အခန်း ၂၁

လူသားသည် ငါ့အလင်း၏ အလယ်တွင် လဲကျပြီး၊ ငါ၏ ကယ်တင်ခြင်းကြောင့် မြဲမြံစွာ ရပ်တည်၏။ ကယ်တင်ခြင်းကို စကြဝဠာ တစ်ခွင်လုံးသို့ ငါယူဆောင်လာသောအခါ၊ လူသားသည် ငါ၏ပြန်လည် ပြုပြင်ခြင်း၏ စီးဆင်းခြင်းအလယ်တွင် ဝင်ရောက်နိုင်မည့် နည်းလမ်းများကို ရှာတွေ့ရန် ကြိုးစားသည်၊ သို့သော် များစွာသောသူတို့သည် ဤပြန်လည် ပြုပြင်ခြင်း၏ ပြင်းထန်သောရေစီးအားဖြင့် အရိပ်အယောင် စိုးစဉ်းမျှ မကျန်ဘဲ မျောပါသွားကြ၏။ တစ်ဟုန်ထိုး စီးဆင်းသော ရေများအားဖြင့် နစ်မြုပ်သွားကြလျက် ဝါးမျိုခြင်းခံရသူများစွာ ရှိသည်။ ပြီးလျှင် တစ်ဟုန်ထိုး စီးဆင်းမှုအလယ်တွင် မြဲမြံစွာရပ်တည်သောသူ၊ ၎င်းတို့၏ ဦးတည်ရာ အသိစိတ် မည်သည့်အခါတွင်မျှ မဆုံးရှုံးဖူးသူ၊ ပြီးလျှင် ထိုသို့ဖြင့် ယနေ့ထိတိုင် ဤသို့ တစ်ဟုန်ထိုး စီးဆင်းမှုနောက်သို့ လိုက်ကြသော သူများလည်း များစွာရှိသည်။ ငါသည် လူနှင့်အတူ ခြေလှမ်းညီညီ ချီတက်သည်၊ သို့သော် လူသားသည် ငါ့ကို လုံးဝ မသိဖူးသေးပေ။ သူသည် ငါ အပြင်ပန်းတွင် ဝတ်ဆင်ထားသော အဝတ်အစားများကိုသာ သိသော်လည်း၊ ငါ၏အတွင်းရှိ ကြွယ်ဝမှုများကို မသိနားမလည်ပေ။ ငါသည် လူသားကို ထောက်ပံ့ပြီး နေ့စဉ် သူ့ကို ပေးသော်လည်း၊ သူသည် အစစ်အမှန် လက်ခံနိုင်စွမ်းမရှိပေ၊ ငါပေးသော ကြွယ်ဝခြင်းများအားလုံးကို လက်မခံနိုင်ပေ။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် မည်သည့်အရာမျှ ငါ၏ သတိပြုမိခြင်းမှ လွတ်မြောက်ခြင်း မရှိပေ။ ငါ့အဖို့ သူ၏ အတွင်းကမ္ဘာသည် ရေပြင်ပေါ်က တောက်ပသော လကဲ့သို့ ရှင်းလင်းပေသည်။ ငါသည် လူကို ပေါ့ပေါ့ဆဆ ပုံစံဖြင့် မဆက်ဆံသကဲ့သို့၊ သူနှင့်ပတ်သက်၍ ဟန်ဆောင်လုပ်ခြင်းလည်း မရှိပေ။ ယင်းမှာ လူသားသည် မိမိကိုယ်ကိုယ်အတွက် တာဝန်မယူနိုင်ခြင်းသာ ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးသည် အစဉ် အကျင့်ပျက်ပြားပြီးဖြစ်ကာ၊ ယနေ့တွင်ပင် ထိုသို့သော အကျင့်ပျက်ပြားမှုမှ မိမိကိုယ်ကိုယ် ရုန်းထွက်နိုင်စွမ်းမရှိဘဲ ဖြစ်နေသည်။ ညံ့ဖျင်းသည့်၊ သနားစဖွယ် လူသားမျိုးနွယ်ပါတကား။ လူသားသည် ငါ့ကို ချစ်သော်လည်း၊ ငါ့ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို မလိုက်နာနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် ငါ့ကိုယ်ငါ လူသားမျိုးနွယ်ထံ အမှန်တကယ် ထုတ်ဖော်မပြလေပြီလော။ လူသားမျိုးနွယ်သည် အမှန်တကယ် ငါ၏မျက်နှာကို