အခန်း ၃၆

အရာရာတိုင်းကို ငါ၏လက်ဖြင့် စီစဉ်ထားခြင်း ဖြစ်သည်။ မည်သူသည် ၎င်းတို့ နှစ်သက်သည့်အတိုင်း ပြုဝံ့သနည်း။ မည်သူသည် ထိုအရာကို အလွယ်တကူ ပြောင်းလဲနိုင်သနည်း။ လူတို့သည် ဖုန်မှုန့်များ ရွေ့လျားသကဲ့သို့ ရွေ့လျားရင်း၊ လေထဲတွင် လွင့်မျောနေကြသည်၊ ဦးခေါင်းမှ ခြေဖျားအထိ ရွံ့ရှာဖွယ်ဖြစ်စေလျက် ၎င်းတို့၏မျက်နှာများ မဲညစ်လေသည်။ ငါသည် လေးလံသော နှလုံးသားဖြင့် တိမ်များကြားမှ စောင့်ကြည့်၏- တစ်ချိန်က တက်ကြွမှုအပြည့်ရှိခဲ့သည့် လူသားသည် ဤကဲ့သို့ အဘယ်ကြောင့် ဖြစ်လာလေပြီနည်း။ ပြီးလျှင် သူသည် အဘယ်ကြောင့် ဤအရာကို မသိသနည်း၊ အဘယ်ကြောင့် ဤအရာကို မခံစားနိုင်သနည်း။ အဘယ်ကြောင့် သူသည် “ဖြစ်ကတတ်ဆန်းနေ”ကာ အညစ်အကြေးဖြင့် မိမိကိုယ်ကိုယ် ဖုံးလွှမ်းခွင့်ပြုသနည်း။ ယင်းမှာ သူ့၏ မိမိကိုယ်ကိုယ်အတွက် ချစ်ခြင်းမေတ္တာနှင့် လေးစားမှု ကင်းမဲ့ခြင်း ဖြစ်သည်။ လူသားသည် ငါတောင်းဆိုသည့်အရာကို အဘယ်အကြောင့် အစဉ်အမြဲ ရှောင်ရှားသနည်း။ ငါသည် သူ့အပေါ် အမှန်တကယ် ရက်စက်ကာ လူမဆန်သလော။ ငါသည် အမှန်တကယ် အာဏာပြလွန်းကာ ယုတ္တိမတန်သလော။ သို့ဖြစ်လျှင် လူတို့သည် ငါ့ကို အဘယ်ကြောင့် စိန်းစိန်းဝါးဝါး အကြည့်များဖြင့် အမြဲကြည့်သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ငါ့ကို အမြဲ မုန်းကြသနည်း။ ငါသည် ၎င်းတို့အား လမ်းဆုံးသို့ ခေါ်ဆောင်ပြီလော။ လူသားသည် ရန်သူတစ်ဦးကို စောင့်ကြည့်နေသည့်အလား၊ မျက်လုံးနှစ်ခုလုံးက ငါ့အပေါ် စူးစိုက်ကြည့်လျက်၊ ၎င်း၏လည်ပင်း ပတ်လည်ရှိ ထမ်းပိုးကို လက်နှစ်ဘက်ဖြင့် ဖမ်းဆုပ်သည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သည့်အတွက်၊ လူသည် ငါ၏ပြစ်တင်ဆုံးမခြင်း၌ မည်သည့်အရာကိုမျှ လုံးဝ ရှာတွေ့ရှိဖူးခြင်း မရှိပေ— ပြီးလျှင် ဤအချိန်တွင်သာ သူမည်မျှ ပိန်ချုံးချည့်နဲ့နေသည်ကို ငါသတိထားမိ၏။ စမ်းသပ်မှုများအလယ် မည်သူမျှ ခိုင်မြဲစွာ မရပ်တည်ကြလေပြီဟု ငါပြောသည်မှာ ဤအရာကြောင့် ဖြစ်ပေသည်။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် အတိအကျအားဖြင့် ထိုသို့ဖြစ်သည် မဟုတ်လော။ သူ၏ “အတိုင်းအတာများ”အတွက် ကိန်းဂဏန်းများကို ငါသည် သူ့အား