လမ်းကြောင်း... (၈)

ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အပြန်အလှန်ဆက်ဆံရန်နှင့် လူတို့နှင့်အတူ နေထိုင်ရန် မြေကြီးပေါ်သို့ ကြွလာခဲ့သည်မှာ တစ်ရက်၊ နှစ်ရက်သာ ရှိသေးသည် မဟုတ်ပေ။ ဤအချိန်ကာလအတွင်းတွင်၊ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိကို များများစားစားရရှိခဲ့ကောင်း ရရှိခဲ့ကြပြီး ဘုရားသခင်ကို အစေခံခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှသော ထိုးထွင်းသိမြင်မှုထက် သာ၍ ရရှိကောင်း ရရှိမည်ဖြစ်ပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် အတွေ့အကြုံရှိလာကြပေသည်။ မည်သို့ပင်ဖြစ်စေ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အနည်းနှင့် အများ နားလည်ကြပြီး ၎င်းတို့၏ စိတ်သဘောထားများကို နည်းလမ်း အမြောက်အမြားဖြင့်လည်း ဖော်ပြကြလေသည်။ ငါမြင်သည့် ပုံစံအရ၊ လူတို့၏အမျိုးမျိုးသော သရုပ်သကန်များသည် နမူနာများအဖြစ် ဘုရားသခင် အသုံးပြုရန်အတွက် လုံလောက်ပြီး၊ ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများသည် ရည်ညွှန်းချက်အဖြစ် သူ အသုံးပြုရန်အတွက် လုံလောက်ပေသည်။ ဤသည်မှာ ဘုရားသခင် ညွှန်ကြားသည့် ဤဆောင်ရွက်မှုကို ကွက်ကွက်ကွင်းကွင်းဖြစ်ကာ အသက်ပါစေလျက်၊ လူသားအနေဖြင့် သတိမမူမိသော အရာများထဲက တစ်ခုဖြစ်သည့် လူသားနှင့် ဘုရားသခင်ကြား ပူးပေါင်းဆောင်ရွက်မှု၏ သွင်ပြင်လက္ခဏာ တစ်ရပ် ဖြစ်နိုင်ပေသည်။ ငါသည် ဤပြဇာတ်၏ အထွေထွေဒါရိုက်တာအနေဖြင့် ငါ၏ညီအစ်ကိုမောင်နှမများကို ဤအရာများအား ငါပြောနေခြင်းဖြစ်သည်- ငါတို့တစ်ဦးစီတိုင်းသည် ဤသည်ကို သရုပ်ဆောင်ပြီးသောအခါ၊ ငါတို့၏အတွေးများနှင့် ခံစားချက်များကို ပြောဆိုနိုင်ပြီး ဤပြဇာတ်အတွင်း ငါတို့ တစ်ဦးစီသည် ငါတို့၏ အသက်တာများကို မည်သို့ တွေ့ကြုံရသည့်အကြောင်း စကားစမြည်ပြောနိုင်သည်။ ငါတို့သည် နောက်ထပ်တင်ဆက်ပုံတွင် သာ၍မြင့်သော ငါတို့၏အနုပညာအရည်အဆင့်ကို ဖော်ပြနိုင်ရန်နှင့် အသီးသီးသည် ငါတို့ ကိုယ်တိုင်၏ အခန်းအသီးသီးကို ဖြစ်နိုင်သမျှ အထူးကဲအပြောင်မြောက်ဆုံး အတိုင်းအတာထိ သရုပ်ဆောင်နိုင်ကာ ဘုရားသခင်ကို စိတ်မပျက်စေဖို့အလို့ငှာ၊ ငါတို့၏ စိတ်နှလုံးများကို ဖွင့်ဟပြီး ငါတို့၏ ဖျော်ဖြေရေးအနုပညာအကြောင်းကို ပြောဆိုဆွေးနွေးဖို့ စာတမ်းဖတ်ပွဲ လုံးဝအသစ်တစ်မျိုး ရှိလျှင်ကောင်းပြီး၊ ဘုရားသခင်က လူတစ်ဦးချင်းစီကို အဘယ်သို့ ဦးဆောင်လမ်းပြသည်ကို မြင်လျှင်ကောင်းမည်။ ငါ့ညီအစ်ကိုမောင်နှမများက ဤအရာကို အလေးအနက်ထားကြမည်ဟု ငါမျှော်လင့်သည်။ အခန်းတစ်ခန်းကို ကောင်းစွာ သရုပ်ဆောင်ခြင်းသည် တစ်ရက် နှစ်ရက်ဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်သည့်အတွက် မည်သူမျှ ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ ယင်းက ငါတို့အနေဖြင့် ဘဝကို တွေ့ကြုံပြီး ရေရှည်၌ ငါတို့၏ စစ်မှန်သော အသက်တာများအတွင်းသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ဖို့နှင့် အသက်တာ အမျိုးမျိုး၏ လက်တွေ့ကျသော အတွေ့အကြုံများ ရှိရန် လိုအပ်ပေသည်။ ထိုအခါမှသာ ငါတို့သည် စင်ပေါ်သို့ တက်နိုင်ပေသည်။ ငါသည် ငါ၏ညီအစ်ကိုမောင်နှမများအတွက် မျှော်လင့်ခြင်း အပြည့်ရှိသည်။ သင်တို့သည် စိတ်အားငယ်သွားလိမ့်မည် မဟုတ်၊ သို့မဟုတ် စိတ်ဓာတ်ကျသွားလိမ့်မည် မဟုတ်၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ သင်တို့သည် မီးဖိုသဖွယ်- မည်သည့်အခါမျှ စိတ်မပါ့တပါမဖြစ်ဘဲနှင့် ဘုရားသခင်၏အမှု အပြည့်အဝ ထုတ်ဖော်ပြ ခံရသည်အထိ၊ ဘုရားသခင် ညွှန်ကြားသည့် ပြဇာတ်က အပြီးသတ် နိဂုံးချုပ်သည်အထိ၊ အဆုံးတိုင်အောင် မရမနေ ဇွဲကောင်းနေကြလိမ့်မည်ဟု ငါယုံကြည်သည်။ သင်တို့ထဲမှ အခြား မည်သည့်အရာကိုမျှ ငါ မတောင်းဆိုပေ၊ ငါလုပ်ဆောင်သင့်သည့် အမှုကို ကောင်းကောင်း လုပ်ဆောင်ဖို့အလို့ငှာနှင့် မည်သူမျှ ကာဆီးခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်စေဖို့အလို့ငှာ သင်တို့ ကြံ့ကြံ့ခံကြမည်၊ ရလဒ်များအတွက် သင်တို့ စိတ်မရှည်ဖြစ်ကြလိမ့်မည် မဟုတ်ဘဲ၊ သင်တို့သည် ငါနှင့်ပူးပေါင်းလုပ်ဆောင်ကြလိမ့်မည်ဟု ငါ မျှော်လင့်သည်။ အမှု၏ဤအပိုင်း ပြီးစီးသည့်အခါ၊ ဘုရားသခင်သည် သင်တို့ကို အရာခပ်သိမ်း ထုတ်ဖော်ပြလိမ့်မည်။ ငါ၏အမှု ပြီးစီးပြီးနောက်တွင်၊ ဘုရားသခင်၏ရှေ့မှောက်၌ သူ၏ စစ်ကြောတော်မူခြင်းကို ခံရန် သင်တို့၏ဂုဏ်ပြုမှတ်တမ်းကို ငါတင်ပြမည်ဖြစ်သည်။ ယင်းသည် သာ၍ ကောင်းသည် မဟုတ်လော။ ငါတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် အချင်းချင်း ကူညီခြင်း- ဤသည်မှာ အယောက်တိုင်းအတွက် ပကတိ ပြည့်စုံကောင်းမွန်သော ဖြေရှင်းချက်တစ်ခု မဟုတ်လော။ ယခုသည် ခက်ခဲသော အချိန်ကာလတစ်ခု၊ သင်တို့ အဖိုးအခတစ်ခု ပေးရန် လိုအပ်သော အချိန်ကာလတစ်ခု ဖြစ်သည်။ ငါသည် ယခု ဒါရိုက်တာ ဖြစ်သောကြောင့်၊ သင်တို့ထဲမှ မည်သူမျှသည် ဤအရာအားဖြင့် စိတ်မပူကြဖို့ ငါ မျှော်လင့်သည်။ ငါလုပ်ဆောင်နေသော အမှုမှာ ဤကဲ့သို့ဖြစ်သည်။ တစ်နေ့တွင် ငါသည် ပို၍လျော်ကန်သော "လုပ်ငန်းအဖွဲ့" သို့ကူးပြောင်းပြီး သင်တို့အတွက် အခက်အခဲများ ကြုံရအောင် ပြုတော့မည်မဟုတ်သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်တို့မြင်လိုသည့် မည်သည့်အရာကိုမဆို ငါပြမည်ဖြစ်ပြီး သင်တို့ ကြားလိုသည့် မည်သည့်အရာကိုမဆို ငါ ခွင့်ပြုမည်။ သို့သော် ယခုမဟုတ်ပေ။ ယနေ့၏ အမှုသည် ဤအမှုဖြစ်ပြီး၊ ငါသည် သင်တို့ကို လုံးဝလွတ်လပ်ခွင့်ပေးကာ သင်တို့ လုပ်လိုရာကို လုပ်ဆောင်ခွင့်မပေးနိုင်။ ယင်းက ငါ၏ အမှုကို ခက်ခဲစေမည်။ ရိုးသားစွာပြောရလျှင်၊ ယင်းသည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့၊ သင်တို့အဖို့ အကျိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် ယနေ့တွင် “မတရားမှု”ကို သင်တို့ ခံစားရမည်။ အချိန်ကျလာပြီး ငါ၏အမှု၏ ဤအဆင့် ပြီးစီးသည့်အခါတွင်၊ ငါသည် လွတ်လပ်လိမ့်မည်၊ ဤမျှလေးလံသောဝန်ကို ငါထမ်းမည်မဟုတ်သည့်အပြင်၊ ငါ့ထံမှ သင်တို့ တောင်းသည့် မည်သည့်အရာကိုမဆို ငါလိုက်လျောမည်။ သင်တို့၏ အသက်တာများအတွက် အကျိုးရှိသရွေ့ သင်တို့တောင်းဆိုသည့်အရာကို ငါဖြည့်ဆည်းပေးမည်။ ယနေ့တွင် ငါသည် ကြီးလေးသောတာဝန်ကို ခံယူပြီးဖြစ်သည်။ ငါသည် ခမည်းတော်ဘုရား၏ အမိန့်များကို မလွန်ဆန် နိုင်သကဲ့သို့၊ ငါ့အမှုအတွက် အစီအစဉ်များကို ငါ မနှောင့်ယှက်နိုင်ပေ။ ငါ၏ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ငါ၏စီးပွားရေးကိစ္စများမှတစ်ဆင့် ငါ မစီမံနိုင်ပေ- ပြီးလျှင် ငါလုပ်ဆောင်သမျှအားလုံးသည် ခမည်းတော် ဘုရားသခင်၏အလိုအတိုင်း ဖြစ်သည့်အတွက်၊ သင်တို့အားလုံး ငါ့ကို နားလည်နိုင်ကာ ခွင့်လွှတ်နိုင်ကြမည်ဟု ငါ မျှော်လင့်သည်။ သူ မည်သည့်အရာကို အလိုရှိသည်ဖြစ်စေ၊ ငါ့ကို သူ လုပ်ဆောင်စေသည့်အရာ မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်ပြီး၊ ငါသည် သူ၏ ဒေါသ သို့မဟုတ် အမျက်ကို နှိုးဆွမည်မဟုတ်။ ငါလုပ်သင့်သည့်အရာကိုသာ ငါလုပ်ဆောင်သည်။ ထို့ကြောင့် ခမည်းတော်ဘုရားသခင်ကိုယ်စား နောက်ထပ် အချိန် အနည်းငယ်ကြာ သည်းခံရန် သင်တို့အား ငါ အကြံပြုသည်။ မည်သူမျှ စိုးရိမ်ပူပန်ရန် မလိုပေ။ ငါလုပ်ဆောင်ဖို့ လိုအပ်သည့်အရာကို ငါ ပြီးစီးပြီးနောက်တွင်၊ သင်တို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပြီး သင်တို့မြင်လိုသည့် မည်သည့်အရာကိုမဆို မြင်နိုင်သည်- သို့ရာတွင် ငါလုပ်ဆောင်ဖို့ လိုအပ်သည့်အမှုကို ငါ ပြီးစီးရမည်။

အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ငါတို့ ခလုတ်တိုက်မိကောင်း တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြသည်အထိ ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။ ဤသည်မှာ ငါ လက်ခံထားသည့် အမှု ဖြစ်သည်၊ ထို့ကြောင့် ငါ၏ညီအစ်ကိုမောင်နှမများသည် ငါ၏အကျပ်အတည်းကို နားလည်နိုင်ပြီး၊ ငါ့ထံမှ အခြားမည်သည့်အရာကိုမျှ တောင်းဆိုမည်မဟုတ်ဟု ငါမျှော်လင့်သည်။ ဤသည်မှာ ငါ့အပေါ် ခမည်းတော်ဘုရား၏ သတ်မှတ်ချက် ဖြစ်ပြီး၊ ဤလက်တွေ့အရှိတရားမှ ငါ မလွတ်မြောက်နိုင်ပေ။ ငါလုပ်သင့်သော