(ခ) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ပုံနှင့် ပတ်သက်၍

(၃၄၄) ယခုသည် နိုင်ငံတော်ခေတ် ဖြစ်၏။ သင်သည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည့်အပေါ်၊ သူ၏ နှုတ်ကပတ်တော်များက သင်၏ အသက်စစ်မှန်မှု ဖြစ်လာပြီးခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပေသည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ကမ္ဘာ၌ အသက်ရှင်ကြရန် အလို့ငှာနှင့် သူ၏ နှုတ်ကပတ်တော်များက လူအသီးသီးကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်းထံ သိစေပြီး ဖြစ်သည်။ ဤအချိန် အတွင်းတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အရေးမထားသကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားပါက၊ ဤသည်မှာ သင်၏ လက်ရှိအခြေအနေ မှားယွင်းသည်ကို ပြသပေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်နိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် ဤခေတ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ နှုတ်ကပတ်တော်ခေတ်၏ အစတွင် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သနည်း။ ဤခေတ်ထဲနှင့် သင်တို့အလယ်တွင်၊ ဘုရားသခင်သည် အောက်ပါ အချက်များကို ပြီးမြောက်လိမ့်မည်။ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြလိမ့်မည်။ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်အဖြစ်နှင့် ၎င်းတို့၏ လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏တန်ခိုးအာဏာကို စွဲကိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စွမ်းဆောင်ရရှိမည့် အမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ အသက်ရှင်နိုင်သလော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် အသက်မရှင်နိုင်ဟု ခံစားရသောသူများစွာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြရပြီး၊ အချိန်က အခွင့်မပေးပါက၊ ယင်းတို့ကို နားထောင်ခြင်းက ၎င်းတို့အဖို့ လုံလောက်ပေမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ပေးသော ခံစားချက် ဖြစ်ပြီး ၎င်းတို့ကို စတင်တို့ထိသည့် နည်းလမ်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက် နိုင်ရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို နှုတ်ကပတ်တော်များ မှတစ်ဆင့် အုပ်စိုးပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ တစ်ရက်မျှကြာပြီးနောက်တွင်၊ သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ယင်းကို မခံနိုင်ပါက၊ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သူသည် သင့်ထံမှ ထွက်မသွားသေးသည်ကို ပြသပေသည်။ ထိုအခါ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် သင်သည် အမှုအရာတစ်ခုကို မခံစားရပါက၊ ဆာငတ်မှု မရှိသကဲ့သို့ လုံးဝ တို့ထိခြင်းမခံစားရပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်သွားပြီဖြစ်သည်ကို ပြသပေသည်။ သို့ဖြစ်လျှင် ဤအရာက သင့်အတွင်းရှိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသည်ကို ဆိုလိုလေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်ရသေးသကဲ့သို့၊ သင်သည် နောက်ကျ ကျန်ရစ်ပြီးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျှင် နေလို့ကောင်းပြီး၊ မစားသောက်လျှင် သင်သည် လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာဖြစ်လာသကဲ့သို့၊ ၎င်းတို့ကို တွန်းအားပေးသည့် ခွန်အား ဖြစ်လာသည်။ ကျမ်းစာက၊ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဟုပြောသည်။ ယနေ့တွင် ဘုရားသခင်သည် ဤအမှုကို ပြီးစီးစေမည်ဖြစ်ပြီး သင်တို့အထဲတွင် ဤအမှန်တရားကို သူ ဖြစ်မြောက်စေမည် ဖြစ်သည်။ အတိတ်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေနိုင်ကြသော်လည်း၊ ပုံမှန်အတိုင်း စားနိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ကြသော်လည်း၊ ယနေ့တွင် ဤသည်မှာ အဘယ်သို့ မဖြစ်ရသနည်း။ ဤခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဖို့ နှုတ်ကပတ်တော်များကို အဓိက အသုံးပြု၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူသားသည် တရားစီရင်ခံရပြီး စုံလင်စေခြင်းခံရပြီးနောက် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ၊ အထူးသဖြင့် နိုင်ငံတော်ခေတ်တွင်၊ လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ရင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ မသွေဖည်သရွေ့၊ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

(၃၄၅) ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် ရှိသည်မှာ လူတို့ ပိုင်ဆိုင်ဖို့ လိုအပ်သော သမ္မာတရားများ၊ လူသားမျိုးနွယ်အတွက် အကျိုးအပြုဆုံးနှင့် အထောက်အကူအဖြစ်ဆုံးသော အရာများ၊ သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ၊ လူတို့၏ ပုံမှန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် ကူညီပေးသည့်အရာများနှင့် လူတို့အနေဖြင့် ပြင်ဆင်ထားသင့်သည့် သမ္မာတရားများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်လေလေ၊ သင်တို့၏ အသက်တာ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်ရေးရာနယ်ပယ်၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်သည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကို အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်၏ စစ်မှန်မှုကို ရရှိနိုင်မည်လော။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် ချို့ယွင်းချက်ရှိနေသည်။ သင်သည်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်မီတွင် ဦးစွာ သမ္မာတရားကို နားလည်ရမည်ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

(၃၄၆) လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အဓိပ္ပာယ်မဲ့သော သိနားလည်မှုရှိသောသူများ အားလုံးသည် ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် ဘာသာတရားမရှိသူများဖြစ်ကြ၏။ လူတို့က ဘာသာတရားမရှိသူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က ဘာသာတရားမရှိသူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် ဘာသာတရားမရှိသူများဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ ဆန္ဒမှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

(၃၄၇) ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်သော နားလည်မှုရလာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင်၌ ရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့် သက်သက်ဖြင့် သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူ့စိတ်ကူးစိတ်သန်းနှင့် လူ့တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ဤသို့သောနည်းလမ်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင်သည် အနှစ်သာရမဲ့သော စကားများကို မည်သည့်အခါမျှ မပြောချေ။ သူ မိန့်မြွက်သည့် ဝါကျအသီးသီး၌ သူ၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ဖော်ထုတ်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူ့တွေးခေါ်မှုဖြင့် အလွယ်တကူ နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် အားထုတ်မှု ပြုသရွေ့ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ဆိုင်သည့် အလုံးစုံသော အဓိပ္ပာယ်ကို အကြမ်းဖျင်းအားဖြင့် ရှာတွေ့နိုင်ပေသည်။ ကျန်ရှိနေသည့် အသေးစိတ် အချက်အလက်များကိုမူ ထိုလူတို့၏ နောက်ပိုင်း အတွေ့အကြုံကာလတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုက သူတို့အတွက် ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်သည်။ တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ထိုနှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် တွေးတောခြင်း၊ ပြီးလျှင် ၎င်းတို့၏ တိကျသော ပါဝင်သည့်အကြောင်းအရာကို ရှာဖွေခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ အဓိပ္ပာယ်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုတွင် စဉ်ဆက်မပြတ် တိုးတက်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်လာနိုင်သည်။ အကယ်၍ သင်သည် ထိုအရာကို တိုက်ရိုက်၊ စာအဆင့် သို့မဟုတ် သင်၏ကိုယ်ပိုင် အတွေးနှင့် စိတ်ကူးစိတ်သန်းဖြင့် အနက်ပြန်ပါက၊ သင်သည် ယင်းကို အမွှမ်းတင်ကာ အပြောကောင်းစွာ ရှင်းပြလျှင်ပင်၊ သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးသကဲ့သို့၊ ယင်းသည် လူ့အတွေးနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေပြုဆဲသာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ရရှိခြင်း မဟုတ်ပေ။ လူတို့သည် မိမိတို့ အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားနှုတ်ကပတ်တော်များကို အနက်ပြန်တတ်ကြသည်။ ဆက်စပ်အကြောင်းအရာမပါဘဲ ဘုရားနှုတ်ကပတ်တော်များကို တလွဲပင် အနက်ပြန်ကောင်း ပြန်နိုင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲကာ ဝေဖန်နိုင်ခြေ ရှိ၏။ ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ဘုရားနှုတ်ကပတ်တော်များအား သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတစ်ဆင့် အဓိကရရှိပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ကာ ရှင်းပြနိုင်ခြင်းသည် သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို သိနားလည်ခြင်းက သမ္မာတရားကို သင် နားလည်သည့်သဘောဖြစ်သည်ဟု ဆိုလိုပါက၊ ပညာရေးနှင့် အသိပညာ အနည်းငယ်သာ သင် လိုအပ်မည်ဖြစ်သည်။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အဘယ်ကြောင့် လိုအပ်မည်နည်း။ ဘုရားသခင်၏အမှုမှာ လူ့ဉာဏ်က နားလည်သဘောပေါက်နိုင်သောအရာတစ်ခုလော။ ထို့ကြောင့် သမ္မာတရားကို သိနားလည်ခြင်းသည် လူ့အယူအဆများ၊ စိတ်ကူးများပေါ်တွင် အခြေမခံပေ။ စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာရှိရန် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြမှု သင် လိုအပ်သည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ဖြစ်ပြီး၊ လိုအပ်သည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

