အခန်း ၃၀

လူသားအလယ်တွင်၊ ငါသည် လူသား၏ မနာခံမှုနှင့် အားနည်းချက်များကို တစ်ချိန်က အကျဉ်းချုပ်ခဲ့ပြီး ဤအကြောင်းကြောင့် လူသား အားနည်းချက်ကို ငါနားလည်ခဲ့သကဲ့သို့၊ သူ၏မနာခံမှုကို သိရှိခဲ့သည်။ လူသားအလယ် မရောက်ရှိမီတွင်၊ ငါသည် လူသား၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများကို အချိန်ကြာမြင့်စွာကတည်းက နားလည်လာခဲ့ပြီးဖြစ်သည်- ဤအရာကြောင့်၊ လူမလုပ်နိုင်သောအရာကို ငါလုပ်နိုင်စွမ်းရှိပြီး မပြောနိုင်သောအရာကို ပြောနိုင်စွမ်းရှိကာ၊ ထိုသို့ အလွယ်အကူ ငါ လုပ်ဆောင်သည်။ ဤသည်မှာ ငါနှင့် လူကြားက ကွာခြားမှုမဟုတ်လော။ ဤသည်မှာ ရှင်းလင်းပြတ်သားသည့် ခြားနားချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ငါ၏ အမှုကို အသွေးနှင့် အသားရှိသည့် လူတို့က စွမ်းဆောင်ရရှိနိုင်သည်များ ဖြစ်နိုင်မည်လော။ ငါသည် ဖန်ဆင်းခံ သတ္တဝါတို့နှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်မှာ ဖြစ်နိုင်မည်လော။ ငါ့ကို လူတို့က တူညီသည့် အမျိုးအစားအဖြစ် အဆင့်သတ်မှတ်ထားကြပြီး- ဤသည်မှာ ၎င်းတို့သည် ငါ့ကို မသိကြသောကြောင့် ဖြစ်သည်မဟုတ်လော။ လူသားအလယ်တွင် အလွန်မြင့်မားရမည့်အစား အဘယ်ကြောင့် ငါသည် မိမိကိုယ်ကိုယ် နှိမ့်ချရမည်နည်း။ အဘယ်ကြောင့် လူသားမျိုးနွယ်သည် ငါ့ကို ပစ်ပယ်မြဲ ပစ်ပယ်နေကြသနည်း၊ လူသားမျိုးနွယ်သည် အဘယ်ကြောင့် ငါ့နာမကို ကြွေးကြော်နိုင်စွမ်း မရှိရသနည်း။ ငါ၏ စိတ်နှလုံးတွင် ကြီးမားသည့် ဝမ်းနည်းမှုရှိသော်လည်း လူတို့သည် အဘယ်သို့ သိနိုင်ကြမည်နည်း။ ၎င်းတို့က အဘယ်သို့ မြင်နိုင်မည်နည်း။ ၎င်းတို့၏အသက်တာများထဲတွင် ငါနှင့်ပတ်သက်သောအရာကို အဆုံးစွန် အရေးပါမှုရှိသည့် အရာအဖြစ် ဘယ်သောအခါမျှ သဘောမထားခြင်းက လူတို့ကို ခုပင် အိပ်ဆေးသောက်ပြီးကြသည့်အလား တွေဝေပြီး ရှုပ်ထွေးစေပြီးဖြစ်သည်။ ၎င်းတို့ကို ငါ ဟစ်ခေါ်သောအခါ၊ ၎င်းတို့သည် ဆက်လက်အိပ်မက်မက်လျက်သာ ရှိကြပြီး၊ ထို့ကြောင့် အဘယ်သူမျှ ငါ၏လုပ်ဆောင်ချက်များကို မသိဖူးကြပေ။ ယနေ့တွင်၊ လူအများစုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကြဆဲဖြစ်သည်။ နိုင်ငံတော်သီချင်း မြည်သောအခါမှသာ၊ ၎င်းတို့သည် ၎င်းတို့၏ အိပ်ငိုက်သောမျက်လုံးများ ဖွင့်ကြပြီး ၎င်းတို့ စိတ်နှလုံးများထဲ၌ မှိုင်တွေမှုအနည်းငယ် ခံစားကြရသည်။ လူသားမျိုးနွယ်အလယ် ငါ၏ လှံတံရိုက်ခတ်သောအခါ၊ ၎င်းတို့၏ ကံကြမ္မာသည် ပင်လယ်ထဲက သဲလုံးမျှလောက် တန်ဖိုးမရှိသည့်အလား၊ ၎င်းတို့သည် အာရုံစိုက်မှုအနည်းငယ်မျှသာ ပေးနေကြဆဲဖြစ်သည်။ ၎င်းတို့အများစုသည် သတိပြုမှုအချို့ ရှိကြသော်လည်း- ငါ၏စိတ်နှလုံးကို နားလည်ရန် လူများ ဂရုမိစိုက်ကြသည့်အတွက်- ငါ၏ခြေလှမ်းများက အဘယ်မျှဝေးဝေး လှမ်းလာပြီးဖြစ်သည်ကို ၎င်းတို့ မသိရှိကြသေးပေ၊ ထို့ကြောင့် စာတန်၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လုံးဝ မလွတ်မြောက်စေနိုင်ကြသေးပေ။ ငါသည် အရာခပ်သိမ်းတို့အထက်တွင် လှုပ်ရှားပြီး၊ အရာခပ်သိမ်းတို့အလယ်တွင် ငါအသက်ရှင်၏၊ တစ်ချိန်တည်းတွင်၊ ခပ်သိမ်းသောလူတို့၏ စိတ်နှလုံးများထဲတွင် အရေးပါသောနေရာကို ငါယူထား၏။ ဤအကြောင်းကြောင့်၊ လူတို့သည် ငါ့ကို သာမန်ထက်လွန်ကဲသောသူ သို့မဟုတ်ပါကနားလည်၍မရနိုင်သောသူဖြစ်သည်ဟု ယုံကြည်ကြရင်း၊ ငါ့အပေါ် ကွဲပြားခြားနားသကဲ့သို့ ကြည့်ကြသည်- အကျိုးဆက်အနေဖြင့် ၎င်းတို့၏ ငါ့ကို ယုံကြည်အားကိုးစားမှုသည် နေ့စဉ် အားကောင်းလာ၏။ ငါသည် စကြဝဠာထဲက ခပ်သိမ်းသော လူတို့နှင့် အမှုအရာတို့ကို စူးစမ်းလေ့လာရင်း တတိယကောင်းကင်၌ တစ်ချိန်က လဲလျောင်းခဲ့သည်။ ငါအိပ်စက်သောအခါ၊ လူတို့သည် ငါ၏ အနားယူခြင်းအား အနှောင့်အယှက်ပေးမိမည်ကို နက်နက်ရှိုင်းရှိုင်း စိုးရွံ့ရင်း ဆိတ်ငြိမ်ကျသွားကြသည်။ ငါနိုးထသောအခါ၊ ငါ့အား အသေအချာ ဝမ်းမြောက်မှု ဆောင်ကြဉ်းသည့် အလုပ်ကို လုပ်ဆောင်နေကြသည့်အလား၊ ၎င်းတို့ ချက်ချင်း တိုး၍ သက်ဝင်လှုပ်ရှားလာကြလေသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်ရှိ လူတို့၏ ငါ့အပေါ်ထားသည့် သဘောထားဖြစ်သည် မဟုတ်လော။ ယနေ့၏ လူတို့အလယ်တွင် အဘယ်သူသည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ငါ့ကို တစ်ဦးတည်းအဖြစ် မြင်သနည်း။ အဘယ်သူသည် ကောင်ကင်ဘုံရှိငါ့ကို အထွတ်အမြတ်မထားဘဲနေသည်း။ အဘယ်သူသည် မြေကြီးပေါ်ရှိ ငါ့ကို အထင်အမြင်မသေးဘဲနေသနည်း။ လူသည် အဘယ်ကြောင့် ငါ့ကို အစဉ်အမြဲခွဲသနည်း။ အဘယ်ကြောင့် လူသည် ငါ့အပေါ် မတူညီသည့် သဘောထားနှစ်ခု အမြဲရှိသနည်း။ ကမ္ဘာပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်သည် ကောင်းကင်ဘုံရှိ အားလုံးကို အမိန့်ပေးသော ဘုရားသခင်ဖြစ်သည် မဟုတ်လော။ ကောင်းကင်ဘုံရှိ ငါသည် ယခု ကမ္ဘာမြေပေါ်တွင် ရှိသည် မဟုတ်သလော။ လူတို့သည် အဘယ်ကြောင့် ငါ့ကို တွေ့မြင်ကြသော်လည်း မသိကြသနည်း။ အဘယ်ကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုသို့သော ကြီးမားသည့်အကွာအဝေး ရှိသနည်း။ ဤအရာတို့ကို လူသားက ပိုမိုနက်ရှိုင်းစွာ ဆန်းစစ်ထိုက်သည် မဟုတ်လော။

ငါ၏အမှုကို ငါလုပ်ဆောင်သည့်အချိန်နှင့် ငါ၏ မိန့်မြွက်ချက်များကို ငါ ပြုလုပ်သည့်အချိန်အတွင်းတွင်၊ လူတို့သည် ၎င်းတို့၏ အနံ့ခံအာရုံမှာ ငါ့ထက် ပိုမိုထက်မြက်သည့်အလား၊ ပြင်းပြသည့်အနံ့ကို ၎င်းတို့ ပိုမိုနှစ်သက်ကြသည့်အလား၊ ပြီးလျှင် လူသားလိုအပ်သောအရာကို ငါ မသိသည့်အလား ယင်းကို “အနံ့အရသာ” ဖြည့်ဖို့ အမြဲ ဆန္ဒရှိကြ၏၊ ဤအကြောင်းကြောင့် ငါ၏အမှုကို “ဖြည့်စွက်ချက်” အနေဖြင့် ငါသည် လူကို “ဒုက္ခပေး” ပေးရပေမည်။ ငါသည် လူတို့၏ အပြုသဘောဆောင်မှုကို တမင်သက်သက် လျော့စေသည်မဟုတ်ဘဲ၊ ငါ့ကိုသိခြင်း၏ အခြေခံအုတ်မြစ်ပေါ် အခြေပြု၍ မိမိတို့ကိုယ်ကိုယ် သန့်စင်စေရန် ၎င်းတို့ကို ငါတောင်းဆိုသည်။ ၎င်းတို့သည် အလွန် ချို့တဲ့လွန်းကြသောကြောင့်၊ ငါ့အား အလိုကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့၏ ချို့တဲ့ခြင်းကို ထေမိရန် ၎င်းတို့ ပိုမိုအားထုတ်မှုပြုဖို့ ငါအကြံပေးသည်။ တစ်ချိန်က၊ လူတို့သည် ၎င်းတို့၏ အယူအဆများဖြင့် ငါ့ကိုသိရှိခဲ့ကြ၏၊ သို့သော် ဤအရာကို ၎င်းတို့ လုံးဝ မသိခဲ့ကြပေ၊ ထို့ကြောင့် ၎င်းတို့၏ ချစ်ခင်မြတ်နိုးမှုသည် သဲကို ရွှေကဲ့သို့ သဘောထားခြင်းနှင့် တူခဲ့ပေသည်။ ငါသည် ၎င်းတို့ကို အသိပေးခဲ့ချိန်တွင်၊ ဤအရာ၏ အစိတ်အပိုင်းကို ၎င်းတို့ ဘေးချိတ်၍သာ ထားခဲ့ကြသည်။ သို့သော်၊ ရွှေ၊ ငွေအရာတို့နှင့်တူ ကုန်ဆုံးသွားသော အစိတ်အပိုင်းကို ပြန်လည်အစားထိုးမည့်အစား၊ ၎င်းတို့၏ လက်များထဲတွင် ကျန်ရှိသည့် အစိတ်အပိုင်းကို ၎င်းတို့ ဆက်လက်မွေ့လျော်ကြ၏- အကျိုးဆက်အနေဖြင့်၊ ငါ၏ရှေ့မှောက်တွင် ၎င်းတို့သည် အမြဲ နှိမ့်ချကြပြီး သည်းခံတတ်ကြသည်။ ၎င်းတို့သည် အယူအဆများစွာ ရှိကြသည့်အတွက်၊ ငါနှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် အားလုံးသည် ငါနှင့်အတူ အသက်ရှင်နိုင်ပြီး၊ နောက်ထပ် ငါ့ထံမှ မခွဲခွာတော့စေဖို့အလို့ငှာ၊ ငါသည် လူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သိမ်းယူပြီး အဝေးသို့ ပစ်လိုက်ဖို့ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ လူသည် ငါ့အလိုကို နားမလည်ရသည်မှာ ငါ၏အမှုကြောင့်ဖြစ်သည်။ အချို့က ငါသည် ငါ၏အမှုကို ဒုတိယအကြိမ်မြောက် အဆုံးသတ်ပြီး ၎င်းတို့ကို ငရဲထဲသို့ ပစ်ချမည်ဟု ယုံကြည်ကြသည်။ အချို့က ငါသည် အသစ်သော စကားပြောဆိုနည်းတစ်ခုကို ခံယူလိမ့်မည်ဟု ယုံကြည်ကြပြီး ၎င်းတို့အများစုသည် ကြောက်ရွံ့မှုနှင့်အတူ တုန်လှုပ်ကြသည်။ ၎င်းတို့က ငါသည် ငါ၏အမှု အပြီးသတ်ပြီး ၎င်းတို့ကို သွားစရာမရှိဘဲဖြစ်လျက် ချန်ထားရစ်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြပြီး၊ နောက်တစ်ကြိမ် ၎င်းတို့ကို ငါစွန့်ပစ်သွားမည်ကို အကြီးအကျယ် စိုးရွံ့ကြသည်။ လူတို့သည် ငါ၏အမှုသစ်ကို တိုင်းတာဖို့ရန် အယူအဆဟောင်းများကို အမြဲအသုံးပြုကြ၏။ လူတို့သည် ငါ၏အမှုပြုသော နည်းစနစ်ကို လုံးဝ သဘောမပေါက်ခဲ့ကြသေးဟု ငါဆိုခဲ့သည်- ဤတစ်ကြိမ်တွင် ၎င်းတို့သည် အစွမ်းပြနိုင်ကြမည်လော။ လူတို့၏ အယူအဆဟောင်းများသည် ငါ၏အမှုကို နှောင့်ယှက်သော လက်နက်များ ဖြစ်သည်မဟုတ်လော။ ငါသည် လူတို့ကို စကားပြောသောအခါ၊ ငါ၏အကြည့်ကို ၎င်းတို့ အမြဲရှောင်တတ်ကြပြီး ၎င်းတို့အပေါ် ငါ၏အကြည့်များ သက်ရောက်မည်ကို နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့ကြ၏။ ထို့ကြောင့်၊ ၎င်းတို့သည် ငါ့ထံမှ စစ်ဆေးခြင်းကို လက်ခံနေကြသည့်အလား၊ ၎င်းတို့၏ ဦးခေါင်းများကို အောက်စိုက်ထားကြ၏- ဤသည်မှာ ၎င်းတို့၏ အယူအဆများက ဖြစ်စေသည် မဟုတ်လော။ ယနေ့အထိ ငါသည် မိမိကိုယ်ကိုယ် နှိမ့်ချပြီဖြစ်သော်လည်း အဘယ်သူမျှ အစဉ်သတိမပြုမိသေးသည်မှာ အဘယ်ကြောင့်နည်း။ ငါသည် လူသားအတွက် ပျပ်ဝပ်ရမည်လော။ ငါသည် ကောင်းကင်မှ မြေကြီးသို့ လာခဲ့ပြီး၊ မြင့်သောအရပ်မှ ဆိတ်ကွယ်ရာအရပ်တစ်ခုသို့ ငါဆင်းသက်ခဲ့ကာ၊ လူသားအလယ် လာခဲ့ပြီး ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သူ့ထံ ထုတ်ဖော်ပြခဲ့၏။ ငါ့နှုတ်ကပတ်တော်များသည် စစ်မှန်ပြီး လေးနက်ကြသည်၊ စိတ်ရှည်ပြီး ကြင်နာမှုရှိသည်- သို့သော် အဘယ်သူသည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို မြင်တွေ့ဖူးသနည်း။ ငါသည် လူသားအဖို့ ကွယ်ဝှက်ထားဆဲဖြစ်သလော။ အဘယ်ကြောင့် လူနှင့်တွေ့ဆုံရန် ငါ့အတွက် အလွန်ခက်ခဲရသနည်း။ ယင်းမှာ လူတို့သည် ၎င်းတို့အလုပ်၌ အလွန်မအားမလပ် ဖြစ်ကြသောကြောင့်လော။ ယင်းမှာ ငါသည် ငါ၏တာဝန်ကို လျစ်လျူရှုနေပြီး လူအားလုံးသည် အောင်မြင်မှုကို လိုက်စားခြင်းအပေါ် အာရုံစိုက်ကြသောကြောင့်လော။

လူတို့၏ စိတ်များတွင်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ အလွယ်တကူ ထိတွေ့၍မရသော်လည်း၊ လူသားက လူသားဖြစ်ပြီး၊ အလွယ်တကူ အကျင့်ပျက်မလာသင့်ပေ- သို့သော် လူတို့၏ လုပ်ဆောင်ချက်များကို ငါ၏ရှေ့မှောက်သို့ ယူဆောင်၍ မရနိုင်သေးပေ။ ငါ၏သတ်မှတ်ချက်များ အလွန်မြင့်မားသည်များ ဖြစ်နိုင်မည်လော။ လူသည် အလွန်အားနည်းသည်များ ဖြစ်နိုင်မည်လော။ လူတို့သည် ငါတောင်းဆိုသော စံနှုန်းများကို အဘယ်ကြောင့် အဝေးမှ အမြဲ ကြည့်ရှုကြသနည်း။ ယင်းတို့ကို လူသားက အမှန်တကယ် ကြိုးပမ်းရရှိနိုင်သလော။ ငါ၏သတ်မှတ်ချက်များကို လူတို့၏ “ဖွဲ့စည်းပုံအခြေခံဥပဒေ”အပေါ် ခြေပြု၍ တွက်ချက်ထားခြင်းဖြစ်ပြီး၊ ထို့ကြောင့် လူ၏ဝိညာဉ်ရင့်ကျက်မှုကို ဘယ်သောအခါမျှ မကျော်လွန်လေပြီ- သို့သော် ထိုသို့ဖြစ်လျက်ပင်၊ လူတို့သည် ငါတောင်းဆိုသော စံနှုန်းများကို မစွမ်းဆောင်နိုင်မြဲရှိနေသည်။ ငါသည် လူသားအလယ် ကြိမ်ဖန်များစွာ မရေမတွက်နိုင်အောင် အစွန့်ပစ်ခံရပြီးဖြစ်သည်၊ ၎င်းတို့အဖို့ ငါ၏ခန္ဓာသည် ဆူးများနှင့် စက်ဆုပ်ဖွယ်အရာများဖြင့် ဖုံးလွှမ်းခဲ့သည့်အလား၊ လူတို့သည် လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ကြိမ်ဖန်များစွာ မရေတွက်နိုင်အောင် ငါ့ကိုကြည့်ကြလေပြီ။ ထို့ကြောင့် လူတို့သည် ငါ့ကိုစက်ဆုပ်ကြပြီး ငါသည် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြ၏။ ဤနည်းဖြင့်၊ ငါသည် လူ၏ တုံ့ပြန်လူးလာ တွန်းဖယ်ခြင်းခံရသည်။ ကြိမ်ဖန်များစွာ မရေတွက်နိုင်အောင် လူတို့သည် နည်းပါးသော တန်ဖိုးဖြင့် ငါ့ကို အိမ်သို့ ဆောင်ကြပြီးဖြစ်သကဲ့သို့ ကြိမ်ဖန်များစွာ မရေတွက်နိုင်အောင် မြင့်မားသော စျေးနှုန်းဖြင့် ငါ့ကို ၎င်းတို့ ရောင်းချကြပြီး ဖြစ်ကာ၊ ယနေ့တွင် ငါရှိနေသည့်အခြေအနေထဲ၌ ငါသည် မိမိကိုယ်ကိုယ် ရှာတွေ့ရခြင်းမှာ ဤအရာကြောင့် ဖြစ်သည်။ ယင်းမှာ လူတို့သည် ငါ့အတွက် အကြံအစည်များကို လုပ်ဇာတ်ခင်းနေကြဆဲဖြစ်သည့်အလားဖြစ်၏။ လူသားသည် ဘယ်သောအခါမျှ ငါ့ကို ချစ်ခင်မြတ်နိုးခြင်း မရှိဖူးသည့်အတွက်၊ ၎င်းတို့အများစုသည် ဒေါ်လာသန်းရာပေါင်းများစွာ အကျိုးအမြတ်တစ်ခုအတွက် ငါ့ကို ရောင်းချချင်နေကြဆဲဖြစ်၏။ ယင်းမှာ ငါသည် လူတို့ကြားက ကြားလူတစ်ဦး သို့မဟုတ် ၎င်းတို့အလယ် အချင်းချင်း တိုက်ခိုက်ရာတွင် အသုံးပြုသည့် နျူကလီးယားလက်နက်တစ်ခု၊ သို့မဟုတ် ၎င်းတို့အလယ် လက်မှတ်ရေးထိုးထားသည့် စာချုပ်တစ်ခုဖြစ်လာသည့်အလားဖြစ်သည်- အကျိုးဆက်အနေဖြင့်၊ ငါသည် အချုပ်အားဖြင့်၊ လူ့စိတ်နှလုံး၌ လုံးဝ တန်ဖိုးကင်းမဲ့သွားကာ မရှိမဖြစ် အိမ်သုံးပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ဤအရာကြောင့် ငါသည် လူသားကို မရှုတ်ချ။ ငါသည် လူကို ကယ်တင်ရုံသာကယ်တင်ပြီး၊ လူသားအပေါ် အစဉ်အမြဲ သနားကရုဏာနှင့် ပြည့်စုံသည်မှလွဲ၍ မည်သည့်အရာမျှ ငါလုပ်ဆောင်ခြင်းမရှိပေ။

ငါသည် ငရဲနှင့် အထူးတလည် သဘောတူညီမှုတစ်ခု လုပ်ဆောင်နေသည့်အလား၊ပြီးလျှင် ငါသည် လူတို့ကို ရောင်းစားရာတွင် အထူးပြုထားသော ဌာနအမျိုးအစားအချို့ ဖြစ်သည့်အလား၊ ငါသည် လူတို့ကို ကလိန်ကျခြင်း၌ ကျွမ်းကျင်သူဖြစ်ကာ ၎င်းတို့ကို ငါ၏လက်များတွင် ရှိသည်နှင့် တစ်ပြိုင်နက် မြင့်မားသော စျေးနှုန်းဖြင့်ရောင်းချလိမ့်မည်ဖြစ်သည့်အလား၊ လူတို့ကို ငရဲသို့ ပစ်ချသောအခါ ငါ စိတ်အေးသက်သာ ခံစားရလိမ့်မည်ဟု လူတို့ ယုံကြည်ကြသည်။ ယင်းကို လူတို့၏ နှုတ်များက မပြောကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဤသည်မှာ ၎င်းတို့ ယုံကြည်သောအရာ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ငါ့ကိုချစ်ကြသော်လည်း ထိုသို့ တိတ်တဆိတ် လုပ်ဆောင်ကြ၏။ ၎င်းတို့ထံမှ ဤအနည်းငယ်မျှသော ချစ်ခြင်းမေတ္တာအတွက် အပြန်အလှန်အားဖြင့် ငါသည် ထိုသို့ကြီးမားသော အဖိုးအခပေးကာ အလွန်များစွာ အသုံးခံလေပြီလော။ လူတို့သည် လူလိမ်များဖြစ်ကြပြီး ငါသည် အလိမ်ခံရသူ၏ အခန်းကဏ္ဍတွင် အစဉ်အမြဲ ကပြရ၏။ ယင်းမှာ ငါသည် အလွန် မာယာကင်းမဲ့သည့်အလား ဖြစ်သည်- ဤအားနည်းချက်ကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ငါ့ကို လိမ်မြဲလိမ်နေကြ၏။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များသည် လူတို့ကို