အမှုကို ငါလုပ်‌ဆောင်ရမည်။ သင်တို့သည် အတင်းအကျပ် ငြင်းခုံမှုများနှင့် ကတ်သီးကတ်သတ်နိုင်သော ဆင်ခြင်တွေးခေါ်မှုကို အသုံးမပြုကြဖို့၊ သင်တို့သည် သာ၍ ထိုးထွင်းသိမြင်မှုရှိကြပြီး ကိစ္စရပ်များကို အလွန် ရိုးရှင်းလွန်းစွာ မရှုမြင်ကြဖို့သာ ငါ မျှော်လင့်သည်။ သင်တို့၏ အတွေးသည် ကလေးဆန်လွန်းသည်၊ ရိုးစင်းလွန်းသည်။ ဘုရားသခင်၏ အမှုသည် သင်တို့ စိတ်ကူးသလောက် မရိုးရှင်းပေ၊ သူသည် သူ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆိုကိုသာ လုပ်ဆောင်သည် မဟုတ်ပေ။ သူသည် ထိုသို့လုပ်ဆောင်ခဲ့ပါက၊ သူ၏ အစီအစဉ် ပျက်စီးသွားပေမည်။ သင်တို့သည် ထိုသို့ တွေးကြမည် မဟုတ်လော။ ငါသည် ဘုရားသခင်၏ အမှုကို လုပ်ဆောင်နေ၏။ ငါသည် လူတို့အတွက် တောက်တိုမည်ရ အလုပ်များ လုပ်နေခြင်း၊ လုပ်ဆောင်ချင်သည့် မည်သည့်အရာမဆို လုပ်ဆောင်နေခြင်းနှင့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည်၊ မလုပ်ဆောင်သည်ကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်နေခြင်းသာ မဟုတ်ပေ။ အမှုအရာများသည် ယနေ့ ထိုမျှ မရိုးရှင်းပေ။ ဒါရိုက်တာအဖြစ် ဆောင်ရွက်ဖို့ ခမည်းတော်က ငါ့ကို စေလွှတ်ပေပြီ- ဤအရာကို ငါကိုယ်တိုင် စီစဉ်ပြီး ရွေးချယ်ခဲ့သည်ဟု သင်တို့ ထင်ကြသလော။ လူသား၏ စိတ်ကူးများသည် မကြာခဏ ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေ့ရှိသည်၊ ထို့ကြောင့် အချိန်ကာလတစ်ခုကြာ ငါ အမှုပြုပြီးသည့်နောက်တွင် ငါမဖြည့်ဆည်းပေးနိုင်သော တောင်းဆိုမှုများစွာ လူတို့ထံမှာ ရှိပြီး လူတို့သည် ငါနှင့်ပတ်သက်၍ ၎င်းတို့၏စိတ်များကို ပြောင်းလဲကြသည်။ သင်တို့အားလုံးသည် သင်တို့၏ ဤစိတ်ကူးများနှင့် ပတ်သက်၍ ရှင်းလင်းသင့်သည်။ ယင်းတို့ကို တစ်ခုချင်းစီ ငါ တင်ပြမည်မဟုတ်၊ ငါလုပ်ဆောင်သောအမှုကိုသာ ငါ ရှင်းပြနိုင်သည်။ ဤအရာအားဖြင့် ငါ၏ခံစားချက်များ လုံးဝ မထိခိုက်ပေ။ ယင်းကို သင်တို့ နားလည်ပြီး ဖြစ်သည်နှင့် တစ်ပြိုင်နက်၊ မြင်ချင်သလို မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုသည့်ပုံဖြစ်သောကြောင့်၊ ငါသည် ကန့်ကွက်မည် မဟုတ်။ ယင်းကို ရှင်းပြရန် ငါ့မှာ တာဝန်လုံးဝမရှိပေ။ ငါသည် နှုတ်ကပတ်တော်များ၏ အမှုကို ဆောင်ရွက်ဖို့၊ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုမှတစ်ဆင့် ဤပြဇာတ်ကို လုပ်ဆောင်ရန်နှင့် သရုပ်ဆောင်ခွင့်ပေးဖို့သာ ငါလာခဲ့ခြင်း ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ငါ ပြောဆိုဖို့ မလိုအပ်သကဲ့သို့၊ အခြားမည်သည့်အရာကိုမျှလည်း ငါ မလုပ်ဆောင်နိုင်ပေ။ ငါ ပြောဆိုရမည့် အရာရာတိုင်းကို ငါ ရှင်းပြပြီးဖြစ်သည်၊ သင်တို့ တွေးထင်သည့်အရာကို