(၃၄၈) သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှုလေ့လာပြီးသော်လည်း စကားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး စစ်မှန်သော ကြုံတွေ့ခြင်းများမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံရန် မကြိုးစားပါက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော စကားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော စကားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ရည်ရွယ်ချက်များကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော စကားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။ အမှန်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ကြုံတွေ့ပြီး ကိုယ်တော်၏ ရယူခြင်းကို ခံရခြင်း၊ သို့မဟုတ် ပို၍ရှင်းလင်းအောင် ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိရှိနားလည်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ယင်းသည် သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်မှ အမှန်တရားဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် အားထုတ်ခြင်းမရှိဘဲ ဘုရားသခင်အားယုံကြည်ပြီး ထာဝရအသက်ကိုသာ မျှော်လင့်လျှင် သင်သည် မိုက်မဲသည်။ ယင်းသည် စားသောက်ပွဲကြီးကိုသွားပြီး အစားအစာကို ကြည့်ရုံကြည့်ခဲ့ပြီး အရသာရှိသောအရာများကို တစ်ခုတလေပင် ကိုယ်တိုင်ကိုယ်ကျ မမြည်းစမ်းဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် တူသည်။ ထိုနေရာတွင်ရှိသော မည်သည့်အရာကိုမျှ စားသောက်ခြင်းမရှိသကဲ့သို့ဖြစ်မည်။ ထိုကဲ့သို့သော လူစားသည် လူမိုက်တစ်ဦးမဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

