အခန်း ၁၄

ခေတ်ကာလများတစ်လျှောက်တွင်၊ မည်သည့်လူသားမျှ နိုင်ငံတော်ထဲသို့ မဝင်ရောက်သေးပေ၊ ထို့ကြောင့် မည်သူမျှ နိုင်ငံတော်ခေတ်၏ ကျေးဇူးတော်ကို မမွေ့လျော်ရသေးသကဲ့သို့၊ နိုင်ငံတော်၏ ရှင်ဘုရင်ကိုလည်း မမြင်ရသေးချေ။ ငါ့ဝိညာဉ်တော်၏ အလင်းပေးမှုအောက်တွင် လူအများအပြားသည် နိုင်ငံတော်၏အလှကို ပရောဖက်ပြုကြပြီးဖြစ်သည်ဆိုသည့်အချက် ရှိသော်လည်း၊ ၎င်းတို့သည် နိုင်ငံတော်၏ အပြင်ဘက်ကိုသာ သိပြီး၊ ယင်း၏ မူလအဓိပ္ပာယ်ုကို မသိပေ။ ယနေ့တွင် နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တရားဝင် တည်ရှိခြင်းအဖြစ်သို့ ရောက်လာသည်နှင့်အမျှ၊ လူသားမျိုးနွယ်အများစုသည် နိုင်ငံတော်ခေတ်အတွင်းတွင် မည်သည့်အရာ အတိအကျကို ပြီးမြောက်ရမည် သို့မဟုတ် အဆုံးသတ်တွင် မည်သည့် နယ်ပယ်ထဲသို့ လူတို့ ဆောင်ယူခြင်းခံရမည်တို့ကို မသိကြသေးချေ။ ဤအရာနှင့်ပတ်သက်၍ အယောက်တိုင်းသည် ရှုပ်ထွေးသည့်အခြေအနေတစ်ခုတွင် ရှိသည်ကို ငါစိုးရိမ်မိ၏။ နိုင်ငံတော်၏ ပြီးပြည့်စုံသည့် အကောင်အထည်ဖော်ခြင်း နေ့ရက်သည် အပြည့်အ‌ဝ မရောက်လာသေးသောကြောင့်၊ လူသားအားလုံးသည် စိတ်ရှုပ်ထွေးကာ ယင်းကို ရှင်းလင်းစွာ နားမလည်နိုင်ကြပေ။ ဘုရားသဘောသဘာဝ၌ ငါ၏အမှုတော်သည် နိုင်ငံတော်ခေတ်နှင့်အတူ တရားဝင်စတင်ပြီး၊ ငါ၏ စိတ်သဘောထားက မိမိဘာသာ လူသားမျိုးနွယ်ထံ အဆင့်ဆင့် သိသာထင်ရှားဖို့ စတင်နေသည်မှာ ဤနိုင်ငံတော်ခေတ်၏ တရားဝင်အစပြုခြင်းဖြင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော တံပိုးခရာသည် အားလုံးထံသို့ ကြေညာလျက် တရားဝင် စတင်မြည်ဟီးသည်မှာ ဤအခိုက်အတန့်တွင်ပင်လျှင် ဖြစ်သည်။ ငါသည် ငါ၏တန်ခိုးအာဏာကို တရားဝင် ရယူပြီး နိုင်ငံတော်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးသည့်အခါ၊ ငါ၏ လူအပေါင်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ၊ ငါ့အားဖြင့် စုံလင်စေခြင်း ခံရကြလိမ့်မည်။ လောက၏ တိုင်းနိုင်ငံအားလုံး နှောင့်ယှက်ခံရသည့်အချိန်၊ ယင်းသည် ငါ၏နိုင်ငံတော်ကို တည်ထောင်ပြီး ပုံသွင်းသည့်အချိန် အတိအကျဖြစ်သည့်အပြင်၊ ငါသည် အသွင်ပြောင်းလဲကာ စကြဝဠာတစ်ခွင်လုံးကို လှည့်ကာ မျက်နှာမူသည့်အချိန်လည်း ဖြစ်သည်။ ထိုအချိန်တွင် လူအားလုံးသည် ငါ၏ဘုန်းကြီးသော မျက်နှာကိုမြင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက၊ လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှသည် ၎င်းတို့ ယနေ့ ဖောက်ပြန်ပျက်စီးကြသည့် အတိုင်းအတာအထိ၊ ၎င်းတို့၏ ရှုထောင့်အမြင်မှ၊ ငါသည် သာ၍ ကွယ်ဝှက်သည်ထက် ကွယ်ဝှက်လာခဲ့ပြီး တိုး၍ နားလည်မရနိုင်ဖြစ်လာပြီးသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ခဲ့ပေသည်။ လူသားမျိုးနွယ်သည် ငါ၏စစ်မှန်သောမျက်နှာကို မည်သည့်အခါကမျှ မမြင်ဖူးသကဲ့သို့၊ မည်သည့်အခါမျှ ငါနှင့် တိုက်ရိုက် မဆက်ဆံဖူးပေ။ တစ်ဆင့်စကားနှင့် ဒဏ္ဍာရီဖြင့်သာ လူသား၏စိတ်ကူးတွင် “ငါ” တစ်ဦး ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ငါသည် ၎င်းတို့ နှစ်ပေါင်းများစွာ သိုထားကြပြီးဖြစ်သည့် “ငါ့” ၏ အခြေအနေကို ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ လူတို့၏ စိတ်များထဲက “ငါ” ကို ကိုင်တွယ်ရန် ငါသည် လူသား၏ စိတ်ကူးစိတ်သန်းနှင့်- ဆိုလိုသည်မှာ လူသား၏ အယူအဆများနှင့်- ကိုက်ညီရ၏။ ဤသည်မှာ ငါ့အမှု၏ အခြေခံသဘောတရား ဖြစ်သည်။ မည်သည့်လူသားတစ်ဦးကမျှ ဤအရာကို အပြည့်အဝ မသိနိုင်လေပြီ။ လူသားတို့သည် ငါ့ထံ မိမိတို့ကိုယ်ကိုယ် ဝပ်စင်းကြပြီးဖြစ်ကာ ငါ့ကို ကိုးကွယ်ရန် ငါ့ရှေ့မှောက်သို့ လာကြပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငါ၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားခြင်းမရှိဘဲ၊ ငါ၏ ပုံသဏ္ဌာန်ထက် အခြားပုံသဏ္ဌာန်တစ်ခုကို ထိန်းသိမ်း ထားကြသည့်အတွက်၊ ငါသည် ထိုသို့သော လူသား လုပ်ရပ်များကို မွေ့လျော်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ငါ၏ စိတ်သဘောထားနှင့်ဆိုင်သည့် သိနားလည်မှု ကင်းမဲ့သောကြောင့်၊ လူတို့သည် ငါ၏ စစ်မှန်သော မျက်နှာကို လုံးဝ မမှတ်မိပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ငါ့အား ခုခံပြီးဖြစ်သည် သို့မဟုတ် ငါ၏စီမံအုပ်ချုပ်ရေးုဆိုင်ရာ အမိန့်များကို ချိုးဖောက်ကြပြီးဖြစ်သည်ဟု ယုံကြည်ကြချိန်တွင်၊ ငါသည် မသိကျိုးကျွန်ပြုနေဆဲဖြစ်သည်- ထို့ကြောင့် ၎င်းတို့၏ မှတ်ဉာဏ်များတွင်၊ ငါသည် လူတို့ကို ပြစ်တင်ဆုံးနေသည်ထက် ၎င်းတို့အပေါ် သနားကရုဏာပြသသည့် ဘုရားသခင်တစ်ပါး သို့မဟုတ် ငါသည် အပြောနှင့်အလုပ်မညီသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤသည်တို့မှာ လူသား အတွေးမှ ပေါက်ဖွားသည့် စိတ်ကူးစိတ်သန်းများသာ ဖြစ်ပြီး၊ ယင်းတို့သည် အမှန်တရားများနှင့် မကိုက်ညီပေ။

