အခန်း ၇

အနောက်အရပ်မှ ဌာနခွဲအားလုံး ငါ၏အသံကို နားထောင်သင့်သည်-

အတိတ်တွင်၊ သင်တို့သည် ငါ့ကို သစ္စာရှိကြပြီလော။ သင်တို့သည် ငါ၏ထူးကဲသော သြဝါဒနှုတ်ကပတ်တော်များကို နားထောင်ပြီးကြပြီလော။ သင်တို့၏ မျှော်လင့်ချက်များသည် လက်တွေ့ကျပြီး၊ မရေမရာနှင့် မသေမချာမဖြစ်ဘဲ ရှိသလော။ လူသားမျိုးနွယ်၏သစ္စာစောင့်သိမှု၊ လူသားမျိုးနွယ်၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်၏ယုံကြည်ခြင်း- ငါ့ထံမှ လာသောအရာမှလွဲ၍ မည်သည့်အရာမျှ မရှိ၊ ငါ အပ်နှင်းထားသော အရာမှလွဲ၍ မည်သည့်အရာမျှ မရှိ။ ငါ၏လူတို့၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို နားထောင်သည့်အခါ၊ ငါ၏အလိုကို သင်တို့နားလည်သလော။ ငါ၏ စိတ်နှလုံးကို သင်တို့ မြင်သလော။ အတိတ်တွင်၊ သင်တို့သည် အစေခံမှု လမ်းကြောင်းပေါ်တွင် ရှိစဉ်၊ အတက်အကျများ၊ တိုးတက်မှုနှင့် ဆုတ်ဆိုင်းမှုများ၊ ပြီးလျှင် သင်တို့ လဲကျကာ ငါ့ကို သစ္စာပင်ဖောက်မည့် အန္တရာယ်ရှိသည့်အချိန်များကို သင်တို့ တွေ့ကြုံခဲ့ရသည့်အချက်ရှိသော်လည်း၊ ငါသည် အချိန်တိုင်း သင်တို့အား အစဉ် ကယ်တင်နေခဲ့သည်ကို သင်တို့ သိခဲ့သလော။ ငါသည် အချိန်တိုင်း သင်တို့အား ခေါ်ကာ ကယ်တင်ရန် ငါ၏အသံကို စဉ်ဆက်မပြတ် မိန့်မြွက်နေခဲ့သည်ကို သင်တို့သိခဲ့သလော။ ကြိမ်ဖန်များစွာ၊ သင်တို့သည် စာတန်၏ပိုက်ကွန်ထဲသို့ ကျဆင်းကြပြီး ဖြစ်သည်။ ကြိမ်ဖန်များစွာ သင်တို့သည် လူသားမျိုးနွယ်၏ ကျော့ကွင်းများတွင် ငြိတွယ်မိပြီး ဖြစ်သည်။ ကြိမ်ဖန်များစွာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လက်မလွှတ်နိုင်ကြသကဲ့သို့၊ အချင်းချင်း အဆုံးမရှိသော ယှဉ်ပြိုင်မှုထဲသို့ ပျက်စီးယိုယွင်းသွားကြပြီး ဖြစ်သည်။ ကြိမ်ဖန်များစွာ၊ သင်တို့၏ခန္ဓာများသည် ငါ့အိမ်တွင်ရှိပြီးဖြစ်သော်လည်း သင်တို့၏ စိတ်နှလုံးများကို မည်သည့်နေရာတွင်မျှ ရှာဖွေမရခဲ့ပေ။ သို့သော်၊ ကြိမ်ဖန်များစွာ ငါသည် သင်တို့ကို ထောက်ကန်ပေးရန် ငါ၏ ကယ်တင်ခြင်းလက်ကို သင်တို့ထံ ငါ လှမ်းလိုက်ပြီး ဖြစ်ကာ၊ ကြိမ်ဖန်များစွာ ငါသည် သင်တို့အလယ် သနားကရုဏာ တစိုးတစိတို့ကို ကျစေပြီး ဖြစ်သည်။ ကြိမ်ဖန်များစွာ ငါသည် ဆင်းရဲဒုက္ခခံပြီးနောက် သင်တို့၏ ဝေဒနာခံရခြင်း မြင်ကွင်းကို ခံနိုင်ရည် မရှိလေပြီ။ ကြိမ်ဖန်များစွာ...သင်တို့ ဤအရာကို သိကြသလော။

သို့ရာတွင်၊ ယနေ့တွင်၊ ငါ၏ ထိန်းသိမ်းမှုတွင် သင်တို့သည် အဆုံး၌ အခက်အခဲအားလုံးကို အောင်မြင်ကျော်လွှားပြီးဖြစ်ကာ၊ ငါသည် သင်တို့နှင့်အတူ ဝမ်းမြောက်၏၊ ဤသည်မှာ ငါ၏ဉာဏ်ပညာ ပုံပေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း၊ ဤအရာကို ကောင်းစွာ အမှတ်ရလော့။ သင်တို့ ကိုယ်၌က သန်မာနေစဉ်တွင် အဘယ်သူ လဲကျလေပြီနည်း။ မည်သူသည် အားနည်းခြင်း အခိုက်အတန့် မရှိဖူးဘဲ၊ သန်စွမ်းလေပြီနည်း။ လူသားများအလယ်တွင်၊ ငါ့ထံမှမလာသော ကောင်းချီးမင်္ဂလာတစ်ခုတစ်လေကို မွေ့လျော်ခံစားခဲ့ဖူးသနည်း။ ငါ့ထံမှ မလာခဲ့သော ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုတစ်လေကို အဘယ်သူ တွေ့ကြုံလေပြီနည်း။ ငါ့ကို ချစ်သောသူအားလုံးသည် ကောင်းချီးပေးခြသ်းကိုသာ ရရှိကြသည်များ ဖြစ်နိုင်မည်လော။ ယောဘသည် ငါ့ကို မချစ်နိုင်ဘဲ၊ ထိုအစား ငါ့အားခုခံရန် ရွေးချယ်ခဲ့သောကြောင့် သူ့အပေါ် ကံအကြောင်းမလှသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်များ ဖြစ်နိုင်မည်လော။ ပေါလုသည် ငါ့အား စစ်မှန်စွာ ချစ်နိုင်ခဲ့သောကြောင့်၊ သူသည် ငါ့မျက်မှောက်တွင် သစ္စာစောင့်သိမှုဖြင့် ငါ့အား အစေခံနိုင်ခဲ့သည်များ ဖြစ်နိုင်မည်လော။ သင်တို့သည် ငါ၏သက်သေခံချက်ကို မြဲမြံစွာ ကိုင်စွဲကောင်းကိုင်စွဲထားနိုင်သော်လည်း သင်တို့ထဲတွင် မိမိ၏ သက်သေခံချက်က ရွှေစင်ကဲ့သို့ မစင်ကြယ်မှုများဖြင့် ရောနှောမထားသော သူတစ်ဦးတစ်လေ ရှိနိုင်သလော။ လူသားများသည် စစ်မှန်သော သစ္စာစောင့်သိနိုင်စွမ်း ရှိသလော။ အဘယ်ကြောင့်ဆိုသော် ငါသည် မည်သည့်အခါကမျှ မည်သူ့ထံမျှ များစွာ မတောင်းဆိုခဲ့ဖူးသောကြောင့်၊ သင်တို့၏သက်သေခံချက်သည် ငါ့ကို ပျော်ရွှင်ခြင်း ဆောင်ကြဉ်းသည်မှာ သင်တို့၏ “သစ္စာစောင့်သိမှု” နှင့် မကွဲလွဲပေ။ ငါ့အစီအစဉ်၏ နောက်ကွယ်က မူလရည်ရွယ်ချက်အရ၊ သင်တို့အားလုံးသည် “ချွတ်ယွင်းသော ကုန်ပစ္စည်းများ” ဖြစ်ကြပေမည်- စံနှုန်းမီကြမည်မဟုတ်ပေ။ ဤသည်မှာ “သနားကရုဏာ တစိုးတစိများကို ကျစေခြင်း”နှင့် ပတ်သက်၍ သင်တို့ကို ငါ ပြောခဲ့သည့် အရာနှင့်သက်ဆိုင်သည့် ဥပမာတစ်ခု ဖြစ်သည် မဟုတ်လော။ သင်တို့မြင်သည့်အရာမှာ ငါ၏ ကယ်တင်ခြင်းလော။

