အခန်း (၂)

အသစ်သော နည်းလမ်းထဲသို့ ဝင်ရောက်ခြင်းနှင့်အတူ၊ ငါ၏အမှု၌ အသစ်သော အဆင့်များ ရှိလိမ့်မည်။ နိုင်ငံတော်ထဲကဲ့သို့ပင်၊ ငါသည် အနုစိတ် ခရေစေ့တွင်းကျ လမ်းတစ်လျှောက်လုံး ဦးဆောင်ရင်း၊ လူသား၏ ရည်ရွယ်ချက်များဖြင့် လုံးဝ ရောနှောခြင်းမရှိဘဲ၊ အမှုအရာများကို ဘုရားသဘောသဘာဝ မှတစ်ဆင့် တိုက်ရိုက်လုပ်ဆောင်မည်။ အောက်ပါ အကြောင်းအရာက အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း၏ နည်းလမ်းများကို အကြမ်းဖျင်း ဖော်ပြချက်တစ်ခု ဖြစ်သည်- “လူများ” ဟူသည့် ဂုဏ်ပုဒ်ကို ၎င်းတို့ ရရှိပြီးဖြစ်သည်မှာ အခက်အခဲနှင့် စစ်ဆေးခြင်းမှတဆင့် ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့သည် ငါ့နိုင်ငံတော်၏ လူမျိုးဖြစ်ကြသည်နှင့်အမျှ ယခင်မျိုးဆက်များနှင့်ဆိုင်သည့် ငါ့အမှု၏ နည်းစနစ်များ၏ စံနှုန်းများထက် ပိုမိုမြင့်မားသော စံနှုန်းများရှိသည့် တင်းကျပ်သော သတ်မှတ်ချက်များဖြင့် ၎င်းတို့ကို ငါ ထိန်းသိမ်းရမည်။ ယင်းသည် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားသာ မဟုတ်ပေ။ ပို၍ပင်အရေးကြီးသည်မှာ ယင်းက လက်တွေ့လုပ်ဆောင်ခြင်း၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤအရာများကို ဦးစွာပထမ စွမ်းဆောင်ရရှိရမည်။ စကားလုံးများနှင့် လုပ်ဆောင်ချက်များအားလုံးတွင်၊ ၎င်းတို့သည် နိုင်ငံတော်၏ လူမျိုးနှင့်ဆိုင်သော သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို ပြည့်မီကြရမည်ဖြစ်ပြီး ငါ၏နာမတော်အပေါ် အရှက်ရစေမည် စိုး၍၊ ချိုးဖောက်သူ မည်သူမဆို ချက်ချင်း ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ သို့သော်လည်း ရှင်းလင်းစွာ မမြင်နိုင်သော သို့မဟုတ် နားမလည်နိုင်သော မသိနားမလည်သူများမှာ ခြွင်းချက်ဖြစ်သည်။ ငါ၏ နိုင်ငံတော်ကို တည်ဆောက်ရာတွင်၊ ငါ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ငါ၏ ဉာဏ်ပညာကို သတိပြုခြင်းနှင့် ငါ၏အမှုတော်မှတဆင့် အတည်ပြုချက် ရှာတွေ့ခြင်းတို့ကို အာရုံစိုက်လော့။ ငါ၏ နှုတ်ကပတ်တော်များပါသည့် စာအုပ်များမှလွဲ၍ အခြားစာအုပ်များကို တစ်ဦးတစ်ယောက်က အာရုံစိုက်ပါက၊ ငါသည် ၎င်းတို့ကို ဧကန်မုချ မလိုချင်ပေ။ ထိုသို့သော လူတို့သည် ငါ့ကို ဖီဆန်သော ပြည့်တန်ဆာများ ဖြစ်ကြသည်။ တမန်တော်တစ်ဦးအနေဖြင့်၊ အိမ်၌ အလွန် ကြာမြင့်စွာ မနေရ။ နေပါက၊ ငါသည် သူ့ကို အတင်းအကျပ် ပြုမည်မဟုတ်ဘဲ၊ ထိုလူကို စွန့်ပစ်ပြီး အသုံးပြုတော့မည်မဟုတ်။ တမန်တော်များသည် အိမ်တွင် အချိန်ကြာမြင့်စွာ မနေသည့်အတွက်၊ ၎င်းတို့သည် အသင်းတော်၌ တည်ဆောက်ခြင်းခံရကြဖို့ ကြာမြင့်သည့် အချိန်ကာလကို ကုန်ဆုံးကြသည်။ တမန်တော်များသည် အသင်းတော်များ၏ စုဝေးပွဲ နှစ်ခုတိုင်း အနည်းဆုံး တစ်ခုတွင် ပါဝင်ရမည်။ ထို့ကြောင့် (တမန်တော် စုဝေးပွဲများအားလုံး၊ အသင်းတော်ခေါင်းဆောင် စုဝေးပွဲများအားလုံးနှင့် ရှင်းလင်းသည့် ထိုးထွင်းသိမြင်မှုရှိသည့် သန့်ရှင်းသူများအတွက် စုဝေးပွဲများအားလုံး အပါအဝင်) လုပ်ဖော်ကိုင်ဖက်များ၏ စုဝေးခြင်းများသည် မကြာခဏ ဖြစ်လာရမည်။ အနည်းဆုံး သင်တို့ထဲမှ အချို့သည် အစည်းအဝေးတစ်ခုချင်းစီကို တက်ရောက်ရမည်ဖြစ်ပြီး၊ တမန်တော်များအနေဖြင့် အသင်းတော်များအပေါ် စောင့်ကြည့်ခြင်းကိုသာ အာရုံစိုက်ကြရမည်။ သန့်ရှင်းသူများနှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် ယခင် သတ်မှတ်ချက်များသည် ပိုမိုနက်နဲပေသည်။ ငါ၏နာမတော်ကို ငါသက်သေမခံမီ ပုန်ကန်ပြစ်မှားခြင်းများ ကျူးလွန်မိခဲ့ပြီးသော သူတို့အတွက်၊ ၎င်းတို့၏ ငါ့ကို ဆည်းကပ်မှုကြောင့်၊ ငါသည် ၎င်းတို့ကို စမ်းသပ်ပြီးသည့်နောက် ၎င်းတို့ကို အသုံးပြုလေဦးမည်။ သို့သော် ငါ၏ သက်သေခံချက်ပြီးသည့်နောက်၊ ယခုထိ နောက်ထပ် ပုန်ကန်ပြစ်မှားခြင်းများ ကျူးလွန်ပြီးသောသူတို့အတွက်မူ နောင်တရဖို့နှင့် အသစ်တစ်ဖန် စတင်ဖို့ နာကျင်မှုများကို ခံယူရန် စိတ်ပိုင်းဖြတ် ထားကြသည်၊ ထိုသို့သော လူတို့သည် အသင်းတော်အတွင်း၌သာ ကျန်ရှိဖို့ ဖြစ်ပေသည်။ သို့ဖြစ်စေကာမူ ၎င်းတို့သည် အမှုမဲ့အမှတ်မဲ့နှင့် အကြောင်းမဲ့ ရှိနေ၍မရဘဲ၊ တကယ်တမ်းတွင် အခြားသူများထက် ပိုမိုဘောင်ခတ်ခြင်း ခံရမည်။ ငါစကားပြောဆိုပြီးသည့်နောက် မိမိတို့၏ လမ်းခရီးများကို မပြုပြင်ကြသော သူတို့အတွက်မူ၊ ငါ၏ဝိညာဉ်သည် ၎င်းတို့ကို ချက်ချင်း စွန့်ခွာမည်ဖြစ်ပြီး အသင်းတော်အနေဖြင့် ငါ၏တရားစီရင်ခြင်းကို ဆောင်ရွက်ပိုင်ခွင့်နှင့် ၎င်းတို့ကို နှင်ထုတ်ပိုင်ခွင့် ရှိလိမ့်မည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်ပြီး အေးအေးဆေးဆေး စဉ်းစားခြင်းအတွက် လက်သင့်မခံနိုင်ပေ။ စမ်းသပ်မှု အတောအတွင်း