၃၂၇ မိမိ၏ပန်းတိုင်အတွက် ဘုရားစိတ်ကျေနပ်စေရန် ကြိုးစားသည့် လူ၏အကျည်းတန်မှုကျူး

၁ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။

၂ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။

၃ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ဖြစ်တည်မှု အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် ခြေခြေမြစ်မြစ်ရှိသော အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၂၆ ဘုရားအပေါ် လူတို့ယုံကြည်ခြင်းအကြောင်း ဝမ်းနည်းဖွယ်အကောင်းဆုံးအရာကျူး

နောက်တစ်ခုသို့- ၃၂၈ လူတို့သည် ဘုရားထံ သူတို့၏ စိတ်နှလုံးများကို အကယ်ပင် မပေးကြသေးကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။