အခန်း ၂၇

လူသား၏ အပြုအမူသည် မည်သည့်အခါမျှ ငါ၏စိတ်နှလုံးကို မတို့ထိဖူးသကဲ့သို့၊ ယင်းက အဖိုးထိုက်သော အရာအဖြစ် ငါ့ကို အံ့အားမသင့်စေဖူးပေ။ လူသား၏ အမြင်တွင် ငါသည် အမြဲ သူ့အပေါ် တင်းကျပ်ပြီး၊ သူ့အပေါ် သြဇာအာဏာကို အစဉ်အမြဲ ကျင့်သုံးသည်။ လူသား၏ လုပ်ရပ်များ အားလုံး၌၊ ငါ့အတွက် လုပ်ဆောင်ထားသော အရာ တစ်ခုတစ်လေ မရှိသလောက် ဖြစ်သည်၊ ငါ၏ မျက်လုံးရှေ့၌ ခိုင်မာစွာ ရပ်တည်သောအရာ တစ်ခုတစ်လေ မရှိသလောက် ဖြစ်သည်။ နောက်ဆုံးတွင်၊ လူသားနှင့် သက်ဆိုင်သော အရာရာတိုင်းသည် ငါ၏ ရှေ့မှောက်တွင် တီးတိုးပြောဆိုခြင်းမရှိဘဲ ပြိုလဲကြသည်။ ထို့နောက်မှသာ ငါသည် အယောက်တိုင်းကို ၎င်းတို့ကိုယ်တိုင်၏ ရှုံးနိမ့်မှုမှတစ်ဆင့် ငါ့ကိုသိစေရင်း ငါ၏ လုပ်ရပ်များကို သိသာထင်ရှားစေသည်။ လူသား၏ သဘာဝမှာ မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့၏ နှလုံးသားများထဲ၌ရှိသော အရာသည် ငါ၏ အလိုနှင့် အညီ မဟုတ်- ယင်းသည် ငါလိုအပ်သော အရာမဟုတ်။ ငါအစက်ဆုပ်ဆုံးသော အရာမှာ လူသား၏ ခေါင်းမာခြင်းနှင့် ပြုပြင်မရခြင်းတို့ ဖြစ်သည်၊ သို့သော် လူသားမျိုးနွယ်ကို ငါ့အား မသိရှိမြဲမသိရှိဖို့၊ ငါ့ကို ခပ်တန်းတန်း ဆက်ဆံမြဲဆက်ဆံဖို့နှင့် ငါ၏ရှေ့မှောက်၌ ငါ့အလိုတော်နှင့်အညီ လုံးဝ မဆောင်ရွက်ဘဲ၊ ထို့ထက် ငါ၏ နောက်ကွယ်တွင် ငါ့ကို ဆန့်ကျင်စေရန် ဆွပေးသော အင်အားစုမှာ အဘယ်အရာနည်း။ ဤသည်မှာ ၎င်းတို့၏ သစ္စာစောင့်သိခြင်းလော။ ဤသည်မှာ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်း မေတ္တာလော။ အဘယ်ကြောင့် ၎င်းတို့သည် နောင်တရပြီး၊ တစ်ဖန် မမွေးဖွား နိုင်ကြသနည်း။ အဘယ်ကြောင့် လူတို့သည် ရွှံ့နှင့် ကင်းလွတ်ရာ နေရာအစား ရွှံ့ညွှန်တွင် အစဉ်ထာဝရ အသက်ရှင်ရန် လိုလား နေကြသနည်း။ ငါသည် ၎င်းတို့ကို နှိပ်စက်ပြီးဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ငါသည် ၎င်းတို့ကို မှားယွင်းသော လမ်းကြောင်းဖြင့် လမ်းညွှန်ပြပြီးသောကြောင့် ဖြစ်နိုင်မည်လော။ ငါသည် ၎င်းတို့ကို ငရဲသို့ ဦးဆောင်နေ၍များ ဖြစ်နိုင်မည်လော။ အယောက်တိုင်းသည် “ငရဲ” တွင် နေထိုင်ရန် လိုလားနေကြသည်။ ၎င်းတို့အထဲက အရာရာတိုင်းသည် ငရဲမှ လာသည့်အတွက်၊ အလင်းရောက်လာသောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် ချက်ချင်း ကန်းသွားကြသည်။ သို့သော် လူတို့သည် ဤအရာကို မသိနားမလည်ကြသကဲ့သို့၊ “ငရဲနှင့်ဆိုင်သော ဤကောင်းချီးမင်္ဂလာများ” ကိုသာ ပျော်မွေ့ကြလေသည်။ ၎င်းတို့သည် ထိုကောင်းချီးမင်္ဂလာများကို ရတနာများကဲ့သို့ ဖက်ပင်ဖက်ယမ်းထားကြသည်၊ ၎င်းတို့၏ “ဖြစ်တည်ခြင်း၏ အရင်းအမြစ်” မရှိဘဲ ဖြစ်သွားစေလျက်၊ ငါသည် ဤရတနာများအား လုယူသွားမည်ကို ထိတ်လန့်ကြလေသည်။ ၎င်းတို့သည် “မိမိတို့ကိုယ်ကိုယ် ဒုက္ခရောက်စေ” ရန် လိုလားခြင်း မရှိဘဲ၊ ထိုအစား “ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်ခြင်း” ကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ မိသားစုအတွင်းတွင် စိတ်သဘောထား ဖြစ်ခြင်းကို ထိန်းသိမ်းရန်သာ လိုလားနေကြသည့်အတွက်၊ လူတို့သည် ငါ့ကို ကြောက်ရွံ့ကြသည်၊ ယင်းမှာ ငါသည် ကမ္ဘာမြေသို့ ကြွလာချိန်တွင် ၎င်းတို့က ငါထံ တိုးဝင်ချဉ်းကပ်ရန် မုန်းတီးလျက် ငါနှင့်ဝေးရာတွင် နေကြသည့်အကြောင်းရင်း ဖြစ်သည်။ သို့သော် လူသား၏မိသားစုကို ဖျက်ဆီးခြင်းသည် ဤနေရာ၌ ငါ လုပ်ဆောင်ရမည့် အရာအတိအကျ ဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်ကို ၎င်းတို့ သဘောရှိလုပ်ဆောင်ရန် ငါခွင့်မပြုနိုင်ပေ။ ငါရောက်လာသည့် အခိုက်အတန့်မှစ၍၊ ငြိမ်သက်ခြင်းသည် ၎င်းတို့၏ အိမ်များမှ ပျောက်သွားလိမ့်မည်။ ငါသည် လူသား၏ မိသားစုကို မဆိုထားနှင့် တိုင်းနိုင်ငံအားလုံးကိုပင် မုန့်မုန့်ညက်ညက် ကြေအောင် ချေမှုန်းရန် ရည်ရွယ်ပေသည်။ မည်သူသည် ငါ၏လက်ထဲမှ လွတ်မြောက်နိုင်သနည်း။ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသော သူများသည် ၎င်းတို့၏ မလိုလားခြင်းကို အကြောင်းပြု၍ လွတ်မြောက်နိုင်သည်မှာ ဖြစ်နိုင်သလော။ ပြစ်တင်ဆုံးမခြင်းကို ခံစားရသော သူများသည် ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို အကြောင်းပြု၍ ငါ၏ စာနာခြင်းကို ရယူနိုင်သည်မှာ ဖြစ်နိုင်ဖူးသလော။ ငါ၏ နှုတ်ကပတ်တော်များ အားလုံးတွင် လူတို့သည် ငါ၏ အလိုနှင့် ငါ၏ လုပ်ရပ်များကို တွေ့မြင်ကြပြီးဖြစ်သော်လည်း၊ မည်သူသည် ၎င်းတို့ ကိုယ်ပိုင် အတွေးများ၏ အယှက်အတင်များကို ချိုးဖောက်လွန်မြောက် နိုင်ဖူးသနည်း။ မည်သူသည် ငါ၏ နှုတ်ကပတ်တော်အတွင်း သို့မဟုတ် ပြင်ပမှ ထွက်ပေါက် တစ်ခုကို ရှာတွေ့နိုင်ဖူးသနည်း။

လူသားသည် ငါ၏နွေးထွေးမှုကို တွေ့ကြုံခံစားပြီးဖြစ်သည်၊ လူသားသည် စိတ်အားထက်သန်စွာ ငါ့ကို အစေခံပြီးဖြစ်ကာ ငါ၏ မျက်မှောက်တွင် ငါ့အတွက် အရာရာကို လုပ်ဆောင်လျက်၊ ငါ၏ ရှေ့မှောက်တွင် စိတ်အားထက်သန်စွာ ငါ့ကို ကျိုးနွံနာခံပြီးဖြစ်သည်။ သို့သော်လည်း ဤသည်မှာ ယနေ့ လူတို့ မစွမ်းဆောင် မရရှိနိုင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ ဆတ်ခနဲဆွဲယူခြင်းခံရပြီးဖြစ်သည့်အလား၊ ၎င်းတို့၏ စိတ်ဝိညာဉ်အတွင်း၌ ငိုကြွေးရုံသာ တတ်နိုင်ပြီး၊ ငါ့ထံ မရပ်မနား ဟစ်အော်ရင်း ကူကယ်ရာမဲ့စွာ ငါ့ကို ကြည့်ရုံသာ တတ်နိုင်သည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ အကျပ်အတည်းမှ မလွတ်မြောက်နိုင်ကြချေ။ အတိတ်က လူတို့သည် ငါ၏ မျက်မှောက်၌ ငါ၏ ကြင်နာခြင်းကို ၎င်းတို့၏ ချစ်ခင်တွယ်တာမှုဖြင့် ပြန်ပေးဆပ်ရန် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ကျိန်ဆိုလျက် ငါ၏ မျက်မှောက်တွင် ကတိများ မည်သို့ ပြုခဲ့ကြသည်ကို ငါပြန်တွေးမိ၏။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်တွင် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ကြပြီး ၎င်းတို့၏ ငိုကြွေးသံသည် ကြေကွဲဖွယ်၊ ခံရခက်လှသည်။ ၎င်းတို့၏ စိတ်ဆုံးဖြတ်မှုကြောင့်၊ ငါသည် လူတို့ကို မကြာခဏ အကူအညီပေး၏။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်၊ လူတို့သည် မေ့ပျောက်ဖို့ခက်သည့် ၎င်းတို့၏ ချစ်စဖွယ် ဟန်ပန်ဖြင့်၊ ငါ့ကို ကျိုးနွံနာခံရန် ငါ၏ ရှေ့မှောက်သို့ လာကြပြီးဖြစ်သည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ၎င်းတို့သည် ၎င်းတို့၏ သစ္စာစောင့်သိမှုတွင် ယိမ်းယိုင်ခြင်း မရှိဘဲလျက်၊ ၎င်းတို့၏ နှစ်လိုဖွယ်ကောင်းသည့် စိတ်အား ထက်သန်မှုဖြင့် ငါ့ကို ၎င်းတို့ ချစ်ကြပြီးဖြစ်သည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ၎င်းတို့သည် ၎င်းတို့၏ တကယ့် အသက်များကို စွန့်လွှတ်သည့် အတိုင်းအတာအထိ ငါ့ကိုချစ်ကြပြီး ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ထက် ပို၍ ငါ့ကို ချစ်ကြပြီး ဖြစ်သည်- ပြီးလျှင် ၎င်းတို့၏ စစ်မှန်ရိုးသားမှုကို တွေ့မြင်ရင်း၊ ငါသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို လက်ခံပြီးဖြစ်သည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လူတို့သည် ငါ့အတွက် သေခြင်းတရားနှင့် ရင်ဆိုင်ရာတွင် ဂရုမစိုက်ဘဲ၊ မိမိတို့ကိုယ်ကိုယ် ငါ့မျက်မှောက်၌ ပူဇော်ကြပြီးဖြစ်ပြီး ငါသည် ၎င်းတို့၏ ပူပန်သောကကို လျော့ပါးပြေပျောက်စေပြီးဖြစ်ကာ ၎င်းတို့၏ မျက်နှာရိပ် မျက်နှာကဲများကို သေချာစွာ ဆင်ခြင်သုံးသပ်ပြီး ဖြစ်သည်။ ငါသည် ၎င်းတို့ကို ချစ်ခင်မြတ်နိုးရသည့် ရတနာများအဖြစ် ချစ်ပြီးသည့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိပြီးဖြစ်သကဲ့သို့၊ ၎င်းတို့ကို ငါကိုယ်တိုင်၏ ရန်သူများအဖြစ် ငါမုန်းတီးပြီးသော အချိန်များလည်း မရေမတွက်နိုင်အောင် ရှိပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ ငါ့စိတ်ထဲတွင် ရှိနေသည့်အရာကို လူသားက သဘောမပေါက်နိုင်မြဲ ရှိနေသည်။ လူတို့ ဝမ်းနည်းသောအခါ၊ ၎င်းတို့ကို နှစ်သိမ့်ပေးရန် ငါလာသည်၊ ပြီးလျှင် ၎င်းတို့ အားနည်းသောအခါ၊ ၎င်းတို့ကို ရှေ့ဆက် ကူညီဖေးမရန် ငါလာသည်။ ၎င်းတို့ လမ်းပျောက်သောအခါ၊ ငါသည် ၎င်းတို့ကို လမ်းညွှန်မှုပေးသည်။ ၎င်းတို့ ငိုကြွေးသောအခါ၊ ငါသည် ၎င်းတို့၏ မျက်ရည်များကို သုတ်ပေး၏။ သို့သော်ငြားလည်း ငါဝမ်းနည်းသောအခါတွင်၊ မည်သူသည် ၎င်းတို့၏ စိတ်နှလုံးဖြင့် ငါ့ကို နှစ်သိမ့်ပေးနိုင်သနည်း။ ငါသည် အလွန်အမင်း စိတ်ပူပန်သောအခါ၊ မည်သူသည် ငါ၏ ခံစားချက်များကို ထောက်ထားပေးသနည်း။ ငါသည် ဝမ်းနည်းပူဆွေးသောအခါ၊ မည်သူသည် ငါ့နှလုံးသားထဲက ဒဏ်ရာများကို ကုသပေးနိုင်သနည်း။ ငါသည် တစ်စုံတစ်ယောက်ကို လိုအပ်သောအခါ၊ မည်သူသည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒပြုသနည်း။ ငါ့အပေါ် လူတို့၏ ယခင်က သဘောထားသည် ယခု ပျောက်ဆုံးကာ မည်သည့်အခါမျှ ပြန်မရနိုင်တော့သည်များ ဖြစ်နိုင်သလော။ အဘယ်ကြောင့် ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ထိုသဘောထားနှင့်ဆိုင်သည့် မည်သည့်အရာမျှ မကျန်ရှိရသနည်း။ ဤအရာအားလုံးကို လူတို့ မေ့လျော့ပြီးဖြစ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဤသည်မှာ ၎င်း၏ ရန်သူအားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကြောင့်သာ ဖြစ်သည် မဟုတ်လော။

ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးခတ်လေသောအခါ၊ ဤအရာက လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်ပေ။ ချက်ချင်း ငါ၏ နှလုံးသားသည် ဝမ်းနည်းခြင်းဖြင့် ပြည့်သွားပြီး၊ ဤစိတ်မချမ်းမြေ့စရာ စိတ်ခံစားချက်မှ ငါ့ကိုယ်ငါ ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ။ လူသားနှင့် ခွဲခွာခဲ့ရပြီးနောက် ပြန်လည် ပေါင်းစည်းခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ခြင်းနှင့် ပူဆွေးခြင်းများတွင် ငါတို့သည် ခံစားချက်များကို ဖလှယ်ရန် မတတ်နိုင်ကြပေ။ အထက် ကောင်းကင်နှင့် အောက်မြေကြီး အပေါ်တွင် ကွဲကွာရလျက်၊ လူသားနှင့် ငါ တွေ့ဆုံနိုင်သည့်အချိန်များ ရှားပါး၏။ ယခင် ခံစားချက်များကို တသလွမ်းဆွတ်ခြင်းမှ မည်သူ ချိုးဖောက်လွန်မြောက်နိုင်သနည်း။ အတိတ်ကို ပြန်လည် စားမြုံ့ပြန်ခြင်းအား မည်သူသည် ရပ်တန့်နိုင်သနည်း။ မည်သူသည် အတိတ်ခံစားချက်များ၏ ဆက်လက် ဖြစ်ပေါ်ခြင်းကို မမျှော်လင့်ဘဲ နေမည်နည်း။ မည်သူသည် ငါ၏ ပြန်လာခြင်းကို မအောက်မေ့ဘဲ ရှိမည်နည်း။ လူသားနှင့် ငါ၏ ပြန်လည်ပေါင်းစည်းခြင်းကို မည်သူသည် မတောင့်တဘဲနေမည်နည်း။ ငါ၏ စိတ်နှလုံးသည် အလွန်အမင်း သောကရောက်လျက်ရှိပြီး၊ လူသား၏ စိတ်ဝိညာဉ်သည် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိသည်။ စိတ်ဝိညာဉ်ဖြင့် ထပ်တူထပ်မျှ ဖြစ်သော်လည်း၊ ငါတို့သည် မကြာခဏ အတူတကွ မရှိနိုင်ကြသကဲ့သို့၊ မကြာခဏ အချင်းချင်း မတွေ့နိုင်ကြပေ။ ထို့ကြောင့် လူသားသည် ငါ့ကို