အခန်း ၃၃

ကမ္ဘာပေါ်ရှိ ငါ၏ဘုန်းအသရေသည် မိုးမျက်နှာကြက်ကို ပြည့်စေဖို့အလို့ငှာ၊ ငါ၏သန့်ရှင်းသော နာမကို ချီးမွမ်း ထောမနာပြုခဲ့ကြသူများ၊ မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့ကြသူများ ငါ၏အိမ်၌ တစ်ချိန်က ရှိခဲ့ပေသည်။ ဤအရာကြောင့် ငါသည် အလွန့်အလွန် ဝမ်းသာကာ၊ ငါ၏နှလုံးသားသည် ကျေနပ်အားရခြင်းဖြင့် ပြည့်ခဲ့သော်လည်း- မည်သူသည် ညနှင့်နေ့တွင် အိပ်စက်ခြင်းကို စွန့်လွှတ်ရင်း ငါ၏ကိုယ်စား အလုပ်လုပ်နိုင်မည်နည်း။ ငါ၏ရှေ့ရှိ လူသား၏ စိတ်ဓာတ်ကြံ့ခိုင်မှုက ငါ့ကို သာယာမှုပေးသော်လည်း၊ သူ၏ ပုန်ကန်ခြင်းက ငါ၏ ဒေါသအမျက်ကို နှိုးဆွပြီး၊ လူသားသည် အဘယ်သောအခါမှ သူ၏ တာဝန်ကို လိုက်နာနိုင်ခြင်း မရှိသောကြောင့် သူ့အတွက် ငါ၏ ဝမ်းနည်းခြင်းသည် တိုး၍ ကြီးထွားလာသည်။ လူတို့သည် အဘယ့်ကြောင့် ငါ့ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်နိုင်စွမ်းမရှိသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် ငါနှင့် အစဉ်အမြဲ အပေးအယူပြုလုပ်ရန် ကြိုးစားကြသနည်း။ ငါသည် ကုန်သွယ်ရေးဌာန၏ အထွေထွေ စီမံခန့်ခွဲရေးမှူး ဖြစ်သလော။ လူတို့က ငါ့ကို တောင်းဆိုသည့်အရာအား ငါသည် စိတ်ပါလက်ပါဖြင့် ဖြည့်ဆည်းပေးသော်လည်း၊ လူသားကို ငါတောင်းဆိုသည့်အရာမှာ အဘယ်ကြောင့် ဘာမျှဖြစ်မလာရသနည်း။ ငါသည် စီးပွားရေး နည်းလမ်းများတွင် မကျွမ်းကျင်ဘဲ၊ လူသားသည် ကျွမ်းကျင်သောကြာင့် ဖြစ်နိုင်မည်လော။ လူတို့သည် နှုတ်ချိုခြင်းနှင့် မြှောက်ပင့်ခြင်းတို့ဖြင့် ငါ့ကို အမြဲ လှည့်ဖြားကြသနည်း။ လူတို့သည် ပြန်လည် ဝင်ရောက်ဖိုလမ်းကို တောင်းဆိုရင်း၊ အဘယ့်ကြောင့် အစဉ်အမြဲ “လက်ဆောင်များ” ယူဆောင်လာကြသနည်း။ ဤသည်မှာ လူသားကို လုပ်ဆောင်ရန် ငါ သွန်သင်ပြီးသော အရာလော။ လူတို့သည် အဘယ့်ကြောင့် ထိုသို့သော အရာများကို လျှင်မြန်စွာနှင့် လွယ်ကူစွာ ပြုကြသနည်း။ လူတို့သည် အဘယ့်ကြောင့် ငါ့ကို အစဉ်အမြဲ လှည့်ဖြားဖို့ရန် တက်ကြွကြသနည်း။ ငါသည် လူသားအလယ်တွင် ရှိသောအချိန်၌ လူတို့သည် ငါ့ကို အဖန်းခံသတ္တဝါတစ်ဦးအနေဖြင့် ကြည်ညိုကြ၏။ ငါသည် တတိယကောင်းကင်၌ ရှိသောအချိန်တွင်၊ ၎င်းတို့သည် ငါ့ကို အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသော