နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့်ပတ်သက်၍

ဦးစွာပထမ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်းကို ပြောကြစို့။ ဤသည်မှာ နားလည်ထားရမည့် အရာတစ်ခု ဖြစ်သည်။ လူအချို့က “စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ” အကြောင်း ကြားရသည့်အခါ “စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အဓိပ္ပာယ်က မည်သည့်အရာ ဖြစ်သနည်း။ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ ဖြစ်ပါသလား။ စည်းမျဉ်းများ ဖြစ်ပါသလား။ စနစ်တစ်ခု ဖြစ်ပါသလား။ မျိုးနွယ်စု သတ်မှတ်ချက်အချို့ ဖြစ်ပါသလား။ ပညတ်ချက်များ ဖြစ်ပါသလား။ မည်သည့်အရာများနည်း”ဟု တွေးကြသည်။ လူတို့သည် သိနားလည်မှု ကင်းမဲ့ကြ၏။ စီမံအုပ်ချုပ်ရးဆိုင်ရာ အမိန့်များက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သို့ အလုပ်လုပ်သည်ကို မည်သူမျှ အတိအကျ နားလည်ကြချေ။ လူများက “ဘုရားသခင်သည် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များရှိသည်။ သင်သည် နာခံမှုမရှိပါက သင့်ကို ထိန်းချုပ်ပြီး အပြစ်ပေးရန် ထိုအမိန့်များကို ဘုရားသခင်က အသုံးပြုလိမ့်မည်” ဟု မကြာခဏ ပြောကြသည် “စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ” ဟူသည့် စကားများ၏ ပဓာနကျသော အဓိပ္ပာယ်ကို သိနားလည်ခြင်းမရှိဘဲ ယင်းတို့ကို တတွတ်တွတ် ရွတ်ကြလေ၏။ သို့ဆိုလျှင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် အတိအကျ မည်သည့်အရာများ ဖြစ်ပါသနည်း။ ယင်းတို့သည် လူတို့၏ သဘောသဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထိန်းချုပ်ရန် ကိုင်တွယ်ဖြေရှင်းဖို့ရာ ဘုရားသခင်က ချမှတ်ထားသော စကားလုံးအမျိုးအစားများ ဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လူ့လောက၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် နှိုင်းယှဉ်နိုင်ဖို့မပြောနှင့်၊ ဥပဒေများ၊ သို့မဟုတ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များမဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်က လူတို့၏ အပြုအမူကို ထိန်းချုပ်ဖို့ ရည်ရွယ်ကာ သတ်မှတ်ထားသည့် ကန့်သတ်ချက်ဘောင်တစ်စုံ ဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အသေးစိတ်တွင် ယင်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ဖို့နည်းလမ်း၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့နည်းလမ်း၊ ဘုရားသခင်ကို နာခံဖို့နည်းလမ်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ပြုမူသည့်နည်းလမ်း၊ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပြုမူသည့်နည်းလမ်း၊ ဘုရားသခင်ကို သက်သေခံသည့် နည်းလမ်းနှင့် ဘုရားသခင်၏နာမတော်ကို အရှက်မရစေသည့် နည်းလမ်းတို့ ပါဝင်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အသေးစိတ်အချက်အလက်များတွင် အမှုကိစ္စများစွာကို ထည့်သွင်း ဆွေးနွးထားသည်။ လူအချို့က “ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှုအရာများကို ဆောင်ရွက်နိုင်သည်။ သူသည် လူများကို အပြစ်ဒဏ်ပေးနိုင်ပြီး လူတိုင်းကို ၎င်းတို့နှင့် ထိုက်သင့်သည့်အရာဖြင့် တုံ့ပြန်နိုင်သည်။ ဘုရားသခင်သည် လူအားလုံးကို လမ်းညွှန်ဖို့ သမ္မာတရားကိုလည်း မိန့်မြွက်ပြီးဖြစ်သည်။ အဘယ့်ကြောင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိရမည်နည်း” ဟု ပြောကြသည်။ သမ္မာတရားသည် လူများ၏ အသက်ဝင်ရောက်ခြင်း၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပေါ် လူတို့၏ နားလည်ခြင်းတို့နှင့် ဆက်နွှယ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ရှင်းလင်းစွာ သတ်မှတ်ထားသည့် ပြဋ္ဌာန်းချက်များဖြစ်သည်။ သင်၏အခြေအနေ မည်သို့ရှိပါစေ၊ သင်သည် မည်သည့်လူစားမျိုးဖြစ်ပါစေ ဘုရားသခင်ကို သင်ယုံကြည်ပါက ဘုရားသခင်၏ အိမ်တော်အတွင်းရှိ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက ပြဋ္ဌာန်းထားသည့်အရာအားလုံးကို သင်လုပ်ဆောင်ရမည်။ သင်မလုပ်ဆောင်နိုင်ပါက သင်၏အမည်သည် စာရင်းထဲမှ ဖယ်ရှားခံရမည်ဖြစ်ပြီး ဘုရားသခင်၏အမြင်တွင် သင်သည် စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရလိမ့်မည်။ အမှန်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ဘုရားသခင်ကို ယုံကြည်သည့်လူများအတွက် အနိမ့်ဆုံးလိုအပ်သည့် လုပ်ဆောင်ချက်များဖြစ်သည်။ ဣသရေလလူမျိုးတို့က ယဇ်ပူဇော်မှုများဖြင့် ယေဟောဝါကို ကိုးကွယ်ပြီး ဥပုဿ်စောင့်ထိန်းခဲ့ကြသကဲ့သို့ပင် ဖြစ်လေသည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် အမှုအချို့ကို ပြုခဲ့ကာ နှုတ်ကပတ်တော်များစွာကို ပြောခဲ့ပြီး များပြားလှသော ပညတ်တရားများကို ဖော်ပြခဲ့သည်။ ထိုပညတ်တရားများတွင် သဘာဝအားဖြင့် လူလုပ်ဆောင်သင့်သည့် အရာများစွာ ပါဝင်လေသည်။ ဥပမာအားဖြင့် ယေဟောဝါကို မည်သို့ယဇ်ပူဇော်ရမည်၊ ဆယ်ဖို့တစ်ဖို့ မည်သို့ပေးရမည်၊ အလှူငွေများ မည်သို့ပေးရမည် စသည်တို့ ဖြစ်သည်။ ထိုအချိန်က ယင်းတို့ကို ပညတ်တရားများဟု ခေါ်ခဲ့ကြပြီး ကျေးဇူးတော်ခေတ်တွင် အလားတူ ပြဋ္ဌာန်းချက်များကို ပညတ်တော်များဟု ခေါ်လာခဲ့ကြသည်။ လူတို့အားလုံးသည် ယင်းတို့ကို နာခံလိုက်နာဖို့ လိုအပ်သည်။ ယခု နိုင်ငံတော်ခေတ်ဖြစ်သည့် နောက်ဆုံးသောကာလ အမှု၏ ဤအဆင့်တွင် ခေတ်သစ်၏ ပညတ်တော်များကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို ယခုအခါတွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များဟု ခေါ်ကြသည်။ နိုင်ငံတော်ခေတ်တွင် ဤပညတ်တော်များသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ခေတ်အသီးသီးတွင် လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် အရာသည် ကွဲပြားခြားနားသောကြောင့် ကျေးဇူးတော်ခေတ်၏ ပညတ်တော်များကို ယနေ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအနေဖြင့် အသုံးမပြုနိုင်ပေ။

