အခန်း ၃၁
လူတို့၏ စိတ်နှလုံများထဲတွင် ငါသည် ဘယ်သောအခါမျှ နေရာတစ်ခု မရှိဖူးပေ။ ငါသည် လူတို့ကို အမှန်တကယ် ရှာဖွေသောအခါ၊ ငါလုပ်သမျှသည် ၎င်းတို့ကို ကျေနပ်စေဖို့ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည့်အလား၊ ၎င်းတို့၏ မျက်စိများကို ဖျစ်ညှစ်ပိတ်ကာ ငါ၏ လုပ်ရပ်များကို မသိကျိုးကျွန်ပြုကြလေသည်၊ ယင်း၏ အကျိုးဆက်တစ်ခုအနေဖြင့်၊ ၎င်းတို့သည် ငါ၏လုပ်ရပ်များကို အစဉ်အမြဲ စက်ဆုပ်ကြ၏။ ယင်းမှာ ငါသည် မိမိကိကိုယ်ကိုယ် သိခြင်းတစ်ခုတစ်လေမျှ မရှိသည့်အလား၊ ငါသည် လူသား၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် အမြဲကြွားလုံးထုတ်နေပြီး ထိုသို့ဖြင့် “တည်ကြည်ပြီး ဖြောင့်မတ်သော” ၎င်းတို့ကို ဒေါသထွက်နေစေသည့်အလား ဖြစ်သည်။ သို့သော် ငါသည် ထို့သို့သော ဆိုးရွားသည့် အခြေအနေများအောက်တွင်ပင် သည်းခံပြီး ငါ၏အမှုကို ဆက်လုပ်ခဲ့သည်။ ထို့ကြောင့် ငါသည် လူသား အတွေ့အကြုံ၏ ချို၊ ချဉ်၊ ခါးပြီး စူးရှသော အရသာများကို မြည်းစမ်းပြီးဖြစ်ကာ၊ ငါသည် လေ၌လာကာ မိုးနှင့်အတူ သွားသည်ဟု ငါ ဆိုရပေသည်။ ငါသည် မိသားစု နှိပ်စက်ညှဉ်းပန်းခံရခြင်းများကို တွေ့ကြုံပြီးဖြစ်သကဲ့သို့၊ ဘဝ၏ အတက်အကျများကို တွေ့ကြုံပြီးဖြစ်ကာ ခန္ဓာမှ ခွဲခွာခြင်း၏ နာကျင်မှုကို ကြုံတွေ့ပြီးဖြစ်သည်ဟု ပြောခြင်းဖြစ်သည်။ သို့သော် ကမ္ဘာမြေသို့ ငါလာခဲ့ချိန်တွင်၊ ၎င်းတို့အတွက် ငါခံစားခဲ့ရပြီးဖြစ်သည့် ဆင်းရဲဒုက္ခများကြောင့် ငါ့ကို ကြိုဆိုမည့်အစား၊ လူတို့သည် ငါ၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို “ယဉ်ယဉ်ကျေးကျေး” ငြင်းဆိုခဲ့ကြသည်။ ဤအရာအားဖြင့် ငါသည် မနာကျင်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ငါသည် စိတ်မထိခိုက်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ အရာအားလုံး ဤသို့အဆုံးသတ်ဖို့ရန်သာ ငါသည် ဇာတိပကတိဖြစ်လာခဲ့ခြင်း ဖြစ်နိုင်မည်လော။ အဘယ့်ကြောင့် လူသားသည် ငါ့ကို မချစ်သနည်း။ အဘယ့်ကြောင့် ငါ၏ချစ်ခြင်းမေတ္တာသည် လူသား၏ အမုန်းတရားနှင့် ဆပ်ပေးခံရပြီနည်း။ ငါသည် ဤနည်းဖြင့် ဆင်းရဲဒုက္ခခံစားသင့်သည်များ ဖြစ်နိုင်မည်လော။ ကမ္ဘာမြေပေါ်က ငါ၏ ဆင်းရဲဒုက္ခကြောင့် လူတို့သည် ကိုယ်ချင်းစာ မျက်ရည်များ စီးဆင်းခဲ့ကြပြီး ငါ၏ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့်သက်ဆိုင်သည့် မတရားမှုကို ကြိမ်းမောင်းကြလေပြီ။ သို့သော် အဘယ်သူသည် ငါ၏ စိတ်နှလုံးကို အမှန်တကယ် သိရှိဖူးသနည်း။ အဘယ်သူသည် ငါ၏ ခံစားချက်များကို သိမြင်နိုင်သနည်း။ တစ်ချိန်က လူသားသည် ငါ့အပေါ် လေးနက်သော ချစ်ခင်ခြင်းတစ်ခု ရှိခဲ့ပြီး၊ တစ်ချိန်က ၎င်း၏ အိပ်မက်များထဲတွင် ငါ့ကို မကြာခဏ တောင့်တခဲ့ပေသည်- သို့သော် မြေကြီးပေါ်က လူတို့အနေဖြင့် ကောင်းကင်ဘုံက ငါ၏အလိုကို အဘယ်သို့ နားလည်နိုင်မည်နည်း။ လူတို့သည် တစ်ချိန်က ငါ၏ ဝမ်းနည်းမှု ခံစားချက်များကို သိမြင်ခဲ့ကြသော်လည်း၊ အဘယ်သူသည် ဒုက္ခဝေဒနာ ခံစားဖက်တစ်ဦးအနေဖြင့် ငါ၏ ဝေဒနာများကို ကိုယ်ချင်းစာတရားထားရှိဖူးသနည်း။ ကမ္ဘာမြေပေါ်က လူတို့၏ အသိစိတ်သည် ငါ၏ဝမ်းနည်းသော နှလုံးသားကို တို့ထိပြီး၊ ပြောင်းလဲစေနိုင်သည်များ ဖြစ်နိုင်မည်လော။ ကမ္ဘာမြေပေါ်က လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများအတွင်းရှိ ပြောမထွက်နိုင်အောင် ဆိုးရွားသော ဆင်းရဲဒုက္ခအကြောင်းကို ငါ့အား မပြောနိုင်ကြသလော။ စိတ်ဝိညာဉ်များနှင့် ဝိညာဉ်တော်တို့သည် အချင်းချင်း မှီခိုကြသော်လည်း၊ ဇာတိပကတိ၏ အတားအဆီးများကြောင့်၊ လူတို့၏ ဦးနှောက်များသည် “ထိန်းချုပ်မှု ဆုံးရှုံးသွားပြီ” ဖြစ်သည်။ တစ်ချိန်က လူတို့ကို ငါ၏ ရှေ့မှောက်သို့ လာကြရန် ငါအသိပေးခဲ့သည်၊ သို့သော် ငါ၏ ဆင့်ခေါ်မှုများက လူတို့အား ငါတောင်းဆိုသောအရာများကို မဖြည့်ဆည်းစေခဲ့ပေ။ ၎င်းတို့သည် ပြောမထွက်နိုင်အောင် ဆိုးရွားသော ဆင်းရဲဒုက္ခကို ထမ်းနေရသည့်အလား၊ ၎င်းတို့ကို တားဆီးနေသည့်အရာ တစ်စုံတစ်ခု ရှိသည့်အလား၊ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်လျက်၊ ကောင်းကင်သို့ မော့ကြည့်ရုံမျှ မော့ကြည့်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် ငါ့ကို အသနားခံတောင်းလျှောက်ရာတွင် ၎င်းတို့၏လက်များကို ယှက်ကာ ကောင်းကင်အောက်တွင် ဦးညွှတ်ကြလေသည်။ ငါသည် သနားကရုဏာနှင့် ပြည့်စုံသောကြောင့်၊ ငါ၏ ကောင်းချီးမင်္ဂလာများကို လူတို့အလယ် ငါနှင်းအပ်ပြီး၊ မျက်စိတစ်မှိတ်အတွင်းတွင်၊ လူသားအလယ် ငါ၏ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ခြင်းအခိုက်အတန့် ရောက်ရှိလေသည်—သို့တိုင် လူသားသည် ကောင်းကင်ဘုံထံ သူ၏ ကျိန်ဆိုခြင်းကို အချိန်ကြာမြင့်စွာကတည်းက မေ့လျော့ပြီး ဖြစ်သည်။ ဤသည်မှာ လူသား၏ တကယ့် မနာခံမှု ဖြစ်သည် မဟုတ်လော။ အဘယ့်ကြောင့် လူသားသည် “အတိတ်မေ့ရောဂါ” အမြဲ ခံစားရသနည်း။ ငါသည် သူ့ကို ဓားဖြင့် ထိုးလေပြီလော။ ငါသည် သူ၏ ခန္ဓာကိုယ်ကို ဒဏ်ခတ်လေပြီလော။ ငါသည် ငါ၏ နှလုံးသားတွင်းက ခံစားချက်များကို လူသားအား ပြောပြ၏။ အဘယ်ကြောင့် သူသည် ငါ့ကို အမြဲရှောင်ရှားသနည်း။ လူတို့၏ မှတ်ဉာဏ်များတွင်၊ ၎င်းတို့သည် တစ်စုံတစ်ရာ ပျောက်ဆုံးပြီး ယင်းကို မည်သည့်နေရာတွင်မှ ရှာမတွေ့သည့်အလားဖြစ်သည်သာမက၊ ၎င်းတို့၏ မှတ်ဉာဏ်များက တိကျမှန်ကန်မှုမရှိသည့်အလားလည်း ဖြစ်လေသည်။ ထို့ကြောင့် လူတို့သည် မေ့လျော့ခြင်းကို ၎င်းတို့၏ ဘဝများ၌ အမြဲခံစားကြရပြီး၊ လူသားမျိုးနွယ်အားလုံး၏ ဘဝနေ့ရက်များက ဖရိုဖရဲဖြစ်ကြလေသည်။ သို့သော်လည်း ဤအရာကို ဖြေရှင်းရန် မည်သည့်အရာကိုမျှ မည်သူမျှ မလုပ်ဆောင်ကြပေ။ လူတို့သည် အချင်းချင်း နင်းခြေကာ သတ်ဖြတ်ကြသည်ကလွဲ၍ ဘာမျှမလုပ်ကြပေ၊ ယင်းက ယနေ့တွင် ဒုက္ခရောက်စေသော ကျရှုံးမှုအခြေအနေသို့ ဆိုက်ရောက်စေပြီးဖြစ်ကာ စကြ၀ဠာထဲက အရာရာတိုင်းကို ညစ်ပတ်ပေရေသော ရေနှင့် ရွှံ့နွံထဲသို့ ကယ်တင်ခြင်းအခွင့်မရှိဘဲ ပြိုလဲစေပြီးဖြစ်သည်။
