အခန်း ၂၃
ငါ၏အသံသည် မြည်ဟည်းသည်နှင့်အမျှ၊ ငါ၏ မျက်လုံးများသည် မီးကို ရှေ့သို့ ပစ်လွှတ်သည်နှင့်အမျှ၊ ငါသည် ကမ္ဘာမြေတစ်ပြင်လုံးကို ကြည့်ရှုနေ၏၊ ငါသည် စကြဝဠာ တစ်ခွင်လုံးကို စောင့်ကြည့်နေ၏။ လူသားမျိုးနွယ်အပေါင်းတို့သည် ငါ့ထံလှည့်၍ ငေးမောကြည့်ရှုလျက်၊ ငါ၏ အမျက်ဒေါသကို ရပ်တန့်ပေးပါရန် ငါ့ကို တိုးလျှိုး တောင်းပန်နေကြရင်းနှင့် နောက်တစ်ဖန် ငါ့ကို ပုန်ကန်ခြင်း မပြုတော့ဟု ကျိန်ဆိုနေကြရင်း၊ ငါ့ထံ ဆုတောင်းနေကြ၏၊ သို့သော် ဤအရာသည် အတိတ်မဟုတ်တော့။ ယခု ဖြစ်ပေသည်။ မည်သူသည် ငါ၏အလိုတော်ကို လှည့်ပြန်စေနိုင်သနည်း။ လူတို့၏ စိတ်နှလုံးများထဲရှိ ဆုတောင်းချက်များ မဟုတ်သကဲ့သို့၊ ၎င်းတို့၏နှုတ်များရှိ စကားလုံးများ မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ့ကြောင့်သာ မဟုတ်ပါက၊ အဘယ်သူသည် လက်ရှိကာလအထိ ရှင်သန်နိုင်ပြီး ဖြစ်မည်နည်း။ အဘယ်သူသည် ငါ၏နှုတ်က နှုတ်ကပတ်တော်များအားဖြင့်မှလွဲ၍ ရှင်သန်သနည်း။ မည်သူသည် ငါ၏အကြည့်ဖြင့် ကြီးကြပ်မခံရသနည်း။ ကမ္ဘာမြေတစ်ပြင်လုံးတွင် ငါ၏အသစ်သောအမှုကို ငါဆောင်ရွက်ပြီး၊ မည်သူသည် ယင်းမှ လွတ်မြောက်ရန် တတ်နိုင်ဖူးသနည်း။ တောင်များသည် ၎င်းတို့၏ အမြင့်အားဖြင့် ယင်းကို ရှောင်တိမ်းနိုင်သလော။ ရေများသည် ၎င်းတို့၏ များစွာသော ကြီးမားကျယ်ပြောခြင်းအားဖြင့် ယင်းကို ရှောင်နိုင်သလော။ ငါ၏အစီအစဉ်တွင် ငါသည် မည်သည့်အရာကိုမျှ ပေါ့ပေါ့တန်တန် လက်မလွှတ်ဖူးပေ၊ ထို့ကြောင့် ငါ့လက်များ၏ ဆုပ်ကိုင်မှုကို တိမ်းရှောင်ပြီးဖြစ်သည့် လူတစ်ဦးတစ်လေ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေမျှ မရှိစဖူး။ ယနေ့တွင် ငါ၏သန့်ရှင်းသောနာမတော်သည် လူသားမျိုးနွယ် အနှံ့အပြားတွင် ချီးမွမ်းထောမနာပြုခြင်း ခံရသည်၊ တစ်နည်းအားဖြင့်၊ လူသားမျိုးနွယ်အနှံ့အပြားတွင် ငါ့ကို ဆန့်ကျင် ကန့်ကွက်သော စကားလုံးများ ထကြွလာပြီး၊ ကမ္ဘာမြေကြီးပေါ် ငါ၏ ဖြစ်တည်ခြင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီများသည် လူသားမျိုးနွယ် အနှံ့အပြားတွင် ထူပြောလေသည်။ ငါ့ကို ပက်ပက်စက်စက် ပြောဆိုခြင်းများအား ငါ သည်းခံဖို့ မဆိုထားနှင့်၊ ငါကို လူတို့၏ ဝေဖန်အကဲဖြတ်ခြင်းအား ငါသည် သည်းမခံသကဲ့သို့၊ ငါ၏ ခန္ဓာကိုယ်အား ၎င်းတို့ ခွဲခြမ်းနေကြခြင်းကိုလည်း