ခေတ်အသီးသီးတွင် ပညတ်တော်များ ရှိသည်၊ ပြီးလျှင် ခေတ်အသီးသီးတွင် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများရှိသည်၊ ခေတ်၌ ပြောင်းလဲမှုများနှင့် ဘုရားအမှုတော်၏ သတ်မှတ်ချက်များ၌ ပြောင်းလဲမှုများအတိုင်း လိုက်ပြောင်းလဲသည့် စံနှုန်းများ ဖြစ်သည်။ ပညတ်တော်ခေတ်၏ ပညတ်တရားအချို့ကို ယနေ့ခေတ်တွင် အသုံးပြုရန် သင့်လျော်မည်မဟုတ်သော်လည်း အချို့မှာ သင့်တော်နေဆဲဖြစ်သည်မှာ အမှန်ဖြစ်၏။ ကျေးဇူးတော်ခေတ်တွင် ယေရှု ပြောဆိုခဲ့သည့် ပညတ်ချက်များထဲမှ အများစုမှာ မျက်မှောက်ခေတ်အတွက် သင့်တော်ပြီး အချို့မှာ မသင့်တော်ပေ။ လူအချို့က “သင်၏ ဖခင်နှင့် မိခင်ကို ရိုသေစွာပြုပါ၊ အပြစ်မပြုနှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ ရုပ်တုဆင်းတုတို့ကို မကိုးကွယ်နှင်ဟူသည့် ဤအရာများသည် အဘယ်သို့ မသင့်တော်ရမည်နည်း”ဟု ဆိုကြသည်။ ထိုအရာများထဲမှ အနည်းငယ်ကိုသာ ငါပြောနေခြင်းဖြစ်၏။ “သင်၏ ဖခင်နှင့် မိခင်ကို ရိုသေစွာပြုလော့” ဟူသကဲ့သို့သော အရာများအတွက်မူ အခြေအနေများအပေါ် မူတည်သောကြောင့် မှားယွင်းသော အယူအဆကို မယူမိစေနှင့်။ ရယ်ဖွယ်ကောင်းသော လူအချို့က “ရှေးယခင်ကဖြစ်ခဲ့သော ပညတ်တော်များနှင့် ပညတ်ချက်များအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကာ အနည်းအကျဉ်းကိုသာ အသုံးပြုနိုင်သေးသည်ဟု ဘုရားသခင်က ပြောသည်”ဟု ဆိုကြသည်။ ဤသိနားလည်မှုကို သင် လက်ဆင့်မကမ်းရ။ ထိုသို့သော သတင်းစကားကို ဖြန့်ခြင်းသည် အမှားတစ်ခုဖြစ်ပြီး အနှောင့်အယှက်ဖြစ်စေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို အဓိပ္ပာယ်ကောက်လွဲသူများသည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသူများသည် မကောင်းဆိုးဝါးများ ဖြစ်၏။ အချိန်ကာလ မည်သို့ပင်ရှိစေကာမူ သူတော်စင်နှင့်ဆိုင်သော အကျင့်သီလအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးအဆင့်ကို သင်ထိန်းသိမ်းရမည်။ လူသားပုံသဏ္ဌာန်တစ်ခုတလေ လုံးဝ ရှိရန် အနည်းဆုံးအနေဖြင့် အနည်းဆုံးအနေဖြင့် ဤမျှ လိုအပ်ပေသည်။ ထိုပညတ်တော်များနှင့် ပညတ်ချက်များကို ယင်းတို့၏ ခေတ်ပြိုင်ကာလနှင့် အခြေအနေအတိုင်း၊ ပြီးလျှင် ခေတ်ပြိုင်အမှုတော်နှင့် လူ၏ လိုအပ်ချက်များအတိုင်း အားလုံး ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ဤလက်ရှိ ခေတ်ကာလတွင် ဘုရားသခင်သည် နောက်ထပ် နှုတ်ကပတ်တော်အချို့ကို ပြောဆိုပြီးဖြစ်ကာ လူအချို့ကို ထိန်းချုပ်ရန် နောက်ထပ် စည်းမျဉ်းအချို့ကို ပေးပြီးဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ၎င်းတို့အား ဘုရားသခင်ကို မည်သို့ ယုံကြည်ရမည်၊ ဘုရားသခင်၌ ၎င်းတို့ ယုံကြည်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာ စသည်တို့ကဲ့သို့သော စံများကို ပေးပြီးဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုက “ငါသည် ပညတ်တော်ကို ပယ်ဖျက်ခြင်းငှာ မလာ၊ ပြည့်စုံစေခြင်းငှာ လာ၏”ဟု ပြောခဲ့သည်။ သို့တိုင် နောက်ပိုင်းတွင် ပညတ်တရားများစွာကို