လူတို့အားလုံးအလယ် ငါ ရောက်ရှိခဲ့ချိန်၊ ယင်းသည် လူတို့ ငါ့ကို သစ္စာရှိလာကြသော တကယ့် အခိုက်အတန့်ဖြစ်သည်။ ဤအချိန်တွင် အဆင်းနီသော နဂါးကြီးသည်လည်း ၎င်း၏သတ်ဖြတ်တော့မည့်လက်များကို လူတို့အပေါ် စတင်တင်ခဲ့သည်။ ငါသည် “ဖိတ်ကြားချက်”ကို လက်ခံပြီး၊ လူသားမျိုးနွယ်က ငါ့ကို ပေးထားသည့် “ဖိတ်ကြားစာ” ကို ကိုင်ဆောင်ရင်း၊ လူသားအလယ်က “ဂုဏ်ပြုထမင်းစားပွဲ စားပွဲခုံတစ်ခု၌ ငါထိုင်”ရန် လာခဲ့သည်။ ငါသည် ခမ်းနားထည်ဝါသော အဝတ်အစားများဖြင့် မိမိကိုယ်ကိုယ် မဆင်မြန်းထားဘဲ လူနှင့်အတူ စားပွဲ၌ထိုင်ရန် ငါ၏ “သက်သေခံကတ်ပြား”ကိုသာ ယူဆောင်ခဲ့သည့်အတွက်၊ လူတို့သည် ငါ့ကို တွေ့သောအခါ အလေးဂရုမပြုခဲ့ကြပေ။ ငါ၏ မျက်နှာတွင် စျေးကြီးသည့် မိတ်ကပ်များမရှိ၊ ငါ၏ ဦးခေါင်းတွင် ဦးရစ်သရဖူမရှိခဲ့သကဲ့သို့၊ ငါ၏ ခြေများပေါ်တွင် ငါသည် အိမ်တွင်းလုပ် သာမန် ဖိနပ်တစ်ရံသာ စီးထားခဲ့သည်။ လူတို့အား စိတ်အပျက်စေဆုံးသောအရာမှာ ငါ၏ နှုတ်တွင် နှုတ်ခမ်းနီ မရှိခြင်းဖြစ်သည်။ ထို့အပြင် ငါသည် ယဉ်ကျေးသောစကားများကို မပြောခဲ့သကဲ့သို့၊ ငါ၏ လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်မဟုတ်ခဲ့ပေ။ ယင်းအစား ငါ၏နှုတ်ကပတ်တော်များ အသီးသီးက လူ၏ အတွင်းကျကျ နှလုံးသားကို ထိုးဖောက်၏၊ ယင်းက ငါ့နှုတ်နှင့်သက်ဆိုင်သည့် လူတို့၏ “အလေးထားသော” ထင်မြင်ချက်ကို အတော်အတန် ဖြည့်စွက်ပေးခဲ့သည်။ အထက်တွင်ဆိုခဲ့ပြီးသော သွင်ပြင်မှာ ငါ့အား “အထူးဆက်ဆံရေး” ပေးဖို့ လူတို့အတွက် လုံလောက်ခဲ့ပြီး၊ ထို့ကြောင့် ၎င်းတို့သည် ငါ့အား လောကနှင့်သက်ဆိုင်သည့် အသိပညာနှင့် ဉာဏ်အမြော်အမြင်မရှိသော ကျေးလက်ဒေသမှ ရိုးအသော တောသားလူနုံတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ကြ၏။ သို့တိုင် အယောက်တိုင်းက “ငွေကြေးလက်ဆောင်များ”ကို လွှဲပြောင်းပေးခဲ့ကြချိန်တွင်၊ လူတို့သည် ငါ့ကို ဂုဏ်သရေရှိသူအဖြစ် သဘောမထားခဲ့ကြသေးသော်လည်း၊ ၎င်းတို့၏ ဖိနပ်ခွာများကို တရွတ်တိုက်ဆွဲရင်းနှင့် စိတ်တိုလျက်၊ ရိုလေလေးစားမှု တစ်ခုတစ်လေမျှမရှိဘဲ ငါ၏ရှေ့သို့ လာရုံမျှ လာခဲ့ကြ၏။ ငါ၏လက်ကို လှမ်းလိုက်ချိန်တွင်၊ ၎င်းတို့ ချက်ချင်း အလွန်အံ့အားသင့်ကြကာ ဒူးထောက်ခဲ့ကြပြီး ကြီးသောအသံများကို ဟစ်အော်ကြ၏။ ငါ၏ “ငွေကြေးလက်ဆောင်များ”အားလုံးကို ၎င်းတို့ စုသိမ်းခဲ့ကြ၏။ ပမာဏများပြားသောကြောင့် ၎င်းတို့သည် ချက်ချင်း ငါ့ကို သန်းကြွယ်သူဌေးတစ်ဦး ထင်ခဲ့ကြပြီး၊ ငါ၏ ကိုယ်ခန္ဓာမှ ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများကို ငါ၏သဘောတူညီချက်မပါဘဲ ဆုတ်ဖြဲခဲ့ကြပြီး ယင်းတို့ကို သစ်လွင်သော အဝတ်အစားများဖြင့် အစားထိုးခဲ့ကြ၏- သို့တိုင် ဤအရာက ငါ့ကို မပျော်ရွှင်စေခဲ့ပေ။ ငါသည် ထိုသို့သော လွယ်ကူချောမွေ့သော ဘဝကို နေသားမကျခဲ့သကဲ့သို့၊ ဤ“ပထမတန်းစား” ဆက်ဆံရေးကို ငါစက်ဆုပ်ခဲ့သောကြောင့်၊ ငါသည် သန့်ရှင်းသော အိမ်မှ မွေးဖွားခဲ့သောကြောင့်နှင့် ငါသည် “ဆင်းရဲမွဲတေမှု”ထဲ၌ မွေးဖွားခဲ့သောကြောင့် ငါသည် လိုလေသေးမရှိပြုစုခံခဲ့ရသည့် ဇိမ်ခံဘဝမျိုးကို နေသားမကျခဲ့ဟု ဆိုနိုင်သည်။ ငါသည် လူတို့အနေဖြင့် ငါ၏ စိတ်နှလုံးထဲက ခံစားချက်များကို နားလည်နိုင်မည်၊ ငါ၏နှုတ်မှ နာလိုခံခက်သော သမ္မာတရားများကို လက်ခံနိုင်ဖို့အလိုငှာ ဆင်းရဲဒုက္ခအနည်းငယ်ကို သည်းခံနိုင်မည်ကိုသာ ငါ ဆန္ဒရှိသည်။ ငါသည် သဘောတရားအကြောင်း ဘယ်သောအခါမျှ မပြောနိုင်ဖူးသကဲ့သို့ လူတို့နှင့် ပါဝင်ပတ်သက်ဖို့အလို့ငှာ၊ လူမှုအဖွဲ့အစည်းတွင် လူသားမျိုးနွယ်၏ လျှို့ဝှက်သော ပြုမူနေထိုင်နည်းများကို အသုံးပြုနိုင်စွမ်းမရှိသောကြောင့်နှင့် လူတို့၏ မျက်နှာထား သို့မဟုတ် ၎င်းတို့၏ စိတ်သဘောအတိုင်း ငါ၏ နှုတ်ကပတ်တော်များကို အံဝင်ခွင်ကျဖြစ်အောင် စီမံပေးနိုင်စွမ်းမရှိသောကြောင့်၊ လူတို့သည် ငါ့ကို အမြဲ ရွံရှာစက်ဆုပ်ကြလေပြီ၊ ငါ့ကို အပြန်အလှန်ဆက်ဆံခြင်းငှာ မထိုက်တန်ဟု ယုံကြည်ကြပြီးဖြစ်ကာ ငါသည် မထောက်ညှာတတ်သော လျှာရှိပြီး လူတို့ကို အစဉ်အမြဲ နာကျင်စေသည်ဟု ဆိုကြပေပြီ။ သို့တိုင် ငါသည် ရွေးချယ်စရာမရှိ။ ငါသည် လူတို့ စကားပြောသည့် နည်းလမ်းများကို ကျွမ်းကျင်ပိုင်နိုင်ပြီး ၎င်းတို့၏ မျက်နှာရိပ်မျက်နှာကဲနှင့် လိုက်လျောညီထွေဖြစ်သည်အတိုင်း စကားပြောရန်အလို့ငှာ၊ လူ၏ စိတ်သဘောကို တစ်ချိန်က ငါ “လေ့လာခဲ့၏”၊ လူ၏ ရှင်သန်းခြင်းအတွက် အတွေးအခေါ်ကို တစ်ချိန်က ငါ “အတုယူခဲ့” ပြီး လူသား၏ဘာသာစကားကို လေ့လာသင်ယူရန် “ဘာသာစကားကောလိပ်” သို့ တစ်ချိန်က ငါသွားရောက်ခဲ့၏- သို့သော် ငါသည် များစွာအားထုတ်မှုပြုပြီး၊ “ကျွမ်းကျင်သူ” အများအပြားထံသို့ လည်ပတ်ခဲ့သော်လည်း၊ အားလုံးက အချည်းနှီးဖြစ်လာခဲ့လေသည်။ ငါ၏ အထဲတွင် လူ့သဘာဝတစ်ခုတစ်လေမျှ လုံးဝ မရှိဖူးပေ။ ဤနှစ်များအားလုံးကြာ၊ ငါ၏ အားထုတ်မှုများသည် အနည်းငယ်မျှ အကျိုးတရား လုံးဝ မဖြစ်ထွန်းဖူးသကဲ့သို့၊ ငါသည် လူသား၏ဘာသာစကား၌ စွမ်းရည်အနည်းငယ်မျှ လုံးဝမရှိဖူးပေ။ ထို့ကြောင့်၊ လူသား၏ စကားများဖြစ်သည့် “ကြိုးစားလုပ်ဆောင်ခြင်းက အောင်မြင်သည်” ဟူသည့်မှာ ငါ့ထံမှ “တန်ပြန်သက်ရောက်” ခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ကမ္ဘာပေါ်တွင် အဆုံးသတ်ခြင်းသို့ ရောက်လာကြရ၏။ လူတို့ သတိထားမိခြင်းမရှိဘဲ ထိုသို့သော စကားလုံးများမှာ ရပ်တည်မရနိုင်သည်ကို အတည်ပြုနိုင်ရန် လုံလောက်စွာ စစ်ဆေးရင်း၊ ကောင်းကင်ဘုံမှ ဘုရားသခင်အားဖြင့် ဤဆောင်ပုဒ်ကို ကောင်းကင်ဘုံမှ ဘုရားသခင်က သဘောမကျလေပြီ။ ထို့ကြောင့် ငါသည် လူသားကို တောင်းပန်၏၊ သို့သော် လုပ်ဆောင်စရာ ဘာမျှမရှိပေ။ ဤသည်မှာ အလွန် “မိုက်မဲ”ခြင်းကြောင့် ငါရရှိသည့်အရာ ဖြစ်သည်။ ငါသည် လူသား၏ ဘာသာစကားကို သင်ယူနိုင်စွမ်းမရှိ၊ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များတွင် ကျွမ်းကျင်လာနိုင်စွမ်းမရှိ၊ လူတို့နှင့်အတူ ရင်းရင်းနှီးနှီးဆက်ဆံနိုင်စွမ်း မရှိပေ။ ငါသည် လူတို့ကို သည်းခံခြင်းရှိဖို့၊ ၎င်းတို့ စိတ်နှလုံးများအတွင်းရှိ အမျက်ဒေါသများကို ချုပ်ထိန်းထားဖို့၊ ငါ့ကြောင့် မိမိတို့ကိုယ်ကိုယ် မနာကျင်စေကြဖို့ရန်သာ ငါအကြံပြုသည်။ အဘယ်သူသည် ငါတို့ကို အချင်းချင်း အပြန်အလှန်ဆက်ဆံစေခဲ့သနည်း။ အဘယ်သူသည် ဤအခိုက်အတန့်တွင် ငါတို့ကို တွေ့ဆုံစေခဲ့သနည်း။ အဘယ်သူသည် ငါတို့ကို တူညီသော စံများကို မျှဝေခံစားစေခဲ့သနည်း။