ငါ ဂရုမစိုက်သကဲ့သို့၊ ယင်းသည် ငါ့အဖို့ ကိစ္စမရှိပေ။ သို့ရာတွင် ဘုရားသခင်၏အမှုသည် သင်တို့ စိတ်ကူးသလောက် မရိုးရှင်းသည်ကို သင်တို့အား ငါ သတိပေးလိုဆဲ ဖြစ်၏။ ယင်းသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီမှု နည်းပါးလေလေ၊ ယင်း၏ အရေးပါမှု သာ၍ နက်ရှိုင်းလေလေ ဖြစ်သည်။ ပြီးလျှင် ယင်းသည် လူတို့၏ အယူအဆများနှင့် ကိုက်ညီမှုရှိလေလေ၊ တန်ဖိုးနည်းပါးလေလေ ဖြစ်ပြီး၊ စစ်မှန်သော အရေးပါမှု ကင်းမဲ့လေလေ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သေချာစွာ စဉ်းစားဆင်ခြင်လော့- ဤသည်မှာ ယင်းနှင့်ပတ်သက်၍ ငါပြောမည့်အရာ မှန်သမျှ ဖြစ်သည်။ ကျန်သည့်အရာများကို သင်တို့ဘာသာသင်တို့ စိစစ်နိုင်သည်။ ယင်းကို ငါ ရှင်းပြမည် မဟုတ်။

ဘုရားသခင်သည် နည်းလမ်းတစ်ခုခုဖြင့် အမှုအရာများကို လုပ်ဆောင်သည်ဟု လူတို့ ထင်မှတ်ကြ၏၊ သို့သော်လည်း ဤပြီးခဲ့သောတစ်နှစ်၊ နှစ်နှစ်အတွင်းတွင် ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ငါတို့ မြင်ခဲ့ကာ တွေ့ကြုံခဲ့ရသည့် အရာသည် လူသားအယူအဆများနှင့် အမှန်တကယ် ကိုက်ညီနေခဲ့သလော။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယခုထက်တိုင်၊ လူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏အမှုနှင့်ဆိုင်သည့် အဆင့်များ သို့မဟုတ် စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ အကယ်၍ ၎င်းတို့ သဘောပေါက်နိုင်ခဲ့ကြပါက၊ ဤသည်မှာ ယနေ့ ဘုရားသခင် အမှုပြုသည့် ပုံဖြစ်သည်ကို ဘာသာရေး ခေါင်းဆောင်များက နားမလည်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယနေ့၏ လက်တွေ့အရှိတရားကို အလွန်နည်းပါးသော လူတို့က နားလည်သည်မှာ အဘယ်ကြောင့်နည်း။ ဤအရာမှ ဘုရားသခင်၏အမှုကို မည်သူမျှ နားမလည်သည်ကို ငါတို့ မြင်နိုင်သည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်သည်။ ၎င်းတို့သည် သူ၏အမှုအဖို့ စည်းမျဉ်းများကို အတင်းအကျပ်သာ ကျင့်သုံးရမည်မဟုတ်။ သင်သည် ယေရှု၏ အသွင်သဏ္ဌာန်နှင့် သူ၏အမှုကိုယူကာ ဘုရားသခင်၏ လက်ရှိ အမှုနှင့် နှိုင်းယှဉ်ပါက၊ ယင်းသည် ယုဒလူတို့က ယေရှုကို ယေဟောဝါနှင့် ကိုက်ညီစေဖို့ ကြိုးစားခြင်းနှင့်သာ တူပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် အခွင့်အရေးကို ဆုံးရှုံးမသွားစေနှင့်။ ယေရှုပင်လျှင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုသည် မည်သည့်အရာ ဖြစ်မည်ကို မသိခဲ့ပေ။ သူ သိရှိခဲ့သမျှမှာ သူ ဖြည့်ဆည်းဖို့ လိုအပ်သည့် အမှုသည် ကားစင်တင်ခံရသည့် အမှု ဖြစ်သည်ဟူ၍သာ ဖြစ်သည်။ ထို့ကြောင့် အခြားသူများသည် အဘယ်သို့ သိရှိပြီးဖြစ်နိုင်ခဲ့မည်နည်း။ အနာဂတ်တွင် ဘုရားသခင်က မည်သည့်အမှု လုပ်ဆောင်မည်ကို ၎င်းတို့မည်သို့ သိရှိပြီးဖြစ်နိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် စာတန်၏ ပိုင်ဆိုင်ခြင်းခံရပြီးဖြစ်သည့် လူသားများအား သူ၏အစီအစဉ်ကို မည်သို့ ဖွင့်ပြနိုင်မည်နည်း။ ယင်းသည် မိုက်မဲသည် မဟုတ်လော။ သင်တို့အနေဖြင့် ဘုရားသခင်၏အလိုကို သိရှိကာ နားလည်ဖို့ ဘုရားသခင် တောင်းဆိုပေသည်။ သူ၏အနာဂတ်အမှုကို စဉ်းစားဆင်ခြင်ရန် သင်တို့ကို သူ မတောင်းဆိုပေ။ ငါတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းကိုသာ စိတ်ဝင်စားဖို့၊ သူ၏လမ်းပြမှုအတိုင်း ဆောင်ရွက်ဖို့၊ စစ်မှန်သည့် အခက်အခဲများကို ငါတို့၏ ကိုင်တွယ်မှုများတွင် လက်တွေ့ဆန်ဖို့သာ လိုအပ်ပြီး၊ ဘုရားသခင်အတွက် အမှုအရာများကို မခက်ခဲစေဖို့ သို့မဟုတ် သူ့အတွက် ပြဿနာ မဖြစ်စေဖို့သာ လိုအပ်ပေသည်။ ငါတို့ လုပ်အပ်သည့်အရာကို လုပ်ဆောင်သင့်သည်။ ငါတို့သည် ဘုရားသခင်၏လက်ရှိအမှုအတွင်း ရှိနိုင်သရွေ့၊ ယင်းမှာ လုံလောက်ပေ၏။ ယင်းမှာ သင်တို့ကို ငါဦးဆောင်လမ်းပြနေသည့် လမ်းကြောင်း ဖြစ်သည်။ ရှေ့ဆက် ဆက်သွားဖို့သာ ငါတို့ အာရုံစိုက်ပါက၊ ငါတို့ တစ်ဦးကိုမျှ ဘုရားသခင် နှိပ်စက်မည် မဟုတ်ပေ။ သင်တို့၏ သာမန်ထက်လွန်ကဲသည့် အတွေ့အကြုံများရရှိခဲ့သော ဤပြီးခဲ့သည့်နှစ်ကာလတစ်လျှောက်တွင် သင်တို့သည် ထူးကဲသည့် အမှုအရာများစွာကို ရရှိကြပြီး ဖြစ်သည်။ သင်တို့အနေဖြင့် ယင်းကို စိတ်မချမ်းမသာ ဖြစ်မည်မဟုတ်ဟု ငါ ယုံကြည်သည်။ သင်တို့ကို ငါဦးဆောင်နေသော လမ်းကြောင်းသည် ငါ၏အမှုနှင့် ငါ၏စေခိုင်းချက်တာဝန်ဖြစ်ပြီး၊ ယင်းကို အချိန်ကြာမြင့်စွာက ဘုရားသခင် စီရင်တော်မူထားသည်မှာ ငါတို့ယနေ့အထိ ရောက်လာဖို့ ခွဲခန့်မှတ်သားခံခဲ့ရသည် အထိဖြစ်ပေသည်။ ဤအရာကို ငါတို့ လုပ်ဆောင်နိုင်နေခဲ့သည်မှာ ငါတို့၏ ကြီးမားသောကောင်းချီးမင်္ဂလာ ဖြစ်ပြီး၊ ယင်းသည် ဖြောင့်ဖြူးသောလမ်းကြောင်း မဟုတ်သော်လည်း၊ ငါတို့၏ ချစ်ခင်ရင်းနှီးမှုသည် ထာဝရဖြစ်ကာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ခံရလိမ့်မည် ဖြစ်သည်။ ပျော်ရွှင်ခြင်းများ ဖြစ်စေ၊ ရယ်မောခြင်းများဖြစ်စေ၊ ဝမ်းနည်းခြင်းနှင့် မျက်ရည်များဖြစ်စေ၊ အားလုံးကို လှပသောအမှတ်တရတစ်ခု ဖြစ်သွားစေလော့။ ငါ၏အမှုနှင့်ဆိုင်သည့် နေ့ရက်များ ကုန်ဆုံးလုနီးသည်ကို သင်တို့ သိကောင်းသိနိုင်သည်။ ငါသည် အမှုစီမံကိန်းများစွာရှိပြီး သင်တို့ကို မကြာခဏ အဖော်မပြုနိုင်ပေ။ ငါတို့၏ မူလချစ်ခင်ရင်းနှီးမှု မပြောင်းလဲသောကြောင့်- သင်တို့ ငါ့ကိုနားလည်နိုင်မည်ဟု ငါမျှော်လင့်သည်။ တစ်နေ့တွင် သင်တို့ရှေ့၌ ငါ တစ်ဖန် ပေါ်ထွန်းကောင်း