သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာနားလည်မှု ရှိကြသည်
ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသည့် လူများက မိမိတို့ကိုယ်ကိုယ် မည်သူမည်ဝါဖြစ်ကြောင်း သိရှိစေသည့် နည်းလမ်းများနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် ငါတို့ အစပြုမည်။ ၎င်းတို့နှင့်ပတ်သက်၍ အထင်ပေါ်ဆုံးအရာမှာ အဘယ်နည်း။ ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သို့ လိုက်စားပုံပေါ်သည်ဖြစ်စေ၊ ၎င်းတို့၏ အသက်တာများက မည်သည့်အခါတွင်မျှ ကြီးထွားခြင်းမရှိသကဲ့သို့ အသက်ဝင်ရောက်မှုအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း လုံးဝ မရှိခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသောလူတို့သည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ မိမိတို့ကိုယ်ကိုယ် သုံးသပ်ခြင်းမရှိသကဲ့သို့ မိမိတို့ကိုယ်ကိုယ် သိရှိရန် မကြိုးစားကြပေ။ အမှန်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိကြပေ။ ၎င်းတို့ ထုတ်ဖော်ပြပြီး ပြသသည့် စိတ်သဘောထားက မည်မျှ မာနထောင်လွှားသည်ဖြစ်စေ သတိမထားမိကြပေ။ ၎င်းတို့သည် မည်မျှ လိမ်ညာပြီး၊ လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ ထိုအရာကို အနည်းငယ်မျှ နားမလည်ကြပေ။ ဘုရားသခင်ကို ၎င်းတို့ မည်မျှ ပုန်ကန်ပြီး အတိုက်အခံလုပ်သည်ဖြစ်စေ၊ ဤသည်မှာ အမှားတစ်ခုဖြစ်သည်ကို မသိကြပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့သာ ဖြစ်ပြီး သိက္ခာစောင့်စည်းမှုမရှိဘဲ မိမိတို့ နှစ်သက်သည့်အတိုင်း ပြုမူကာ မကောင်းမှုကို လုပ်ဆောင်ကြသည်။ ၎င်းတို့ မှန်သည်ဟု တွေးထင်ကြသည်။ ပြီးလျှင် မည်သူ့ထံကမျှ ဝေဖန်မှု သို့မဟုတ် တိုက်တွန်းခြင်းကို လက်မခံကြပေ။ ၎င်းတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်ပြီး စုဝေးပွဲများ တက်ကြသော်လည်း၊ ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့က မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား ငြင်းပယ်ခြင်းက မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ လုံးဝ မသိကြပေ။ လူသား ရည်ရွယ်ချက်များမှ အရင်းခံသည့် ကောင်းမြတ်မှု သို့မဟုတ် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့အား ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ မသိမသာကွဲပြားသော ဤခြားနားချက်များကို ၎င်းတို့ ဘာမျှမသိကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိကြပြီလော သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ကြပြီလော သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည် သို့မဟုတ် ၎င်းတို့ လျှောက်သည့်လမ်းကြောင်းက မှန်ကန်သည့် လမ်းကြောင်းတစ်ခု ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု ရှုထောင့်အမြင်က မှန်ကန်သည်လော သို့မဟုတ် မည်သည့် အပြုအမူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးသည် သို့မဟုတ် စက်ဆုပ်သည်လောဟူသည်ကို ၎င်းတို့ မသိကြ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မသိကြပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု လုံးဝမရှိသောလူတို့သည် ဘဝတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု နေထိုင်ခြင်းကိုသာ စွဲမြဲလုပ်ဆောင်ကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်နေချိန်တွင် အချိန်မဖြုန်းကြ သို့မဟုတ် ဒုက္ခပြဿနာမဖြစ်စေကြသကဲ့သို့ အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်များ ဖြစ်စေသည့်အရာများကို တမင်တကာ လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့ကို ပြောထားသည့်အတိုင်း လုပ်ဆောင်ကြပြီး၊ ရိုးရှင်းသည့် စည်းမျဉ်းစည်းကမ်းများကို စွဲမြဲကြသည်။ သို့ရာတွင် အသေးစိတ်အချက်များ၊ အသက်ဝင်ရောက်မှုတွင် ပါဝင်သည့် အခြေအနေများ၊ အမျိုးမျိုးသော ရှုထောင့်အမြင်များနှင့်လည်းကောင်း၊ သဘောထားများနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ၊ လုံးဝ အရေးမလုပ်ကြချေ။ အယူအဆများကို ဖြေရှင်းခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများကို သင် မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့တွင် အယူအဆများ တစ်ခုမျှမရှိ၊ ၎င်းတို့၏ အယူအဆများအားလုံးကို ဖြေရှင်းပြီးသားဖြစ်ကာ သင် မိတ်သဟာယပြုနေသည့်အရာမှာ ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု ၎င်းတို့ တွေးထင်ကြလေသည်။ သင် ပြောသည့် အယူအဆများက မည်သည့်အရာ ရည်ညွှန်းသည်ကို သို့မဟုတ် သင် ပြောသည့်အရာတွင် မည်သည့် သမ္မာတရား စစ်မှန်မှုရှိသည်ကို ၎င်းတို့ မသိကြပေ။ မိမိကိုယ်ကိုယ် သိရှိခြင်းအကြောင်း သင် ပြောဆိုသည့်အခါ၊ ၎င်းတို့က၊ “လူသည် ပုန်ကန်တတ်ပြီး မာနထောင်လွှားသည် မဟုတ်လော။ ကောင်းပြီ၊ သူသည် တကယ်ကို ပုန်ကန်တတ်ခြင်းမရှိလျှင်၊ ယင်းက လုံလောက်မည် မဟုတ်လော။ ကိစ္စတစ်ခု သူ့အပေါ် ကျရောက်သည့်အခါ၊ သူ မကြွားဝါလျှင်၊ အနည်းငယ် သာ၍ ရိုးရိုးကုပ်ကုပ်နေပြီး ဟိတ်ဟန်မများလျှင်၊ ယင်းမှာ လုံလောက်မည်မဟုတ်လော”ဟု ပြောကြသည်။ ကျိုးနွံနာခံခြင်းအကြောင်း သင် ပြောသည့်အခါ၊ ၎င်းတို့က၊ “ကျိုးနွံနာခံခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက အလွန်အရေးကြီးပါသနည်း။ မကောင်းသည့် မည်သည့်အရာကိုမျှသာမလုပ်နှင့်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာက အလွန်ခက်ခဲနေပါသနည်း”ဟု ပြောကြသည်။ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခြင်း၊ မိမိ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပယ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်း သင် ပြောဆိုသည့်အခါ၊ ၎င်းတို့က၊ “ဇာတိပကတိကို တွန်းလှန်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မလိုအပ်ပါ။ ကျွန်ုပ်သည် လူကောင်းတစ်ဦးသာ ဖြစ်လိုက်မည်”ဟု ပြောကြသည်။ ယင်းမှာ ၎င်းတို့၏ တွေးခေါ်မှု ရိုးရှင်းပုံဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ အသိအမှတ်မပြုကြပါ။ ထို့ကြောင့် ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များက ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု တွေးလျက်၊ ထိုနှုတ်ကပတ်တော်များကို လက်မခံကြပေ။) မှန်သည်။ ၎င်းတို့က၊ “ကျွန်ုပ်တွင် ဘုရားသခင် ဖော်ထုတ်သည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သိပ်မရှိသကဲ့သို့ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုတလေ ရှိလျှင်ပင် အလွန်သေးငယ်မည်ဖြစ်သည်။ ခဏတာဖြစ်သော အတွေးအချို့သာ ဖြစ်သည်။ အရေးမကြီးပါ။ ဤသည်မှာ ကျိုးနွံနာခံတတ်ရန် သတ်မှတ်ချက်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ သင် ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် နားထောင်မည်ဖြစ်ပြီး၊ လုပ်ဆောင်ရန် သင် ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်။ ယင်းသည် ကျိုးနွံနာခံခြင်း ဖြစ်သည်မဟုတ်လော”ဟု တွေးကြသည်။ ထိုအရာသည် ထိုမျှရိုးရှင်းသလော။ လူအချို့သည် အလွန် ရိုးအကြသည်မှာ ၎င်းတို့သည် အပျက်သဘောဆောင်နေသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါ၊ “ဘုရားသခင်ကိုသာ ချစ်ပါ။ အဘယ်ကြောင့် ငိုနေသနည်း၊ အဘယ်ကြောင့် သင် အပျက်သဘောဆောင်နေသနည်း”ဟု ပြောကြသည်။ ဤလူများသည် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိကြပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ မည်သည့် သမ္မာတရားကို သူ ပြောသည်ဖြစ်စေ၊ ဤလူများက ဤအရာများကို သီအိုရီများအဖြစ်သာ မြင်ကြသည်ဟု ဆိုလိုသည်။ ဤကိစ္စရပ်များ၏ အခြေအမြစ်ကို ၎င်းတို့ နားမလည်ကြသကဲ့သို့ ဤသမ္မာတရားများနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ မိတ်သဟာယက မည်သည့်ပြဿနာများ ဖြေရှင်းဖို့ ရည်ရွယ်သည်ကို နားမလည်ကြပေ။ ဤသမ္မာတရားများက လူတို့၏ အသက်ဝင်ရောက်မှုနှင့်လည်းကောင်း၊ ၎င်းတို့ လျှောက်နေသည့် လမ်းနှင့်လည်းကောင်း မည်သို့ ဆက်စပ်သည် သို့မဟုတ် လူတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မည်သို့ ဆက်စပ်သည် သို့မဟုတ် လူတို့က လူသားပုံသဏ္ဍာန် အသက်ရှင်ခြင်းနှင့် ၎င်းတို့၏ကယ်တင်ခြင်း ရရှိခြင်းတို့နှင့် မည်သို့ ဆက်စပ်သည်ကို နားမလည်ကြပေ။ ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့ နားမလည်ကြပေ။ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများက လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုနှင့် ဖော်ပြခြင်းနှင့်လည်းကောင်း၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့နှင့်လည်းကောင်း မည်သို့ ပတ်သက်သည်ကို ၎င်းတို့ မရှင်းကြသကဲ့သို့ နားမလည်ကြပေ။ ၎င်းတို့ ကြားသမျှမှာ “ကျိုးနွံနာခံခြင်း၊ သစ္စာစောင့်သိခြင်း”နှင့် “ဝတ်ကျေတမ်းကျေမဖြစ်နှင့် သို့မဟုတ် နှောင့်ယှက်ကာ၊ အဖျက်အမှောင့်မလုပ်နှင့်”ဟူ၍ ဖြစ်သည်။ အဆုံးတွင်၊ ၎င်းတို့က အရာရာကို “အခြားမည်သည့်အရာကိုမျှ ကျွန်ုပ် မမှတ်မိသော်လည်း၊ ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ဆောင်သင့်သည်ကို သိသည်။ အစေခံမှုပေးရန်ပင် ကျွန်ုပ် လိုလားနေပါသည်။ အခြားမည်သည့်အရာ ပြောရန် ရှိသေးသနည်း”ဟူသည့် စာတစ်ကြောင်းဖြင့် အကျဉ်းရုံးလိုက်ကြသည်။ အစေခံမှု ပေးခြင်းအပြင်၊ လူတို့အထဲတွင် ရည်မှန်းချက်များ၊ စိတ်ဆန္ဒများ၊ နှစ်သက်မှုများ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများအပြင် လူတို့၏ မှားယွင်းသော အမြင်များနှင့် လောကီဆက်ဆံရေးများအတွက် စာတန်၏ အတွေးအခေါ်ကဲ့သို့သော ဖြေရှင်းရန်လိုအပ်သည့် ဖောက်ပြန်ပျက်စီးသော အရာများစွာ ရှိသည်ကို ၎င်းတို့ မသိကြချေ။ လူတို့အနေဖြင့် ဤအရာများအားလုံးကို ဖြေရှင်းကာ သမ္မာတရားနှင့် အစားထိုးရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသည်။ ဤသမ္မာတရားများကို ထုတ်ပြန်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ သင့်ကို သမ္မာတရား နားလည်စေပြီး၊ ထိုသမ္မာတရားကို သင်၏ စိတ်နှလုံးတွင် လက်ခံစေရန်၊ ထို့နောက်တွင် သင်၏ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် လက်တွေ့ဘဝတွင် ဆက်လက် အသုံးပြုရန်နှင့် ထိုသို့ဖြင့် ဤသမ္မာတရားများကို သင်၏ စစ်မှန်မှုဖြစ်စေကာ သင့်အထဲတွင် ထိုသမ္မာတရားများအတိုင်း အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြခြင်းခံရရန် ဖြစ်သည်။ ထို့နောက်တွင် သင် ထုတ်ဖော်ပြမည့်အရာမှာ မာနထောင်လွှားမှု၊ ရည်မှန်းချက်၊ စိတ်ဆန္ဒများ၊ အယူအဆများ၊ စိတ်ကူးများ၊ သင်ယူလေ့လာမှုများ၊ အတွေးအခေါ်များ သို့မဟုတ် အခြား ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် အရာများ ဖြစ်တော့မည်မဟုတ်ဘဲ သမ္မာတရား၏ စစ်မှန်မှုဖြစ်လိမ့်မည်ဖြစ်သည်။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသောလူတို့သည် ဤအရာကို နားမလည်ကြပေ။ တရားဒေသနာများကို နှစ်ချီနားထောင်ပြီးသည့်နောက်၊ ၎င်းတို့က၊ “တရားဒေသနာတိုင်းက အနည်းနှင့်အများ တူညီကြသည်မှာ အဘယ်ကြောင့်နည်း။ မိမိကိုယ်ကိုယ် သိခြင်းအကြောင်း နှစ်ချီ တရားဟောခြင်းသည် မိမိ၏ ပဓာနကျသော အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်းကို အသိအမှတ်ပြုခြင်းနှင့် သက်ဆိုင်သည်သာ မဟုတ်လော” ဟု ထင်မြင်ကြသည်။ အခြားသူတို့က ယနေ့၏ တရားဒေသနာများသည် ယခင်ထက် ပို၍ နက်နဲကာ ပို၍အသေးစိတ်ကျသည်ဟု ပြောကြသော်လည်း၊ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသူများသည် ယင်းကို သတိမထားမိနိုင်ကြပေ။ ဤသည်မှာ ထိုသို့သောလူတစ်ဦး၏ လက္ခဏာ ဖြစ်သည်။ အချို့သော လူတို့သည်ကောင်းစွာမြင့်မားသည့် အစွမ်းအစတစ်ခု ရှိကြသော်လည်း သမ္မာတရားကို မလိုက်စားကြသောကြောင့်၊ ဝိညာဉ်ရေးရာ သိနားလည်မှုကို မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိကြလိမ့်မည် မဟုတ်။ အခြားလူတို့မှာ သမ္မာတရားကို သိနားလည်ရန် အစွမ်းအစ အလွန်နိမ့်ကျသောကြောင့်၊ သမ္မာတရားတစ်ခုစီ၏ အသေးစိတ်အချက်များအကြောင်းကို ၎င်းတို့ ကြားလေ၊ သင့်တင့်လျောက်ပတ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု တစ်ကြိမ်တစ်ခါမျှ မရှိဘဲ ပို၍ မရှင်းမလင်းဖြစ်လေ ဖြစ်လာကြသည်။ ဤနိမ့်ကျသော အစွမ်းအစရှိသည့်လူများသည် မိမိတို့၏ ယုံကြည်ခြင်းကို နှစ်ပေါင်းမည်မျှ ထိန်းသိမ်းကြသည်ဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ လိုက်နာစောင့်ထိန်းနိုင်ကြသည် သို့မဟုတ် အနည်းငယ်သာ အားထုတ်နိုင်ကြပြီး၊ ၎င်းတို့ထဲမှ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ် ရှိသောသူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန် သစ္စာစောင့်သိမှုအချို့ ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်းကို ရှောင်ရှားကြသည်၊ သိသာထင်ရှားသည့် အပြစ်များကို ကျူးလွန်မည်မဟုတ်ဘဲ၊ ကောင်းမွန်သည့် လုပ်ဆောင်ချက်အချို့ကိုလည်း ပြင်ဆင်မည်ဟု ၎င်းတို့ အာမခံကြသည်။ အချို့သော အရာများနှင့် ပတ်သက်၍၊ ၎င်းတို့သည် ရိုးရှင်းသည့် ကျိုးနွံနာခံမှုမျိုးကို တတ်စွမ်းနိုင်ကြပြီး လုပ်ဆောင်ရန် စေခိုင်းထားသည့်အရာကို လုပ်ဆောင် နိုင်ကြသည်။ စေခိုင်းခြင်းမခံရသည့် အရာကို လက်လွှတ်နိုင်ကြသည်။ သေးငယ်သည့် ဆုံးမပဲ့ပြင်မှုအချို့ကို လက်ခံကာ အနည်းဆုံးအနေဖြင့် မိမိတို့ အသိစိတ်၏ စံနှုန်းအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားခြင်းမရှိကြသကဲ့သို့ ဘုရားသခင်ကို သိသာစွာ အတိုက်အခံလုပ်သည့်အရာများကို မလုပ်ဆောင်ကြသော်လည်း သာ၍ နက်ရှိုင်းသည့် ကျိုးနွံနာခံမှုကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် ယောဘ၏ စမ်းသပ်မှုများနှင့် သက်သေခံချက်များကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ယောဘ၏ စကားများနှင့် သက်သေခံချက်များကို နားမလည်ကြပေ။ ၎င်းတို့က၊ “ဘုရားသခင် ပေးတော်မူ၏၊ ဘုရားသခင် ရုပ်သိမ်းတော်မူ၏” ဟူသည့် စကားများက မည်သည့်အရာအား အမှန်တကယ် ဆိုလိုသည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ယောဘထံ ဖြစ်ပျက်သည့်အရာမှာ ဘုရားသခင်၏ ပိတ်ပင်ခြင်း ရလဒ်တစ်ခု ဖြစ်သည်ဆိုသည်ကို အသေအချာပင် မမြင်နိုင်ကြပေ။ ထိုသို့သော စမ်းသပ်မှုတစ်ခုကို ၎င်းတို့ ရင်ဆိုင်လာရလျှင်၊ ဤလူတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြသည့်အတွက် ဘုရားသခင်ကို မုချ ခံပြောကြလိမ့်မည်ဖြစ်ပြီး များစွာ ညည်းညူကြလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သော လူတစ်ဦးသည် ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကို ၎င်းတို့ အနည်းနှင့်အများ မြင်နိုင်ကြသည်။ ၎င်းတို့ ရင်ဆိုင်ရသည့် မည်သည့်အရာကိုမဆို မှန်ကန်စွာ နားလည်နိုင်ကြပြီး၊ ၎င်းတို့ နားမလည်သည့်အရာကို လက်လွတ်စပယ် မပြောကြ၊ မဆုံးဖြတ်ကြ သို့မဟုတ် အဓိပ္ပာယ်မဖွင့်ကြပေ။ သမ္မာတရားကို အမှန်တကယ် နားလည်သောလူတို့သည် အမှန်တရားနှင့် မုသားကြား ခြားနားချက်ကို သိမြင်နိုင်ကြပြီး၊ လူတစ်ဦး၏ အခြေအနေက ပုံမှန် ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့် ပိုင်းခြားသိမြင်နိုင်ကြသည်။ ထို့နောက်၊ လက်တွေ့အရှိတရားအတွင်းနှင့် လက်တွေ့ဘဝ၏ ဆက်စပ်အကြောင်းအရာအတွင်းတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်းကို နားလည်နိုင်ကြပြီး၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြင်ဆင်သည့် ပတ်ဝန်းကျင်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ကြပြီး၊ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အမှန်တကယ်ဖြစ်သော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော လူတစ်ဦး စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။
လူတစ်ဦး၏ အသက်ဝင်ရောက်မှု အတိုင်းအတာမှာ မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ထိုအရာသည် လူတစ်ဦးက သမ္မာတရားကို နားလည်သည့် အတိုင်းအတာနှင့် ဆက်စပ်သည်။ လူတစ်ဦးက သမ္မာတရားကို နားလည်သည့် အတိုင်းအတာမှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို သိနားလည်ခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားကို သိနားလည်ခြင်းဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များက မည်သည့် လက်တွေ့အရှိတရား သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေသည်၊ လူတို့တွင်ရှိသည့် မည်သည့်ပြဿနာများကို ဘုရားနှုတ်ကပတ်တော်များက ဖြေရှင်းရန် ရည်မှန်းနေသည်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို ဘုရားနှုတ်ကပတ်တော်များက ကိုင်တွယ်ဖြေရှင်းနေသည်၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့်ဆိုင်သော စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ ဤသမ္မာတရားနှင့် အခြားသော သမ္မာတရားတို့ကြား ဆက်နွှယ်မှုက မည်သည့်အရာဖြစ်ပြီး၊ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သိရှိခြင်း ဖြစ်သည်။ ဤအရာအားလုံးကို နားလည်ရန်မှာ သမ္မာတရားကို နားလည်ရန်ဖြစ်သည်။ ဥပမာအနေဖြင့်၊ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို နားလည်ရန်၊ ပထမဆုံး သင့်အနေဖြင့် ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်၊ အမှန်တကယ် မည်သို့ ကျိုးနွံနာခံတတ်ရမည်ဟူသည်နှင့် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် မည်သည့်စံနှုန်းကို လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည်ဟူသည်တို့ကို နားလည်ရမည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရား၊ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရား ဖြစ်သည်။ ထိုအရာမှာ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် အယူအဆ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောတရားကို သိနားလည်ခြင်းအကြောင်းသာ မဟုတ်ဘဲ၊ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို သိနားလည်ခြင်းအကြောင်း၊ ဤစည်းမျဉ်းများအား မည်သို့ ကျင့်သုံးရမည်ကို သိရှိခြင်း၊ သမ္မာတရား စည်းမျဉ်းများနှင့် မည်သည့်အရာ ကိုက်ညီပြီး မည်သည့်အရာက ယင်းတို့ကို ကျင့်သုံးနေချိန် ချိုးဖောက်သည်ဟူသည်ကို သိရှိခြင်းနှင့် မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှုနှင့် အမှုအရာများကို လုပ်ဆောင်ရာ၌ မှားယွင်းသည့် နည်းလမ်းများကြား သိမြင်နိုင်ခြင်းအကြောင်းလည်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို သင်အမှန်တကယ် နားလည်သည်ကို သက်သေပြနိုင်သည့်အရာ ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ်၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ကျင့်သုံးနိုင်လျှင်၊ ဤသမ္မာတရားများကို သင် အသက်ရှင်နေထိုင်ကာ ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် အခြားသူတို့ကို ဤသမ္မာတရားများဖြင့် သင် အကဲဖြတ်နိုင်လိမ့်မည်။ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိလျှင်၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုကို သင် ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ထို့နောက်တွင် သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည့် လူတစ်ဦး