(၃၄၉) လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက လုံးဝ မြင့်မားခြင်းမရှိပေ။ လူတို့သည် လုံ့လရှိစွာ၊ လေးနက်စွာ လက်တွေ့လုပ်ဆောင်သရွေ့ “အောင်မှတ်” တစ်ခုကို လက်ခံရရှိလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် သမ္မာတရားကို နားလည်ခြင်း၊ သိမြင်ခြင်း၊ သဘောပေါက်ခြင်းကို ရရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် ပို၍ ရှုပ်ထွေးသည်။ ရှေးဦးစွာ သင်နားလည်သလောက် လက်တွေ့လုပ်ဆောင်ပြီး သင်သဘောပေါက်သည့်အရာကို လက်တွေ့လုပ်ဆောင်လော့။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားအပေါ် အမှန်တကယ်သိမြင်မှုနှင့် နားလည်သဘောပေါက်မှုကို တဖြည်းဖြည်းချင်း ရရှိနိုင်လိမ့်မည်။ ဤအရာတို့သည် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သည့် အဆင့်များနှင့် နည်းလမ်းများဖြစ်သည်။ သင်သည် ဤနည်းဖြင့် ကျိုးနွံနာခံခြင်းကို လက်တွေ့မလုပ်ဆောင်လျှင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သင်သည် သင်ကိုယ်တိုင်၏ သဘောဆန္ဒအတိုင်း အစဉ်သဖြင့် ဆောင်ရွက်ပြီး ကျိုးနွံနာခံခြင်းကို လက်တွေ့မလုပ်ဆောင်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်အလိုရှိသည့်အတိုင်း လုပ်ဆောင်သလော။ သို့မဟုတ် သူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး သင်၌ ကင်းမဲ့သည့်အရာနှင့်အညီ လုပ်ဆောင်သလော။ ဤအရာကို သင်ရှင်းလင်းစွာမသိလျှင် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲပွင့်များတမျှ များလှသော အသိပညာအပိုင်းအစများကို ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို ပုန်ကန်ကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို အလွန်အမင်းမမြှောက်စားနှင့်။ ယင်းသည် အသုံးမဝင်ပေ။ အချို့လူတို့သည် ဝိညာဉ်ရေးဆိုင်ရာ သီအိုရီအကြောင်းကို ဆယ်စုနှစ်နှင့်ချီ၍ ပြောဆိုနေခဲ့ကြပြီး ကြီးမြတ်သော ဝိညာဉ်ရေးရာပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ရန် ကျရှုံးကြဆဲပင်ဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်၊ မတွေ့ကြုံကြသောကြောင့် ၎င်းတို့တွင် စည်းမျဉ်းများ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းမရှိကြပေ။ ဤသို့သောလူတို့သည် သူတို့ကိုယ်တိုင်၌ သမ္မာတရား စစ်မှန်မှု မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အခြားလူတို့ကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ စစ်မှန်သည့် လမ်းကြောင်းပေါ်သို့ မည်သို့ခေါ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် လူတို့ကို လမ်းလွဲစေရန်သာ လုပ်နိုင်ကြ၏။ ဤသည်မှာ အခြားလူများနှင့် သူတို့ကိုယ်သူတို့ ထိခိုက်အောင် လုပ်နေခြင်းမဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ ရှေ့တည့်တည့်တွင်ရှိနေသော တကယ့်ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤအရာသည်သာ ဘုရားကို ကျိုးနွံနာခံခြင်းဖြစ်၏။ သင်သည် အသက်ဝင်ရောက်မှု ရှိသည့်အခါမှသာ ဘုရားသခင်အတွက် အလုပ်လုပ်ရန် သင်အရည်အချင်းပြည့်မီသည်။ ထို့ပြင် ဘုရားသခင်အတွက် ရိုးသားစွာ သင်အသုံးခံသည့်အခါမှသာ ဘုရားသခင်၏ လက်ခံခြင်းကို ခံရနိုင်သည်။ ကြီးကျယ်သော ထွက်ဆိုချက်များကို အစဉ်မပြုလုပ်နှင့်၊ စကားကြီးစကားကျယ်နိုင်သော သီအိုရီကို အစဉ်မပြောနှင့်။ ဤသည်မှာ မစစ်မှန်ပေ။ သင့်အပေါ် လူအများ လေးစားစေရန် ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို လူတတ်လုပ် ပြောဆိုခြင်းသည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ သင့်ကိုယ်သင် ကြွားလုံးထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့အတွက် လုံးဝ အကျိုးမဖြစ်စေသကဲ့သို့ ၎င်းတို့ကို မတည်ဆောက်ပေးဘဲ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီကို ကိုးကွယ်ခြင်းအပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုအပေါ် အာရုံမစိုက်ခြင်းအဖြစ်သို့ အလွယ်တကူ ဦးတည်သွားစေနိုင်သည်။ ဤသည်မှာ လူတို့ကို လမ်းလွဲစေခြင်း မဟုတ်လော။ ဤသို့ ဆက်လက်လုပ်ဆောင်ခြင်းသည် လူတို့ကို ဘောင်ခတ်ပြီး ပိတ်လှောင်သည့် အနှစ်မဲ့သော သီအိုရီနှင့် စည်းမျဉ်းများ များစွာကို ထွက်ပေါ်လာစေလိမ့်မည်။ ယင်းသည် အမှန်တကယ်ပင် အရှက်ရစရာ ကောင်း၏။ ထို့ကြောင့် စစ်မှန်သည့်အရာကို ပို၍ပြောလော့။ အမှန်တကယ် တည်ရှိသော ပြဿနာများအကြောင်းကို ပို၍ပြောလော့။ တကယ့်ပြဿနာများကို ဖြေရှင်းရန် အချိန်ပိုပေးကာ သမ္မာတရားကို ရှာဖွေလော့။ အရေးအကြီးဆုံးမှာ ဤအရာပင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ယူရာတွင် မနှောင့်နှေးနှင့်။ ဤသည်မှာ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်သည်။ အခြားလူတို့၏ အတွေ့အကြုံနှင့် အသိပညာကို သင်ကိုယ်တိုင်၏ ကိုယ်ပိုင်ပစ္စည်းအဖြစ်ယူပြီး အခြားလူများလေးစားရန်အတွက် ကိုင်ဆောင်ပြခြင်း မပြုလုပ်နှင့်။ သင်သည် သင်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှု ရှိရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ အသက်ဝင်ရောက်မှုရှိလိမ့်မည်။ ဤသည်မှာ လူတိုင်းလက်တွေ့လုပ်ဆောင်ပြီး အာရုံစိုက်သင့်သည့်အရာ ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

