အခန်း ၁၃
ငါ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များအတွင်းတွင် ငါ၏ရည်ရွယ်ချက်များစွာ ကွယ်ဝှက်ထား၏၊ သို့သော် လူတို့သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ မသိရှိသကဲ့သို့ နားမလည်ပေ။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို အပြင်ပန်းမှ လက်ခံမြဲ လက်ခံကြပြီး ယင်းတို့ကို အပြင်ပန်းမှ လိုက်လျှောက်နေကြကာ ငါ၏ နှုတ်ကပတ်တော်များအတွင်းမှ ငါ၏ စိတ်နှလုံးကို နားမလည်နိုင်ကြပေ သို့မဟုတ် အလိုကို အလိုလို မသိနိုင်ကြပေ။ ငါ၏နှုတ်ကပတ်တော်များကို ငါသည် ရှင်းလင်းစေသော်လည်း၊ ယင်းတို့ကို နားလည်သောသူ အဘယ်သူ ရှိသနည်း။ ငါသည် ဇိအုန်မှ လူသားမျိုးနွယ်ထဲသို့ ကြွလာခဲ့သည်။ ငါသည် သာမန်လူ့သဘာဝနှင့် လူသား အရေပြားဖြင့် မိမိဘာသာ ယူတင်ဝတ်ဆင်ပြီးဖြစ်သောကြောင့်၊ လူတို့သည် ငါ၏ သွင်ပြင်ကို အပြင်ပန်းမှာ သိရုံမျှသိလာကြသည်- သို့သော် ၎င်းတို့သည် ငါ့အထဲတွင် တည်သော အသက်ကို မသိကြသကဲ့သို့၊ ဝိညာဉ်တော်၏ ဘုရားသခင်ကိုလည်း သတိမပြုမိကြဘဲ၊ ဇာတိခန္ဓာရှိသော လူသားကိုသာ ကြ၏။ စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်သည် သူ့ကို သိရှိရန် သင်၏ ကြိုးစားခြင်းနှင့် ထိုက်တန်နိုင်မည်လော။ စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်သည် သူ့ကို “စိတ်ဖြာလေ့လာ ဆန်းစစ်”ရန် သင်၏ အားထုတ်မှုနှင့် မထိုက်တန်သည်များ ဖြစ်နိုင်မည်လော။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖောက်ပြန်ပျက်စီးမှုကို စက်ဆုပ်ရွံရှာ သော်လည်း ၎င်းတို့၏အားနည်းချက်အတွက် သနားကရုဏာ ခံစားရ၏။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ သဘာဝ အဟောင်းကိုလည်း ကိုင်တွယ်ဖြေရှင်းနေ၏။ တရုတ်ပြည်ရှိ ငါ၏လူများအနက်တစ်ဦးဖြစ်သည်နှင့်အမျှ၊ သင်သည်လည်း လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည် မဟုတ်လော။ ငါ၏လူများအားလုံးထဲနှင့် ငါ၏သားများအားလုံးထဲတွင်၊ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ငါရွေးချယ်ပြီးဖြစ်သည့် သူများထဲတွင်၊ သင်သည် အနိမ့်ဆုံး အုပ်စုနှင့် သက်ဆိုင်သည်။ ဤအကြောင်းရင်းကြောင့် ငါသည် သင့်အပေါ် အားအင်အများဆုံး၊ အကြီးမားဆုံးသော အားထုတ်မှုကို အသုံးပြုပြီးဖြစ်သည်။ ယနေ့ သင်တို့ မွေ့လျော်ခံစားရသည့် မင်္ဂလာရှိသော အသက်တာကို သင်တို့ မြတ်နိုးခြင်း မရှိကြသေးသလော။ ငါ့ကို ဆန့်ကျင်ပုန်ကန်ရန်နှင့် သင်၏ကိုယ်ပိုင်အစီအမံများကို စီစဉ်ရန် သင်၏နှလုံးသားကို မာကျောစေနေဆဲဖြစ်သလော။ ငါ၏မပြတ်သော သနားခြင်းနှင့် ချစ်ခြင်းမေတ္တာကြောင့်သာ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် အချိန်ကြာမြင့်စွာက စာတန်၏ ဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ “နှစ်လိုဖွယ်ကောင်းသော အလုတ်များ” အဖြစ်သို့ ပြောင်းလဲပြီး ဖြစ်ပေမည်။ ယနေ့တွင်၊ လူအားလုံးထဲတွင်၊ ငါ့အတွက် စစ်မှန်စွာ အသုံးခံပြီး၊ ငါ့ကို စစ်မှန်စွာ ချစ်သောသူများသည် လက်တစ်ဘက်ရှိ လက်ချောင်းများဖြင့် ရေတွက်ရလောက်အောင် ရှားပါးဆဲဖြစ်သည်။ ယနေ့တွင်၊ “ငါ၏လူများ” ဟူသည့် အမည်နာမသည် သင်၏ကိုယ်ပိုင်ပစ္စည်း ဖြစ်နိုင်မည်လော။ သင်၏အသိတရားသည် ရေခဲကဲ့သို့ အမှန်တကယ် တိုး၍ အေးစက်လေပြီလော။ သင်သည် ငါလိုအပ်သည့် လူများဖြစ်လာရန် အမှန်တကယ် ထိုက်တန်သလော။ အတိတ်ကို ပြန်တွေးကာ၊ ယနေ့ကို တဖန်ကြည့်လော့- သင်တို့ထဲမှ မည်သူသည် ငါ၏နှလုံးသားကို ကျေနပ်စေပြီနည်း။ သင်တို့ထဲမှ မည်သူသည် ငါ၏ရည်ရွယ်ချက်များအတွက် စစ်မှန်သော ဂရုစိုက်မှုပြလေပြီနည်း။ ငါသည် သင်တို့ကို မလှုံ့ဆော်ခဲ့ပါက၊ သင်တို့သည် နိုးထပြီးဖြစ်ကြလိမ့်ဦးမည် မဟုတ်ဘဲ၊ အေးခဲသည့်အလား၊ ပြီးလျှင် တစ်ဖန် ဆောင်းခိုမှုတွင် ရှိသည့်အလား ဖြစ်မြဲဖြစ်နေပေမည်။
တလိပ်လိပ်ထနေသော လှိုင်းများအလယ်တွင်၊ လူသားသည် ငါ၏အမျက်ဒေါသကို တွေ့ရ၏။ လူးလွန့်နေသော တိမ်နက် တစ်ထွေးကြီးတွင် လူသားတို့သည် မှင်တက်မိကာ ကြောက်လန့်သွားကြပြီး၊ မိုးခြိမ်းသံနှင့် မိုးတို့က ၎င်းတို့အား ဖယ်ရှားသွားမည်ကို ကြောက်ရွံ့သည့်အလား မည်သည့်နေရာသို့ ထွက်ပြေးရမှန်းမသိကြချေ။ ထို့နောက်တွင်၊ ဝေ့လည်နေသည့် နှင်းမုန်တိုင်း လွင့်မျောဖြတ်ကျော်သွားပြီးနောက်၊ ၎င်းတို့သည် သဘာဝ၏လှပသောရှုခင်းတွင် သာယာကြည်နူးကြသည်နှင့်အမျှ ၎င်းတို့၏ စိတ်နေစိတ်ထားသည် တိုး၍ အေးဆေးကာ ပေါ့ပါးလာ၏။ သို့သော်၊ ထိုသို့သောအချိန်များတွင်၊ ၎င်းတို့အနက် မည်သူသည် လူသားမျိုးနွယ်အတွက် ငါထားရှိသည့် အတိုင်းမသိမေတ္တာကို တွေ့ကြုံခံစားဖူးသနည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် ငါ၏ ပုံသဏ္ဌာန်သာရှိသော်လည်း ငါ့ဝိညာဉ်၏အနှစ်သာရကား မရှိပေ- လူသားသည် ငါ့အား ပွင့်လင်းစွာ အာခံနေသည် မဟုတ်လော။ မုန်တိုင်း တိုက်ခတ်သွားပြီးနောက်တွင်၊ လူသားမျိုးနွယ် အားလုံးသည် အသစ်ပြုပြင်ခံရသည့်အလား၊ အတိဒုက္ခများမှတစ်ဆင့် စစ်ဆေးခြင်းခံရပြီးနောက် ၎င်းတို့သည် အလင်းနှင့်အသက်တို့ကို ပြန်လည်ရရှိသည့်အလား ဖြစ်၏။ ငါ ရိုက်နှက်သည့် ထိုးနှက်ချက်များကို ကြံ့ကြံ့ခံပြီးနောက် သင်တို့သည်လည်း