ပြောပြရန် လိုအပ်သလော။ လူသား၏ “အရပ်အမြင့်” သည် မြေကြီးတစ်လျှောက် လူးလွန့်နေသည့် တီကောင်လေး တစ်ကောင်၏ အရပ်ထက် သာ၍ မမြင့်သကဲ့သို့၊ သူ၏ “ရင်ဘတ်”သည် မြွေတစ်ကောင်၏ ရင်ဘတ်အကျယ်သာ ရှိသည်။ ဤတွင် ငါသည် လူသားအား သိမ်ငယ်စေခြင်း မဟုတ်ပေ— ဤသည်တို့မှာ သူ၏ ဝိညာဉ်ရင့်ကျက်မှုနှင့်ဆိုင်သည့် တိကျသော ကိန်းဂဏန်းများ ဖြစ်သည် မဟုတ်လော။ ငါသည် လူသားအား သိက္ခာချလေပြီလော။ လူသားသည် မြူးတူး ဆော့ကစားနေသော ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်၏။ တိရစ္ဆာန်များနှင့် သူဆော့ကစားသည့် အချိန်များပင် ရှိ၏၊ သို့သော် သူသည် ပျော်ရွှင်နေမြဲဖြစ်သည်။ ပြီးလျှင် သူသည် သောက သို့မဟုတ် စိုးရိမ်မှုမရှိဘဲ၊ ဘဝတစ်ခုကို ရှင်သန်ရင်း ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်လေသည်။ ငါသည် မြေကြီးပေါ်ရှိ လူတို့၏လွန်ကဲသော ဘဝနေထိုင်မှု ပုံစံများနှင့်သက်ဆိုင်၍ အကြီးအကျယ် စိတ်ကုန်သည်မှာ ဝိညာဉ်တော်၏ စိုးမိုးခြယ်လှယ်မှုကြောင့် သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အခန်းကဏ္ဍကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကပ်ပါးပိုးတစ်ကောင်၏ ဘဝကဲ့သို့သော- လူသား၏ဘဝကြောင့် “လူ့ဘဝ” ဟူသော စကားလုံးများကို ငါ၏ “စိတ်ဝင်စားမှု” သည် အတော်အတန် တိုးပွားလာပြီး၊ ထို့ကြောင့် ငါသည် လူ့ဘဝအပေါ် အနည်းငယ် သာ၍ “ရိုသေလေးစား” လာပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည်သာ အဓိပ္ပာယ်ရှိသောဘဝတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိပုံရပြီး၊ ငါမူကား ဤအရာကို လုပ်ဆောင်နိုင်စွမ်း မရှိသည့်ပုံပေါ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသားအလယ် အခက်အခဲကို မကြုံတွေ့နိုင်သကဲ့သို့ မလေ့လာနိုင်သည့်အတွက်၊ ငါသည် “တောင်များ” ဆီသို့ ဆုတ်ခွာရုံသာ ဆုတ်ခွာနိုင်ပေသည်။ သို့ရာတွင် လူသားသည် ငါ့အား အတင်းအကျပ် ပြုစေ၏- ငါသည် ရွေးချယ်စရာ မရှိပေ။ ငါသည် လူသားနှင့်အတူ အတွေ့အကြုံများကို ပေါင်းရုံးလျက်နှင့် သူနှင့်အတူ လူ့ဘဝကို ကြုံရလျက်၊ လူ၏အစီအစဉ်များကို နာခံရုံသာနာခံနိုင်ပေသည်။ ကောင်းကင်ဘုံတွင်၊ ငါသည် တစ်မြို့လုံးကို