(၃၅၀) သင်တို့၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းသည် သင်တို့၏ ကိုယ်ပိုင်အခြေအနေများနှင့် တစ်သားတည်း ဖြစ်ပါသလော။ တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်များကို သင်ရှာတွေ့နိုင်ပြီး သူ့ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယူဝါဒတစ်ခုကို တွေးတောဆင်ခြင်မှုမရှိဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ။ ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၃၅၁) ဘုရားသခင်ကို စတင်၍ ယုံကြည်လာခဲ့ကြသည့် အချိန်ကတည်းက လူတို့သည် မမှန်ကန်သော ရည်ရွယ်ချက်များကို သိုထားခဲ့ကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ပြုပြင်ရန်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီအဟုတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ပြုပြင်ရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ လူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေသောကြောင့်၊ ထို့ပြင် ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ကြံသည့် အချိန်တိုင်း၊ စစ်ဆေးပြုပြင်ခြင်းကို သူတို့ ဖြတ်သန်းသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ်မှာ ဘုရားသခင် လုပ်ဆောင်သည့် အချိန်တိုင်းမှာ လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရသည်။ ဤအရာအားလုံးသည် လူများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ သူတို့ပြုလုပ်ရမည့် အမှန်တကယ် ပေးဆပ်မှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ထိုပေးဆပ်ခြင်း တစ်စိတ်တစ်ပိုင်းပင်။ ဤသည်မှာ လူတို့ လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ သူတို့ ဖြည့်ဆည်းရမည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်။ သို့သော်လည်း ဘေးဖယ်ထားဖို့ လိုအပ်သည့် သူတို့ အတွင်းထဲက ဤအချက်ကို ဘေးဖယ်ထားရပါမည်။ သင်က ဤကဲ့သို့မလုပ်လျှင် သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ မည်မျှပင် ပြေးလွှားလုပ်ကိုင်ပါစေ အားလုံးသည် အလဟဿ ဖြစ်ပါမည်။ ဆိုလိုသည်မှာ သင့်အတွင်းမှာရှိသည့် ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိသလားဆိုသည်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သင်က သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်းများ အားလုံးသည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်သည်။ သင်၏ အတွင်း စိတ်သဘောထားက ပြောင်းလဲမှုမရှိလျှင်၊ ဒုက္ခခံစားမှုတွေ သင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်မှာ သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်၏ အသိအမှတ်ပြုမှု ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုမှုမရရှိသည့် အခက်အခဲသည် အလဟဿသာ ဖြစ်သည်။ ထို့ကြောင့် သင်ပေးဆပ်ခဲ့ရသည့် အရာကို ဘုရားသခင် အသိအမှတ်ပြုမပြု ဆိုသည်မှာ သင့်စိတ်တွင်းမှာ ပြောင်းလဲမှု ရှိမရှိအပေါ်မှာ မူတည်ပြီး သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်မှု၊ ဘုရားသခင်ကိုသိမြင်မှု၊ ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ သင်၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အယူအဆများကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုရှိ၊ မရှိအပေါ်မှာ မူတည်ဆုံးဖြတ်သည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဆန့်ကျင်တွန်းလှန်ရန် ဘယ်သောအခါမျှ မသိဘဲ ပြင်ပ လုပ်ဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ရှာဖွေဖို့ရန်သာ သိလျှင်၊ သင့်အသက်တာကို တစ်ခါမှ အာရုံမစိုက်လျှင် သင်၏ ဒုက္ခခံစားရခြင်းသည် အလဟဿဖြစ်သွားမည်ပင်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

