အခန်း ၃၄

တစ်ခါက ငါသည် လူသားကို ငါ၏အိမ်သို့ ဧည့်သည်တစ်ဦးအဖြစ် ဖိတ်ခေါ်ခဲ့သော်လည်း- သူ့ကိုဧည့်သည်အဖြစ် ဖိတ်ခြင်းထက် ငါသည် သူ့ကို လူသတ်ကွင်းထဲသို့ ခေါ်ဆောင်ဘိသည့်အလား- သူသည် ငါ၏ခေါ်ခြင်းများကြောင့် ဟိုဟိုသည်သည် ပြေးလေသည်။ ထိုသို့ဖြင့် လူသားသည် ငါ့ကို အမြဲရှောင်ဖယ်ပြီး၊ သူသည် ငါ့ကို အစဉ် သတိထားသည့်အတွက်၊ ငါ၏အိမ်သည် ဟင်းလင်းဖြစ်ကျန်ရစ်လေသည်။ ဤအရာသည် ငါ၏အမှု တစ်စိတ်တစ်ပိုင်းကို ဆောင်ရွက်ခြင်းငှာ မည်သည့်နည်းလမ်းမျှ မရှိဘဲဖြစ်စေရစ်သည်၊ ဆိုလိုသည်မှာ လူသားသည် ဤစားသောက်ပွဲကို မွေ့လျော်ရန် လိုလားနေခြင်းမရှိသောကြောင့် ငါသည် သူ့အတွက် ပြင်ဆင်ခဲ့ပြီးသော စားသောက်ပွဲကို ရုတ်သိမ်းသကဲ့သို့ဖြစ်သောကြောင့်၊ ငါသည် သူ့ကို မွေ့လျော်ရန် အတင်းမတိုက်တွန်းခဲ့ပေ။ သို့သော် လူသားသည် မိမိကိုယ်ကိုယ် ဆာလောင်မှုဖြင့် ဝိုင်းရံဖိစီးခံရသည်ကို ရုတ်တရက် သိရှိသွား၏၊ ထို့ကြောင့် သူသည် ငါ၏တံခါးကို လာခေါက်လျက် ငါ့ကို အကူအညီတောင်းလျက်ရှိရာ- သူ့ကို ထိုသို့သော သေရေးရှင်ရေးတမျှဖြစ်သော အကြပ်အတည်း၌ တွေ့ရသောအခါ ငါသည် အဘယ်သို့ သူ့ကို မကယ်တင်ဘဲရှိနိုင်မည်နည်း။ ထိုသို့ဖြင့်၊ ငါသည် လူသားအတွက် စားသောက်ပွဲတစ်ခုကို သူမွေ့လျော်ရန်ခံစားနိုင်ဖို့အလို့ငှာ တဖန်ပြင်ဆင်လေသည်၊ ထိုအခါမှသာ ငါသည် အဘယ်မျှနှစ်လိုဖွယ်ဖြစ်သည်ကို သူခံစားရပြီး၊ ထိုသို့ဖြင့် သူသည် သူသည် ငါ့ကို အမှီပြုလာလေသည်။ သူ့အပေါ် ငါ၏သဘောထားကြောင့် သူသည် “သံသယများ မရှိဘဲ” ငါ့ကို တဖြည်းဖြည်း ချစ်လာကာ၊ ငါသည် သူ့ကို “မီးသင်္ဂြိုလ်ရာမြေ”သို့ ပို့လိမ့်မည်ဟု သူသည် သံသယမရှိတော့ပေ။ အကြောင်းမှာ ဤအရာသည် ငါ၏ အလိုမဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါ၏နှလုံးသားကို တွေ့မြင်ပြီးမှသာ လူသားသည် ငါ့အပေါ် အမှန်တကယ် အမှီပြုလေသည်၊ ယင်းက သူသည် အဘယ်မျှ “သတိရှိသည်”ကို ပြသ၏။ သို့တိုင် ငါသည် လူသားကို သူ၏ လှည့်ဖြားမှုကြောင့် သတိရှိသည်မဟုတ်ဘဲ၊ ထို့ထက် ငါသည် ငါ၏ နွေးထွေးသော ပွေ့ဖက်မှုဖြင့် လူတို့၏နှလုံးသားများကို တို့ထိသည်။ ဤသည်မှာ လက်ရှိအချိန်တွင် ငါ လုပ်ဆောင်နေသည့် အရာ မဟုတ်လော။ ဤသည်မှာ လက်ရှိအဆင့်တွင် လူတို့၌ ပေါ်လွင်ထင်ရှားသည့် အရာမဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော အရာတို့ကို လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော ခံယူချက်တစ်ခု ပိုင်ဆိုင်ထားကြသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် သိကြသောကြောင့်လော။ ယင်းမှာ ငါ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာ အမှန်တကယ် ရှိသောကြောင့်လော။ ငါသည် မည်သူကိုမျှ ငါ့ကိုချစ်ရန် အတင်းအကျပ် မပြုဘဲ၊ ၎င်းတို့၏ကိုယ်ပိုင်ရွေးချယ်မှု ပြုရန် လွတ်လပ်ခွင့်မျှသာ ပေးသည်။ ဤတွင် ငါသည် ဝင်ရောက်မစွက်ဖက်သကဲ့သို့ ၎င်းတို့၏ ကံကြမ္မာနှင့်ပတ်သက်သည့် ရွေးချယ်မှုများကို ပြုလုပ်ရန် ၎င်းတို့ကို မကူညီပေ။ လူတို့သည် ငါ့ရှေ့တွင် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ချမှတ်ကြသည်၊ ၎င်းတို့သည် ယင်းကို ငါစစ်ဆေးရန် ငါ့ရှေ့သို့ ယူဆောင်ကြပြီးဖြစ်ကာ၊ “လူ၏ သန္နိဋ္ဌာန်” ပါရှိသော အိတ်ကို ငါ ဆွဲဖွင့်လိုက်သောအခါ၊ အတွင်းတွင် အမှုအရာတို့ကို တွေ့ရသည်၊ ယင်းတို့သည် ရောပုံထားသော်လည်း၊ အတော်အတန် “ရက်ရောသော”အရာများ ဖြစ်ပေသည်။ လူတို့သည် ၎င်းတို့၏ “သန္နိဋ္ဌာန်”ကို ငါ ဆွဲနုတ်လိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ငါ့ကို မျက်လုံး အပြူးသားနှင့် ကြည့်ကြသည်။ သို့သော် လူ၏ အားနည်းချက်ကြောင့်၊ တကယ့်အစတွင် ငါသည် တရားစီရင်ခြင်း မပြုသကဲ့သို့၊ ထိုအစား ငါသည် အိတ်ကိုပိတ်ကာ ငါလုပ်ရမည့် အမှုကို ဆက်လက်၍ လုပ်ဆောင်သည်။ သို့သော် လူသားသည် ငါ၏အမှု နောက်ပိုင်းတွင် ငါ၏လမ်းပြမှုထဲသို့ မဝင်ရောက်ကြဘဲ သူ၏သန္နိဋ္ဌာန်ကို ငါချီးမွှမ်းပြီးခြင်း ရှိမရှိဆိုသည်ကို ဆက်လက် စိတ်ဝင်စားလေသည်။ ငါသည် များလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်ကာ များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီး ဖြစ်သည်။ သို့သော် ယနေ့ထိ လူသားသည် ငါ၏ အလိုကို နားလည်နိုင်စွမ်း မရှိနေသေးသကဲ့သို့၊ ထိုသို့ဖြင့် သူ၏ စိတ်ရှုပ်ထွေးစေသော လုပ်ရပ်တိုင်းသည် ငါ၏ခေါင်းကို ချာချာလည်နေစေရစ်ပေသည်။ သူသည် အဘယ်ကြောင့် ငါ၏အလိုကို အစဉ် နားလည်နိုင်စွမ်း မရှိသကဲ့သို့ အမှုအရာများကို သဘောရှိ မဆင်မခြင် လုပ်ဆောင်ရသနည်း။ သူ၏ ဦးနှောက်သည် ထိတ်လန့်ခြင်း ခံစားရလေပြီလော။ ငါ ပြောဆိုသော နှုတ်ကပတ်တော်တို့ကို သူ နားမလည်သည်များ ဖြစ်နိုင်မည်လော။ သူ၏မျက်စိသည် ရှေ့တည့်တည့် ကြည့်လျက် သူ အစဉ် ပြုမူသော်လည်း၊ လမ်းဖောက်ခြင်းနှင့် အနာဂတ်လူတို့အတွက် စံပြဖြစ်နိုင်စွမ်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ ပေတရု မတိုင်မီတွင် စံပြ ‌ဖြစ်တည်သောသူ တစ်ဦးတစ်လေ ရှိခဲ့သလော။ ပေတရု ရှင်သန်ခဲ့သည်မှာ ငါ၏ လမ်းပြပို့ဆောင်မှုအောက်တွင် ဖြစ်သည် မဟုတ်လော။ ယနေ့လူတို့သည် အဘယ်ကြောင့် ဤအရာကို မတတ်စွမ်းနိုင်ကြသနည်း။ လိုက်လျှောက်ရန် စံပြတစ်ခုရှိပြီးနောက်တွင်၊ အဘယ်ကြောင့် ငါ၏အလိုကို ၎င်းတို့ မကျေနပ်စေနိုင်သေးသနည်း။ ဤအရာက လူသားသည် ငါ့ကို ယုံကြည်ကိုးစားခြင်း မရှိသေးသည်ကို ပြသပြီး၊ ယင်းမှာ ယနေ့၏ စိတ်မချမ်းမြေ့ဖွယ် အခြေအနေဆီသို့ ဆိုက်ရောက်စေပြီးဖြစ်သည့်အရာ ဖြစ်သည်။