တစ်ခါမျှ မမြင်ဖူးသလော။ ငါသည် လူသားမျိုးနွယ်အပေါ် အလွန်နည်းပါးသော သနားကရုဏာကို ပြသခဲ့်သောကြောင့် ဖြစ်နိုင်မည်လော။ အို၊ လူသားမျိုးနွယ် အားလုံးထဲမှ ပုန်ကန်သူများ။ ၎င်းတို့သည် ငါ၏ခြေအောက်တွင် ဖျက်ဆီးခြင်းခံရမည်။ ၎င်းတို့သည် ငါ၏ပြစ်တင်ဆုံးမမှု အလယ်တွင် ပျောက်ကွယ်ရမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့၏ အကျည်းတန်သော မျက်နှာကို သိကြဖို့အလို့ငှာ၊ ၎င်းတို့သည် ငါ၏ ကြီးမြတ်သော လုပ်ငန်းကြီး ပြီးစီးသွားသည့် နေ့ရက်တွင် လူသားမျိုးနွယ်အလယ်မှ နှင်ထုတ်ခြင်း ခံရမည်။ လူသားသည် ငါ၏မျက်နှာကို တွေ့ရခဲသည့်အချက် သို့မဟုတ် ငါ၏အသံကို ကြားရခဲသည့်အချက်မှာ လောကကြီး တစ်ခုလုံးသည် နောက်ကျိလွန်းပြီး၊ ယင်း၏ ပွက်ပွက်ညံသံသည် အလွန် ကြီးလှသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ငါ၏ မျက်နှာကို ဖွေရှာရန်နှင့် ငါ၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားရန် အလွန် ပျင်းရိသည်။ ဤသည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကြောင်းတရား ဖြစ်သည် မဟုတ်ပေလော။ ဤသည်မှာ လူသားသည် လိုအပ်ရသည့်အကြောင်းရင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ၏ ထောက်ပံ့ပေးမှု အလယ်တွင် အစဉ် ရှိကြပြီးဖြစ်သည်။ ထိုသို့သာ မဟုတ်ခဲ့ပါက၊ ငါသည် သနားကရုဏာနှင့် မပြည့်ဝခဲ့ပါက၊ မည်သူသည် ယနေ့အထိ ရှင်သန်ပြီးဖြစ်မည်နည်း။ ငါ၌ရှိသော ကြွယ်ဝမှုသည် အနှိုင်းမဲ့ဖြစ်သည်၊ သို့သော် ကပ်ဘေးအားလုံးကိုလည်း ငါ၏လက်များထဲတွင် ထိန်းသိမ်းထားသည်- ပြီးလျှင် မည်သူသည် ၎င်းတို့ စိတ်ရှိချိန်တိုင်းတွင် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်သနည်း။ လူသား၏ ဆုတောင်းခြင်းများ သို့မဟုတ် ၎င်း၏ နှလုံးသားထဲက ငိုကြွေးမှုသည် ၎င်းကို ထိုသို့ လုပ်ဆောင်ခွင့်ပြုသလော။ လူသားသည် မည်သည့်အခါမျှ ငါ့ထံ အမှန်တကယ် ဆုမတောင်းဖူးပေ၊ ထို့ကြောင့် လူသားမျိုးနွယ်အပေါင်းတို့ထဲတွင် မည်သူမျှ ၎င်းတို့၏ ဘဝတစ်ခုလုံးကို စစ်မှန်သောအလင်း၏အလယ်၌ အသက်မရှင်ဖူးပေ။ လူတို့သည် ကြိုကြား ကြိုကြား မှိတ်တုတ်မှိတ်တုတ် ပေါ်ထွန်းသည့် အလင်းတွင်သာ အသက်ရှင်ကြသည်။ ယနေ့ လူသားမျိုးနွယ်၏ ချို့တဲ့ခြင်းဆီသို့ ဆိုက်ရောက်စေပြီးဖြစ်သည်မှာ ဤအရာ ဖြစ်ပေသည်။

