အခန်း (၃၈)
လူသား တွေ့ကြုံသည့်အရာတွင်၊ ငါ၏ အရိပ်အယောင် တစ်ခုတစ်လေ မရှိစဖူး၊ ငါ့နှုတ်ကပတ်တော်၏ လမ်းပြမှု မရှိစဖူးပေ။ အကျိုးဆက်အနေဖြင့်၊ ငါသည် လူကို အမြဲ ခပ်တန်းတန်း ဆက်ဆံခဲ့ပြီး၊ နောက်ပိုင်းတွင် သူ့ကို စွန့်ခွာခဲ့သည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို ငါ စက်ဆုပ်ရွံရှာ၏။ အဘယ်ကြောင့်ဆိုသည်ကို ငါမသိ။ ယင်းမှာ အစအဦးကတည်းက လူသားကို ငါမုန်းတီးပြီးဖြစ်သည့်အလား ဖြစ်ပုံရသော်လည်း၊ သူ့အတွက် နက်ရှိုင်းသည့် စာနာထောက်ထားမှုကို ငါခံစားရသည်။ ထို့ကြောင့်- ငါသည် လူသားကို ချစ်သကဲ့သို့၊ မုန်းလည်း မုန်းသည့်အတွက်- လူတို့သည် ငါ့အပေါ် သဘောထားတစ်ခု အမြဲ ရှိလေပြီ ဖြစ်သည်။ လူသားထဲတွင် အဘယ်သူသည် ငါ၏ချစ်ခြင်းမေတ္တာကို အမှန်တကယ် အလေးထားသနည်း။ အဘယ်သူသည် ငါ၏ အမုန်းကို အလေးထားသနည်း။ ငါ၏ အမြင်တွင်၊ လူသားသည် သေသောအရာ၊ အသက် ကင်းမဲ့သောအရာ၊ အရာခပ်သိမ်းတို့အလယ်တွင် ရွှံ့ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သည်။ သူ၏ ပုန်ကန်မှုကြောင့်၊ လူသားသည် ငါ၏ အမျက်ဒေါသကို မကြာမကြာ ဆွလေ့ရှိသည်။ လူသားများအလယ် ငါ အသက်ရှင်ချိန်တွင်၊ ငါသည် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်ကို ကစားနေခဲ့ဘိသည့်အလား၊ ၎င်းတို့သည် ငါ့ကို အမြဲ သတိရှိရှိ “ရှာဖွေ” နေကြသောကြောင့်၊ ငါ ရုတ်တရက် ရောက်ရှိချိန်တွင် ရေးရေးမျှသော အပြုံးတစ်ခုကို ၎င်းတို့ ပြုံးပြကြသည်။ ၎င်းတို့သည် ငါ့ကို ဘယ်သောအခါမျှ အလေးအနက်မထားကြချေ၊ ငါ့အပေါ် ၎င်းတို့၏ သဘောထားကြောင့် ငါသည် လူသားမျိုးနွယ်၏ “အလုပ်ဌာန” မှ “အနားယူ” ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ သို့ဖြစ်စေကာမူ၊ ငါသည် “အငြိမ်းစားယူ” သော်လည်း ငါ၏ “ပင်စင်” မှာ တစ်ပဲနိမျှ လိုအပ်နေ၍မရဟု ဖော်ပြန်ရန် ငါဆန္ဒရှိသည်။ လူသားမျိုးနွယ်၏ “အလုပ်ဌာန”တွင် ငါ၏ ဝါရင့်ခြင်းကြောင့်၊ ၎င်းတို့ထံမှ ငါ ရရန်ရှိသည့် ငွေပေးချေမှုကို ငါ ဆက်လက် တောင်းဆိုသည်။ ၎င်းတို့သည် ငါ့ကို ချန်ရစ်ပြီဖြစ်သော်လည်း၊ ငါ၏ လက်ထဲမှ ၎င်းတို့ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါသည် ၎င်းတို့၏ ဇာတိအသွေးအသား အလိုဆန္ဒများ၌ လွတ်လွတ်လပ်လပ် မွေ့လျော်ခွင့်ပေးရင်း၊ ၎င်းတို့အပေါ် ငါ၏ချုပ်ကိုင်ခြင်းကို အတိုင်းအတာတစ်ခုအထိ တစ်ချိန်က