ယနေ့ထိ ရောက်ရှိလာရန် ကောင်းမွန်သည့်ကံကြမ္မာ ရှိခကြသည် မဟုတ်လော။ သို့သော် ယနေ့ကုန်ဆုံးပြီး မနက်ဖြန်ရောက်လာသည့်အခါ၊ သင်တို့သည် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုနောက်လိုက်လာသည့် သန့်စင်မှုကို ထိန်းသိမ်းထားနိုင်မည်လော။ သင်၏စစ်ဆေးမှုနောက်လိုက်လာသည့် ဆည်းကပ်မှုကို သင်တို့ ထိန်းသိမ်းထားနိုင်မည်လော။ သင်တို့သည် ယနေ့၏ နာခံမှုကို ထိန်းသိမ်းထားနိုင်မည်လော။ သင်၏ဆည်းကပ်မှုသည် တည်ကြည်ကာ မပြောင်းလဲဘဲ ရှိနေနိုင်သလော။ ဤသည်မှာ လူသား၏ ဖြည့်ဆည်းနိုင်စွမ်းထက် ကျော်လွန်သည့် တောင်းဆိုမှုတစ်ရပ်လော။ ငါသည် နေ့စဉ် လူသားမျိုးနွယ်အလယ် အသက်ရှင်ကာ ၎င်းတို့အလယ်တွင် လူသားမျိုးနွယ်နှင့်အတူ ဆောင်ရွက်သော်လည်း၊ ဤသည်ကို မည်သူကမျှ သတိပြုမိခြင်း မရှိဖူးပေ။ ငါ့ဝိညာဉ်၏လမ်းပြမှုကြောင့်သာ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ် တစ်ရပ်လုံးအနက် မည်သူသည် မျက်မှောက်ခေတ်တွင် တည်ရှိဆဲဖြစ်မည်လော။ ငါသည် လူသားတို့ကို အဖော်ပြုလျက် အသက်ရှင်ကာ ဆောင်ရွက်သည်ဟု ငါပြောသောအခါ၊ ငါသည် ချဲ့ကား၍ပြောနေခြင်း ဖြစ်သလော။ အတိတ်တွင်၊ ငါက၊“ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လမ်းပြခဲ့ကာ၊ လူသားတစ်ရပ်လုံးကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်” ဟု ပြောခဲ့၏။ ဤသည်မှာ ထိုသို့ အမှန်တကယ် ဖြစ်သည် မဟုတ်လော။ ဤအရာများနှင့်သက်ဆိုင်သည့် သင်၏အတွေ့အကြုံသည် မလုံလောက်သည်များ ဖြစ်နိုင်သလော။ “အစေခံသူ” ဟူသည့် စကားရပ်မျှသည် သင်တို့၏ အသက်တာများတစ်ခုလုံးကို စိတ်ဖြာရှင်းလင်းရန် ယူဆောင်သွားပေမည်။ တကယ့်အတွေ့အကြုံ မရှိဘဲနှင့်၊ လူသားတစ်ဦးသည် ငါ့အား မည်သည့်အခါမျှ သိလာလိမ့်မည်မဟုတ်- ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့အား မည်သည့်အခါမျှ သိလာနိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ယနေ့တွင် ငါသည် သင်တို့အလယ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီးဖြစ်သည်- ဤသည်မှာ သင်တို့၏ သိနားလည်ခြင်းအဖို့ သာ၍ အကျိုးဖြစ်လိမ့်မည် မဟုတ်လော။ ငါ၏လူ့ဇာတိခံယူခြင်းသည်လည်း သင့်တို့အတွက် ကယ်တင်ခြင်း မဟုတ်သလော။ ငါသည် ငါ၏ ကိုယ်ပိုင် ဇာတိအဖြစ်နောဖြင့် လူသားမျိုးနွယ်ထဲသို့ မဆင်းသက်လာခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် အချိန်ကြာမြင့်စွာက အယူအဆများဖြင့် စိမ့်ဝင်ပျံ့နှံ့ပြီး ဖြစ်ပေမည်။ ဆိုလိုသည်မှာ သင်ယုံကြည်သည့်အရာမှာ စာတန်၏ ပုံရိပ်မျှဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်နှင့် မည်သို့မျှ မပတ်သက်သည့်အတွက်၊ စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ကယ်တင်ခြင်း မဟုတ်လော။
စာတန်သည် ငါ၏ရှေ့မှောက်လာသည့်အခါ ငါသည် ၎င်း၏ ရိုင်းစိုင်းသည့် ရက်စက်ကြမ်းကြုတ်မှုကို မတွန့်ဆုတ်သကဲ့သို့၊ ၎င်း၏ အကျည်းတန်မှုကြောင့် ငါသည် ကြောက်လန့်ခြင်းလည်း မရှိပေ- ငါသည် ၎င်းအား သက်သက် မသိကျိုးကျွန်ပြုသည်။ စာတန်သည် ငါ့ကို သွေးဆောင်သည့်အခါ၊ ငါသည် ၎င်းအား အရှက်နှင့် အရှက်ကွဲခြင်းတို့ဖြင့် အမြီးကုပ်သွားစေလျက်၊ ၎င်း၏ လှည့်ကွက်ကို ငါ ရိပ်စားမိသည်။ စာတန်သည် ငါနှင့်တိုက်ခိုက်ပြီး၊ ငါ၏ ရွေးချယ်ခြင်း ခံရသောလူတို့ကို လုယူသွားရန် ကြိုးစားသည့်အခါ ငါသည် ငါ၏ဇာတိပကတိဖြင့် ၎င်းကို စစ်ပွဲဆင်နွှဲသည်။ ပြီးလျှင် ငါ၏လူတို့သည် အလွယ်တကူ လဲပြိုခြင်းမရှိနိုင်ဖို့အလို့ငှာ သို့မဟုတ် ပျောက်ဆုံးခြင်းမရှိနိုင်ဖို့အလို့ငှာ ငါသည် ငါ၏ဇာတိပကတိဖြင့် ငါ၏လူတို့အား ထောက်မကာ ထိန်းကျောင်းပေးပြီး၊ လမ်းခရီးတစ်လျှောက် ၎င်းတို့အား ဦးဆောင်၏။ ထို့နောက် စာတန်သည် ရှုံးနှိမ့်မှုဖြင့် စစ်ပြန်သည့်အခါ၊ ငါ၏လူတို့ထံမှ ငါသည် ဘုန်းအသရေ ရရှိပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငါ၏လူတို့သည် ငါ့အဖို့ လှပပြီး ထူးကဲသော သက်သေကို ခံကြပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ငါသည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်တွင် အဖြည့်ခံများကို ယူဆောင်မည်ဖြစ်ပြီး၊ ၎င်းတို့အား အနက်ဆုံးသောတွင်းထဲသို့ အပြီးအပြတ် ပစ်ချလိုက်မည်။ ဤသည်မှာ ငါ၏အစီအစဉ်ဖြစ်၏။ ဤသည်မှာ ငါ၏အမှုဖြစ်၏။ သင်တို့၏ အသက်တာများတွင် သင်သည် ထိုသို့သောအခြေအနေနှင့် ကြုံမည့်နေ့ရက် ရောက်လာနိုင်သည်- သင်သည် မိမိကိုယ်ကိုယ် စာတန်၏ဖမ်းဆီးမှုခံရန် လိုလိုလားလား ခွင့်ပြုမည်လော၊ သို့မဟုတ် သင်သည် ငါ့အား သင့်ကို ရယူခွင့်ပြုမည်လော။ ဤသည်မှာ သင်ကိုယ်တိုင်၏ ကံကြမ္မာဖြစ်ပြီး ယင်းကို သေချာစွာ သင် စဉ်းစားရမည်။
နိုင်ငံတော်ထဲက အသက်တာသည် လူတို့နှင့် ဘုရားသခင်ကိုယ်တိုင်၏ အသက်တာဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ငါ၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက်တွင်ရှိပြီး၊ အားလုံးသည် အဆင်းနီသောနဂါးကြီး နှင့် သေသည့်တိုင်အောင် တိုက်ပွဲဝင်နေကြ၏။ ဤနောက်ဆုံးတိုက်ပွဲကို အနိုင်ရရှိရန်၊ အဆင်းနီသောနဂါးကြီးကို အဆုံးသတ်ရန်၊ လူအားလုံးတို့သည် ၎င်းတို့၏ဖြစ်တည်ခြင်း တစ်ရပ်လုံးအား