လမ်းကြောင်း... (၇)

ငါတို့၏ လက်တွေ့ကျသော အတွေ့အကြုံများတွင်၊ ငါတို့ ခြေအောက်က လမ်းကြောင်း သာ၍ခိုင်မာပြီး သာ၍စစ်မှန်ဖို့အလို့ငှာ၊ ဘုရားသခင်သည် ငါတို့အတွက် လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးခဲ့သည့်အချိန် အကြိမ်များစွာ ရှိသည်ကို ငါတို့ မြင်ရ၏။ ဤသည်မှာ ရှေးအတီတေအချိန်ကတည်းက ဘုရားသခင်သည် ငါတို့အတွက် ဖွင့်ပေးခဲ့သည့် လမ်းကြောင်းဖြစ်ကာ၊ ထောင်စုနှစ်များစွာပြီးနောက် ငါတို့ မျိုးဆက်ထံ လက်ဆင့်ကမ်းလာခဲ့သည့် လမ်းကြောင်း ဖြစ်သည်။ ထို့ကြောင့် ထိုလမ်းကြောင်း အဆုံးထိ မလျှောက်ခဲ့သည့် ငါတို့၏ အရင်လူများ၏ လမ်းကြောင်းကို ငါတို့ လျှောက်ကြလေပြီ။ ယင်း၏ နောက်ဆုံးအဆင့်ထိ လျှောက်လှမ်းဖို့ရန် ငါတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရပြီး ဖြစ်သည်။ ထို့ကြောင့် ဤလမ်းကြောင်းကို ဘုရားသခင်က ငါတို့အတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ ငါတို့ ကောင်းချီးခံစားရသည်ဖြစ်စေ၊ ကံဆိုးခြင်းဖြင့် ငါတို့ ဖိစီးခံရသည်ဖြစ်စေ၊ အခြားအဘယ်သူမျှ ဤလမ်းကြောင်းကို မလျှောက်နိုင်ပေ။ ငါ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုကို ဤအရာသို့ ထပ်ဖြည့်ပါရစေ- အခြားတစ်နေရာရာသို့ ထွက်ပြေးရန် ကြိုးစားခြင်းငှာ မစဉ်းစားလေနှင့်၊ သို့မဟုတ် အခြားလမ်းကြောင်းကို ရှာတွေ့ဖို့ ကြိုးစားခြင်းငှာ မစဉ်းစားလေနှင့်၊ ပြီးလျှင် အဆင့်အတန်းကို မတပ်မက်လေနှင့်၊ သို့မဟုတ် သင်၏ကိုယ်ပိုင်နိုင်ငံကို တည်ထောင်ဖို့ မကြိုးစားလေနှင့်- ဤအရာများအားလုံးသည် စိတ်ကူးယဉ်များသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ တင်ကူးမှန်းဆထားသော စိတ်ကူးအချို့ သင်၌ ရှိနိုင်သည်၊ ဤသို့ဖြစ်ပါက သင် အလွန် နားဝေတိမ်တောင် ဖြစ်ခြင်းကို ရပ်တန့်ဖို့ ငါ သင့်ကို အကြံပြုသည်။ ဤအရာကို သင်သာ၍ တွေးပေးဖို့ ပိုကောင်း၏၊ လိမ္မာပါးနပ်ရန် မကြိုးစားလေနှင့်၊ ပြီးလျှင် အကောင်းနှင့် အဆိုးကို မရောထွေးလေနှင့်။ ဘုရားသခင်၏ အစီအစဉ် ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် သင် နောင်တရလိမ့်မည်။ ငါ ပြောနေသည့်အရာမှာ၊ ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်သည့်အခါ၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် အစိတ်စိတ်အမွှာမွှာ ချေမှုန်းခံရလိမ့်မည်။ ထိုအချိန်တွင် သင်ကိုယ်တိုင်၏ အစီအစဉ်များလည်း ပျက်သုဉ်းကုန်ပြီး ပြစ်တင်ဆုံးမခံရသူတို့သည် ချေမှုန်းခံရမည်ကို သင် မြင်ရလိမ့်မည်၊ ဤတွင် ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ ဤအရာများက ငါ့အတွက် အလွန် ရှင်းလင်းသည့်အတွက်၊ နောက်ပိုင်းတွင် ငါ့ကို သင် အပြစ်မတင်ဖို့အလို့ငှာ ယင်းတို့ကို သင့်အား ငါ ပြောသင့်သည်ဟု ငါ ထင်၏။ ယနေ့ထိ ဤလမ်းကြောင်းကို ငါတို့ လျှောက်နိုင်သည်မှာ ဘုရားသခင်၏ စီမံမှုဖြစ်သည်။ ထို့ကြောင့် သင်သည် ထူးခြားသောသူတစ်ယောက် ဖြစ်သည်ဟု မတွေးထင်သကဲ့သို့ သင်က ကံမကောင်းဟု မတွေးလေနှင့်။ သင် အစိတ်စိတ် အမွှာမွှာမဖြစ်ဖို့ရန် မည့်သူကမျှ ဘုရားသခင်၏ လက်ရှိအမှုနှင့် စပ်လျဉ်း၍ ခိုင်ခိုင်မာမာ ပြောဆိုမှုများ မပြုရ။ ဘုရားသခင်၏ အမှုအားဖြင့် ငါသည် ဉာဏ်အလင်းပေးခံရပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်သည် ဤလူစုကို စုံလင်စေမည်၊ သူ၏ အမှုသည် ဘယ်သောအခါမျှ တစ်ဖန်‌ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ သူသည် ဤလူစုကို လမ်းကြောင်းအဆုံးထိ ခေါ်ဆောင်လိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေပေါ်က သူ၏ အမှုကို အဆုံးသတ်လိမ့်မည်။ ဤအရာကို ငါတို့အားလုံး နားလည်သင့်၏။ လူအများစုသည် “ရှေ့သို့ ကြည့်” ဖို့ရန် နှစ်သက်ကြပြီး၊ ၎င်းတို့၏ အာသီသများသည် အဆုံးမရှိချေ။ ၎င်းတို့အနက် မည်သူမျှ ယနေ့နှင့်ဆိုင်သည့် ဘုရားသခင်၏ အရေးကြီးသော အလိုတော်ကို နားမလည်ကြချေ၊ ထို့ကြောင့် ၎င်းတို့အားလုံး လွတ်မြောက်ဖို့ တွေးကြသည်။ ၎င်းတို့သည် တောထဲတွင် ခြေဦးတည့်ရာသွားဖို့သာ လိုချင်သည့် ထိန်းမနိုင်သိမ်းမရ လွတ်ထွက်သွားသော မြင်းများကဲ့သို့ဖြစ်၏၊ အနည်းငယ်ကသာ လူ့ဘဝ၏ လမ်းခရီးကို ရှာဖွေရန် ကောင်းမွန်သော ခါနာန်ပြည်ထဲတွင် ခြေချဖို့ ဆန္ဒရှိကြသည်။ နို့နှင့် ပျားရည်စီးသော ပြည်ထဲသို့ ဝင်ရောက်ပြီးနောက်၊ လူတို့သည် မပျော်မွေ့ပါက၊ ၎င်းတို့ မည်သည့်အရာကို လိုချင်ကြသေးသနည်း။ အမှန်ပြောရလျှင်၊ ကောင်းမွန်သော ခါနာန်ပြည်၏ အလွန်တွင် တောသာ တည်ရှိလေသည်။ အနားယူသည့် နေရာသို့ လူတို့ ဝင်ရောက်ပြီးသည့် အချိန်၌ပင်၊ ၎င်းတို့၏ တာဝန်ကို မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် ပြည့်တန်ဆာများသာ ဖြစ်ကြသည် မဟုတ်လော။ ဤနေရာတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရမည့် အခွင့်အရေး သင် ဆုံးရှုံးပါက၊ သင်၏ ကျန်ရှိသည့် နေ့ရက်များတွင် သင် နောင်တရလိမ့်မည်၊ သင်၏ နောင်တသည် အဆုံးရှိလိမ့်မည် မဟုတ်။ ခါနာန်ပြည်ကို ငေးကြည့်ခဲ့ရသော်လည်း၊ မမွေ့လျော်နိုင်ခဲ့၊ လက်သီးများ ကျစ်ကျစ်ဆုပ်ထားလျက်၊ သူ၏သေခြင်းသည် နောင်တအပြည့် ဖြစ်ခဲ့သည့် မောရှကဲ့သို့ သင် ဖြစ်လိမ့်မည်- ဤအရာသည် ရှက်ဖွယ်ဖြစ်သည်ဟု သင် မထင်သလော။ အခြားသူများ၏ လှောင်စရာ ဖြစ်သည်မှာ ကသိကအောက်ဖြစ်ဖွယ်ဟု သင် မထင်သလော။ အခြားသူများ၏ အရှက်ခွဲခြင်းခံရရန် သင်လိုလားနေသလော။ သင်သည် ကြီးပွားချမ်းသာဖို့ ဆန္ဒမရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရသည့် ဂုဏ်သရေရှိပြီး တော်ဖြောင့်သောလူတစ်ဦး မဖြစ်ချင်သလော။ မည်သည့်အရာကိုမျှ သင် အမှန်တကယ် ဆန္ဒမပြင်းပြသလော။ အခြားလမ်းကြောင်းများကို သင် အမှန်တကယ် မလျှောက်ချင်ပေ။ သင့်အတွက် ဘုရားသခင် စီမံထားသည့် လမ်းကြောင်းကို လျှောက်ဖို့လည်း သင် ဆန္ဒမရှိသလော။ ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင် ဝံ့သလော။ သင်၏ “ကျွမ်းကျင်မှု” မည်မျှ ကြီးမားပါစေ၊ ကောင်းကင်ဘုံကို သင် အမှန်တကယ် စော်ကားနိုင်သလော။ ငါတို့သည် မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ သိရှိဖို့ရန် ကြိုးစားခြင်းက သာ၍ ကောင်းပေသည်။ ဘုရားသခင်ထံမှ စကားတစ်လုံးသည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်သည်၊ သို့ဆိုလျှင် သေးငယ်ပိန်ချုံးနေသော လူတစ်ဦးမှာ ဘုရားသခင်၏ အမြင်၌ အဘယ်အရာ ဖြစ်မည်နည်း။

ငါကိုယ်တိုင်၏ အတွေ့အကြုံထဲတွင်၊ သင်သည် ဘုရားသခင်နှင့် ဆန့်ကျင်လေလေ၊ ဘုရားသခင်သည် သူ၏ ဘုန်းအာနုဘော်တော် ဖြစ်သော စိတ်သဘောထားကို ပြသလေလေဖြစ်ပြီး၊ သင့်ကို သူ “တည်ခင်း” သည့် ပြစ်တင်ဆုံးမခြင်းသည် သာ၍ ပြင်းထန်လေလေ ဖြစ်မည်ကို ငါ တွေ့မြင်ဖူးသည်။ သူ့ကို သင် နာခံလေလေ၊ သူသည် သင့်ကို ချစ်လေလေဖြစ်ပြီး ကာကွယ်လေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်ဒဏ်ပေးသည့် ကိရိယာတစ်ခုကဲ့သို့ ဖြစ်သည်။ သင် နာခံပါက သင် လုံခြုံကာ ကြံ့ခိုင်လိမ့်မည်။ သင် မနာခံသည့်အခါ- သင်သည် အမြဲ ကြွားဝါဖို့ ကြိုးစားပြီး အမြဲ လှည့်စားသည့်အခါ- ဘုရားသခင်၏ စိတ်သဘောထား ချက်ချင်း ပြောင်းလဲလေသည်။ သူသည် တိမ်ထူထပ်သော နေ့တစ်နေ့၌ ရှိသည့် နေမင်းကဲ့သို့ ဖြစ်သည်၊ သူသည် သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သူ၏ အမျက်ဒေါသကို သင့်အား ပြလိမ့်မည်။ သူ၏ စိတ်သဘောထားသည်လည်း ကောင်းကင်သည် မိုင်များ ပတ်ပတ်လည် ကင်းစင်ပြီး၊ လှိုင်းများက ရေမျက်နှာပြင်ပေါ်တွင် တသိမ့်သိမ့်သာ လှုပ်ရှားသည့်အချိန်တွင်၊ ရုတ်တရက် ရေလှိုင်းများက အရှိန်မြင့်လာပြီး ရေက တစ်ဟုန်ထိုး လှိုင်းတပိုးထခြင်းသို့ ပြောင်းသွားသည်အထိဖြစ်သည့် ဇွန်လ၏ ရာသီဥတုကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ ထိုသို့သော စိတ်သဘောထားနှင့် ရင်ဆိုင်ရာတွင် သင်သည် အလွန် မဆင်မခြင် ပြုဝံ့သလော။ သင်၏ အတွေ့အကြုံများတွင်၊ သင်တို့ ညီအစ်ကို မောင်နှမများ အများစုသည် နေ့အလင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါတွင် သင်တို့ ယုံကြည်ခြင်း ပြည့်ဝကြသည်ကို မြင်ကြပြီး ဖြစ်သည်၊ သို့သော် ထို့နောက်၊ မမျှော်လင့်ဘဲ ဘုရားသခင်၏ ဝိညာဉ်က သင့်ကို ရုတ်တရက် စွန့်ပစ်ပြီး သင်သည် ညှဉ်းဆဲခံရလွန်း၍ သူ၏ ဝိညာဉ် ပျောက်ကွယ်သည့် ဦးတည်ရာကို အမြန်စဉ်းစားရင်း သင်သည် ညတွင် အိပ်မရ ဖြစ်လေသည်။ မည်သည့်အရာကို သင် လုပ်ဆောင်ပါစေ၊ သူ၏ ဝိညာဉ် သွားသည့် နေရာကို သင် ရှာမတွေ့နိုင်ပေ- သို့သော် ထို့နောက် မမျှော်လင့်ဘဲ၊ သင့်ထံ သူ တစ်ဖန် ပေါ်လာပြီး သင်သည် ပေတရုက သူ၏ သခင်ယေရှုကို နောက်တစ်ဖန် ရုတ်တရက် ရှုမြင်ရသည့်အချိန်ကဲ့သို့ ပီတိဖြာလေသည်၊ ပီတိဖြာလွန်း၍ သင် အော်ဟစ်လုနီးနီး ဖြစ်လေသည်။ ယင်းကို အကြိမ်များစွာ တွေ့ကြုံပြီးသည့်နောက် ဤအရာကို သင် အမှန်တကယ် မေ့လျော့ပြီလော။ လူ့ဇာတိခံယူသူ၊ ကားတိုင်ထက်တွင် သံမှိုရိုက်နှက်ခံရပြီးနောက် ရှင်ပြန်ထမြောက်ကာ ကောင်းကင်သို့ တက်ကြွသွားသည့် သခင်ယေရှု ခရစ်တော်သည် အချိန်ကာလတစ်ခုကြာ သင့်ထံမှ အမြဲ ကွယ်ဝှက်နေပြီးနောက် အချိန်ကာလတစ်ခုကြာ သင့်ထံ သူ ပေါ်လာလေသည်။ သင်၏ ဖြောင့်မတ်ခြင်းကြောင့် သူသည် သင့်ထံ မိမိကိုယ်ကိုယ် ထုတ်ဖော်ပြပြီး၊ သင်၏ အပြစ်များကြောင့် သူသည် ဒေါသထွက်ကာ သင့်ထံမှ ထွက်ခွာလေသည်၊ ထို့ကြောင့် သင်သည် သူ့ထံ အဘယ်ကြောင့် သာ၍ ဆုမတောင်းသနည်း။ ပင်တေကုတ္တေနေ့ပြီးနောက်တွင် သခင်ယေရှုခရစ်တော်သည် ကမ္ဘာမြေပေါ်၌ အခြားသော တာဝန်တစ်ခု ရှိသည်ကို သင် မသိခဲ့သလော။ သခင်ယေရှုခရစ်တော်သည် လူ့ဇာတိခံခဲ့သည်၊ ကမ္ဘာမြေသို့ ကြွလာခဲ့ပြီး ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရသည်ဆိုသည့် အချက်ကိုသာ သင် သိသည်။ သင်ယုံကြည်ခဲ့သည့် ယေရှုက ယခင်အချိန်ကြာမြင့်စွာကတည်းက သူ၏ အမှုကို အခြားတစ်စုံတစ်ဦးထံ ပေးအပ်ပြီးဖြစ်သည်ဆိုသည်နှင့် ယင်းသည် အချိန်ကြာမြင့်စွာကတည်းက ဖြည့်ဆည်းပြီးခဲ့သောကြောင့် သခင်ယေရှုခရစ်တော်၏ ဝိညာဉ်သည် သူ့အမှု၏ အခြားသော အစိတ်အပိုင်းကို လုပ်ဆောင်ဖို့ တစ်ဖန် ကမ္ဘာမြေသို့ ဇာတိပကတိ ပုံသဏ္ဌာန်ဖြင့် ကြွလာပြီးဖြစ်သည်ဆိုသည်ကို သင် လုံးဝ မသိသေးပေ။ ဤနေရာတွင် တစ်စုံတစ်ခုကို ငါ ဖြည့်စွက်လိုသည်- ဤရေစီးကြောင်းတွင် သင် လောလောလတ်လတ် ရှိနေသည်ဆိုသည့် အချက်ရှိသော်ငြား၊ ဤလူသည် သင်တို့အပေါ် သခင်ယေရှု ခရစ်တော် အပ်နှင်းခဲ့သည့် သူတစ်ဦးဖြစ်သည်ဟု သင်တို့ထဲမှ အနည်းငယ်ကသာ ယုံကြည်သည်ဟု ငါ ပြောဝံ့သည်။ သူ့ကို မွေ့လျော်ဖို့သာ သင်တို့ သိသည်။ ဘုရားသခင်၏ ဝိညာဉ်က ကမ္ဘာမြေသို့ တစ်ဖန် ကြွလာပြီးဖြစ်သည်ကို သင်တို့ အသိအမှတ်မပြုသကဲ့သို့ ယနေ့၏ ဘုရားသခင်သည် အတိတ် နှစ်ထောင်ပေါင်းများစွာက ယေရှုခရစ်တော် ဖြစ်သည်ကို သင် အသိအမှတ် မပြုပေ။ ထို့ကြောင့် သင်တို့အားလုံးသည် သင်တို့၏ မျက်လုံးများ ပိတ်လျက် လမ်းလျှောက်နေကြသည်- သင်တို့ မည်သည့်နေရာ၌ ဇာတ်သိမ်းသည်မဆို သင်တို့ လက်သင့်ခံကြပြီး ဤအရာနှင့် ပတ်သက်၍ သင်တို့ လုံးဝ အလေးအနက် မရှိကြဟု ငါ ဆိုသည်။ ယေရှုကို သင်တို့သည် စကားဖြင့် ဤကဲ့သို့ ယုံကြည်သော်လည်း၊ ယနေ့ ဘုရားသခင် သက်သေခံသည့် သူကို ပေါ်တင် အာခံဝံ့ကြသည်။ သင် မိုက်မဲသည် မဟုတ်လော။ ယနေ့၏ ဘုရားသခင်သည် သင်၏ အမှားများကို ဂရုမစိုက်ချေ၊ သင့်ကို သူ မရှုတ်ချချေ။ ယေရှုကို ယုံကြည်သည်ဟု သင် ဆို၏၊ ထို့သို့ဆိုလျှင် သင်၏ သခင်ယေရှုခရစ်တော်က သင့်ကို သက်ညှာနိုင်မည်လော။ ဘုရားသခင်သည် သင် စိတ်လွတ်လက်လွတ်နေရန်၊ လိမ်ညာရန်နှင့် လှည့်ဖြားရန် သင့်အတွက် နေရာတစ်ခုခုဖြစ်သည်ဟူ၍ သင်ထင်သလော။ သင်၏ သခင်ယေရှုခရစ်တော်သည် မိမိကိုယ်ကိုယ် နောက်တစ်ဖန် ဖော်ပြသည့်အခါ၊ သင် ဖြောင့်မတ်ခြင်း ရှိ၊မရှိ သို့မဟုတ် သင် ဆိုးညစ်ခြင်း ရှိမရှိဆိုသည်ကို ယခု သင် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံ၍ သူဆုံးဖြတ်လိမ့်မည်။ လူအများစုသည် “ညီအစ်ကို မောင်နှမများ” ဟု ငါ ညွှန်းဆိုသည့်အရာနှင့်ပတ်သက်၍ အဆုံး၌ အယူအဆများ ရှိကြပြီး ဘုရားသခင်၏ အမှုပြုသည့် နည်းလမ်း ပြောင်းလဲလိမ့်မည်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူတို့သည် သေခြင်းကို ဖိတ်ခေါ်နေသည် မဟုတ်လော။ စာတန်ကို ဘုရားသခင်က ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သက်သေခံနိုင်သလော။ ဤတွင်၊ သင်တို့သည် ဘုရားသခင်ကို ရှုတ်ချနေကြသည် မဟုတ်လော။ မည်သူမဆိုပင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နိုင်သည်ဟု သင် ယုံကြည်သလော။ သင် အမှန်တကယ် သိပါက၊ မည်သည့် အယူအဆများမှ သင် ရှိလိမ့်မည်မဟုတ်။ သမ္မာကျမ်းစာထဲတွင် အောက်ပါ ကျမ်းပိုဒ် ရှိ၏- အရာခပ်သိမ်းသည် သူ့အတွက်ဖြစ်ပြီး အရာခပ်သိမ်းသည် သူ့ထံမှဖြစ်၏။ သူသည် သားများစွာကို ဘုန်းအသရေ ရှိစေလိမ့်မည်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့၏ ခေါင်းဆောင်ဖြစ်သည် ...... ကျွန်ုပ်တို့ကို ညီအစ်ကိုများဟု ခေါ်ရာတွင် သူသည် ဤကဲ့သို့ပင် မရှက်ပေ။ ဤနှုတ်ကပတ်တော်များကို သင် အလွယ်တကူ အလွတ် အာဂုံဆောင်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့ အမှန်တကယ် မည်သည့် အဓိပ္ပါယ်ရှိသည်ကို သင် နားမလည်ပေ။ သင်သည် ဘုရားသခင်ကို သင်၏ မျက်လုံးများ ပိတ်လျက် ယုံကြည်နေသည် မဟုတ်လော။

ငါတို့၏ မျိုးဆက်သည် ယခင် မျိုးဆက်များ မပြီးစီးခဲ့သည့် လမ်းကြောင်းကို လျှောက်နိုင်ဖို့ရန်နှင့် အတိတ် နှစ်ထောင်ပေါင်းများစွာ၏ ဘုရားသခင်၊ ငါတို့အလယ်တွင်ရှိပြီး အရာခပ်သိမ်း၌ ပြည့်လျှံသော ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်နိုင်ဖို့ရန် ကောင်းချီးခံစားရသည်ဟု ငါ ယုံကြည်သည်။ ဤလမ်းကြောင်းကို သင် လျှောက်လိမ့်မည်ဟု သင် ဘယ်သောအခါမျှ စိတ်ကူးနိုင်ခဲ့လိမ့်မည်မဟုတ်- ဤသည်မှာ သင် တတ်စွမ်းနိုင်သည့် အရာတစ်ခုလော။ ဤလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက် ဦးဆောင်လေသည်၊ သခင်ယေရှု ခရစ်တော်၏ ခုနှစ်ဆပြင်းထန်သည့် ဝိညာဉ်က ဦးဆောင်ပြီး ယနေ့၏ ဘုရားသခင်က သင့်အတွက် ဖွင့်ဟပြီးဖြစ်သည့် လမ်းကြောင်း ဖြစ်သည်။ သင်၏ အဖြစ်ချင်ဆုံးသော အိပ်မက်များထဲတွင်ပင်၊ အတိတ် နှစ်ထောင်ပေါင်းများစွာက ယေရှုသည် သင့်ရှေ့၌ တစ်ဖန် ပေါ်လာလိမ့်မည်ဟု စိတ်ကူးနိုင်မည်မဟုတ်ချေ။ သင်သည် ကျေနပ်မှု မခံစားရသလော။ ဘုရားသခင်ရှေ့ မျက်နှာချင်းဆိုင် အဘယ်သူ လာနိုင်သနည်း။ ဘုရားသခင်ထံမှ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိဖို့၊ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ငါတို့ ခံရနိုင်ပြီး သူ၏ ရယူခြင်းခံရဖို့ ငါသည် ငါတို့ အုပ်စုအတွက် မကြာခဏ ဆုတောင်းသော်လည်း၊ သာ၍ ကြီးမားသော ထုတ်ဖော်ပြခြင်းများကို ငါတို့ ရှုမြင်နိုင်ဖို့အလို့ငှာ ငါတို့ကို ဘုရားသခင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ရင်း၊ ငါတို့အတွက် ခါးသီးသည့် မျက်ရည်များ ငါ ကျဆင်းသည့် မရေတွက်နိုင်သော အကြိမ်များစွာလည်း ရှိလေသည်။ ဘုရားသခင်ကို အရူးလုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားပြီး မည်သည့်အရာကိုမျှ လုံးဝ ဆန္ဒမပြင်းပြကြသည့် လူတို့ကို သို့မဟုတ် ဇာတိပကတိကို သတိရှိသောသူများ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အာရုံစိုက်ရာ ဖြစ်စေဖို့ရန် အကျိုးအမြတ်များနှင့် နာမည်ဂုဏ်သတင်းအတွက် ကြိုးပမ်းကြသူများကို