သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းရင်းနှီးသည့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း ဥပမာကို ငါအသုံးပြုမည်- အစေခံသူများနှင့် စပ်လျဉ်း၍ အမြင့်မြတ်ဆုံး အယူအဆများကို မည်သူမဆို ပေးနိုင်ပြီး ဤအကြောင်းအရာနှင့် ပတ်သက်သည့် သင့်တင့်လျောက်ပတ်သော သိနားလည်ခြင်း တစ်ခု လူတိုင်းတွင် ရှိကြ၏။ ၎င်းတို့သည် ယင်းအကြောင်း ဟောပြောကြပြီး ဟောပြောချက် တစ်ခုချင်းစီသည် ယခင်တစ်ခုထက် သာလွန်သည်မှာ ယှဉ်ပြိုင်မှု တစ်ခုသဖွယ်ပင် ဖြစ်၏။ သို့သော်လည်း အကယ်၍ လူသားသည် ကြီးမားသော စမ်းသပ်မှု တစ်ခုကို မကြုံရသေးပါက၊ ၎င်းတွင် ထွက်ဆိုရန် ကောင်းသော သက်သေခံချက် တစ်ခု ရှိသည်ဟု ဆိုရန် လွန်စွာခဲယဉ်းပေသည်။ တိုတိုပြောရလျှင် လူသား၏သိနားလည်ခြင်းနှင့် လုံးဝဆန့်ကျင်လျက် သူ အသက်ရှင်နေထိုင်မှုသည် လွန်စွာချို့တဲ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူသား၏ ဝိညာဉ်ရင့်ကျက်မှု အမှန် မဖြစ်သေးပေ၊ ထို့အပြင် ယင်းသည် လူသား၏အသက်တာ မဟုတ်သေးပေ။ လူသား၏ သိနားလည်ခြင်းသည် လက်တွေ့အဖြစ် ဖော်ဆောင်ခြင်း မခံရသေးသောကြောင့်၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ယိုင်နဲ့နဲ့နှင့် ပြိုကျပျက်စီးလုလု ဖြစ်နေလျက်၊ သဲပေါ် ဆောက်ထားသည့် ရဲတိုက် တစ်ခုပမာ ဖြစ်နေသေးသည်။ လူသားသည် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမှာ အလွန် နည်းပါးလွန်း၏။ လူသား၏အထဲ၌ စစ်မှန်မှု တစ်စုံတစ်ရာကို ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လူသား၏အထဲမှ သဘာဝအလျောက် စီးဆင်းလာနေသော စစ်မှန်မှုသည် အလွန်ပင် နည်းပါးလှပြီး၊ သူတို့ အသက်ရှင်နေထိုင်သော စစ်မှန်မှု အလုံးစုံသည် အတင်းအဓမ္မ လုပ်ယူထားခြင်း ဖြစ်သည်၊ ထိုအကြောင်းကြောင့် လူသားသည် စစ်မှန်မှုကို လုံးဝ မပိုင်ဆိုင်ဟု ငါဆိုခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏ချစ်ခြင်းသည် မည်သည့်အခါမျှ မပြောင်းလဲပါဟု လူတို့ အခိုင်အမာဆိုသော်လည်း၊ ယင်းသည် မည်သည့်စမ်းသပ်မှုများကိုမှ ၎င်းတို့ရင်မဆိုင်ရသေးမီ၊ ပြောဆိုသည့် အရာမျှသာ ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် စမ်းသပ်မှုများနှင့် ရုတ်တရက် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့ပြောဆိုသော အကြောင်းအရာများသည် စစ်မှန်မှုနှင့် လိုက်လျောညီထွေမှုမရှိ နောက်တစ်ကြိမ် ထပ်၍ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ လူသားသည် စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း၊ ယင်းက ထပ်မံ၍ သက်သေပြလိမ့်မည်။ သင့်အယူအဆများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင် ဘေးဖယ်ထားရန် လိုအပ်သည့်အရာများကို သင် နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါတိုင်းတွင်၊ ထိုအရာများသည် သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်အား မထုတ်ဖော်မီတွင် လူသားတိုင်းသည် ပြင်းထန်သော စစ်ဆေးမှုတစ်ခုနှင့် ဧရာမ စမ်းသပ်မှု တစ်ခုကို ကြုံတွေ့ရသည်။ ယင်းကို