ငါ သည်းမခံပေ။ သူသည် ငါ့ကို မည်သည့်အခါမျှ အမှန်တကယ် မသိဖူးသောကြောင့်၊ လူသားသည် ငါ၏ဝိညာဉ်တော်ကို မြတ်နိုးရန် သို့မဟုတ် ငါ၏နှုတ်ကပတ်တော်များကို တန်ဖိုးမထားနိုင်ဘဲ်၊ ငါ့ကို အမြဲ ခုခံကာ လှည့်ဖြားခဲ့သည်။ သူ၏ အပြုအမူနှင့် လုပ်ရပ်တိုင်းအတွက်၊ ပြီးလျှင် ငါ့အပေါ် ထားရှိသော သူ၏ သဘောထားအတွက်၊ ငါသည် လူသားကို သူနှင့် ထိုက်တန်သည့် “ဆုလာဘ်” ကို ပေးသည်။ ထို့ကြောင့် လူသားအားလုံးသည် ၎င်းတို့၏ ဆုလာဘ်များကို ရရန် ရည်ရွယ်ခြင်းဖြင့် ဆောင်ရွက်ကြပြီး၊ တစ်ဦးတစ်ယောက်ကမျှ ကိုယ်ကျိုးစွန့်မှု ပါဝင်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဖူးပေ။ လူသားများသည် ကိုယ်ကျိုးမငဲ့သော ဆက်ကပ်ခြင်းကို ပေးရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား အခမဲ့ရနိုင်သော ဆုလာဘ်များ၌ ကျေနပ်နှစ်သိမ့်ကြသည်။ ပေတရုသည် ငါ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ဆက်ကပ်ခဲ့သော်လည်း၊ ယင်းသည် မနက်ဖြန်၏ ဆုလာဘ်အတွက် မဟုတ်ခဲ့ဘဲ၊ ယနေ့၏ အသိပညာအတွက် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်သည် မည်သည့်အခါမျှ ငါနှင့် စစ်မှန်စွာ ဆက်သွယ်ပြောဆိုခြင်း မရှိဖူးဘဲ၊ အပေါ်ယံ ပုံစံတစ်ခုဖြင့် ငါ့ကို အကြိမ်ကြိမ် ဆက်ဆံပြီးဖြစ်ကာ၊ ထိုသို့ဖြင့် သက်သောင့်သက်သာဖြင့် ငါ၏ လက်ခံခြင်းကိုရရန် တွေးနေကြသည်။ ငါသည် လူသား၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ စစ်ဆေးပြီးဖြစ်သည်၊ ထို့ကြောင့် ငါသည် “များစွာသော ကြွယ်ဝခြင်းများ၏ မိုင်းတွင်းတစ်ခု” ကို ၎င်း၏ အတွင်းကျကျ နေရာများ၌ တူးဖော်ရရှိပြီးဖြစ်သည်၊ ယင်းထဲမှ တစ်စုံတစ်ရာကို လူသားကိုယ်တိုင်ပင် မသိသေးဘဲ၊ ငါကအသစ်တဖန် ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ ထို့ကြောင့် “ရုပ်ပိုင်းဆိုင်ရာ အထောက်ထား” ကို တွေ့ကြပြီးသည့်အခါမှသာ၊ လူသားများသည် ၎င်းတို့၏ သူတော်ကောင်း ဟိတ်ဟန်ထုတ်သော မိမိကိုယ်ကို သေးသိမ်စေခြင်းအား ရပ်တန့်ကြပြီး၊ လက်ဖဝါးများကို ဖြန့်ထားလျက်၊ မိမိတို့၏ မသန့်ရှင်းသော အခြေအနေကို ဝန်ခံကြလေသည်။ လူသားများအလယ်တွင်၊ လူသားမျိုးနွယ် အပေါင်းတို့၏ ပျော်ရွှင်မှုအတွက် “ထုတ်ယူ” ခံရရန် ငါ့ကို စောင့်ဆိုင်းနေသည့် သစ်လွင်သည့်အရာ သာ၍များစွာရှိသည်။ လူသား၏ မစွမ်းနိုင်မှုကြောင့် ငါ၏အမှုကို ရပ်တန့်စေဖို့ဝေးစွ၊ ငါသည် သူ့ကို ငါ၏နဂိုမူလ အစီအစဉ်နှင့်အညီ ပြုပြင်သည်။ လူသားသည် သစ်သီးပင် တစ်ပင်နှင့် တူ၏၊ အကိုင်းအခက်ချိုင်ခြင်း မရှိဘဲနှင့်၊ အပင်သည် အသီးသီးနိုင်မည်မဟုတ်သကဲ့သို့၊ အဆုံး၌ အားလုံး မြင်ရသည်မှာ မြေပေါ်သို့ ကြွေနေသည့် အသီးမရှိဘဲနှင့်၊ ညှိုးခြောက်သော အကိုင်းအခက်များနှင့် သစ်ရွက်ကြွေများသာ ဖြစ်ပေသည်။
ငါ့နိုင်ငံတော်၏ “အတွင်းခန်း”ကို နေ့စဉ်နှင့်အမျှ ငါတန်ဆာဆင်သည်နှင့်အမျှ၊ မည်သူမျှ ငါ၏အလုပ်ကို နှောင့်ယှက်ရန် ငါ၏ “အလုပ်ခန်း” ထဲသို့ ရုတ်တရက် မဝင်လာဖူးပေ။ လူအပေါင်းတို့သည် “ထုတ်ပယ်ခြင်းခံရမှု”နှင့် “၎င်းတို့၏ ရာထူးဆုံးရှုံးမှု” တို့ဖြစ်ကာ၊ ထိုသို့ဖြင့် ၎င်းတို့၏ အသက်တာများတွင် လမ်းဆုံးဖြစ်သော စာတန်နေရာယူပြီးဖြစ်ကာ ၎င်းတို့ပင် ထိုးကျသွားနိုင်သည့်နေရာဖြစ်သည့် “ကန္တာရ”ထဲသို့ ရောက်မည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ငါနှင့်ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်နေကြ၏။ လူသား၏ အကြောက်တရားများကြောင့်၊ ငါသည် သူ့ကို နေ့တိုင်း နှစ်သိမ့်ပေးသည်၊ သူ့အား နေ့ရက်တိုင်းကို ချစ်ရန် တို့ထိပြီး၊ ထို့အပြင် သူ၏ နေ့စဉ်အသက်တာထဲတွင် သူ့ကို လမ်းညွှန်ချက် ပေး၏။ ယင်းမှာ လူသားများအားလုံးသည် ယခုလေးတင် မွေးဖွားပြီးဖြစ်သော ကလေးများဖြစ်ကြသည့်အလား ဖြစ်သည်။ နို့ရည်ဖြင့် ထောက်ပံ့ပေးခြင်း မရှိပါက၊ နောက်ထပ် မမြင်ရတော့ဖို့၊ ဤကမ္ဘာမြေကို အဆောတလျင် စွန့်ခွာသွားကြလိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်၏ အသနားခံခြင်းများ အလယ်တွင်၊ ငါသည် လူသားတို့၏ လောကထဲသို့ ကြွလာပြီး၊ လူသားမျိုးနွယ်သည် ကောင်းကင်ဘုံသို့ ၎င်းတို့၏ ဆုတောင်းချက်များကို ဟစ်အော်ကြသည့် “အခန်း” တစ်ခန်းထဲတွင် အလုံပိတ်ထားခြင်း မခံရတော့ဘဲ၊ မဆိုင်မတွ အလင်းလောကတစ်ခုတွင် နေထိုင်ကြရလေသည်။ ငါ့ကို တွေ့သည်နှင့်တစ်ပြိုင်နက်၊ လူသားများသည် ၎င်းတို့ထဲသို့ အစားအစာများကို ချပေးပါမည့်အကြောင်း တောင်းခံရန် ၎င်းတို့၏ ပါးစပ်များကို ငါ၏ရှေ့မှောက်တွင် ဖွင့်ထားကြရင်း၊ ၎င်းတို့၏ စိတ်နှလုံးများ၌ သိုထားကြသော “မကျေနပ်ချက်များ”ကို ထပ်တလဲလဲ ညည်းညူကြသည်။ သို့သော် နောက်ပိုင်းတွင်၊ ၎င်းတို့၏ ကြောက်ရွံ့မှုများ ပြေပျောက်သွားပြီး တည်ငြိမ်အေးဆေးမှုကို ပြန်လည်ရရှိလျက်၊ ၎င်းတို့သည် ငါ့ထံမှ မည်သည့်အရာကိုမျှ မတောင်းလျှောက်တော့ဘဲ၊ နှစ်ခြိုက်စွာ အိပ်မောကျသွားကြသည်၊ သို့မဟုတ်ပါက၊ ငါ၏ တည်ရှိမှုကို ငြင်းပယ်လျက် ထိုသူတို့သည် မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို လုပ်ဆောင်ရန် ထွက်သွား ကြလေသည်။ လူသားမျိုးနွယ်၏ “စွန့်ပစ်ခြင်း”တွင် လူသားများသည် “ခံစားချက်” ကင်းမဲ့လျက် ငါ့အပေါ် ၎င်းတို့၏ “မျက်နှာမလိုက်သော တရားမျှတမှု”ကို မည်သို့ ဆောင်ရွက်ကြသည်မှာ ရှင်းလင်းစွာ သိသာထင်ရှားပေသည်။ ထို့ကြောင့် လူကို သူ၏နှစ်လိုဖွယ်မကောင်းသော ရှုထောင့်၌ မြင်ရလျက်၊ ငါသည် တိတ်ဆိတ်စွာ ထွက်ခွာပြီး၊ တစ်ဖန် သူ၏ထက်သန်သော အသနားခံမှု၌ အလွယ်တကူ ဆင်းကြွလာတော့မည် မဟုတ်။ သူ မသိလိုက်ဘဲနှင့်၊ လူသား၏ ဒုက္ခများသည် တစ်နေ့တခြား ကြီးထွားလာသည်၊ ထို့ကြောင့် သူ၏ ကြိုးပမ်း အားထုတ်မှုအလယ်တွင် ငါ၏ တည်ရှိမှုကို ရုတ်တရက် သူ ရှာဖွေ တွေ့ရှိသွားသောအခါ၊ ငြင်းဆန်မှုကို လက်မခံဘဲ သူသည် ငါ၏အင်္ကျီကော်လာကို ဆွဲကိုင်ကာ သူ၏ အိမ်ထဲသို့ ငါ့ကို ဧည့်သည်အဖြစ် ခရီးဦးကြိုပြု၍ နေရာချပေးလေသည်။ သို့သော် သူသည် ငါသုံးဆောင်ဖို့ရာ ငွေကုန်ကြေးကျများသော အစားအသောက်ကို စီစဉ်ပေးကောင်း စီစဉ် ပေးနိုင်သော်လည်း၊ သူသည် ငါ့ကို တစ်ကြိမ်တစ်ခါမျှ မိမိနှင့် စပ်ဆိုင်သော သူအဖြစ် မယူမှတ်ဖူးဘဲ၊ ထိုအစား ငါ့ထံမှ အနည်းငယ်မျှသော အကူအညီကို ရရှိခြင်းအလို့ငှာ ငါ့အား ဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံနေပေသည်။ ထို့ကြောင့် ဤအချိန်တွင် လူသားသည် ငါ၏ “လက်မှတ်”ကို ရယူနိုင်ရန် မျှော်လင့်လျက် သူ၏ ဝမ်းနည်းဖွယ် အခြေအနေကို ငါ၏ရှေ့မှောက်တွင် မပြောမဆို တင်ပြပြီး၊ သူ၏စီးပွားရေးလုပ်ငန်းအတွက် ချေးငွေ လိုအပ်နေသော သူတစ်ယောက်ကဲ့သို့၊ သူသည် ငါ့ကို သူ၏အစွမ်းရှိသမျှဖြင့် “တေ့တေ့ဆိုင်ဆိုင်ရှင်း” လေသည်။ သူ၏ ဟန်ပန်အမူအရာနှင့် ခြေဟန်လက်ဟန်တိုင်းတွင်၊ ငါသည် လူသား၏ရည်ရွယ်ချက်နှင့်ဆိုင်သည့် တဒင်္ဂ အရိပ်အယောင်ကို သဘောပေါက်မိသည်။ သူ၏အမြင်တွင် ငါသည် လူတစ်ဦး၏ မျက်နှာအမူအရာ၌ ဝှက်ထားသော သို့မဟုတ် သူ၏ စကားများနောက်ကွယ်တွင် လျှိုထားသော အဓိပ္ပာယ်ကို မည်သို့ဖတ်ရမည် သို့မဟုတ် လူတစ်ဦး၏ နှလုံးသားအတွင်းနက်နက်ထဲသို့ မည်သို့ စစ်ဆေးရမည်ကို မသိသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူသားသည် သူ ရှိဖူးသော ကြုံဆုံမှုတိုင်းထဲက အတွေ့အကြုံတိုင်းကို အမှားအယွင်း သို့မဟုတ် ထိန်ချန်ထားခြင်းတို့ မရှိဘဲ ငါ့ကို ရင်ဖွင့်ပြီး၊ ထို့နောက်တွင် ငါ၏ရှေ့မှောက်၌ သူ၏ တောင်းဆိုမှုများကို စီစဉ်တင်ပြလေသည်။ ငါသည် လူသား၏ အပြုအမူတိုင်းနှင့် လုပ်ရပ်တိုင်းကို စက်ဆုပ်ကာ မုန်းတီး၏။ လူသားမျိုးနွယ်သည် ငါ့ကို တမင်တကာပင် ရန်မူနေပြီး၊ ငါ၏ အမျက်ဒေါသကို တမင်သက်သက် နှိုးဆွနေသည့်အလား၊ လူသားမျိုးနွယ် အလယ်တွင်၊ ငါနှစ်သက်သောအလုပ်ကို လုပ်ဆောင်ပြီးသောသူ တစ်ဦးမျှ မရှိဖူးပေ။ ငါ၏မျက်စိရှေ့တွင် မိမိတို့ကိုယ်တိုင်၏ အလိုကို လိုက်နေကြလျက်၊ ၎င်းတို့အားလုံးသည် ငါ၏ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် စီတန်းလှည့်လည်ကြသည်။ လူသားမျိုးနွယ်ထဲတွင် ငါ့အတွက် အသက်ရှင်သူ တစ်ဦးတစ်ယောက်မျှမရှိသကဲ့သို့၊ အကျိုးဆက်အနေဖြင့်၊ လူသားမျိုးနွယ်ကို အနှစ်သာရမဲ့သည့် ဟင်းလင်းပြင်တွင် အသက်ရှင်စေရင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံး၏ တည်ရှိမှုသည် အဓိပ္ပာယ်ရော တန်ဖိုးပါ မရှိပေ။ သို့တိုင် လူသားမျိုးနွယ်သည် နိုးထရန် ငြင်းဆန်ဆဲဖြစ်သော်လည်း၊ ယင်း၏ အနတ္တ၌ မရမကလုပ်ဆောင်ရင်း၊ ငါ့ကို ဆက်လက် ပုန်ကန်ကြလေသည်။
၎င်းတို့ ဖြတ်သန်းပြီးဖြစ်သည့် စမ်းသပ်မှုများ အားလုံးတွင် လူသားများသည် ငါ့ကို မည်သည့်အခါတွင်မျှ မကျေနပ်စေဖူးပေ။ ၎င်းတို့၏ ရက်စက်သော ဒုစရိုက်ကြောင့်၊ လူသားမျိုးနွယ်သည် ငါ၏ နာမအဖို့ သက်သေခံရန် မရည်ရွယ်ကြပေ။ ထို့ထက် ၎င်းတို့သည် အာဟာရအတွက် ငါ့ကို မှီခိုနေစဉ်တွင် “အခြားလမ်းသို့ ပြေးလေသည်”။ လူသား၏ နှလုံးသားသည် ငါ့ထံသို့ လုံးလုံးလျားလျား မလှည့်ပေ၊ ထို့ကြောင့် စာတန်သည် သူ့ကို ဒဏ်ရာဗရပွနှင့်ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်သည် အညစ်အကြေးနှင့် ဖုံးလွှမ်းနေသည်အထိ ဖျက်ဆီးလေတော့သည်။ သို့သော် လူသားသည် သူ၏မျက်နှာက မည်မျှစက်ဆုပ်ဖွယ်ကောင်းကြောင်းကို သဘောမပေါက်သေးချေ၊ တစ်လျှောက်လုံး သူသည် ငါ၏နောက်ကွယ်တွင် စာတန်ကို ရိုသေကိုင်းရှိုင်းမြဲ ကိုင်းရှိုင်းနေခဲ့သည်။ ဤအကြောင်းရင်းကြောင့် သူသည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ မလွတ်မြောက်စေနိုင်ဖို့အလို့ငှာ ငါသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ အမျက်ဒေါသဖြင့် ပစ်ချလိုက်သည်။ သို့တိုင် သူ၏ သနားစဖွယ် ငိုကြွေးမြည်တမ်းခြင်း အလယ်တွင်၊ လူသားသည် သူ၏စိတ်ကို ပြုပြင်ပြောင်းလဲရန် ငြင်းဆိုဆဲ ဖြစ်သည်၊ ငါ့ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် ရည်ရွယ်ဆဲ ဖြစ်ကာ ထိုသို့ဖြင့် ငါ၏ အမျက်ဒေါသကို တမင်နှိုးဆွရန် တမင် မျှော်လင့်နေလေသည်။ သူလုပ်ဆောင်ပြီးဖြစ်သောအရာကြောင့်၊ ငါသည် သူ့ကို အပြစ်သားဖြစ်သော သူအနေနှင့် ဆက်ဆံကာ ငါ့ထွေးပွေ့ခြင်း၏ နွေးထွေးမှုကို သူ့အား ပိတ်ပင်သည်။ အစကတည်းမှ၊ ကောင်းကင်တမန်များသည် ပြောင်းလဲခြင်း သို့မဟုတ် ရပ်တန့်ခြင်းမရှိဘဲ ငါ့ကို အစေခံကာ နာခံကြပြီးဖြစ်သော်လည်း၊ လူသားသည် ငါ့ထံမှ မလာဘဲ စာတန်ထံမှ ပေါက်ဖွားခဲ့သည့်အလား အမြဲ တိကျသည့် ဆန့်ကျင်ဘက်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ကောင်းကင်တမန်များ အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာနေရာများ၌ ငါ့အား ၎င်းတို့၏ အဆုံးစွန်သော ဆည်းကပ်မှုကို ပေးကြသည်။ ၎င်းတို့သည် စာတန်၏အင်အားစုများအားဖြင့် ယိမ်းယိုင်ခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကိုသာ ဖြည့်ဆည်းကြလေသည်။ ကောင်းကင်တမန်များ၏ နို့တိုက်ကျွေးခြင်းနှင့် အာဟာရ ဖြည့်တင်းပေးခြင်းကို ခံရလျက်၊ ငါ၏သားများနှင့် ငါ၏လူ အမြောက်အများတို့သည် တိုး၍ သန်မာကာ ကျန်းမာကြသည်၊ ၎င်းတို့အထဲမှ တစ်ဦးမျှ အားနည်းခြင်း သို့မဟုတ် ချည့်နဲ့ခြင်းမရှိပေ။ ဤသည်မှာ ငါ၏ လုပ်ဆောင်မှု၊ ငါ၏ အံ့ဖွယ်အမှု ဖြစ်သည်။ အမြောက် တစ်တွဲပြီးတစ်တွဲ ပစ်ခတ်သည်နှင့်အမျှ၊ ငါ့နိုင်ငံတော်၏ တည်ထောင်မှုကို ဖွင့်လှစ်လေသည်၊ ကောင်းကင်တမန်များသည် ၎င်းတို့၏ နှလုံးသားများက မသန့်စင်မှုနှင့် ရုပ်တုဆင်းတုများဖြင့် ကင်းစင်ပြီး၊ ငါ၏စစ်ဆေးမှုကို မရှောင်ရှား ကြသောကြောင့်၊ စည်းဝါးကျကျ ယှဉ်တွဲလျှောက်လှမ်းလျက် ငါ၏ စစ်ဆေးမှုကို ကျိုးနွံနာခံရန် ငါ၏စင်မြင့်ရှေ့သို့ လာကြလေသည်။