ငါ မြင်သည့်အခါ၊ ငါ၏ စိတ်နှလုံးထဲတွင် ကြီးမားသည့် နာကျင်မှုကို အဘယ်သို့ မခံစားဘဲ နေနိုင်မည်နည်း။ လူတို့သည် အဘယ်သို့ အသိစိတ် အလွန် ကင်းမဲ့နိုင်ကြသနည်း။ ငါ၏ အမှုသည် အမှန်တကယ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ပြီလော။ သင်၏ သားသမီးများသည် သင့်အပေါ် ပုန်ကန်တတ်ပြီး သားသမီးအရည်အချင်းများ မရှိပါက၊ ၎င်းတို့ အသိစိတ်ကင်းမဲ့ပါက၊ မိမိတို့ကိုယ်ကိုယ်အတွက်သာ ၎င်းတို့ ဂရုစိုက်ပြီး သင်၏ ခံစားချက်များကို ဘယ်သောအခါမျှ အရေးမထားသကဲ့သို့၊ ၎င်းတို့ ကြီးပြင်းပြီးနောက်တွင် သင့်ကို အိမ်မှ နှင်ထုတ်ပါက၊ ထိုအချိန်တွင် သင် မည်သို့ ခံစားလိမ့်မည်နည်း။ ၎င်းတို့ကို ပျိုးထောင်ရာတွင် သင် စိုက်ထုတ်ခဲ့သည့် သွေး၊ ချွေးနှင့် စွန့်လွတ်မှုများကို သင် သတိရသည်နှင့်အမျှ မျက်ရည်များက သင်၏ မျက်နှာပေါ် စီးဆင်းလာနေလိမ့်မည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်ထံ အကြိမ် မရေမတွက်နိုင်အောင် ငါဆုတောင်းပြီး၊ “ချစ်လှစွာသော ဘုရားသခင်။ ကိုယ်တော်၏ အမှုအတွက် ဝန်တာ ကျွန်ုပ် ထမ်းရွက်ခြင်း ရှိမရှိဆိုသည်ကို ကိုယ်တော်သာ သိပါ၏။ ကျွန်ုပ်၏ လုပ်ဆောင်ချက်များက ကိုယ်တော်၏ အလိုတော်နှင့် မကိုက်ညီသည့် နေရာတွင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်သည်၊ စုံလင်စေပြီး သတိပြုမိစေပါ၏။ ကိုယ်တော့်ထံ ကျွန်ုပ်၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ မကြာခင် ကိုယ်တော် ဘုန်းအသရေ ရရှိဖို့နှင့် ကိုယ်တော့်၏ ရယူခြင်း ၎င်းတို့ခံရဖို့အလို့ငှာ၊ ကိုယ်တော်၏အမှုက ကိုယ်တော်၏ အလိုတော်ကို ရရှိရန်ဖန်တီးနိုင်ဖို့နှင့် ကိုယ်တော်၏ အစီအစဉ် စောလျင်စွာ ပြည့်စုံနိုင်ဖို့အလို့ငှာ ဤလူတို့ကို ကိုယ်တော် သာ၍ တို့ထိဖို့ ဖြစ်ပါ၏” ဟု ဆိုလေသည်။ ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် လူတို့ကို မသိမ်းပိုက်ချင်ပေ၊ လူတို့ကို အမြဲ နဖားကြိုးမတပ်ချင်ပေ။ သူသည် လူတို့ကို သူ၏ နှုတ်ကပတ်တော်များအား နာခံစေချင်ပြီး စည်းကမ်းရှိသည့် ပုံစံဖြင့် အလုပ်လုပ်စေချင်ကာ၊ ဤနည်းအားဖြင့် သူ၏ အလိုတော်ကို ဖြည့်ဆည်းစေချင်လေသည်။ သို့သော် လူတို့သည် အရှက်မရှိကြသကဲ့သို့ သူ့ကို စဉ်ဆက်မပြတ် ပုန်ကန်ကြလေသည်။ ငါတို့သည် သူ့ကို စိတ်ကျေနပ်စေဖို့ အရိုးရှင်းဆုံးသော နည်းလမ်းကို ရှာလျှင် အကောင်းဆုံးဖြစ်သည်ဟု ငါ ယုံကြည်၏၊ ယင်းမှာ သူ၏ အစီအစဉ်များအားလုံးကို နာခံဖို့ ဖြစ်သည်။ ဤအရာကို