၄။ ဘုရားသခင်သည် နောက်ဆုံးသောကာလ သူ၏တရားစီရင်ခြင်း အမှုတော်ကိုလုပ်ဆောင်ရန် အဘယ်ကြောင့် လူသားကိုအသုံးမပြုသနည်း၊ ကိုယ်တော်သည် အဘယ်ကြောင့် လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။” (ယော ၅:၂၃-၂၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်ကာ လောက၏ အညစ်ပတ်ဆုံးနေရာများ၌ မွေးဖွားသည့် ဝက်များကဲ့သို့ သင်တို့ ဖြစ်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤတရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ လူသား၏ ပုန်ကန်မှုကို သူ မြင်သည့်အခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြနိုင်သောကြောင့်၊ ပြီးလျှင် လူသား၏ အညစ်အကြေးကို ဘုရားသခင် မြင်သည့်အခါ သူ၏ သန့်ရှင်းခြင်းကို သူ ထုတ်ဖော်ပြနိုင်သောကြောင့်၊ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ လူတစ်ဦးသည် အခြားတစ်ဦးအား တရားစီရင် မည်ဆိုပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စော်ကား နေကြသကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြ ခံရသည့်အခါ၊ လူတို့ကို တရားစီရင်ဖို့အလို့ငှာ ဘုရားသခင် စကားပြောပြီး၊ ထို့နောက်တွင်သာ သူ သန့်ရှင်းသည်ကို လူတို့ မြင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ခြင်း လိုအပ်ပေသည်။ နှစ်ခုလုံးကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်ပြီး၊ နှစ်ခုလုံးကို ပုံမှန်ဖြစ်ကာ စစ်မှန်သည့် လူ့ဇာတိဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း လိုအပ်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ရပ်လုံးက ယင်းကို လိုအပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိရှိရန်လိုအပ်သည့်အတွက်၊ မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သော ဘုရားများ၏ ပုံရိပ်များကို ၎င်းတို့၏နှလုံးသားများမှ ပပျောက်စေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အတွက်၊ ၎င်းတို့သည် ပထမဦးစွာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကြရမည် ဖြစ်သည်။ အကယ်၍ လူသည် လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ပပျောက်စေသည့် အလုပ်ကိုသာ လုပ်ဆောင်ပါက၊ သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည် မဟုတ်ပေ။ လူတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများတစ်ခုတည်းဖြင့်သာ ဖော်ထုတ်၍ မရနိုင်၊ ဖယ်ရှား၍ မရနိုင်ပေ သို့မဟုတ် လုံးဝ ပပျောက်သွားစေ၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူတို့ထံမှ နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးတွင် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဤမရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အစစ်တို့ဖြင့် အစားထိုးခြင်းနှင့် လူတို့အား ယင်းတို့ကို တဖြည်းဖြည်း သိစေခြင်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။ လူသည် အတိတ်အချိန် ကာလများက ၎င်းရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှု မရှိသကဲ့သို့ သဘာဝလွန် ဖြစ်သည်ကို သတိပြုမိလေသည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်မှာ လူတစ်ဦးဦး၏ သွန်သင်မှုများဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဦးဆောင်မှုပင် မဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းတို့သည် လူသား၏စိတ်ကူးထဲက မရေရာသကဲ့သို့ သဘာဝလွန်သော ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို တရားဝင် လုပ်ဆောင်သောအခါ လူသား၏ အယူအဆများသည် ဖွင့်ချခံရလေသည်။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံ ဘုရားသခင်နှင့် ဆန့်ကျင်ကွဲလွဲသည့်အခါတွင်သာ ထုတ်ဖော်ပြနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ၊ လူသား၏ အယူအဆများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ တစ်နည်းအားဖြင့်၊ အဖြည့်ခံအဖြစ် လက်တွေ့အရှိတရား မရှိဘဲ၊ မရေရာသော အရာများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ မည်သူမျှ ဤအမှုကို လုပ်ဆောင်ရန် စကားလုံးများ သုံးနိုင်စွမ်း မရှိပေသကဲ့သို့၊ စကားလုံးများကို အသုံးပြုလျက် မည်သူမျှ ဤအမှုကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း မရှိပေ။ ဘုရားသခင်ကိုယ်တိုင်သာ သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ၏ကိုယ်စား အခြားမည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ၊ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုကာ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ဖြစ်ခြင်းတို့ကို လုံးဝ ထုတ်ပြသမှသာလျှင်၊ လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးနှင့်ဆိုင်သည့် အမှုကို ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားပေသည်။ ပထမဆုံးအဆင့်- ကမ္ဘာလောကကို ဖန်ဆင်းခြင်း- သည် ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်းဖြစ်ကာ၊ ထိုသို့ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ မည်သူမျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ယင်းကိုလည်း ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ ပေသည်။ တတိယအဆင့်မှာ ပြောရန်မလိုပေ။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်ရမည့် အမှုအားလုံး၏ နိဂုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ဖို့ သာ၍ပင် လိုအပ်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင် ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားပေသည်။ သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ပါက၊ သူ၏ ပင်ကိုလက္ခဏာကို လူသားက ကိုယ်စားပြုနိုင်မည် မဟုတ်သကဲ့သို့၊ သူ၏အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အလို့ငှာ၊ လူသားမျိုးနွယ်ကို ရယူရန်အလို့ငှာနှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်အသက်တာတစ်ခု ပေးရန်အလို့ငှာ၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူသားကို ဦးဆောင်ပြီး လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုလေသည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်၊ ပြီးလျှင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ သူ့ကို လူသားက မြင်တွေ့နိုင်ဖို့အလို့ငှာ၊ လူသားကို ပျော်ရွှင်စေခြင်းအတွက် ဘုရားသခင် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်ပါက၊ ထိုသို့သော ယုံကြည်မှုများသည် တန်ဖိုး မရှိ၊ အရေးပါမှုမရှိပေ။ လူသား၏သိနားလည်မှုသည် အလွန်အပေါ်ယံ ဖြစ်လွန်း၏။ ဤအမှုကို သူကိုယ်တိုင် ဆောင်ရွက်ခြင်း အားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို စေ့စေ့စပ်စပ်နှင့် လုံးဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ယင်းကို ဘုရားသခင်ကိုယ်စား လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် သူ၏အနှစ်သာရ မရှိသဖြင့်၊ ဘုရားသခင်၏အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့၊ လူသားသည် ဤအမှုကို လုပ်ဆောင်ခဲ့လျှင်ပင်၊ မည်သည့် အကျိုးတရားမျှ ရှိမည် မဟုတ်ပေ။ ပထမအကြိမ် ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ရွေးနုတ်ခြင်းအတွက်ဖြစ်၏၊ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခံရပြီး သူ၏အပြစ်များအတွက် ခွင့်လွှတ်ခံရနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကိုလည်း လူသားအလယ်တွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေသည်။ အကယ်၍ ဤအဆင့်အတွင်းတွင် ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောဆိုရန်သာဖြစ်ပါက၊ သူ၏ နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဦးကို ရှာတွေ့နိုင်ပေသည်။ ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဘုရားသခင်အတွက် လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် ကြိုးစားခဲ့ပြီး၊ လူသား၏အသက်တာ၌ အမှုပြုဖို့ကြိုးစားခဲ့ပါက၊ ဤအမှုကို လုပ်ဆောင်ရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းကို ဘုရားသခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည် ဖြစ်၏။ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ဆောင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင် ထိုအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ဤအဆင့်တွင် လုပ်ဆောင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမျှ မဟုတ်သောကြောင့်၊ ပြီးလျှင် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို အနိုင်ယူရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသောကြောင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ၊ ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါသည် သူ၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏၊ ယင်းနောက်တွင် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့ပြီး၊ ပရောဖက်များမှတစ်ဆင့် အမှုတစ်ချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ယေဟောဝါကို သူ၏အမှု၌ အစားဝင်ပေးနိုင်ခဲ့သကဲ့သို့၊ ပရောဖက်တို့သည် အမှုအရာများကို ကြိုတင်ဟောပြောနိုင်ကြပြီး သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်ပြန်နိုင်ခဲ့ကြသောကြောင့် ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏ စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲခြင်းအမှု မဟုတ်ခဲ့သကဲ့သို့၊ လူသား၏အပြစ်နှင့် ဆက်နွှယ်မှု မရှိပေ၊ ပြီးလျှင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် လူ့ဇာတိမခံယူခဲ့သကဲ့သို့၊ လူသားထံ မိမိကိုယ်ကိုယ် ထုတ်ဖော်မပြခဲ့ပေ။ ထိုအစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက် စကားပြောဆိုခဲ့ပြီး၊ ၎င်းတို့အား သူ့ကိုယ်စား စကားပြောကာ အမှုပြုစေပြီး၊ လူသားမျိုးနွယ်ကြားတွင် သူ့ကိုယ်စား တိုက်ရိုက် အမှုပြုစေခဲ့သည်။ ဘုရားသခင်၏အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်ခဲ့၏။ ယင်းသည် စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း၊ ဤတိုက်ပွဲသည် တရားဝင် မစတင်ရသေးပေ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်းနှင့်အတူ စတင်ခဲ့ပြီး၊ ယင်းသည် ယနေ့အထိ ဆက်လက်ဖြစ်၏။ ဤစစ်ပွဲ၏ ပထမတိုက်ပွဲသည် ကားတိုင်တွင် လူ့ဇာတိခံဘုရားသခင် သံမှိုရိုက်နှက်ခံရချိန်တွင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းက စာတန်ကို အနိုင်ယူခဲ့ပြီး၊ ယင်းသည် စစ်ပွဲ၌ ပထမဦးဆုံး အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံ ဘုရားသခင်က လူသား၏ အသက်တာ၌ တိုက်ရိုက်အမှုပြုဖို့ စတင်ချိန်တွင်၊ ဤသည်မှာ လူသားကို ပြန်လည်ရယူခြင်း အမှု၏ တရားဝင်အစဖြစ်ခဲ့ပြီး၊ ဤသည်မှာ လူသား၏ စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းအမှု ဖြစ်ခဲ့သောကြောင့်၊ ယင်းသည် စာတန်နှင့် တိုက်ပွဲဆင်နွှဲခြင်း အမှု ဖြစ်ခဲ့ပေသည်။ အစအဦး၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် ကမ္ဘာမြေပေါ်တွင် လူသား၏ဘဝကို ဦးဆောင်လမ်းပြခြင်းမျှ ဖြစ်၏။ ယင်းသည် ဘုရားသခင်၏အမှု အစဖြစ်ပြီး၊ မည်သည့်တိုက်ပွဲမျှ သို့မဟုတ် မည်သည့်အဓိကအမှုမျှ မပါဝင်သေး သော်လည်း၊ လာမည့်တိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်းရှိ အမှု၏ဒုတိယ အဆင့်သည် လူသား၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း ပါဝင်လေသည်၊ ယင်းမှာ ဘုရားသခင် ကိုယ်တိုင်သည် လူသား၏အသက်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုလိုပေသည်။ ဤအရာကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့ဖြစ်ခဲ့သည်- ယင်းသည် ဘုရားသခင်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရန် လိုအပ်ခဲ့သည်။ သူ့အနေဖြင့် လူ့ဇာတိ မခံယူခဲ့ပါက၊ အမှု၏ဤအဆင့်သည် စာတန်နှင့် တိုက်ရိုက်တိုက်ခိုက်ခြင်း အမှုကို ကိုယ်စားပြုခဲ့သည့်အတွက်၊ အခြားမည်သူမျှ သူ့ကို အမှု၏ဤအဆင့်တွင် အစားထိုးနိုင်ခဲ့မည် မဟုတ်ပေ။ အကယ်၍ ဤအမှုကို လူသားက ဘုရားသခင်၏ကိုယ်စား လုပ်ဆောင်ခဲ့ပါက၊ စာတန် ရှေ့မှောက်တွင် လူသား ရပ်တည်သည့်အခါတွင်၊ စာတန်သည် ကျိုးနွံနာခံခဲ့မည် မဟုတ်သကဲ့သို့၊ ၎င်းကို အနိုင်ယူရန်မှာ ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင် ဖြစ်ဆဲဖြစ်ပြီး၊ သူသည် လူသား၏အသက် ဖြစ်နေဆဲဖြစ်ကာ ဖန်ဆင်းရှင်ဖြစ်ဆဲဖြစ်သည့်အတွက်၊ ၎င်းကို အနိုင်ယူဖို့ လာခဲ့သူမှာ လူ့ဇာတိခံဘုရားသခင် ဖြစ်ဖို့လိုခဲ့ပေသည်။ မည်သည့်အရာ ဖြစ်ပါစေ၊ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝကျိုးနွံနာခံစေဖို့ သူသည် လူ့ဇာတိကို ဆောင်ယူခဲ့ပြီး အမှုကို လုပ်ဆောင်ခဲ့၏။ နောက်ဆုံးသောကာလ အမှု၏ အဆင့်အတွင်းတွင်၊ လူသားသည် ဤအမှုကို လုပ်ဆောင်ပြီး နှုတ်ကပတ်တော်များကို တိုက်ရိုက် ပြောဆိုစေခြင်း ခံခဲ့ရသည်ဆိုပါက၊ သူသည် ယင်းတို့ကို ပြောဆိုနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ ပရောဖက်ပြုချက်ကို