(၃၅၂) ရှင်းလင်းတိကျစွာပြောရလျှင် မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားနှင့် သူ၏အလိုဆန္ဒများကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုဆန္ဒများကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘာဝအနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အမှုအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း သူမြင်တွေ့ခဲ့သည်။ သူသည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ သူသည် အချည်းနှီး ခံစားခဲ့ရခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် အထူးတလည် ဂရုပြုခြင်းဖြင့် သူအာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့် အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြုခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးသည့်နောက်တွင် သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ အလိုဆန္ဒများနှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလာခဲ့ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

(၃၅၃) သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ ကျိုးနွံနာခံနိုင်ပြီး သူ၏ရည်ရွယ်ချက်များကို လုံးဝ အလေးထားနိုင်ပါက ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် သစ္စာဖာက်ပြီး အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ့ထံတွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နှစ်မြုပ်ထားပြီး သူ၏ရှေ့တွင် မိမိတို့ကိုယ်ကို ထားရှိသည်။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်နှင့် အမှုတော်အားလုံးကို ကျိုးနွံနာခံနိုင်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်ခံနိုင်ပြီး ယင်းတို့ကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် အဖြစ် ခံယူကာ၊ မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။ သင်သည်ဤသို့ လက်တွေ့လုပ်ဆောင်လျှင် ယင်းက သင့်အသက်အတွက် အကျိုးရှိပြီး၊ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲရန်အလို့ငှာ၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်၏ အတွင်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သင် ဖြည့်ဆည်း နိုင်ပါက၊ ဤအရာက ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပါက၊ ပြီးလျှင် သင်သည် ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ၊ ယင်းအစား ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေပါက၊ ဤအရာတွင် သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းသည် သင်၏ တာဝန်ကို ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏အလုပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ဆိုလိုပေသည်။ ဤသို့သော လက်တွေ့ကျသည့် လုပ်ဆောင်မှုများကိုသာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်နိုင်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု စတင်ခြင်း ဖြစ်သည်။ သင်သည် ဤလေ့ကျင့်မှုကို ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သင်သည် သာ၍ပင် နက်ရှိုင်းသော လက်တွေ့အရှိတရားများထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

(၃၅၄) ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ အဖြစ်မှန်သည် အချက်အချာ ဖြစ်၏။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် စကားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

