အခန်း ၃

အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနတ်ခြင်းကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းသို့ ဆောင်ယူခဲ့လေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ဆုပ်ကိုင်၍၊ သူ၏မြင့်မြတ်သော ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲမှ သက်ရှိအပေါင်းကိုသာမက၊ မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးနေကြသူများကိုလည်း တရားစီရင်လေ၏။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်၊ ထို့ပြင် သူသည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်၍၊ ယင်း၌ ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်လိမ့်မည်။ ယင်းကဲ့သို့ တရားစီရင်ခြင်းသည် ချက်ချင်းပင်ဖြစ်ကာ၊ နှောင့်နှေးခြင်း အလျှင်းမရှိဘဲ ချမှတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် အံကို ခဲကြိတ်ကာ ငိုကြွေးကြလေမည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။

ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေကြမည်ဖြစ်ကာ၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ ဂရုပြုကြလိမ့်မည်၊ ထို့အပြင် သူ့ကိုချီးမွမ်းသော ၎င်းတို့၏အသံများသည် ဘယ်သောအခါမျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ပေါ်ထွန်းလာလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူ့အား ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်ကာ၊ တုံ့ဆိုင်းခြင်းအလျှင်းမရှိဘဲ ရှေ့ဆက်သွားဖို့ရန် အစွမ်းကုန် လုပ်ဆောင်ရမည်။ ကမ္ဘာလောကကြီး၏ အဆုံးသည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏၊ အသင်းတော်၏ မှန်ကန်သော အသက်တာသာမက ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ ကာဆီးနေသော ငါတို့၏အမြင်ကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိစေရန် ယခုထက်ပို၍ လျှောက်လှမ်းမည် မဟုတ်၊ ထို့အပြင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ငါတို့၏လျှာများကို စောင့်ထိန်းမည်ဖြစ်ပြီး၊ ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများအပေါ် ဆက်၍ငြင်းခုံတော့မည် မဟုတ်ပေ။ လောကီရေးရာလောကနှင့် ကြွယ်ဝချမ်းသာခြင်းအပေါ် သင်တို့၏ အလိုကြီးသော တွယ်တာခြင်း- ဟေ၊ ယင်းကို စွန့်လွှတ်ကြလော့။ ခင်ပွန်းသည်များနှင့် သားသမီးများအပေါ် သင်တို့နှောင်တွယ်နေသော သံယောဇဉ်- ဟေ၊ ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေကြလော့။ သင်တို့၏အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို စွန့်လွှတ်ကြလော့။ အချိန်သည် တိုတောင်းသောကြောင့် နိုးထကြလော့။ သင်တို့၏စိတ်ဝိညာဉ်ကို အထက်သို့ မျှော်ကြည့်စေလော့၊ အထက်သို့ မျှော်ကြည့်ကာ ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးကြလော့။ သင်တို့ကိုယ်သင်တို့ လောတ၏ဇနီးကဲ့သို့ မဖြစ်လာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ အလွန်သနားစရာ ကောင်းလှသည်။ အမှန်ပင် သနားစရာပေတည်း။ နိုးထကြကုန်လော့။

အရှေ့သို့- အခန်း ၂

နောက်တစ်ခုသို့- အခန်း ၄

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သုံးပါးတစ်ဆူ တည်ရှိပါသလော

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ...

သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင်...

သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသော လူတစ်ဦးဖြစ်သလော

သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ စွန့်ပစ်ပြီး သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းရှိသည့်အခါမှသာ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်