အယောက်တိုင်းသည် ငါ့ထံမှ တစ်စုံတစ်ခု ရရှိရန်အလို့ငှာ ငါ့အတွက် အစွမ်းကုန် လုပ်ဆောင်ရန် လိုလားနေလျက်၊ မစောင့်နိုင်အောင်ဖြစ်ကြသည်၊ ထို့ကြောင့် လူ၏ စိတ်သဘောနှင့် လျော်ညီစွာ၊ ငါသည် သူ၏အထဲ၌ စစ်မှန်သည့် ချစ်ခြင်းကို စေ့ဆော်ပေးရန် သူ့ကို ကတိများပေးခဲ့သည်။ လူသားကို ခွန်အားပေးသည်မှာ သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ အမှန်တကယ် ဖြစ်သလော။ ကောင်းကင်ဘုံရှိ ငါ၏ ဝိညာဉ်တော်ကို တို့ထိပြီးဖြစ်သည်မှာ လူသား၏ ငါ့ကို သစ္စာစောင့်သိခြင်းလော။ ကောင်းကင်ဘုံသည် လူ၏ လုပ်ရပ်များအားဖြင့် မည်သည့်အခါမျှ စိုးစဉ်းမျှ အကျိုးသက်ရောက်ခြင်း မရှိဖူးပေ၊ ပြီးလျှင် လူသားနှင့်ဆိုင်သည့် ငါ၏ ဆက်ဆံမှုသည် သူ၏ လုပ်ရပ်တိုင်းအပေါ် အခြေခံခဲ့မည်ဆိုပါလျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် အသက်ရှင်ကြပေမည်။ ၎င်းတို့၏ ပါးပြင်များပေါ် မျက်ရည်များ စီးနေကြသည့် များစွာသော လူတို့ကို ငါမြင်ပြီးပြီဖြစ်ကာ၊ ငါ၏ကြွယ်ဝမှုများအတွက် အလဲအလှယ်အနေဖြင့် ၎င်းတို့၏ နှလုံးသားများကို ပူဇော်ကြသည့် များစွာသော လူတို့ကိုလည်း ငါမြင်ရပြီးဖြစ်သည်။ ထိုသို့သော “ဘာသာတရား ကိုင်းရှိုင်းမှု” ရှိသော်ငြားလည်း၊ လူသားသည် ငါ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်ရန် လိုလားခြင်း လုံးဝ မရှိဖူးသည့်အတွက်၊ လူသား၏ ရုတ်ခြည်းဖြစ်သည့် ပြင်းပြသောဆန္ဒများ၏ အကျိုးဆက်အနေဖြင့် ငါသည် သူ့အား ဘယ်သောအခါမျှ ငါ၏အလုံးစုံကို အခမဲ့ မပေးဖူးပေ။ ငါသည် လူအားလုံး၏ မျက်နှာဖုံးများကို ဆွဲနုတ်ပစ်ခဲ့ပြီး ဤမျက်နှာဖုံးများကို မီးအိုင်ထဲသို့ ပစ်ချပြီးဖြစ်သည်၊ အကျိုးဆက်အနေနှင့် လူသား၏ သစ္စာစောင့်သိမှုနှင့် အသနားခံမှုဟု ဆိုသော အရာများသည် ငါ၏ရှေ့တွင် မည်သည့်အခါမျှ မမြဲမြံဖူးပေ။ လူသားသည် မိုးကောင်းကင်ရှိ တိမ်တိုက်တစ်ခုနှင့် တူသည်။ လေတဟူးဟူး တိုက်ခတ်သောအခါ၊ သူသည် ယင်း၏ အင်အား ကြီးမားမှုကို ကြောက်ရွံ့သောကြောင့်၊ သူ၏ မနာခံမှုအတွက် ဒဏ်ခတ်ခံရမည်ကို သူသည် အလွန်အမင်း ကြောက်ရွံ့လျက် ယင်းနောက်သို့ ကမန်းကတန်း လွင့်မျောသွားသည်။ ဤသည်မှာ လူသား၏ အကျည်းတန်သော မျက်နှာဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသား၏ နာခံမှုဟု ခေါ်သော အရာဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသား၏ “စစ်မှန်သော ခံစားချက်” နှင့် အတုအယောင် စေတနာ ဖြစ်သည် မဟုတ်ပေလော။ များစွာသော လူတို့သည် ငါ၏ နှုတ်မှ ထုတ်ပြန်သော မိန့်မြွက်ချက်များအားလုံးအားဖြင့် လက်ခံယုံကြည်ရန် ငြင်းဆိုကြပြီး၊ များစွာသောသူတို့သည် ငါ၏ အကဲဖြတ်မှုကို လက်မခံကြပေ၊ ထို့ကြောင့် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ၎င်းတို့၏ ပုန်ကန်တတ်သော ရည်ရွယ်ချက်များကို ထုတ်ဖော်ပြပေ၏။ ငါပြောသည့်အရာသည် လူသား၏ သဘာဝဟောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည် မဟုတ်လော။ ငါသည် လူသားကို “သဘာဝ၏ နိယာမများ” နှင့်အညီ သင့်လျော်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပေးပြီးပြီ မဟုတ်လော။ လူသားသည် ငါ့ကို အမှန်တကယ် မနာခံပေ။ အကယ်၍ သူသည် ငါ့ကို အမှန်တကယ် ရှာဖွေခဲ့ပါက၊ ငါသည် များစွာပြောရန် လိုမည်မဟုတ်။ လူသားသည် အသုံးမကျသော အမှိုက် ဖြစ်ပြီး၊ သူ့ကို ရှေ့သို့ အတင်းအကျပ် ရွေ့စေရန် ငါသည် ငါ၏ ပြစ်တင်ဆုံးမခြင်းကို အသုံးပြုရပေမည်။ ငါသည် ထိုသို့ မလုပ်ဆောင်ခဲ့ပါက- သူ့ကို ငါပေးသော ကတိများသည် သူ၏ မွေ့လျော်ခံစားခြင်းအတွက် လုံလောက်သော်ငြားလည်း-သူ၏ နှလုံးသားသည် တို့ထိခံရနိုင်မည်လော။ လူသားသည် နာကျင်စရာ ရုန်းကန်မှုအလယ်တွင် နှစ်ပေါင်းများစွာ အမြဲနေထိုင်ပြီးဖြစ်သည်။ သူသည် စိတ်ပျက်ခြင်းထဲတွင် အစဉ်အမြဲ နေထိုင်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့်၊ သူသည် မျှော်လင့်ချက်ကုန်လျက် ကျန်ရစ်ပြီးဖြစ်ကာ၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် သူ့ကို ငါပေးသော ကြွယ်ဝခြင်းများကို ဝမ်းမြောက်စွာ လက်မခံပေ။ ယနေ့တွင်ပင် ဝိညာဉ်၏ချိုမြိန်မှုအားလုံးကို ငါ့ထံမှ မည်သူမျှ လက်မခံနိုင်ကြပေ။ လူတို့သည် နွမ်းပါးလျက်သာ ရှိနေနိုင်ပြီး၊ နောက်ဆုံးသော နေ့ရက်ကို စောင့်စားကြလေသည်။

များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် ၎င်းတို့၏ နှလုံးသားများမှာ ၎င်းတို့ ကိုယ်ပိုင်မဟုတ်သောကြောင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြချေ။ များစွာသော လူတို့သည် ငါပေးသော စမ်းသပ်မှုများကို တွေ့ကြုံကြသည်နှင့်အမျှ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့သည် ငါ အမှန်တကယ် တည်ရှိသည်ကို သဘောပေါက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ငါ့ကို အနှစ်မဲ့ခြင်းဖြင့် ချစ်ရုံမျှ ချစ်ကြကာ၊ ငါ၏ တကယ့် တည်ရှိခြင်းကြောင့် မဟုတ်ပေ။ များစွာသော လူတို့သည် ငါ၏ရှေ့တွင် သူတို့၏ နှလုံးသားများကို ချခင်းထားပြီး၊ ထို့နောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို အာရုံမစိုက်ကြချေ။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားများသည် အခွင့်အရေးရသည့် အချိန်တိုင်း စာတန်၏ ဆတ်ခနဲ လုယူသွားခြင်းကို ခံကြရပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ငါ့ကို စွန့်ခွာသွားကြလေသည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးသောအခါ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့၏ စိတ်ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးခြင်းမရှိ၊ ထိုအစား ထိုနှုတ်ကပတ်တော်များကို အများပြည်သူပိုင်သည့် ပစ္စည်းကဲ့သို့ သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ၎င်းတို့ ဆန္ဒရှိသည့်အခါတိုင်း ယင်းတို့ကို လာသည့်နေရာသို့ ပြန်ပစ်ပေးနေကြသည်။ လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများအလယ်တွင် ငါ့ထံမှ အကူအညီရဖို့ကို မျှော်လင့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်းတွင်၊ သူသည် ငါ့ကို မွေ့လျော်ခံစားသည်၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ငါ့ကို ငြင်းပယ်သည်၊ သူ အလုပ်များချိန်တွင် ငါ့ကို မေ့လျော့ပြီး၊ သူ အလုပ်မရှိသောအခါ၌ ငါ့အတွက် ဟန်ဆောင်လုပ်ပြလေသည်- သို့သော်ငြားလည်း မည်သူမျှ ၎င်းတို့၏ တစ်သက်တာလုံးတစ်လျှောက် ငါ့ကို လုံးဝ မချစ်ဖူးပေ။ လူသားသည် ငါ့ရှေ့တွင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါကို တစ်စုံတစ်ခု ပေးရန် သူ့ကို ငါမတောင်းဆိုဘဲ၊ ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်မည့်အစား၊ လူအားလုံးသည် ငါ့ကို အလေးအနက် မှတ်ယူကြရန်နှင့်၊ လူသား၏ စစ်မှန်ရိုးသားမှုကို ပြန်ဆောင်ကြဉ်းဖို့ ငါ့ကို ခွင့်ပြုရန်သာ ငါ တောင်းဆိုသည်။ ငါ၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးကို စိမ့်ဝင်ပျံ့နှံ့ဝင်သည်၊ သို့သော် လူသား၏ လုပ်ရပ်တိုင်း၏ စစ်မှန်သော အချက်သည်လည်း ငါနှင့်ဆိုင်သည့် ၎င်းတို့၏ လှည့်ဖြားမှုနည်းတူ၊ လူအားလုံးတို့ကို စိမ့်ဝင်ပျံ့နှံ့လေသည်။ ယင်းမှာ လူသား၏ လှည့်ဖြားမှု၏ ပါဝင်သောအရာများသည် အမိဝမ်းကတည်းက သူနှင့်အတူ ရှိပြီးဖြစ်သည့်အလား၊ သူသည် ဤလိမ့်လည်လှည့်စားမှု နှင့်ဆိုင်သည့် အထူး ကျွမ်းကျင်မှုများကို