ငါသည် တစ်ရက်ပြီးတစ်ရက် စကြဝဠာအပေါ် စောင့်ကြည့် လေ့လာလျက် ရပ်နေပြီး၊ လူ့ဘဝကို တွေ့ကြုံခံစားရင်းနှင့် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို သေချာစွာ လေ့လာရင်း၊ ငါကျိန်းဝပ်ရာအရပ်၌ ငါ့ကိုယ်ငါ နှိမ့်ချစွာ ကွယ်ဝှက်၏။ မည်သူမျှ မိမိတို့ကိုယ်ကိုယ် ငါ့ထံ အမှန်တကယ် မပူဇော်ဖူးပေ။ မည်သူမျှ တစ်ကြိမ်တစ်ခါမျှ သမ္မာတရားကို မလိုက်စားဖူးပေ။ မည်သူမျှ ငါ့အပေါ် တာဝန်မကျေပွန်ဖူးပေ၊ သို့မဟုတ် ငါ၏ ရှေ့တွင် သန္နိဋ္ဌာန်များ ချပြီးနောက် ၎င်းတို့၏တာဝန်အဖို့ မထိန်းသိမ်းဖူးပေ။ မည်သူမျှ ငါ့ကို ၎င်း၏အထဲတွင် ကျိန်းဝပ်ခွင့်မပြုဖူးသကဲ့သို့၊ လူတို့က ၎င်းတို့၏ အသက်များကို တန်ဖိုးထားမည်ကဲ့သို့ ငါ့ကို တန်ဖိုးမထားဖူးကြချေ။ လက်တွေ့ကျသော စစ်မှန်မှုဖြင့် မည်သူမျှ ငါ၏ဘုရား သဘောသဘာဝ ဖြစ်သည့်အရာအားလုံးကို တွေ့မြင်ဖူးခြင်း မရှိပေ။ မည်သူမျှ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တော်တိုင်နှင့် ထိတွေ့ဆက်ဆံရန် လိုလားခြင်း မရှိဖူးပေ။ ရေတို့သည် လူသားတို့အား အကောင်လိုက် မျိုချသည့်အခါ၊ ငါသည် ၎င်းတို့အား ထိုရေသေများမှကယ်တင်ပြီး အသစ်တစ်ဖန် အသက်ရှင်ရန် အခွင့်အရေးတစ်ရပ်ပေး၏။ လူတို့သည် အသက်ရှင်ရန် ၎င်းတို့၏ ယုံကြည်စိတ်ချမှု ပျောက်ဆုံးသည့်အခါ၊ ၎င်းတို့၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ် တစ်ခုအဖြစ် ငါ့ကို ၎င်းတို့ အသုံးပြု နိုင်ကြစေဖို့အလို့ငှာ၊ ရှေ့ဆက်သွားဖို့ သတ္တိကို ၎င်းတို့အား ပေးလျက်၊ ငါသည် ၎င်းတို့ကို သေခြင်းချောက်ကမ်းပါးစွန်းမှ ဆွဲတင်လေသည်။ လူတို့သည် ငါ့ကို မနာခံကြသောအခါ၊ ငါသည် ၎င်းတို့အား ၎င်းတို့၏ မနာခံမှုအတွင်းမှ ငါ့ကိုသိစေ၏။ လူသားမျိုးနွယ်၏ သဘာဝဟောင်းအရနှင့် ငါ၏ သနားကရုဏာအရ၊ လူသားများကို သေခြင်းသို့ ပို့ခြင်းထက်၊ ငါသည် ၎င်းတို့အား နောင်တရကာ အသစ်စခွင့်ပြု၏။ ၎င်းတို့ ငတ်မွတ်ခေါင်းပါးခြင်း ဒုက္ခခံရသည့်အခါ၊ ၎င်းတို့ ခန္ဓာကိုယ်များ၌ ထွက်သက်တစ်ခု ကျန်သေးသော်လည်း၊ ငါသည် ၎င်းတို့အား စာတန်၏လှည့်ဖြားမှု သားကောင်အဖြစ် မကျရောက်စေဖို့ တားဆီးရင်း၊ ၎င်းတို့အား သေခြင်းမှ ဆွဲလု၏။ လူတို့သည် ငါ၏လက်များကို အကြိမ်များစွာ မြင်ကြပြီးဖြစ်သည်၊ ၎င်းတို့သည် ငါ၏ကြင်နာသောမျက်နှာထားနှင့် ပြုံးနေသောမျက်နှာတို့ အကြိမ်များစွာ မျက်မြင်တွေ့ကြပြီး ဖြစ်ကာ၊ ၎င်းတို့သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို အကြိမ်များစွာ တွေ့မြင်ကြပြီး ဖြစ်သည်။ လူသားများသည် ငါ့ကို