ငါဖြေလျှော့ပေးခဲ့၏- ဤအရာကြောင့် ၎င်းတို့သည် မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ ထိန်းမနိုင်သိမ်းမရသည့် ဟန်ပန်နှင့် ပြုမူဝံ့ခဲ့ကြသည်၊ ၎င်းတို့အားလုံးသည် ဇာတိပကတိတွင် အသက်ရှင်ကြသည့်အတွက်၊ ဤအရာမှ ၎င်းတို့သည် ငါ့ကို အမှန်တကယ် မချစ်ကြသည်ကို မြင်နိုင်ပေသည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဇာတိပကတိအတွက် အပြန်အလှန်အနေဖြင့် ပေးထားခြင်း ဖြစ်နိုင်သလော။ လူသားကို ငါတောင်းဆိုသောအရာသည် ဇာတိပကတိ၏ “ချစ်ခြင်းမေတ္တာ” မျှသာ ဖြစ်နိုင်သလော။ ဤအရာသည်သာ အမှန်ဖြစ်ခဲ့လျှင်၊ လူသားသည် အဘယ်တန်ဖိုး ရှိမည်နည်း။ လူသားအားလုံးသည် သုံးမရသော အမှိုက်ပေတည်း။ ငါ၏ ခံနိုင်ရည်နှင့်ဆိုင်သော “အထူး အစွမ်းတန်ခိုးများ” ကြောင့်သာ မဟုတ်ခဲ့လျှင်၊ ငါသည် လူသားမျိုးနွယ်ကို အချိန်ကြာမြင့်စွာက ချန်ထားပြီး ဖြစ်ပေမည်- အဘယ်ကြောင့် “အနိုင်ကျင့်” ခံရဖို့ ၎င်းတို့နှင့်အတူ နေရင်း ဒုက္ခခံသနည်း။ ငါ သည်းခံဆဲဖြစ်၏။ ငါသည် လူသား “စီးပွားရေး”၏ အကြောင်းရင်းကို စူးစမ်းဖော်ထုတ်လိုသည်။ ကမ္ဘာမြေပေါ်ရှိ ငါ၏အမှုပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ အရာခပ်သိမ်း၏ “ဆရာသခင်” ကို တရားစီရင်ရန် မြင့်သောအရပ် မိုးကောင်းကင်ထဲသို့ ငါတက်ကြွမည်။ လူသားအပေါ် ငါ၏စက်ဆုပ်ရွံ့ရှာခြင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ဤသည်မှာ ငါ၏ အဓိက အမှုဖြစ်သည်။ အဘယ်သူသည် သူ၏ရန်သူကို မမုန်းတီးဘဲနေမည်နည်း။ အဘယ်သူသည် သူ၏ရန်သူကို မျိုးမဖြုတ်ဘဲနေမည်နည်း။ ကောင်းကင်တွင်၊ စာတန်သည် ငါ၏ ရန်သူဖြစ်ပြီး၊ မြေကြီးပေါ်တွင် လူသားသည် ငါ၏ ရန်သူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြား ပေါင်းစည်းခြင်းကြောင့်၊ သွေးသားတော်စပ်မှု အဆင့်ကိုးဆင့်အထိ ၎င်းတို့အားလုံးကို အပြစ်ရှိသည်ဟု ငါ ယူဆပြီး၊ တစ်ဦးမျှ လွတ်ငြိမ်းချမ်းသာခွင့်ရှိလိမ့်မည် မဟုတ်။ အဘယ်သူသည် ငါ့ကို ခုခံရန် ၎င်းတို့ကို ပြောခဲ့သနည်း။ အဘယ်သူသည် ငါ့ကို ပုန်ကန်ရန် ၎င်းတို့ကို ပြောခဲ့သနည်း။ လူတို့သည် ၎င်းတို့၏ ဗီဇဟောင်းကို စွဲကျန်နေသည့် အနှောင်အဖွဲ့များကို ရပ်တန်နိုင်စွမ်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ဇာတိပကတိသည် ၎င်းတို့ အတွင်း၌ အမြဲ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးနေသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာအားလုံးသည် လူသားအပေါ် ငါ၏ တရားစီရင်ခြင်း သက်သေအထောက်အထားဖြစ်၏။ အဘယ်သူသည် အမှန်တရားများကို မကျိုးနွံမနာခံဝံ့သနည်း။ ငါ၏တရားစီရင်ခြင်းသည် စိတ်ခံစားချက်များဖြင့် လွှမ်းမိုးထားသည်ဟု အဘယ်သူပြောဝံ့သနည်း။ ငါသည် တကယ်ကို လူသားမျိုးနွယ်ထဲမှ တစ်ဦးမဟုတ်သည့်အတွက်၊ ငါသည် လူသားနှင့် ကွဲပြားသောကြောင့် ငါသည် သူ့ကို စွန့်ခွာသည်။
ငါလုပ်သမျှအားလုံးအတွက်၊ အခြေခံအကြောင်းရင်းတစ်ခု၊ အခြေခံအုတ်မြစ်တစ်ခု ရှိ၏။ လူသားသည် ငါ့ထံ “မှန်ကန်သော အချက်များ” ကို “ထုတ်ဖော်ပြ” သောအခါ၊ လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားခြင်းသည် ငါ၏ပြစ်တင်ဆုံးမခြင်းနှင့် ထိုက်တန်ရန် လုံလောက်သည့်အတွက်၊ ငါသည် “ကွပ်မျက်ရာကွင်း”ဆီ ၎င်းကို လိုက်ပို့၏။ ထို့ကြောင့် ငါသည် ပြစ်တင်ဆုံးမခြင်းကို ကျိုးကြောင်းမမြင်ဘဲ မစီရင်၊ သို့သော် ၎င်းတို့ ပုန်ကန်ပြစ်မှားမှု၏ မှန်ကန်သော အခြေအနေများအတိုင်း လူတို့ကို ငါ ပြစ်တင်ဆုံးမသည်။ သို့မဟုတ်လျှင်၊ ၎င်းတို့၏ ပုန်ကန်မှုကြောင့် လူသားမျိုးနွယ်သည် ဘယ်သောအခါမျှ ငါ့ထံ ဦးညွှတ်ကာ ၎င်းတို့၏ အပြစ်များကို ဝန်ခံကြမည်မဟုတ်။ လူအားလုံးသည် ၎င်းတို့၏ ဦးခေါင်းများကို အင်တင်တင်ဖြင့် ညွှတ်ကြသည်မှာ အရေးကိစ္စများနှင့် လက်ရှိအခြေအနေသို့ ၎င်းတို့ ရောက်ရှိပြီးဖြစ်သောကြောင့်သာ ဖြစ်သည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင် လက်ခံယုံကြည်ခြင်းမရှိဖြစ်နေဆဲဖြစ်သည်။ ငါသည် လူတို့အား သောက်ဖို့ “ဗေရီယမ် ဆေးရည်” ကို ပေး၏၊ ထို့ကြောင့် ၎င်းတို့၏ အတွင်း အင်္ဂါများသည် “မှန်ဘီလူး” အောက်တွင် ကောင်းမွန်ကာ ရှင်းရှင်းလင်းလင်း ပေါ်လာကြသည်။ လူသား၏ ဝမ်းဗိုက်များမှ အညစ်အကြေးနှင့် မစင်ကြယ်မှုတို့သည် ဖျက်ပစ်မခံရသေးပေ။ ၎င်းတို့၏ သွေးပြန်ကြောများတစ်လျှောက် အညစ်အကြေးမျိုးစုံ စီးဆင်းနေပြီး၊ ထို့ကြောင့် ၎င်းတို့ ခန္ဓာကိုယ်များအတွင်းရှိ အဆိပ်မှာ သာ၍ အစဉ် ကြီးထွားပေသည်။ လူတို့သည် ထိုသို့သော အခြေအနေများတွင် နှစ်ပေါင်းများစွာ အသက်ရှင်ကြပြီးဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများကို တိုး၍ ကျင့်သားရသွားကြပြီးဖြစ်ကာ ယင်းတို့ကို အထူးအဆန်းအဖြစ် မမြင်ကြတော့ချေ။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ ခန္ဓာကိုယ်များအတွင်းရှိ ရောဂါပိုးများမှာ ၎င်းတို့၏ သဘောသဘာဝဖြစ်လာရင်း ရင့်သွားကြပြီး၊ ယင်းတို့၏ အုပ်စိုးမှုအောက်တွင် အယောက်တိုင်း အသက်ရှင်ကြလေသည်။ ဤသည်မှာ လူတို့သည် မြင်းရိုင်းများကဲ့သို့ နေရာအနှံ့ အလုပ်များကြသည့် အကြောင်းရင်းဖြစ်သည်။ သို့သော် ဤအရာကို ၎င်းတို့ ဘယ်သောအခါမျှ အပြည့်အဝ မသိမှတ်ကြပေ။ ၎င်းတို့၏ “သဘောတူညီမှု” ကို ပြသဖို့ ၎င်းတို့၏ဦးခေါင်းများကို ညိတ်ရုံမျှ ညိတ်ကြလေသည်။ အမှန်တရားမှာ လူသားမျိုးနွယ်သည် ငါ၏နှုတ်ကပတ်တော်များကို နှလုံးမသွင်းကြချေ။ အကယ်၍ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဖြေဆေးကောင်းတစ်လက်အဖြစ် သဘောထားခဲ့ကြပါက၊ “ဆရာဝန်၏ ညွှန်ကြားချက်များ”ကို ၎င်းတို့ လိုက်နာကြမည်ဖြစ်ပြီး၊ ဤဖြေဆေးအား ၎င်းတို့ အတွင်းရှိ ရောဂါကို ကုသခွင့်ပြုကြမည်ဖြစ်သည်။ သို့သော် ငါ၏ စိတ်တွင်၊ ၎င်းတို့ပြုမူကြသည့်နည်းလမ်းသည် ဤဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပေ၊ ထို့ကြောင့် ငါ လုပ်နိုင်သမျှအားလုံးမှာ “မတတ်သာ၍ လက်ခံ”ပြီး ၎င်းတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ၎င်းတို့ကို ဆက်လက်စကားပြောခြင်း ဖြစ်သည်။ ငါသည် ငါ၏ တာဝန်ကိုသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန် လိုလားနေခြင်းမရှိဘဲ၊ ထို့ထက် ငရဲ၏ ညှဉ်းဆဲမှုကို ဖြတ်သန်းမည်ဖြစ်သည်- ထို့ကြောင့် ငါ လုပ်ဆောင်နိုင်သမျှအားလုံးမှာ ၎င်းတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ဖြစ်သည်။ သို့သော်၊ ငါ၏ နာမနှင့် ဝိညာဉ်သည် ငရဲတွင် အရှက်မရစေဖို့အလို့ငှာ၊ ငါသည် ပထမဦးစွာ ၎င်းတို့ကို ပဲ့ပြင်ဆုံးမမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဆန္ဒများကို “ကျိုးနွံနာခံ” မည်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် “သာယာကြည်နူးခြင်းဖြင့် ပြည့်ကြ” ဖို့ရန် ထိုသို့ လုပ်ဆောင်စေမည်ဖြစ်သည်။ လူသားအနေဖြင့် ငါ၏ အောင်လံကို လွှင်နေစဉ်တွင် မည်သည့်အချိန်တွင်မဆို သို့မဟုတ် မည်သည့်နေရာတွင်မဆို ငါ့ကို အရှက်ရစေဖို့ ခွင့်ပြုရန် ငါလိုလားခြင်းမရှိပေ၊ ယင်းမှာ ၎င်းတို့ကို အထပ်ထပ် အခါခါ ပဲ့ပြင်ဆုံးမရသည့် အကြောင်းရင်းဖြစ်သည်။ ငါ၏ ခက်ထန်သည့် မိန့်မြွက်ချက်များ၏ အချုပ်အချယ်များ မရှိဘဲ၊ လူသားသည် ယနေ့ထ ငါ့ရှေ့မှောက်၌ အဘယ်သို့ ဆက်လက် ရပ်နေနိုင်မည်နည်း။ ငါအဝေးသို့ ထွက်သွားမည်ကို ၎င်းတို့ ကြောက်ရွံ့သောကြောင့်သာလျှင် လူတို့သည် အပြစ်မှ ရှောင်ကြဉ်ကြသည်မဟုတ်လော။ ပြစ်တင်ဆုံးမခြင်းကို ၎င်းတို့ ကြောက်ရွံ့သောကြောင့်သာလျှင် ၎င်းတို့ ညည်းညူခြင်းမပြုကြသည်မှာ မှန်သည်မဟုတ်လော။ မိမိ၏ စိတ်ဆုံးဖြတ်ချက်များသည် ငါ၏ အစီအစဉ်အတွက် လုံးဝ ဖြစ်သည့် သူ တစ်ဦးတစ်လေ ရှိသလော။ လူအားလုံးက ငါပိုင်ဆိုင်သည်မှာ “ဉာဏ်၏ အစွမ်းအစ” ကင်းမဲ့သော ဘုရားသဘာဝဖြစ်သည်ဟု ထင်ကြ၏၊ သို့သော် ငါသည် ငါ၏လူသားသဘာဝဖြင့် အရာရာတိုင်းကို ရိပ်စားမိနိုင်သည်ကို အဘယ်သူ သဘောပေါက်နိုင်သနည်း။ လူတို့က၊ “လက်သည်း ထုဖို့ရန် အဘယ်ကြောင့် တူကြီးကို အသုံးပြုသနည်း”ဟု ပြောသကဲ့သို့ ဖြစ်သည်။ လူသားသည် ငါ့ကို “ချစ်သည်” မှာ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မွေးရာပါဖြစ်သောကြောင့်မဟုတ်ဘဲ ပြစ်တင်ဆုံးမမှုကို ၎င်းတို့ ကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။ လူသားများထဲတွင် အဘယ်သူသည် ငါ့ကို ချစ်လျက် မွေးဖွားခဲ့သနည်း။ ငါ့ကို ၎င်းတို့၏ ကိုယ်ပိုင် နှလုံးသားကဲ့သို့ ဆက်ဆံသောသူ တစ်ဦးတစ်လေ ရှိသလော။ ထို့ကြောင့် လူ့လောကအတွက် ဤအရာကို ပြောရိုးစကားတစ်ခုဖြင့် ငါအကျဉ်းချုပ်၏- လူသားများထဲတွင် ငါ့ကို ချစ်သောသူ တစ်ဦးမျှမရှိ။
လူသားအနေဖြင့် အကန့်အသတ်မဲ့ သမုဒ္ဒရာထဲသို့ ကျသည်အထိ ငါနှင့် ဝေးရာသို့ အပစ်ခံရမည်စိုး၍ ငါ့အမှု၏ အရှိန်အဟုန်ကို ထိုသို့ ငါ အရှိန်မြှင့်ပြီးဖြစ်သည်မှာ ငါသည် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် ဆန္ဒရှိသောကြောင့်သာ ဖြစ်သည်။ ၎င်းတို့ အတော်အတန် သတိထားကြသည်မှာ၊ ငါသည် ကိစ္စရပ်များ၏ အမှန်တရားကို ၎င်းတို့အား ကြိုတင်ပြောပြပြီး ဖြစ်သောကြောင့် အတိအကျ ဖြစ်သည်။ ဤအတွက်မဟုတ်လျှင်၊ မုန်တိုင်းထန်သော ရာသီဥတု ကျရောက်တော့မည်ဆဲဆဲတွင် ရွက်လွှင့်မည်သူ တစ်ဦးတစ်လေ ရှိသလော။ အယောက်တိုင်းသည် ကြိုတင်ကာကွယ်မှုများ ယူလျက် အလုပ်လုပ်နေကြ၏။ ယင်းမှာ ငါသည် ၎င်းတို့၏ စိတ်နှလုံးများ၌ “ဓားပြ” တစ်ဦး ဖြစ်လာပြီးဖြစ်သည့်အလား ဖြစ်သည်။ ၎င်းတို့ အိမ်များမှ အရာရာအား ငါသိမ်းသွားမည်ကို ၎င်းတို့ ကြောက်ကြပြီး၊ ထို့ကြောင့် ရုတ်တရက် ငါချိုးဖျက်ဝင်လိမ့်မည်ကို သေမတတ်ကြောက်ရွံ့လျက်၊ ၎င်းတို့၏ “တံခါးများ” ကို စုစည်းနိုင်သမျှ ခွန်အားအားလုံးဖြင့် တွန်းထားကြလေသည်။ သူရဲဘောကြောင်သည့် ကြွက်များကဲ့သို့ ၎င်းတို့ ပြုမူကြသည်ကို ငါမြင်သောအခါ၊ တိတ်တဆိတ် ငါစွန့်ခွာသည်။ လူတို့၏ စိတ်ကူးထဲတွင်၊ ကမ္ဘာလောကသည် ကမ္ဘာပျက်ကိန်းတစ်ခုကို ကြုံတော့မည်ဟု ထင်ရပြီး၊ ထို့ကြောင်း ၎င်းတို့အားလုံးသည် ရုတ်တရက် ကြောက်လန့်တကြားဖြစ်လျက် ဖရိုဖရဲ ထွက်ပြေးကြလေသည်။ ဤအချိန်တွင်သာ သရဲတစ္ဆေများ ကမ္ဘာမြေကြီးပေါ် လှည့်လည်နေကြသည်ကို ငါမြင်ရခြင်းဖြစ်သည်။ ငါသည် မရယ်ဘဲမနေနိုငသကဲ့သို့၊ ငါ၏ရယ်မောခြင်းအသံများကြားတွင် လူသည် အံ့အားသင့်ကာ အထိတ်တလန့်ဖြစ်လေသည်။ ထို့နောက်တွင်မှ ငါသည် ကိစ္စရပ်၏ အမှန်တရားကို နားလည်သဘောပေါက်ပြီး၊ ထို့ကြောင့် ငါ၏ အပြုံးကို ငါပြန်ထိန်းကာ ကမ္ဘာမြေပေါ် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မကြည့်တော့ဘဲ၊ ယင်းအစား၊ ငါ၏ မူလအစီအစဉ်အတိုင်း အမှုပြုဖို့ ပြန်သွားလေသည်။ ၎င်းတို့သည် အကြွင်းအကျန်များထက် မည်သည့်အရာမျှ မဟုတ်ကြသောကြောင့်၊ ငါသည် လူသားမျိုးနွယ်ကို ငါ၏ သုတေသနအတွက် နမူနာအဖြစ် အသုံးတော်ခံသော စံပုံစံတစ်ခုအဖြစ် ငါ မမှတ်ယူတော့ပေ။ ၎င်းတို့ကို ငါစွန့်ပစ်သည်နှင့်တပြိုင်နက်၊ ၎င်းတို့သည် မည်သည့်အသုံးမျှမဝင်ကြတော့ပေ။ ၎င်းတို့သည် စွန့်ပစ်ပစ္စည်းအစအနများ ဖြစ်ကြလေသည်။ ဤအဆင့်တွင် ငါသည် ၎င်းတို့ကို အမြစ်ဖြတ်ချေမှုန်းပြီး၊ မီးထဲသို့ ပစ်ချမည်။ လူသားမျိုးနွယ်၏စိတ်ထဲတွင်၊ ငါ၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့သည် ငါ၏ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့၌ ပါရှိ၏။ သို့သော် ၎င်းတို့၏ အားနည်းချက်များကို အချိန်ကြာမြင့်စွာက ငါလျစ်လျူရှုပြီးဖြစ်သကဲ့သို့၊ ငါသည် အချိန်ကြာမြင့်စွာကတည်းက ငါ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို ပြန်ရုပ်သိမ်းပြီးဖြစ်ကာ ယင်းမှာ ၎င်းတို့သည် ယခုအခြေအနေတွင် ရှိနေရသည့်အကြောင်းရင်းဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ အဘယ်သူမျှ ငါ့ကို မသိနိုင်သကဲ့သို့၊ အဘယ်သူမျှ ငါ့နှုတ်ကပတ်တော်များကို နားမလည်နိုင် သို့မဟုတ် ငါ့မျက်နှာကို မမြင်နိုင်၊ သို့မဟုတ် ငါ၏ရည်ရွယ်ချက်များကို သဘောမပေါက်နိုင်ကြချေ။ ဤသည်မှာ လူသားက