ငါ၏နိုင်ငံတော်တွင် ငါ့ကို ပူဇော်သင့်ကြသည်။ ဤနေရာတွင် ပြောသည့် “နိုင်ငံတော်” သည် ဘုရားသဘောသဘာဝ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် အသက်ရှင်သည့် အသက်တာတစ်ခုကို ရည်ညွှန်းသည်။ ယင်းတွင် ၎င်းတို့၏ အသက်တာများသည် ကမ္ဘာမြေပေါ်တွင် ရှိဆဲဖြစ်သော်လည်း ကောင်းကင်ဘုံတွင်- တတိယကောင်းကင်တွင် အသက်တာနှင့်ဆိုင်သည့် စစ်မှန်သော အကောင်အထည်ဖော်ခြင်းတစ်ခုတွင်- ရှိသည့်အလား ဖြစ်ဖို့အလို့ငှာ၊ ငါသည် ငါ၏ လေ့ကျင့်ပေးခြင်းကို တိုက်ရိုက်လက်ခံသည့် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထိန်းကျောင်းပေးသည်။ ငါသည် ငါ၏ လူ့ဇာတိ၌ရှိသော်လည်း၊ လူ့ဇာတိ၏ ကန့်သတ်ချက်များကို မခံစားရပေ။ ငါသည် လူသားအလယ်သို့ ၎င်း၏ဆုတောင်းချက်များကို နားထောင်ရန် ကြိမ်ဖန်များစွာ လာပြီးဖြစ်ကာ၊ ငါသည် လူသားတို့အကြား လျှောက်လှမ်းရင်း၊ ၎င်းတို့၏ ချီးမွမ်းမှုများကို ကြိမ်ဖန်များစွာ မွေ့လျော်ပြီး ဖြစ်သည်။ လူသားတို့သည် ငါ၏ တည်ရှိခြင်းကို မည်သည့်အခါကမျှ မသိကြဖူးသော်လည်း၊ ငါသည် ဤနည်းဖြင့် ငါ၏အမှုကို လုပ်ဆောင်ဆဲ ဖြစ်သည်။ ငါကျိန်းဝပ်ရာ အရပ်တွင်၊ ယင်းသည် ငါ ကွယ်ဝှက်သည့် နေရာဖြစ်သည်- မည်သို့ပင်ဆိုစေ၊ ငါ၏ ကျိန်းဝပ်ရာအရပ်တွင်၊ ငါသည် ငါ၏ရန်သူအားလုံးကို အနိုင်ယူပြီး ဖြစ်သည်။ ငါကျိန်းဝပ်ရာအရပ်၌၊ ငါသည် ကမ္ဘာမြေပေါ် အသက်ရှင်ခြင်းနှင့်ဆိုင်သည့် စစ်မှန်သောအတွေ့အကြုံကို ရရှိပြီးဖြစ်သည်။ ငါကျိန်းဝပ်ရာအရပ်၌၊ ငါသည် လူသား၏စကားတိုင်းနှင့် လုပ်ရပ်တိုင်းကို လေ့လာနေပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား စောင့်ရှောက်နေကာ ဦးစီးဦးရွက်ပြုနေ၏။ လူသားမျိုးနွယ်သည် ငါ၏ရည်ရွယ်ချက်များအတွက် စာနာမှုခံစားနိုင်ကာ၊ ထိုသို့ဖြင့် ငါ့ စိတ်နှလုံးကို ကျေနပ်စေပြီး၊ ငါ့အား ပျော်ရွှင်မှုပေးပါက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးအား ဧကန်မုချ ကောင်းချီးပေးမည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ငါရည်ရွယ်သောအရာဖြစ်သည် မဟုတ်လော။
လူသားမျိုးနွယ်သည် သတိမေ့မြောနေသည်နှင့်အမျှ၊ ငါ့မိုးခြိမ်းသံ၏ တအုန်းအုန်းမြည်သံများကသာ ၎င်းတို့၏ အိပ်မက်များမှ ၎င်းတို့ကို နိုးထစေ၏။ ၎င်းတို့သည် ၎င်းတို့၏မျက်လုံးများကို ဖွင့်သောအခါ ဤအေးသော ထွန်းလင်းဝင်းပခြင်း၏ ရုတ်ခြည်း ပြင်းစွာ တိုးဝှေ့မှုများက ၎င်းတို့၏ မျက်လုံးများစွာကို နာကျင်စေသည်မှာ၊ ၎င်းတို့သည် ၎င်းတို့၏ ဦးတည်ချက်အာရုံ ပျောက်ဆုံးကာ မည်သည့်နေရာမှ ၎င်းတို့လာကြပြီး