သင်တို့ အားလုံးသည် ပြန်တွေးကာ မှတ်မိသင့်ကြ၏- ငါ၏အိမ်သို့ ပြန်သွားပြီးကတည်းက၊ သင်တို့ထဲမှ တစ်ဦးတစ်လေသည် သင်တို့၏ အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးခြင်းကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ၊ ငါ့အား ပေတရုသိခဲ့သည့်နည်းဖြင့် သိလာကြသလော။ သင်တို့သည် သမ္မာကျမ်းစာ၏ အပေါ်ယံ အပိုင်းများကို နားလည်ပြီးသော်လည်း၊ ယင်း၏အနှစ်သာရကို သင်တို့ ခံယူပြီးပြီလော။ ထိုသို့ဖြင့်၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လက်လွှတ်ရန် ငြင်းပယ်ရင်း၊ သင်၏ “အရင်းအနှီး” ကို ကိုင်စွဲထားဆဲဖြစ်၏။ ငါသည် မိန့်မြွက်ချက်တစ်ခု ပြုလုပ်သည့်အခါ၊ သင်တို့ကို မျက်နှာချင်းဆိုင် ငါ စကားပြောဆိုသည့်အခါ၊ ငါ ဖွင့်ဟသည့် အသက်၏ နှုတ်ကပတ်တော်များကို လက်ခံရန် သင်တို့ထဲတွင် မည်သူသည် ပိတ်ထားသော စာလိပ်ကို ချထားဖူးသနည်း။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို လုံးဝ အလေးမထားကြသကဲ့သို့၊ ယင်းတို့ကို ချစ်ခင်မြတ်နိုးခြင်းလည်း မရှိကြပေ။ ထို့ထက်၊ သင်တို့သည် သင်တို့၏ ကိုယ်ပိုင် အနေအထားကို ထိန်းသိမ်းရန်အလို့ငှာ၊ သင်တို့၏ရန်သူများကို ပစ်ခတ်ရန် ယင်းတို့ကို စက်သေနတ်ကဲ့သို့ အသုံးပြု၏။ သင်တို့သည် ငါ့အား သိရှိရန်အလို့ငှာ အတိုင်းအတာ အနည်းငယ်မျှ ငါ၏တရားစီရင်ခြင်းကို လက်ခံရန် မကြိုးပမ်းကြချေ။ သင်တို့ အယောက်တိုင်းသည် အခြား တစ်စုံတစ်ဦးအား လက်နက်ဖြင့် ချိန်ရွယ်ထားကြ၏။ သင်တို့အားလုံးသည် “ကိုယ်ကျိုးမငဲ့ကြ” သကဲ့သို့၊ အခြေအနေတိုင်းတွင် သင်တို့သည် “အခြားသူများအတွက် စဉ်းစားပေးကြ၏”။ ဤသည်မှာ ယမန်နေ့က သင်တို့ပြုလုပ်နေခဲ့သည့်အရာ အတိအကျ မဟုတ်လော။ ယနေ့တွင်ကော။ သင်တို့၏ “သစ္စာစောင့်သိမှု”သည် အမှတ်အနည်းငယ်ဖြင့် မြင့်တက်သွားပြီးဖြစ်ကာ၊ သင်တို့အားလုံးသည် အနည်းငယ် သာ၍ အတွေ့အကြုံရင့်ကြပြီး၊ အနည်းငယ်သာ၍ ရင့်ကျက်ကြပေသည်။ ဤအရာကြောင့်၊ ငါနှင့်သက်ဆိုင်သည့် သင်၏ “ကြောက်ရွံ့မှု” သည် အတော်အတန် တိုးပွားပြီးဖြစ်ကာ မည်သူမျှ “ပေါ့ပေါ့တန်တန် မပြုမူကြပေ။” သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မတုန်မလှုပ်သော အခြေအနေတွင် ရှိကြသနည်း။ သင်တို့၌ အပြုသဘောဆောင်သည့် လက္ခဏာသွင်ပြင်များ မည်သည့်နေရာတွင်မျှ လုံးဝ မတွေ့ရသည်မှာ အဘယ်ကြောင့်နည်း။ အို၊ ငါ၏လူတို့။ အတိတ်ကာလ ပြီးဆုံးသည်မှာ ကြာလေပြီ။ ယင်းကို သင်တို့ မည်သို့မျှ တွယ်ဖက်ခြင်း မပြုရတော့ပေ။ မနေ့က မြဲမြံစွာ ရပ်တည်ပြီးနောက်တွင်၊ ယနေ့ သင်သည် ငါ့ကို သင်၏ စစ်မှန်သည့် သစ္စာစောင့်သိမှုကို ပေးသင့်၏။ ထို့အပြင် မနက်ဖြန်တွင် သင်သည် ငါ့အတွက် ကောင်းမွန်သော သက်သေခံချက် ပြုသင့်ပြီး၊ သင်သည် အနာဂတ်တွင် ငါ၏ကောင်းချီးမင်္ဂလာကို အမွေဆက်ခံလိမ့်မည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့်အရာ ဖြစ်သည်။

ငါသည် သင်တို့၏ရှေ့မှောက်တွင် ရှိမနေသော်လည်း၊ ငါ့ဝိညာဉ်သည် သင်တို့အပေါ် ဧကန်မုချ ကျေးဇူးတော် ပေးအပ်လိမ့်မည်။ သင်တို့သည် ငါ၏ကောင်းချီးမင်္ဂလာများကို တန်ဖိုးထားပြီး၊ ယင်းတို့အပေါ် အမှီပြုလျက် သင်တို့ကိုယ်သင်တို့ သိနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ယင်းတို့ကို သင်တို့၏ အရင်းအနှီးအဖြစ် သဘောမထားနှင့်။ ထို့ထက်၊ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့တွင် ချို့တဲ့သည့် အရာအား ဖြည့်ဆည်းရန် အသုံးပြုသင့်ပြီး၊ ဤအရာမှ သင်တို့၏ အပြုသဘောဆောင်သော အရိပ်လက္ခဏာများကို ရရှိသင့်ပေသည်။ ဤသည်မှာ သင်တို့ကို ငါ ထားရစ်သည့် မှာကြားချက်ဖြစ်၏။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်

အရှေ့သို့- အခန်း ၆

နောက်တစ်ခုသို့- အခန်း ၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။