သေခြင်းသို့ပို့ရန် သို့မဟုတ် ၎င်းတို့အပေါ် ကြုံရာကျပန်း တံဆိပ်ကပ်ဖို့ရန် မရည်ရွယ်ပေ- ယင်းတို့သည် လူသား၏ လက်တွေ့အရှိတရားဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များထဲမှ အချို့မှာ “လွန်ကောင်းလွန်” ပေမည်၊ လူ၏ ဘာသာစကားများ၌ ငါသည် မ“ကျွမ်းကျင်” သကဲ့သို့ ငါပြောသောအရာ များစွာသည် လူတို့၏ တောင်းဆိုချက်များကို ကျေနပ်စေနိုင်စွမ်းမရှိသောကြောင့်၊ ယင်းကိစ္စတွင် ငါသည် လူတို့၏ ခွင့်လွှတ်မှုကို “တောင်းခံ” ရုံ တောင်းခံနိုင်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များထဲမှ အချို့သည် လူတို့၏ စိတ်နှလုံးကို ထိုးဖောက်ကောင်း ထိုးဖောက်ပေမည်၊ ထို့ကြောင့် ငါသည် ၎င်းတို့သည်းခံဖို့ရန် “တောင်းပန်” ရုံသာ တတ်နိုင်သည်။ ငါသည် ရှင်းသန်ခြင်းအတွက် အတွေးအခေါ်တွင် ကျွမ်းကျင်မှုမရှိသကဲ့သို့ ငါစကားပြောဆိုသည့် နည်းလမ်းနှင့်ပတ်သက်၍ ဇီဇာမကြောင်သောကြောင့်၊ ငါ၏နှုတ်ကပတ်တော်များထဲမှ များစွာသည် လူတို့ထဲ၌ စိတ်အနှောင့်အယှက် ဖြစ်ပေါ်ကောင်းဖြစ်ပေါ်စေနိုင်သည်။ ငါ၏နှုတ်ကပတ်တော်များထဲမှ အချို့သည် လူတို့၏ နာမကျန်းဖြစ်ခြင်း အရင်းအမြစ်ကို ပြောကောင်းပြောမည်ဖြစ်ပြီး၊ ၎င်းတို့ ရောဂါကို ဖော်ထုတ်ကောင်း ဖော်ထုတ်ပေမည်။ ထို့ကြောင့် ငါသည် သင့်ကို နာကျင်စေလိုသည့် ရည်ရွယ်ချက်မရှိသကဲ့သို့၊ ဤဆေးသည် ဘေးထွက်ဆိုးကျိုးများ မရှိသည့်အတွက်၊ သင့်အတွက် ငါပြင်ဆင်ထားသော ဆေးအချို့ကို သုံးဆောင်ခြင်းငှာ ငါအကြံပေးသည်။ ငါ၏နှုတ်ကပတ်တော်များထဲမှ အချို့သည် “လက်တွေ့ကျ”ပုံ ရကောင်းရမည်မဟုတ်သော်လည်း၊ ထိတ်လန့်မသွားဖို့ရန် လူတို့ကို ငါ “တောင်းပန်”၏- ငါသည် ခြေနှင့်လက် “မြန်ဆန်သွက်လက်ခြင်း” မရှိ၊ ထို့ကြောင့် ငါ၏နှုတ်ကပတ်တော်များကို ဆောင်ရွက်ဖို့ ရှိပါသေး၏။ လူတို့သည် ငါ့အပေါ် “သည်းခံ”ဖို့ရန် ငါတောင်းဆို၏။ ဤနှုတ်ကပတ်တော်များသည် လူသားအဖို့ အထောက်အကူ ဖြစ်သလော။ ငါ့နှုတ်ကပတ်တော်များ အစဉ်အမြဲ အချည်းနှီးမဖြစ်ဖို့ရန်အလို့ငှာ၊ လူတို့သည် ဤနှုတ်ကပတ်တော်များမှ တစ်စုံတစ်ရာကို ရရှိနိုင်ကြလိမ့်မည်ဟု ငါမျှော်လင့်သည်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၉ ရက်

အရှေ့သို့- အခန်း ၂၉

နောက်တစ်ခုသို့- အခန်း ၃၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။