၅၅၉ မိမိကိုယ်ကို နားလည်ရန် သင်၏ အခြေအနေမှန်များကို သဘောပေါက်လော့ကျူး

၁ အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်ရမည်ဆိုပါက သူတို့သည် သူတို့၏ စစ်မှန်သော အခြေအနေများကို နားလည်ရမည်။ မိမိ၏ ကိုယ်ပိုင်အခြေအနေကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံးကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူးများကို နားလည်သဘောပေါက်မှု ရှိရန်ပင် ဖြစ်သည်။ အချန်ကာလတိုင်းတွင် လူတို့၏ အတွေးများသည် အဓိကကျသော အရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးဖြစ်သည်။ အကယ်၍ သင်သည် သင်၏အတွေးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်မည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများကို မထိန်းချုပ်နိုင်ကြသော်လည်း၊ ဤအတွေးများနှင့် စိတ်ကူးများ မည်သည့်အရပ်မှ လာသည်၊ ၎င်းတို့ နောက်ကွယ်တွင် မည်သည့်အကြောင်းရင်းများ ရှိသည်၊ ဤအတွေးများနှင့်စိတ်ကူးများ မည်သို့ ထွက်ပေါ်သည်၊ မည်သည့်အရာက ၎င်းတို့ကို ထိန်းချုပ်သည်ဆိုသည်နှင့် ၎င်းတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ သိဖို့လိုအပ်သည်။

၂ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးနောက်တွင်၊ သင်၏ ပြောင်းလဲသော အစိတ်အပိုင်းများက ထွက်ပေါ်စေခဲ့သည့် သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ စိတ်နှလုံးက လိုက်လံရှာဖွေသည့် ဆန္ဒများနှင့် လိုက်စားမှုနှင့် ပတ်သက်သည့် သင်၏ ရှုထောင့်အမြင်များသည် ကွဲပြားလိမ့်မည်ဖြစ်သည်။ သင်၏ မပြောင်းလဲသော အစိတ်အပိုင်းများမှ ပေါ်ပေါက်သည့် အတွေးများနှင့် စိတ်ကူးများ၊ သင် ရှင်းရှင်းလင်းလင်း နားမလည်သော အရာများနှင့် သမ္မာတရားအပေါ် အတွေ့အကြုံများဖြင့် သင် အစားမထိုးရသေးသည့် အရာများတို့သည် ညစ်ညူးပြီး ညစ်ပတ်ကာ အကျည်းတန်ပေသည်။ ဘုရားသခင်၏အမှုကို နှစ်ပေါင်းအချို့ တွေ့ကြုံခံစားထားပြီးဖြစ်သော ယနေ့ခေတ် လူတို့၌ ဤကိစ္စရပ်များနှင့် ပတ်သက်၍ အသိတရားနှင့် နားလည်သဘောပေါက်မှုအချို့ ရှိသည်။ ဘုရားသခင်၏အမှုကို အချိန်ကာလတစ်ခဏသာ တွေ့ကြုံခံစားထားရသော သူများကမူ ဤကိစ္စရပ်များကို နားမလည်ကြသေးပေ။ ထိုသူတို့သည် မိမိတို့၏ ပျော့ကွက်မှာ အဘယ်နေရာ၌ရှိသည်၊ သို့မဟုတ် မည်သည့်နယ်ပယ်များတွင် မိမိတို့ကျရှုံးရန်မှာ လွယ်ကူသည်ကို မသိကြ။

၃ မိမိသည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို လက်ရှိတွင် သင်တို့မသိကြ၊ ထို့ပြင် သင်သည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို အခြားလူများက အတိုင်းအတာတစ်ခုအထိ မြင်နိုင်ကြသော်လည်း သင်ကမူ ထိုအရာကို သတိမပြုမိနိုင်ပေ။ သင်သည် သင်၏ သာမန်အတွေးများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ မခွဲခြားနိုင်၊ ထို့ပြင် ဤကိစ္စရပ်များ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည့်အကြောင်း ရှင်းလင်းသော နားလည်မှု သင်၌မရှိချေ။ ရှုထောင့်တစ်ခုကို သင် ပိုမိုနက်နက်ရှိုင်းရှိုင်း သိနားလည်လေလေ၊ ထိုရှုထောင့်တွင် သင် ပိုမို ပြောင်းလဲလေလေ ဖြစ်မည်၊ ထိုသို့ဖြင့်၊ သင် လုပ်ဆောင်မည့်အရာများသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ပိုမို နီးစပ်လိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် ကြိုးစားခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၅၈ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သင့်ကိုယ်သင် နားလည်လော့ကျူး

နောက်တစ်ခုသို့- ၅၆၀ လူ့သဘာဝကို နားလည်နည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။