အခန်း ၆
လူများအားလုံးသည် ငါ၏ မျက်မှောက်၌ ငါ့အား စိတ်ကျေနပ်စေနိုင်ရန်အလို့ငှာ ဝိညာဉ်တော် အရေးကိစ္စများကို ထိုးထွင်းသိမြင်လော့၊ ငါ၏နှုတ်ကပတ်တော်များကို အာရုံစိုက်လော့၊ ပြီးလျှင် ငါ၏ဝိညာဉ်တော်နှင့် ငါ၏ဖြစ်ခြင်း၊ ငါ၏နှုတ်ကပတ်တော်နှင့် ငါ၏ဖြစ်ခြင်းတို့ကို ခွဲခြမ်း၍ မရနိုင်သည့် တစ်လုံးတစ်ဝတည်းအဖြစ် အမှန်တကယ် သဘောထားနိုင်စွမ်းရှိလော့၊ လူသားအလယ် ချိုမြိန်မှု နှင့် ခါးသီးမှုတို့ကို မြည်းစမ်းရင်း၊ ငါသည် ခြေချစရာ အားလုံးအပေါ် ခြေချပြီးဖြစ်သည်၊ ကျယ်ပြောသော စကြဝဠာတစ်ခွင်လုံးကို ငါသည် ကြည့်ခဲ့၊ ပြီးလျှင် လူတို့အကြား ငါလျှောက်ခဲ့ပြီးဖြစ်သော်လည်း၊ လူသားသည် ငါ့ကို မည်သည့်အခါမျှ အမှန်တကယ် မသိကျွမ်းခဲ့ပေ၊ ငါ၏ လှည့်လည်သွားလာခြင်းများ အတောအတွင်းတွင် မည်သည့်အခါမျှ ငါ့ကို အလေးထားခြင်းလည်း မရှိခဲ့ပေ။ ငါသည် တိတ်ဆိတ်နေခဲ့ပြီး သဘာဝလွန်သော လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ မဆောင်ရွက်ခဲ့သောကြောင့်၊ မည်သူတစ်ဦးကမျှ ငါ့ကို အမှန် တွေ့မြင်ဖူးခြင်း မရှိချေ။ မျက်မှောက်ကာလသည် ယခင်ကကဲ့သို့ မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကတည်းက မည်သည့်အခါမျှ မမြင်ဖူးသည့် အမှုအရာများကို ငါပြုမည်၊ ခေတ်ကာလများ တစ်လျှောက်တွင် လုံးဝမကြားဖူးသော နှုတ်ကပတ်တော်များကို ငါပြောကြားမည်၊ အဘယ်ကြောင့်ဆိုသော် လူများအားလုံးသည် ငါ့ကို ဇာတိပကတိ၌ သိကျွမ်းလာစေရန် ငါတောင်းဆိုသောကြောင့်ဖြစ်သည်။ ဤသည်တို့မှာ ငါ၏စီမံခန့်ခွဲမှု၏ အဆင့်များဖြစ်ကြသည်၊ သို့သော် လူတို့သည် ရေးရေးမျှပင် မသိကြပေ။ ငါသည် ထိုအရာများကို ထင်ထင်ရှားရှား ပြောဆိုသော်လည်း၊ လူများသည် သူ၏စိတ်ထဲတွင် ရှုပ်ထွေးလျက်ပင် ရှိသေးသည်။ ထိုအရာတို့ကို ၎င်းတို့အား ရှင်းလင်းပြောဆိုရန် ခက်ခဲလေသည်။ ဤသည်မှာ လူသား၏ နိမ့်ကျမှု မဟုတ်သလော။ ယင်းမှာ ငါကုစားလိုသောအရာ အတိအကျပင် မဟုတ်သလော။ နှစ်များစွာကြာအောင် ငါသည် လူသား၌ မည်သည့်အရာမျှ လုပ်ဆောင်ခြင်း မရှိခဲ့၊ နှစ်များစွာကြာအောင် ငါ၏လူ့ဇာတိနှင့် တိုက်ရိုက် ထိတွေ့မှုရှိသော်ငြားလည်း၊ ငါ၏ ဘုရားသဘောသဘာဝမှ တိုက်ရိုက် ထုတ်ပြန်သော အသံကို မည်သူတစ်ဦးမျှ မကြားဖူးကြပေ။ ထိုအကြောင်းကြောင့် ဤအရာက ခေတ်ကာလတစ်လျှောက် ငါ့ကို လူများ၏ ချစ်ခြင်းအား ထိခိုက်ခြင်း မရှိသော်ငြားလည်း၊ ငါနှင့် သက်ဆိုင်သည့် အသိပညာကိုမူ မလွှဲမရှောင်သာ ချို့တဲ့ကြလေသည်။ သို့သော် လက်ရှိအချိန်တွင် နားလည်ရခက်ခဲပြီး အတိုင်းအတာမရှိသော အံ့သြဖွယ်ကောင်းသည့် အမှုကို သင်တို့၌ ငါ လုပ်ဆောင်ပြီးသကဲ့သို့၊ များစွာသော နှုတ်ကပတ်တော်များကိုလည်း ငါ ပြောကြားပြီးဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော အခြေအနေများအောက်တွင်ပင်၊ ငါ၏ မျက်မှောက်၌ ငါ့ကို တိုက်ရိုက် ခုခံသောသူများစွာ ရှိနေဆဲဖြစ်လေသည်။ ယခု သင့်ကို သာဓကအနည်းငယ် ငါပေးမည်။
