အခန်း ၃

သင်တို့သည် ငါ၏လူများဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရကတည်းက၊ အမှုအရာတို့သည် ဖြစ်မြဲအတိုင်း မဟုတ်တော့ပေ။ ငါ့ဝိညာဉ်၏ မိန့်မြွက်ချက်များကို သင်တို့သည် အရေးစိုက်ကာ နာခံသင့်ကြပြီး၊ ငါ၏အမှုနောက် နီးကပ်စွာ လိုက်သင့်ပေသည်။ ငါတို့သည် ပင်ကိုအားဖြင့် တစ်ဦးတည်းဖြစ်ကာ သဘာဝအားဖြင့် ခြားနားခြင်းမရှိသည့်အတွက်၊ သင်တို့သည် ငါ၏ ဝိညာဉ်နှင့် လူ့ဇာတိကို ခွဲ၍မရနိုင်ပေ။ ဝိညာဉ်နှင့် ဇာတိအဖြစ်တော်တို့ကို ပိုင်းခြားပြီး ဇာတိအဖြစ်တော် သို့မဟုတ် ဝိညာဉ် တစ်ပါးပါးကို အာရုံစိုက်သောသူ မည်သူမဆိုသည် ဆုံးရှုံးခြင်းကို ခံစားရမည် ဖြစ်ပြီး မည်သည့်ရွေးချယ်စရာမျှမရှိဘဲ၊ မိမိတို့၏ ကိုယ်ပိုင် ခါးသောခွက်မှသာ သောက်သုံးနိုင်လိမ့်မည်ဖြစ်သည်။ ဝိညာဉ်နှင့် ဇာတိအဖြစ်တော်တို့ကို ခွဲခြားမရနိုင်သည့် အရာတစ်ခုလုံးအဖြစ် ရှုမြင်နိုင်သူတို့သည်သာ ငါ့အပေါ် လုံလောက်သော အသိပညာ ရှိကြပေသည်။ ၎င်းတို့အတွင်းရှိ အသက်သည် ညင်သာသော ပြောင်းလဲမှုကို ကြုံရလိမ့်မည်။ ငါ့အမှု၏ နောက်အဆင့်သည် ချောချာမွေ့မွေ့နှင့် အဆီးအတားမရှိ ရှေ့ဆက်နိုင်ရန်အလို့ငှာ၊ ငါ၏ အိမ်တော်ထဲ ရှိသူတို့ကို စမ်းသပ်ရန် နှုတ်ကပတ်တော်များ၏ စစ်ဆေးမှုကို ငါ အသုံးပြုပြီး ငါ့နောက်သို့ လိုက်သောသူတို့ကို စမ်းသပ်ရန် အမှု၏ နည်းစနစ်များကို အသုံးပြု၏။ ဤအခြေအနေများအောက်တွင်၊ ၎င်းတို့အားလုံး မျှော်လင့်ချက် ဆုံးရှုံးသည်ဟု ဆိုကောင်းဆိုနိုင်သည်။ လူတို့အနေဖြင့်၊ နေရာ တစ်ခုလုံး ပြောင်းလဲပြီးဖြစ်သည့်အလား၊ မိမိတို့၏ အခြေအနေများ အပျက်သဘောမဆောင်သကဲ့သို့ မတုန်မလှုပ်မဖြစ်သူ ၎င်းတို့ထဲ၌ မည်သူမျှ မရှိပေ။ လူအချို့သည် ကောင်းကင်နှင့် မြေကြီးကို ကြိမ်းမောင်းကြသည်၊ အချို့က မျှော်လင့်ချက် ပျက်သုဉ်းလျက် မိမိကိုယ်ကိုယ် စိတ်အားတင်းကာ၊ ငါ၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးမှုကို လက်ခံကြ၏၊ အချို့က မွေးကင်းစကလေးတစ်ဦး၏ အချိန်မတန်ဘဲ သေဆုံးသဖြင့် စိတ်ကယောက်ကယက် ဖြစ်ကြသည့်အလား၊ မျက်လုံးများက မျက်ရည်များနှင့် ပြည့်လျက်၊ မိုးကောင်းကင်သို့ ကြည့်ပြီး လေးလေးပင်ပင် သက်ပြင်းချ ကြလေသည်၊ အချို့မှာ ထိုသို့အသက်ရှင်ရာတွင် အရှက်ရစရာ ရှိသည်ဟုပင် ခံစားရပြီး၊ ၎င်းတို့အား မကြာမီ အဝေးသို့ ခေါ်ဆောင်သွားဖို့ ဘုရားသခင်ကို ဆုတောင်းကြ၏၊ အချို့သည် အပြင်းအထန် နာမကျန်းဖြစ်ကာ ၎င်းတို့၏ အသိစိတ်များ မရကြသေးသည့်အလား၊ မှင်တက်တွေဝေမှုဖြင့် တစ်နေ့လုံး အချိန်ကုန်ဆုံးကြလေသည်၊ အချို့က ညည်းညူပြီးနောက် တိတ်တဆိတ် ထွက်သွားကြသည်၊ ပြီးလျှင် အချို့မှာ အတော်အတန် အပျက်သဘော ဆောင်မြဲ ဆောင်ကြသော်လည်း၊ ငါ့ကို ၎င်းတို့၏ ကိုယ်ပိုင်နေရာမှ ချီးမွမ်းကြဆဲ ဖြစ်သည်။ ယနေ့တွင်၊ အားလုံး ထုတ်ဖော်ပြခံရသည့်အခါ၊ အတိတ်ကာလနှင့်သက်ဆိုင်၍ ငါ နောက်ထပ်ပြောဆိုဖို့ မလိုအပ်ပေ၊ သာ၍အရေးကြီးသည်မှာ သင်တို့ လုပ်ဆောင်သမျှအားလုံးသည် ငါလက်ခံနိုင်ပြီး၊ သင်တို့ ပြောသမျှ အားလုံးသည် ငါ၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့၏ ရလဒ်ဖြစ်ဖို့အလို့ငှာ၊ သင်တို့ အသက်ရှင် နေထိုင်သောအရာသည် နောက်ဆုံးတွင် ငါ၏ ပုံသဏ္ဌာန်နှင့် ငါ၏ သရုပ်သကန် လုံးလုံးလျားလျား ဖြစ်နိုင်ဖို့အလို့ငှာ၊ ယနေ့ သင်တို့ကို ငါပေးသော တာဝန်ကျရာနေရာမှ သင်တို့သည် အဆုံးစွန် သစ္စာစောင့်သိနိုင်စွမ်း ရှိသင့်ကြသေး၏။

ငါ့နှုတ်ကပတ်တော်များကို အချိန်မရွေး သို့မဟုတ် နေရာမရွေး ထုတ်ပြန်ကာ ဖော်ပြထားပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် အချိန်တိုင်း သိရှိသင့်ပေသည်။ အကြောင်းမှာ ယနေ့သည် အမှန်စင်စစ် ယခင် ဖြစ်ခဲ့သည့်အရာနှင့် မတူသကဲ့သို့၊ သင်သည် သင် ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို မပြီးမြောက်နိုင်တော့ပေ။ ယင်းအစား၊ သင်သည် ငါ့နှုတ်ကပတ်တော်၏ လမ်းညွှန်မှုအောက်၌ သင်၏ခန္ဓာကိုယ်အား ချိုးနှိမ်နိုင်စွမ်းရှိရမည်၊ ငါ၏နှုတ်ကပတ်တော်များကို သင်၏ အဓိကပံ့ပိုးမှုအဖြစ် အသုံးပြုရမည်ဖြစ်ပြီး မဆင်မခြင် မပြုမူရပေ။ အသင်းတော်အတွက် စစ်မှန်သော လက်တွေ့လုပ်ဆောင်ခြင်းဆီသို့ သွားသော လမ်းကြောင်းအားလုံးကို ငါ၏ နှုတ်ကပတ်တော်များ ထဲတွင် တွေ့ရှိနိုင်၏။ ငါ၏နှုတ်ကပတ်တော်များအတိုင်း မပြုမူသော သူတို့သည် ငါ့ဝိညာဉ်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားပြီး၊ ငါသည် ၎င်းတို့ကို ဖျက်ဆီးမည်။ အမှုအရာတို့သည် ယနေ့ကဲ့သို့သော အခြေအနေတစ်ခုထိ ရောက်လာပြီးဖြစ်သည့်အတွက်၊ အတိတ်က သင်၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များနှင့်ပတ်သက်၍ သင်သည် အလွန် စိတ်ထိခိုက်ခံစားပြီး ဝမ်းပန်းတနည်းဖြစ်ရန် မလိုအပ်ပေ။ ငါ၏ သဘောထားကြီးခြင်းသည် ပင်လယ်များနှင့် မိုးကောင်းကင်ကဲ့သို့ အကန့်အသတ်မဲ့ဖြစ်သည်- လူသား၏ တတ်စွမ်းနိုင်မှုများနှင့် ငါနှင့်သက်ဆိုင်သော အသိပညာတို့ကို ငါသည် အဘယ်သို့ ကောင်းစွာ အကျွမ်းဝင်ခြင်း မရှိနိုင်မည်နည်း။ လူတို့ထဲတွင် အဘယ်သူသည် ငါ့လက်ထဲ၌ မရှိသနည်း။ သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှ ကြီးမြတ်သည်ကို ငါဘာမျှမသိ၊ ဤအရာနှင့် သက်ဆိုင်၍ ငါသည် လုံးဝ သိနားလည်ခြင်းမရှိဟု သင်ထင်သလော။ ယင်းမှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူအားလုံးသည် ၎င်းတို့၏ စိတ်ပျက်လက်ပျက် အဖြစ်ဆုံးအချိန်၊ ၎င်းတို့ နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ဘဲ အသစ်စတင်ဖို့ ဆန္ဒရှိသောအချိန်၊ အဘယ်အရာ ဖြစ်ပျက်နေသည်ကို ငါ့အား ၎င်းတို့ မေးမြန်းလိုသောအချိန်၊ အချို့သည် အပျော်အပါးလိုက်စားခြင်း၌ မွေ့လျော်ကြပြီး ယင်းက အချို့ကို ပုန်ကန်ဖို့ ဖြစ်စေသည့်အချိန်၊ အချို့တို့သည် သစ္စာစောင့်သိသော အစေခံမှုကို လုပ်ဆောင်ခြင်း မရှိသေးသည့်အချိန်တွင်၊ ငါသည် တရားစီရင်ခြင်းခေတ်၏ ဒုတိယပိုင်းဖြစ်သည့်- ငါ၏လူတို့ကို သန့်စင်စေခြင်းနှင့် တရားစီရင်ခြင်းအား စတင်ပေသည်။ ဤသည်မှာ ငါသည် သင်တို့ကို ငါ့အဖို့ နှစ်သက်ဖွယ်ဖြစ်သည့်သက်သေကို ခံခွင့် ပေးသည်သာမက၊ ထို့ထက်ပို၍ ငါ့လူမျိုး၏နေရာမှ ငါ့အတွက် တိုက်ပွဲတွင် နှစ်သက်ဖွယ်ဖြစ်သော အောင်ပွဲကို ရယူခွင့်ပေးရင်း၊ ငါသည် ငါ၏လူတို့ကို တရားဝင် စတင် လေ့ကျင့်သင်ကြားပေးသည် ဟုလည်း ဆိုရပေမည်။

အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။ ၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊ အချင်းချင်း အားပေးကာ အချင်းချင်းအတွက် ထောက်ပံ့ ပေးနိုင်သင့်ကြ၏၊ စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။ ငါသည် အဘယ်ကြောင့် သင်တို့ကို ထိုသို့ အရေးတကြီး လေ့ကျင့် ပေးနေသနည်း။ ဝိညာဉ်ရေးရာလောက၏ အချက်အလက်များကို သင်တို့အား အဘယ်ကြောင့် ငါပြောပြသနည်း။ အဘယ်ကြောင့် ငါသည် သင်တို့ကို အထပ်ထပ် အခါခါ သတိပေးပြီး တိုက်တွန်းသနည်း။ ဤအရာကို သင်တို့ တွေးကြည့်ဖူးကြသလော။ သင်တို့၏ တွေးဆခြင်းသည် ရှင်းလင်းပြတ်သားမှု ရှိဖူးသလော။ ထို့ကြောင့်၊ သင်တို့သည် အတိတ်၏ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းအားဖြင့် အတွေ့အကြုံ ရင့်ကျက်စေနိုင်ရမည် သာမက၊ ထို့ထက်ပို၍ ငါ၏နှုတ်ကပတ်တော် အသီးသီးကို သင်၏ စိတ်ဝိညာဉ်များ အတွင်း၌ အမြစ်တွယ်စေကာ ပွင့်လန်းစေခွင့်ပေးရင်းနှင့်၊ သာ၍အရေးကြီးသည်မှာ ပိုမိုအသီးသီး ခွင့်ပေးရင်း၊ ယနေ့ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင် သင်တို့အတွင်းရှိ မစင်ကြယ်မှုများကို ထုတ်ပစ်နိုင်ရမည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါတောင်းဆိုသောအရာသည် တောက်ပပြီး စိမ်းလန်းစိုပြည် သန်စွမ်းသည့် ပန်းများမဟုတ်ဘဲ၊ အလျှံပယ် အသီး၊ ယင်း၏ ရင့်မှည့်မှု ဆုံးရှုံးမသွားသော အသီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို သင်တို့ နားလည်ကြသလော။ ဖန်လုံအိမ်အတွင်းရှိ ပန်းတို့သည် ကြယ်များကဲ့သို့ မရေမတွက်နိုင်အောင် များပြားပြီး သဘောကျနှစ်သက်သော လူစုလူဝေးအားလုံးကို ဆွဲဆောင်သော်လည်း၊ ၎င်းတို့ ညှိုးနွမ်းသည်နှင့် တစ်ပြိုင်နက် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကဲ့သို့ စုတ်ဖွာလာကြပြီး ၎င်းတို့ကို အဘယ်သူမျှ စိတ်ဝင်စားခြင်း မရှိကြချေ။ သို့သော်၊ ငါ့ကို သက်သေခံကြသူများ ဖြစ်သည့် လေများအတိုက်ခံရပြီး နေလောင်ဒဏ်ခံခဲ့ကြရသူ အားလုံးသည်၊ ၎င်းတို့ကို ထိုသို့ဖြစ်ဖို့ ငါ တောင်းဆိုသည့်အတွက်၊ ဖူးပွင့်ဝေဆာမှုဖြင့် မလှပကြသော်လည်း၊ ထိုပန်းပွင့်များ ခြောက်သွေ့ညှိုးနွမ်းပြီးသည်နှင့် တစ်ပြိုင်နက် အသီးသီး ကြလိမ့်မည် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ငါပြောဆိုသောအခါ သင်တို့ မည်မျှ နားလည်ကြသနည်း။ ပန်းပွင့်များသည် ညှိုးနွမ်းပြီး အသီးသီးသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ဤအသီးအားလုံးက ငါ၏ ပျော်မွေ့ခြင်းအတွက် ထောက်ပံ့ပေးနိုင်သည်နှင့်တစ်ပြိုင်နက်၊ ငါသည် ကမ္ဘာမြေပေါ်က ငါ၏ အမှုအားလုံးကို အဆုံးသတ်မည်ဖြစ်ပြီး ငါ၏ဉာဏ်ပညာ ပုံပေါ်လာခြင်းကို ငါသည် စတင်မွေ့လျော်မည်ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်

အရှေ့သို့- အခန်း ၂

နောက်တစ်ခုသို့- အခန်း ၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။