ငါသည် ကောင်းကင်၌ ပျံသန်းလျက်ရှိသော ငှက်ငယ်များကို စောင့်ကြည့်ရာတွင် သာယာကြည်နူး၏။ သူတို့သည် ငါ့ရှေ့၌ ၎င်းတို့၏ သန္နိဋ္ဌာန် မချမှတ်ထားသော်လည်း၊ ငါ့ကို ‘ပေး’ရန် စကားများမရှိသော်လည်း၊ ၎င်းတို့ကို ငါပေးအပ်ထားသော ကမ္ဘာတွင် ပျော်ရွှင်မှုကို ၎င်းတို့ ရှာတွေ့ကြလေသည်။ သို့သော် လူသားသည် ဤအရာကို မတတ်စွမ်းနိုင်သကဲ့သို့၊ သူ၏မျက်နှာသည် ညှိုးမှိုင်ခြင်း အပြည့်ဖြစ်သည်- ယင်းမှာ ငါသည်သူ့ကို မပေးနိုင်သော အကြွေးတင်သည်များ ဖြစ်နိုင်မည်လော။ အဘယ်ကြောင့် သူ၏ မျက်နှာသည် မျက်ရည် အစဉ်စီးဆင်းသနည်း။ တောင်ကုန်းတို့၌ ပွင့်လန်းဝေဆာနေသော နှင်းပန်းများကို ငါသဘောကျ၏။ ပန်းများနှင့် မြက်ပင်တို့သည် တောင်စောင်းအနှံ့ ပေါက်ရောက်နေသော်လည်း၊ နှင်းပန်းများသည် နွေဦးရာသီ မရောက်မီ မြေကြီးပေါ်တွင် ငါ၏ ဘုန်းအသရေကို ဂုဏ်ရောင်ထွန်းပြောင်မှု ဖြည့်ပေးကြသည်- လူသားသည် ထိုသို့သော အရာများကို စွမ်းဆောင်နိုင်သလော။ သူသည် ငါပြန်မလာမီ ကမ္ဘာမြေပေါ်တွင် ငါ့ကို သက်သေခံနိုင်မည်လော။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါ၏နာမအတွက် သူသည် မိမိကိုယ်ကိုယ် ဆက်ကပ်နိုင်မည်လော။ ယင်းမှာ ငါ၏မိန့်မြွက်ချက်များသည် လူသားအပေါ် သတ်မှတ်ချက်ဖြင့် ယှက်သန်းသည့်အလားဖြစ်သည်- ဤသတ်မှတ်ချက်တို့၏ အကျိုးဆက်အနေနှင့် သူသည် ငါ့ကို စက်ဆုပ်လေသည်။ သူ၏ခန္ဓာသည် အလွန်အားနည်းပြီး အခြေခံအားဖြင့် သူသည် ငါတောင်းဆိုသောအရာကို ကြိုးပမ်းရရှိနိုင်စွမ်း မရှိသောကြောင့် ငါ၏နှုတ်ကပတ်တော်တို့ကို သူကြောက်ရွံ့သည်။ ငါ၏နှုတ်ကို ဖွင့်သောအခါ၊ ကမ္ဘာမြေပေါ်က လူတို့သည် အငတ်ဘေးကို လွတ်မြောက်ဖို့ ကြိုးစားနေကြသည့်အလား၊ အရပ်လေးမျက်နာသို့ ထွက်ပြေးနေကြသည်ကို ငါ မြင်ရသည်။ ငါ၏မျက်နှာကို ဖုံးကွယ်သောအခါ၊ ငါ့ကိုယ်ကို လှည့်သောအခါ လူတို့သည် ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်ကြသွားသည်။ ၎င်းတို့သည် ငါ၏ထွက်ခွာခြင်းကို ကြောက်ရွကြသောကြောင့် မည်သည့်အရာ လုပ်ရမည် မသိဖြစ်ကြသည်။ ၎င်းတို့၏အယူအဆများတွင် ငါထွက်ခွာမည့် နေ့ရက်သည် ကောင်းကင်မှ ဘေးဒုက္ခ သက်ဆင်းမည့်နေ့ရက်၊ ၎င်းတို့၏ အပြစ်ပေးခံရခြင်း စတင်သောနေ့ရက် ဖြစ်ပေမည်။ သို့သော် ငါလုပ်ဆောင်သည့်အရာမှာ လူသား၏အယူအဆများနှင့် အတိအကျ ဆန့်ကျင်ဘက် ဖြစ်လေသည်။ ငါသည် လူသား၏အယူအဆတိုင်း ဘယ်သောအခါမျှ မဆောင်ရွက်ဖူးသကဲ့သို့၊ သူ၏ အယူအဆတို့ကို ငါနှင့် လိုက်လျောညီထွေဖြစ်ရန် ဘယ်သောအခါမှ ခွင့်မပြုဖူးပေ။ ငါ ဆောင်ရွက်သော အချိန်သည် လူတို့ ဖွင့်ချခံရသောအချိန် အတိအကျ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ငါ၏ဆောင်ရွက်ချက်တို့ကို လူသား အယူအဆများဖြင့် တိုင်းတာ၍ မရပေ။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယနေ့ထိတိုင်၊ အဘယ်သူမျှ “တိုက်အသစ်”ကို ငါလုပ်ဆောင်သော အရာတို့တွင် ရှာဖွေတွေ့ရှိဖူးခြင်းမရှိပေ။ ငါအရေးယူဆောင်ရွက်သည့် နိယာမများကို မည်သူမျှ သဘောမပေါက်ဖူးကြသကဲ့သို့၊ အဘယ်သူမျှ ထွက်မြောက်ရာလမ်းသစ်ကို မဖွင့်ဖူးကြချေ။ ထို့ကြောင့် ယနေ့ လူတို့သည် လမ်းမှန်ထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိမြဲ ဖြစ်နေသည်- ဤသည်မှာ ၎င်းတို့ ချို့တဲ့သောအရာ အတိအကျ ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းခြင်း အချိန်မှစ၍ ယနေ့ထိတိုင်၊ ငါသည် ထိုသို့သော လုပ်ငန်းတစ်ခုကို ယခင်က လုံးဝ စတင်ဖူးပေ။ နောက်ဆုံးသောကာလတွင် ငါသည် အချို့သော အပိုင်းအစအသစ်တို့ကိုမျှ ငါ၏ အမှုဆီသို့ ဖြည့်လေပြီ ဖြစ်သည်။ သို့သော် ထိုသို့သော သိသာသည့် အခြေအနေများအောက်တွင်ပင်၊ လူတို့သည် ငါ၏အလိုကို သဘောပေါက်နိုင်စွမ်း မရှိသေးပေ- ဤသည်မှာ ၎င်းတို့ ကင်းမဲ့သည့် အရာ အတိအကျ ဖြစ်သည် မဟုတ်လော။

ငါသည် အမှုအသစ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ ငါသည် လူသားနှင့်သက်ဆိုင်သည့် အသစ်သော သတ်မှတ်ချက်များ ရှိသည်။ လူသားအတွက်၊ ယင်းမှာ အတိတ်က သတ်မှတ်ချက်များသည် သက်ရောက်မှု မရှိပြီးလေသည့်အလားဖြစ်ပြီး၊ ယင်းမှာ ထိုအရာတို့ကို သူ မေ့လျော့သည့် အကြောင်းရင်း ဖြစ်သည်။ ငါ အမှုပြုသည့် နည်းလမ်းသစ်မှာ အဘယ်အရာဖြစ်သနည်း။ ငါသည် လူသားကို အဘယ်အရာ တောင်းဆိုသနည်း။ လူတို့သည် အတိတ်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာသည် ငါ၏အလိုနှင့်အညီ ဖြစ်ခဲ့ခြင်း ရှိမရှိဆိုသည်နှင့်၊ ၎င်းတို့၏ လုပ်ရပ်များသည် ငါတောင်းဆိုသည့် ဘောင်များအတွင်း ရှိခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ၎င်းတို့ကိုယ်တိုင် တိုင်းတာနိုင်ကြသည်။ ငါသည် အရာရာကို တစ်ခုချင်းစီ စစ်ဆေးရန် မလိုအပ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုကို သဘောပေါက်မှုရှိကြပြီး၊ ထို့ကြောင့် ၎င်းတို့၏စိတ်များ၌ ၎င်းတို့မည်ရွေ့မည်မျှ ဆောင်ရွက်နိုင်သည်ကို ရှင်းရှင်းလင်းလင်း ဖြစ်ကြပြီး၊ ၎င်းတို့ကို ပြည့်စုံရှင်းလင်းစွာ ပြောပြရန် ငါ့အတွက် မလိုအပ်ပေ။ ငါ ပြောဆိုသောအခါ၊ အချို့သောလူတို့သည် ခလုတ်တိုက်မိကောင်း တိုက်မိကြလိမ့်မည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် အားနည်းလာခြင်းမှ လူတို့ကို တားဆီးရန် ငါသည် ငါ့နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ပြောဆိုခြင်းအား ရှောင်ရှားပြီး ဖြစ်သည်။ ဤသည်မှာ လူသား၏ လိုက်စားမှုအတွက် သာ၍ အကျိုးရှိသည် မဟုတ်လော။ ယင်းမှာ လူ၏ တိုးတက်မှုအဖို့ ပို၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်သည် မဟုတ်သလော။ အဘယ်သူသည် ၎င်းတို့၏ အတိတ်ကို မေ့ပာ ရှေ့သို့ ကြိုးပမ်းရန် ဆန္ဒမရှိသနည်း။ ငါ၏ “စာနာထောက်ထားမှုမရှိခြင်း” ကြောင့် လူတို့သည် ငါ ပြောဆိုသည့် နည်းလမ်းသည် အသစ်သော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်ကို နားလည်မှုရှိ မရှိ ငါမသိနားမလည်ပေ။ ထို့အပြင်၊ ငါ၏အမှုသည် ငါ့ကို အလွန် “အလုပ်များ” စေသောကြောင့်၊ လူတို့သည် ငါ ပြောဆိုသော သဘောသွားကို နားလည်ခြင်း ရှိမရှိ ဆိုသည်ကို မေးမြန်းရန် ငါသည် အချိန်မရှိလေပြီ။ ထို့ကြောင့် လူတို့သည် ငါ့အပေါ် ပို၍နားလည်မှုရှိရန်သာ ငါတောင်းဆိုသည်။ ငါ၏အမှုသည် ငါ့ကို အလွန် “အလုပ်များ”စေသောကြောင့်၊ ငါသည် လူတို့ကို ညွှန်ကြားရန် ငါ့အမှု၏ အခြေစိုက်စခန်းများကို ကိုယ်တိုင်ကိုယ်ကျ မလည်ပတ်နိုင်ပေ။ ထို့ကြောင့် ငါသည် ၎င်းတို့နှင့်ပတ်သက်၍ “အနည်းငယ်သော သိနားလည်မှု” ရှိလေသည်။ အချုပ်အားဖြင့်၊ အခြားမည်သည့်အရာကိုမျှ ပဓာနမထားဘဲ၊ ငါသည် လူကို အသစ်သော အစနှင့် အသစ်သော နည်းစနစ်တစ်ခုထဲသို့ တရားဝင် ဝင်ရောက်ရန် စတင် ဦးဆောင်နေပြီး ဖြစ်သည်။ ငါ၏ မိန့်မြွက်ချက် အားလုံးတွင်၊ လူတို့သည် ငါ ပြောသည့်အရာတွင် ရယစရာကောင်းခြင်း၊ ဟာသနှင့် အထူးသဖြင့် လှောင်ပြောင်မှု လေသံခပ်ပြင်းပြင်းကို မြင်ကြပြီးဖြစ်သည်။ ဤသို့လျှင် ငါကိုယ်တိုင်နှင့် လူသားကြားက စိတ်သဘောထား ညီညွတ်ခြင်းသည် လူတို့၏မျက်နှာများပေါ် ထူထပ်သော တိမ်တိုက်များ ဖုံးအုပ်စေလျက် အမှတ်တမဲ့ နှောင့်ယှက်ခံရလေသည်။ သို့သော် ငါသည် ဤအရာအားဖြင့် ဘောင်ခတ်မခံရဘဲ၊ ငါ ပြောဆိုကာ လုပ်ဆောင်သမျှအားလုံးသည် ငါ့အစီအစဉ်၏ လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက်၊ ငါသည် ငါ့အမှုကို ဆက်၍ဆောင်ရွက်သည်။ ငါ၏နှုတ်မှ ပြောဆိုထားသည့် အရာအားလုံးသည် လူကို ကူညီပြီး ငါ လုပ်ဆောင်သည့် မည်သည့်အရာမျှ အရေးမပါသောအရာ မရှိပေ။ ငါ လုပ်ဆောင်သမျှအားလုံးသည် လူအားလုံးကို တည်ဆောက်ပေးသည်။ ငါသည် လွတ်ပေးထားပြီး၊ စကားပြောမြဲပြောနေသည်မှာ လူသည် ချို့တဲ့နေသောကြောင့် ဖြစ်သည်။ အချို့သော လူတို့သည် ၎င်းတို့နှင့်သက်ဆိုင်သည့် အသစ်သော သတ်မှတ်ချက်များ ပြုလုပ်ဖို့ ငါ့ကို အသည်းအသန် စောင့်ဆိုင်းနေကြသည်။ ထိုသို့ဖြစ်ပါက၊ ငါသည် ၎င်းတို့၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်း၏။ သို့သော် သင်တို့ကို ငါသတိပေးရမည့်အရာ တစ်ခုရှိသည်- ငါ စကားပြောဆိုသောအခါ လူတို့သည် ထိုးထွင်းသိမြင်မှု သာ၍ ရရှမည်ဟု ငါမျှော်လင့်သည်။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များမှ သာ၍ ရရှိပြီး၊ ထိုသို့ဖြင့် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့အလို့ငှာ၊ ၎င်းတို့ သာ၍ မြော်မြင်တတ်ဖို့ ငါမျှော်လင့်သည်။ ယခင်က၊ အသင်းတော်များတွင် လူတို့၏ အာရုံစိုက်ရာသည် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ချိုးဖဲ့ခံရခြင်းတို့အပေါ် ဖြစ်ခဲ့သည်။ ငါ၏နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းသည် ယင်းတို့၏ ရည်မှန်းချက်များနှင့် အရင်းအမြစ်ကို သိနားလည်မှု အခြေခံအုတ်မြစ်အပေါ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်- သို့သော် ယနေ့သည် အတိတ်ကနှင့် မတူသကဲ့သို့၊ လူတို့သည် ငါ့မိန့်မြွက်ချက်များ၏ အရင်းအမြစ်ကို လုံးဝ သဘောပေါက်နိုင်စွမ်း မရှိကြချေ၊ ထိုသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏အားထုတ်မှု အားလုံးကို ငါ၏နှုတ်ကပတ်တော်အား စားသောက်ခြင်း၌သာ အသုံးပြုကြပြီးသည့်အတွက်၊ ငါ၏ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ချိုးဖဲ့ခြင်းခံရရန် အခွင့်အရေးမရှိကြပေ။ သို့သော် ဤအခြေအနေများအောက်တွင်ပင် ၎င်းတို့သည် ငါ၏ တောင်းဆိုချက်တို့ကို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ၊ ထို့ကြောင့် ငါသည် ၎င်းတို့နှင့် သက်ဆိုင်၍ အသစ်သော တောင်းဆိုချက်များ ပြု၏- ၎င်းတို့အနေဖြင့် ငါနှင့်အတူ စမ်းသပ်ခြင်းများထဲသို့ ဝင်ရောက်ရန်၊ ပြစ်တင်ဆုံးမခြင်းထဲသို့ ၎င်းတို့ ဝင်ရောက်ရန် ငါတောင်းဆိုသည်။ သို့တိုင် သင့်ကို ငါတစ်ခု သတိပေးပါရစေ- ဤသည်မှာ လူကို သေခြင်းသို့ ပို့နေခြင်းမဟုတ်ဘဲ၊ ထို့ထက် လက်ရှိ အဆင့်တွင် ငါ၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ အလွန်နားမလည်နိုင်စရာဖြစ်ပြီး လူသားသည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမရှိသည့်အတွက်၊ ဤသည်မှာ ငါ့အမှုက လိုအပ်သောအရာ ဖြစ်သည်- လုပ်ဆောင်ရမည့်အရာ မည်သည့်အရာမျှမရှိပါတကား။ ငါသည် လူသားကို အသစ်သော နည်းစနစ်ထဲသို့သာ ဝင်ရောက်စေနိုင်သည်။ အခြားလုပ်ဆောင်ရန် အဘယ်အရာရှိသနည်း။ လူသား၏ ချို့ယွင်းချက်များကြောင့်၊ ငါသည်လည်း လူဝင်ရောက်သည့် ရေစီးကြောင်းထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်- လူတို့ကို စုံလင်စေရန် ပြုလုပ်မည်မှာ ငါမဟုတ်လော။ ဤအစီအစဉ်ကို ဖန်တီးသည်မှာ ငါမဟုတ်လော။ အခြားသော သတ်မှတ်ချက်မှာ မခက်ခဲသော်လည်း၊ ယင်းသည် ပထမအဖို့ ဆင့်ပွားမဟုတ်ပေ။ နောက်ဆုံးသောကာလ၏ လူစုထဲက ငါ၏အမှုသည် မကြုံစဖူးသော လုပ်ငန်းတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့်၊ ငါ၏ဘုန်းအသရေသည် စကြဝဠာကို ပြည့်နိုင်ဖို့အလို့ငှာ၊ လူအားလုံးသည် ငါ့အတွက် နောက်ဆုံးသော ဆင်းရဲဒုက္ခကို ခံစားကြရမည်။ သင်တို့သည် ငါ၏ အလိုကို နားလည်ကြသလော။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ငါပြုသော နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူအားလုံးသည် အဆင်းနီသောနဂါးကြီးရှေ့တွင် အားကောင်းသည့်၊ ထူးကဲသော သက်သေကို ခံနိုင်ကြရန်၊ ၎င်းတို့သည် နောက်ဆုံးသော အကြိမ် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် ပူဇော်နိုင်ပြီး၊ နောက်ဆုံးအကြိမ် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ငါမျှော်လင့်သည်။ သင်တို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသလော။ အတိတ်တွင် သင်တို့သည် ငါ၏စိတ်နှလုံးကို ကျေနပ်စေနိုင်စွမ်း မရှိခဲ့ကြချေ- နောက်ဆုံးအကြိမ်တွင် သင်တို့သည် ဤပုံစံကို ချိုးဖျက်နိုင်ကြမည်လော။ ငါသည် လူတို့ကို ဆင်ခြင်သုံးသပ်ရန် အခွင့်အရေး ပေးသည်။ ငါ့ကို နောက်ဆုံး အဖြေတစ်ခု မပေးမီ ၎င်းတို့အား သေချာစွာ တွေးဆခွင့်ပေးသည်- ဤသို့ လုပ်ဆောင်ရန် မှားယွင်းသလော။ ငါသည် လူ၏တုံ့ပြန်ချက်ကို စောင့်ဆိုင်းသည်၊ သူ၏ “ပြန်စာ” ကို ငါစောင့်ဆိုင်း၏- သင်တို့သည် ငါ၏သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် ယုံကြည်ခြင်းရှိကြသလော။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်

အရှေ့သို့- အခန်း ၃၃

နောက်တစ်ခုသို့- အခန်း ၃၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။