အနန္တတန်ခိုးရှင်အဖြစ် သဘောထားကြသည်။ ငါသည် မိုးမျက်နှာကြက်တွင် ရှိသောအချိန်၌ ၎င်းတို့က ငါ့ကို အရာခပ်သိမ်းအား ပြည့်စေသော ဝိညာဉ်အဖြစ် မြင်ကြသည်။ အချုပ်အားဖြင့်၊ လူတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် သင့်တော်သော နေရာမရှိပေ။ ယင်းမှာ ငါသည် ဖိတ်ကြားခြင်းမခံရသော ဧည့်သည်တစ်ဦးဖြစ်သည့်အလား ဖြစ်သည်၊ လူတို့သည် ငါ့ကို စက်ဆုပ်ရွံ့ရှာပြီး၊ ထို့ကြောင့် ငါသည် လက်မှတ်ကို ထုတ်ကာ၊ ငါ၏ ထိုင်ခုံကို ဝင်ထိုင်ချိန်တွင်၊ ၎င်းတို့သည် ငါ့ကို မောင်းထုတ်ပြီး ဤနေရာတွင် ငါ့အတွက် ထိုင်ရန်နေရာမရှိသကဲ့သို့၊ ငါသည် နေရာမှားသို့ ရောက်လာပြီဟုပြောကြ၏၊ ထို့ကြောင့် ငါသည် ဒေါသထွက်လျက် ထွက်သွားဖို့ရန်မှတပါး၊ ရွေးချယ်စရာမရှိပေ။ လူတို့သည် အလွန် သဘောထား သေးသိမ်သည့်အတွက်၊ ၎င်းတို့၏ သဘောထားကြီးခြင်းသည် အလွန်နည်းပါးသည့်အတွက်၊ နောက်ထပ် လူသားနှင့် ပါဝင်မပတ်သက်ရန် ငါ စိတ်ဆုံးဖြတ်၏။ ငါသည် သူတို့နှင့်အတူ တစ်စားပွဲတည်း ထိုင်ကာ စားသောက်တော့မည် မဟုတ်၊ ငါသည် သူတို့နှင့်အတူ ကမ္ဘာပေါ်တွင် နောက်ထပ် အချိန်ကုန်ဆုံးလိမ့်မည် မဟုတ်။ သို့သော် ငါစကားပြောသည့်အချိန်တွင်၊ လူတို့သည် အလွန်အံ့အားသင့်သွားကြ၏၊။ ငါထွက်ခွာသွားမည်ကို ၎င်းတို့သည် ကြောက်ရွံ့ကြပြီး၊ ထို့ကြောင့် ၎င်းတို့သည် ငါ့အား ဆွဲမြဲဆွဲထားကြသည်။ ၎င်းတို့၏ ဟန်ဆောင်မှုများကို မြင်ရသောအခါ၊ ငါ၏ နှလုံးသားထဲ၌ ဝမ်းနည်းပူဆွေးခြင်းနှင့် အထီးကျန်ဖြစ်ခြင်းတို့အား ချက်ခြင်း ငါခံစားရသည်။ ငါသည် သူတို့အားထားခဲ့မည်ကို လူတို့သည် ကြောက်ရွံ့ကြသောကြောင့် ငါသည် သူတို့နှင့် လမ်းများခွဲသွားသည့်အချိန်တွင် ငိုကြွေးသံသည် ချက်ချင်း နယ်မြေကို ပြည့်လျှံသွားပြီး၊ လူတို့၏ မျက်နှာများသည် မျက်ရည်တို့ဖြင့် ဖုံးသွားကြသည်။ ငါသည် ၎င်းတို့၏ မျက်ရည်များကို သုတ်ကာ၊ ၎င်းတို့ကို နောက်တစ်ကြိမ် ပြန်လည် ချီမပြီး၊ ၎င်းတို့သည် ငါ့ကို ငေးကြည့်ကြသည်၊ ၎င်းတို့၏ အသနားခံနေသော မျက်လုံးများက ငါ့ကို ထွက်မသွားရန် တောင်းပန်နေပြီး၊ သူတို့၏ “စစ်မှန်ရိုးသားမှုကြောင့်” ငါသည် ၎င်းတို့နှင့်အတူ ရှိ၏။ သို့သော် ငါ၏ နှလုံးသားအတွင်းရှိ နာကျင်မှုကို အဘယ်သူ နားလည်နိုင်သနည်း။ ပြောဆို၍မရနိုင်သည့် ငါ၏ အမှုအရာများကို မည်သူ အရေးထားသနည်း။ လူတို့၏ အမြင်များတွင်၊ ငါသည် စိတ်ခံစားချက်များ မရှိသည့်အလား ဖြစ်ပြီး၊ ထို့ကြောင့် ငါတို့သည် မတူညီသော မိသားစုနှစ်ခုမှ အစဉ်အမြဲ ဖြစ်ကြပြီးဖြစ်သည်။ ငါ၏ နှလုံးသားအတွင်းရှိ ဝမ်းနည်းခြင်း ခံစားချက်ကို ၎င်းတို့ မည်သို့ မြင်နိုင်မည်နည်း။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သာယာမှုများကိုသာ တပ်မက်ကြပြီး၊ လက်ရှိအချိန်ထိတိုင် လူတို့သည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်ကို မသိနားမလည်ကြရှိနေကြသေးသောကြောင့် ငါ၏ အလိုကို ၎င်းတို့ အရေးမထားကြချေ။ ထို့ကြောင့်၊ ယနေ့တွင် ၎င်းတို့သည် တိတ်ဆိတ်သော တောင်းပန်မှုများကို ပြုလုပ်နေကြဆဲဖြစ်သည်- ဤအရာသည် အဘယ်အကျိုးကျေးဇူး ရှိသနည်း။

ငါသည် လူသားအလယ် အသက်ရှင်သောအခါ၊ လူတို့၏ နှလုံးသားများ၌ သေချာသော နေရာတစ်ခုကို ထိန်းသိမ်းထားသည်။ ငါသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ၊ လူတို့သည် လူ့ဇာတိဟောင်းတွင် အသက်ရှင်ကြသောကြောင့်၊ ၎င်းတို့သည် ငါ့ကို လူ့ဇာတိဖြင့် အမြဲ ဆက်ဆံကြသည်။ လူတို့သည် ဇာတိပကတိကိုသာ ပိုင်ဆိုင်ပြီး နောက်ထပ်ဖြည့်စရာမရှိသောကြောင့်၊ ၎င်းတို့သည် “၎င်းတို့ရှိသမျှအားလုံး” ကို ငါ့အားပေးကြပြီး ဖြစ်သည်။ သို့သော်၊ ၎င်းတို့သည် မည်သည့်အရာမျှ မသိပေ။ ၎င်းတို့သည် “၎င်းတို့၏ ဆည်းကပ်ခြင်း”ကို ငါ့ရှေ့တွင် ပေးရုံမျှပေးကြသည်။ ငါရိတ်သိမ်းသည်မှာ သုံးမရသော အမှိုက်ဖြစ်သည်- သို့သော် လူများသည် ထိုသို့ မထင်ကြချေ။ ငါ၏ အမှုအရာတို့အဖို့ ၎င်းတို့ ပေးသော “လက်ဆောင်များ”ကို ငါနှိုင်းယှဉ်သောအခါ၊ လူတို့သည် ငါ၏ အဖိုးထိုက်တန်ခြင်းကို ချက်ချင်း မှတ်မိကြပြီး၊ ထို့နောက်မှသာ ၎င်းတို့သည် ငါ၏ အတိုင်းအဆမဲ့ခြင်းကို မြင်ကြလေသည်။ ငါသည် ၎င်းတို့၏ ချီးမွမ်းမှုကြောင့် ဂုဏ်ယူဝင့်ကြွားခြင်း မခံစားရဘဲ လူတို့သည် ငါ့ကို ပြည့်ဝစွာ သိစေရန်အလို့ငှာ၊ လူသားထံ ငါဆက်လက်ပေါ်ထွန်းသည်။ ငါ၏ အလုံးစုံကို ၎င်းတို့အား ငါပြသသောအခါ၊၎င်းတို့သည် ငါ၏ ရှေ့တွင် ဆားတိုင်ကဲ့သို့ မလှုပ်မယှက် ရပ်လျက်၊ ငါ့အား ပြူးကျယ်သော မျက်လုံးများဖြင့် မော့ကြည့်ကြသည်။ ငါသည် ၎င်းတို့၏ အူကြောင်ကြောင်နိုင်ခြင်းကို ရှုမြင်ရသည့်အချိန်တွင်၊ ငါသည် မိမိကိုယ်ကိုယ် ရယ်မောနေခြင်းမှ မရပ်တန့်နိုင်ပေ။ ၎င်းတို့သည် ငါ့ထံမှ အမှုအရာများကို တောင်းလျှောက်ဖို့ရန် လက်လှမ်းသောကြောင့်၊ ငါသည် သူတို့အား ငါ့လက်ထဲရှိ အမှုအရာများကို ပေးလိုက်ပြီး၊ ယင်းတို့ကို မွေးကင်းစကလေးကဲ့သို့ တဒင်္ဂသာကြာသည့် ၎င်းတို့ ပါဝင်ပတ်သက်သည့် လှုပ်ရှားမှုတစ်ခုကဲ့သို့ ချစ်ခင်မြတ်နိုးရင်း၊ ၎င်းတို့သည် ယင်းတို့ကို ရင်တွင် ပိုက်ထားကြသည်။ ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ငါသည် ပြောင်းလဲသောအခါ ၎င်းတို့သည် “ကလေး” ကို ချက်ချင်း တစ်ဖက်သို့ ပစ်လိုက်ပြီး၊ ၎င်းတို့၏ လက်များဖြင့် ၎င်းတို့၏ ဦးခေါင်းများကို ကိုင်ကာ ပြေးသွားကြသည်။ လူတို့၏ အမြင်များတွင်၊ ငါသည် အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ ပါရှိနေသည့် အထောက်အပံ့ ဖြစ်သည်။ ယင်းမှာ ငါသည် အခေါ်ခံရလျှင် ခံရချင်း လာသော စားပွဲထိုးတစ်ဦးဖြစ်သည့်အလား ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးကို တိုက်ခိုက်ဖို့ အကန့်အသတ်မဲ့ တန်ခိုးကို ပိုင်ဆိုင်သည့်အလား၊ လူတို့သည် ငါ့ကို အစဉ်အမြဲ “ကြည်ညိုကြ” ပြီး၊ ထို့ကြောင့် ၎င်းတို့၌ အုပ်စိုးသူရှိသည်ကို အရာခပ်သိမ်းက မြင်နိုင်နိုင်ဖို့အလို့ငှာ၊ မည်သူမျှ ၎င်းတို့ကို မလှည့်စားဝံ့ကြဖို့အလို့ငှာ၊ ၎င်းတို့သည် မြေပြင်အနှံ့ ခရီးတွင် ငါ့အား ဦးဆောင်သွားရင်း၊ ငါ၏ လက်ကို အမြဲ စွဲကိုင်ထားကြပြီး ဖြစ်သည်။ ၎င်းတို့သည် လိမ်လည်လှည့်စားမှုမှတစ်ဆင့် အကျိုးအမြတ်ရရှိရန် ဆန္ဒရှိလျက်၊ “၎င်းတို့၏ ပင်လယ်ကမ်းစပ်နေရာများတွင် အချိန်ဖြုန်းနေ”သည့်အတွက်၊ “ကျား၏ ခံညားထည်ဝါမှုကို အသွင်ဆောင်သော မြေခွေး”နှင့်ဆိုင်သည့် လူတို့၏ လှည့်စားမှုကို ငါသည် ကြာမြင့်စွာကတည်းက ရိပ်စားမိပြီးဖြစ်သည်။ ငါသည် ၎င်းတို့၏ မသိမသာ စိမ့်ဝင်ကူးစက်ပျံ့နှံ့တတ်သည့် မလိုမုန်းထားသော အကြံအစည်တို့ကို ကြာမြင့်စွာကတည်းက ရိပ်စားမိပြီးဖြစ်သကဲ့သို့၊ ငါသည် ငါတို့၏ ဆက်ဆံရေးကို မထိခိုက်စေလိုခြင်းကြောင့်သာ ဖြစ်သည်။ ငါသည် အချည်းနှီး ပြဿနာမရှာပေ- ယင်းတွင် မည်သည့်တန်ဖိုး သို့မဟုတ် အရေးပါမှုမျှ မရှိ။ လူတို့၏ အားနည်းချက်များကိုအကြောင်းပြု၍ ငါလုပ်ရမည့်အလုပ်ကို ငါလုပ်ရုံမျှလုပ်သည်။ ထိုသို့မဟုတ်လျှင် ငါသည် ၎င်းတို့အား ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲမည်ဖြစ်ပြီး၊ ၎င်းတို့အား နောက်ထပ်တည်ရှိစေတော့မည် မဟုတ်။ သို့ရာတွင် ငါ ပြုသောအမှုသည် အဓိပ္ပာယ်ရှိသောကြောင့် ငါသည် လူသားကို ပေါ့ပေါ့တန်တန် ပြစ်တင်ဆုံးမခြင်းမပြုပေ။ လူတို့သည် ၎င်းတို့၏ ခန္ဓာကို အစဉ်အမြဲ ဇက်ပုံပေးကြသည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ၏ အလိုကို မလိုက်နာကြဘဲ၊ ငါ၏တရားစီရင်ရာ ပလ္လင်ရှေ့တွင် ငါ့ကို အမြဲ နားပူနားဆာ လုပ်ကြသည်။ လူတို့သည် အလွန်ရဲတင်းကြ၏။ “နှိပ်စက်ညှဉ်းပန်းသည့် ကိရိယာများအားလုံး”က ၎င်းတို့ကို ခြိမ်းခြောက်သည့်အခါ၊ ၎င်းတို့သည် အနည်းငယ်မျှ မတုန်လှုပ်ပေ။ ဖြစ်ရပ်မှန်များမတိုင်မီတွင်၊ ၎င်းတို့သည် မည်သည့် အဖြစ်မှန်များကိုမျှ ထောက်ပံ့ပေးလာနိုင်စွမ်းမရှိမြဲ ဖြစ်နေကြပြီး၊ ငါ့ကို ခေါင်းမာစွာ ခံခုသည်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြချေ။ ညစ်ညူးသည့်အရာအားလုံးကို ဖော်ထုတ်ရန် ငါတောင်းဆိုသောအခါ ၎င်းတို့သည် လက်ဗလာနှစ်ဖက်ကိုသာ ပြဆဲရှိသည်- ဤအရာကို အခြားသူများက “စံနမူနာ” အဖြစ် အဘယ်သို့ မသုံးဘဲ နေနိုင်မည်နည်း။ လူသားတို့ “နှစ်လိုဖွယ်” ဖြစ်ကြသည်မှာ ၎င်းတို့၏ “ယုံကြည်ခြင်း” အလွန် ကြီးမားသောကြောင့် ဖြစ်ပေသည်။

ငါသည် စကြဝဠာအနှံ့ ငါ၏ အမှုကို စတင်ပြီးဖြစ်သည်။ စကြဝဠာရှိ လူတို့သည် ရုတ်တရက် နိုးထကြပြီး ငါ၏အမှုဖြစ်သည့် ဗဟိုချက်ကို လှည့်ပတ်ရွေ့လျားကြပြီး၊ ငါသည် ၎င်းတို့အတွင်း၌ “ခရီးနှင်” သောအခါ အားလုံးသည် စာတန်၏ ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီး၊ စာတန်၏ ဖိစီးခြင်း အလယ်၌ ညှင်းဆဲခြင်းကို မခံရပေ။ ငါ၏ နေ့ရက် ရောက်ရှိခြင်းကြောင့်၊ လူတို့သည် ပျော်ရွှင်ခြင်းဖြင့် ပြည့်ကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းရှိ ဝမ်းနည်းခြင်း ပျောက်ကွယ်သွားသည်၊ မိုးကောင်းကင်က ဝမ်းနည်းမှုတိမ်တိုက်တို့သည် လေထုထဲတွင် အောက်စီဂျင် အဖြစ်သို့ ပြောင်းလဲကာ လွင့်မျောသွားပြီး၊ ဤအခိုက်အတန့်တွင် ငါသည် လူနှင့်အတူတကွ ရှိခြင်း၏ ပျော်ရွှင်ခြင်းကို မွေ့လျော်ခံစား၏။ လူသား၏ လုပ်ရပ်များသည် ငါအရသာခံဖို့ တစ်စုံတစ်ခုကို ငါ့အားပေးပြီး၊ ထို့ကြောင့် ငါသည် စိတ်ထိခိုက်ခြင်း မရှိတော့ပေ။ ပြီးလျှင် ငါ၏ နေ့ရက် ရောက်ရှိခြင်းနှင့်အတူပါရှိလျက် ကမ္ဘာမြေပေါ်က အမှုအရာတို့သည် ၎င်းတို့၏ ဖြစ်တည်ခြင်း အရင်းအမြစ်ကို ပြန်လည်ရရှိပြီး၊ ငါသည် အရာခပ်သိမ်းကို အသက်ဖြင့် ထွန်းလင်းစေပြီး၊ ထို့ကြောင့် ၎င်းတို့ကို တိတ်တဆိတ်လည်း ပျောက်ကွယ်သွားစေသည့်အတွက် ၎င်းတို့သည် ငါ့ကို မိမိတို့ဖြစ်တည်ခြင်း၏ အခြေခံအဖြစ် သဘောထားကြသည်။ ထို့ကြောင့် ထို့ကြောင့် အရာခပ်သိမ်းသည် ငါ၏ နှုတ်မှ အမိန့်များကို စောင့်ဆိုင်းကြပြီး၊ ငါ လုပ်ဆောင်ကာ ပြောဆိုသော အရာအားဖြင့် ကျေနပ်အားရကြလေသည်။ အရာခပ်သိမ်းအလယ်တွင်၊ ငါသည် အမြင့်ဆုံးသောအရှင်ဖြစ်၏- သို့တိုင် ငါသည် လူများအလယ်တွင်လည်း အသက်ရှင်ပြီး၊ လူသား၏ လုပ်ဆောင်ချက်များအား ကောင်းကင်နှင့် မြေကြီးကို ငါ၏ဖန်ဆင်းခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များအဖြစ် ငါအသုံးပြုသည်။ လူတို့သည် ငါ၏ ရှေ့တွင် ကြီးမားသော ချီးမွမ်းခြင်းကို ပြုသောအခါ ငါသည် အရာခပ်သိမ်းအလယ်တွင် ချီးမြှောက်ခြင်းခံရ၏၊ ထို့ကြောင့် ကမ္ဘာမြေပေါ်ရှိ ပန်းများသည် ပူပြင်းသော နေရောင်အောက်၌ ပိုမိုလှပစွာ ဖြစ်ထွန်းကြသည်၊ မြက်ပင်တို့သည် ပိုမို စိမ်းလန်းလာကြပြီး၊ ကောင်းကင်ရှိ တိမ်တို့သည်လည်း ပိုမို အပြာရောင်သန်းပုံရကြလေသည်။ ငါ၏ အသံကြောင့်၊ လူတို့သည် ဟိုဟိုသည်သည် ပြေးကြသည်၊ ယနေ့တွင် ငါ၏ နိုင်ငံတော်ထဲက လူတို့၏ မျက်နှာများသည် ဝမ်းမြောက်ခြင်းဖြင့်ပြည့်ပြီး၊ ၎င်းတို့၏ အသက်တာသည် ကြီးထွားလေသည်။ ငါသည် ငါရွေးချယ်ထားသော လူအားလုံး အလယ်တွင် အမှုပြုပြီး၊ ငါသည် ငါ၏ ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သောကြောင့်၊ ငါ၏ အမှုကို လူသား၏ စိတ်ကူးများနှင့် ငါ စွန်းထင်းခွင့်မပေးပေ။ ငါ အမှုပြုသောအခါ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် ၎င်းတို့အထဲရှိ အရာရာတို့သည် ပြောင်းလဲကာ အသစ်ပြုပြင်ခြင်းခံရပြီး၊ ငါ၏ အမှုကို ငါပြီးစီးသည့်အချိန်တွင်၊ လူသည် လုံးဝ အသစ်ပြုပြင်ခြင်းခံရ၏၊ ပျော်ရွှင်ခြင်းအသံကို ကမ္ဘာမြေအနှံ့ ကြား၍ရနိုင်သည့်အတွက်၊ သူသည် ငါတောင်းဆိုသည့်အရာကြောင့် စိတ်သောကဖြင့် အသက်မရှင်တော့သကဲ့သို့၊ ငါသည် သူ့ထံ ငါ ပေးသော ကောင်းချီးမင်္ဂလာများကို လူသားအလယ် အပ်နှင်းဖို့ ဤအခွင့်အရေးကို အသုံးချ၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သောအခါ လူတို့သည် ငါ့ကို ကြောက်ရွံ့ကြသော်လည်း၊ ငါသည် လူအလယ် ရှင်ဘုရင် ဖြစ်ပြီး လူသားအလယ် အသက်ရှင်သောအခါ၊ ငါနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများသည် ဖယ်ရှားရန် ခက်ခဲသကဲ့သို့ အလွန် နက်ရှိုင်းစွာ စွဲခိုင်သည်အထိ အလွန်ဆိုးရွားလှသည့်အတွက်၊ လူတို့သည် ငါ၌ ဝမ်းမြောက်ခြင်း ရှာမတွေ့ကြချေ။ လူသား၏သရုပ်သကန်ကြောင့်၊ ငါသည် သင့်လျော်သော ငါ၏အမှုကို ပြုပြီး၊ ငါသည် ကောင်းကင်တွင် မြင့်စွာ ပေါ်ထွက်ပြီး ငါ၏ အမျက်ဒေါသကို လူသားအပေါ် ထုတ်လွှတ်လိုက်သောအခါ၊ ငါ့အပေါ် လူသား၏ အမျိုးမျိုးသော ထင်မြင်ယူဆချက်တို့သည် ပြာမှုန့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ငါ့အပေါ် ၎င်းတို့၏ အယူအဆအချို့ကို ထပ်ပြောဆိုရန် ၎င်းတို့ကို ငါတောင်းဆိုသော်လည်း၊ ၎င်းတို့တွင် ဘာမျှ မရှိသည့်အလား၊ ပြီးလျှင် ၎င်းတို့သည် နှိမ့်ချကြသည့်အလား ဆွံ့အသွားကြသည်။ ကမ္ဘာလောကကို ငါဖန်ဆင်းခဲ့ချိန်မှစ၍ ယနေ့ထိ ငါသည် လူတို့၏ အယူအဆများ၌ အမြဲ အသက်ရှင်ပြီးဖြစ်သည့်အတွက်၊ ငါသည် လူတို့၏ အယူအဆများတွင် သာ၍ အသက်ရှင်လေလေ၊ ၎င်းတို့သည် ငါ့ကို သာ၍ ချစ်လာလေလေဖြစ်ပြီး၊ လူတို့၏ အယူအဆများ၏ အပြင်တွင် ငါသာ၍ အသက်ရှင်လေလေ၊ ငါ့ကို သာ၍ ၎င်းတို့ ရှောင်ရှားကာ ငါနှင့်ပတ်သက်၍ အယူအဆများ သာ၍ ရှိကြလေလေ ဖြစ်သည်။ ငါသည် ယနေ့တွင် လူသားအလယ် လာသောအချိန်တွင်၊ လူတို့၏ အယူအဆများအားလုံးကို ငါပပျောက်စေသောကြောင့် လူတို့သည် တကယ်ကို ငြင်းပယ်ကြလေသည်- သို့သော် ငါသည် ၎င်းတို့၏ အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန် သင့်တော်သော နည်းစနစ်များ ရှိသည်။ လူတို့သည် မစိုးရိမ်သင့် သို့မဟုတ် စိတ်သောကမရောက်သင့်ပေ။ ငါသည် လူအားလုံးအား ငါ့ကိုချစ်စေရင်းနှင့် ကောင်းကင်ဘုံတွင် ငါ၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားခွင့် ပေးလျက် လူသားမျိုးနွယ်အားလုံးကို ငါ၏ ကိုယ်ပိုင် နည်းစနစ်များဖြင့် ကယ်တင်မည်ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်

အရှေ့သို့- အခန်း ၃၂

နောက်တစ်ခုသို့- အခန်း ၃၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။