အစဉ် တမ်းတပြီးဖြစ်သည့်အတွက် လူသားမျိုးနွယ် အားလုံး၏ အသက်တာသည် ပူဆွေးသောကဖြင့် တင်းကျမ်းပြည့်နှက်နေပြီး အသက်ပါမှု ကင်းမဲ့နေသည်။ ယင်းမှာ လူသားများသည် ကောင်းကင်ဘုံမှ တိုက်ချခံလိုက်ရသော အရာဝတ္ထုများ ဖြစ်သည့်အလား ဖြစ်သည်။ ၎င်းတို့သည် ငါ့ကို မြေပြင်ပေါ်မှ စူးစိုက်မော်ကြည့်လျက်၊ ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ အမည်ကို ဟစ်အော်ကြသည်- သို့သော် ၎င်းတို့သည် ငမ်းငမ်းတက် ဆာလောင်နေသော ဝံပုလွေ၏ ပါးစပ်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ၎င်းတို့သည် ထိုဝံပုလွေ၏ ခြိမ်းခြောက်ခြင်းများနှင့် ဖြားယောင်းသွေးဆောင်မှုများမှ အဘယ်သို့ မိမိတို့ကိုယ်ကိုယ် လွတ်ကင်းစေနိုင်မည်နည်း။ ငါ့အစီအစဉ်နှင့် ဆိုင်သည့် လုပ်ထုံးလုပ်နည်းများကို နာခံခြင်းကြောင့် လူသားများသည် မိမိတို့ကိုယ်ကိုယ် အဘယ်သို့ မဆက်ကပ်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့ ကျယ်လောင်စွာ တောင်းပန် တိုးလျှိုးသောအခါ၊ ငါသည် ၎င်းတို့ထံမှ ငါ၏မျက်နှာကို လွှဲလိုက်သည်၊ ငါသည် ဆက်မကြည့်ရက်တော့ပေ၊ သို့သော် ငါသည် ၎င်းတို့၏ မျက်ရည်ပြည့်လျှမ်းသော ငိုကြွေးမှုများကို အဘယ်သို့ မကြားနိုင်ရမည်နည်း။ လူ့လောက၏ မတရားမှုများကို ငါပြင်မည်။ ငါ၏ လူများကို တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် တစ်ဖန် လုပ်ဆောင်နေခြင်းမှ တားမြစ်လျက်၊ လောကတစ်လျှောက် ငါ၏ အမှုကို ငါကိုယ်တိုင်၏ လက်များဖြင့် ငါဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက်၊ ပြီးလျှင် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာစေရင်း၊ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။ ငါ၏ ဝမ်းနည်းမှုထဲတွင် အမျက်ဒေါသသည် ရောထွေးစပ်ယှက်နေသည်၊ ငါသည် မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ၊ ပြီးလျှင် ငါ့ရန်သူများ၏ နှလုံးသားများထဲသို့ ထိတ်လန့်ကြောက်ရွံ့ခြင်းကို စွဲစေလျက်၊ စကြဝဠာတစ်ခုလုံးကို ပြားချပ်သွားအောင် ငါနင်းခြေမည်။ ငါသည် ကမ္ဘာမြေတစ်ခုလုံးကို အပျက်အစီးများအဖြစ်သို့ ယုတ်လျော့စေမည် ဖြစ်ပြီး၊ ထိုအချိန်မှစ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို နောက်ထပ် ဖောက်ပြန်မပျက်စီးစေနိုင်ဖို့အလို့ငှာ၊ ငါ၏ ရန်သူများကို ထိုအပျက်အစီးများအထဲသို့ လဲကျစေမည်။ ငါ၏ အစီအစဉ်သည် သတ်မှတ်ထားပြီး ဖြစ်သည်၊ မည်သူမျှ၊ ၎င်းတို့ မည်သူမည်ဝါ ဖြစ်ပါစေ၊ ထိုအစီအစဉ်ကို မပြောင်းလဲရ။ စကြဝဠာအထက်တွင် ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော ခမ်းနားထည်ဝါမှုဖြင့် လှည့်လည် သွားလာသည်နှင့်အမျှ၊ လူသားမျိုးနွယ် အပေါင်းတို့သည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး အရာရာတိုင်း ပြန်လည်နိုးထကြလိမ့်မည်။ လူသားသည် နောက်ထပ် ငိုကြွေးတော့မည် မဟုတ်၊ အကူအညီအတွက် ငါ့ထံ နောက်ထပ် အော်ဟစ်တော့မည် မဟုတ်။ ထို့နောက် ငါ၏ နှလုံးသားသည် ရွှင်လန်းလိမ့်မည် ဖြစ်ပြီး၊ လူတို့သည် အောင်ပွဲခံခြင်းဖြင့် ငါ့ထံသို့ ပြန်လာကြလိမ့်မည်။ ထိပ်ဆုံးမှ အောက်ခြေအထိ၊ စကြဝဠာ တစ်ခုလုံးသည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် လှုပ်ရှားကြလိမ့်မည်...

ယနေ့ လောကကြီး၏ တိုင်းနိုင်ငံများအလယ်တွင်၊ ငါသည် ငါစတင်ပြီးဖြစ်သည့် အမှုကို ပြီးမြောက်ရန် လုပ်ဆောင်နေသည်။ ငါ၏ အစီအစဉ်အတွင်းရှိ အမှုအားလုံးကို လုပ်ဆောင်ရင်း၊ ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် လှုပ်ရှားသွားလာပြီး၊ လူသားမျိုးနွယ် အပေါင်းတို့သည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးသော တိုင်းနိုင်ငံများကို ဖြိုခွဲနေကြသည်။ နေ့ရက်အချိန် အမှန်ပင် နီးကပ်လာနေပြီး ကောင်းကင်တမန်များသည် ၎င်းတို့၏ တံပိုးခရာများကို မှုတ်နေကြပြီ ဖြစ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် မိမိတို့၏ အာရုံကို မိမိတို့ကိုယ်တိုင်၏ ခရီးဆုံးပန်းတိုင်ပေါ် စူးစိုက်ထားကြလေသည်။ အချိန်ဆွဲခြင်းများ နောက်ထပ်ရှိလိမ့်မည် မဟုတ်တော့သကဲ့သို့၊ ဖန်ဆင်းခြင်း အရာအားလုံးသည် ထို့နောက် ချက်ချင်း ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် စတင် ကခုန်ကြလိမ့်မည်။ မည်သူသည် ၎င်းတို့သဘောရှိ ငါ၏ နေ့ရက်ကို ရှည်စေနိုင်သနည်း။ ကမ္ဘာမြေသားလော။ သို့မဟုတ် မိုးကောင်းကင်ရှိ ကြယ်များလော။ သို့တည်းမဟုတ် ကောင်းကင်တမန်များလော။ ဣသရေလလူများ၏ ကယ်တင်ခြင်းကို စတင်ရန် ငါသည် မိန့်မြွက်ချက်တစ်ခုကို ပြုသောအခါ၊ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ဖိနှိပ်လေသည်။ လူသားတိုင်းသည် ဣသရေလ၏ ပြန်လာခြင်းကို ကြောက်ရွံ့ကြ၏။ ဣသရေလ ပြန်လာသောအခါ၊ ယင်းသည် ငါ့ဘုန်းအသရေ၏ နေ့ရက်ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုနည်းတူ အရာခပ်သိမ်းတို့ ပြောင်းလဲပြီး အသစ်ပြုပြင်ခြင်းကို ခံလာရသော နေ့ရက်လည်းဖြစ်လိမ့်မည်။ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် စကြဝဠာတစ်ခွင်လုံးသို့ ကျရောက်အံ့ဆဲဆဲ ချဉ်းကပ် လာသည်နှင့်အမျှ၊ လူ့လောကထဲ၌ ဖြောင့်မတ်ခြင်းသည် မရှိစဖူးသောကြောင့်၊ လူသားအားလုံးသည် တိုး၍ တွန့်ဆုတ်ကာ ကြောက်ရွံ့နေကြသည်။ ဖြောင့်မတ်ခြင်း၏နေ ထွက်ပေါ် လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည် ဖြစ်ပြီး၊ ထို့နောက်တွင် အပြန်အလှန်အားဖြင့် အယောက်တိုင်းထံ ရောက်ရှိရင်း၊ စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်။ အကယ်၍ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်းကို အမှန်တကယ် ဆောင်ရွက်နိုင်ပါက၊ အဘယ်အရာ ကြောက်စရာရှိသနည်း။ ငါ၏ လူများအားလုံးသည် ငါ၏နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေကြသည်၊ ၎င်းတို့အားလုံးသည် ငါ့နေ့ရက်၏ ရောက်လာခြင်းကို တောင့်တကြသည်။ လူသားမျိုးနွယ် အားလုံးအပေါ်သို့ အပြစ်ဒဏ်ကို ယူဆောင်လာရန်နှင့် ဖြောင့်မတ်ခြင်း၏နေအဖြစ် ငါ၏ အခန်းကဏ္ဍဖြင့် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို စီစဉ်ပေးရန် ၎င်းတို့သည် ငါ့ကို စောင့်မျှော်နေကြသည်။ ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင်လုံး အထက်တွင် ရုပ်လုံးပေါ်လာနေပြီး ငါ၏ ပလ္လင်သည် သန်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ကောင်းကင်တမန်များ၏ အကူအညီဖြင့်၊ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် မကြာမီတွင် အကျိုးဖြစ်ထွန်းခြင်းသို့ ရောက်လိမ့်မည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ့အား ၎င်းတို့နှင့်အတူ ပြန်ပေါင်းစည်းဖို့၊ မည်သည့်အခါတွင်မျှ တစ်ဖန် မကွဲကွားတော့ဖို့ရန် တောင့်တရင်း၊ ငါ၏ ပြန်လာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော် ကြလေသည်။ ငါ၏ ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ များစွာသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့ မပြေးကြဘဲ နေနိုင်မည်နည်း။ ဤသည်မှာ မည်သည့် အဖိုးအခမှ ပေးရန် မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းတစ်ခု ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်အသရေ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ထို့အပြင် ငါပြန်လာသည့်အခါ၊ ရန်သူ၏ အင်အားစု အားလုံးကို ငါသိမ်းပိုက်မည်။ အချိန်ကျရောက်လာလေပြီ။ ငါ၏အမှုတော်ကို ငါသည် စတင်ဆောင်ရွက်စေမည်၊ ငါသည် လူသားတို့အလယ် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိ၏။ ပြီးလျှင် ငါသည် ထွက်ခွာတော့မတတ် ဖြစ်သည်။ ဤသည်မှာ အယောက်တိုင်း မျှော်လင့်နေသော အရာဖြစ်သည်၊ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးအား ငါ၏ နေ့ရက် ဆိုက်ရောက်ခြင်းကို ရှုမြင်စေမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုကြလိမ့်မည်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၂ ရက်

အရှေ့သို့- အခန်း ၂၆

နောက်တစ်ခုသို့- အခန်း ၂၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။