တစ်ကြိမ် လှည့်လည်ခဲ့ပြီး၊ ကောင်းကင်ဘုံ အောက်တွင်၊ ငါသည် နိုင်ငံအားလုံးကို တစ်ကြိမ် လှည့်လည် သွားလာခဲ့သည်။ သို့သော် ငါ့ကို မည်သူမျှ ရှာမတွေ့ဖူးပေ။ ၎င်းတို့၏ ငါ၏ဟိုဟိုသည်သည် လှုပ်ရှားခြင်း အသံကို ကြားရုံမျှ ကြားကြသည်။ လူတို့၏ အမြင်တွင်၊ ငါသည် သဲလွန်စ သို့မဟုတ် အရိပ်အယောင် မရှိဘဲ သွားလာသည်။ ယင်းမှာ ငါသည် ၎င်းတို့၏နှလုံးသားများထဲက မမြင်နိုင်သော ရုပ်တုဆင်းတု တစ်ခု ဖြစ်လာပြီးဖြစ်သည့်အလား ဖြစ်၏၊ သို့ရာတွင် လူတို့သည် ထိုသို့ မယုံကြည်ကြချေ။ ဤအရာအားလုံးသည် လူသား၏နှုတ်က ဝန်ခံသည့်အချက်များ မဟုတ်သည်မှာ ဖြစ်နိုင်မည်လော။ ဤအချိန်တွင် ၎င်းတို့ ပြစ်တင်ဆုံးမခြင်းခံရသင့်သည်ဟု အဘယ်သူ မသိမှတ်သနည်း။ ခိုင်မာသည့် အထောက်အထားရှေ့တွင် လူတို့သည် ၎င်းတို့၏ ဦးခေါင်းများကို မော့နိုင်ကြသေးသလော။

ငါသည် လူသားအလယ်တွင် “စီးပွားရေး သဘောတူညီမှု” တစ်ခု လုပ်ဆောင်နေသည်၊ ငါသည် သူ၏မစင်ကြယ်မှုနှင့် မဖြောင့်မတ်မှု အားလုံးကို ဖယ်ရှားပြီး၊ ထိုသို့ဖြင့် ငါ၏စိတ်နှလုံးနှင့် ညီညွတ်နိုင်ဖို့အလို့ငှာ သူ့အား “ပြုပြင်” ၏။ သို့သော် လူသားသည် ယခုပင်ဖမ်းမိသော ငါးတစ်ကောင်ကဲ့သို့ အမြဲ ဟိုခုန်သည်ခုန် ပြုနေသည့်အတွက်၊ အမှု၏ ဤအဆင့်အဖို့ သူ၏ ပူးပေါင်းလုပ်ဆောင်မှုသည် မရှိမဖြစ် လိုအပ်ပေသည်။ ထို့ကြောင့် မတော်တဆ ဖြစ်မှုများကို တားဆီးရန်၊ ငါသည် ဖမ်းမိခဲ့ပြီးသော “ငါးများ” အားလုံးကို သတ်လိုက်သည်၊ ယင်းနောက်တွင် ငါးတို့သည် နာခံတတ်လာကြပြီး၊ အနည်းငယ်မျှ ညည်းညူခြင်း မရှိခဲ့ပေ။ ငါသည် လူသားကို လိုအပ်သည့်အခါတွင်၊ သူသည် အမြဲ ပုန်းကွယ်လေသည်။ ယင်းမှာ သူသည် အံ့အားသင့်ဖွယ်ရာ မြင်ကွင်းများကို လုံးဝ မမြင်ဖူးသည့်အလား၊ ကျေးလက်ဒေသတွင် မွေးဖွားခဲ့ပြီး မြို့ကြီးပြကြီး ကိစ္စရပ်များနှင့်သက်ဆိုင်၍ ဘာမျှ မသိသည့်အလားဖြစ်၏။ လူသားက ချို့တဲ့နေသည့် အစိတ်အပိုင်းများတွင် ငါသည် ငါ၏ဉာဏ်ပညာကို ဖြည့်စွက်ပြီး၊ သူ့အား ငါ့ကိုသိစေသည်။ လူသားသည် ဆင်းရဲနုံချာလွန်းသောကြောင့်၊ ငါသည် လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ ကြွလာကာ သူ၏အမြင်ကို ပွင့်စေလျက်၊ သူ့အား “ဥစ္စာဓနဆီသို့ သွားရာ လမ်းကြောင်း”ကို ပေးသည်။ ဤတွင် ငါသည် သူ့အားကယ်တင်နေခြင်း မဟုတ်လော။ ဤသည်မှာ လူသားအတွက် ငါ၏သနားကရုဏာ မဟုတ်သလော။ ချစ်ခြင်းမေတ္တာဟူသည် အကြွင်းမဲ့ ပေးဆပ်ခြင်းလော။ သို့ဆိုလျှင် မုန်းတီးမှုသည် ပြစ်တင်ဆုံးမခြင်း ဖြစ်သလော။ ငါသည် လူသားအား မတူညီသော ရှုထောင့်များမှ ရှင်းပြပြီးဖြစ်၏၊ သို့သော် သူသည် ဤအရာကို စကားလုံးများနှင့် အယူဝါဒများအဖြစ်သာ သဘောထားလေသည်။ ယင်းမှာ ငါ၏မိန့်မြွက်ချက်များသည် လူသား၏လက်များထဲတွင် အကြွေး လျှော်ပစ်ခြင်းအနေဖြင့် ရောင်းချခံရသည့် ချွတ်ယွင်းသော ကုန်ပစ္စည်းများအလား ဖြစ်၏။ ထို့ကြောင့် တောင်ပေါ်ကျေးရွာကို ဝါးမျိုရန် ကြီးမားသော မုန်တိုင်းတစ်ခု လာနေသည်ဟု လူတို့အား ငါပြောသည့်အခါ၊ ယင်းနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မည်သူမျှ မစဉ်းစားကြပေ၊ ၎င်းတို့အနက် အနည်းငယ်သာ ၎င်းတို့၏ စိတ်နှလုံးများက သံသယများ ရှိလျက်၊ ၎င်းတို့၏ အိမ်များကို ပြောင်းရွှေ့ကြ၏။ ကျန်သူများသည် ဂရုမစိုက်သည့်အလား၊ ငါသည် ကောင်းကင်မှ ပျံလွှားငှက် တစ်ကောင် ဖြစ်သည့်အလား၊ မလှုပ်ရှားကြပေ- ၎င်းတို့သည် ငါပြောသည့်အရာနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ နားမလည်ကြချေ။ တောင်များပြိုလဲကာ မြေကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသည့်အခါမှသာ၊ လူတို့သည် ငါ၏စကားများကို စဉ်းစားကြ၏၊ ထိုအခါမှသာ ၎င်းတို့သည် ၎င်းတို့၏ အိပ်မက်များမှ နိုးထကြလေသည်၊ သို့သော် အချိန်ကား ကျရောက်နှင့်ပြီးဖြစ်သည်၊ ၎င်းတို့သည် ကြီးမားသော ရေလွှမ်းမိုးမှု၏ ဝါးမျိုခြင်းကို ခံရကြသည်၊ ၎င်းတို့၏ အလောင်းကောင်များသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကြ၏။ လောကထဲက ကံဆိုးမိုးမှောင်ကျခြင်းကို မြင်ရသည့်အခါ၊ ငါသည် လူသား၏ ကံဆိုးခြင်းအတွက် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ လူသား၏ ကံကြမ္မာအတွက် ငါသည် အချိန်များစွာ သုံးစွဲခဲ့ပြီး ကြီးမားသည့် အဖိုးအခ တစ်ခု ပေးခဲ့၏။ လူတို့၏စိတ်များတွင်၊ ငါသည် မျက်ရည်ပြွန်များ မရှိ- သို့သော် ဤ မျက်ရည်ပြွန်များ မရှိသည့် “လူထူးလူဆန်း” ဖြစ်သော ငါသည် လူသားအတွက် မျက်ရည်များစွာ ငိုကြွေးပြီးဖြစ်သည်။ သို့ရာတွင် ဤအရာနှင့်သက်ဆိုင်၍ လူသားသည် မည်သည့်အရာကိုမျှ မသိရှိပေ၊ သူသည် ငါမရှိသည့်အလား မြေကြီးထဲတွင် သူ၏လက်များ၌ ကစားစရာများဖြင့် ကစားရုံမျှကစားလေသည်။ ထို့ကြောင့် ယနေ့၏ အခြေအနေများတွင်၊ လူတို့သည် ထုံထိုင်းကာ ဉာဏ်ထိုင်းနေမြဲ ဖြစ်လေသည်။ ၎င်းတို့သည် ဂူတစ်ခုထဲတွင် လဲလျောင်းနေဆဲရှိသည်အလား၊ မြေအောက်ခန်းများတွင် “အေးခဲ” နေကြဆဲရှိကြ၏။ လူသား၏ လုပ်ရပ်များကို မြင်ရသည့်အခါ ငါ၏တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ခွာရန် ပေတည်း...

လူတို့၏အမြင်တွင်၊ ငါသည် လူသားအတွက် ကောင်းမွန်သည့် အရာများစွာကို လုပ်ဆောင်ပြီး‌ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် ငါ့အား လက်ရှိခေတ်ကာလအတွက် အတုယူရန် စံနမူနာထားထိုက်သူအဖြစ် ကြည်ညိုကြလေသည်။ သို့ရာတွင် ၎င်းတို့သည် ငါ့အား လူသား၏ကံကြမ္မာကို အုပ်စိုးသူနှင့် အရာခပ်သိမ်း၏ ဖန်ဆင်းရှင် အဖြစ် မည်သည့်အခါကမျှ မမှတ်ယူလေပြီ။ ယင်းမှာ ၎င်းတို့သည် ငါ့ကို နားမလည်သည့်အလား ဖြစ်၏။ လူတို့သည် တစ်ချိန်က “သိနားလည်ခြင်း ကြာရှည်တည်တံ့ပါစေ။” ဟု အော်ဟစ်ခဲ့ကြသော်လည်း၊ လူတို့ကို ငါ့ကို ချစ်ရန် ဆန္ဒမရှိသည်ကို ပြသရင်း၊ မည်သူမျှ “နားလည်ခြင်း” ဟူသည့် စကားလုံးကို စိစစ်ခြင်းဖြင့် အချိန်များစွာ မကုန်ဆုံးကြလေပြီ။ ယနေ့၏ အချိန်ကာလများတွင်၊ လူတို့သည် ငါ့ကို လုံးဝ တန်ဖိုးမထားကြပေ၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငါသည် နေရာမရှိပေ။ လာမည့် ဆင်းရဲဒုက္ခခံရာ နေ့ရက်များတွင် ၎င်းတို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပြသနိုင်ကြမည်လော။ လူသား၏ဖြောင့်မတ်ခြင်းသည် ပုံသဏ္ဌာန်မရှိသည့် အရာတစ်ခု၊ မြင်၍မရ သို့မဟုတ် ထိ၍မရနိုင်သည့် အရာတစ်ခု ဖြစ်မြဲဖြစ်နေ၏။ လူသားခန္ဓာတွင်၊ နှလုံးသားသည် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည့်အတွက်၊ ငါလိုချင်သည်မှာ လူသား၏နှလုံးသားဖြစ်၏။ ငါ၏လုပ်ဆောင်ချက်များသည် လူသား၏နှလုံးသားဖြင့် ပြန်လည် ပေးဆပ်ရန် မသင့်တော်သလော။ လူတို့သည် ငါ့အား ၎င်းတို့၏ နှလုံးသားများကို အဘယ်ကြောင့် မပေးကြသနည်း။ ယင်းတို့ကို