ငါ၏အလိုကို နားလည်ဖို့နှင့် အသက်၏ ခံစားမှုတစ်ခုကို ရရှိဖို့ ကြိုးစားလျက်၊ နေ့စဉ် သင်သည် မရေရာသော ဘုရားသခင်ထံ ဆုတောင်းသည်။ သို့သော်လည်း ငါ၏နှုတ်ကပတ်တော်များကို ရင်ဆိုင် ရသည့်အခါ၊ သင်သည် ယင်းတို့ကို ကွဲပြားစွာ ရှုမြင်သည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များနှင့် ဝိညာဉ်တော်တို့ကို တစ်လုံးတစ်ဝတည်း အဖြစ် သဘောထားသော်လည်း၊ ငါ၏ ဇာတိအဖြစ်တော်သည် ထို့ကဲ့သို့သော နှုတ်ကပတ်တော်များကို မြွက်ဆိုခြင်းငှာ အခြေခံအားဖြင့် မတတ်စွမ်းနိုင်ဟုလည်းကောင်း၊ ယင်းတို့သည် ငါ၏ဝိညာဉ်တော်အားဖြင့် ညွှန်ကြားခြင်း ခံရသည်ဟုလည်းကောင်း ယုံကြည်လျက်၊ ငါ၏ ဖြစ်ခြင်းကို ဘေးသို့ ကန်ထုတ်လေသည်။ ထိုကဲ့သို့သော အခြေအနေ၌ သင်၏ အသိပညာသည် အဘယ်နည်း။ သင်သည် ငါ၏ နှုတ်ကပတ်တော်များကို အတိုင်းအတာ တစ်ခုအထိ ယုံကြည်သော်လည်း၊ ငါ့ကိုယ်ငါ ယူတင်ဝတ်ဆောင်သော လူ့ဇာတိနှင့် ပတ်သက်၍ ပြင်းထန်မှု အမျိုးမျိုးရှိသည့် အယူအဆများ သင်၌ရှိလေသည်။ ယင်းကို သင်သည် နေ့စဉ် လေ့လာလျက် အချိန်ကုန်ဆုံးပြီး၊ “အဘယ်ကြောင့် ကိုယ်တော်သည် အမှုအရာများကို ထိုနည်းလမ်းဖြင့် လုပ်ဆောင်သနည်း။ ယင်းတို့သည် ဘုရားသခင်ထံတော်မှ လာခြင်း အမှန်တကယ် ဖြစ်နိုင်သလော။ မဖြစ်နိုင်။ သူသည် ကျွန်ုပ်နှင့် သိပ်မကွာခြားပေ။ သူသည် သာမန်ဖြစ်၍ ရိုးရိုးတန်းတန်း ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။” ဟု ပြောဆိုသည်။ ထို့ကဲ့သို့သော အခြေအနေများကို မည်သို့ ရှင်းပြနိုင်မည်နည်း။
သင်တို့အထဲတွင် အဘယ်သူသည် အထက်တွင် ဖော်ပြသွားသည့်အရာများကို မပိုင်ဆိုင်သနည်း။ ထိုကဲ့သို့သောအရာများကို မပိုင်ဆိုင်သော သူများ ရှိသလော။ ယင်းတို့သည် သင်မည်သည့်အခါမျှ လက်လွှတ်ဖို့ မလိုလားဘဲ၊ ပုဂ္ဂလပိုင်ဆိုင်မှု၏ အပိုင်းအစများကဲ့သို့ ဆုပ်ကိုင်ထားသော အရာများ ဖြစ်ပုံရပေသည်။ သင်သည် စိတ်ခံစားချက်အရ လုံ့လပြုခြင်းကို အားထုတ်ရန် သာ၍နည်းပါးလေသည်၊ ယင်းအစား ငါကိုယ်တိုင် ယင်းကို လုပ်ဆောင်ရန် သင်စောင့်ဆိုင်းလေသည်။ ဧကန်အမှန်ဆိုရလျှင်၊ ရှာဖွေခြင်း မရှိသော သူတစ်ဦးမျှ ငါ့ကို အလွယ်တကူ သိကျွမ်းလာခြင်း မရှိပေ။ ဤသည်တို့သည် သင်တို့အား ငါသွန်သင်သည့် ပေါ့တန်သော နှုတ်ကပတ်တော်များ မဟုတ်ချေ။ အကြောင်းမှာ သင်တို့ကိုးကားနိုင်ရန်အတွက် နောက်ထပ် ရှုထောင့်မှနေ၍ နောက်ထပ် သာဓကတစ်ခုကို သင့်အား ငါပေးနိုင်သောကြောင့် ဖြစ်သည်။
