အခန်း ၃၅

လူတို့ကို ငါနှင့်အတူ တစ်ခုတည်းသော ရေစီးကြောင်းတွင် အသက်ရှင်ခွင့်ပေးရင်း၊ ငါသည် လူသားမျိုးနွယ်အလယ် ငါ၏ အမှုကို စတင်‌ ဆောင်ရွက်နေသည်။ လူတို့သည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်လုံး စီမံခန့်ခွဲရသည့် အရာဖြစ်သည့်အတွက်၊ ငါ၏ အမှုကို ငါ ပြီးစီးသည့်အချိန်တွင် ငါသည် လူသားမျိုးနွယ်အလယ်တွင် ရှိလိမ့်ဦးမည်ဖြစ်ပြီး၊ ၎င်းတို့သည် အရာခပ်သိမ်း၏ အရှင်သခင်များဖြစ်လာရန်မှာ ငါ၏ဆန္ဒဖြစ်ပေသည်။ ဤအကြောင်းရင်းကြောင့်၊ ငါသည် လူသားမျိုးနွယ်အလယ်တွင် ဆက်လက် လျှောက်လှမ်း၏။ လူသားမျိုးနွယ်နှင့် ငါသည် လတ်တလောခေတ်ထဲသို့ ဝင်ရောက်သည်နှင့်အမျှ၊ ငါ့အမှု၏ အရှိန်သည် မြန်ဆန်လာပြီဖြစ်သောကြောင့် ငါသည် အတော်အတန် စိတ်သက်သာရာရ၏။ လူသားများသည် အဘယ်သို့ အမီလိုက်နိုင်မည်နည်း။ ထုံထိုင်းပြီး ဉာဏ်ထိုင်းသောသူများအပေါ် ငါသည် များစွာသော အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း ၎င်းတို့သည် ငါ့ကို ချစ်ခင်မြတ်နိုးခြင်း မရှိကြသောကြောင့် မည်သည့်အရာမျှ မရရှိသလောက် ဖြစ်သည်။ ငါသည် လူအားလုံးအလယ်တွင် နေထိုင်ပြီးဖြစ်ကာ မြေကြီးအထက်နှင့် အောက်နှစ်ခုလုံးတွင် ၎င်းတို့ ရှိနိုင်သည့်နေရာတိုင်းတွင် ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို ငါ စောင့်ကြည့်လေ့လာပြီးဖြစ်၏။ “ငါ့ကိုခုခံခြင်း” သည် လူသား၏ အလုပ်ဖြစ်ခဲ့သည့်အလား၊ ဤအလုပ်ကို မလုပ်ဆောင်ခြင်းက ၎င်းတို့အား အခြေမဲ့အနေမဲ့ မိဘမဲ့များ ဖြစ်လာစေမည့်အလား၊ “လူသားများ” အဖြစ် အမျိုးအစား သတ်မှတ်ခံထားရသူ အားလုံးသည် ငါ့ကိုခုခံနေကြသည်။ သို့သော်၊ ငါသည် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့အရ၊ ထင်ရာမြင်ရာ မစီရင်ပေ။ ထို့ထက်၊ ငါသည် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ငါသည် မစကာ ထောက်ပံ့ပေးသည်။ လူသားများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံး၏ အဓိက ဇာတ်ဆောင်များဖြစ်ကြသောကြောင့် ၎င်းတို့သည် စိတ်ပါလက်ပါနှင့် မိမိတို့ အစွမ်းရှိသမျှဖြင့် ကပြနိုင်ဖို့အလို့ငှာနှင့် ငါစီစဉ်ညွှန်ကြားနေသော ဤပြဇာတ်သည် ခြိမ့်ခြိမ့်သဲမျှ အောင်မြင်မှုတစ်ခု ဖြစ်ဖို့အလို့ငှာ “လူသား” ဟူသည့် အခန်းကဏ္ဍတွင် သရုပ်ဆောင်ကြပြီးဖြစ်သူများကို သာ၍ လမ်းပြမှု ငါ ပေး၏။ ဤအရာသည် လူသားမျိုးနွယ်ထံ ငါ၏ မေတ္တာရပ်ခံချက်ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်အတွက် ဆုမတောင်းခဲ့ပါက၊ ၎င်းတို့သည် မိမိတို့၏အခန်းကဏ္ဍကို ကပြနိုင်မည်လော။ သို့ဆိုလျှင် ငါသည် လူများက ငါ့အား တောင်းဆိုသောအရာကို ပြီးမြောက်နိုင်သော်လည်း ၎င်းတို့ကို ငါတောင်းဆိုသော အရာအား ၎င်းတို့ မပြီးမြောက်နိုင်ကြသည့် ကိစ္စရပ် ဖြစ်မည် မဟုတ်လော။ ငါသည် လူသားမျိုးနွယ်ကို ဖိနှိပ်ဖို့ ငါ၏ခွန်အားကို အသုံးမပြုဟု ဆိုနိုင်သည်။ ထိုအစား၊ ဤသည်မှာ ၎င်းတို့ကို စိတ်ထက်သန်မှုနှင့် စစ်မှန်ရိုးသားမှုဖြင့် ငါ အနူးအညွှတ် တောင်းပန်သော ငါ၏ နောက်ဆုံးတောင်းဆိုချက် ဖြစ်သည်။ ငါတောင်းဆိုသောအရာကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နိုင်သလော။ ငါသည် လူတို့ကို နှစ်ပေါင်းများစွာ ပေးနေပြီးဖြစ်သော်လည်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မရရှိလေပြီ။ အဘယ်သူသည် ငါ့အား တစ်ခုတစ်လေကို ပေးဖူးသနည်း။ ငါ၏အသွေး၊ ချွေးနှင့် ငါ့မျက်ရည်များသည် တောင်တန်း မြူခိုးကဲ့သို့ ဖြစ်လေသလော။ ငါသည် လူတို့ကို အကြိမ်ပေါင်းများစွာ “ကာကွယ်ဆေးများ” ပေးပြီးဖြစ်ကာ သူတို့နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် အမှားမခံသည်ကို ငါပြောပြပြီးဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် ငါ့ကို စဉ်ဆက်မပြတ် ရှောင်ရှားကြသနည်း။ ယင်းမှာ ငါသည် ၎င်းတို့ အဖမ်းခံရလျင်ခံရချင်း သတ်ပစ်မည့် ကြက်ကလေးများကဲ့သို့ ၎င်းတို့ကို သဘောထားလိမ့်မည် ဖြစ်သောကြောင့်လော။ ငါသည် အမှန်တကယ် လူမဆန်သကဲ့သို့ ရက်စက်သောသူ ဖြစ်သလော။ လူသားများသည် ငါ့ကို ၎င်းတို့၏အယူအဆဖြင့် အမြဲ တိုင်းတာကြသည်။ ငါသည် ၎င်းတို့ အယူဆအများတွင် ဖြစ်သည့်အတိုင်း ကောင်းကင်ဘုံ၌ရှိသော ငါနှင့် တူညီသလော။ ငါသည် လူတို့၏ အယူအဆများကို ငါ၏ ပျော်ရွှင်ခြင်းအတွက် ရည်မှန်းချက်များအဖြစ် မမှတ်ယူပေ။ ထို့ထက်၊ ငါသည် ၎င်းတို့၏ နှလုံးသားများကို တန်ဖိုးထားရမည့် အရာများအဖြစ် ငါမြင်သည်။ သို့သော် ၎င်းတို့အရ ငါသည် အသိစိတ်မရှိသောကြောင့် ၎င်းတို့၏ အသိစိတ်များနှင့် ပတ်သက်၍ ငါ အတော်အတန် စိတ်ကုန်ရသည်။ ထို့ကြောင့် ၎င်းတို့၏ အသိစိတ်များနှင့်ပတ်သက်၍ ငါသည် နောက်ထပ် ထင်မြင်ချက်အချို့ ရှိလေသည်။ သို့သော်၊ ၎င်းတို့၏အသိစိတ်များကို တိုက်ရိုက်ဝေဖန်ဖို့ ငါ ငြင်းသည်။ ထို့ထက်၊ ငါသည် ၎င်းတို့ကို စိတ်ရှည်စွာနှင့် စနစ်တကျ ဆက်လက်လမ်းပြပေးသည်။ အမှန်တွင်တော့၊ လူသားများသည် အားနည်းကြပြီး၊ မည်သည့် အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြချေ။

ယနေ့တွင်၊ ငါသည် လူသားမျိုးနွယ်နှင့်အတူ မွေ့လျော်သည့် အကန့်သတ်မရှိသော ပြစ်တင်ဆုံးမခြင်း နယ်ပယ်ထဲသို့ တရားဝင် ခြေလှမ်းလှမ်း၏။ ငါ၏ လက်ဖြင့်၊ ငါသည် အမိန့်ကိုလည်း ထုတ်ပြန်ပြီး၊ ငါ၏ ကွပ်ကဲမှုအောက်တွင် လူသားမျိုးနွယ်သည် လိမ္မာကြ၏။ အဘယ်သူမျှ ငါ့ကိုမဆန့်ကျင်ဝံ့ကြ။ ဤသည်မှာ ၎င်းတို့၏ “အလုပ်”ဖြစ်သည့်အတွက်၊ ငါ တာဝန်ပေးသည့် အလုပ်ကို ထမ်းဆောင်ရင်း၊ အားလုံးသည် ငါ၏လမ်းပြမှုအောက်၌ ရှိကြ၏။ ကောင်းကင်နှင့် ကောင်းကင်အောက်အရပ်၌ရှိသည့် အရာခပ်သိမ်းအလယ်တွင်၊ အဘယ်သူသည် ငါ့အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသနည်း။ အဘယ်သူသည် ငါ၏လက်တွင်မရှိသနည်း။ ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏အမှုအတွက် အဘယ်သူသည် ချီးမွမ်းခြင်းနှင့် ထောမနာပြုခြင်းကို မမြွတ်ဆိုသနည်း။ လူသားတို့သည် ငါ၏လုပ်ဆောင်ချက်များနှင့် ငါ၏ လုပ်ရပ်များကို ကြည်ညိုလေးစားသောကြောင့်၊ ငါ၏လှုပ်ရှားမှုတိုင်းကြောင့်၊ ၎င်းတို့သည် ငါ့အမှု၏ ရေစီးကြောင်းထဲသို့ မိမိတို့ကိုယ်ကိုယ် ထဲထဲဝင်ဝင် ပါဝင်ကြသည်။ အဘယ်သူသည် မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သနည်း။ အဘယ်သူသည် ငါစီစဉ်ပြီးသော အလုပ်မှ လွတ်ကင်းနိုင်သနည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်အားဖြင့်၊ လူသားတို့သည် မဖြစ်မနေ နေကြရသည်။ ထိုအရာမရှိဘဲနှင့်၊ ၎င်းတို့အားလုံးသည် “ရှေ့တန်း”မှ တိတ်တဆိတ် နောက်ဆုတ်ပြီး “တပ်ပြေးများ” ဖြစ်လာကြပေမည်။ အဘယ်သူသည် သေခြင်းကို မကြောက်ရွံ့သနည်း။ လူတို့သည် မိမိတို့၏ အသက်များကို အန္တရာယ်ဖြစ်စေနိုင်ကြလော။ ငါသည် အချိန်ကြာမြင့်စွာက လူသားသဘာဝကို မခြွင်းမချန် သိနားလည်မှုတစ်ခု ရရှိခဲ့သောကြောင့် ငါသည် မည်သူကိုမျှ အတင်းအကျပ်မပြုပေ။ ထိုသို့ဖြင့်၊ လူတို့ ယခင်က လုံးဝ မလုပ်ဆောင်ဖူးသော စီမံကိန်းများကို ငါသည် အမြဲ တာဝန်ယူ ဆောင်ရွက်နေခဲ့သည်။ အဘယ်သူမျှ ငါ၏အမှုကို မဆောင်ရွက်နိုင်သောကြောင့်၊ ငါသည် စာတန်နှင့် သေရေးရှင်ရေး ထိုးကြိတ်သတ်ပုတ်ခြင်းတစ်ခုတွင် ပါဝင်ဆင်နွှဲဖို့ လူကိုယ်တိုင် စစ်မြေပြင်သို့ ခြေချပြီးဖြစ်သည်။ ယခုခေတ်တွင်၊ စာတန်သည် အဆုံးစွန် သောင်းကျန်းနေသည်။ အဘယ်ကြောင့် ငါသည် ငါ့အမှု၏ အာရုံစိုက်ရာကို ကြွားရန်နှင့် ငါ့တန်ခိုးကို