သင် အမှန်တကယ် စွမ်းဆောင်နိုင်ပါက၊ သင်သည် စုံလင်စေခြင်းခံရလိမ့်မည်။ ဤသည်မှာ လွယ်ကူပြီး ဝမ်းမြောက်ဖွယ် ကောင်းသည့်အရာ ဖြစ်သည် မဟုတ်လော။ သင် လျှောက်သင့်သည့် လမ်းကြောင်းကို လျှောက်လော့။ အခြားသူများ ပြောသည့်အရာကို အာရုံမစိုက်နှင့်၊ ပြီးလျှင် သိပ်မတွေးလွန်းလေနှင့်။ သင်၏ အနာဂတ်နှင့် သင်၏ ကံကြမ္မာတို့သည် သင့် လက်ထဲတွင် ရှိကြသလော။ လောကီဆန်သည့် လမ်းကြောင်းကို လျှောက်ဖို့ ဆန္ဒရှိလျက် သင်သည် လွတ်မြောက်ဖို့ အမြဲကြိုးစား၏- သို့သော် အဘယ်ကြောင့် သင် ထွက်မသွားနိုင်သနည်း။ လမ်းဆုံလမ်းခွတွင် သင် နှစ်ပေါင်းများစွာ ချီတုံချတုံဖြစ်ပြီးနောက် အဆုံး၌ ဤလမ်းကြောင်းကို နောက်တစ်ဖန် ရွေးချယ်ရသည်မှာ အဘယ်ကြောင့်နည်း။ နှစ်များစွာ လှည့်လည်သွားလာပြီးနောက်၊ မရည်ရွယ်ဘဲနှင့် ဤအိမ်သို့ သင် ယခု ပြန်သွားသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ သင့်သဘောအတိုင်း ဖြစ်သလော။ သင်တို့အနက် ဤရေစီးကြောင်းတွင် ရှိသူတို့အတွက်၊ ဤအရာကို ကြားပြီးနောက် ငါ့ကို သင်တို့ မယုံကြည်ပါက၊ သင် ထွက်သွားဖို့ စီစဉ်ပါက၊ ဘုရားသခင် သင့်ကို ခွင့်ပြု မပြု ကြည့်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို မည်သို့ တို့ထိသည်ကို ကြည့်လော့- ယင်းကို မိမိကိုယ်ကိုယ်အတွက် တွေ့ကြုံခံစားလော့။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက၊ သင် ကံဆိုးခြင်းခံစားရလျှင်ပင်၊ ဤရေစီးကြောင်းထဲတွင် ခံစားရမည်၊ ပြီးလျှင် ဒုက္ခခံစားရခြင်း ရှိပါက၊ ယနေ့ ဤနေရာတွင် သင် ဒုက္ခခံရမည်။ အခြား မည်သည့်နေရာကိုမျှ သင် သွား၍မရ။ သင့်အဖို့ ဤအရာ ရှင်းလင်းသလော။ မည်သည့်နေရာသို့ သင် သွားမည်နည်း။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲရေး အမိန့်ဖြစ်သည်။ ဤလူစုကို ဘုရားသခင် ရွေးချယ်ခြင်းက အဓိပ္ပါယ်မရှိဟု သင် ထင်သလော။ ယနေ့ သူ၏ အမှုတွင်၊ ဘုရားသခင်သည် အလွယ်တကူ အမျက်ဒေါသ မထွက်ပေ- သို့သော် သူ၏ အစီအစဉ်ကို လူတို့ နှောင့်ယှက်ဖို့ ကြိုးစားပါက၊ သူ၏ မျက်နှာသည် ကြည်လင်ရွှင်ပျရာမှ အုံ့မှိုင်းခြင်းသို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့ကြောင့်၊ ငြိမ်ငြိမ်နေပြီး ဘုရားသခင်၏ အကြံအစည်များကို နာခံကာ သင့်ကို စုံလင်စေဖို့ သူ့အား အခွင့်ပေးရန် ငါ သင့်ကို အကြံပြု၏။ ဤအရာကို လုပ်ဆောင်သော လူတို့သာ တော်ကြပေသည်။

အရှေ့သို့- လမ်းကြောင်း… (၆)

နောက်တစ်ခုသို့- လမ်းကြောင်း... (၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။