အခန်း ၃၁

ငါ့ကို ရိုးသားစွာ အလိုရှိသောသူအားလုံးကို ငါချစ်သည်။ သင်တို့သည် ငါ့ကိုချစ်ခြင်းအပေါ် အလေးဂရုပြုလျှင် သင်တို့ကို ကောင်းချီးမင်္ဂလာမြောက်များစွာ ဧကန်အမှန်ငါပေးမည်။ ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သလော။ ငါ့အိမ်တော်တွင် အဆင့်အတန်း နိမ့်ခြင်း၊ မြင့်ခြင်း ခွဲခြားမှုမရှိ။ လူတိုင်းသည် ငါ၏သားများ ဖြစ်ကြပြီး၊ ငါသည် သင်တို့၏အဖ၊ သင်တို့၏ ဘုရားသခင် ဖြစ်၏။ ငါသည် အမြင့်ဆုံးသောအထွတ်အထိပ်နှင့် အတုမရှိ ဖြစ်၏။ ငါသည် စကြဝဠာနှင့် အရာအားလုံးကို ထိန်းချုပ်ထား၏။

ငါ့အိမ်တော်ထဲတွင် သင်သည် "နှိမ့်ချစွာဖြင့် မထင်မရှား မထင်မရှား ငါ့ကိုအစေခံ" သင့်ပေသည်။ ဤစကားရပ်သည် သင်၏ဆောင်ပုဒ်အဖြစ် အသုံးတော်ခံသင့်၏။ သစ်ပင်တစ်ပင်ပေါ်ရှိ သစ်ရွက်တစ်ရွက် မဖြစ်ဘဲ၊ အပင်၏အမြစ်ဖြစ်ပြီး၊ အသက်တာ၌ နက်ရှိုင်းစွာ အမြစ်တွယ်လော့။ အသက်တာ၏ စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ပြီး၊ ငါ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်လော့၊ အကြောင်းအရာတိုင်း၌ ငါ့ကို ပိုမိုရှာဖွေကာ၊ ငါ့နားသို့ချဉ်းကပ်ပြီး၊ ငါနှင့် မိတ်သဟာယဖွဲ့လော့။ မည်သည့် အပြင်ပန်းအရာကိုမျှ အလေးဂရုမပြုနှင့်။ ထို့အပြင် မည်သည့်လူ၊ မည်သည့်ဖြစ်ရပ် သို့မဟုတ် မည်သည့်အမှုအရာ၏ ထိန်းချုပ်ခြင်းကိုမျှ မခံဘဲ ငါ၏ဖြစ်ခြင်းကို ဝိညာဉ်ရေးရာပြည့်ဝသောသူများနှင့်သာ မိတ်သဟာယဖွဲ့လော့။ ငါ၏ ရည်ရွယ်ချက်တို့ကို နားလည်လော့၊ ငါ့အသက်ကို သင်တို့၏အကြား စီးဝင်စေပြီး ငါ၏နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ကာ ငါ၏သတ်မှတ်ချက်များကို လိုက်နာလော့။

ငါသင့်အားတာဝန်ပေးထားခဲ့ပြီးဖြစ်သော ကိစ္စရပ်များပေါ်တွင် သင်၏ခွန်အားရှိသမျှဖြင့် ဆက်ကပ်လော့၊ ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် သင်တတ်စွမ်းသမျှ လုပ်ဆောင်လော့။ ငါသည် သင်၏ စွမ်းအားနှင့် သင်၏ဝမ်းမြောက်မှုဖြစ်၏။… ငါသည် သင်၏အလုံးစုံဖြစ်၏။ ငါ့နောက်သို့သာလိုက်လော့။ ငါသည် သင့်စိတ်နှလုံး၏ စစ်မှန်သောဆန္ဒများကို သိပြီး၊ ငါ့အတွက် သင့်ကိုယ်သင် စစ်မှန်စွာအသုံးပြုကြောင်းကို ငါသိ၏၊ သို့သော် ငါ့အိမ်တော်တွင် သစ္စာတရားကို ငါ့အား အဘယ်ကဲ့သို့ ပြရမည်နှင့် အဆုံးထိ ငါ့နောက်သို့မည်သို့လိုက်ရမည်ကို သင်သိသင့်၏။

အသင်းတော်သည် ငါ့နှလုံးသားဖြစ်ပြီး၊ ငါ၏အသင်းတော် တည်ဆောက်ရေးအတွက် ငါသည် စိုးရိမ် သောကပြင်းပြလျက်ရှိ၏။ ငါ၏စိတ်နှလုံး ကျေနပ်ဖို့အလို့ငှာ သံသယစိုးစဉ်းမျှမထားဘဲ သင့် ကိုယ်သင် ဆက်ကပ်အပ်နှံခြင်းဖြင့် ငါ့အတွက် သင့်ကိုယ်သင် အသုံးပြုသင့်ပြီး ငါ့ရည်ရွယ်ချက်များအပေါ် ဆင်ခြင်သုံးသပ်မှုကို ပြသသင့်ပေသည်။

အရှေ့သို့- အခန်း ၃၀

နောက်တစ်ခုသို့- အခန်း ၃၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။