မည်သည့်အခါကမျှ မသိဖူးကြသော်လည်း၊ ငါသည် တမင်တကာ ဆွပေးရန်အတွက် ၎င်းတို့၏အားနည်းချက်ကို မလွတ်တမ်း အသုံးမချပေ။ လူသားမျိုးနွယ်၏ အခက်အခဲများကို တွေ့ကြုံခံစားရခြင်းက ငါ့အား လူသား၏ အားနည်းချက်နှင့် ပတ်သက်၍ စာနာနိုင်စေပြီးဖြစ်သည်။ ငါသည် ပြစ်တင်ဆုံးမခြင်း အတိုင်းအတာ အမျိုးမျိုးကို စီရင်သည်မှာ လူတို့၏ မနာခံမှုနှင့် ကျေးဇူးကန်းခြင်းတို့ကို တုန့်ပြန်သည့်အနေဖြင့်သာ ဖြစ်ပေသည်။

ငါသည် လူတို့ အလုပ်များချိန်တွင် ငါ့ကိုယ်ငါ ဖုံးကွယ်ထားပြီး ၎င်းတို့ အားလပ်သည့်အချိန်တွင် ငါ့ကိုယ်ငါ ထုတ်ဖော်ပြ၏။ လူတို့သည် ငါ့အား အရာခပ်သိမ်း သိရှိမည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့က ငါ့ကို အသနားခံခြင်းအားလုံးအား လိုက်လျောသည့် ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် မှတ်ယူကြ၏။ ထို့ကြောင့် အများစုသည် ငါ့ကို သိကျွမ်းဖို့ စိတ်ဆန္ဒ တစ်ခုတစ်လေကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏အကူအညီကို ရှာဖွေရန်သာ ငါ့ရှေ့မှောက်လာကြသည်။ ဖျားနာမှု၏ မချိတင်ကဲ အခြေအနေတွင်ရှိချိန်၊ လူတို့သည် ငါ၏အကူအညီကို အရေးတကြီး အသနားခံကြ၏။ ဒုက္ခရောက်သည့်အချိန်များတွင်၊ ၎င်းတို့သည် ၎င်းတို့၏ ဆင်းရဲဒုက္ခကို ပိုမိုကောင်းမွန်စွာဖယ်ရှားနိုင်ရန် ၎င်းတို့ ကိုယ်စွမ်းရှိသမျှဖြင့် ၎င်းတို့၏အခက်အခဲများကို ငါ့ထံ ရင်ဖွင့်ကြ၏။ သို့ရာတွင် ကိုယ်စိတ်ချမ်းသာခြင်း အခြေအနေတစ်ခုတွင်ရှိစဉ်၊ လူသားတစ်ဦးကမျှ ငါ့ကို ချစ်လည်းမချစ်နိုင်လေပြီ။ ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း အချိန်ကာလများတွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းကို ငါ ပါဝင်ခံစားနိုင်ရန်အလို့ငှာ လူတစ်ဦးကမျှ လက်ကမ်းမပေးလေပြီ။ ၎င်းတို့၏မိသားစုလေးများသည် ပျော်ရွှင်ပြီး အဆင်ပြေချိန်တွင်၊ လူတို့သည် ငါ့အား အချိန်ကြာမြင့်စွာကတည်းက ဘေးဖယ်ထားကြပြီးဖြစ်သည် သို့မဟုတ် ၎င်းတို့သည် မိမိတို့ မိသားစုများ၏ မင်္ဂလာရှိသော ပျော်ရွှင်မှုကို မွေ့လျော်နိုင်ကြဖို့ အလို့ငှာ၊ ငါ့အား ဝင်ရောက်ခြင်းမှ တားမြစ်လျက် ငါ့ကို တံခါး ပိတ်ထားကြပြီးဖြစ်သည်။ လူ့စိတ်သည် ကျဉ်းမြောင်းလွန်းလှ၏။ ငါကဲ့သို့ ချစ်ခင်တတ်သည့်၊ သနားကရုဏာနှင့်ပြည့်စုံပြီး ချဉ်းကပ်၍ရနိုင်သည့် ဘုရားသခင်တစ်ပါးကို ထိန်းချုပ်ဖို့အထိပင် ကျဉ်းမြောင်း လွန်းလှ၏။ ၎င်းတို့၏ ပျော်ရွှင်စရာ ရယ်မောသည့် အချိန်ကာလများတွင် ငါသည် လူသားများ၏ ငြင်းပယ်ခြင်းကို အကြိမ်များလှစွာ ခံရပြီးဖြစ်သည်။ ၎င်းတို့ ခလုတ်တိုက်စဉ်တွင် ငါသည် အထောက်အကူအဖြစ် အကြိမ်များစွာ လူသားတို့၏ မှီထားခြင်းခံရပြီးဖြစ်သည်။ နာမကျန်းမှု ခံစားနေရသော လူတို့အားဖြင့် ငါသည် ဆရာဝန်အခန်းကဏ္ဍအဖြစ်သို့ အကြိမ်များစွာ အတင်းအကျပ် ပြုစေခြင်း ခံရပြီးဖြစ်သည်။ လူသားများ ရက်စက်လိုက်လေစွ။ ၎င်းတို့သည် လုံးဝ ယုတ္တိမတန်သကဲ့သို့ အကျင့်ပျက်ကြ၏။ လူသားတို့ အပြည့်အစုံရှိထားသင့်သည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ မမြင်ရပေ။ ၎င်းတို့သည် လူ့သဘာဝ အရိပ်အယောင် တစ်ခုတစ်လေမျှ လုံးဝ ကင်းမဲ့လုနီးပါးဖြစ်၏။ အတိတ်ကို တွေးဆကာ ပစ္စုပ္ပန်နှင့် နှိုင်းယှဉ်လော့။ သင်တို့အတွင်း၌ ပြောင်းလဲမှု တစ်ခုတစ်လေ ဖြစ်ပေါ်နေပါသလော။ သင်၏ အတိတ်မှ အချို့သောအရာများကို သင် ဖယ်ရှားပြီးပြီလော။ သို့မဟုတ် ယင်းအတိတ်ကို အစားမထိုးရသေး သလော။

ငါသည် လူ့လောက၏ အတက်အကျတို့ကို တွေ့ကြုံရင်း၊ တောတောင် အပိုင်းအခြားများနှင့် မြစ်ချိုင့်ဝှမ်းများကို ဖြတ်ကျော်ပြီး ဖြစ်သည်။ ၎င်းတို့အလယ် ငါသည် သွားလာပြီးဖြစ်ကာ၊ ၎င်းတို့အလယ် နှစ်ပေါင်းများစွာ ငါ အသက်ရှင်ပြီးဖြစ်သည်၊ သို့သော် လူသားမျိုးနွယ်၏ စိတ်သဘောထားသည် အနည်းငယ် ပြောင်းလဲပြီး ဖြစ်ပုံရလေသည်။ ပြီးလျှင် ယင်းမှာ လူတို့၏ သဘာဝဟောင်းသည် ၎င်းတို့အထဲတွင် အမြစ်တွယ်ကာ အညှောက်ပေါက် ပြီးသည့်အလား ဖြစ်၏။ ၎င်းတို့သည် ထိုသဘာဝဟောင်းကို လုံးဝ မပြောင်းလဲနိုင်ကြချေ။ ၎င်းတို့သည် ယင်း၏ မူလအခြေခံ အုတ်မြစ်အပေါ်တွင် ယင်းကို အတော်အတန် တိုးတက်စေရုံမျှ တိုးတက်စေကြလေသည်။ လူတို့ဆိုသည့်အတိုင်း၊ အနှစ်သာရသည် မပြောင်းလဲသေးဘဲ၊ ပုံသဏ္ဌာန်က များစွာ ပြောင်းလဲပြီးဖြစ်သည်။ လူအားလုံးသည် အခက်အခဲမှ လှည့်ဖြားလွတ်မြောက်ကာ ငါ၏ အသိအမှတ်ပြုခြင်း ရရှိနိုင်ကြဖို့အလို့ငှာ ငါ့ကို လှည့်စားရန်နှင့် ဖမ်းစားခံရစေရန် ကြိုးစားနေကြပုံရလေသည်။ ငါသည် လူသား လိမ်လည်လှည့်စားမှုကို သဘောမကျသကဲ့သို့၊ အာရုံလည်း မစိုက်ပေ။ ဒေါသူပုန်ထခြင်းထက်၊ ငါသည် ဥပေက္ခာ သဘောထားကို ခံယူ၏။ ငါသည် လူသားမျိုးနွယ်အား လူးသာလွင့်သာဖြစ်သည့် အတိုင်းအတာတစ်ခုခုကို ပေးရန်နှင့် ထို့နောက် လူသားအားလုံးကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် စီစဉ်သည်။ လူသားအားလုံးသည် မိမိတို့ကိုယ်ကိုယ် မချစ်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် လုံးဝ ချစ်ခင်မြတ်နိုးခြင်း မရှိသည့် အသုံးမကျသော အကောင်ယုတ်များ ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့သည် နောက်တစ်ဖန် သနားကရုဏာပြဖို့နှင့် ချစ်ဖို့ပင် ငါ့ကို အဘယ်ကြောင့် လိုအပ်မည်နည်း။ ခြွင်းချက်မရှိ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသကဲ့သို့၊ ၎င်းတို့ မည်မျှ အဖိုးတန်သည်ကိုပင် မသိကြချေ။ ၎င်းတို့သည် ချိန်တွယ်ခံရဖို့ မိမိတို့ကိုယ်ကိုယ် ချိန်ခွင်ပေါ် တင်သင့်ကြသည်။ လူသားများသည် ငါ့ကို အလေးဂရု မပြုကြချေ၊ ထို့ကြောင့် ငါသည်လည်း ၎င်းတို့ကို အလေးအနက် သဘောမထားပေ။ ၎င်းတို့သည် ငါ့ကို လုံးဝ ဂရုမစိုက်ကြ၊ ထို့ကြောင့် ငါသည်လည်း ၎င်းတို့နှင့်ပတ်သက်၍ မည်သို့မျှ သာ၍ အလုပ်ကြိုးစားရန် မလိုပေ။ ဤသည်မှာ လောကနှစ်ရပ်လုံးအတွက် အကောင်းဆုံး ဖြစ်သည် မဟုတ်လော။ ဤအရာက ငါ၏လူများဖြစ်သည့် အသင်တို့ကို သရုပ်ဖော်သည် မဟုတ်လော။ သင်တို့ထဲမှ မည်သူသည် ငါ့ရှေ့မှောက်၌ သန္နိဋ္ဌာန်များချပြီး၊ နောက်ပိုင်းတွင် ယင်းတို့ကို မစွန့်ပစ်လေပြီနည်း။ အဘယ်သူသည် အမှုအရာများအပေါ် မကြာခဏ စိတ်ပိုင်းဖြတ်ခြင်းအစား၊ ငါ့ရှေ့မှောက်တွင် ရေရှည် သန္နိဋ္ဌာန်များ ချမှတ်ဖူးသနည်း။ လူသားများသည် သက်သောင့်သက်သာ ရှိနေချိန်များတွင် ငါ့ရှေ့မှောက်၌ သန္နိဋ္ဌာန်များ အမြဲချမှတ်ပြီးနောက်၊ ဒုက္ခရောက်ချိန်များတွင် ယင်းတို့အားလုံးကို အရေးမပါဟု သဘောထားလိုက်ကြသည်။ ထို့နောက် နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြန်ကောက်ယူကာ ငါ့ရှေ့မှောက်တွင် ထားကြ၏။ လူသားမျိုးနွယ်က အမှိုက်ပုံမှ ကောက်ယူလေပြီးဖြစ်သည့် ဤဗြုတ်စဗျင်းတောင်းကို သာမန်ကာလျှံကာ လက်ခံမည့်အထိပင် ငါသည် အလွန်မလေးစားဖွယ် ဖြစ်ပါသလော။ လူသားအနည်းငယ်က ၎င်းတို့၏ သန္နိဋ္ဌာန်များကို မြဲမြံစွာ စွဲကိုင်ကြ၏၊ အနည်းငယ်က ဖြူစင်ကြကာ အနည်းငယ်သည် ငါ့ကို ယဇ်ပူဇော်ရာတွင် ၎င်းတို့အဖို့ တန်ဖိုးအရှိဆုံးသောအရာများကို ပူဇော်ကြ၏။ သင်တို့အားလုံးသည် တူညီကြသည် မဟုတ်လော။ နိုင်ငံတော်ရှိ ငါ၏ လူများထဲမှ အဖွဲ့ဝင်များအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်များကို မထိန်းသိမ်းနိုင်ကြပါက၊ သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၂ ရက်

အရှေ့သို့- အခန်း ၁၃

နောက်တစ်ခုသို့- အခန်း ၁၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။