ပေတရုနှင့် ပတ်သက်၍ ဖော်ပြသည့်အခါ၊ လူများက သူနှင့် ပတ်သက်၍ အဆုံးမရှိသော အကောင်းပြောစရာများ ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သူစွန့်လွှတ်ခဲ့သည့် အကြိမ်သုံးကြိမ်၊ စာတန်ကို အစေခံခြင်းအားဖြင့် ဘုရားသခင်အား မည်သို့ စမ်းသပ်သည်နှင့် အဆုံး၌ ဘုရားသခင်အတွက် ဇောက်ထိုး အနေအထားနှင့် မည်သို့ ကားစင်တင်ခံရသည် အစရှိသည်တို့ကို ချက်ချင်း ပြန်သတိရကြလေသည်။ ယခုအခါ ပေတရုသည် ငါနှင့် သူ၏ နောက်ဆုံးနိဂုံး မည်သည့်အရာဖြစ်သည်တို့ကို မည်ကဲ့သို့ သိလာပုံကို သင်တို့အား ဖော်ပြခြင်းအပေါ် ငါ အာရုံစိုက်မည်။ ပေတရုသည် အရည်အချင်းကောင်းရှိသော်လည်း၊ သူ၏အခြေအနေများသည် ပေါလု၏ အခြေအနေများကဲ့သို့ မဟုတ်ချေ။ ပေတရု၏ မိဘများသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံ ထားရသော မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ပေတရုအား ဘုရားသခင်နှင့် ပတ်သက်၍ တစ်စုံတစ်ခုမျှ မသွန်သင်ပေးခဲ့ကြပေ။ ပေတရုသည် ထက်မြက်သည်၊ ပါရမီရှိပြီး ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ အလွန်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အရွယ်ရောက်သူအဖြစ်၊ သူသည် ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေလိုက်စားရာတွင် မည်သည့်အခါမျှ မရပ်တန့်ခဲ့သောကြောင့် သူ့မိဘများ၏ ရန်သူ ဖြစ်လာခဲ့ကာ၊ နောက်ပိုင်းတွင် သူ့မိဘများကို ကျောခိုင်းခဲ့ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ အခြားအရာ အားလုံးထက် ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ စာတန်၏ စီမံခြင်း မပါဘဲ၊ ဘုရားသခင်ထံမှလာပြီး ကိုယ်တော်ကပင် တိုက်ရိုက်ထုတ်ပေးသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ပေတရု၏ မိဘများ၏ ဆန့်ကျင် ကွဲပြားခြားနားချက်က သူ့အား ငါ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့နှင့် သက်ဆိုင်သည့် ပို၍ ကြီးမားသော အသိကို ပေးခဲ့သည်၊ ထိုသို့ဖြင့် ငါ့အား ရှာဖွေရန် သူ၏လိုအင်ဆန္ဒသည် သာ၍ တိုးမြင့်လာခဲ့သည်။ သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ အာရုံစိုက် ခဲ့ရုံမျှမကသည့်အပြင် ငါ၏အလိုကို နားလည်ခြင်းကိုပါ အာရုံစိုက်ခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲတွင် ယခင်ထက်ပို၍ နိုးကြားခဲ့ပေသည်။ အကျိုးဆက်အနေဖြင့် သူသည် သူ၏စိတ်ဓာတ်၌ အမြဲတစေ အသိတရားရှိပြီး၊ သူလုပ်သမျှတွင် ငါ၏စိတ်တော်နှင့် တွေ့စေခဲ့သည်။ သူသည် ကျရှုံးမှု၌ ပိတ်မိလာခြင်းကို လွန်စွာကြောက်ရွံ့လျက်၊ သူ့ကိုယ်သူ အားပေးရန် အတိတ်မှ လူများ၏ ရှုံးနိမ့်မှုများကို မပြတ် အာရုံစိုက်ခြင်းအား ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသောလူများအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စိတ်ထဲစွဲမှတ်ခြင်းကိုလည်း သူ အာရုံစိုက်ထားခဲ့သည်။ ဤနည်းဖြင့်- အပျက်သဘောဆောင်သည့် လက္ခဏာသွင်ပြင်များတွင်သာ မဟုတ်ဘဲ၊ သာ၍ များစွာ အရေးကြီးစွာပင် အပြုသဘောဆောင်သော လက္ခဏာသွင်ပြင်များ၌ပါ- ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံး ဖြစ်လာသည်အထိ သူသည် လျင်မြန်စွာ သာ၍ ကြီးထွားရင့်ကျက်လာပေသည်။ ထို့နောက် ပေတရုသည် သူ့တွင် ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့ထည့်ထားနိုင်သည်၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့အပေါ် ဆုံးဖြတ်ချက်များ ချခြင်းကိုပင် သူမည်သို့စွန့်လွှတ်ခဲ့ပြီး၊ ထိုအစား အရာခပ်သိမ်းတွင် ငါ့ကို ဖြည့်ဆည်းခြင်းကို အခြေခံလျက် ငါ၏ ကြွယ်ဝမှုများကို မွေ့လျော်ခံစားခဲ့သည်တို့ကို စိတ်ကူးကြည့်ဖို့ မခက်ခဲပေ။ ငါသည် သူ့ကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်ပြီး၊ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။ အနန္တတန်ခိုးရှင်ကိုယ်တော်၊ အကျွန်ုပ်အား ကိုယ်တော့်ကို တွေ့မြင်ခွင့်ပေးရန် အမှန်တကယ်ပင် အလိုမရှိသလော။ ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် အမှန်တကယ်ပင် မထိုက်တန်သလော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော် မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်းများ ဖြစ်နိုင်သလော။” ဟုပြောခဲ့သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများ အတောအတွင်းတွင် ပေတရုသည် ငါ၏အလိုကို တိကျမှန်ကန်စွာ နားမလည်နိုင်ခဲ့သော်လည်း၊ သူသည် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို သူ ရရှိခဲ့သော်ငြားလည်း၊) ငါ့အားဖြင့် အသုံးပြုခြင်းခံရသည်ကို မြတ်နိုးပြီး ဂုဏ်ယူခဲ့ကြောင်းနှင့် သူသည် ဤစမ်းသပ်မှုများအားဖြင့် စိတ်သောကမရောက်ခဲ့ကြောင်းတို့မှာ သိသာထင်ရှားပေသည်။ ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။ ယခုအချိန်၌ ငါသည် အဘယ်ကြောင့် ပေတရု၏အကြောင်းကို ထိုမျှရှည်လျားစွာ ပြောခဲ့သည်ကို သင်တို့သည် အချိန်ကြာ သေချာစွာ စဉ်းစားကြလော့။ ဤအရာများသည် သင်တို့ပြုမူသည့် အခြေခံသဘောတရားများ ဖြစ်သင့်သည်။