ပြောဆိုခဲ့မည်ဆိုပါက၊ ဤပရောဖက်ပြုချက်သည် လူသားကို သိမ်းပိုက်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် ကြွလာပြီး၊ ၎င်းကို လုံးဝ အညံ့ခံစေ၏။ သူသည် စာတန်ကို လုံးဝ အနိုင်ယူချိန်တွင်၊ လူသားကို အပြည့်အဝ သိမ်းပိုက်ပြီး လုံးဝ ရယူချိန်တွင်၊ အမှု၏ဤအဆင့် ပြီးဆုံးလိမ့်မည်ဖြစ်ပြီး အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အတွက် မရပ်တည်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်းနှင့် အမှုသစ်စတင်ခြင်း အမှုသည် ဘုရားသခင် ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို သာ၍ပင် လိုအပ်၏။ လူသားကို ထုတ်ဖော်ခြင်းပေးခြင်းနှင့် ပရောဖက်ပြုချက်ဖြင့် ထောက်ပံ့ပေးခြင်းတို့ကို လူသားက လုပ်ဆောင်နိုင်သော်လည်း၊ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်ကြားက တိုက်ပွဲနှင့် သက်ဆိုင်သည့်အမှု ဖြစ်ပါက၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ပေ။ အမှု၏ပထမအဆင့်အတွင်းတွင်၊ စာတန်နှင့် တိုက်ပွဲမရှိခဲ့သည့်အခါ၊ ယေဟောဝါသည် ပရောဖက်များပြောဆိုခဲ့သည့် ပရောဖက်ပြုချက်ကို အသုံးပြုရင်း ဣသရေလအမျိုးတို့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့၏။ ထို့နောက်တွင်၊ အမှု၏ ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး၊ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်ကိုယ်တိုင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ ခံယူခဲ့ပြီး၊ လူ့ဇာတိအဖြစ်သို့ ရောက်လာခဲ့၏။ စာတန်ကို တိုက်သည့်တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည်လည်း ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၏၊ ယင်းမှာ ဤတိုက်ပွဲကို လူသားက ဆင်နွှဲ၍မနိုင်ဟု ဆိုလိုပေသည်။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ကို အနိုင်ယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင် ရှိနေသေးစဉ်တွင် သူသည် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် ခွန်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏- သင်သည် စာတန်ဘက်သို့ တိမ်းပါက၊ သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုတွင် လူသားသည် ဘုရားသခင်အတွက် ကြိုးစားကာ အစားဝင်ပေးရမည်ဆိုပါက၊ လုပ်ဆောင်နိုင်ပါမည်လော။ အစားဝင်ပေးခဲ့ပါက၊ သူသည် ကာလကြာမြင့်စွာကပင် ပျက်စီးဆုံးရှုံးပြီးဖြစ်မည် မဟုတ်လော။ ကာလကြာမြင့်စွာကပင် သူသည် အောက်အရပ်လောကထဲသို့ ဝင်ရောက်ပြီးဖြစ်မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ အမှု၌ ဘုရားသခင်ကို အစားမထိုးနိုင်ပေ၊ ဆိုလိုသည်မှာ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိသကဲ့သို့၊ သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက၊ သူ့ကို အနိုင်ယူခြင်းငှာ သင် တတ်စွမ်းနိုင်မဟုတ်ပေ။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ သူသည် လူအချို့ကို သိမ်းသွင်းနိုင်၏၊ သို့ရာတွင် ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် သူသည် ဘုရားသခင်အတွက် အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့ တိုက်ပွဲဝင်နိုင်မည်နည်း။ သင် မစမီကပင် စာတန်သည် သင့်ကို ဖမ်းဆီးမိမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် စာတန်နှင့် တိုက်ပွဲဝင်ပြီး ဤအခြေခံအရ လူသားသည် ဘုရားသခင်နောက် လိုက်ပြီး သူ့ကို နာခံသောအခါမှသာ၊ လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး စာတန်၏ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ပေသည်။ လူသားက မိမိ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် အစွမ်းအစတို့ဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာများမှာ နည်းပါးလွန်းလှပေသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ သူ့ကို ဦးဆောင်လမ်းပြခြင်းအပြင် စာတန်ကို အနိုင်ယူခြင်းတို့ကို မတတ်စွမ်းနိုင်ပေ။ လူသား၏ အသိဉာဏ်နှင့် အမြော်အမြင်တို့သည် စာတန်၏အကြံအစည်များကို ကဖျက်ယဖျက် မလုပ်နိုင်ပေ၊ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

အရှေ့သို့- ၃။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုများရှိသနည်း။

နောက်တစ်ခုသို့- ၅။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။