ပေါ်ထွန်းလာလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် ငါ့ကို အခက်အခဲများ ကြုံရအောင် မလုပ်စေဖို့ ငါမျှော်လင့်သည်။ တကယ်တော့ ငါသည် သင်တို့နှင့် ခြားနား၏။ ငါသည် ငါ၏အမှုအတွက် ဟိုဟိုသည်သည် ခရီးနှင်ပြီး၊ ဟိုတယ်များတွင် အချိန်ဖြုန်းရင်းသာ ငါ့ဘဝကို အသက်မရှင်ပေ။ သင်တို့ မည်သို့ဖြစ်ကြသည်ကို ပဓာနမထားဘဲ၊ ငါလုပ်သင့်သောအရာကိုသာ ငါလုပ်ဆောင်သည်။ အတိတ်က ငါတို့ အတူခံစားခဲ့ကြသော အရာတို့သည် ငါတို့၏ ချစ်ခင်ရင်းနှီးမှု၏ ပဓာနကျသောအရာ ဖြစ်လာနိုင်မည်ဟု ငါမျှော်လင့်သည်။

ဤလမ်းကြောင်းကို ငါဖွင့်ခဲ့သည်ဟု ဆိုနိုင်ပြီး၊ ခါးသည်ဖြစ်စေ၊ ချိုသည်ဖြစ်စေ ဤလမ်းကို ငါဦးဆောင်ခဲ့သည်။ ယနေ့ထက်ထိ ငါတို့ ဖြစ်မြောက်လာနိုင်ခဲ့ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ ငါ့ကို ကျေးဇူးတင်သူ အချို့ရှိကောင်းရှိနိုင်ပြီး၊ ငါနှင့်ပတ်သက်၍ ညည်းညူသောသူအချို့ ရှိကောင်းရှိနိုင်သည်- သို့ရာတွင် ထိုအရာများမှ မည်သည့်အရာမျှ အရေးမကြီးပေ။ ငါ မြင်လိုသမျှမှာ ဤလူစုထဲတွင် စွမ်းဆောင်ရရှိသင့်သည့်အရာကို စွမ်းဆောင်ရရှိပြီးဖြစ်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ အောင်ပွဲခံသင့်သောအရာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ငါ့အား မကျေမနပ်ပြောဆိုသောသူများကို ငါ အာဃာတမထားပေ။ ငါ လိုချင်သမျှမှာ ဘုရားသခင်၏ စိတ်နှလုံး မကြာမီ ငြိမ်းချမ်းနေနိုင်ရန်အလို့ငှာ ငါ၏အမှုကို ဖြစ်နိုင်သမျှ မြန်မြန် အပြီးသတ်ဖို့ ဖြစ်သည်။ ထိုအချိန်တွင် ငါသည် မည်သည့်လေးလံသောဝန်ကိုမျှ ထမ်းရွက်လိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံး၌ စိုးရိမ်ပူပန်မှုများ ရှိလိမ့်မည်မဟုတ်ပေ။ သင်တို့သည် သင်တို့၏ ပူးပေါင်းလုပ်ဆောင်မှုကို သာ၍ တိုးတက်စေရန် လိုလိုလားလား ရှိနေသလော။ ဘုရားသခင်၏အမှုကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်ဖို့ ရည်မှန်းရန် သာ၍ ကောင်းသည် မဟုတ်လော။ ဤကာလတစ်လျှောက်တွင်၊ ငါတို့သည် မရေတွက်နိုင်သော အခက်အခဲများကို ကြံ့ကြံ့ခံခဲ့ပြီးဖြစ်ကာ ဝမ်းမြောက်ခြင်းနှင့်ဝမ်းနည်းခြင်း မျိုးစုံတိုင်းကို တွေ့ကြုံရပြီးဖြစ်သည်ဟု ဆိုရန် သင့်တော်ပေသည်။ ယေဘုယျအားဖြင့်၊ သင်တို့ တစ်ဦးစီ၏ စွမ်းဆောင်မှုသည် အခြေခံအားဖြင့် သတ်မှတ် အဆင့်မီပြီးဖြစ်သည်။ အနာဂတ်တွင်၊ သင်တို့ထံမှ သာ၍ ကောင်းမွန်သော အလုပ်ကို တောင်းဆိုကောင်း တောင်းဆိုရပါလိမ့်မည်၊ သို့ရာတွင် ငါ့အပေါ်အတွေးများဖြင့် တရစ်ဝဲဝဲ မနေနှင့်။ သင်လုပ်သင့်သည့်အရာကိုသာ လုပ်ဆောင်လော့။ ငါလုပ်ဆောင်ဖို့ လိုအပ်သည့်အရာသည် ရောက်လုပြီ။ သင်တို့သည် အချိန်တိုင်း သိစ္စာစောင့်သိပြီး၊ ငါ့အမှုနှင့်ပတ်သက်၍ အတိတ်ကို