ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာတရား ပေးအပ်
၁
သင်သည် ဘုရား၏အမှုတော်များစွာကို တွေ့ကြုံဖူးပေမယ့်
သင်သည် မပြောင်းလဲ၊ စင်ကြယ်ခြင်းကို မရရှိ။
သင်သည် စာတန်၏အုပ်စိုးမှုအောက်၌ အသက်ရှင်လျက်၊
ဘုရားသခင်အား မကျိုးနွံ။
သင်သည် ကယ်တင်ရယူခြင်းခံရပေမယ့် စုံလင်ခြင်းသို့ မရောက်။
သင်သည် အသက်ကို မရှာ၊ အမှုတော်ကိုအကြောင်းကို မလေ့လာ၊
အပျော်အပါးနှင့် သာယာမှုများကိုသာ ရှာ၏။
ဒါကြောင့် သင့်ရဲ့စိတ်သဘောထား ပြောင်းလဲမသွား။
သင်သည် ဘုရား လူကိုဖန်ဆင်းစဉ်က လူ့သဏ္ဌာန်ကို ပြန်မရရှိသေး။
သင်သည် ဝိညာဉ်မရှိ သေဆုံးလျက် လျှောက်လှမ်းနေ။
ဘုရားသခင် လိုချင်တာ ပေတရုကဲ့သို့သော လူများ၊
စုံလင်ခြင်းရှိရန် ကြိုးပမ်းသူများ။
ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာှတရားကို ပေးအပ်။
ကယ်တင်ခြင်းရလိုသူများအား ကယ်တင်ခြင်းပေးသနား၊
သင်တို့အားဖြင့် ရရှိမည် မဟုတ်၊
သင်တို့ကို ဘုရားကယ်ဆင်ရရှိခြင်း ဖြစ်သည်။
ဘုရား သခင်တို့ကို ရယူရန် သင်တို ့ဘုရားကို ရရှိရသည်။
၂
သန့်ရှင်းစင်ကြယ်ခြင်း ရရှိရန် မကြိုးပမ်းဖူးသူများ
ဝိညာဉ်ရေးရာ သိကောင်းဖွယ်ရာများ ဘယ်တော့မှ မလေ့လာသူများ၊
သမ္မာတရားနောက်သို့ မလိုက်၊
မကောင်းဘက်၌ လွှမ်းမိုးခံရခြင်းကို ကျေနပ်ရောင့်ရဲသူများ
သမ္မာတရားအတိုင်း အသက်မရှင်နိုင်၊
သမ္မာတရားအတိုင်း မရပ်တည်သူများ၊
သန့်ရှင်းသောသူများ မဖြစ်လာသူများ
ထိုသူများကား ကယ်တင်ခြင်း မခံရသူများ ဖြစ်သည်။
ဘုရားသခင် လိုချင်တာ ပေတရုကဲ့သို့သော လူများ၊
စုံလင်ခြင်းရှိရန် ကြိုးပမ်းသူများ။
ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာတရားကို ပေးအပ်။
ကယ်တင်ခြင်းရလိုသူများအား ကယ်တင်ခြင်းပေးသနား၊
သင်တို့အားဖြင့် ရရှိမည် မဟုတ်၊
သင်တို့ကို ဘုရားကယ်တင်ရရှိခြင်းပင် ဖြစ်သည်။
ဘုရား သင်တို့ကို ကယ်တင်ရယူရန် သင်တို့သည် ဘုရားကို ရရှိရသည်။
၃
ယနေ့ ဘုရားသခင် ထိုနှုတ်ကပတ်တော်အလုံးစုံကို သင်တို့အား ပြောဆိုခဲ့ပြီ။
သင်တို့ ကြားသိ၍ ထိုနှုတ်ကပတ်တော်အတိုင်း လိုက်တွေ့ကျင့်သုံးရမည်။
နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လိုက်နိုင်သောအခါ
ထိုနှုတ်ကပတ်တော်အားဖြင့် သင်တို့ကို ဘုရား ရယူလိမ့်မည်။
ထိုအချိန်တွင် ထိုနှုတ်ကပတ်တော်ကို သင်တို့ ရရှိပြီးဖြစ်လိမ့်မည်။
ဆိုလိုသည်မှာ
သင်သည် ကြီးမြတ်သောကယ်တင်ခြင်း ရရှိခဲ့ပြီ။
သင်တို့သည် သန့်ရှင်းသွားကြသည်နှင့်
လူသားစစ်စစ် ဖြစ်သွားကြလိမ့်မည်။
ဘုရားသခင် လိုချင်တာ ပေတရုကဲ့သို့သော လူများ၊
စုံလင်ခြင်းရှိရန် ကြိုးပမ်းသူများ။
ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာတရားကို ပေးအပ်။
ကယ်တင်ခြင်းရလိုသူများအား ကယ်တင်ခြင်းပေးသနား၊
သင်တို့အားဖြင့် ရရှိမည် မဟုတ်၊
သင်တို့ကို ဘုရားကယ်တင်ရရှိခြင်းပင်ဖြစ်သည်။
ဘုရား သင်တို့ကို ကယ်တင်ရယူရန် သင်တို့သည် ဘုရားကို ရရှိရသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။