လက်လွှတ်ရန် လိုလားခြင်းမရှိဘဲ၊ လူတို့သည် ယင်းတို့ကို အဘယ်ကြောင့် အမြဲ ၎င်းတို့၏ ရင်ဝယ်ထွေးပိုက်ကြသနည်း။ လူသား၏နှလုံးသားသည် လူတို့၏ဘဝများ တစ်လျှောက် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သေချာစေနိုင်သလော။ ငါသည် လူတို့ကို တောင်းဆိုမှုများ ပြုသည့်အခါ၊ ၎င်းတို့သည် မြေပေါ်မှ မြေမှုန့်လက်တစ်ဆုပ်စာ ဆုပ်ကိုင်ကာ ငါ့ကို အဘယ်ကြောင့် အမြဲ ပစ်ပေါက်ကြသနည်း။ ဤသည်မှာ လူသား၏ ပါးနပ်သည့် အကြံအစည်လော။ ယင်းမှာ ၎င်းတို့ ရက်စက်သွားကာ သတ်ဖြတ်သည့်နေရာ ဖြစ်သည့် ၎င်းတို့၏ အိမ်သို့ ပြန်သွားစေဖို့၊ သွားစရာနေရာမရှိသော ဖြတ်သွားဖြစ်လာသူတစ်ဦးအား သွေးဆောင်ဖြားယောင်းရင်း လှည့်စားဖို့၊ ကြိုးစားနေကြသည့်အလား ဖြစ်သည်။ လူတို့သည် ထိုသို့သောအရာများကို ငါ့အားလည်း လုပ်ဆောင်လိုကြပြီးဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူတစ်ဦးအား သတ်မည့် ပါးကွက်သား တစ်ဦးအလား၊ လူတို့ကို သတ်ရန်မှာ ပင်ကိုစရိုက်သဖွယ် အကျင့်ပါနေသည့် နတ်ဆိုးတို့၏ မင်းအလား ဖြစ်ကြလေသည်။ သို့ရာတွင် လူတို့သည် ထိုသို့သော နည်းလမ်းများကို အသုံးပြုရန် ဆန္ဒရှိနေဆဲ ဖြစ်လျက်၊ ယခု ငါ၏ ရှေ့မှောက်သို့ လာကြ၏— သို့ရာတွင် ၎င်းတို့သည် ၎င်းတို့၏ အစီအစဉ်များ ရှိကာ ငါသည် ငါ၏ တန်ပြန်ရေး အစီအမံများ ရှိ၏။ လူတို့သည် ငါ့ကို မချစ်ကြသော်လည်း၊ ဤအချိန်တွင် ငါသည် ငါ၏တန်ပြန်ရေး အစီအမံများကို လူသိရှင်ကြား မည်သို့ မပြုလုပ်နိုင်ရမည်နည်း။ လူသားကို ကိုင်တွယ်ရာတွင် ငါသည် အလွန့်အလွန်၊ အတိုင်းမသိ ကျွမ်းကျင်မှု ရှိ၏။ သူ၏ အစိတ်အပိုင်းတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ငါ ကိုင်တွယ်ပြီး ကိုယ်တိုင်ကိုယ်ကျ ငါ ပြုပြင်သည်။ နောက်ဆုံးတွင် ငါသည် လူသားအား သူချစ်ခင်သည့်အရာမှ ခွဲခွာရန် နာကျင်မှုကို သည်းခံစေမည်ဖြစ်ပြီး ငါ၏အစီအစဉ်များကို သူ့အား ကျိုးနွံနာခံစေမည်ဖြစ်ကာ၊ ထိုအချိန်တွင် လူတို့သည် မကျေမနပ် ဖြစ်စရာ မည်သည့်အရာ ရှိကြလိမ့်မည်နည်း။ ငါ လုပ်ဆောင်သမျှအားလုံးသည် လူသားအတွက် မဟုတ်လော။ ကုန်လွန်ပြီးသောအချိန်များတွင်၊ ငါသည် ငါ့အမှု၏အဆင့်များကို လူသားအား မည်သည့်အခါကမျှ မပြောခဲ့ပေ— သို့သော် ယနေ့တွင်၊ အတိတ်ကာလနှင့်မတူသည့် အချိန်ကာလ တစ်ခုတွင်၊ ငါ၏ အမှုနှင့်ဆိုင်သည့် အကြောင်းအရာသည် မတူကွဲပြားသောကြောင့်၊ ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့ကို လဲပြိုခြင်းမှ ကာကွယ်တားဆီးရန် ငါသည် လူတို့အား ငါ၏အမှုကို ကြိုတင်ပြောပြထားပြီး ဖြစ်သည်။ ဤသည်မှာ လူသားထဲသို့ ငါ ထိုးသွင်းခဲ့သော ကာကွယ်ဆေး ဖြစ်သည် မဟုတ်သလော။ မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ၊ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ အလေးအနက် မစဉ်းစားဖူးကြပေ။ ယင်းမှာ ၎င်းတို့၏ ဝမ်းဗိုက်များတွင် ဆာလောင်မှုရှိကာ ၎င်းတို့ စားသည့်အရာနှင့်ပတ်သက်၍ ဇီဇာမကြောင်ကြသည့်အလား ဖြစ်၏၊ ယင်းက ၎င်းတို့၏ အစာအိမ်များကို အားနည်းစေပြီးဖြစ်သည်။ သို့သော် လူတို့သည် ၎င်းတို့၏ “ကျန်းမာရေး ကောင်းမွန်သော ကြံ့ခိုင်မှုအခြေအနေ” ကို အရင်းအနှီး အဖြစ် သဘောထားကာ၊ “ဆရာဝန်၏” အဆုံးအမများကို လုံးဝ အာရုံမစိုက်ကြပေ။ ၎င်းတို့၏ အတိုက်အခံ လုပ်ခြင်းကို မြင်သည့်အခါ၊ ငါသည် လူသားအတွက် ပူပန်မိခဲ့သည်ကို မိမိကိုယ်ကိုယ် တွေ့ရသည်။ လူတို့သည် ရင့်ကျက်မှု မရှိသကဲ့သို့၊ လူ့ဘဝကို မကြုံတွေ့ရသေးသောကြောင့်၊ ၎င်းတို့သည် ကြောက်ရွံ့မှု မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် “လူ့ဘဝ” ဟူသည့် စကားလုံးများ မရှိပေ၊ ၎င်းတို့သည် ယင်းစကားလုံးများကို အလေးမထားကြသကဲ့သို့၊ ငါသည် တောင်စဉ်ရေမရ ပြောနေသည့် အဘွားအိုတစ်ဦး ဖြစ်သွားသည့်အလား၊ ငါ၏စကားများကို ငြီးငွေ့ရုံမျှ ငြီးငွေ့ကြလေသည်။ အချုပ်အားဖြင့်၊ မည်သို့ပင်ဖြစ်စေ ငါသည် လူသားကို သေခြင်းနယ်မြေထဲသို့ ပို့ရန်ဆန္ဒ မရှိသည့်အတွက်၊ လူတို့သည် ငါ၏နှလုံးသားကို နားလည်နိုင်မည်ဟု ငါမျှော်လင့်၏။ ဤအခိုက်အတန့်တွင် ငါ၏စိတ်အခြေအနေ မည်သည့်အရာဖြစ်သည်ကို လူသားက နားလည်နိုင်ပြီး ဤအချိန်အတိအကျတွင် ငါထမ်းရွက်သည့် ဝန်ထုပ်ကို ထောက်ထားနိုင်မည်ဟု ငါမျှော်လင့်၏။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်

အရှေ့သို့- အခန်း ၃၅

နောက်တစ်ခုသို့- အခန်း ၃၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။