဆုံးအကြိမ် ဆုတောင်းသည့်အချိန်တွင်၊ ငါ၏ စိတ်နှလုံးတစ်ခုလုံးကို သူ့အား ငါပေးခဲ့သည်။ ငါ၏ အနီးအနားက လူများဖြစ်သည့် မိဘများ၊ ညီအစ်မများ၊ ညီအစ်ကိုများနှင့် လုပ်ဖော်ကိုင်ဖက်များ- ၎င်းတို့အားလုံးကို ငါ စိတ်ဆုံးဖြတ်သည့်အရာဖြင့် လျစ်လျူရှုထားခဲ့၏၊ ယင်းမှာ ငါ့အဖို့ ၎င်းတို့ လုံးဝ မရှိခဲ့သည့်အလား ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ငါ၏ စိတ်သည် ဘုရားသခင် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ ဉာဏ်ပညာအပေါ် အမြဲရှိခဲ့သည့်အတွက် ဖြစ်သည်။ ဤအရာများသည် ငါ၏ စိတ်နှလုံးထဲတွင် အမြဲရှိခဲ့ပြီး ငါ့ စိတ်နှလုံးထဲက အဖိုးတန်ဆုံးသော နေရာကို ယူထားလေသည်။ ထို့ကြောင့်၊ ရှင်သန်ခြင်းအတွက် ဒဿနများဖြင့် ပြည့်နက်နေသည့် လူတို့အတွက်၊ ငါသည် သွေးအေးပြီး ခံစားချက်မဲ့သော သူတစ်ဦးဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငါ့ကိုယ်ငါ ပြုမူသည့်ပုံဖြင့်၊ အမှုအရာများကို ငါ လုပ်ဆောင်သည့်ပုံဖြင့်၊ ငါ၏ လှုပ်ရှားမှုတိုင်းဖြင့် နာကျင်လေသည်။ ငါဖြစ်သည့် ပုဂ္ဂိုလ်သည် ဖြေရှင်းမရသည့် ပဟေဠိတစ်ခုခု ဖြစ်သည့်အလား၊ ၎င်းတို့သည် ငါ့ကို ထူးဆန်းသည့် အကြည့်များ ကြည့်ကြသည်။ ၎င်းတို့၏ စိတ်များတွင်၊ ၎င်းတို့သည် နောက် ငါ မည်သည့်အရာလုပ်ဆောင်မည်ကို မသိဘဲ ငါဖြစ်သည့် ပုဂ္ဂိုလ်ကို တိတ်တဆိတ် အကဲဖြတ်ချင့်တွက်နေကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ငါ့ကို အဘယ်သို့ တားဆီးနိုင်မည်နည်း။ ၎င်းတို့ မနာလိုဖြစ်နိုင်သည် သို့မဟုတ် စိုးထိတ်နိုင်သည် သို့မဟုတ် လှောင်ပြောင်နေနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏‌ရှေ့တွင် ကြီးမားသည့် ဆာလောင်မှုနှင့် ဆာငတ်မှုဖြင့်အလား ငါ ဆုတောင်းသည်၊ ကမ္ဘာလောက တစ်ခုတည်းတွင် ငါနှင့် သူသာ ရှိပြီး အခြား မည်သူမျှ မရှိသည့်အလား ဖြစ်သည်။ ပြင်ပလော၏ အင်အားစုများ ငါ၏ အနီးအနားတွင် နီးနီးကပ်ကပ် ဝိုင်းအုံကြ၏- သို့သော် ဘုရားသခင်၏ တို့ထိခြင်းခံရသည့် ခံစားချက်လည်း ငါ့အတွင်း၌ တလိပ်လိပ်တက်၏။ ဤသို့အကျပ်ရိုက်နေလျက်၊ ဘုရားသခင် ရှေ့တွင် ငါ ဦးညွှတ်၍ ဂါဝရပြု၏- “အို ဘုရားသခင်။ ငါသည် အဘယ်သို့ ကိုယ်တော်၏ အလိုတော်ကို မစွမ်းဆောင်နိုင်သနည်း။ ကိုယ်တော်၏ မျက်လုံးများက ကျွန်ုပ်ကို ဂုဏ်အသရေရှိသကဲ့သို့၊ ရွှေကြွပ်ကဲ့သို့ ကြည့်ကြသည့်တိုင်၊ အမှောင်အင်အားစုများမှ ကျွန်ုပ် မလွတ်မြောက်နိုင်ပါ။ ကျွန်ုပ် အသက်တာတစ်ခုလုံး ကိုယ်တော့်အတွက် ကျွန်ုပ် ဆင်းရဲဒုက္ခခံပါမည်၊ ကိုယ်တော်၏ အမှုကို အကျွန်ုပ်၏ အလုပ်အကိုင်ဖြစ်စေပါမည်၊ ပြီးလျှင် ကိုယ်တော့်ထံ ကျွန်ုပ် မိမိကိုယ်ကိုယ် ဆက်ကပ်ဖို့ရန် အနားယူဖို့ သင့်တော်သည့်နေရာတစ်ခုကို ကျွန်ုပ်အား ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏။ အို ဘုရားသခင်၊ ကိုယ်တော့်ထံ ကျွန်ုပ် မိမိကိုယ်ကိုယ် ဆက်ကပ်လိုပါ၏။ လူသား၏ အားနည်းချက်ကို ကိုယ်တော် ကောင်းကောင်း သိပါ၏၊ ထို့ကြောင့် ကိုယ်တော်သည် အဘယ့်ကြောင့် ကျွန်ုပ်ထံမှ မိမိကိုယ်ကိုယ် ကွယ်ဝှက်ထားပါသနည်း။” ထို့အခါ၌ပင်၊ ငါသည် လေညှင်းအားဖြင့် ၎င်း၏ ရနံ့ နိုးကြွလာသည့် အားလုံးမသိသော တောင်နှင်းပန်းပွင့် တစ်ပွင့်အလား ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံက ငိုကြွေးပြီး ငါ၏ နှလုံးသားက ဆက်လက် ငိုကြွေးလေသည်။ ငါ၏ စိတ်နှလုံးထဲတွင် သာ၍ပင် ကြီးမားသော နာကျင်မှုရှိသကဲ့သို့ ခံစားရ၏။ အင်းအားစုများအားလုံးနှင့် လူသား၏ ခြိမ်းခြောက်မှုတို့သည် သာယာသော နေ့တစ်နေ့၌ မိုးချုန်းသံတစ်သံကဲ့သို့ ဖြစ်ခဲ့သည်။ ငါ၏ နှလုံးသားကို အဘယ်သူ နားလည်နိုင်မည်နည်း။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် ဘုရားသခင်၏ ရှေ့မှောက်လာပြီး၊ “အို ဘုရားသခင်။ ဤညစ်ညူးခြင်း နယ်မြေထဲတွင် ကိုယ်တော်၏ အမှုကို ဆောင်ရွက်ဖို့ နည်းလမ်း မရှိသလော။ အခြားသူတို့သည် နှိပ်စက်မှု ကင်းမဲ့၍ သက်သောင့်သက်သာရှိပြီး အထောက်အကူပေးသော ပတ်ဝန်းကျင်တစ်ခုတွင် ကိုယ်တော်၏ စိတ်နှလုံးကို အဘယ်ကြောင့် သတိမရှိနိုင်ရပါသနည်း။ ကျွန်ုပ်၏ အတောင်များကို ဖြန့်ချင်သော်လည်း အဘယ်ကြောင့် ပျံသန်းသွားဖို့ အလွန် ခက်ခဲရပါသနည်း။ ကိုယ်တော် သဘောမကျသလော” ဟု ဆို၏။ ရက်များစွာကြာ ဤအရာနှင့်ပတ်သက်၍ ငါ ငိုကြွေးခဲ့၏၊ သို့တိုင် ဘုရားသခင်သည် ငါ၏ ပူဆွေးသော စိတ်နှလုံးဆီ နှစ်သိမ့်မှု ယူဆောင်လာမည်ဟု ငါ အမြဲ ယုံကြည်ခဲ့၏။ ငါ၏ ပူပန်မှုကို အဘယ်သူမျှ အစဉ် နားမလည်ကြလေပြီ။ ယင်းသည် ဘုရားသခင်ထံမှ တိုက်ရိုက် သိမြင်နားလည်ခြင်း ဖြစ်ကောင်းဖြစ်မည်- ငါသည် သူ၏ အမှုအတွက် ငါ့အတွင်းတွင် မီးတစ်ခု အမြဲ ရှိခဲ့ကာ အသက်ရှူဖို့ အချိန် ရှိရုံမျှဖြစ်သည်။ ဤနေ့ထိ၊ ငါသည် ဆုတောင်းကာ၊ “အို ဘုရားသခင်။ ကိုယ်တော်၏ အလိုတော်ဖြစ်ပါက၊ ကိုယ်တော်၏ အမှုသည် စကြဝဠာတစ်လျှောက် ဖြန့်နိုင်ဖို့အလို့ငှာနှင့် တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်းဆီ ဖွင့်ဟနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်၏ နှလုံးသားဆီ ငြိမ်သက်ခြင်း