သင် နားလည်သဘောပေါက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို စစ်ကြောလိုသောအခါ စစ်မှန်သော သမ္မာတရားကို မထုတ်ဖော်မီ ကိုယ်တော်က ၎င်းတို့အား ၎င်းတို့၏ ရွေးချယ်မှုများ အမြဲပြုခွင့်ပေးသည်။ ယင်းက ဘုရားသခင်သည် လူကို စမ်းသပ်မှု ခံစေသည့်အခါ၊ ကိုယ်တော်သည် သင့်အား သမ္မာတရားကို မည်သည့်အခါမျှ ပြောပြလိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်၊ ထိုအရာသည် လူသားတို့ ဖော်ထုတ်ပြသခံရမည့် နည်းဟန် ဖြစ်သည်။ ဤသည်မှာ မျက်မှောက်ခေတ်၏ ဘုရားသခင်အား သင် သိနားလည်ခြင်း ရှိ မရှိကို မြင်တွေ့ရန်နှင့် စစ်မှန်မှု တစ်စုံတစ်ရာ သင် ပိုင်ဆိုင်ခြင်း ရှိ မရှိကို မြင်တွေ့ရန်၊ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ သင်သည် သံသယများ အမှန်တကယ် ကင်းရှင်းသလော။ ကြီးမားသော စမ်းသပ်မှု တစ်ခု သင့်အပေါ်သို့ ကျရောက်လာသောအခါ၊ သင်သည် အမှန်တကယ် အခိုင်အမာ ရပ်တည်နိုင်လိမ့်မည်လော။ “မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ် အာမခံသည်။” ဟု မည်သူ ဆိုဝံ့သနည်း။ “အခြားသူများတွင် သံသယများ ရှိကောင်း ရှိမည်။ သို့သော် ကျွန်ုပ်တွင် မည်သည့်အခါမျှ သံသယရှိလိမ့်မည် မဟုတ်ပါ။” ဟု မည်သူရဲရဲတင်းတင်း ပြောဝံ့သနည်း။ ယင်းသည် ပေတရု စမ်းသပ်မှုများ ခံစားရသည့် အချိန်ကဲ့သို့ပင် ဖြစ်သည်- သမ္မာတရားအား မထုတ်ဖော်မီတွင် သူအမြဲ မိမိကိုယ်ကိုယ် အမွှမ်းတင်ခဲ့သည်။ ဤသည်မှာ ပေတရုတွင်သာ သီးသန့်တစ်မူထူးသော ပုဂ္ဂိလ်ရေး အားနည်းချက်တစ်ခု မဟုတ်ပေ၊ ဤသည်မှာ လူသားတိုင်း လက်ရှိ ရင်ဆိုင်နေသည့် အကြီးမားဆုံးသော အခက်အခဲပင် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏အမှုအပေါ် သင်တို့၏ သိနားလည်ခြင်းသည် အဘယ်အရာ ဖြစ်ကြောင်း မြင်နိုင်ရန်အတွက် ငါသည် နေရာ အနည်းငယ်သို့ လာကြည့်ရမည်ဆိုပါက သို့မဟုတ် အနည်းငယ်သော ညီအစ်ကို မောင်နှမများထံ လာကြည့်ရမည်ဆိုပါက၊ သင်တို့၏ အသိပညာ အကြောင်းကို သင်တို့သည် သေချာပေါက် များစွာ ပြောဆိုနိုင်လိမ့်မည် ဖြစ်ကာ သင်တို့တွင် မည်သို့မျှ သံသယ မရှိဟု ထင်ရပေမည်။ “မျက်မှောက်ခေတ်၏အမှုကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သည်ဟု သင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သလော။ မည်သည့်သံသယမျှ မရှိသလော။” ဟု သင့်ကို ငါမေးခဲ့လျှင် “ယင်းသည် ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်သောအမှု ဖြစ်ပြီး မည်သို့မျှ သံသယမရှိပါ။” ဟု သင် သေချာပေါက်ပြန်ဖြေ လိမ့်မည်။ ထိုကဲ့သို့သော နည်းလမ်းဖြင့် သင် အဖြေပေးပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် သံသယ တစ်စွန်းတစ်စမျှ ဧကန်မုချ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ စစ်မှန်မှု အနည်းငယ်ကို ရရှိခဲ့ပြီးဖြစ်သည်ဟု တွေးရင်း အတော်အသင့် ကျေနပ်အားရမှုကိုပင် သင် ခံစားရလိမ့်မည်။ အမှုအရာများကို ဤပုံစံဖြင့် နားလည်လေ့ရှိသူများသည် သာ၍ နည်းသော စစ်မှန်မှုကို လက်ဝယ် ရရှိသူများ ဖြစ်ကြ၏။ အကြင်သူသည် ထိုအရာအား ရရှိပြီးပြီဟု တွေးထင်လေလေ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ၊ ထိုသူအဖို့ အခိုင်အမာ ရပ်တည်နိုင်စွမ်း နည်းလေလေပင် ဖြစ်သည်။ မာနကြီးပြီး ‌မောက်မာသူများသည် အမင်္ဂလာ ရှိကြသည်၊ မိမိတို့ကိုယ်ကိုယ် လုံးဝ မသိသူများသည် အမင်္ဂလာ ရှိကြသည်။ ထိုကဲ့သို့သောလူများသည် အဟောအပြောတွင် အထူး ကျွမ်းကျင်ကြသော်လည်း၊ ၎င်းတို့၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်သောအခါ၊ သာ၍ ဆိုးကြလေသည်။ ဤလူများသည် အသေးဆုံး ဒုက္ခ အရိပ်လက္ခဏာ၌ သံသယများ စတင် ရှိလာပြီး လက်လွှတ်အရှုံးပေးရန် အတွေးသည် ၎င်းတို့၏စိတ်ထဲသို့ ချွတ်နင်း ဝင်ရောက်လာတော့သည်။ ၎င်းတို့သည် မည်သည့်စစ်မှန်မှုကိုမျှ လက်ဝယ်မပိုင်ဆိုင်ကြပေ။ ဘာသာတရား အထက်ရှိ အယူအဆများသာ ၎င်းတို့တွင် ရှိကြပြီး ယခု ဘုရားသခင် လိုအပ်သည့် စစ်မှန်မှုဟူ၍ စိုးစဉ်းမျှ မရှိပေ။ စစ်မှန်မှု စိုးစဉ်းမျှ ပိုင်ဆိုင်မှုမရှိဘဲ၊ အယူအဆများကိုသာ ပြောဆိုတတ်သူများကို ငါ အရွံရှာဆုံး ဖြစ်သည်။ ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နေစဉ်တွင် ၎င်းတို့သည် အကျယ်လောင်ဆုံး အော်တတ်ကြသော်လည်း၊ စစ်မှန်မှုနှင့် ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ပြိုကွဲသွားတော့သည်။ ယင်းက ဤလူများတွင် စစ်မှန်မှု မရှိကြောင်း မပြသလော။ လေနှင့်လှိုင်းများ မည်သို့ပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ပေးမဝင်ဘဲ၊ ဆက်လက် ရပ်တည်နေနိုင်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အခါတွင်ပင်လျှင်၊ သင် အခိုင်အမာ ရပ်တည်နေနိုင်ကာ ငြင်းပယ်ခြင်းမှ လွတ်ကင်းနေပါက၊ သင့်တွင် စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း မှတ်ယူခြင်း ခံရပေမည်။ သင်သည် စီစဉ်ခြင်း သို့မဟုတ် စဉ်းစားတွေးတောခြင်း မရှိပါက၊ အများစုနောက်သို့ သင်လိုက်ပါပြီး အခြားသူများ၏ စကားကို သံယောင်လိုက်ရန် သင်ယူပါက၊ သင်မည်သို့ စကားပြောကောင်းစေကာမူ၊ ယင်းသည် သင် စစ်မှန်မှုကို လက်ဝယ်ရရှိထားကြောင်း သက်သေဖြစ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် အနှစ်သာရမဲ့သော စကားများကို အလောတကြီး အော်ဟစ် မပြောဆိုဖို့ ငါ အကြံပေးသည်။ ဘုရားသခင် မည်သည့်အရာ လုပ်လိမ့်မည်ကို သင်သိသလော။ သင်သည် သင့်ကိုယ်သင် အရှက်ရစေပြီး ဂုဏ်ယူ ဝင့်ကြွားနိုင်စွမ်း ဆုံးရှုံးသွားမည်စိုး၍ နောက်ထပ်ပေတရုကဲ့သို့ မပြုမူလေနှင့်၊ ယင်းက မည်သူ့ကိုမျှ မည်သည့်ကောင်းကျိုးမျှ မပေးပေ။ လူအများစုတွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြပေ။ ဘုရားသခင်သည် အမှုများစွာ ပြုခဲ့ပြီးသော်လည်း၊ ကိုယ်တော်သည် စစ်မှန်မှုကို လူတို့အပေါ်သို့ ယူဆောင်လာခဲ့ပြီးခြင်း မရှိသေးပေ။ ပိုမိုတိကျရလျှင် ကိုယ်တော်သည် မည်သူ့ကိုမျှ ကိုယ်တိုင်ကိုယ်ကျ ပြစ်တင်ဆုံးမခြင်း မည်သည့်အခါမျှ မပြုခဲ့ဖူးပေ။ လူအချို့သည် ဘုရားသခင်ကို အသာစီးယူရန် လွယ်ကူပြီး ၎င်းတို့ လုပ်ချင်သမျှ လုပ်နိုင်သည်ဟု တွေးကာ၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်သော လက်များက သာ၍ သာ၍ အဝေးသို့ လှမ်းလျက် ထိုကဲ့သို့သော စမ်းသပ်မှုများအားဖြင့် ဖော်ထုတ်ပြသခြင်းကို ခံကြရသည်။ ဤကဲ့သို့သော