မည်သည့်နေရာသို့ သွားနေသည်ကို မသိကြပေ။ လူအများစုသည် လေဆာကဲ့သို့သော ရောင်ခြည်များ၏ ထိမှန်ခြင်းခံရကာ လေပြင်းမုန်တိုင်းအောက်တွင် အပုံလိုက် လဲပြိုကြ၏၊ ၎င်းတို့၏ခန္ဓာကိုယ်များသည် ပန်းထွက်နေသည့် ပြင်းထန်သော ရေစီးများအားဖြင့် မည်သည့်အရိပ်အယောင်မျှ နောက်ချန်မထားဘဲ မျောပါသွားလေသည်။ အလင်းတွင်၊ အသက်ရှင်ကျန်ရစ်သူများသည် နောက်ဆုံး၌ ငါ၏မျက်နှာကို ရှင်းလင်းစွာမြင်နိုင်ကြပြီး၊ ထိုအခါမှသာ ငါက ၎င်းတို့၏ခန္ဓာအပေါ် ငါ၏ပြစ်တင်ဆုံးမမှုနှင့် ကျိန်ဆိုမှုတို့ကို တဖန်ကျရောက်စေမည်စိုး၍ လွန်စွာကြောက်ရွံ့ရင်း၊ ငါ၏မျက်နှာအား တိုက်ရိုက်မကြည့်ဝံ့တော့သည်အထိ ငါ၏ပြင်ပ သွင်ပြင်နှင့်သင်ဆိုင်သည့် တစ်စုံတစ်ရာကို ၎င်းတို့ သိလာကြသည်။ အလွန်များစွာသော လူတို့သည် ခါးသီးစွာ အော်ဟစ်ကာ ငိုကြွေးကြသည်။ အလွန်များစွာသောသူတို့သည် မျှော်လင့်ချက် ကုန်ဆုံးသွားကြသည်။ အလွန်များစွာသောသူတို့သည် ၎င်းတို့၏သွေးဖြင့် မြစ်များ ဖြစ်စေကြသည်။ အလွန်များစွာသောသူတို့သည် ဦးတည်ရာမဲ့ ဟိုဟို သည်သည် လွင့်မျောရင်း၊ အလောင်းကောင်များ ဖြစ်လာကြသည်။ များစွာသော လူတို့သည် အလင်း၌ မိမိတို့၏ ကိုယ်ပိုင်နေရာကို ရှာတွေ့လျက် ရုတ်တရက် စိတ်နှလုံးပူဆွေးခြင်း၏ စိတ်ထိခိုက်ခံစားမှုကို ခံစားရပြီး ၎င်းတို့၏ မပျော်ရွှင်ရသည့် ရှည်ကြာသော နှစ်များအတွက် မျက်ရည်ကျကြသည်။ အလွန်များစွာသော လူတို့သည် အလင်း၏အတင်းအကြပ် ခိုင်းစေခြင်းခံရလျက်၊ ၎င်းတို့၏ မသန့်ရှင်းခြင်းကို ဝန်ခံကာ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲရန် ဆုံးဖြတ်ကြသည်။ အလွန်များစွာသော လူတို့သည် မျက်စိကန်းသွားကြလျက်၊ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ဆုံးရှုံးနှင့်ပြီးဖြစ်ကာ အကျိုးဆက်အနေ့ဖြင့် အလင်းကို သတိပြုလိုစိတ် မရှိဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့၏ အဆုံးသတ်ကို စောင့်ဆိုင်းရင်း၊ ဆက်လက် ရပ်တန့်ကြသည်။ များစွာသော လူတို့သည် ဘဝ၏ ရွက်များကို မြှင့်တင်နေကြကာ၊ အလင်း၏လမ်းပြမှုအောက်၌ ၎င်းတို့၏ မနက်ဖြန်ကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြသည်။...ယနေ့တွင်၊ လူသားမျိုးနွယ်အလယ်တွင် မည်သူသည် ဤအခြေအနေတွင် မတည်ရှိသနည်း။ မည်သူသည် ငါ၏အလင်းအတွင်းတွင် မတည်ရှိသနည်း။ သင်သည် သန်မာလျှင်ပင်၊ သို့မဟုတ် သင်သည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ငါ၏အလင်း ရောက်လာခြင်းကို သင်မည်သို့ ရှောင်ရှားနိုင်မည်နည်း။
၁၉၉၂ ခုနှစ်၊ မတ်လ ၁၀ ရက်