တဝေါဝေါ တိုက်ခတ်နေသော လေပြင်းတွင်၊ ၎င်းတို့ ဆန္ဒရှိသည်အတိုင်း ငါ့ကို မခေါ်ဆိုနိုင်တော့ဖို့အလို့ငှာ လူသားမျိုးနွယ်ကို မွန်းကျပ်စေလျက်၊ ကောင်းကင်သည် တစ်ခဏချင်းတွင် အောက်သို့ ဖိချလာသည်။ မသိလိုက်ဘဲနှင့်၊ လူသားမျိုးနွယ်အပေါင်းတို့သည် ပြိုလဲသွားကြပြီး ဖြစ်သည်။ သစ်ပင်များသည် လေထဲတွင် ရှေ့နောက်ယိမ်းထိုးနေကြသည်၊ ရံဖန်ရံခါ သစ်ကိုင်းတို့ ကျိုးကျသံ ကြားရပြီး၊ ညှိုးခြောက်သော သစ်ရွက်များ အားလုံး လွင့်ပါသွားကြသည်။ ကမ္ဘာမြေကြီးသည် ရုတ်ခြည်း ညို့မှိုင်းကာ လူသူဆိတ်သုဉ်းသကဲ့သို့ ခံစားရပြီး၊ လူတို့သည် ၎င်းတို့ကို အချိန်မရွေး ထိုးနှက်လာနိုင်သည့် ဆောင်းဦးရာသီ နောက်ပါလာသော ဘေးအန္တရာယ် အတွက် အသင့်ပြင်ထားလျက်၊ မိမိတို့ကိုယ်ကိုယ် တင်းကျပ်စွာ ပွေ့ဖက်ထားကြသည်။ ၎င်းတို့၏ ပူဆွေးမှုကို တစ်စုံတစ်ယောက်ထံ အော်ဟစ်နေသည့်အလား၊ တောင်ကုန်းများပေါ်က ငှက်များသည် ဟိုဟိုသည်သည် ပျံသန်းနေကြသည်။ တောတောင်လိုဏ်ဂူများထဲတွင်၊ ခြင်္သေ့များက လူတို့ကို အသံဖြင့် ခြောက်လှန့်လျက်၊ ၎င်းတို့၏ ရိုးတွင်းခြင်ဆီကို အေးခဲစေပြီး ၎င်းတို့၏ ကြက်သီးမွေးညှင်း ထလောက်အောင် ထိတ်လန့်စေရင်း၊ ဟိန်းဟောက်နေကြပြီး၊ ယင်းမှာ မကောင်းသော ခံစားချက်တစ်ခု၊ လူသားမျိုးနွယ်၏ အဆုံးသတ် နိမိတ်ဆိုးတစ်ခု ရှိသည့်အလား ဖြစ်သည်။ ၎င်းတို့ကို ရှင်းထုတ်ပစ်ရာတွင် ငါ၏ဝမ်းမြောက်မှုကို စောင့်စားရန် လိုလားခြင်းမရှိဘဲ၊ လူသားများ အားလုံးသည် ကောင်းကင်ဘုံရှိ အချုပ်အခြားအာဏာရှင်ထံ တိတ်ဆိတ်စွာ ဆုတောင်းကြသည်။ သို့သော်လည်း ချောင်းငယ်လေး တစ်ခုတွင် စီးဆင်းနေသော ရေ၏ဆူညံသံသည် လေပြင်းတစ်ခုကို အဘယ်သို့ ပိတ်ဆို့နိုင်မည်နည်း။ ယင်းသည် လူတို့၏ တိုင်တည်သံများကြောင့် အဘယ်သို့ ရုတ်တရက် ရပ်တန့်နိုင်မည်နည်း။ မိုးချုန်းသံ၏ အလယ်ဗဟိုက မာန်ဟုန်ပြင်းပြမှုသည် လူသား၏ အသည်းငယ် တတ်ခြင်းအတွက် အဘယ်သို့ ငြိမ်သက်နိုင်မည်နည်း။ လူသားသည် လေထဲတွင် ရှေ့နောက်ယိမ်းထိုးနေသည်။ သူသည် မိမိကိုယ်ကိုယ် မိုးရေမှ ပုန်းခိုရန် ဟိုဟိုသည်သည် ပြေးလွှားနေ၏။ ပြီးလျှင် ငါသည် လူသား၏ ရင်ဘတ်ကို တစ်ချိန်လုံး ချိန်ရွယ်ထားသော သေနတ်တစ်လက်၏ ပြောင်းဝ ဖြစ်သည့်အလား၊ ပြီးလျှင် တစ်ဖန် သူသည် ငါ၏ ရန်သူဖြစ်သော်လည်း၊ ငါ၏ မိတ်ဆွေဖြစ်သည့်အလား၊ ၎င်းတို့၏ ခန္ဓာကိုယ်များအပေါ်တွင် ငါသည် ငါ၏လက်အား တင်ထားမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ငါ၏အမျက်ဒေါသအလယ်၌ လူသားများသည် တုန်လှုပ်ချောက်ချားကြ၏။ လူသားသည် သူ့အတွက် ငါ၏ ငါ၏စစ်မှန်သော