ထုတ်ဖော်ပြရန် ဤအခွင့်အရေးကို မယူရသနည်း။ ယခင်က ငါပြောပြီးသည့်အတိုင်း ငါသည် စာတန်၏ ဥပါယ်တံမျဉ်ကို ငါ၏အဖြည့်ခံအဖြစ် အသုံးပြုသည်။ ဤသည်မှာ အကောင်းဆုံး အခွင့်အရေး မဟုတ်လော။ ငါသည် ငါ့ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီးဖြစ်သောကြောင့်၊ ယခုမှသာ စိတ်ကျေနပ်သော အပြုံးကို ထုတ်ဖော်သည်။ ငါသည် ပြေးလွှားလုပ်ဆောင်ကာ လူသားများကို “အကူအညီ” တောင်းတော့မည်မဟုတ်။ ငါသည် အလုပ်ရှုပ်နေခြင်းကို ရပ်တန့်ပြီဖြစ်ပြီး၊ အခြေမဲ့အနေမဲ့တစ်ဦး၏ ဘဝကို အသက်မရှိတော့ပေ။ ယခုမှစ၍ ငါသည် ငြိမ်းချမ်းစွာနေထိုင်မည်။ ငါ၏နေ့ရက် ကျရောက်ပြီဖြစ်သည့်အတွက်၊ လူသားများသည်လည်း ထိုနည်းတူ ဘေးကင်းကာ လုံခြံလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေပေါ်၌၊ ငါသည် လူသား၏ အလုပ်များသော ဘဝ၊ မတရားမှုများစွာ ဖြစ်ပွားပြီးပုံရသည့် ဘဝတစ်ခုကို နေထိုင်ပြီး ဖြစ်သည်။ လူသားများ၏အမြင်တွင်၊ ငါသည် ၎င်းတို့၏ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများအပြင်၊ ၎င်းတို့၏ အခက်အခဲများကို ဝေမျှခံစားပြီးဖြစ်သည်။ လူသားများကဲ့သို့၊ ငါသည်လည်း ကမ္ဘာမြေပေါ်နှင့် ကောင်းကင်အောက်တွင် အသက်ရှင်နေထိုင်ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ငါ့ကို ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် အမြဲ မြင်ကြလေပြီ။ လူသားများသည် ကောင်းကင်ဘုံ၌ရှိသော ငါအဖြစ် ငါ့ကို မမြင်ကြသေးသောကြောင့်၊ ၎င်းတို့သည် ငါ့ကိုယ်စား အားထုတ်မှုများစွာ လုံးဝ အသုံးမပြုကြလေပြီ။ သို့သော်၊ ယနေ့ အခြေအနေကို ထောက်ဆသော်၊ လူတို့သည် ငါက ၎င်းတို့ကံကြမ္မာ၏ ဆရာသခင်ဖြစ်ပြီး၊ မိုးတိမ်များမှ ဟောပြောသော ဟောသူဖြစ်သည်ကို ဝန်ခံဖို့မှလွဲ၍ ရွေးချယ်စရာ မရှိကြပေ။ ထို့ကြောင့်၊ လူသားများသည် ငါ၏ ရှေ့မှောက်တွင် ကိုးကွယ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို မြေကြီးနှင့် ထိထားကြပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ အောင်ပွဲခံ ပြန်လာခြင်း၏ သက်သေဖြစ်သည် မဟုတ်လော။ ဤသည်မှာ ရန်လိုသော အင်အားစုများအပေါ် ငါ၏အောင်ပွဲနှင့်သက်ဆိုင်သည့် ပြသမှုတစ်ခု ဖြစ်သည် မဟုတ်လော။ လူအားလုံးက ကမ္ဘာမြေကြီးသည် အဆုံးသို့ ရောက်လာနေသည်၊ လူသားမျိုးနွယ်သည် ကြီးမားသော သန့်စင်ခြင်းကို ကြုံရလိမ့်မည်ဟူသော စိတ်ထင့်ခြင်းများ ရှိကြပြီး ဖြစ်သည်။ သို့သော် အမှန်တွင် ၎င်းတို့အား ငါတောင်းဆိုသောအရာကို သတိရှိရှိ ၎င်းတို့ မလုပ်ဆောင်နိုင်ကြချေ၊ ထို့ကြောင့် ငါ၏ပြစ်တင်ဆုံးမခြင်းအောက်တွင် ငိုကြွေးရုံမှတစ်ပါး ၎င်းတို့ ရွေးချယ်စရာမရှိချေ။ အဘယ်အရာ တတ်နိုင်မည်နည်း။ လူသားများအား မနာခံရန် အဘယ်သူ ပြောခဲ့သနည်း။ အဘယ်သူသည် ၎င်းတို့အား နောက်ဆုံးခေတ်ထဲသို့ ဝင်ရောက်ဖို့ ပြောခဲ့သနည်း။ အဘယ်ကြောင့် ၎င်းတို့သည် နောက်ဆုံးသောကာလတွင် လူ့လောကထဲသို့ မွေးဖွားခဲ့ကြသနည်း။ အမှုအရာတစ်ခုစီတိုင်းကို ငါ ကိုယ်တိုင်ကိုယ်ကျ စီမံကာ စီစဉ်ထားခြင်း ဖြစ်သည်။ အဘယ်သူ စောဒကတက်နိုင်သနည်း။

ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက၊ ငါသည် လူသားမျိုးနွယ်ကို ၎င်းတို့၏ လောကီ တည်ရှိခြင်းတွင် အဖော်ပြုမြဲပြုရင်း၊ ၎င်းတို့အလယ် လှည့်လည်သွားလာပြီး ဖြစ်သည်။ သို့သော်၊ လူတစ်ဦးကိုမျှ ငါမရွေးချယ်ခဲ့ဖူးပေ။ အားလုံးသည် ငါ၏ အသံတိတ်စာအားဖြင့် ခါးခါးသီးသီး ငြင်းပယ်ခြင်း ခံခဲ့ကြရသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အတိတ်က လူတို့သည် ငါ့ကို သီးသန့် အစေမခံခဲ့သောကြောင့်၊ အပြန်အလှန်အားဖြင့် ငါသည် ၎င်းတို့ကို သီးသန့် မချစ်ခဲ့ပေ။ ၎င်းတို့သည် စာတန်၏ “လက်ဆောင်များ”ကို ယူပြီးနောက် လှည့်ကာ ယင်းတို့ကို ငါ့အား ပေးခဲ့ကြသည်။ ဤသည်မှာ ငါ့ကို အသရေဖျက်ခြင်း မဟုတ်လော။ ပြီးလျှင် ၎င်းတို့၏ ပူဇော်မှုများကို ၎င်းတို့ ပြုလုပ်ကြသည်နှင့်အမျှ၊ ငါသည် ငါ၏စက်ဆုပ်ရွံရှာမှုကို မထုတ်ဖော်ပြခဲ့ပေ။ ထို့ထက်၊ ဤ“လက်ဆောင်များ”ကို ငါ၏စီမံခန့်ခွဲခြင်း၏ ကုန်ကြမ်းများအဖို့ ဖြည့်စွက်ခြင်းအားဖြင့်၊ ငါသည် ၎င်းတို့၏ အကြံအစည်ကို ငါ ကိုယ်တိုင်၏ အသုံးခံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် စက်ဖြင့် စီမံပြုပြင်ခံခဲ့ရပြီးသည်နှင့်တစ်ပြိုင်နက်၊ ငါသည် အတွင်းရှိ အဖျင်းကို မီးရှို့မည်။ လတ်တလောခေတ်တွင်၊ လူသားများသည် ငါ့ကို “လက်ဆောင်များ”စွာ မပေးကြသေးသော်လည်း၊ ငါသည် ဤအတွက် ၎င်းတို့ကို အပြစ်မတင်ပေ။ ဤလူတို့သည် အမြဲ ခိုကိုးရာမဲ့ဖြစ်ပြီး၊ လက်ချည်းသက်သက် ဖြစ်ကြသည်။ ထို့ကြောင့်၊ ၎င်းတို့ အခြေအနေ၏ လက်တွေ့အရှိတရားကို လေ့လာပြီးနောက်တွင်၊ လူ့လောကကို ငါရောက်လာခဲ့ကတည်းက၊ ငါသည် ၎င်းတို့ကို ယုတ္တိမတန်သော တောင်းဆိုချက်များ တစ်ခုတစ်လေကို လုံးဝ မတောင်းဆိုဖူးပေ။ ထို့ထက်၊ ၎င်းတို့အား “ကုန်ကြမ်းပစ္စည်းများ” ပေးပြီးနောက်တွင်၊ ဤသည်မှာ လူသားများ စွမ်းဆောင်ရရှိနိုင်သည့် အတိုင်းအတာ ဖြစ်သည့်အတွက်၊ ငါသည် ငါအလိုရှိသော “အချောသတ် ထုတ်ကုန်” ကို ရှာဖွေပြီးဖြစ်သည်။ သင့်လျော်သော တောင်းဆိုခြင်း မပြုမီ၊ ငါသည် လူသားတစ်ဦးကဲ့သို့ အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို သင်ယူလေ့လာရင်း၊ အခက်အခဲဖြင့် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သည်။ လူ့ဘဝကို ငါတွေ့ကြုံခဲ့ခြင်း မရှိပါက၊ လူတို့ ဆွေးနွေးဖို့ အခက်တွေ့ကြသည့် ကိစ္စရပ်များကို အဘယ်သို့ ငါ နားလည်နိုင်မည်နည်း။ သို့သော်၊ လူသားများသည် ထိုသို့ မမြင်ကြပေ။ ၎င်းတို့က ငါသည် အရာခပ်သိမ်းတတ်စွမ်းနိုင်သည့်၊ သဘာဝလွန် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟုပြောကြသည်။ ဤသည် သမိုင်းတလျှောက် လူသားများအားလုံး သိုထားကြပြီးဖြစ်သည့်၊ ယနေ့တွင်ပင် ၎င်းတို့ သိုထားကြသည့် အယူအဆများ အတိအကျ ဖြစ်သည် မဟုတ်လော။ ကမ္ဘာမြေပေါ်တွင် ငါ့ကို အမှန်တကယ်နှင့် အပြည့်အဝ သိရှိနိုင်သောသူ မည်သူမျှမရှိဟု ငါ ဆိုခဲ့သည်။ ဤမှတ်ချက်သည် ယင်း၏ ဂယက်ရိုက်ခတ်မှုများ ရှိ၏။ ယင်းသည် အနှစ်မဲ့ စကားမျှ မဟုတ်ပေ။ ဤအရာကို ငါကိုယ်တိုင် တွေ့ကြုံပြီးဖြစ်ကာ လေ့လာပြီးဖြစ်သည်၊ ထို့ကြောင့် အသေးစိတ်များနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခု ငါ ရှိ၏။ ငါသည် လူ့လောကသို့ ကြွဆင်းမလာခဲ့ပါက၊ အဘယ်သူသည် ငါ့ကို သိခွင့်ရမည်နည်း။ အဘယ်သူသည် ငါ၏ နှုတ်ကပတ်တော်များကို လူကိုယ်တိုင် နားထောင်နိုင်မည်နည်း။ အဘယ်သူသည် ငါ၏ပုံသဏ္ဌာန်ကို ၎င်းတို့အလယ် မြင်နိုင်မည်နည်း။ ခေတ်များတစ်လျှောက်လုံးတွင်၊ ငါသည် မိုးတိမ်များထဲ၌ အမြဲ ကွယ်ဝှက်နေခဲ့သည်။ အစောပိုင်းတွင်၊ ငါသည် ကြိုတင်ဟောကိန်းတစ်ခု ပြုခဲ့၏- “၎င်းတို့အတွက် စံနမူနာအဖြစ် အသုံးတော်ခံဖို့ နောက်ဆုံးသောကာလတွင် ငါသည် လူ့လောကသို့ ကြွဆင်းလာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယခုခေတ်လူတို့သာ ၎င်းတို့၏ အမြင်များကို ကျယ်ပြန့်စေနိုင်ခြင်းနှင့်ဆိုင်သည့် ကောင်းမွန်သည့် အခွင့်အလမ်း ရှိကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အပေါ် ငါ အပ်နှင်းသော ကြင်နာမှုဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ငါ၏ ကျေးဇူးတော်ကို အမှန်တကယ် လုံးဝ နားမလည်နိုင်မည်လော။ အဘယ်ကြောင့် လူသားများသည် အလွန် ထုံထိုင်းကာ ဉာဏ်ထိုင်းကြသနည်း။ ဤမျှထိ ၎င်းတို့ ရောက်ရှိကြလေပြီ။ ၎င်းတို့သည် အဘယ်ကြောင့် မနိုးထကြသေးသနည်း။ ငါသည် ဤလောကတွင် နှစ်ပေါင်းများစွာ ရှိပြီးဖြစ်သော်လည်း၊ အဘယ်သူသည် ငါ့ကိုသိသနည်း။ ငါသည် လူတို့ကို ပြစ်တင်ဆုံးမသည်မှာ အံ့သြစရာမရှိပေ။ ယင်းမှာ ၎င်းတို့သည် ငါ၏ ဩဇာအာဏာကို ကျင့်သုံးခံရမည့်သူများ ဖြစ်ပုံရကြသည်။ ယင်းမှာ ၎င်းတို့သည် အားလုံး “ရှောင်တိမ်း” ကြမည့် ငါပစ်လျက်ရှိသော ငါ၏သေနတ်ထဲက ကျည်ဆန်များဖြစ်ပုံရကြသည်။ လူတိုသည် ထိုသို့ စိတ်ကူးတတ်ကြ၏။ ငါသည် လူသားများကို အမြဲ လေးစားပြီးဖြစ်သည်။ ငါသည် မည်သည့်အခါတွင်မျှ ၎င်းတို့ကို ထင်ရာမြင်ရာ အမြတ်မထုတ်ဖူးပေ သို့မဟုတ် ကျွန်များကဲ့သို့ ၎င်းတို့ကို မရောင်းဝယ်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် ၎င်းတို့ကို မစွန့်ခွာနိုင်သကဲ့သို့၊ ၎င်းတို့သည် ငါ့ကို မစွန့်ခွာနိုင်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့်၊ ငါတို့အကြားတွင် သေအတူ ရှင်မကွာ နှောင်းကြိုးတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ငါသည် လူသားမျိုးနွယ်ကို အမြဲ ချစ်မြတ်နိုးလေပြီ။ လူသားမျိုးနွယ်သည် ငါ့ကို မည်သည့်အခါတွင်မျှ မချစ်မြတ်နိုးဖူးသော်လည်း၊ ၎င်းတို့သည် ငါ့ကို အမြဲ အားကိုတကြီး မျှော်လင့်ကြပြီးဖြစ်သည်။ ယင်းမှာ ၎င်းတို့အပေါ် အားထုတ်မှုများ ငါ ဆက်လက်အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်က ငါ့စီမံခန့်ခွဲမှု၏ “အရင်းအနှီး” ဖြစ်သောကြောင့်၊ ငါသည် သူတို့ကို ငါ၏ကိုယ်ပိုင်ရတနာကဲ့သို့ ချစ်၏။ ထို့ကြောင့် ငါသည် ၎င်းတို့ကို သေချာပေါက် ပယ်ထုတ်မည်မဟုတ်။ လူသားများအပေါ် ငါ၏အလိုသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်။ ငါ၏ကတိသစ္စာကို ၎င်းတို့ အမှန်တကယ် ယုံကြည်အားကိုးနိုင်သလော။ ငါ့အတွက် ၎င်းတို့သည် ငါ့ကို အဘယ်သို့ ကျေနပ်စေနိုင်မည်နည်း။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအတွက် ချမှတ်ပြီးဖြစ်သည့် အလုပ်တာဝန်ဖြစ်သည်။ ယင်းသည် ၎င်းတို့ကို ငါ တာဝန်ပေးထားပြီးဖြစ်သည့် “အိမ်စာ” ဖြစ်သည်။ ယင်းကို ပြီးစီးဖို့ ၎င်းတို့အားလုံး အလုပ်ကြိုးစားကြလိမ့်မည်မှာ ငါ၏ မျော်လင့်ချက် ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်

အရှေ့သို့- အခန်း ၃၄

နောက်တစ်ခုသို့- အခန်း ၃၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။