ဖြစ်လိမ့်မည်။ လူတစ်ဦးသည် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိမရှိဟူသည်ကို သမ္မာတရားကို ၎င်းတို့ မည်မျှ မြန်မြန် နားလည်သဘောပေါက်နိုင်သည်ဟူသည့်အရာဖြင့် သတ်မှတ်ခြင်းမဟုတ်ဘဲ၊ ထိုထက် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်ခြင်း ရှိမရှိဟူသည့် အရာအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကြားသည့်ခဏတွင် နားလည်သည့်ပုံရသော်လည်း၊ ထို့နောက်တွင် ပြဿနာတစ်ခုနှင့်ရင်ဆိုင်ရသည့်အခါ ထိုနှုတ်ကပတ်တော်များကို သင် နားမလည်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိပေ။ သို့သော်၊ ယင်းတို့ကို ထိုအချိန်တွင် လုံးဝ နားမလည်သော်လည်း သင် နားလည်သည်ဟု ခံစားရပြီးနောက် ကာလအနည်းငယ်ကြာ တွေ့ကြုံပြီးနောက်တွင်၊ ပြဿနာတစ်ခုနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ထိုပြဿနာကို သင် ရိပ်စားမိကာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်နိုင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိပေသည်။ ဤသိနားလည်မှုသည် လူတစ်ဦးက တိုက်ရိုက် သို့မဟုတ် အယူဝါဒဆိုင်ရာ ဝေါဟာရများဖြင့် မည်မျှ နားလည်သည်ဟူသည်နှင့် ဆက်စပ်ခြင်း မရှိပေ။ ထိုအရာသည် လူတစ်ဦး၏ အစွမ်းအစအပြင်၊ သူ၏ လိုက်စားမှုနှင့် သူလျှောက်သည့် လမ်းကြောင်းနှင့် ပတ်သက်ပေသည်။ အန္တိခရစ်တစ်ဦးသည် အချို့သော ဉာဏ်များနှင့် ဆုကျေးဇူးများ ရှိပုံရပြီး၊ ကောင်းစွာ စကားပြောနိုင်ပုံရသော်လည်း၊ ဘဝတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များအကြောင်း တစ်ခုမျှ မသိကြပေ။ ၎င်းတို့သည် နားထောင်ပြီးသည်နှင့် တရားဒေသနာတစ်ခုမှ မူရင်း စကားအချို့ကို အတုခိုးကာ အဓိကအချက်များကို သဘောပေါက်နိုင်ကြပြီး၊ ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟု လူတို့ ထင်ကောင်းထင်ကြမည်။ သို့သော်၊ ၎င်းတို့ ပြောသည့်အရာများသည် ၎င်းတို့ ရင်ဆိုင်ရသည့် အခြေအနေများနှင့် သဟဇာတမဖြစ်ပေ။ ၎င်းတို့သည် ထိုအရာများကို မပေါင်းစပ်နိုင် သို့မဟုတ် ၎င်းတို့ ပြောသည့် အကြောင်းအရာများကို မကျင့်သုံးနိုင်ကြပေ။ အမှန်တွင် ၎င်းတို့ မိတ်သဟာယပြုသည့် စကားများကို နားထောင်သည့်အခါ၊ ဆီလျော်သည့် သမ္မာတရား သွင်ပြင်လက္ခဏာကို ၎င်းတို့ နားလည်ကာ စည်းမျဉ်းများကို သဘောပေါက်နိုင်သည့်အလား ထင်ရသည်။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သိသင့်ကြပေသည်။ သို့သော် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြဘဲ ထိုထက် အခြားသော အယူအဆဆိုင်ရာ ပြောဆိုချက်ကို ဆင်ခြေပေးကြသည်။ ဤသည်မှာ ရှေ့နောက်မညီခြင်းဖြစ်ပြီး၊ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်းနှင့် ၎င်းတို့ ဟောပြောသည့်အရာများသည် အယူဝါဒနှင့် သီအိုရီသာဖြစ်ကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် အယူဝါဒနှင့်ပတ်သက်၍ အတော်လေး ရှင်းလင်းပြတ်သားသည့်အလား ဟောပြောကြသည်ကို သင် ကြားရသော်လည်း အမှန်တွင် ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိကြပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြ သို့မဟုတ် သမ္မာတရားကို မလိုက်စားကြချေ။ ဥပမာအနေဖြင့်၊ ၎င်းတို့သည် ခက်ခဲသည့် အခြေအနေတွင် ရှိပြီး၊ အပျက်သဘောဆောင်လာကာ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့က၊ “ကျွန်ုပ်နှင့် မိတ်သဟာယမပြုနှင့်။ အရာရာကို ကျွန်ုပ် နားလည်သည်” ဟု ပြောကြသည်။ အမှန်တွင် ၎င်းတို့ မသိကြပေ။ ၎င်းတို့ အမှန်တကယ် သိခဲ့ကြလျှင်၊ အလွန် အပျက်သဘောဆောင်ကာ ကျိုးကြောင်းမသင့်ဖြစ်ကြမည် မဟုတ်ပေ။ ၎င်းတို့က မိမိတို့၏ ကျိုးကြောင့်မသင့်သကဲ့သို့ မှားသော ဆင်ခြင်တွေးခေါ်မှုစနစ်အား ဟောပြောသည်ကို သင် ကြားသည့်အခါ၊ သမ္မာတရားနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ကြောင်းနှင့် ၎င်းတို့တွင် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိကြကြောင်းကို သင်သိလေသည်။ ၎င်းတို့သည် မိမိတို့ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ညည်းညူသည်၊ ဘုရားသခင်ကို အထင်လွဲပြီး၊ မိမိတို့၏ အယူအဆများကိုပင် ဖြန့်ကြလေသည်။ ၎င်းတို့ ဟောသည့်အရာနှင့် ၎င်းတို့ ဖြန့်သည့် ထိုအရာများကို နားထောင်ခြင်းအားဖြင့်လည်းကောင်း၊ ၎င်းတို့ စိတ်နှလုံတွင် ရှိသည့်အရာကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လုံးဝ နားမလည်ကြသည်ကို သင် သိလေသည်။ ယခုတွင်၊ လူတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိမရှိဟူသည်ကို သိမြင်ခြင်းအားဖြင့်၊ လူအများစုက သမ္မာတရားကို လုံးဝ နားမလည်ကြကြောင်း ပေါ်လွင်ပြီးဖြစ်သည်။ ၎င်းတို့သည် အချိန်အများစုတွင် စကားများနှင့် အယူဝါဒများကို အလွန်ကောင်းစွာ ဟောပြောနိုင်ကြသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး၊ စကားများနှင့် အယူဝါဒများ ဟောရသည်ကို နှစ်သက်သောလူများသည် ၎င်းတို့တွင် ပို၍များသော အရင်းအနှီးရှိသည်ဟု ခံစားကြသည်။ သို့ရာတွင်၊ ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု လုံးဝ မရှိကြောင်းနှင့် ၎င်းတို့က အချည်းနှီးသော လူများသာဖြစ်ကြောင်း ပေါ်လွင်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် အနည်းငယ်မျှ အသုံးမဝင်ပေ။ ဤလူစားမျိုးက ကယ်တင်ခြင်းကို အဘယ်သို့ ရရှိနိုင်မည်နည်း။
ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ခြင်းက မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ တိုတိုပြောရလျှင်၊ ဘဝတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်နိုင်ခြင်း၊ ဝိညာဉ်ရေးရာ နယ်ပယ်နှင့်ဆိုင်သည့် အမှုအရာများကို နားမလည်နိုင်ခြင်းနှင့် ထို့ကြောင့် သမ္မာတရားကို ပင်ကိုအားဖြင့် နားမလည်နိုင်ခြင်းကို ဆိုလိုပေသည်။ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သူများက စကားပြောကာ မိမိတို့၏ အမြင်များအား ဖော်ပြနေသည်ကို သင် လေ့လာစောင့်ကြည့်လျှင်၊ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း သင် သိရှိလိမ့်မည်။ လူအချို့သည် ကောင်းစွာ စကားပြောနိုင်ကြပြီး ဘုရားသခင်ကို ကြီးမားသည့် အားမာန်နှင့် ယုံကြည်ခြင်းဖြင့် ယုံကြည်ကြသည့်အလား ထင်ရသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ကြသနည်း။ ၎င်းတို့က မိမိတို့တာဝန်ကို အားအင်များစွာဖြင့် အမြဲ လုပ်ဆောင်ကြသည်ကို သင် မြင်နိုင်သည်။ ၎င်းတို့က အမြဲ စိတ်ထက်သန်ကြသည်၊ အပျက်သဘောဆောင်ခြင်း ဖြစ်ခဲပြီး၊ ဆင်းရဲဒုက္ခခံနိုင်ကာ အဖိုးအခပေးဆပ်နိုင်ကြသည်။ သို့ရာတွင်၊ သမ္မာတရားကို နားမလည်ကြသကဲ့သို့ အမှုအရာများကို လုပ်ဆောင်သည့်အခါ စည်းမျဉ်းများ မရှိကြပေ။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသည့် လူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော လူများသည် စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ အသိစိတ်ကို အကြောင်းပြု၍ဖြစ်စေ၊ ၎င်းတို့ နားလည်သည့် သမ္မာတရားကို အကြောင်းပြု၍ဖြစ်စေ၊ ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ စည်းမျဉ်းများအတိုင်း စီမံသင့်ပုံကို ၎င်းတို့ သိကြသည်။ ကြောင်းကျိုးမမြင်ဘဲ အမှုအရာများကို မလုပ်ဆောင်ကြ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိကြချေ။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော လူတို့၏ သိသာထင်ရှားသော စရိုက်လက္ခဏာများဖြစ်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောသူတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာများတွင် သမ္မာတရား စည်းမျဉ်းများ မရှိကြချေ။ အချိန်အများစုတွင် ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးလိုက်ကြသည်။ တစ်ခါတစ်ရံ မိမိတို့၏ အတွေ့အကြုံကို မှီခိုကြသည်၊ တစ်ခါတစ်ရံ မိမိတို့၏ ဆုကျေးဇူးအပေါ် မှီခိုကြပြီး ၎င်းတို့ထဲမှအချို့က မိမိတို့၏ အသိစိတ်၊ စိတ်ထက်သန်မှု သို့မဟုတ် ပင်ကို ကောင်းမြတ်မှုအပေါ် မှီခိုကြသည်။ တစ်စုံတစ်ဦးတွင် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်ဖြစ်စေ၊ ဤသည်မှာထိုသူက တော်ပြီး အမြော်အမြင်ရှိသောအရာ ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေရန် သိပြီး၊ မည်သူက စည်းမျဉ်းများနှင့်အညီ စကားပြောသည်ကို သိသည်။ ယင်းမှာ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသူတစ်ဦး ဖြစ်သည်။ သမ္မာတရားအပေါ် သိနားလည်မှုတစ်ခု ရရှိပြီးနောက် ထိုသမ္မာတရားကို သူ လက်တွ့လုပ်ဆောင်နိုင်လျှင်၊ ထိုသူသည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရရှိဖို့ မျှော်လင့်ချက် ရှိပေသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့် လူအချို့သည် အစေခံမှုကို ပေးနေကြဆဲဖြစ်သည်ဟု အဘယ်ကြောင့် ပြောသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို နားမလည်ခြင်းအတွက် အဓိက အကြောင်းရင်းနှစ်ခုရှိ၏။ ပထမမှာ လူတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ကြခြင်းဖြစ်သည်။ ယင်းကြောင့် သမ္မာတရားကို နားလည်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဒုတိယမှာ ၎င်းတို့သည် သမ္မာတရားကို မနှစ်မြို့ကြသကဲ့သို့ သမ္မာတရားကို မချစ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို နားမလည်နိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်ပြီး စိတ်ထက်သန်မှု၊ စိတ်ထားကောင်း သို့မဟုတ် အတွေ့အကြုံဖြင့် အမှုအရာများကို လုပ်ဆောင်ကြသည့် လူများစွာရှိသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားအဖြစ် စွဲကိုင်ကြသည်။ ကောင်းမွန်သည့်အရာများစွာကို လုပ်ဆောင်ကြပြီး၊ ၎င်းတို့၏ ဘဝတစ်ခုလုံးကြာအောင် ဤအရာကို ဆက်လက်လုပ်ဆောင်နိုင်ကြသည်။ သို့သော် ၎င်းတို့သည် အမှုအရာများကို ဤသို့လုပ်ဆောင်ပြီး သမ္မာတရားကို သိနားလည်မှုရရှိနိုင်ကြသလော။ လုံးဝ မရရှိနိုင်ပေ။ ကောင်းမွန်သည့်အရာများကို တစ်သက်တာ လုပ်ဆောင်လျှင်ပင်၊ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကြလိမ့်မည် မဟုတ်။ ထို့ကြောင့်၊ သမ္မာတရားကို နားမလည်နိုင်သော်လည်း ကောင်းမွန်သည့်အရာများစွာ လုပ်ဆောင်နိုင်သည့် လူတစ်ဦးသည် ဧကန်မုချ လူကောင်းတစ်ဦးဖြစ်သည်မဟုတ်လော။ ဤသည်မှာ မသေချာပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို နားမလည်ခြင်း၏ အသိသာအထင်ရှားဆုံးသော အကျိုးဆက်မှာ လူတို့က မကောင်းမှုကို လုပ်ဆောင်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်ပြီး ဘုရားသခင်ကို ဝေဖန်ကာ ရှုတ်ချခြင်းအပြင် ဘုရားသခင်၏ အမှုတော်ကို အတိုက်အခံလုပ်ရာတွင် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များနောက် လိုက်နိုင်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို နားမလည်သောလူတို့သည် စာတန်၏ လွဲမှားစေခြင်းနှင့် အသုံးချခြင်းခံဖို့ အလွယ်ဆုံးဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူ အချို့သည် ကောင်းမွန်သည့်အရာများစွာ လုပ်ကောင်းလုပ်နိုင်သော်လည်း မကောင်းမှုနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းကိုလည်း လုပ်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့်၊ သင်၏ တစ်ဘဝလုံး ကောင်းသည့်အရာများ လုပ်ဆောင်ခြင်းက သေချာပေါက် သင့်ကို အမှန်တကယ် လူကောင်းတစ်ဦး မဖြစ်စေပေ သို့မဟုတ် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ထိုကောင်းမွန်သည့်အရာများ၏ သဘောသဘာဝကို သင် ကြည့်ပြီး ယင်းတို့က သမ္မာတရားနှင့် ကိုက်ညီကာ သမ္မာတရား စစ်မှန်မှုနှင့် သက်ဆိုင်ခြင်း ရှိမရှိဟူသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ သင်သည် ဤခြေခြေမြစ်မြစ်ဖြစ်သော ကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ဘဲ စိတ်ထက်သန်မှု၊ စိတ်ထားကောင်းနှင့် အတွေ့အကြုံကို အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ဆဲဖြစ်လျှင်၊ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နေခြင်းဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ စံနှုန်းအဖြစ် မိမိ၏ အသိစိတ်အပြင် အမှုအရာများကို လုပ်ဆောင်ရန် မိမိ၏ ကောင်းမွန်သော ရည်ရွယ်ချက်များအပေါ် လုံးဝ မှီခိုနေခြင်း ဖြစ်သည်။ အမှုအရာများကို မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောလူများ ဖြစ်သည်။ ဤကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်သောလူတို့သည်လည်း ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသော လူများဖြစ်သည်။
အနီးဝန်းကျင်ကို ကြည့်လော့၊ အသင်းတော်ထဲတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိပြီး သမ္မာတရားကို နားလည်နိုင်သော လူများစွာ ရှိသလောဟူသည်ကို သင်တို့ ပြောနိုင်သလော။ (ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော လူများသည် အဓိပ္ပာယ်မရှိသည့် သိနားလည်မှု ရှိခဲ့သောသူများ သို့မဟုတ် ထုံအပြီး ဉာဏ်ထိုင်းသူများဖြစ်စဉ်တွင် မိမိတို့တာဝန်ကို လုပ်ဆောင်သည့် လူအများစုက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသည်ဟု ကျွန်ုပ် တွေးထင်လေ့ရှိခဲ့သည်။ ယခု၊ ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ သမ္မာတရားကို နားလည်နိုင်သောသူတို့သည်သာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အမှန်တကယ် ရှိကြသည်ကို ကျွန်ုပ် သဘောပေါက်သည်။ သူတို့သည် လူနည်းစုဖြစ်ကြစဉ်တွင် လူအများစုက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။) လတ်တလောတွင်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိပြီး သမ္မာတရားကိုနားလည်သောသူများသည် လူနည်းစုတွင်ရှိကြပြီး၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူများ သို့မဟုတ် သမ္မာတရားကို နားမလည်သူများက လူအများစုတွင် ရှိကြသည်။ ဥပမာအနေဖြင့်၊ လူတို့သည် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို မည်သို့ သဘောပေါက်နားလည်ကာ သိရှိသင့်သနည်း။ လူအများစုက ကျိုးနွံနာခံခြင်းဟူသည်မှာ ၎င်းတို့ကို ပြောသည့်အရာအား လုပ်ဆောင်ပြီး ပြဿနာတစ်ခု ရင်ဆိုင်နေရချိန်တွင် အတိုက်အခံမလုပ်၊ မပုန်ကန်ခြင်းကို ဆိုလိုသည်ဟု တွေးထင်ကြသည်။ ၎င်းတို့အတွက် ဤသည်မှာ ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်က လူတို့အား သူ့ကို ကျိုးနွံနာခံစေသည့် အကြောင်းရင်း၊ ကျိုးနွံနာခံခြင်း၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်၊ ကျိုးနွံနာခံခြင်း၏ စည်းမျဉ်းက မည်သည့်အရာဖြစ်သည်၊ လူတစ်ဦးက မည်သို့ ကျိုးနွံနာခံသင့်ပြီး၊ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ချိန်တွင် လူတို့အတွင်းရှိ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများအား ဖြေရှင်းရန်လိုအပ်သည်ဟူသည်တို့နှင့်ဆိုင်သော အသေးစိတ်အချက်တစ်ခုကိုမျှ လူတို့ နားမလည်ကြပေ။ စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ လိုက်လျှောက်ရုံသာဖြစ်သည်။ ၎င်းတို့က၊ “ကျိုးနွံနာခံခြင်းဟူသည်မှာ သင့်ကို ချက်ပြုတ်ရန် ပြောထားလျှင်၊ ကြမ်းပြင်ကို တံမြက်စည်းမလှည်းနှင့်၊ ပြီးလျှင် ကြမ်းပြင်ကို တံမြက်စည်းလှည်းရန် ပြောထားလျှင် မှန်ကို သန့်ရှင်းရေးမလုပ်နှင့်ဟု ဆိုလိုသည်။ တစ်စုံတစ်ရာကို လုပ်ဆောင်ရန် သင့်အား ပြောထားလျှင်၊ ထိုအရာကို လုပ်သာလုပ်လော့။ ထိုမျှ ရိုးရှင်းသည်။ သင့်စိတ်နှလုံးတွင် ရှိသည့်အရာကို စိတ်မပူပန်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤအရာများကို မကြည့်ပါ”ဟု တွေးကြသည်။ အမှန်တွင်၊ လူတို့အနေဖြင့် စစ်မှန်သည့် ကျိုးနွံနာခံမှုကို ရယူနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့အား သူ့ကို ကျိုးနွံနာခံသည့်တစ်ချိန်တည်းတွင် ၎င်းတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖြေရှင်းစေသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်း၏ သမ္မာတရား ဖြစ်သည်။ လူတို့သည် နောက်ဆုံးတွင် မည်မျှ နားလည်လာကာ သိရှိလာကြသနည်း။ လူတို့အား လုပ်ဆောင်ရန် ဘုရားသခင် စေခိုင်သည့်အရာတိုင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာတစ်ခု ဖြစ်သည်ကို ၎င်းတို့ နားလည်ကြသည်။ ဤတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များရှိပြီး၊ လူတို့သည် သူ့ကို အကြွင်းမဲ့ ကျိုးနွံနာခံသင့်ကြသည်။ လူတစ်ဦးသည် ဤမျှ သိရှိလာနိုင်လျှင်၊ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို သူနားလည်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်နိုင်ကာ သူ့ကို စိတ်ကျေနပ်စေနိုင်သည်။ သို့ရာတွင်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို လူအများစုက မသိကြပေ။ စည်းမျဉ်းစည်းကမ်းများအား မည်သို့ လိုက်လျှောက်ရမည်ကိုသာ ၎င်းတို့ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား ၎င်းတို့ မစွမ်းဆောင်နိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ရည်ရွယ်ချက် သို့မဟုတ် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော လူများသည် ကျိုးနွံနာခံခြင်း သမ္မာတရားကို နားမလည်နိုင်ကြသောကြောင့်၊ လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် ခက်ခဲလေသည်။ ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း သို့မဟုတ် စည်းမျဉ်းများကို ရှာမတွေ့နိုင်ကြပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသောလူများသည် ဝိညာဉ်ရေးအရ ဉာဏ်အလင်းမရကြပေ။ ၎င်းတို့ထံ သမ္မာတရားကို မည်မျှ မိတ်သဟာယပြုထားသည်ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြပေ။ ကျိုးနွံနာခံခြင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု၏ ဖြစ်စဉ်ဖြစ်သည်ကို ၎င်းတို့ မသိကြ။ အသက်ဝင်ရောက်မှုသည် လူတစ်ဦးက မိမိကိုယ်ပိုင် ပုန်ကန်တတ်သော အခြေအနေကို နားလည်နိုင်ရန်အလို့ငှာ၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေသည့်သူတစ်ဦး ဖြစ်ကြောင်းနှင့် သူနှင့် သဟဇာတဖြစ်ခြင်းကို လုံးဝ စွမ်းဆောင်မရရှိနိုင်ကြောင်းကို သဘောပေါက်နိုင်ရန်အလို့ငှာ၊ သမ္မာတရားကို ၎င်းက လက်ခံကာ လက်တွေ့လုပ်ဆောင်သည့် ဖြစ်စဉ်တွင် ထုတ်ဖော်ပြသည့် ရည်ရွယ်ချက်များ၊ အယူအဆများ၊ နှစ်သက်မှုများနှင့် ရွေးချယ်မှုများကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိလာသည့်အချိန် ဖြစ်သည်။ ဤအရာကို လူတို့ နားလည်ကြသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူသည်။ ဤသည်မှာ ကျိုးနွံနာခံမှု သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အစသာ ဖြစ်သည်။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သုံးသပ်ခြင်းနှင့် သိနားလည်ခြင်းဖြင့် အစပြုကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ ပုန်ကန်မှု၊ ဘုရားသခင်အတွက် သင်၏ လွန်ကဲသော စိတ်ဆန္ဒများ၊ သင်၏ နှစ်သက်မှုများ၊ အရေးထားမှုများနှင့် ရည်မှန်းချက်များကို သင် ဖြေရှင်းသည့်အဆင့်ထိ ဖြစ်စဉ်တွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် အကြိမ်ကြိမ် ရှာဖွေတွေ့ရှိလိမ့်မည်၊ ဘုရားသခင်နှင့် သင် သဟဇာတမဖြစ်နိုင်သည့် ကဏ္ဍများကို သိလိမ့်မည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို နားလည်လိမ့်မည်။ လူတို့အတွက် ဘုရားသခင်ကို ကျိုးနွံနာခံရန် မလွယ်ကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် အယူဝါဒကို နားလည်ရန်နှင့် ဘုရားသခင်ကို သင် ကျိုးနွံနာခံမည်ဟု ပြောရန် လွယ်ကောင်းလွယ်နိုင်သော်လည်း၊ ဤအရာကို ဆောင်ရွက်ရန် မလွယ်ကူကြောင်း သင် အသိတရားလည်းရလာလိမ့်မည်။ ပြီးလျှင် ကျိုးနွံနာခံခြင်းကို တောင်းဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့ကို ထုတ်ဖော်ပြရန်သာ ဖြစ်သလော။ ကျိုးနွံနာခံခြင်းအတွက် ဘုရားသခင်၏ တောင်းဆိုမှုတွင်ရှိသည့် သမ္မာတရားမှာ အဘယ်နည်း။ ဘုရားသခင်ကို လူတို့ ကျိုးနွံနာခံသည့် ဖြစ်စဉ်သည် လူတို့ကို ဘုရားသခင် သန့်စငသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့ကို သန့်စင်ကာ ချုပ်ထိန်းရန်နှင့် ဘုရားသခင်ရှေ့မှောက်သို့ လာကာ မိမိတို့ကိုယ်ကိုယ် သိရှိစေရန်၊ မိမိတို့ကိုယ်ပိုင် ပုန်ကန်မှု၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မိမိတို့ကိုယ်ပိုင် သဘာဝတို့ကို နားလည်ရန် လမ်းပြဖို့ ဘုရားသခင်က ကျိုးနွံနာခံခြင်း သမ္မာတရားကို အသုံးပြုပေသည်။ ဤသည်မှာ မိမိကိုယ်ပိုင် အနှစ်သာရကို နားလည်ရန် ဆိုလိုသည့်အရာ ဖြစ်သည်။ စွမ်းဆောင်ရရှိသည့် နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း နက်ရှိုင်းမှုများ၏ အကျည်းတန်မှုကို နားလည်နိုင်ကြသည်၊ ၎င်းတို့ မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို သိနိုင်ကြသည်၊ မည်သည့်အရာ လုပ်ဆောင်သင့်ပြီး ဖန်ဆင်းခံများအဖြစ် မည်သည့်နေရာတွင် ရပ်တည်သင့်ကြသည်ကို သဘောပေါက်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှု ရှိပြီး၊ ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်များကို မပြုလုပ်ကြတော့ပေ။ ဤသည်မှာ စွမ်းဆောင်ရရှိသည့် ရည်ရွယ်ထားသော ရလဒ်ဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်တို့မှာ မိမိကိုယ်ကိုယ် သိရှိခြင်းအား ဆိုလိုသည့်အရာ၏ အသေးစိတ်အချက်များ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတွင် ပါဝင်သည့် အသေးစိတ်ကျသော ကိစ္စများဖြစ်သည် မဟုတ်လော။ လူတို့သည် ကျိုးနွံနာခံခြင်း သမ္မာတရားကို ကြားသည့်အခါ ဤအသေးစိတ်အချက်များကို တွေးကြသလော။ မတွေးနိုင်ကြပေ။ ၎င်းတို့သည် ဤအသေးစိတ်အချက်များကို အပြည့်အဝ နားမလည်လျှင် ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား စွမ်းဆောင်ရရှိနိုင်ကြသလော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိနိုင်ခြင်း မရှိလျှင်၊ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို လူတို့ ထမ်းဆောင်နိုင်ကြသလော။ မဖြစ်နိုင်ပေ။ မိမိကိုယ်ကိုယ်နှင့်ပတ်သက်သည့် ဤအသေးစိတ်အချက်များကို အသိအမှတ်ပြုခြင်းသည် ပဓာနကျသည်ထက် ကျော်လွန်သည်။ ထိုအရာသည် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် အခြေခံအကျဆုံးသော သင်ခန်းစာဖြစ်သည်။ သင်သည် တကယ့် အဆုံးထိ ကျိုးနွံနာခံသည့်အခါ၊ ဘုရားသခင် ပြောသည့်အရာကို သင် ရှာဖွေဆန်းစစ်မည်မဟုတ်၊ သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အယူအဆများ မရှိသကဲ့သို့ သင်က၊ “ကျွန်ုပ် စဉ်းစားသည်”၊ “ကျွန်ုပ် တွေးသည်”၊ “ဤအရာ၊ ထိုအရာ လုပ်ဆောင်ရန် ကျွန်ုပ် စီစဉ်သည်” သို့မဟုတ် “ဤအရာ၊ ထိုအရာကို ကျွန်ုပ် လုပ်ဆောင်သင့်သည်”ဟူ၍ သင် မပြောပေ။ သင်သည် “ကျွန်ုပ်”နှင့် စသည့် ဤစဉ်းစားဆင်ခြင်မှုများ၊ စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များအားလုံး မရှိပေ။ သင်သည် ဘုရားသခင် ပြောသည့်အရာကို မြေဝယ်မကျ လက်ခံပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်များကို နာခံခြင်းနှင့် သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤနည်းဖြင့် သင့်ကို ဘုရားသခင် သန့်စငခြင်း ဖြစ်စဉ်သည် အဆုံးသတ်တစ်ခုသို့ ရောက်လာပြီဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရပြီးဖြစ်ကာ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို ပြန်လည်ထိန်းသိမ်းပြီးဖြစ်သည်။ ဤသည်မှာ သင်၏ နေရာကို ရှာတွေ့ခြင်းနှင့် ထိုနေရာ၌ ခိုင်မာစွာ ရပ်တည်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင့်ကို နှောင့်ယှက်ရန် “ကျွန်ုပ်”ဖြင့်စသည့် ဤစဉ်းစားဆင်ခြင်ခြင်းများ၊ ဆုံးဖြတ်ချက်များနှင့် စိတ်ဆန္ဒများမရှိဘဲ၊ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် လွယ်ကူသည်။ လူအချို့က၊ “ဘုရားသခင်သည် ကျိုးနွံနာခံခြင်းကို အမြဲ တောင်းဆိုသော်လည်း၊ ယင်းက အဓိပ္ပာယ်မရှိပါ။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်အတွက် ရပ်တည်ရမည် မဟုတ်လော။ ကျွန်ုပ်၏ မကျေမနပ်ဖြစ်ခြင်းသည် ကျိုးကြောင်းသင့်ပြီး လျောက်ပတ်သည် မဟုတ်လော”ဟု ပြောကြသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်း ဖြစ်သလော။ ထိုသို့သော လူတစ်ဦးသည် ကျိုးနွံနာခံခြင်း သမ္မာတရားကို နားလည်သလော။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း သမ္မာတရားကို နားမလည်ကြ၊ ကျိုးနွံနာခံခြင်း အဓိပ္ပာယ်၊ ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများက မည်သည့်အရာဖြစ်သည်ကို မသိကြသကဲ့သို့ ၎င်းတို့၏ အလုပ်တာဝန် သို့မဟုတ် မည်သည့်နေရာတွင် ၎င်းတို့ ရပ်တည်သင့်သည်ကို မသိကြချေ။ တစ်ခါတစ်ရံ လူတို့ကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အတော်လေး ပြင်းထန်သည်။ ယင်းတို့ကို လူတို့က နားထောင်သည့်အခါ၊ စိတ်သောကရောက်ပြီး၊ မသက်မသာခံစားကြသည်။ ၎င်းတို့၏ ဂုဏ်နှင့် သိက္ခာပင် ထိခိုက်ခံရလျက်၊ စိတ်ထဲတွင် နာကျင်မှုခံစားကြရသည်။ ၎င်းတို့က၊ “ဘုရားသခင်တွင် လူတို့အတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ သက်ညှာမှု၊ အကြင်နာမေတ္တာ၊ စိတ်ရှည်ခြင်း သို့မဟုတ် ခွင့်လွှတ်ခြင်းမရှိပါ။ သူ အလွန် ရက်စက်သည်”ဟု ဆိုကြသည်။ လူအားလုံးက မိမိတို့၏ ဂုဏ်နှင့် သိက္ခာကို တန်ဖိုးထားကြပြီး၊ ဤအရာများ ထိခိုက်ခံရလျှင် လက်ခံရန် အလွန့်အလွန် ခက်ခဲသည်ဟု မြင်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ အလိုရှိလျှင်ပင် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က၊ “ဘုရားသခင်က လူတို့အပေါ် အလွန်တောင်းဆိုသည်။ သူသည် ငါ့ကို အရူးလုပ်ပြီး ညှဉ်းဆဲနေသည် မဟုတ်လော”ဟု တွေးထင်ကြသည်။ သို့ရာတွင် ဤသည်မှာ မမှန်ပေ။ သူ့ကို လူတို့ ကျိုးနွံနာခံရန် ဘုရားသခင်၏ တောင်းဆိုချက်သည် တစ်ဦးတလေအား သူ့ကို ကျိုးနွံနာခံရန် ဖိအားပေးဖို့ မဆိုထားနှင့်၊ သူ့ကို ကျိုးနွံနာခံရန် မည်သူ့ကိုမျှ အတင်းအကျပ်ခိုင်းရန်ပင် မရည်ရွယ်ပေ။ ဘုရားသခင်၏ တောင်းဆိုချက်များက သတ်မှတ်ချက်များနှင့် လာသည်။ ထိုတောင်းဆိုချက်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကာ သမ္မာတရားကို လက်ခံနိုင်သူများနှင့် သမ္မာတရားကို နားလည်နိုင်သူများအား ရည်ညွှန်းထားခြင်းဖြစ်သည်။ သင့်အနေဖြင့် သမ္မာတရားကို နားမလည်သကဲ့သို့ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိလျှင်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်ပေ။ အမှန်တွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးသည် သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သူတို့အတွက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ သမ္မာတရားကို မချစ်သကဲ့သို့ လက်မခံသောသူတို့ထံမှ မည်သည့်အရာကိုမျှ ဘုရားသခင် မတောင်းဆိုပေ။ သမ္မာတရားကို လက်တွ့မလုပ်ဆောင်သည့် တစ်ဦးတလေက ချက်ချင်း ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း ရရှိသည်ကို သင် မြင်သလော။ ဤအရာသည် လူတစ်ဦးတစ်ယောက်ထံတွင်မျှ မဖြစ်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူအားလုံးက သမ္မာတရားကို လက်ခံ၊ နားလည်ကာ လက်လှမ်းမီနိုင်ရန် ဖြစ်သည်။ ဤသည်မှာ သူ၏ ရည်ရွယ်ချက်ဖြစ်သည်။ လူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ပြီး၊ ၎င်းက ဤနှုတ်ကပတ်တော်များ ပြောသည့်အရာကို လုပ်ဆောင်ဖို့ ဘုရားသခင် တောင်းဆိုသည်ဟု ခံစားလျှင်၊ ၎င်းက အထင်လွဲပြီဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့်အခါ၊ သူ၏်ရည်ရွယ်ချက်များ၊ ပစ်မှတ်ထားသည့် ပရိသတ်နှင့် အဓိပ္ပာယ်ကို သင် နားလည်ရမည်။ သူ၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့ ရှင်းလင်းဝေဖန်မှု မပြုလုပ်နှင့်။ သင်သည် သင်၏ကိုယ်ပိုင် ဆင်ခြေများအမြဲပေးပြီး ကျိုးနွံနာခံမှု ကင်းမဲ့လျှင်၊ သင့်အပေါ် ဘုရားသခင် အဘယ်သို့ တွေးထင်မည်နည်း။ သင် သန့်စင်ခြင်း မခံရသေးကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် လူတစ်ဦး မဟုတ်ကြောင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားကို သင် အသက်မရှင်သေးကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ ထို့ကြောင့်၊ သင် ပြောဆိုသည့် ကျိုးနွံနာခံခြင်းသည် အယူဝါဒတစ်ခုသာဖြစ်ပြီး၊ အစဉ်ထာဝရ သဘောတရားတစ်ခုသာ ဖြစ်လိမ့်မည်။ လူတို့သည် ဘုရားသခင်က စီစဉ်သည့် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်တို့ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြောင်းပြပြောဆိုပြီး ပြန်တိုက်ခိုက်ဖို့ အလားအလာရှိသည်။ ဤလူစားမျိုးသည် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်ကြသကဲ့သို့၊ ဤလူတို့အတွက် ကျိုးနွံနာခံခြင်းသည် အယူဝါဒနှင့် အနှစ်မဲ့သော စကားများသာ ဖြစ်သည်။ မည်သည့် ဆက်စပ်အခြေအနေတွင် ဤကဲ့သို့သော လူများသည် အတိုင်းအတာ အနည်းငယ်ထိ ကျိုးနွံနာခံနိုင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့်ကိုက်ညီသည့် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုတွင် ရှိရမည်ဖြစ်သည်။ ၎င်းတို့ စိတ်ချမ်းသာရမည်လည်း ဖြစ်သည်။ ထိုအခါတွင်မျှ ကျိုးနွံနာခံခြင်း သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုကို ပိုင်ဆိုင်ကြသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ကျိုးနွံနာခံခြင်းက အလွန် အကန့်အသတ်ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့အတွက် ကျိုးနွံနာခံတတ်ရန်အလို့ငှာ ထိုအရာသည် ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီရမည်ဖြစ်ပြီး၊ ၎င်းတို့၏ သတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများက အခါကျဲပြီး အလာနည်း၏။ သို့ဆိုလျှင် စစ်မှန်သည့် ကျိုးနွံနာခံခြင်းသည် မည်သည့်အရာနှင့်တူသနည်း။ ထိုအရာက သမ္မာတရားဖြစ်သည်ကို လူတစ်ဦးက အသိအမှတ်ပြုသရွေ့၊ သူသည် ဆင်ခြေများ သို့မဟုတ် သတ်မှတ်ချက်များကို ရှေ့တန်းမတင်ဘဲ ထိုအရာက လူ၏ အကြိုက်များ သို့မဟုတ် အယူအဆများနှင့် ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ ကျိုးနွံနာခံနိုင်သည်။ သူသည် သေရမည်ဆိုလျှင်ပင် ပြန်ငြင်းမည်မဟုတ်ဘဲ ကျိုးနွံနာခံလိမ့်မည် ဖြစ်သည်။ ဤသည်ကို သေသည်ထိ ကျိုးနွံနာခံခြင်းဟု ခေါ်သည်။ ဤသည်မှာ ပေတရု၏ ကျိုးနွံနာခံခြင်း ဖြစ်သည်။ လူမည်မျှသည် ဤကဲ့သို့သော ကျိုးနွံနာခံခြင်းမျိုး ရှိကြသနည်း။ တစ်ဦးမျှမရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ သမ္မာတရားသည် နေရာအားလုံးနှင့် ခေတ်ကာလအားလုံးတွင် လူတို့ လိုကလျှောက်သင့်သည့် လမ်းခရီးဖြစ်သည်။ ယင်းသည် လူအားလုံး လိုက်လျှောက်သင့်သည့် လမ်းခရီးဖြစ်သည်။ လူတို့က လိုက်လျှောက်နိုင်သည်ဖြစ်စေ လိုလားသည်ဖြစ်စေ၊ သမ္မာတရားမှာ လူသားမျိုးနွယ်အားလုံး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် စာတန်က ဖောက်ပြန်ပျက်စီးစေခြင်း မခံရသည့် လူသားမျိုးနွယ်က ထပ်တူထပ်မျှ လိုက်လျှောက်သင့်သည့်၊ ယနေ့ လူသားမျိုးနွယ်နှင့် အနာဂတ်လူသားမျိုးနွယ်တို့ ထပ်တူထပ်မျှ လိုက်လျှောက်သင့်သည့် လမ်းခရီးဖြစ်သည်။ ပြီးလျှင် အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည် မှန်သည့်လမ်းခရီး၊ ဖန်ဆင်းခံများအားလုံး လိုက်လျှောက်သင့်သည့် အပြုသဘောဆောင်သော အရာအားလုံး၏ စစ်မှန်မှုဖြစ်သောကြောင့် ဖြစ်သည်။ သမ္မာတရားက သင်၏ အတွေးများ၊ အမြင်များ သို့မဟုတ် စိတ်သဘောထားဖြင့် ကွဲလွဲဆန့်ကျင်သည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ကျိုးနွံနာခံရန် သင် ရွေးချယ်သင့်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်း သမ္မာတရား ဖြစ်သည်။ ကျိုးနွံနာခံခြင်း သမ္မာတရားဟူသည်မှာ အဘယ်နည်း။ ဘုရားသခင်ထံ ဤကျိုးနွံနာခံခြင်း သမ္မာတရား၏ လက်တွေ့ကျသော ဘက်ခြမ်းမှာ အဘယ်နည်း။ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသည်ဖြစ်စေ၊ မလုပ်ဆောင်လိုသည်ဖြစ်စေ၊ ထိုအရာက မှန်သည်ဟု သင် ထင်သည်ဖြစ်စေ၊ မှားသည်ဟု ထင်သည်ဖြစ်စေ၊ သင်၏ ရှုထောင့်က မည်သည့်အရာ ဖြစ်နိုင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် မည်သို့ ရှုမြင်သည်ဖြစ်စေ၊ ယင်းတို့ကို သင် လက်ခံသင့်သည်၊ ကျိုးနွံနာခံပြီး၊ လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်ပြီး ကျိုးနွံနာခံခြင်း သမ္မာတရားလည်း ဖြစ်သည်။ လူတို့သည် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ တစ်စုံတစ်ဦးက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ ထိုအရာက သမ္မာတရား မဟုတ် သို့မဟုတ် အနှစ်မဲ့သော စကားများဖြစ်လာသည်ဟူ၍ မဟုတ်ပေ။ ဤယုံကြည်မှုသည် မှားယွင်းပြီး အဓိပ္ပာယ်မရှိပေ။ အချို့က၊ “လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ ထိုအရာက သမ္မာတရား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ထိုအရာကို အဘယ်သူကမျှ လက်တွေ့လုပ်နိုင်စွမ်းမရှိလျှင်၊ ထိုအရာသည် သမ္မာတရား မဟုတ်ဟူ၍ ဖြစ်သည် မဟုတ်လော”ဟု တွေးဆကြသည်။ ဤမေးခွန်းသည် မှန်သလော။ (မမှန်ပါ။) ဤသည်မှာ ကျိုးကြောင်းဆီလျော်သော တွေးခေါ်မျှော်မြင်မှု ဖြစ်သည်။ အမှန်တရားမှာ သမ္မာတရား၏ အနှစ်သာရက မည်သည့်အခါတွင်မျှ မပြောင်းလဲခြင်း ဖြစ်သည်။ ထိုသမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်လျှင်ပင်၊ သမ္မာတရားက လူတို့ လိုက်လျှောက်သင့်သည့် လမ်းခရီးနှင့် မှန်ကန်သည့် လမ်းကြောင်းဖြစ်နေဆဲ ဖြစ်သည်။ လူတစ်ဦးက မည်မျှကြိုးစားသည်ဖြစ်စေ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ ထိုသမ္မာတရားက မှန်ကန်ခြင်းမရှိဟု သင် ဆို၍ မရပေ။ လူတစ်သောင်းက လက်တွေ့မလုပ်နိင်လျှင်ပင် သမ္မာတရားက မှန်ကန်ဆဲဖြစ်သည်။ မည်သူကမျှ လက်တွေ့မလုပ်နိုင်လျှင်ပင် သမ္မာတရားက မှန်ကန်ဆဲဖြစ်သည်။ သမ္မာတရားက မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ သမ္မာတရားကသာ လူသားမျိုးနွယ်အား ပုံမှန်အတိုင်း အသက်ရှင်နိုင်စေသည်၊ ဘုရားသခင်ရှေ့တွင် အသက်ရှင်နိုင်စေပြီး၊ သူ၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို ရရှိနိုင်စေသည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့် ရလဒ်ဖြစ်သည်။ သမ္မာတရားသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက ဘုရားသခင်ထံမှ လာပေသည်။ ထိုသမ္မာတရားကို သူက ဖော်ပြခြင်းဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည်။ လူတို့သည် သမ္မာတရားကို အသိအမှတ်ပြုကာ ထိုသမ္မာတရားကို လက်ခံလိုလျှင်၊ ကျိုးနွံနာခံတတ်ရန် မည်သည့်ပြဿနာများကို လူတို့ ဖြေရှင်းရမည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုများ၊ စဉ်းစားဆင်ခြင်မှုများ၊ အစီအစဉ်များ၊ စသည်တို့ကို ဖြေရှင်းရမည်။ ဤအရာများကို သင် သတိပြုမိပြီးနောက်တွင် ချက်ချင်း ဘေးဖယ်ထား၍ရနိုင်သလော။ (မရနိုင်ပေ။) လူတို့က ဤအရာများကို တဖြည်းဖြည်း ဖြေရှင်းပြီး သန့်စင်စေသည်မှာ ဘုရားသခင်က ပတ်ဝန်းကျင်များကို စီစဉ်ပေးရန်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဖြစ်ပေါ်စေရန်အတွက် ဆုတောင်းခြင်းမှတစ်ဆင့်၊ သူ၏ ရိုက်နှက်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ သူ၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ဆုတောင်းခြင်းမှတစ်ဆင့် ကျိုးနွံနာခံခြင်း သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် ဖြစ်ပြီး၊ အကြင်သူက အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်သည်မှာ သန့်စင်ခံရသည့်အခါတွင်သာ ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားခြင်း ဖြစ်စဉ်တွင် သင် ကျိုးနွံနာခံခြင်းရှိလျှင်၊ ထိုအရာများကို ဖြေရှင်း၍ ရနိုင်ပေသည်။ သင် ကျိုးနွံနာခံခြင်းမရှိလျှင်၊ ထိုအရာများက မည်သည့်အခါတွင်မျှ ပြေလည်သွားလိမ့်မည် မဟုတ်။ နောက်ဆုံးတွင်၊ ဤပြဿနာအားလုံး ပြေလည်သွားပြီး၊ သင် သန့်စင်ခြင်းခံရသည့်အခါတွင်သာ၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံတတ်သော တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ ဤတွင် ဆက်နွှယ်မှုကို သင်တို့ နားလည်ကြသလော။ သင့်ထံတွင် ကျိုးနွံနာခံခြင်းရှိသည့်အခါ၊ ဤသမ္မာတရား သွင်ပြင်လက္ခဏာက သင့်အထဲတွင် အလုပ်လုပ်နိုင်ပြီး သင်၏ စစ်မှန်မှု ဖြစ်လာနိုင်ပေသည်။ ဤစစ်မှန်မှု သွင်ပြင်လက္ခဏာကို သင် အသက်ရှင်နေထိုင်သည့်အခါ၊ ဤကဏ္ဍရှိ သင်၏ ပြဿနာများက ပြေလည်သွားလိမ့်မည်။ ဤသို့ ဖြစ်ရမည်ဖြစ်သည်။
လူတစ်ဦးတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို တိုင်းတာရန် မှန်ကန်တိကျသော နည်းလမ်းမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက် အဓိပ္ပာယ်ကို ထိုသူ နားလည်နိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ခြင်းမျှသည် လုံလောက်သလာ။ (မလုံလောက်ပါ။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိခြင်းသည် မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ ထိုအရာမှာ လူတစ်ဦးက ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်သည့်အခါနှင့် တရားဒေသနာများကိုလည်းကောင်း၊ မိတ်သဟာယကိုလည်းကောင်း တိကျစွာ နားလည်နိုင်ပြီး၊ သဘောပေါက်နိုင်ကာ ရှင်းရှင်းလင်းလင်း ဆက်စပ်မှုမရှိလျှင်ပင် တရားဒေသနာများနှင့် မိတ်သဟာယ၏ စကားများကို နောက်ထပ် ရှင်းပြချက်မရှိဘဲ ၎င်းတို့ နားလည်နိုင်သည့်အခါတွင် ဖြစ်သည်။ တရားဒေသနာများနှင့် မိတ်သဟာယ၏ အဓိပ္ပာယ်ကို လုံးဝ ထုတ်ပြောခြင်းမရှိလျှင်ပင်၊ ဤလူက နားလည်နိုင်ဆဲဖြစ်ကာ မည်သည့်အရာ ဆိုလိုသည်ကို သိနိုင်ဆဲဖြစ်သည်။ ဤလူစားမျိုးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသောသူတစ်ဦး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို နားမလည်နိုင်သူများ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယကို နားမလည်နိုင်သူများ၊ ဤအရာများကို အမြဲ အထင်လွဲနေပြီး၊ ဤအရာများအတွင်းတွင် မကိုက်ညီမှုများရှိသည်ဟု ခံစားနေသောသူများဖြစ်သော ဤလူစားမျိုးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြချေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူတို့အတွက်၊ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် ရှင်းလင်းစွာ မိတ်သဟာယပြုလျှင်ပင် ထိုသမ္မာတရားကို အပြည့်အဝ နားလည်နိုင်ကြလိမ့်မည် မဟုတ်။ ၎င်းတို့အတွက် အယူဝါဒများကို နားလည်နိုင်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်နိုင်ခြင်းက အတော်လေး လုံလောက်ပြီဖြစ်သည်။ ထို့ကြောင့်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူတစ်ဦးအတွက် သမ္မာတရားကို နားလည်ရန် မလွယ်ကူပေ။ သို့ရာတွင်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော တစ်စုံတစ်ဦးက သမ္မာတရားကို မလိုက်စား၊ သို့မဟုတ် နားမလည်လျှင်၊ ၎င်းသည် အခြေခံအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော တစ်စုံတစ်ဦးနှင့် ဘာမျှ ကွာခြားခြင်း မရှိပေ။ ထို့ကြောင့်၊ သမ္မာတရားကို နားလည်ရန် အရေးအကြီးဆုံး ဖြစ်သည်။ လူတစ်ဦးတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိုသူသည် သမ္မာတရားကို လက်လှမ်းမီသင့်သည်။ သမ္မာတရားကို လုံးလုံးလျားလျား နားလည်လေ၊ အကျိုးရှိလေ ဖြစ်လိမ့်မည်။ ကိစ္စရပ်များကို ရှင်းလင်းစွာ ၎င်းတို့ မြင်နိုင်လိမ့်မည်သာမက၊ မှန်ကန်သည့် လမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ကြလိမ့်မည်။ ထို့ကြောင့်၊ တစ်နည်းအားဖြင့်၊ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားလိုလျှင်၊ ဘုရားနှုတ်ကပတ်တော်မျာ်းကို ဆာငတ်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို အားထုတ်ရမည်ဖြစ်ပြီး၊ ယင်းတို့ကို စဉ်းစားချင့်ချိန်ရန်၊ ဆုတောင်းဖတ်ရှုရန်၊ ယင်းတို့နှင့်ပတ်သက်၍ မိတ်သဟာယပြုရန်နှင့် ထိုအရာများအတွင်းတွင် ရှာဖွေရန် သင်ယူရမည်။ ပြီးလျှင် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များက သင်၏ စစ်မှန်မှု ဖြစ်လာပြီးသည့်အခါတွင်သာ၊ သူ၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ရည်ညွှန်းနေပြီး၊ ထိုနှုတ်ကပတ်တော်များတွင် မည်သည့်သမ္မာတရားများ အတိအကျ ပါရှိသည်ကို သင် အမှန်တကယ် နားလည်နိုင်သည်။ သမ္မာတရားကို သင်နားလည်ပြီးသည့်အခါတွင်သာ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အလိုအလျောက် ရှိလိမ့်မည်။ သို့ရာတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ရရှိခြင်းသည် ရည်မှန်းချက် မဟုတ်ပေ။ မည်သည့်အရာမှာ ရည်မှန်းချက်ဖြစ်သနည်း။ ရည်မှန်းချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သမ္မာတရားကို နားလည်ရန် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သည့်အခါ ရှေ့ဆက်လမ်းတစ်ခုရှိပြီး၊ မည်သို့ ရှေ့ဆက်လုပ်ဆောင်ရမည်ကို သိရှိကာ၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီးနောက်၊ ထိုနှုတ်ကပတ်တော်များရှိ သမ္မာတရားများကို နားလည်နိုင်ပြီး ထိုအရာအတွင်းရှိ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော ဆက်နွှယ်မှုများနှင့် စည်းမျဉ်းများကို သိရှိလျှင်၊ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း အကျိုးတရားများ စွမ်းဆောင်ရရှိပြီးဖြစ်သည့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသောသူတစ်ဦး ဖြစ်ပေသည်။ အကြင်သူက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်မှာ ထိုသူ့အနေဖြင့် သမ္မာတရားကို နားလည်ကာ ရရှိခြင်း ရှိမရှိဟူသည်နှင့် ဆက်စပ်ပေသည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူများအတွက် မိမိတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်မှာ အလွန်အရေးပါသည့် ကိစ္စတစ်ခု၊ မိမိ၏ သမ္မာတရား နားလည်နိုင်စွမ်းကို တိုက်ရိုက် ထိခိုက်သည့်အရာတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့်၊ ဘုရားသခင်က လူ၏ ကျိုးနွံနာခံခြင်းကို တောင်းဆိုသော်လည်း၊ မည်သည့်အရာ အတိအကျကို လူက ကျိုးနွံနာခံရမည်နည်း။ ကျိုးနွံနာခံခြင်းခံရသည့်အရာမှာ မည်သည့်အရာနည်း။ (သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံလော့။ သာ၍သေချာသော ဝေါဟာရဖြင့် ပြောရလျှင်၊ ဤသည်မှာ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျိုးနွံနာခံရန်၊ လူတို့အတွက် ဘုရားသခင် စီစဉ်သည့် လက်တွေ့ဘဝ ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကျိုးနွံနာခံရန်နှင့် ၎င်းတို့၏ အမျိုးမျိုးသော တာဝန်များတွင် လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျိုးနွံနာခံရန် ဆိုလိုသည်။ နောက်ထပ် ပြောကြဦးစို့။ ကျိုးနွံနာခံမှုနှင့်ဆိုင်သည့် စစ်မှန်မှုထဲတွင် အခြား မည်သည့်အရာ ပါရှိသနည်း။ (အထက်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံခြင်းဖြစ်သည်။) ယင်းမှာ ထိုအရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့အတွက် ဘုရားအိမ်တော်က စီစဉ်သည့် တာဝန်တိုင်းကို ကျိုးနွံနာခံခြင်း ဖြစ်သည်။) တာဝန်များသည် ဘုရားသခင်ကို ယုံကြည်သူများအတွက် အလွန်အရေးပါသော ကိစ္စတစ်ခုဖြစ်ပြီး မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိက သမ္မာတရား စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည့်အရာနှင့် ဆက်စပ်ပေသည်။ ထိုအတွက် နောက်ထပ် အပိုင်းတစ်ခု ရှိသေးသည်။ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် အပြုအမူ စံနှုန်းဖြစ်သည်။ ဤသည်မှာလည်း အလွန်အရေးကြီး၏။ အကြင်သူ၏ အပြုအမူတွင် မည်သည့်အရာကို ဖြစ်ပေါ်စေသနည်း။ အကြင်သူက မိမိ၏ ညီအစ်ကို မောင်နှမများကို ဆက်ဆံပုံ၊ ကြွယ်ဝချမ်းသာမှုကို သဘောထားပုံနှင့် သူ၏ ရှေ့ရေး၊ အိမ်ထောင်ရေး၊ ချစ်ခင်မှုများနှင့် သွေးသား ပျော်ရွှင်မှုတို့ကို သဘောထားပုံတို့ကို ဖြစ်ပေါ်စေသည်။ ဤအမျိုးမျိုးသော ကိစ္စရပ်များတွင် သမ္မတာရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ခြင်း၊ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် မိမိ လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်သည့်ပုံတွင် သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းတို့ဖြစ်သည့် ဤအရာအားလုံးက ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဥပမာအနေဖြင့်၊ လူအချို့သည် မိမိ၏ ညီအစ်ကို မောင်နှမများအား ဆက်ဆံပုံသည် ကျိုးနွံနာခံခြင်း သမ္မာတရားနှင့် ဆက်စပ်မှုမရှိဟု ယုံကြည်ကြသည်။ ဤအမြင်သည် မှန်သလော။ ထိုအရာသည် မိမိ ပြုမူနေထိုင်ပုံနှင့် ဆက်စပ်ပေသည်။ သင် မနှစ်သက်သည့် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးကို အမြဲ အနိုင်ကျင့်ရန်၊ ၎င်းတို့ကို အမြဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုရန်သည် လူသားအပြုအမူ စည်းမျဉ်းဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် လူတို့အား အခြားသူတို့ကို ဆက်ဆံရန် မည်သို့ တောင်းဆိုသနည်း။ (လူတို့ကို ကျွန်ုပ်တို့ မျှမျှတတ ဆက်ဆံရန် ဘုရားသခင် စေခိုင်းပါသည်။) မျှတခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့ကို ၎င်းတို့၏ အသွင်အပြင်၊ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်း၊ ၎င်းတို့ အသိအမြင်ကြွယ်ဝပုံ သို့မဟုတ် မိမိ၏ ကိုယ်ပိုင် နှစ်သက်မှုများ သို့မဟုတ် ၎င်းတို့အပေါ် ခံစားချက်များအတိုင်း ဆက်ဆံခြင်းမဟုတ်ဘဲ၊ သမ္မာတရားအတိုင်း ဆက်ဆံခြင်းကို ဆိုလိုသည်။ သို့ဆိုလျှင် လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံခြင်းသည် အဘယ်ကြောင့် မျှတသနည်း။ ဤအရာကို နားမလည်သောသူများစွာရှိပြီး၊ ထိုသို့နားလည်ရန် သမ္မာတရားကို ၎င်းတို့ နားလည်ဖို့ လိုအပ်သည်။ ဘာသာတရားမရှိသူများက နားလည်ထားသည့် မျှတမှုသည် စစ်မှန်သည့် မျှတမှု ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်နှင့်သာ ဖြောင့်မတ်ခြင်းနှင့် မျှတမှုရှိနိုင်သည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံများအပေါ် ရှိသည့် သတ်မှတ်ချက်များဖြင့်သာ မျှတမှုရှိသည်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ပေါ်လွင်နိုင်ပေသည်။ ထို့ကြောင့်၊ မျှတမှုသည် လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံခြင်းမှသာ လာနိုင်သည်။ အသင်းတော်တွင်ရှိသည့် လူများကို သင် မည်သည့်အရာ တောင်းဆိုသင့်ပြီး ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့ ထမ်းဆောင်နိုင်သည့် မည်သည့်တာဝန်မဆိုသည် ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်သင့်သည့်အရာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်စွမ်းမရှိဘဲ အဖျက်အမှောင့်များပင် ဖြစ်စေလျှင်၊ ၎င်းတို့ ပယ်ရှင်းခံရခြင်းနှင့်ထိုက်တန်လျှင်၊ သင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိလျှင်ပင် ၎င်းတို့ ပယ်ရှင်းခံရသင့်သည်။ ဤသည်မှာ မျှတမှုဖြစ်သည်။ ဤသည်မှာ အခြားသူတို့ကို မျှတစွာ ဆက်ဆံခြင်း စည်းမျဉ်းများတွင် ပါဝင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ အပြုအမူ စည်းမျဉ်းများနှင့် ပတ်သက်သည်။ ကျိုးနွံနာခံခြင်း သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတွင် မိမိတာဝန်ကို ထမ်းဆောင်ခြင်း ပါဝင်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာတွင် ကပ်ဘေးနှင့် နာမကျန်းမှု ရိုက်ခတ်သည့်အခါ ပြဿနာကို လူတို့ နာခံပြီး သဘောထားပုံနှင့် မိမိတို့ သက်သေခံချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်ပုံတို့ ပါဝင်သည်။ ထို့ထက်ပို၍၊ လူတို့၏ အပြုအမူနှင့်ဆိုင်သော သွင်ပြင်လက္ခဏာ ရှိသည်။ အရေးအကြီးဆုံးမှာ၊ ၎င်းတို့အနေဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် အသက်လည်းရှိရမည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် ကျွေးမွေး၊ ဆင်ယင်၊ အကွယ်အကာပေးကာ သာမန်လူတစ်ဦးအဖြစ် နေနိုင်ရမည်ဖြစ်သည်။ ဘဝအဆင့်အတန်းအရ၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် အစားအစာနှင့် အဝတ်အထည်ဖြင့် ရောင့်ရဲသင့်ကြပါသည်။) ယင်းမှာ ကျေးဇူးတော်ခေတ်တွင် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်ခဲ့သည်။ မျက်မှောက်ခေတ်တွင် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ လူတို့၏ အစားအစာ၊ အဝတ်အစား၊ အမိုးအကာနှင့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများအတွက်လည်းကောင်း၊ ၎င်းတို့၏ စကားနှင့် ကိုယ်ဟန်အမူအရာအတွက်လည်းကောင်း၊ ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံအတွက်လည်းကောင်း ဘုရားသခင်တွင် သတ်မှတ်ချက်များရှိသည်။ သင့်ကို ခြိုးခြံသောအကျင့်ရှိရန် သူ မတောင်းဆိုသကဲ့သို့ သွေးသား သက်သာမှုတွင် မမွေ့လျော်စေပေ။ ပျင်းရိခြင်း၊ သွေးသား သက်သာမှုတွင် မွေ့လျော်ခြင်းနှင့် ပျော်ရွှင်မှု ရှာဖွေခြင်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များ မဟုတ်ပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများမှာ အဘယ်နည်း။ သူသည် သင့်အား အပြည့်အဝ ဆက်ကပ်ရန်၊ တာဝန်သိစိတ်ရှိရန်၊ သင်၏ တာဝန်များတွင် တာဝန်ယူရန်၊ သင် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန်၊ လုံ့လဝီရိယရှိစွာ အလုပ်လုပ်ပြီး မပျင်းရိရန် တောင်းဆိုသည်။ ကြွယ်ဝချမ်းသာမှု၊ လောက၊ ဆိုးယုတ်သည့် ရေပန်းစားမှုများအပေါ် သင်၏ သဘောထားနှင့် သင်နှင့် ဆက်စပ်သည့် ဘာသာတရားမရှိသူများကို သင် ဆက်ဆံသင့်သည့် သဘောထားအတွက် သူ၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများလည်း ဘုရားသခင်ထံတွင်ရှိပြီး၊ ဤသတ်မှတ်ချက်များအားလုံးတွင် ရှာရမည့် သမ္မာတရား ရှိသည်။ ဤကြီးမားသည့် အမျိုးအစားတစ်ခုစီအတွင်းတွင် လူတို့ လက်တွေ့လုပ်ဆောင်ပြီး ကျိုးနွံနာခံသင့်သည့် သမ္မာတရားများ ရှိသည်။ လူအချို့သည် သက်သာမှုတွင် မွေ့လျော်ကြပြီး၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးမှုတွင် မွေ့လျော်ခံစားကြသည်။ မိမိတို့၏ သွေးသား ဆန္ဒများကို အလိုလိုက်ပြီး ရေပန်းစားမှုများနောက်လိုက်ရန် ၎င်းတို့ နှစ်သက်ကြသည်။ လူ့အဖွဲ့အစည်းတွင်ရှိသည့် လူတို့က ပျော်ပါးကြပုံကို မြင်သည့်အခါ၊ ၎င်းတို့က ပါဝင်ချင်ကြပြီး၊ ၎င်းတို့၏ စိတ်နလုံးများက အပြင်လောကနှင့် အမြဲ ရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ (မထမ်းဆောင်နိုင်ကြပေ။) လူအချို့သည် ဘာသာတရားမရှိသူများကို ၎င်းတို့၏ လှပသည့် အဝတ်အစားများနှင့် တွေ့သည့်အခါ၊ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိတို့ ဝတ်ဆင်သည့်အရာကို အလွန်ရိုးရှင်းသည့်အရာအဖြစ် မြင်ကာ အထင်သေးခံရမည်ကို အမြဲ စိုးရိမ်နေကြသည်။ ၎င်းတို့သည် လုံးဝ စိတ်မကြည်မသာဖြစ်ကြလိမ့်မည်။ အခြားသူတို့က အခြားငယ်ရွယ်သော စုံတွဲများသည် မိမိတို့ကိုယ်ပိုင် ကမ္ဘာငယ်လေးများထဲတွင် အသက်ရှင်နေကြသည်ကိုမြင်ပြီး၊ အထီးကျန်ကာ မိမိတို့ကိုယ်ကိုယ် ထီးတည်းရှိနေသည်ဟု ခံစားကြရသည် ၎င်းတို့သည် ဤကိစ္စများဖြင့် အမြဲ စိတ်ဆင်းရဲကြပြီး၊ သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ဘုရားသခင် ရှေ့မှောက်သို့ မလာကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) ဤအရာများက သာမညောင်ညဖြစ်ပြီး၊ သိသာထင်ရှားသည့် သမ္မာတရား ပါဝင်သည့်ပုံမရသော်လည်း၊ လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သော အခြေခံအကျဆုံး သမ္မာတရားများနှင့် ဆက်စပ်ပေသည်။ လူတစ်ဦးသည် ဤပြဿနာများကို မအောင်မြင်နိုင်သကဲ့သို့ မချိုးနှိမ်နိုင်လျှင်လည်းကောင်း၊ ထိုအရာများသည် သူ၏အတွင်းတွင် အဖျက်အမှောင့်တစ်ခု အမြဲဖြစ်ကာ ဘုရားသခင်ကို သူ၏ ယုံကြည်မှုနှင့် သူ၏ တာဝန်ထမ်းဆောင်မှုတို့အား ထိခိုက်စေလျှင်၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ်တွင် အစပြုရန် သူ့အတွက် အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။
အခြေခံအကျဆုံးမှသည် အနည်းငယ် သာ၍ နက်နဲသောအရာများထိ၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းသည် သမ္မာတရား ဖြစ်၏။ အပေါ်ယံအဆင့်နှင့် နက်နဲသော သမ္မာတရားတို့ကြား ခြားနားမှု မရှိပေ။ ခြားနားချက်မှာ လူတို့သည် မည်သည့် အခြေအနေများအောက်တွင် မည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်သင့်သည်ဟူသည်တွင် ရှိပေသည်။ အချို့သော သမ္မာတရားများသည် လူတို့၏ တာဝန်များနှင့် ပတ်သက်သည်။ အချို့မှာ ၎င်းတို့၏ နေ့စဉ်ဘဝနေထိုင်မှုပုံစံများနှင့် ပတ်သက်သည်၊ ဥပမာအနေဖြင့် ၎င်းတို့၏ နေ့စဉ် အမူအကျင့်များ၊ စည်းမျဉ်းများနှင့်လည်းကောင်း၊ နှစ်သက်မှုများနှင့်လည်းကောင်း ပတ်သက်ပြီး၊ အချို့မှာ လူအတွက် ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်သက်ပေသည်။ ပြဿနာက မည်သည့်အရာဖြစ်စေ၊ ထိုပြဿနာက နေ့စဉ်ဘဝ သို့မဟုတ် တာဝန်နှင့် ပတ်သက်သည်ဖြစ်စေ၊ ပြီးလျှင် ထိုပြဿနာနှင့်ပတ်သက်သည့် ကိစ္စရပ်က မည်မျှ ကြီးမားသည်၊ သေးငယ်သည်ဖြစ်စေ၊ သင် လေးနက်စွာ သဘောထားနိုင်လျှင်၊ သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ သမ္မာတရားကို သင် လိုက်စားနေခြင်း ဖြစ်သည်။ လူအချို့သည် တရားဒေသနာများကို နှစ်အနည်းငယ်ကြာ နားထောင်ပြီး၊ သမ္မာတရားကို အာရုံစိုက်ခြင်းထက်၊ ယခင်က ၎င်းတို့ မကြားရသေးသည့် တရားဒေသနာများကို နားထောင်ခြင်းကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် တတိယကောင်းကင်ဘုံ၏ ဘာသာစကား တစ်ခုခုနှင့် နက်နဲမှုများကို အစဉ်ကြားလိုကြပြီး၊ အခြားသူများထံ အဆင့်မြင့်သည့် တရားဒေသနာများကိုသာ အမြဲ ဟောပြောနေကြသည်။ ဤလူများက နားမလည်သည်ကို ၎င်းတို့ မြင်သည့်အခါ၊ မိမိတို့ကိုယ်ကိုယ် အတော်လေး ကျေနပ်အားရကြသည်။ ဤသည်မှာ အသိစိတ်ကို ကျော်လွန်ပေသည်။ ထိုအနှစ်မဲ့သောအရာများအကြောင်း ပြောခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သင်ဟောပြောသည့်အရာသည် လူ၏တာဝန်နှင့် ဆက်စပ်ခြင်းမရှိလျှင်၊ လူ၏ နေ့စဉ်ဘဝများတွင် ထုတ်ဖော်ပြသည့် အခြေအနေများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်စပ်ခြင်းမရှိလျှင်၊ လူတို့၏ ဘဝများ၊ ၎င်းတို့၏ အသက်ဝင်ရောက်မှု၊ ၎င်းတို့၏ တာဝန်နှင့် အဆက်အစပ်မရှိလျှင်၊ ၎င်းတို့၏နေ့စဉ်ဘဝများတွင် ထင်ရှားပြီး ထုတ်ဖော်ပြသည့် အခြေအနေများနှင့် ဆက်နွှယ်မှုမရှိလျှင်၊ သင် ဟောပြောသည့်အရာသည် အယူဝါဒနှင့် အနှစ်မဲ့သော စကားများသာဖြစ်ပြီး သမ္မာတရား မဟုတ်ပေ။့် တရားဒေသနာအတော်များများကို နားထောင်ပြီးနောက်တွင် သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု တွေးထင်သည့် လူများစွာ ရှိသည်။ ၎င်းတို့သည် ဤတရားဒေသနာများမှ အချို့သော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို အကျဉ်းချုပ်ပြီး၊ လူတို့ထံ မကြာခဏ ဟောပြောပြီး ၎င်းတို့နှင့် မိတ်သဟာယပြုကြသော်လည်း၊ ပြဿနာများ သို့မဟုတ် အခက်အခဲများ ဖြစ်ပေါ်သည့်အခါ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ ထို့ကြောင့် ၎င်းတို့ နားလည်သည့် အယူဝါဒသည် မည်သည့် အမှန်တကယ်ဖြစ်သော ပြဿနာများကိုမျှ မဖြေရှင်းနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ဤအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်ကြသေးကြောင်း သက်သေပြပေသည်။ လူအချို့သည် စကားများနှင့် အယူဝါဒများကို နှစ်ပေါင်းများစွာ ဟောပြောနေခဲ့သော်လည်း၊ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန်နှင့် ပြဿနာများကို ဖြေရှင်းရန် စေခိုင်းခြင်းခံရသည့်အခါ၊ ထိုသို့ မလုပ်နိုင်ကြပေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်းကို ရေးသားရန် စေခိုင်းခြင်းခံရသည့်အခါ၊ ၎င်းတို့ မရေးနိုင်ကြသကဲ့သို့ တစ်စုံတစ်ဦးက တစ်စုံတစ်ရာကို ကြုံရပြီး အကူအညီအတွက် ၎င်းတို့ကို ရှာကြသည့်အခါ၊ ၎င်းတို့ အကူအညီမပေးနိုင်ကြပေ။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ထိုသို့သောလူများသည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ သနားဖွယ်ကောင်းလိုက်လေခြင်း။ စကားကြီးစကားကျယ်ပြောပြီး ကျယ်လောင်စွာ သံပြိုင်ကြွေးကြော်ခြင်း၊ အသိပညာ၊ အယူဝါဒနှင့် ဓမ္မပညာတို့အပေါ်၊ အခြားသူများ မရှိသည့်အရာဖြင့် မိမိကိုယ်ကိုယ် ဖြည့်ဆည်းခြင်းအပေါ်၊ အခြားသူတို့က ယခင်က မကြားသေးသည့်အရာကို သင်ယူခြင်းအပေါ် အာရုံစိုက်ခြင်း၊ သို့မဟုတ် အမှုအရာများကိုအသေအချာမှတ်သားထားခြင်းနှင့် အခြားသူတို့၏ ကိုးကွယ်မှုနှင့် လေးစားခြင်းကို ရယူခြင်းတို့အပေါ် အာရုံစိုက်ခြင်းတို့ဖြစ်သည့် ဤအရာများဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို စွမ်းဆောင်ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ပြီးလျှင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို မရရှိနိုင်သည့်သူများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ (နားမလည်နိုင်ပါ။) ထို့ကြောင့်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုသည် သမ္မာတရားကို သိနားလည်ခြင်းနှင့် ဆက်စပ်ပေသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိမရှိဟူသည်ကို ၎င်းတို့က သမ္မာတရားကို သိနားလည်ခြင်းရှိမရှိဟူသည့်အရာက ထုတ်ဖော်ပြသည်ထက် မည်သည့်အရာကမျှ သာ၍ ထုတ်ဖော်ပြခြင်း မရှိပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသောသူတို့သည် ဘုရားနှုတ်ကပတ်တော်များကို အလွယ်တကူ နားလည်နိုင်ပြီး၊ တရားဒေသနာများကို ကြားသည့်အခါ သမ္မာတရားကို အလွယ်တကူ နားလည်နိုင်ကြသည်။ သမ္မာတရားကို နားလည်နိုင်သော လူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော လူများဖြစ်ပြီး၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသောသူတို့က သမ္မာတရားကို လိုက်စားသရွေ့၊ သမ္မာတရား စစ်မှန်မှုထဲသို့ အလွယ်တကူ ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်