မိမိကိုယ်ကိုယ် ယခုတွင် တွေ့ရှိရသည့် အခြေအနေများ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် ငါသည် ကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းရှိသည်ဟု အဘယ်သို့ ပြော၍ရနိုင်သနည်း။ ငါသည် လူသား၏ အားနည်းချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိသကဲ့သို့၊ ၎င်း၏ ချွတ်ယွင်းချက်များကို ငါ “အရေးမစိုက်” ပေ။ ဤသည်မှာ ငါ၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှု ဖြစ်နိုင်ဦးမည်လော။ သို့မဟုတ် ယင်းသည် လူသားမျိုးနွယ်အတွက် ငါ၏ချစ်ခြင်းမေတ္တာဖြစ်နိုင်ဦးမည်လော။ လူအားလုံးက ငါသည် “အနှစ်မဲ့သော အာလာပသလ္လာပများ” ပြောဆိုနေသည်ဟု ထင်ကြ၏၊ ထို့ကြောင့် ငါပြောသော စကားများကို ၎င်းတို့ မယုံကြည်ကြချေ။ သို့သော် ဤအရာကို သိသောသူ တစ်ဦးတစ်လေ ရှိသလော။ “ဤသည်မှာ ကွဲပြားခြားနားသောခေတ်ဖြစ်သည်နှင့်အမျှ၊ ငါ၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့သည် မျက်မှောက်ခေတ်တွင် မတည်ရှိချေ။ သို့သော် ငါသည် လုပ်ဆောင်မည်ဟု ပြောသည့်အတိုင်း လုပ်တတ်သည့် ဘုရားသခင်တစ်ပါး အစဉ်ထာဝရ ဖြစ်သည်။” ငါသည် လူသားမျိုးနွယ်အလယ်တွင် ရှိချိန်၊ လူတို့သည် ၎င်းတို့၏စိတ်များတွင် ငါ့ကို အမြင့်ဆုံးသောသူအဖြစ် မြင်ကြ၏၊ ထို့ကြောင့် ငါသည် ငါ၏ဉာဏ်ပညာအတွင်းမှ စကားပြောရန် နှစ်သက်သည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဤအရာက ၎င်းတို့အား ငါ၏နှုတ်ကပတ်တော်ကို သံသယဖြင့် အစဉ်အမြဲ မြင်စေသည်။ သို့သော် ငါ၏ စကားနောက်ကွယ်က စည်းမျဉ်းများကို သဘောပေါက်နိုင်သူ တစ်ဦးတစ်လေ ရှိသလော။ သို့မဟုတ် ငါ့နှုတ်ကပတ်တော်များ၏ ဇစ်မြစ်များကို သဘောပေါက်နိုင်သူ တစ်ဦးတစ်လေ ရှိသလော။ ငါအမှန်တကယ် ပြီးမြောက်လိုသောအရာမှာ မည်သည့်အရာဖြစ်သည်ကို နားလည်နိုင်သောသူ တစ်ဦးတစ်လေ ရှိသလော။ သို့မဟုတ် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆုံးသတ်နှင့် သက်ဆိုင်၍ အသေးစိတ်များကို အဘယ်သူ ထိုထွင့်သိမြင်နိုင်သနည်း။ အဘယ်သူသည် ငါ့အဖို့ လူယုံတစ်ဦး ဖြစ်လာနိုင်သနည်း။ အရာခပ်သိမ်းထဲတွင်၊ ငါ အတိအကျ မည်သည့်အရာ လုပ်ဆောင်နေသည်ကို ငါမှလွဲ၍ အဘယ်သူ သိနိုင်သနည်း။ ပြီးလျှင် ငါ၏ အဆုံးစွန် ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို အဘယ်သူ သိနိုင်သနည်း။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်