မေးခွန်း (၁၇) အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်ကြွဆင်းလာတဲ့ ဘုရားသခင်ပဲလို့ ရှင်တို့ပြောတယ်။ ရှင်တို့ရဲ့ယုံကြည်မှုကလည်း ဘဝမှာ သမ္မာတရားကိုရှာဖွေလိုမှု မှန်ကန်တဲ့လမ်းကို ရှာဖွေလိုမှုကနေ မြစ်ဖျားခံလာတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေ့အကြုံအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တပည့်တော် အတော်များများဟာ ယေရှုရဲ့ သာသနာပြုတွေလိုပဲ၊ မိသားစုတွေ ဘဝတက်လမ်းတွေကိုစွန့်လွှတ်ဖို့၊ မတွေဝေဘဲ ဧဝံဂေလိသတင်းကောင်းဟောကြားဖို့ ၊ ဘုရားသခင်ကို သက်သေခံဖို့အတွက် သူတို့ရဲ့ ကိုယ်ရော၊ ဝိညာဉ်ကိုပါ ဘုရားသခင်ဆီ အပ်နှင်းထားတာပဲ။ အဲဒီလူတွေထဲမှာ နောက်ဆုံးသောကာလရဲ့ခရစ်တော်နောက်ကို လိုက်ဖို့အတွက်၊ လက်ထပ်ထိမ်းမြားခြင်း မပြုဖို့ရွေးချယ်လိုက်တဲ့ လူငယ်လေးတွေလည်း အများကြီးပါတယ်။ ရှင်တို့တွေ ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တဲ့အတွက်၊ ဘုရားသခင်ကိုယုံကြည်သူတွေဟာ များသထက် ပိုများလာတယ်။ ကမ္ဘာပေါ်က လူတိုင်းသာ ဘုရားသခင်ကိုယုံကြည်ကြရင်၊ ကွန်မြူနစ်ပါတီ ထဲကို ဘယ်သူကဝင်ဦးမှာလဲ။ ပါတီကိုရော ဘယ်သူကယုံကြည်ဦးမှာလဲ။ ဒါကြောင့် အစိုးရက ယုံကြည်သူတွေကို ဖိနှိပ်ဖမ်းဆီးရတာဖြစ်တယ်။ ပြဿနာကို မြင်ပြီလား။ ရှင်တို့တွေရဲ့ အဲဒီလိုယုံကြည်ချက်ကြောင့် လူတွေအများကြီး အဖမ်းခံရ၊ ထောင်အချခံရ၊ အိုးပစ်အိမ်ပစ်ထွက် ပြေးရတွေ ဖြစ်ကြရတာ။ လင်မယားတွေအများကြီး ကွာရှင်းကုန်ကြပြီး၊ ကလေးတွေအများကြီး မိဘမဲ့ဖြစ်ကြရတယ်။ သက်ကြီးရွယ်အိုတွေအများကြီးလည်း ပြုစုမယ့်သူ မရှိရှာတော့ဘူး။ ရှင်တို့တွေ ဘုရားသခင် အပေါ်ထားတဲ့ ဒီလိုယုံကြည်ချက်ကြောင့် ရှင်တို့ရဲ့မိသားစုတွေပဲ စိတ်ဆင်းရဲခံစားကြရတာ။ ရှင်တို့ရဲ့ ပန်းတိုင်ကဘာလဲ။ ဒီလမ်းက ရှင်တို့ပြောတဲ့ လမ်းပြခြင်းခံရပြီးရောက်လာတဲ့ လမ်းမှန်လား။ တရုတ်ရိုးရာယဉ်ကျေးမှုမှာ ဘိုးဘွားမိဘတွေ အပေါ်ရိုသေပူဇော်ခြင်းကို အထွဋ်အမြတ်ထား ကြတယ်။ ဆိုရိုးအရ “အရာအားလုံးထက် ဘိုးဘွားမိဘတွေအပေါ်ရိုသေဖို့ အရေးစိုက်ပါ” တဲ့။ ကွန်ဖြူးရှပ်ကလည်းပြောခဲ့တယ်၊ “မိဘတွေ သက်ရှိထင်ရှားရှိနေတုန်း ခရီးဝေးထွက်မသွားပါနဲ့” တဲ့။ မိဘတွေပေါ်ရိုသေခြင်းဟာ လူသားအချင်းချင်း ဆက်ဆံမှုမှာ အခြေခံအုတ်မြစ်ပဲ။ ရှင်တို့ကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေကိုတောင် ဂရုစိုက်မပေးနိုင်ဘဲ၊ ဘုရားသခင် နောက်ကိုပဲ အခုရှင်တို့လိုက်သလို လိုက်နေတာက လူသားတွေအတွက် လိုက်လျှောက်စရာလမ်းမှန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယုံကြည်သူတွေက အကောင်းဆုံးလူတွေလို့ သူများတွေပြောကြတာ ခဏခဏကြားဖူးတယ်။ ဒါမမှားဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုကိုးကွယ်တဲ့ရှင်တို့တွေက ဘုရားသခင်ကို အရာအားလုံးထက် အလေးအမြတ်ထားတာကို ကွန်မြူနစ်ပါတီက အမြင်မကြည်ဘူး။ အဲဒါကို သူတို့တွေ မုန်းတယ်။ ရှင်တို့တွေက ဧဝံဂေလိတရားကို လိုက်ဟောနေပေမဲ့ ကိုယ့်မိသားစုကိုတောင် ပြန်ဂရုမစိုက်နိုင်ဘူး။ ဒါမျိုးကို လုပ်ရပ်ကောင်းပါလို့ ဘယ်လိုသတ်မှတ် ရမှာလဲ။ ရှင်တို့ရဲ့ယုံကြည်မှုက တစ်နေရာရာမှာတော့ လမ်းလွဲခဲ့ပြီလို့ မထင်မိဘူးလား။ ရှင်တို့တွေ အခုလိုလုပ်နေတာတွေက ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေတာ မဟုတ်ဘူးလား။ ရှင်တို့တွေ လမ်းမှားကို ဆက်မလျှောက်ဖို့ အကြံပေးချင်တယ်။ ရှင်တို့ရဲ့ ယုံကြည်ချက်ကိုစွန့်လွှတ်ပြီး အိမ်ပြန်ကြပါ၊ မိသားစုတွေနဲ့ပြန်ဆုံပြီး သူတို့ကိုဂရုစိုက်ပါ၊ သာမန်ဘဝနဲ့ နေထိုင်ပါ။ အဲဒါဟာ သားသမီးတွေအဖြစ်နဲ့ရော မိဘတွေအဖြစ်နဲ့ပါ ရှင်တို့ထမ်းဆောင်ရမယ့် ဝတ္တရားဖြစ်တယ်။ ဒီလိုလက်တွေ့ကျတဲ့အရာတွေကိုသာ လူသားတွေအနေနဲ့ လုပ်ဆောင်သင့်တယ်။

အဖြေ- ကျွန်မတို့တွေက မိသားစုနဲ့ ဘဝတက်လမ်းကို စွန့်ပစ်ပြီး၊ ဘုရားသခင်နောက်လိုက်တာ လမ်းလွဲသွား ခဲ့တာလို့ ရှင်ပြောတယ်။ ရှင်ပြောတာ တက်တက်စင်အောင်မှားတယ်။ ရှင်က ဘာသာမဲ့ပဲ ကျွန်မကို ပြောပြစမ်းပါ။ လူသားမျိုးနွယ်က ဘယ်လမ်းကိုလိုက်သင့်လဲ။ ရှင်ရောသိလား။ ကမ္ဘာပေါ်မှာရှိသမျှ အမှောင်တွေ ဆိုးယုတ်မှုတွေ ဘယ်ကနေလာလဲဆိုတာ ရှင်မြင်နိုင်လား။ ကျွန်မတို့လူသားတွေ ဘာကြောင့် အပြစ်နွံထဲမှာပဲ နစ်ပြီး ရုန်းကန်နေရတယ်ဆိုတာ သိလား။ အပြစ်လုပ်ပြီးရတဲ့စိတ်ခံစားချက်အပေါ် သာယာတာ ကို ပျော်ရွှင်မှုအစစ်လို့ ရှင်ထင်လား။ လူ့ဇာတိခံယူတဲ့ဘုရားသခင်က ကျွန်မတို့ လူသားတွေရဲ့ အပြစ်ကို ဖယ်ရှားပေးပြီး အလင်းဆီကို၊ ကောင်းမွန်တဲ့ပန်းတိုင်ဆီကို ခေါ်ဆောင် သွားဖို့ ကြွဆင်းလာခဲ့ပြီ။ ပျက်စီးနေတဲ့ လူသားမျိုးနွယ်အတွက် ဒါ သတင်းကောင်းပဲ။ ကျွန်မတို့ လူသားတွေအားလုံးဟာ စာတန်ကြောင့် ပျက်စီးနေကြပြီ။ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော် သမ္မာတရားအားလုံးကို ကျွန်မတို့ လက်ခံသင့်တယ်။ ဒီနည်းနဲ့သာလျှင် အပြစ်ကနေသန့်စင်ပြီး၊ ကယ်တင်ခြင်းကိုရရှိနိုင်မယ်။ ကျွန်မတို့လူသားတွေ လိုက်လျှောက်သင့်တဲ့လမ်းဟာ ဒီလမ်းပဲ။ ဘာဖြစ်လို့များ ဒါကို မှားနေတယ်လို့ ပြောနိုင်ရတာလဲ။ ရှင့်ရဲ့အမြင်အရဆိုရင် သခင်ယေရှုရဲ့ တပည့်တော်တွေက သခင်နောက်ကို လိုက်ဖို့ သူတို့ရဲ့မိသားစုတွေကို စွန့်လွှတ်ခဲ့တာပဲလေ။ အဲဒါ လမ်းမှားပဲမဟုတ်လား။ တရုတ်ပြည်ကို လာဖို့အတွက် ချစ်ခင်ရသူတွေကို ထားပစ်ခဲ့တဲ့ အနောက်တိုင်းသာသနာပြုတွေကလည်း သခင်ယေရှု ပေးတဲ့ ကယ်တင်ခြင်းအကြောင်း သက်သေခံဖို့ အတွက် သူတို့ရဲ့တစ်ဘဝလုံးကို မြှုပ်နှံထားတာပဲ။ တချို့တွေဆို အသက်ကိုပါစွန့်ခဲ့ရတယ်။ ဒါကိုတောင် သူတို့တွေက အကြင်နာတရားမရှိဘူးလို့ ရှင်က ပြောရက်တယ်ပေါ့။ သူတို့က လူတွေကယ်တင်ခြင်း ရဖို့အတွက် ဘုရားသခင်ရဲ့အလိုတော်အတိုင်း လိုက်လျှောက် နေကြတာပဲ။ သူတို့ဟာ စိတ်သဘောထားကောင်းကြတယ်။ ဒါဟာ ဘုရားအလိုတော်ကို လိုက်လျှောက်တဲ့နေရာမှာ အဖြောင့်မတ်ဆုံးအရာပဲ။ သခင်ယေရှု ပြောခဲ့တယ်- “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။( လုကာ ၁၄:၂၆ )အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။(မဿဲ ၁၀:၃၈) နှစ်ပေါင်းနှစ်ထောင်တိုင်အောင် မရေမတွက်နိုင်အောင်များတဲ့ ခရစ်ယာန်တွေဟာ သူတို့ရဲ့မိသားစုနဲ့ ဘဝတက်လမ်းတွေကိုစွန့်လွှတ်ပြီး၊ ဘုရားသခင်ရဲ့ဧဝံဂေလိသတင်းကောင်းကို ပြောကြားဖို့ သူတို့ရဲ့ဘဝတွေကို မြှုပ်နှံခဲ့ကြတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအကြောင်းကို တစ်ကမ္ဘာလုံးက လူတွေ သိသွားကြခြင်းဟာ သူတို့ရဲ့ ကိုယ်ကျိုးမဖက်တဲ့ အားထုတ်မှုတွေကြောင့်ပဲ။ ဒီနေ့မှာ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အဖြစ် ပြန်ပြီးကြွဆင်းလာပြီ။ နောက်ဆုံးသောကာလ မှာ လူသားတွေကို အပြစ်ကနေသန့်စင်ပြီး၊ ရွေးနုတ်ကယ်တင်တဲ့ စီရင်ခြင်းအမှုတော်ကိုပြုဖို့ သမ္မာတရားကို ဟောကြားပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင် ခရစ်ယာန်တွေက လူသားတွေ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အကြောင်း