အခန်း ၃၂

လူတို့သည် ငါနှင့်အတူ စုဝေးကြသောအခါ၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်၏။ ချက်ချင်း၊ လူတို့သည် ငါနှင့်အတူ စုဝေးနိုင်ကြပြီး၊ ငါ့ကို မနာခံသော ရန်သူများ မဟုတ်ဘဲ ငါနှင့်သဟဇတဖြစ်သော မိတ်ဆွေများဖြစ်ကြဖို့ရန် ငါ၏လက်ထဲရှိ ကောင်းကြီးမင်္ဂလာများကို လူသားအလယ် ငါနှင်းအပ်လေသည်။ ထို့ကြောင့်၊ ငါသည် လူသားကို အူလှိုက် သည်းလှိုက်ပုံစံဖြင့်လည်း ဆက်ဆံသည်။ ငါ၏ အမှုတွင်၊ လူသည် အဆင့်မြင့် အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အမြင်ခံရသည်၊ ထို့ကြောင့် သူသည် အစဉ်အမြဲ ငါ့အမှု၏ ရည်မှန်းချက်ဖြစ်သည့်အတွက် ငါသည် သူ့ကို ပိုမို အာရုံစိုက်ပေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငါ့အပေါ် ကြည်ညိုကြစေဖို့အလို့ငှာ၊ ငါသည် လူတို့၏ စိတ်နှလုံးများထဲ၌ ငါ၏ နေရာကို ထူထောင်ပြီးဖြစ်သည်- သို့တိုင် ဤအရာကို အဘယ်ကြောင့် ငါလုပ်ဆောင်သည်ကို ၎င်းတို့ လုံးဝ မသိနားမလည် ရှိနေကြဆဲဖြစ်ပြီး၊ စောင့်ဆိုင်းသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်ကြပေ။ လူတို့၏ စိတ်နှလုံးများတွင် ငါထူထောင်ခဲ့သည့် နေရာတစ်ခုရှိသော်လည်း၊ ထိုနေရာတွင် ငါနေထိုင်ဖို့ ၎င်းတို့ မလိုအပ်ကြပေ။ ယင်းအစား၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ “သန့်ရှင်းသူ” ရုတ်တရက်ရောက်ရှိလာဖို့ ၎င်းတို့ စောင့်ဆိုင်းနေကြ၏။ ငါ၏ ကိုယ်ပိုင်လက္ခဏာသည် အလွန် “နိမ့်ကျ”သောကြောင့်၊ ငါသည် လူတို့၏ တောင်းဆိုချက်များနှင့် မကိုက်သကဲ့သို့၊ ထို့ကြောင့် ငါသည် ၎င်းတို့၏ မောင်းထုတ်ခြင်းခံရ၏။ ၎င်းတို့ လိုချင်သောအရာသည် မြင့်မားကာ ကြီးမားသည့် “ငါ” ဖြစ် သော်လည်း ငါလာခဲ့ချိန်တွင် ငါသည် ဤနည်းလမ်းဖြင့် လူသားထံ မပေါ်ထွန်းခဲ့သောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ တစ်ဦးတစ်ယောက်ကို စောင့်ဆိုင်းရင်း အဝေးကို ၎င်းတို့ မျှော်ကြည့်မြဲမျှော်ကြည့်နေခဲ့ကြသည်။ လူတို့ ရှေ့သို့ ငါလာခဲ့ချိန်တွင်၊ လူထုများရှေ့မှောက်တွင် ငါ့ကို ၎င်းတို့က ငြင်းပယ်ခဲ့ကြသည်။ လူ၏ “ကိုင်တွယ်ဖြေရှင်း” ခံရဖို့ စောင့်ဆိုင်းရင်း၊ ဤမပြည့်စုံသော “ရလဒ်” ဖြစ်သည့် ငါနှင့်ပတ်သက်၍ လူတို့သည် မည်သည့်အရာ လုပ်ဆောင်ခြင်းဖြင့် အဆုံးသတ်မည်ကို မြင်တွေရန် စောင့်ကြည့်ရင်း၊ ငါသည် တစ်ဘက်တွင်သာ ရပ်နိုင်ခဲ့သည်။ လူတို့၏ အမာရွတ်များကို ငါမကြည့်ဘဲ အမာရွတ်မရှိသော အပိုင်းကိုသာကြည့်ပြီး၊ ဤအရာမှ ငါသည် ကျေနပ်အားရခြင်းကို ရရှိ၏။ လူတို့၏ အမြင်များတွင်၊ ငါသည် ကောင်းကင်မှ သက်ဆင်းသော “ကြယ်လေး” တစ်စင်းသာဖြစ်သည်။ ငါသည် ကောင်းကင်တွင် အရေးမပါဆုံးမျှသာ ဖြစ်ကာ၊ ကမ္ဘာမြေပေါ်သို့ ယနေ့ ငါ၏ရောက်ရှိခြင်းသည် ဘုရားသခင်၏ တာဝန်ပေးထားခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့သည် ဘုရားသခင် နှင့် ငါ့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းမိမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ၎င်းတို့သည် “ငါ” နှင့် “ဘုရားသခင်” ဟူသော စကားလုံးများ၏ သာ၍ များသော အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရကြလေသည်။ ငါ၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ သွင်ပြင်နှင့် မည်သည့်အရာမျှ မသက်ဆိုင်သောကြောင့်၊ လူအားလုံးက ငါသည် ဘုရားသခင်၏ မိသားစုမှ မဟုတ်သည့် အစေခံတစ်ဦးဖြစ်သည်ဟု ယုံကြည်ကြပြီး၊ ဤအရာသည် ဘုရားသခင်၏ ပုံသဏ္ဌာန်မဟုတ်ပါဟု ဆိုကြ၏။ ဘုရားသခင်ကို မြင်ဖူးသော လူများ ရှိကောင်းရှိနိုင်ပါ၏၊ သို့သော် ကမ္ဘာမြေကြီးအပေါ်၌ ငါ၏ထိုးထွင်း သိမြင်မှု ချို့တဲ့ခြင်းကြောင့်၊ ဘုရားသခင်သည် ငါ့ထံ ဘယ်သောအခါမျှ မပေါ်ထွန်းခဲ့ပြီ။ ငါသည် “ယုံကြည်မှု” နည်းပါးလွန်းသောကြောင့်၊ လူတို့က ငါ့အား အရေးမပါသူအဖြစ် မြင်ကောင်းမြင်နိုင်၏။ တစ်စုံတစ်ဦးသည် အမှန်တကယ် ဘုရားသခင်ဖြစ်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည့်အတွက် လူ၏ဘာသာစကားကို စင်စစ် ကျွမ်းကျင်လိမ့်မည်ဖြစ်သည်ဟု လူတို့ စိတ်ကူးကြသည်။ သို့သော် အချက်အလက်များမှာ အတိအကျ ဆန့်ကျင်ပေသည်- လူ၏ ဘာသာစကား၌ ငါ ကျွမ်းကျင်မှုမရှိသည်သာမက၊ ၎င်း၏ “ချို့တဲ့မှုများအတွက်” ငါသည် “ထောက်ပံ့” ၍ပင် မပေးနိုင်သည့် အချိန်များရှိပေသည်။ အကျိုးဆက်အနေဖြင့် လူတို့ “တောင်းဆို” သကဲ့သို့ ငါသည် ဆောင်ရွက်ခြင်းမရှိဘဲ၊ ၎င်းတို့ “ချို့တဲ့သည့်” အရာနှင့်အညီ ငါသည် ပစ္စည်းများကို ပြင်ဆင်၍ လုပ်ဆောင်ရုံသာလုပ်ဆောင်သည့်အတွက်၊ ငါသည် “အပြစ်ရှိ” သည်ဟု အနည်းငယ် ခံစားရပေသည်။ လူသားကို ငါ ပြုသည့် တောင်းဆိုမှုများသည် လုံးဝ မကြီးမားသော်လည်း၊ လူတို့သည် ထိုသို့မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့၏ “နှိမ့်ချခြင်း” သည် ၎င်းတို့၏ လှုပ်ရှားမှုတိုင်း၌ ထုတ်ဖော်ပြသခံရ၏။ ၎င်းတို့သည် တောတောင်များအတွင်းရှိ နက်ရှိုင်းသည့် ရှေးဟောင်းသစ်တောများတွင် ငါလှည့်လည်သွားလာမည်ကို ကြောက်လန့်လျက်၊ ငါလမ်းပျောက်မည်ကို အကြီးအကျယ် စိုးရွှံ့လျက်၊ ငါ့အတွက် လမ်းကို ဦးဆောင်ရင်း ငါရှေ့တွင် အစဉ်အမြဲ လျှောက်လေ့လျှောက်ထရှိကြပေသည်။ အကျိုးဆက်အနေဖြင့် လူတို့သည် မြေအောက်အကျဉ်းတိုက်ထဲသို့ ငါလျှောက်မည်ကို အလွန်အမင်း ကြောက်ရွှံ့လျက် ငါ့ကို အစဉ်အမြဲ ရှေ့သို့ ဦးဆောင်ကြပြီးဖြစ်သည်။ ငါ့အတွက် ၎င်းတို့၏ အားထုတ်မှုများက ၎င်းတို့ကို နေ့နေ့ ညည အိပ်ရေးပျက်စေပြီး ဆံပင်ပင်ဖြူစေသည့် အတိုင်းအတာထိ၊ ၎င်းတို့သည် အစားအသောက် သို့မဟုတ် အိပ်စက်ခြင်းအတွက် စဉ်းစားတွေးတောခြင်းမရှိဘဲ ငါ့အတွက် “အားသွန်ခွန်စိုက် အလုပ်လုပ်” ကြပြီဖြစ်သည့်အတွက်၊ ငါသည် လူတို့၏ ယုံကြည်ချက်အပေါ် အတော်အတန် “အလေးထားသည့် ထင်မြင်ချက်”တစ်ခု ရှိသည်- ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်းသည် စကြဝဠာကို “ကျော်လွန်” ပြီးဖြစ်ကာ၊ ခေတ်ကာလတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များထက် “သာလွန်ထူးကဲ”ပြီးဖြစ်သည်ကို ပြသရန် လုံလောက်ပေသည်။

ငါသည် လူတို့၏ ကြီးမားသည့် ကျွမ်းကျင်မှုကြောင့် ဝမ်းသာအားရဖြစ်ခြင်းဖြင့် လက်ခုပ်တီးခြင်းမရှိသကဲ့သို့ ၎င်းတို့၏ အားနည်းချက်များကြောင့် ၎င်းတို့အပေါ် အေးစက်စွာ ငါမကြည့်ပေ။ ငါ့လက်များအတွင်း ရှိသောအရာကိုသာ ငါသည် လုပ်ဆောင်ရုံမျှလုပ်ဆောင်သည်။ ငါသည် မည်သူကိုမျှ အထူးဆက်ဆံခြင်းမပြုဘဲ၊ ငါ၏ အစီအစဉ်များအတိုင်း တကယ်ကို ငါလုပ်ဆောင်သည်။ သို့တိုင် လူတို့သည် ငါ့အလိုကို သတိလက်လွတ်ဖြစ်ကြပြီး၊ ၎င်းတို့အပေါ် ငါအပ်နှင်းခဲ့သော ကြွယ်ဝမှုများက ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းမရှိသည့်အလား၊ တောင်းဆိုမှုက ထောက်ပံ့မှုထက် ပိုလွန်သည့်အလား၊ ငါ့ထံမှ အမှုအရာများအတွက် ဆုတောင်းမြဲ ဆုတောင်းနေကြ၏။ သို့သော် ယနေ့ခေတ်တွင်၊ “ကုန်စျေးနှုန်းတက်ခြင်း” ကို လူအားလုံး ခံစားကြရပြီး- အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ မွေ့လျော်ဖို့ ငါပေးပြီးသောအရာများဖြင့် ၎င်းတို့လက်များသည် ပြည့်လျက်ရှိပေသည်။ ငါ့ကို ၎င်းတို့ တိုး၍ ငြီးငွေ့ကြသည်မှာ ဤအရာကြောင့်ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့၏ ဘဝများက ပရမ်းပတာဖြစ်ခြင်းများနှင့် ပြည့်ကာ၊ ၎င်းတို့သည် ၎င်းတို့ စားသင့်သည့်အရာ၊ မစားသင့်သည့်အရာတို့ကို မသိနားမလည်ဘဲ ရှိကြလေသည်။ အချို့သောသူတို့သည် ၎င်းတို့ မွေ့လျော်ဖို့ရန် ငါပေးပြီးသည့်အရာတို့ကို သေချာစွာ စောင့်ကြည့်ရင်း၊ ၎င်းတို့ကို ဖမ်းဆုပ်၍ပင် ထားကြပေသည်။ လူတို့သည် အစာခေါင်းပါးခြင်းမှ ဒုက္ခဝေဒနာခံစားရလေ့ရှိကာ ယနေ့၏ ဤပျော်မွေ့ဖွယ်ရာများကို ရရှိရန် ၎င်းတို့အတွက် မလွယ်ကူသောကြောင့်၊ ၎င်းတို့အားလုံးသည် “အတောမသတ် ကျေးဇူးတင်ရှိ” ကြပြီး၊ ငါ့အပေါ် ၎င်းတို့၏ သဘောထားတွင် ပြောင်းလဲမှုအချို့ ရှိပေပြီ။ ၎င်းတို့သည် ငါ၏ရှေ့တွင် ငိုကြွေးမြဲ ငိုကြွေးကြ၏၊ ၎င်းတို့ကို များစွာ ငါပေးပြီးသောကြောင့်၊ ၎င်းတို့သည် ငါ၏လက်ကို ယူကာ “ကျေးဇူးတင်ရှိခြင်း၏ အသံများ” ကို ပြုမြဲပြုကြလေသည်။ ငါသည် စကြဝဠာများအထက်တွင် လှုပ်ရှားပြီး၊ ငါလမ်းလျှောက်သည်နှင့်အညီ စကြဝဠာ တစ်ခွင်လုံး၏ လူတို့ကို ငါလေ့လာသည်။ ကမ္ဘာမြေပေါ်ရှိ လူအုပ်များအလယ်တွင်၊ ငါ၏ အမှုနှင့် သင့်လျော်သောသူ သို့မဟုတ် ငါ့ကို အမှန်တကယ် ချစ်သောသူ တစ်ဦးမျှ ဘယ်သောအခါမျှ မရှိဖူးပေ။ ထို့ကြောင့် ဤအခိုက်အတန့်တွင် ငါသည် စိတ်ပျက်လက်ပျက် သက်ပြင်းချမိပြီး၊ လူတို့သည် “ပိုက်ကွန် တစ်ခု၌ ၎င်းတို့အားလုံးကို ငါဖမ်းလိမ့်မည်ကို အလွန်အမင်း ကြောက်ရွံ့ရင်း၊ နောက်ထပ် စုဝေးခြင်းမပြုဖို့ရန် ချက်ချင်း လူစုခွဲကြလေသည်။” ငါသည် ၎င်းတို့အတွင်း၌ အမှုပြုရန် သင့်တော်သူများကို ရွေးချယ်ရင်း၊ ဤပျံ့နှံ့နေသော လူတို့အလယ်တွင် ငါသည်- လျောက်ပတ်သောအမှု- ငါ၏ အမှုကို လုပ်ဆောင်ရန် လူသားအလယ် ကြွလာဖို့ ဤ အခွင့်အလမ်းကို ငါအသုံးပြု၏။ လူတို့သည် မည်သည့်အခါမျှ မလွတ်မြောက်နိုင်ကြဖို့အလို့ငှာ၊ ငါသည် ငါ၏ ပြစ်တင်ဆုံးမမှုအလယ်တွင် လူတို့ကို “ထိန်းသိမ်းရန်” ဆန္ဒမရှိပေ။ ငါလုပ်ရမည့် အမှုကို ရိုးရှင်းစွာ ငါလုပ်ဆောင်၏။ ငါသည် လူသား၏ “အကူအညီ” ကို တောင်းခံရန် ငါလာလေပြီ။ ငါ၏ စီမံခန့်ခွဲမှုသည် လူသား၏ ဆောင်ရွက်ချက်များ ကင်းမဲ့သောကြောင့်၊ ငါ၏အမှုကို အောင်မြင်စွာ ပြည့်စုံစေရန် မဖြစ်နိုင်ပေ၊ ယင်းက ငါ၏အမှုကို ထိရောက်စွာ ရှေ့ဆက်ခြင်းမှ တားဆီးထားသည်။ လူတို့သည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဆုံးဖြတ်မှု ရှိလိမ့်မည်ဟုသာ ငါမျှော်လင့်၏။ ငါ့ကို ကောင်းမွန်သော အစားအသောက် ချက်ပြုတ်ဖို့ရန် သို့မဟုတ် ငါ၏ခေါင်းချဖို့ရာ သင့်လျော်သောနေရာကို စီစဉ်ဖို့၊ သို့မဟုတ် ငါ့အတွက် လှပသည့်အဝတ်အစားများ ပြုလုပ်ပေးဖို့ရန် ၎င်းတို့ကို ငါသည် မတောင်းဆို- ဤအရာများကို ငါသည် နည်းနည်းလေးမျှ အလေးထားခြင်းမရှိ။ လူတို့သည် ငါ့အလိုကို နားလည်နိုင်ပြီး ငါနှင့်အတူ လက်တွဲလျက် ရှေ့ဆက်သောအခါ၊ ငါ့စိတ်နှလုံး၌ ငါသည် စိတ်ကျေနပ်လိမ့်မည်။

မြေကြီးပေါ်တွင် အဘယ်သူသည် ၎င်းတို့၏ စိတ်နှလုံးဖြင့် ငါ့ကို လက်ခံရရှိဖူးသနည်း။ ၎င်းတို့၏ စိတ်နှလုံးဖြင့် အဘယ်သူသည် ငါ့ကို ချစ်ဖူးသနည်း။ လူတို့၏ ချစ်ခြင်းမေတ္တာသည် အမြဲလျော့လျက်ရှိ၏။ ၎င်းတို့၏ ချစ်ခြင်းမေတ္တာ အဘယ်ကြောင့် မခမ်းခြောက်နိုင်သကဲ့သို့ မရောနှောဘဲ မဖြစ်နိုင်သည်ကို “ငါပင် မသိပေ”။ ထို့ကြောင့် လူသား၏အတွင်း၌ “နက်နဲမှုများစွာ”လည်း ပါရှိနေ၏။ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင်၊ လူသားသည် “အံ့ဖွယ်” ဖြစ်ပြီး “နားလည်မရနိုင်သော” သူအဖြစ် အမြင်ခံရ၏၊ ထို့ကြောင့် ၎င်းသည် ငါနှင့် အဆင့်အတန်း တူညီသည့်အလား၊ ငါ၏ရှေ့မှောက်တွင် ၎င်းသည် “အရည်အချင်းများ” ရှိပေသည်- သို့သော် ၎င်းသည် ၎င်း၏ ဤ “အဆင့်အတန်း” နှင့် ပတ်သက်၍ ဘာမျှ အထူးအဆန်း မြင်တွေ့ခြင်းမရှိ။ ဤအရာတွင် လူကို ဤအနေအထား၌ ရပ်တည်စေပြီး ယင်းကို ပျော်မွေ့ခွင့် ငါမပေးခြင်း မဟုတ်ဘဲ၊ ရည်မွန်မှု အသိစိတ်တစ်ခု ရှိဖို့ရန်၊ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် အလွန်အထင်မကြီးဖို့ရန်အတွက် ငါဆန္ဒရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့်လူတို့ကြား မပြောနှင့်၊ ကောင်းကင်နှင့် မြေကြီးကြားတွင်ပင် အကွာအဝေးတစ်ခု ရှိပေသည်။ ဘုရားသခင်နှင့် လူသားကြာက အကွာအဝေးသည် ပို၍ကြီးမားသည် မဟုတ်လော။ မြေကြီးပေါ်တွင်၊ လူနှင့် ငါသည် “တစ်လှေတည်းစီး” ပြီး၊ “အတူတူ မုန်တိုင်းကို ကြံ့ကြံ့ခံ” ကြသည်။ ငါ၏ ကိုယ်ပိုင်လက္ခဏာသည် လူ့လောက၏ ဆင်းရဲဒုက္ခကို ကြုံတွေ့ရခြင်းမှ ငါ့ကို မကင်းလွတ်စေသကဲ့သို့၊ ယနေ့ ငါသည် ဤအခြေအနေထဲသို့ ကျဆင်းခဲ့ရသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းစွာ နေထိုင်ဖို့ နေရာတစ်ခု ငါ မရှိဖူးပေ၊ ယင်းမှာ လူတို့က၊ “လူသားသည် ခေါင်းချရန် နေရာ လုံးဝမရှိ” ဟု ပြောဆိုရသည့် အကြောင်းရင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့သည် ငါ့အတွက် သနားကရုဏာ မျက်ရည်များလည်း ငိုကြွေးကြပြီး ငါ့အတွက် “ကယ်ဆယ်ရေး ရန်ပုံငွေ” အတွက် ယွမ်များအနည်းငယ်ကို ငါ့အတွက် ဖယ်ထားကြ၏။ ဤအရာကြောင့်သာလျှင်၊ ငါသည် နားစရာနေရာတစ်ခုရှိပေသည်။ လူတို့၏ “အကူအညီ” ကြောင့်မဟုတ်ခဲ့လျှင်၊ မည်သည့်နေရာ၌ ငါအဆုံးသတ်မည်ကို အဘယ်သူ သိအံ့နည်း။

ငါ၏အမှုပြီးဆုံးသည့်အခါ၊ လူသားထံမှ ဤ “သက်သာခွင့်ငွေ” ကို ငါရှာဖွေတော့မည်မဟုတ်၊ ယင်းအစား ငါ၏ ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို ငါဆောင်ရွက်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ပျော်မွေ့ခြင်းအတွက် “ငါ့အိမ်၏ ဥစ္စာများ” အားလုံးကို လူတို့ထံ ငါ ပစ်ချမည်။ ယနေ့တွင် အယောက်တိုင်း ငါ၏ စမ်းသပ်မှုများအလယ်တွင် စစ်ဆေးခံကြရ၏။ လူသားအပေါ် ငါ၏လက် တရားဝင်ရောက်ရှိသောအခါတွင်၊ လူတို့သည် ငါ့ကို လေးစားသော မျက်လုံးများဖြင့် ကြည်ညိုကြလိမ့်မည် မဟုတ်တော့ဘဲ၊ ငါ့ကို အမုန်းတရားနှင့် ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး၊ ဤအခိုက်အတန့်တွင် နမူနာအဖြစ် အသုံးတော်ခံရန် ၎င်းတို့၏ နှလုံးသားများသည် ငါ၏ ဖောက်ထုတ်ခြင်းကို ချက်ချင်းခံရလိမ့်မည်။ ငါသည် လူ့နှလုံးသားကို “အဏုကြည့်ကိရိယာ” အောက်တွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၏- ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာမရှိပေ။ နှစ်များစွာကြာ၊ လူတို့သည် ငါ့ကို လှည့်ဖြားပြီး အရူးလုပ်နေကြပေပြီ- လက်စသတ်တော့၊ နှလုံး၏ လက်ဝဲအပေါ်ထက်ခန်းမရော နှလုံးလက်ျာ အောက်ခန်းမ နှစ်ခုလုံးတွင်ပါ ငါ့အပေါ် မုန်းတီးမှုအဆိပ်များ ပါရှိနေသည်။ သို့ဖြစ်၍ ငါသည် ၎င်းတို့အပေါ် ထိုသို့ သဘောထားသည်မှာ အံ့သြစရာမရှိပေ။ သို့တိုင် ဤအရာကို ၎င်းတို့ လုံးဝ မသိနားမလည်ဘဲ ရှိနေကြပြီး၊ ယင်းကို ၎င်းတို့ သိပင်မသိမှတ်ကြပေ။ ငါ၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို ၎င်းတို့အား ငါပြသောအခါ၊ ၎င်းတို့ မနိုးထကြသေးချေ။ ယင်းမှာ ၎င်းတို့စိတ်များတွင် ဤအရာများသည် အတိတ်က အကြောင်းကိစ္စများသာဖြစ်ပြီး၊ ယနေ့တွင် တဖန်ပြန်လည်ပြောဆိုဖို့ မသင့်သည့်အလား ဖြစ်သည်။ ထို့ကြောင့် လူတို့သည် “ဓါတ်ခွဲခန်း ရလဒ်များ” အပေါ် ဥပေက္ခာဖြင့်သာ ကြည့်ရှုကြ၏။ ၎င်းတို့သည် ကွန်ပြူတာပုံနှိပ်မူစာရွက်ကို ပြန်ပေးကြပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားကြသည်။ ထို့အပြင်၊ ၎င်းတို့သည် “ဤအရာများသည် အရေးမကြီးပါ၊ ယင်းတို့သည် ကျွန်ုပ်၏ ကျန်းမာရေးအပေါ် မည်သည့် အကျိုးသက်ရောက်ခြင်းမရှိပါ” ဟူသကဲ့သို့သော အရာများကို ပြောဆိုကြ၏။ ၎င်းတို့သည် အထင်သေးခြင်း အပြုံလေးတစ်ချက်ကို ပေးကြပြီး၊ ထို့နောက် ငါသည် အလွန် အရိုးခံမဖြစ်သင့်၊ ငါသည် ဝတ်ကျေတန်းကျေဖြစ်သင့်သည်ဟူ၍ စောင်းပါး ရိပ်ခြည်ပြောနေသည့်အလား၊ ၎င်းတို့၏ မျက်လုံးများတွင် ခြိမ်းခြောက်မှုအနည်းငယ်ပါဝင်သည့် အကြည့်တစ်ချက်ရှိလေသည်။ ယင်းမှာ ၎င်းတို့၏ အတွင်း လှို့ဝှက်ချက်များနှင့်ဆိုင်သည့် ငါ၏ထုတ်ဖော်ပြသခြင်းက လူသား၏ “ဥပဒေများ” ကို ချိုးဖောက်ပြီးသည့်အလား ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် ငါ့အပေါ် ပို၍ မုန်းတီးလာကြလေသည်။ ထို့နောက်မှသာ လူတို့ မုန်းတီခြင်း၏ အရင်းအမြစ်ကို ငါတွေ့မြင်ရ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါစောင့်ကြည့်သည့်အချိန်တွင်၊ ၎င်းတို့၏ သွေးများက စီးဆင်းနေပြီး၊ ၎င်းတို့ ခန္ဓာကိုယ်များထဲရှိ သွေးလွှတ်ကြောများကို ဖြတ်သန်းပြီးနောက်တွင် ယင်းသည် နှလုံးသို့ဝင်ရောက်ကာ၊ ဤအချိန်တွင်မှ ငါသည် အသစ်သော “ရှာဖွေတွေ့ရှိမှု”ကို ရရှိသောကြောင့်ဖြစ်ပေသည်။ သို့တိုင် လူတို့သည် ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မတွေးကြချေ။ ၎င်းတို့သည် လုံးဝ သတိမမူသကဲ့သို့၊ ၎င်းတို့ ရရှိသောအရာ သို့မဟုတ် ဆုံးရှုံးသောအရာကို တွေးတောခြင်းမရှိကြချေ၊ ယင်းမှာ ၎င်းတို့၏ “ကိုယ်ကျိုးမငဲ့သော” ဆည်းကပ်မှု စိတ်ဓာတ်ကို ပြသရန် လုံလောက်ပေသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကျန်းမာရေးအခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမပြုသကဲ့သို့ ငါ့အတွက် “အပြေးအလွှာ” လုပ်ဆောင်ကြ၏။ ဤသည်မှာလည်း ၎င်းတို့၏ "သစ္စာရှိမှု” ဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သက်၍ “ချီးကျူးထိုက်သော” အရာဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဤအရာအားဖြင့် ပျော်ရွှင်နိုင်ကြဖို့အလို့ငှာ၊ “ချီးမွမ်းခြင်း” စာတစ်စောင်ကို ၎င်းတို့ထံ နောက်ထပ်တစ်ကြိမ် ငါ ပို့၏။ သို့သော် ဤ“စာ”ကို ၎င်းတို့ ဖတ်ရှုသောအခါ၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံး ငါ၏ အသံတိတ်စာစောင်အားဖြင့် ငြင်းပယ်ခံရပြီးဖြစ်သည့်အတွက် ၎င်းတို့သည် ချက်ချင်း အနည်းငယ် ဒေါသဖြစ်ကြလေသည်။ ငါသည် လူတို့ကို ၎င်းတို့ ပြုမူသည်နှင့်အညီ အစဉ်အမြဲ ညွှန်ကြားပြီးဖြစ်သည်၊ သို့တိုင် ၎င်းတို့သည် ငါ၏ စကားများကို စက်ဆုပ်ရွံရှာပုံရကြ၏၊ ထို့ကြောင့် ငါ၏နှုတ်ကို ဖွင့်လျှင်ဖွင့်ချင်း၊ ၎င်းတို့သည် ၎င်းတို့၏ မျက်လုံးများကို ဖျစ်ညှစ်ပိတ်လိုက်ကြပြီး၊ ၎င်းတို့၏ လက်များကို နားများပေါ် အုပ်ထားလိုက်ကြလေသည်။ ငါ၏ ချစ်ခြင်းမေတ္တာကြောင့် ၎င်းတို့သည် ငါ့အပေါ် လေးစားမှုနှင့် မကြည်ညိုကြဘဲ၊ ၎င်းတို့၏ ပိုင်ဆိုင်မှုထဲက ကုန်ပစ္စည်းများကို ဖော်ထုတ်ရင်း၊ ၎င်းတို့၏ ချို့တဲ့မှုများကို ငါထောက်ပြသည့်အတွက် ၎င်းတို့သည် ငါ့ကို ယခင်ထက် သာ၍ မုန်းကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းတွင် ဆုံးရှုံးမှုများ ခံစားကြရပြီးဖြစ်ကာ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုသို့ဖြင့်၊ ငါ့အတွက် ၎င်းတို့၏မုန်းတီးခြင်းသည် ထို့ကြောင့် တိုးပွားလာပေသည်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်

အရှေ့သို့- အခန်း ၃၁

နောက်တစ်ခုသို့- အခန်း ၃၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။