ငါ့အား သိကျွမ်းသော လူများမှာ နည်းပါးသော်ငြားလည်း၊ လူများသည် ချို့တဲ့လွန်းပြီး ၎င်းတို့အား ငါတောင်းဆိုသော အဆင့်ကို ကြိုးပမ်းရရှိရန် ၎င်းတို့အတွက် ခဲယဉ်းသောကြောင့်၊ ငါသည် လူသားအပေါ်သို့ ငါ၏အမျက်ဒေါသကို မထုတ်လွှတ်ပေ။ ထို့ကြောင့် ငါသည် လူသားတို့အပေါ် နှစ်ထောင်ပေါင်းများစွာပင် သည်းခံနေခဲ့သည်မှာ မျက်မှောက်ကာလ ထိတိုင်ပင် ဖြစ်တော့သည်၊ သို့သော်လည်း ငါ၏သည်းခံမှုကြောင့် သင်တို့သည် မိမိတို့ကိုယ်ကိုယ် သက်ညှာမနေကြဖို့ ငါမျှော်လင့်သည်။ ပေတရုမှတစ်ဆင့် သင်သည် ငါ့အား သိကျွမ်းလာပြီး ငါ့ကိုရှာဖွေကြသင့်သည်။ ပေတရု၏ ရဲရင့်သော စွမ်းဆောင်မှု အားလုံးမှတစ်ဆင့် သင်သည် ယခင်က မကြုံစဖူးသကဲ့သို့ ဉာဏ်အလင်းရရှိသင့်သည်၊ ထိုသို့ဖြင့် ယခင်က လူသားက တစ်ခါမျှ မရောက်ရှိဖူးသည့် လောကတို့ကို ရောက်ရှိသင့်ပေသည်။ အာကာသနှင့် မိုးမျက်နှာကြက်အနှံ့အပြားတွင်၊ ကောင်းကင်နှင့် မြေကြီး၌ ရှိကြကုန်သော အရာများ အားလုံးအကြား၊ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ဘုံမှ အရာခပ်သိမ်းတို့သည် ငါ့အမှု၏ နောက်ဆုံးသော အဆင့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု အလုံးစုံကို ပေးလေသည်။ သင်တို့သည် စာတန်၏အင်အားစုများ၏ အမိန့်ပေးသည်ကို ခံရလျက်၊ ဘေးစည်းမှ ပွဲကြည့်ပရိသတ်များ အဖြစ်သာ မဖြစ်လိုသည်မှာ သေချာသည် မဟုတ်လော။ စာတန်သည် နောက်ဆုံးသော သေခြင်း၏ မချိတင်ကဲဝေဒနာကို ခံစားချိန်တွင် သွားများကြိတ်လျက်၊ ခြေသည်းလက်သည်းများကို ကုပ်ထားလျက်နှင့် လူများ၏ စိတ်နှလုံးများရှိ ငါနှင့်ပတ်သက်သည့် အသိပညာကို ဝါးမြိုလျက် အစဉ်အမြဲရှိနေသည်။ သင်တို့သည် ယခုအချိန်၌ ၎င်း၏စဉ်းလဲသော အကြံအစည်များ၏ အန္တရာယ်ပြုခြင်းခံရရန် အလိုရှိကြသလော။ ငါ့အမှုသည် နောက်ဆုံးတွင် ပြီးဆုံးသောအချိန်၌ သင်တို့သည် မိမိတို့၏ အသက်ကို ဖျက်ဆီးပစ်ရန် အလိုရှိကြသလော။ ငါ၏သည်းခံခြင်းကို နောက်ထပ်တစ်ကြိမ် ပြဖို့ သင်တို့သည် ငါ့အား စောင့်နေကြသလော။ ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေခြင်းသည် အခရာကျသည်၊ သို့သော်လည်း လက်တွေ့လုပ်ဆောင်မှုကို အာရုံစိုက်ခြင်းမှာ မရှိမဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အား တိုက်ရိုက် ထုတ်ဖော်ပြနေပြီး၊ သင်တို့သည် ငါ၏လမ်းပြမှုနောက်ကို လိုက်လျှောက်နိုင်ကာ၊ သင်တို့ကိုယ်တိုင်အတွက် အစီအစဉ်များ သို့မဟုတ် ရည်မှန်းချက်များ နောက်ထပ် မရှိတော့ဖို့ ငါမျှော်လင့်သည်။
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်