ပိုကြားနိုင်ဖို့နဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အပြစ်သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်ခံရရှိပြီး၊ အံ့ဖွယ်ခရီးပန်းတိုင်ကို ဝင်ခွင့်ရဖို့၊ တန်ဖိုးထားသမျှအရာအားလုံးကို စွန့်လွှတ်ပြီး၊ ကယ်တင်ရှင် နောက်ဆုံးသောကာလရဲ့ခရစ်တော်အတွက် သက်သေခံဖို့ တစ်ဘဝလုံးပေးအပ်လိုက်ကြတာပဲ။ ကျွန်မတို့တွေ မှားနေတယ်လို့ ရှင်ထင်တယ်ပေါ့။ သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်နေတာ ဘုရားသခင်အလိုတော်အတိုင်း လိုက်လျှောက်နေတာပါ။

ရှင်တို့တွေက ယုံကြည်သူတွေဟာ ဧဝံဂေလိတရားဟောဖို့ မိသားစုတွေကိုပစ်ပယ်လို့ ခရစ်ယာန်မိသားစုတွေအများကြီး ပြိုကွဲကြရတယ်လို့ ပြောတယ်နော်။ ဒီစကားက တကယ်ရောမှန်ရဲ့လား။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အချိန်ကစပြီး ဘာသာရေးယုံကြည်ချက်တွေကို ဖိနှိပ်တာ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဝါဒ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်လို့ တံဆိပ်ကပ်တာ လူတိုင်းသိတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေကို ဖမ်းဆီးပြီး နှိပ်ကွပ်ကြတယ်။ မရေမတွက်နိုင်တဲ့ ခရစ်ယာန်တွေကို အကျဉ်းချပြီး ခရစ်ယာန်တွေအများကြီး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရတယ်။ မိသားစုတွေကို တကယ်ဖျက်ဆီးနေတာ ဘယ်သူတွေလဲ။ ခရစ်ယာန်တွေ အိမ်မပြန်နိုင်အောင်လုပ်ပြီး၊ မိသားစုဝင်တွေကို တကွဲတပြားစီဖြစ်အောင် တကယ်တွန်းပို့နေကြတာက ဘယ်သူတွေလဲ။ ဒီကြေကွဲစရာဖြစ်ရပ်ကြီးတစ်ခုလုံးဟာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို နှိပ်ကွပ်လို့ ဖြစ်လာရတာမဟုတ်ဘူးလား။ ဒီမိုကရေစီကျင့်သုံးတဲ့ အနောက်နိုင်ငံတွေမှာ ခရစ်ယာန်တွေက မိသားစုနဲ့ ဘဝတက်လမ်းကိုစွန့်လွှတ်ပြီး၊ ဧဝံဂေလိသတင်းကောင်းကို ပြောကြားတဲ့အချိန်မှာ သူတို့ရဲ့မိသားစုတွေက ဘာကြောင့်မပျက်စီးကြတာလဲ။ ဒီမှာ ဘာဖြစ်လို့ပျက်စီးကြရတာလဲ။ ကွန်မြူနစ်ပါတီအစိုးရတဲ့ တရုတ်ပြည်မှာ ဘုရားသခင်ကိုယုံကြည်မှုက ဘာကြောင့်များ ပြစ်မှုကြီးတစ်ခုဖြစ်နေရတာလဲ။ ဘယ်တိုင်းပြည်မှာ ဒီလိုဥပဒေတွေရှိသလဲ။ ဘယ်လို အုပ်ချုပ်သူအစိုးရမျိုးမို့လို့လဲ။ ကျွန်မမှာ တစ်ချိန်တုန်းက အရမ်းပျော်ရွှင်စရာမိသားစုလေး ရှိခဲ့ဖူးတယ်။ ကျွန်မရဲ့ယုံကြည်မှုအကြောင်း တရုတ်ကွန်မြူနစ်ရဲတွေသိသွားကြတဲ့အချိန်မှာ ကျွန်မကို လာဖမ်းကြတော့တာပဲ။ ထွက်ပြေးဖို့ပဲ ကျွန်မတတ်နိုင်ခဲ့တယ်။ ကျွန်မရဲ့မိသားစုဝင်တွေကိုတောင် အလွတ်မပေးဘူး။ ကျွန်မတို့အိမ်ကို စောင့်ကြည့်ပြီး၊ ကျွန်မတို့ဖုန်းကို ဖမ်းနားထောင်ရုံတင်မကဘူး၊ ကျွန်မသမီးလေးရဲ့ကျောင်းကိုသွားပြီး ကျွန်မက နိုင်ငံရေးရာဇဝတ်သားဖြစ်တဲ့အတွက် စောင့်ကြည့်သတင်းပေးပါလို့ ပြောတယ်။ ရလဒ်ကတော့ ဆရာတွေနဲ့ ကျောင်းသားတွေက ကျွန်မသမီးလေးကို ခွဲခြားဆက်ဆံကြပြီး၊ ကျောင်းကနေ အဓမ္မထုတ်ခံလိုက်ရတာပါပဲ။ သမီးလေးက အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူ့အကြောင်းကို အမြဲတမ်းတွေးနေခဲ့တာ။ ကျွန်မရဲ့ မိဘတွေကို လွမ်းပေမယ့် သူတို့ဆီဖုန်းဆက်ဖို့ မကြိုးစားရဲဘူး။ ကျွန်မရဲ့ဇာတိမြို့လေးကို ခဏခဏဖြတ်ရပေမဲ့ ကျွန်မတတ်နိုင်တာက အဝေးကနေ ငေးကြည့်ရုံပဲ၊ ပြန်မသွားရဲဘူးလေ။ ကျွန်မမှာ ရွေးချယ်ခွင့်ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်မမှာ လုပ်ခွင့်တောင် မရှိခဲ့ဘူး။ ကျွန်မကိုထုတ်တဲ့ ဖမ်းဝရမ်းကြောင့် ကျွန်မခင်ပွန်းရဲ့ လုပ်ငန်းတွေထိခိုက်ပြီး၊ နောက်ဆုံးမှာ ကျွန်မကို ကွာရှင်းသွားပါတယ်။ ကျွန်မရဲ့ မိသားစုလေး တစ်စစီပြိုကွဲခဲ့ရတယ်။ အဲဒီအတွက်ရော ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ ကျွန်မမိသားစုကို စောင့်ရှောက်မယ့်သူမရှိတော့ဘူး။ ဒီကိစ္စမှာ လက်သည်တရားခံက ဘယ်သူလဲ တရုတ်ကွန်မြူနစ်အစိုးရပဲ မဟုတ်ဘူးလား။ ယုံကြည်သူတွေကို နှိပ်ကွပ်ဖို့အတွက် တတ်နိုင်တာမှန်သမျှ လုပ်ကြမှာပဲ။ ကျွန်မတို့တွေကို အေးအေးလူလူနေထိုင်ခွင့်တောင် မပေးကြဘူး။ ပြီးတော့ ကျွန်မတို့ရဲ့မိသားစုတွေကိုပါ အလွတ်မပေးဘူး။ ကောင်းကင်ဘုံက ဒါကို ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး။ ကျွန်မတို့လိုက်လျှောက်တဲ့လမ်းက လုံးဝကိုမှန်ကန်တယ်။ ဒါကို ဘာဖြစ်လို့များ ကျွန်မတို့ကို ဒီလိုဆက်ဆံတာလဲ၊ နိုင်လိုမင်းထက်လုပ်တာလဲ။ ဒါ သူတို့အော်အော်နေတဲ့ ကြီးမြတ်မှု ခမ်းနားမှုနဲ့ ဖြောင့်မတ်မှု ဆိုတာလား။ ကွန်မြူနစ်ပါတီက သူတို့လက်လှမ်းမီသမျှ ယုံကြည်သူတွေကို အကျဉ်းချတဲ့အတွက် မရေမတွက်နိုင်တဲ့ ခရစ်ယာန်အိမ်ထောင်တွေ ပြိုကွဲရတယ်။ ပြီးတော့ ဒီလိုတွေဖြစ်အောင် ကျွန်မတို့ကပဲ ကိုယ့်ဟာကိုယ် လုပ်သလိုလို သဘောမျိုးပြောပြီး၊ ကမ္ဘာပေါ်မှာ ရှိသမျှ ပြဿနာတွေက ကျွန်မတို့ရဲ့ ယုံကြည်မှုကြောင့် ဖြစ်ရတာလို့ လူတိုင်းကိုပြောတယ်။ ခရစ်ယာန်တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်လို့ ပြောတယ်။ ကွန်မြူနစ်ပါတီက မျက်နှာပြောင်တိုက်ပြီး အမှန်တရားကို ပုံဖျက်နေတာ အလိမ်အညာတွေ ပြောနေတာပဲ။ အဲဒီလုပ်ရပ်အတွက်လည်း သူတို့မှာ ရှက်ရကောင်းမှန်းမသိဘူး။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၆) အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းတဲ့ ဘုရားသခင်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်လို့ ပြောတယ်နော်။ ဘုရားသခင်က ဒီလောကကိုဖန်ဆင်းပြီး စိုးပိုင်တယ်လို့လည်း ပြောတယ်။ သမိုင်းတလျှောက်မှာ လူသားတွေကို လမ်းပြကယ်တင်ခဲ့တယ်လို့လည်း ပြောတယ်။ ခင်ဗျားရဲ့ယုံကြည်မှုတွေကို ချက်ကျလက်ကျ သက်သေပြလို့ ရလား။ ကွန်မြူနစ်ပါတီဝင်ကျွန်တော်တို့တွေက ဘာသာမဲ့တွေ ဘုရားသခင်ရဲ့ပညတ်တော်ကိုရော ဘုရားသခင်ရှိတယ်ဆိုတာကိုပါ နည်းနည်းလေးမှ လက်မခံဘူး။ ခင်ဗျားတို့ယုံကြည်တဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုဆို ပိုတောင်လက်မခံဘူး။ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ လူသားဖြစ်ကြောင်း ရှင်းနေတာပဲ။ သူ့မှာ မိဘတွေ၊ မွေးချင်းတွေရှိတယ်။ ခရစ်ယာန်ဘာသာကတော့ သူ့ကို တစ်ဆူတည်းသောဘုရားအဖြစ် ကိုးကွယ်ဖို့ နားချကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ယေရှုလိုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူပဲ။ သူက လူ့ဇာတိခံယူတဲ့ဘုရားသခင်ပါလို့ ခင်ဗျားတို့က ဘာကြောင့်ယုံရတာလဲ။ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင် ခရစ်တော်အဖြစ် ဘာကြောင့်လက်ခံရတာလဲ။ ဒါ ရူးမိုက်တာပဲ။ ဒါတွေအကုန်လုံး စိတ်ကူးယဉ် သက်သက်ပဲ။ ဘုရားသခင်ဆိုတာမရှိဘူး။ နောက်ပြီး လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ မရှိဘူး။ ကျွန်တော်ထပ်ပြောမယ် ဘုရားသခင်က လူအဖြစ်ကြွဆင်းလာတယ်လို့ ခင်ဗျားပြော တယ်နော်။ ခင်ဗျား ဘာနဲ့သက်သေပြ မလဲ။ ခင်ဗျားတို့ယုံကြည်မှုက ဘာအပေါ်မှာအခြေခံထားတာလဲဆိုတာ ကျွန်တော့်ကိုရှင်းပြနိုင်ကြရဲ့လား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။