စမ်းသပ်မှုကိုပင် ၎င်းတို့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြသည့်အတွက် ၎င်းတို့အတွက် ပိုမိုခက်ခဲသော စမ်းသပ်မှုများမှာ မဖြစ်နိုင်တော့သကဲ့သို့ စစ်မှန်မှုကို ရရှိခြင်းသည်လည်း မဖြစ်ပျက်နိုင်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အရူးလုပ်ရန် ကြိုးစားနေခြင်းမျှသာ မဟုတ်သလော။ စစ်မှန်မှု ရရှိခြင်းဟူသည်မှာ ဟန်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ စစ်မှန်မှုဟူသည်လည်း ထိုအရာကို သိခြင်းမှ သင် ရယူနိုင်သည့် အရာတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်သကဲ့သို့၊ စမ်းသပ်မှုများ အားလုံးကို သင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိ မရှိဟူသည့်အပေါ်တွင်လည်း မူတည်၏။ သင် နားလည်သလော။

လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာ သိနားလည်ကြသူများ အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် မယုံကြည်သူများ ဖြစ်ကြ၏။ လူတို့က မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် မယုံကြည်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။ လူသားသိရှိထားသည့် စစ်မှန်မှုမှာ အပေါ်ယံဆန်လွန်းသည်။ ယင်းသည် တန်ဖိုးမရှိဘဲ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ ယင်းသည် နိမ့်ပါးလွန်းပြီး ဖော်ပြရန်ပင် မထိုက်တန်။ ယင်းသည် များစွာ ချို့တဲ့နေပြီး ဘုရားသခင်၏သတ်မှတ်ချက်များ၏ စံနှုန်းများမှ လွန်စွာဝေးကွာလွန်းနေသည်။ သင်တို့အထဲ၌ မည်သူသည် လမ်းကြောင်းကို ညွှန်ပြနိုင်စွမ်း မရှိဘဲ၊ မိမိ၏သိနားလည်ခြင်း အကြောင်းကို ပြောတတ်ရုံမျှသာ ရှိသည်ကို မြင်တွေ့ရန်နှင့် သင်တို့အထဲ၌ မည်သူသည် အသုံးမဝင်သော အမှိုက်စများ ဖြစ်သည်ကို ဖော်ထုတ်ရန်အလို့ငှာလည်း၊ သင်တို့ အယောက်စီတိုင်းသည် ကြီးမားသော စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ယင်းကို ယခုမှစ အမှတ်ရလော့။ အနှစ်သာရမဲ့သော သိနားလည်ခြင်း အကြောင်းကို မပြောလေနှင့်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်းနှင့် စစ်မှန်မှုအကြောင်းကိုသာ ပြောလော့။ စစ်မှန်သောသိခြင်းမှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသို့ ကူးပြောင်းလော့၊ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်းမှ စစ်မှန်သော အသက်ရှင်နေထိုင်ခြင်းသို့ ကူးပြောင်းလော့။ အခြားသူများအား သြဝါဒမပေးလေနှင့်၊ ပြီးလျှင် စစ်မှန်သောသိခြင်းအကြောင်း မပြောလေနှင့်။ အကယ်၍ သင်၏ သိနားလည်ခြင်းသည် လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ ထိုအရာအပေါ် သင် လွတ်လပ်စွာ ပြောဆိုလော့။ အကယ်၍ ထိုသို့မဟုတ်ပါက ကျေးဇူးပြုပြီး သင့်ပါးစပ်ကို ပိတ်ထား၍ စကားပြောခြင်းကို ရပ်လော့။ သင် ပြောသောအရာသည် အသုံးမဝင်ပေ။ ဘုရားသခင်ကို လှည့်ဖြားရန်နှင့် အခြားသူများ သင့်အပေါ် မနာလို ဖြစ်စေရန်အလို့ငှာ သင်သည် သိနားလည်ခြင်း အကြောင်းကို ပြော၏။ ယင်းသည် သင်၏ရည်မှန်းချက် မဟုတ်သလော။ သင်သည် အခြားသူများအား တမင်သက်သက် ကစားနေခြင်း မဟုတ်သလော။ ယင်း၌ တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ သိနားလည်ခြင်းကို သင်တွေ့ကြုံပြီးနောက် ထိုအကြောင်းကို ပြောလျှင် သင်သည် ကြွားဝါနေသည်ဟု အမြင်ခံရလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက သင်သည် စိတ်ကြီးဝင်သောစကားလုံးများကို တဗျစ်တောက်တောက် ပြောသူတစ်ဦး ဖြစ်သည်။ သင်၏တကယ့်အတွေ့အကြုံထဲတွင် သင် မကျော်လွှားနိုင်သော အမူအရာများစွာ ရှိပြီး သင်သည် သင်ကိုယ်တိုင်၏ ဇာတိပကတိကို မဖီဆန်နိုင်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမှ မဖြည့်ဆည်းဘဲ သင် လုပ်လိုသမျှကို အမြဲတစေ လုပ်နေသော်လည်း၊ သင်သည် အယူအဆဆိုင်ရာ သိနားလည်ခြင်းကိုပြောဆိုရန် ရိုင်းစိုင်းအတင့်ရဲနေသေးသည်။ သင်သည် အရှက်ကင်းမဲ့သည်တကား။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သိနားလည်ခြင်းအကြောင်း ပြောနိုင်အောင် အတင့်ရဲနေသေးသည်။ သင်သည် လွန်စွာ အရှက်ကင်းမဲ့လိုက်လေတကား။ ဟောပြောခြင်းနှင့် ကြွားဝါခြင်းသည် သင်၏ ဗီဇသဘောစင်စစ် ဖြစ်လာပြီး သင်သည် ထိုလုပ်ဆောင်ခြင်းကို ကျင့်သားရလာပြီဖြစ်သည်။ သင်ပြောလိုသော အချိန်တိုင်းတွင် သင်သည် လွယ်လင့်တကူ ပြောဆိုသော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက် လာသည့်အခါတွင်မူ အဆင်တန်ဆာ၌ သင် မွေ့လျော်လေသည်။ ယင်းသည် အခြားသူများအား အရူးလုပ်ရန် နည်းလမ်းတစ်ခု မဟုတ်သလော။ သင်သည် လူသားများအား အရူးလုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို လှည့်စား၍ မရပေ။ လူသားများသည် သတိမမူကြ၊ ထိုးထွင်းသိမြင်မှု မရှိကြသော်လည်း ဘုရားသခင်က ထိုကဲ့သို့သောအကြောင်းအရာများကို အလေးအနက် ထားသဖြင့် ကိုယ်တော်သည် သင့်ကို သက်ညှာမည်မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ သိနားလည်ခြင်းကို ချီးမွမ်းပြီး သင့်ကို ကြည်ညိုလေးစားကာ ထောက်ခံကောင်း ထောက်ခံနိုင်သော်လည်း၊ သင့်တွင် စစ်မှန်မှု လက်ဝယ်မရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသောဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများအား မရှာဖွေဘဲ နေကောင်းနေလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို လျစ်လျူရှုလိမ့်မည်ဖြစ်ကာ ယင်းသည် သင့်အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည်။ ယင်းကို သင်ယုံကြည်သလော။ လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုအကြောင်း သာ၍ပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းများအကြောင်း ထပ်မံပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ “မြင့်မြတ်သော အယူအဆများ သို့မဟုတ် တန်ဖိုးမဲ့ပြီး ချဲ့ကားထားသော အဟောအပြောကို လျှော့လော့၊ ယခုမှစ၍ လက်တွေ့ စတင်လုပ်ဆောင်ရန် အကောင်းဆုံးဖြစ်သည်။” ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့နေပြီလော။ သင်လုံးဝနားမလည်သလော။ ဘုရားသခင်၏အလိုတော်အား သိနားလည်ခြင်း သင့်တွင် မရှိသလော။

အရှေ့သို့- လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

နောက်တစ်ခုသို့- ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။