(၃၅၅) ဘုရားသခင်ကို ချစ်သောသူတို့သည် သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ၊ သမ္မာတရားကို ပို၍ရှိလေလေဖြစ်သည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ဘုရားသခင်၏ ချစ်ခြင်းပို၍ ရှိလေလေဖြစ်သည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ဘုရားသခင်၏ ကောင်းချီးများကို ခံရလေလေဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်။ ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် လက်တွေ့ကျသော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။ “လူတို့၏ချစ်ခြင်းကို ကိုယ်တော်ခံထိုက်သည့် အကြောင်းရင်းမှာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပါသလော။ ကိုယ်တော်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများစွာရှိပါ၏။ ကိုယ်တော်သည် လက်တွေ့ဘဝတွင် ပြုမူလုပ်ဆောင်ပြီး လှုပ်ရှား သွားလာတော်မူသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်တင်ကာ ဆုံးမတော်မူသည်။ ဤအရာများက လူတို့၏ချစ်ခြင်းကို သာ၍ခံထိုက်ပါ၏။” ဟု ပေတရုက ယေရှုကို ပြောခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့ကာ ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက၊ သင့်အနေဖြင့် လက်တွေ့ဘဝကို စူးစမ်းစစ်ဆေးကာ လက်တွေ့ဘဝ၌ ရှာဖွေရမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် ဇာတိပကတိကို ဘေးသို့ ဖယ်ထားရန် လိုလားနေရမည်။ သင်သည် ထိုသန္နိဌာန်ကို ချရမည်။ သင်သည် ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိကို မွေ့လျော်ခြင်းများကို တပ်မက်ခြင်း မရှိဘဲ၊ ဇာတိပကတိအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်သည်။ ထိုသို့ဖြစ်သည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကျေနပ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိခန္ဓာကျေနပ်အောင် မပြုလုပ်ရ။ ဤသို့ သင်တွေ့ကြုံသောအခါ၊ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း သင်မြင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် လူတို့အလယ်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ သူ၏ဝိညာဉ်တော်သည် သူ၏ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို လူတို့အား တွေ့မြင်ခွင့်ပေးကာ သူ၏ဆုံးမပဲ့ပြင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် ကောင်းချီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ခံစားခွင့်ပေးလျက်၊ လက်တွေ့ဘဝတွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင်၊ လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာ၍ရမည် မဟုတ်ပေ၊ ပြီးလျှင် အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင်၊ သင်သည် ပြစ်တင်ရှုတ်ချမှုကို ခံနိုင်စွမ်းနှင့်နောင်တရနိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည်မဟုတ်။ အကယ်၍ တစ်နေ့ ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည်ဟု ပြောလျှင်၊ သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့ခြင်းကို ခံရမည်ထက် အသေခံလိုက်မည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို စွန့်ခွာနိုင်စွမ်းမရှိဟု ခံစားလာရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

(၃၅၆) ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူတို့၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ နေ့စဉ်ဘဝများတွင် ဘုရားသခင် လုံးဝမပါရှိပေ။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူအားလုံးက ယုံကြည်သော်လည်း ဘုရားသခင်သည် သူတို့၏ နေ့စဉ် အသက်တာများတွင် လုံးဝမရှိ။ လူ့နှုတ်ဖျားက ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက်အမြား ပြောဆိုသော်လည်း၊ သူတို့စိတ်နှလုံးအထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စစ်ကြောသည်။ ဤသည်မှာ လူတို့သည် မစင်ကြယ်သောကြောင့်၊ ဘုရားသခင်၏ ဤစမ်းသပ်မှုများအတွင်း ၎င်းတို့သည် အရှက်ရပြီး ကိုယ့်အကြောင်းကိုယ် သိလာစေရန် ဘုရားသခင်၌ ၎င်းတို့ကိုစစ်ကြောခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သို့မဟုတ်လျှင်၊ လူသားသည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများ ဖြစ်သွားလျက် ပို၍ပို၍ ဖောက်ပြန်ပျက်စီး လာလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်စဉ်၌ လူတစ်ယောက်စီသည် ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များစွာနှင့် ရည်မှန်းချက်များစွာကို ဘုရားသခင်၏ ဆေးကြောခြင်း ခံယူလျက် စွန့်ပစ်ကြသည်။ သို့မဟုတ်လျှင် ဘုရားသခင် အဘယ်သူကိုမျှ အသုံးမပြုနိုင်ဘဲ၊ လူတို့၌ သူပြုသင့်သည့်အရာကို မပြုနိုင်ဘဲ ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတို့ကို ရှေ့ဦးစွာ သန့်စင်ပေးသည်။ ဤဆေးကြောခြင်း လုပ်ငန်းစဉ်အားဖြင့် လူတို့သည်မိမိကိုယ်ကို အသိတရား ရရှိလာပြီး ဘုရားသခင်က ပြောင်းလဲကောင်း ပြောင်းလဲပေးလိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ အသက်ကို ၎င်းတို့အထဲတွင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် ၎င်းတို့၏နှလုံးသားသည်လည်း ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ လူများ ပြောကြသလောက် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်ပေ။ ဘုရားသခင်၏ အမြင်အတိုင်းဆိုလျှင် သင်၌ ပညာအသိသာရှိပြီး အသက်အဖြစ် သူ၏ နှုတ်ကပတ်တော်ကို မရှိပေ၊ ထို့အပြင် သင်သည် မိမိအသိပညာ အကန့်အသတ် ဘောင်ထဲ၌သာရှိပြီး သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ပါက၊ ၎င်းသည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး သင်၌ မရှိသေးကြောင်းကို သက်သေပြနေပြီး သင့်နှလုံးသားသည် ဘုရားသခင်နှင့် မသက်ဆိုင်ကြောင်းကိုလည်း ပြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်။ ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။ ဤလမ်းပေါ်တွင် လူများစွာက သိနားလည်မှုအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ တစ်သက်တာလုံး အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ သူတို့သည် အပြင်ပန်းတွင် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကို မလွတ်တမ်း အသုံးချကာ သင်ချစ်မြတ်နိုးသော သမ္မာတရား လိုက်စားခြင်းကို အဘယ်ကြောင့် သင် မပြုသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍များ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ လက်တွေ့တွင် လူတို့သည် အနည်းငယ်မျှသာ အားထုတ်လိုက်ပါက၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး၍ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သော အမှုအရာများစွာ ရှိသည်။ လူတို့၏ စိတ်တို့သည် အစဉ်သဖြင့် တွေဝေနေသောကြောင့်သာ သူတို့သည် ဘုရားသခင်အဖို့ မလုပ်ဆောင်နိုင်ကြဘဲ မိမိတို့၏ ဇာတိပကတိအတွက်သာ အစဉ်မပြတ် ပြေးလွှားနေကြပြီး အဆုံး၌ တစ်ခုမျှ အရာမထင်ဘဲ ဖြစ်ကြရသည်။ ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊ အခက်အခဲများ၏ဒဏ် ခံစားနေရခြင်း ဖြစ်၏။ ၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။ ယင်းသည် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်ဖြင့် မလှည့်စားသင့်ပေ။ ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာကို လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်အရာကို ရရှိနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

(၃၅၇) ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ ကလိမ်ကကျစ်ကျခြင်းနှင့် မတရားသော အလေ့အထများကို ဆောင်ရွက်သည့် လူများအားလုံးသည် သမ္မာတရား ကင်းမဲ့ပြီး သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေခံများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော လူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် ဖယ်ရှားရှင်းလင်းခြင်းခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ထုတ်ဖော်ခံရမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်များဖြစ်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝသည် အတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော အဆုံးသတ်များပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အရှေ့သို့- (က) ဘုရားသခင်၌ ယုံကြည်မှုရှိခြင်းသည် မည်သည့်အရာဖြစ်သည်ကို ထုတ်ဖော်ခြင်းနှင့် ပတ်သက်၍

နောက်တစ်ခုသို့- (ဂ) မိမိကိုယ်ကိုယ် သိကျွမ်းသည့်နည်းလမ်းနှင့် စစ်မှန်သော နောင်တရရှိသည့်နည်းလမ်းတို့နှင့် ပတ်သက်၍

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။