၃၉၂ လူတို့သည် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားကို ယုံကြည်သင့်၏ကျူး

၁ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။

၂ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၉၁ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ထိပ်တန်း ဦးစားပေးချက်

နောက်တစ်ခုသို့- ၃၉၃ သင့်ယုံကြည်ခြင်း၌ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကို လိုက်လော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။