တစ်ဦးတစ်ယောက် ပြိုလဲလျှင်- ဆိုလိုသည်မှာ တစ်ဦးတစ်ယောက် စွန့်ခွာလျှင်- ငါ့ကို စမ်းသပ်ခြင်းနှင့် အသင်းတော်ထဲသို့ စာတန်ကို ဝရုန်းသုန်းကား သောင်းကျန်းခွင့်ပေးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ ယင်းပုဂ္ဂိုလ်ကို အဘယ်သူမျှ မည်သို့မျှ အလေးဂရုမပြုသင့်ပေ။ ဤသည်မှာ ထိုလူနှင့် သက်ဆိုင်သည့် ငါ၏တရားစီရင်ခြင်းဖြစ်သည်။ တစ်ဦးတစ်လေသည် စွန့ခွာသည့် လူတစ်ဦးအပေါ် ဖြောင့်မတ်ခြင်းမရှိဘဲနှင့် ခံစားချက်များအတိုင်း ပြုမူပါက၊ ထိုစွန့်ခွာသွားသူသည် မိမိ၏ နေရာကို ဆုံးရှုံးရမည်ဖြစ်သည်သာမက၊ ဖြောင့်မတ်ခြင်းမရှိဘဲ စိတ်ခံစားချက်အတိုင်း ပြုမူသူသည်လည်း ငါ၏လူတို့အလယ်မှ စွန့်ပစ်ခြင်း ခံရလိမ့်မည်။ တမန်တော်များ၏ နောက်ထပ် အလုပ်တာဝန်မှာ ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းကို အာရုံစိုက်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ သန့်ရှင်းသူတို့သည်လည်း ဤအလုပ်ကို လုပ်ဆောင်နိုင်ကြ၏၊ သို့သော် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် ဉာဏ်ပညာရှိကြရမည်ဖြစ်ပြီး ဒုက္ခပြဿနာဖြစ်စေခြင်းမှ ရှောင်ကြဉ်ကြရမည်။ ယခင်ဖော်ပြပါ အရာတို့သည် လတ်တလော လက်တွေ့လုပ်ဆောင်ခြင်း၏ နည်းလမ်းများ ဖြစ်သည်။ ထို့ပြင် သတိပေးချက်တစ်ခုအနေဖြင့်၊ အားလုံးက ငါ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ အားလုံး ဝင်ရောက်နိုင်ကြစေဖို့အလို့ငှာ၊ သင်၏ တရားဒေသနာများကို ပိုမိုနက်နဲမှု ရှိစေခြင်းကို သင်အာရုံစိုက်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်သည် နီးကပ်စွာ လိုက်လျှောက်ရမည်ဖြစ်ပြီး၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် လူအားလုံးသည် ထိုနှုတ်ကပတ်တော်များကို ရှင်းရှင်းလင်းလင်းနှင့် ပြတ်ပြတ်သားသား နားလည်ကောင်းနားလည်နိုင်ကြပေမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ငါ၏လူတို့အလယ် သစ္စာပျက်ခြင်းအတွေးများ ထားသိုသောသူတို့သည် ထုတ်ပယ်ခံရမည်ဖြစ်ပြီး ၎င်းတို့သည် ငါ၏နာမတော်ပေါ် အရှက်ရစေမည်စိုး၍၊ ငါ၏အိမ်တွင် ကြာမြင့်စွာ နေထိုင်ခွင့် ရမည်မဟုတ်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

အရှေ့သို့- အခန်း (၁)

နောက်တစ်ခုသို့- အခန်း (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။