အနည်းငယ် ယူဆောင်လာဖို့အလို့ငှာနှင့် ကိုယ်တော့်အတွက် အနားယူသည့် နေရာတစ်ခုတွင် ကျွန်ုပ် နေထိုင်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် အနှောင့်အယှက်မရှိဘဲ ကိုယ်တော့်အတွက် ကျွန်ုပ် အလုပ်လုပ်နိုင်ပြီး ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်သက်ခြင်းဖြင့် ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကိုယ်တော့်အတွက် အလုပ်လုပ်နိုင်ဖို့အလို့ငှာ ကိုယ်တော်၏ သာ၍ပင် ကြီးမားသော အမှုကို ဆောင်ရွက်ဖို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ” ပြောဆဲ ဖြစ်သည်။ ဤသည်မှာ ငါ့စိတ်နှလုံး၏ ဆန္ဒဖြစ်သည်။ ငါသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်ဟု ညီအစ်ကို မောင်နှမများက ပြောကောင်းပြောနိုင်သည်။ အမှန်တရားဖြစ်သည့်အတွက် ငါလည်း ဤအရာကို လက်ခံ၏- လူငယ်တို့သည် အလွန်အမင်းမာနထောင်လွှားကြ၏။ ထို့ကြောင့် ယင်းသည် အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အမှန်တရားများအား ဆန့်ကျင်ခြင်းမရှိဘဲ ငါ ပြော၏။ ငါ့အထဲတွင် လူငယ်တစ်ဦး၏ ပင်ကိုစရိုက်လက္ခဏာများအားလုံးကို သင် မြင်ကောင်းမြင်နိုင်သည်၊ သို့သော် ငါသည် အခြား လူငယ်များနှင့် မည်သည့်နေရာတွင် ကွဲပြားသည်ကိုလည်း သင် မြင်နိုင်ပေသည်။ ငါ၏ တည်ငြိမ်မှုနှင့် ငြိမ်းအေးခြင်းတို့ ဖြစ်သည်။ ဤအရာကို အကြောင်းအရာတစ်ခုအဖြစ် ငါ ပြုလုပ်နေခြင်း မဟုတ်။ ငါ့ကိုယ်ငါ သိသည်ထက် ဘုရားသခင်က ငါ့အား သိသည်ကို ငါ ယုံကြည်၏။ ဤအရာများသည် ငါ၏ စိတ်နှလုံးမှ စကားများဖြစ်ပြီး ညီအစ်ကို မောင်နှမများ စိတ်ဆိုးမည်မဟုတ်ဟု ငါ မျှော်လင့်သည်။ ငါတို့၏ အသက်တာများ သာ၍ လှပလာဖို့အလို့ငှာ ငါတို့ စိတ်နှလုံးများ၌ ရှိသော စကားများကို ငါတို့ ပြောနိုင်ကြပါစေ၊ ငါတို့ အသီးသီး လိုက်စားသည့်အရာ မည်သည့်အရာဖြစ်သည်ကို ကြည့်နိုင်ကြပါစေ၊ ဘုရားသခင်အတွက် ငါတို့၏ ချစ်ခြင်း နှလုံးသားများကို နှိုင်းယှဉ်နိုင်ပါစေ၊ ဘုရားသခင်ထံ ငါတို့ တီးတိုးပြောသည့် စကားများကို နားထောင်နိုင်ကြပါစေ၊ ငါတို့ နှလုံးသားများထဲတွင် အလှပဆုံးသော သီချင်းများကို ဟစ်ဆိုနိုင်ကြပါစေ၊ ငါတို့ စိတ်နှလုံးများထဲက ဂုဏ်ကို ငါတို့ ဖွင့်ဟနိုင်ကြပါစေ။ အတိတ်ကို မေ့လိုက်ကာ အနာဂတ်ကို ရှေ့ရှုလော့။ ဘုရားသခင်သည် ငါတို့အတွက် လမ်းကြောင်း ဖွင့်ပေးလိမ့်မည်။

အရှေ့သို့- လမ်းကြောင်း… (၅)

နောက်တစ်ခုသို့- လမ်းကြောင်း... (၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။