ရည်ရွယ်ချက်များကို မည်သည့်အခါမျှ မရှာဖွေ မတွေ့ရှိစဖူး၊ ငါ၏ စစ်မှန်သော ရည်မှန်းချက်များကို မည်သည့်အခါမျှ နားမလည်ဖူးပေ၊ ထို့ကြောင့် သတိမမူမိဘဲနှင့် သူသည် ငါ့ကို ပုန်ကန်ပြစ်မှားသည်။ သတိမမူမိဘဲနှင့် သူသည် ငါ့ကို ဆန့်ကျင်သည်၊ သို့သော် မရည်ရွယ်ပါဘဲနှင့်၊ သူသည် ငါ၏ချစ်ခြင်းကိုလည်း မြင်တွေ့ပြီး ဖြစ်သည်။ ငါ၏ အမျက်ဒေါသအလယ်တွင် ငါ၏မျက်နှာကို မြင်တွေ့ဖို့ လူသားအတွက် ခက်ခဲ၏။ ငါသည် ငါ့အမျက်ဒေါသ၏ တိမ်မည်းများတွင် ကွယ်ဝှက်နေသည်။ ပြီးလျှင် ငါသည် လူသားထံ ငါ၏ သနားကရုဏာကို စေလွှတ်ရင်း၊ မိုးချုန်းသံများအလယ် စကြဝဠာတစ်ဝှမ်းလုံးအပေါ်၌ ရပ်နေသည်။ လူသားသည် ငါ့ကို မသိသောကြောင့်၊ ငါ၏ရည်ရွယ်ချက်ကို နားမလည်နိုင်ခြင်းအတွက် သူ့ကို ငါ ပြစ်တင်ဆုံးမခြင်း မရှိပေ။ လူသားတို့၏ အမြင်တွင်၊ ငါသည် တစ်ခါတစ်ရံ ငါ၏အမျက်ဒေါသကို ဖွင့်ချသည်၊ ငါ၏ အပြုံးကိုလည်း တစ်ခါတစ်ရံ ငါ ပြသည်၊ သို့သော် ငါ့ကို သူ မြင်သည့် အချိန်တွင်ပင်၊ သူသည် အလွန် ထုံထိုင်းပြီး စိတ်ခံစားချက် တိုး၍ ကင်းမဲ့ပြီး ဖြစ်သည့်အတွက်၊ လူသားသည် မည်သည့်အခါမျှ ငါ၏ စိတ်သဘောထား တစ်ခုလုံးကို အမှန်တကယ် မမြင်ဖူးသကဲ့သို့၊ တံပိုးခရာ၏ ချိုသာငြိမ့်ညောင်းသော အသံကို မကြားနိုင်သေးချေ။ ယင်းမှာ ငါ၏ပုံရိပ်သည် လူ၏မှတ်ဉာဏ်များထဲတွင် တည်ရှိပြီး၊ ငါ၏ ပုံသဏ္ဌာန်သည် သူ၏အတွေးများထဲတွင် တည်ရှိသည့်အလား ဖြစ်သည်။ သို့ရာတွင် လူသား၏ဦးနှောက်မှာ အလွန် ချွတ်ခြုံကျသောကြောင့်၊ လူသားမျိုးနွယ်၏ မျက်မှောက်ခေတ်အထိ တိုးတက်မှုမှတစ်ဆင့်၊ ငါ့ကို အမှန်တကယ် တွေရှိပြီးသော လူတစ်ဦးမျှ လုံးဝ မရှိဖူးပေ။ လူသားက ငါနှင့်သက်ဆိုင်၍ “ခွဲခြမ်းလေ့လာပြီးသမျှ” အရာအားလုံးတွင် သူ၏ သိပ္ပံပညာသည် အလွန် ချို့ငဲ့စွာ တိုးတက်သောကြောင့်၊ သူ၏သိပ္ပံဆိုင်ရာ သုတေသနပြုချက်သည် မည်သည့်ရလဒ်များမှ မထွက်ရှိသေးချေ။ ထို့ကြောင့် မျက်မှောက်တွင် သူ၏ ခြေကုပ်ကို လူသားမျိုးနွယ်၏ ထိန်းသိမ်းမှုသည်ပင် ကြီးမားသည့် အကြောင်းမလှမှုအလယ်တွင် မခန့်မှန်းနိုင်သော နှစ်သိမ့်ရာတစ်ခု ဖြစ်နှင့်လေသည့်အတွက်၊ “ငါ၏ပုံရိပ်” နှင့်သက်ဆိုင်သည့် အကြောင်းအရာသည် ဖြည့်မည့်သူ မည်သူမျှမရှိဘဲ၊ ကမ္ဘာ့စံချိန် ချိုးမည့်သူ မည်သူမျှ မရှိဘဲ၊ အမြဲ လုံးဝ ဗလာဖြစ်နေပေသည်။
၁၉၉၂ ခုနှစ်၊ မတ်လ ၂၃ ရက်