တသသဖြစ်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။ ငါသည် အမှု၏ အဆင့်တစ်ဆင့်ကို ပြည့်စုံစေရန်သာ ကြွလာခဲ့ခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အမှုအားလုံးကို လုပ်ဆောင်ရန် သေချာပေါက် မဟုတ်သည်ကို သင်တို့သိသင့်သည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ အခြား အတွေးအခေါ်များ မရှိရ။ ဘုရားသခင်၏အမှုကို ဖြည့်ဆည်းဖို့ နောက်ထပ် နည်းလမ်းများစွာ လိုအပ်သည်။ သင်တို့သည် ငါ့အပေါ် အမြဲ မှီခို၍မရပေ။ ငါသည် အမှု၏ အစိတ်အပိုင်းတစ်ခု၊ ယေဟောဝါ သို့မဟုတ် ယေရှုကို ကိုယ်စားမပြုသည့် အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ရန်သာ ကြွလာခဲ့သည်ကို သင်တို့ သဘောပေါက်ကောင်း သဘောပေါက်နှင့်ပြီး ဖြစ်နိုင်သည်။ ဘုရားသခင်၏ အမှုကို အဆင့်များစွာအဖြစ်သို့ ပိုင်းခြားထားသည်၊ သို့ဖြစ်၍ သင်တို့သည် အလွန် မတင်းကျပ်လွန်းရ။ ငါအမှုပြုနေစဉ်တွင် သင်တို့ ငါ့ကို နားထောင်ရမည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်၏အမှု ပြောင်းလဲ၏။ ယင်းသည် ပင်ကိုလက္ခဏာအားလုံး အလားတူ မဟုတ်သကဲ့သို့၊ အကြိမ်တိုင်း ဓာတ်ပြားဟောင်းတစ်ခုတည်း ထပ်ခါထပ်ခါ ဖွင့်နေခြင်းလည်း မဟုတ်ပေ။ ပြီးလျှင် ခေတ်အသီးသီးတွင် သူ၏အမှုသည် ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်ပြီး၊ ခေတ်သည် မတူသောကြောင့် သူ၏အမှုသည်လည်း ပြောင်းလဲလေသည်။ ထို့ကြောင့် သင်တို့သည် ဤခေတ်တွင် မွေးဖွားခဲ့သည့်အတွက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ကာ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုရမည်။ ငါ၏အမှု ပြောင်းလဲသည့် နေ့တစ်နေ့ ရောက်ကောင်းရောက်လာနိုင်သည်၊ ထိုကဲ့သို့ဖြစ်ခဲ့လျှင် သင်တို့ လုပ်သင့်သည့်အတိုင်း ဆက်လက် ရှေ့ဆက်လုပ်ဆောင်ကြရမည်။ ဘုရားသခင်၏ အမှုသည် အမှားအယွင်း မရှိနိုင်ပေ။ ပြင်ပကမ္ဘာလောကသည် မည်သို့ပြောင်းသည်ကို ဂရုမထားနှင့်။ ဘုရားသခင်သည် အမှားအယွင်းမရှိနိုင်၊ ပြီးလျှင် သူ့အမှုသည် အမှားအယွင်း မရှိနိုင်။ သူ၏အမှုဟောင်းသည် ကုန်လွန်သွားပြီး အမှုသစ် စတင်ခြင်းသာ ဖြစ်သည်။ သို့သော် ယင်းမှာ အမှုသစ် ရောက်ရှိလာပြီးဖြစ်သောကြောင့် အမှုဟောင်း မှားယွင်းသည်ဟု မဆိုလိုပေ။ ယင်းသည် အတွေးမှားတစ်ခု ဖြစ်၏။ ဘုရားသခင်၏အမှုကို မှန်သည် မှားသည်ဟု ဆို၍ မရ၊ စောသည် နှောင်းသည်ဟူ၍သာ ဆိုနိုင်သည်။ ဤသည်မှာ ဘုရားသခင်၌ လူတို့၏ယုံကြည်မှုအတွက် လမ်းညွှန်ဖြစ်ပြီး ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားရပေ။

အရှေ့သို့- လမ်းကြောင်း... (၇)

နောက်တစ်ခုသို့- ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။