မွေးကတည်းက ပိုင်ဆိုင်ပြီး သည့်အလား ဖြစ်သည်။ ထို့အပြင် သူသည် မည်သည့်အခါမျှ သူ၏လျှို့ဝှက်ချက်ကို မလှစ်ဟပြဖူးပေ။ မည်သူမျှ ဤလှည့်ဖြားသော အတတ်များ၏ ရင်းမြစ်ကို မရိပ်စားမိဖူးပေ။ အကျိုးဆက်အနေဖြင့်၊ လူသားသည် နားမလည်လိုက်ဘဲနှင့် လှည့်ဖြားမှုအလယ်တွင် နေထိုင်ပြီး၊ ယင်းမှာ သူသည် မိမိကိုယ်ကိုယ် ခွင့်လွှတ်သည့်အလား၊ ယင်းမှာ ငါ့အပေါ် သူ၏ တမင်တကာ လှည့်ဖြားမှုအစား ဘုရားသခင်၏ စီစဉ်မှုများ ဖြစ်သည့်အလား ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသား၏လှည့်ဖြားမှု၏ တကယ့်ရင်းမြစ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သူ၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည် ဖြစ်သည် မဟုတ်ပေလော။ ငါသည် လူသား၏ အနှစ်သာရကို အချိန်ကြာမြင့်စွာက သဘောပေါက်ခဲ့သည့်အတွက်၊ မည်သည့်အခါမျှ ငါသည် လူသား၏ မြှောက်လုံးများနှင့် ယုံအောင် လှည့်စားပြောဆိုမှုကြောင့် စိတ်မရှုပ်ထွေးဖူးပေ။ သူ၏အသွေးထဲတွင် မသန့်စင်မှု မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ် မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် ကုန်လွန်သွားသည့် နေ့ရက်အသီးသီးနှင့်အတူ ထိုအရာကို သာ၍ ကျင့်သားရလာခဲ့သည်မှာ၊ သူသည် စာတန် လုပ်ဆောင်သည့် ဘေးအန္တရာယ်ကို မခံစားရသကဲ့သို့၊ ထိုသို့ဖြင့် “ကောင်းမွန်စွာ တည်ရှိခြင်း အတတ်ပညာတစ်ခု” ကို ရှာဖွေခြင်းတွင် စိတ်ဝင်စားမှု မရှိသည်အထိ ဖြစ်ပေသည်။

လူသားသည် ငါနှင့် ဝေးကွာသောအခါနှင့် ငါ့ကို သူ စစ်ဆေးသောအခါတွင်၊ ငါသည် သူ့ထံမှ ငါ့ကိုယ်ငါ တိမ်များကြားတွင် ကွယ်ဝှက်ထား၏။ အကျိုးဆက်အနေဖြင့်၊ သူသည် ငါ၏ မည်သည့် အရိပ်အယောင်စိုးစဉ်းကိုမျှ ရှာမတွေ့နိုင်သကဲ့သို့၊ ဆိုးယုတ်သောသူတို့ တောင်းဆိုသမျှ လုပ်ဆောင်ရင်း၊ ၎င်းတို့ကို အကြောင်းပြု၍သာ အသက်ရှင်ရလေသည်။ လူသားသည် ငါနှင့် နီးကပ်သောအခါ၊ ငါသည် သူ့ထံ ပေါ်လာပြီး ငါ၏မျက်နှာကို သူ့ထံမှ ဝှက်မထားပေ။ ဤအချိန်တွင် လူသားသည် ငါ၏ ကြင်နာသော မျက်နှာကို မြင်ရလေသည်။ သူသည် ရုတ်တရက် သူ၏ အသိတရားများ ဝင်လာပြီး၊ ် နားမလည်လိုက်သော်ငြားလည်း၊ သူ၏အထဲတွင် ငါ့ကို ချစ်ခြင်းသည် မွေးဖွားလာ၏။ သူ၏ နှလုံးသားထဲတွင်၊ သူသည် ရုတ်တရက် နှိုင်းယှဉ်၍ မရသော ချိုမြိန်ခြင်းတစ်ခုကို ခံစားရပြီး၊ အဘယ်သို့ စကြဝဠာ၌ ငါ၏တည်ရှိမှုကို သူမသိနိုင်ခဲ့သည်ကို