ငါ၏ စိတ်သဘောထားသည် ငါ၏နှုတ်ကပတ်တော်များအားလုံးတစ်လျှောက် စိမ့်ဝင်ပျံ့နှံ့သော်လည်း၊ လူတို့သည် ငါ့နှုတ်ကပတ်တော်ထဲ၌ ယင်းကို သဘောပေါက်နိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် ငါပြောသည့်အရာကို ချစ်တီးခေါင်းသန်းရှာရုံမျှလုပ်ကြသည်- ယင်းမှာ အဘယ် အသုံးဝင်မှုရှိသနည်း။ ငါနှင့် ပတ်သက်၍ ၎င်းတို့၏ အယူအဆများက ၎င်းတို့ကို စုံလင်စေနိုင်သလော။ ကမ္ဘာမြေပေါ်ရှိ အမှုအရာများက ငါ၏အလိုကို ပြီးမြောက်စေနိုင်မည်လော။ ငါ၏နှုတ်ကပတ်တော်များအား အဘယ်သို့ပြောရမည်ကို လူတို့ကို ငါသွန်သင်ရန် ကြိုးစားမြဲ ကြိုးစားနေခဲ့သော်လည်း၊ လူသားသည် အာစေးထည့်ထားခံခဲ့ရသည့်အလားဖြစ်ပြီး၊ သူသည် ငါ့ဆန္ဒရှိမည့်အတိုင်း ငါ၏နှုတ်ကပတ်တော်များကို အဘယ်သို့ပြောဆိုရမည်ကို လုံးဝ မသင်ယူနိုင်ခဲ့ပေ။ ငါသည် နှုတ်ချင်းတေ့ သွန်သင်ခဲ့ပါသော်လည်း၊ သူသည် လုံးဝ မသင်ယူနိုင်ဖူးချေ။ ဤနောက်တွင်မှ၊ အသစ်အဆန်းတစ်ခုကို ငါရှာဖွေတွေ့ရှိခဲ့၏၊ ကမ္ဘာမြေပေါ်ရှိ လူတို့သည် ကောင်းကင်ဘုံ၏ စကားများကို အဘယ်သို့ ပြောဆိုနိုင်မည်နည်း။ ဤအရာက သဘာဝတရား၏ နိယာမများကို ချိုးဖောက်သည် မဟုတ်လော။ သို့သော် ငါ့အပေါ် လူတို့၏ စိတ်အားထက်သန်မှုနှင့် စပ်စုခြင်းတို့ကြောင့်၊ ငါသည် လူသားအပေါ် အမှု၏ နောက်ထပ် အစိတ်အပိုင်းတစ်ခုကို စတင်လုပ်ဆောင်ခဲ့၏။ ငါသည် လူသားအား သူ၏ ချို့တဲ့ခြင်းများကြောင့် ဘယ်သောအခါမျှ အရှက်မရစေဖူးပေ၊ သို့သော် ယင်းအစား ၎င်း၏ လိုအပ်သည့်အရာနှင့်အညီ လူသားကို ငါထောက်ပံ့သည်။ ဤအရာကြောင့်သာလျှင်၊ လူတို့သည် ငါနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းသော ထင်မြင်ချက်တစ်ခု ရှိကြခြင်းဖြစ်ပြီး၊ ငါ့ ကြွယ်ဝမှုများ၏ နောက်ထပ် အစိတ်အပိုင်းတစ်ရပ်ကို ၎င်းတို့ပျော်မွေ့နိုင်ကြဖို့အလို့ငှာ၊ ငါသည် ၎င်းတို့ကို နောက်တဖန် အတူတကွ စုစည်းရန် ဤအခွင့်အရေးကို အသုံးပြု၏။ ဤအခိုက်အတန့်တွင်၊ လူတို့သည် မိုးကောင်းကင်တွင် နီတျာတျာ တိမ်တိုက်များတစ်ဝိုက် လွင့်မျောရင်း ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်းများနှင့် ရယ်မောခြင်းတို့ထဲ နောက်တစ်ဖန် နှစ်မြှုပ်ကြပြန်လေသည်။ ငါသည် လူသား၏စိတ်နှလုံးကို ဖွင့်ပြီး၊ သူသည် ချက်ချင်း တက်ကြွမှုအသစ်ရှိကာ၊ ပျားရည်၏ ချိုမြိန်သောအရသာကို မြည်းစမ်းပြီးသည့်အတွက် ငါ့ထံမှ နောက်ထပ် ကွယ်ဝှက်ရန် လိုလားခြင်းမရှိသောကြောင့်- ငါသည် မှိုက်သရိုက် စုသိမ်းသောနေရာ သို့မဟုတ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲသည့် ရုံတစ်ခုဖြစ်သွားသည့်အလား- ၎င်း၏ တိုလီမိုလီအားလုံးကို ဖလှယ်ရန် ထုတ်ယူလာလေသည်။ ဤအကြောင်းကြောင့်၊ တင်ထားပြီးသော “ကြော်ငြာများ” ကို မြင်ပြီးနောက်တွင်၊ လူတို့သည် ငါ့ရှေ့မှောက်သို့ လာကြပြီး၊ စိတ်အားထက်သန်စွာ ပါဝင်ကြလေသည်။ ၎င်းတို့အနေဖြင့် “အမှတ်တရများ” အနည်းငယ် ရနိုင်သည်ဟု ထင်ရသည့်အတွက်၊ ငါစီစဉ်ထားသည့် ဖြစ်ရပ်များတွင် ပါဝင်ကြရန်အလို့ငှာ ၎င်းတို့အားလုံး ငါ့အား “စာများ” ပို့ကြလေသည်။ ဤအခိုက်အတန့်တွင်၊ ၎င်းတို့သည် ဤလှုပ်ရှားမှုများတွင် ပါဝင်သည့် “အရင်းအနှီး” သည် မကြီးသောကြောင့်၊ ဆုံးရှုံးမှုများနှင့်သက်ဆိုင်၍ ကြောက်ရွံ့မနေကြသကဲ့သို့၊ ထို့ကြောင့် ၎င်းတို့သည် စွန့်စွန့်စားစား ပါဝင်ဝံ့ကြလေသည်။ ပါဝင်ဆင်နွှဲရာမှ မည်သည့် အမှတ်တရမျှ ရရှိဖို့မရှိခဲ့ပါက၊ လူတို့သည် ပွဲခင်းကို စွန့်ခွာပြီး၊ ၎င်းတို့၏ ငွေကို ပြန်တောင်းဆိုကြမည်ဖြစ်ကာ၊ ၎င်းတို့အပေါ် ငါတင်ရှိသော “အတိုး” ကိုလည်း တွက်ချက်ကြမည်ဖြစ်သည်။ လူတို့၏ ယုံကြည်ခြင်းက အကြိမ်များစွာ ချက်ချင်း တိုးပွားခဲ့သည်မှာ “ချမ်းသာကြွယ်ဝမှု၏ အတော်အသင့်အဆင့်”ကို ရောက်ရှိရင်းနှင့် “အကြီးတန်း အရာရှိ”သည် အလုပ်ကို စီမံရန် ကိုယ်တိုင်ကိုယ်ကျ “ကျေးလက်ဒေသသို့ သွားရောက်ခြင်း”ဖြင့် “ခေတ်နှင့် အမီလိုက်ခြင်း”ကို စွမ်းဆောင်ရရှိရင်း ယနေ့ လူနေမှု အဆင့်အတန်းများသည် တိုးတက်ပြီးဖြစ်သောကြောင့် ဖြစ်သည်- ၎င်းတို့၏ “ဖွဲ့စည်းပုံအခြေခံ ဥပဒေ”သည် ပို၍ ပို၍ ကောင်းမွန်လာခြင်းကြောင့်၊ ၎င်းတို့သည် ငါ့ကို လေးစားမှုဖြင့် ကြည်ညိုကြပြီး ငါ၏ ယုံကြည်မှုကို ရရှိရန်အလို့ငှာ ငါနှင့် ထိတွေ့ဆက်ဆံရန် လိုလားနေကြပေသည်။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်