စဉ်းစားမိသည်။ ထိုသို့ဖြင့် လူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအပြင်၊ ငါ၏ အဖိုးတန်မှုနှင့် သက်ဆိုင်သော သာ၍ ကြီးမားသည့် အသိတရားတစ်ခုကို ရလေသည်။ အကျိုးဆက်အနေဖြင့်၊ သူသည် ငါ့ကို မည်သည့် အခါမျှ တစ်ဖန် မစွန့်ခွာရန် ဆန္ဒရှိလေသည်၊ သူသည် ငါ့ကို သူ့ရှင်သန်မှု၏ အလင်းအဖြစ်မြင်ကာ၊ ငါသည် သူ့အား စွန့်ခွာမည်ကို အလွန်အမင်း ကြောက်ရွံ့လျက် ငါ့ကို တင်းကျပ်စွာ ဖက်ထားလေသည်။ ငါသည် လူသား၏ စိတ်အားထက်သန်မှုဖြင့် တို့ထိခံရခြင်းမရှိဘဲ၊ သူ၏ ချစ်ခြင်းကြောင့် သူ့အပေါ် သနားကရုဏာရှိပေသည်။ ဤအချိန်တွင်၊ လူသားသည် ငါ၏ စမ်းသပ်မှုများ အလယ်တွင် ချက်ချင်း အသက်ရှင်လေသည်။ ငါ၏ မျက်နှာသည် သူ၏ နှလုံးသားမှ ပျောက်ကွယ်သွားပြီး၊ သူ့ဘဝက အနှစ်မဲ့သည်ဟု သူ ချက်ချင်း ခံစားရကာ လွတ်မြောက်ရန် တွေးတောလေသည်။ ဤအခိုက်အတန့်တွင်၊ လူ၏ နှလုံးသားသည် ဖွင့်ချခံရလေသည်။ ငါ၏ စိတ်သဘောထားကြောင့် သူသည် ငါ့ကို ဖက်ယမ်းခြင်းမရှိဘဲ၊ ငါ၏ ချစ်ခြင်းကြောင့် သူ့ကို ကွယ်ကာပေးရန် ငါ့ကို တောင်းဆိုလေသည်။ သို့သော်ငြားလည်း ငါ၏ချစ်ခြင်းသည် လူသားကို ပြန်ထိခိုက်လေသောအခါ၊ သူသည် သူ၏ စိတ်ကို ချက်ချင်း ပြောင်းလေသည်။ သူသည် ငါ၏ သနားကရုဏာနှင့်ပြည့်သော မျက်နှာကို နောက်တစ်ဖန် မျှော်ကြည့်လိုခြင်း မရှိဘဲလျက်၊ ငါနှင့်ထားသော ပဋိညာဉ်ကို ဆုတ်ဖြဲပြီး ငါ၏ တရားစီရင်မှုမှ ခွဲထွက်လေသည်၊ ဤသို့လျှင် သူသည် ငါ့အပေါ် သူ၏ အမြင်ကို ပြောင်းလဲလိုက်ပြီး၊ ငါသည် လူသားအား မည်သည့်အခါမျှ မကယ်တင်ဖူးလေပြီဟု ပြောသည်။ စစ်မှန်သော ချစ်ခြင်းသည် သနားကရုဏာမှလွဲ၍ မည်သည့်အရာမှ အမှန်တကယ် မပါဝင်သလော။ လူသားသည် ငါ၏ ထွန်းတောက်သော အလင်းအောက်တွင် နေထိုင်မှသာ ငါ့ကို ချစ်သလော။ သူသည် ယမန်နေ့ကို ပြန်ကြည့်သော်လည်း၊ ယနေ့တွင် အသက်ရှင်၏- ဤသည်မှာ လူသား၏ အခြေအနေ ဖြစ်သည် မဟုတ်လော။ သင်တို့သည် မနက်ဖြန်တွင် အမှန်ကတယ် ဤကဲ့သို့ ဖြစ်လိမ့်ဦးမည်လော။ ငါလိုချင်သည်မှာ လူသားက အပေါ်ယံအရာများဖြင့် ငါ့ကို စိတ်ကျေနပ်စေသည့် နှလုံးသားတစ်ခု မဟုတ်ဘဲ၊ ၎င်း၏ တကယ့် နက်ရှိုင်းသော နေရာများ၌ ငါ့ကို တမ်းတသော နှလုံးသားတစ်ခု ရှိဖို့ရန်အတွက် ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၁ ရက်

အရှေ့သို့- အခန်း ၂၀

နောက်တစ်ခုသို့- အခန်း ၂၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။