သူပယ်ဖျက်ခဲ့သည်။ ဤပညတ်တရားများသည် ထိုခေတ်အတွက် မသင့်လျော်ခဲ့၊ ထိုကာလ၏ အမှုတော်အတွက် မသင့်တော်ခဲ့သကဲ့သို့ ထိုကာလ၏ အခြေအနေအတွက် ကိုက်ညီခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် ယင်းတို့ကို ဖယ်ဖျက်ခြင်းငှာ သာ၍ပင် လိုအပ်သည်မှာ မှန်ပေ၏။ အလားတူစွာ ခေတ်သစ်တွင် အချို့သော ဓမ္မသစ် ပညတ်ချက်များကို ပယ်ဖျက်ဖို့ လိုအပ်ပြီး အချို့ကို ဆက်အသုံးပြုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်၏ အမှုတော် အခြေအနေသည် ကွဲပြားပြီး လူတို့လိုအပ်သည့်အရာ ကွဲပြားသောကြောင့် ဖြစ်သည်။ အမှုတော်၏အဆင့်တစ်ခုစီသည် ပြီးခဲ့သည့်အဆင့်ထက် ပိုမြင့်မား၏။ ရယ်ဖွယ်ကောင်းသောလူအချို့က “သခင်ယေရှုက ပညတ်တရားကို ပြည့်စုံစေရန် ကြွလာခဲ့သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ထိုပညတ်တရားထဲမှ များစွာကို သူ အဘယ်ကြောင့် ပယ်ဖျက်ကာ ဖယ်ရှားခဲ့ပါသနည်း။ သူ၏ လုပ်ဆောင်ချက်များက အဘယ်ကြောင့် ပညတ်တရားကို ချိုးဖောက်ခဲ့ပါသနည်း”ဟု ဆိုကြသည်။ သူ၏ ပယ်ဖျက်ခြင်းသည် အမှန်တွင် ပြည့်စုံစေခြင်း ဖြစ်ခဲ့၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ ပြုခဲ့သည့် အမှုသည် ဤရလဒ်မျိုးကို စွမ်းဆောင်ရရှိခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုပညတ်တရားများကို လိုက်နာစောင့်ထိန်းရန် မည်သည့်လိုအပ်ချက်မျှ မရှိတော့ပေ။ ယေရှုက အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံပြီးသည့် နောက်ပိုင်းတွင် ဘုရားသခင်၏ အမှုတော်က စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်သောကြောင့် ထိုပညတ်တရားအတိုင်း အပြစ်ဖြေရာယဇ်များ ပြုလုပ်ရန် မလိုအပ်တော့သကဲ့သို့သာ ဖြစ်သည်။ အချို့သော ပညတ်တရားများနှင့် ပညတ်ချက်များကို ပယ်ဖျက်၍ရပြီး အမှုသစ်ကို ဤအရာများ၏ နေရာတွင် အသုံးပြုနိုင်ပေသည်။ “ယခင် ပညတ်ချက်များအားလုံး ပယ်ဖျက်ခံရပြီးဖြစ်သည်။ ယင်းတို့သည် အသုံးမဝင်တော့ပါ” ဟူသည့် သတင်းစကားကို သင်တို့ ဖြန့်မည်ဆိုပါက အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ ယနေ့တွင် ဘုရားသခင်သည် လူသားမျိုးနွယ်၏အခြေအနေများ၊ လိုအပ်ချက်များနှင့် သင့်လျော်သည့်အတိုင်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ပြန်ပြီး ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် ခေတ်တစ်ခုချင်းစီတွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အဘယ့်ကြောင့် ထုတ်ပြန်ရမည်နည်း။ ယင်းကို တစ်ကြိမ် လုပ်ဆောင်နှင့်ပြီးဖြစ်သည်၊ ထို့ပြင် လူများကလည်း ယင်းတို့ကို သိရှိကြကာ တောင်းဆိုထားသည့် အရာကို ကျွန်ုပ်တို့ လုပ်ဆောင်ကြသည်ပင်။ ယင်းမှာ အဆုံးသတ် ဖြစ်သင့်သည်။ အမိန့်အသစ်များကို အဘယ့်ကြောင့် ဆက်လက် ထုတ်ပြန်နေရသနည်း” ဟု မေးကြသည်။ လူများက ယခုကဲ့သို့ ဖောက်ပြန်ပျက်စီးနေကြသဖြင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မထုတ်ပြန်ပါက ဖြစ်နိုင်မည် ဟုတ်မဟုတ်ကို ငါ့အားပြောကြလော့။ လူအပေါင်းတို့သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြသည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံထားရစဉ်တွင် ဘုရားသခင်ကို နာခံနိုင်သလော။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ပညတ်တော်များအတိုင်း လုပ်ဆောင်ကာ လိုက်နာနိုင်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သန့်ရှင်းပြီး ဖြောင့်မတ်သွားပြီဖြစ်သည်ဟု သင် အခိုင်အမာ ဆို၍မရနိုင်ပေ။ ထိုကဲ့သို့ အလုပ်မလုပ်ပေ။ လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့သည် ထိုဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအလယ်တွင် အမြဲ ရှင်သန်ကြသောကြောင့် ၎င်းတို့၏ အပြုအမူကို ထိန်းချုပ်ထားဖို့ အလားတူ လိုက်လျောညီထွေသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အစဉ် လိုအပ်သည်။ လူများသည် ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှန်တကယ် ချိုးဖောက်ပါက ဆုံးမပဲ့ပြင်ခြင်း ခံရနိုင်သည်၊ သို့မဟုတ် ကန့်သတ်ချက်များ ထားရှိခြင်း ခံရနိုင်သည်၊ သို့မဟုတ် ဖယ်ရှားခြင်းနှင့် နှင်ထုတ်ခြင်း ခံရနိုင်သည်။ မည်သည့်အကျိုးဆက်မျိုးမဆို ဖြစ်နိုင်ခြေ ရှိသည်။ အကျိုးဆက်မျိုးစုံရှိသည်။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တွင် ပညတ်တရားများနှင့် ပညတ်ချက်များ ရှိခဲ့၏။ ယခုအခါ နိုင်ငံတော်ခေတ်တွင် ပညတ်ချက်များအပြင် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များ ရှိရမည်။ ထို့ကြောင့် နိုင်ငံတော်ခေတ်၏ အဓိက စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ယခုတွင် ဆယ်ခုကို ထုတ်ပြန်ရန် ရှိသည်။

၁။ လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။

လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။ ဤအရာလေးခုသည် အမှန်တကယ်တွင် ကိစ္စတစ်ခုကို ပြောဆိုသည်။ ၎င်းတို့၏ စကားတွင် လူတို့သည် လူသားနေရာကို ယူရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို မဝါကြွားသင့်ပေ။ အသင်းတော်တစ်ခုခုကို သင် မည်မျှကောင်းစွာ ဦးဆောင်သည်ကို မဝါကြွားနှင့်၊ ထိုအသင်းတော်က သင်နှင့်ဆိုင်သည်ကို မဝါကြွားနှင့်၊ ပြီးလျှင် ဘုရားသခင်က သင့်ကို အသုံးပြုပြီး အထူးသဖြင့် သင့်အပေါ် ကောင်းမြတ်သည်ကို မဝါကြွားနှင့်။ “ဘုရားသခင်က ကျွန်ုပ်တို့နှင့်အတူ အစာစားပြီး စကားစမြည်ပြောခဲ့သည်” ဟူသကဲ့သို့သော အရာများကို လေမပန်းနှင့်။ သင်ပြောသည့် ဤအရာများနှင့် လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ။ ဘုရားသခင်သည် သူရွေးချယ်ထားသောသူအားလုံးကို တစ်ပုံစံတည်း ဆက်ဆံ၏။ လူတစ်ဦးသည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရခြင်း မရှိသရွေ့ လူတိုင်းအပေါ် ဘုရားသခင်က တူညီသော သဘောထားရှိသည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ပတ်သက်၍ သင်နှင့်အတူ မိတ်သဟာယပြုပြီးလျှင် ယင်းက သင်သည် အခြားသူများထက် ပိုကောင်းသည်ဟု သက်သေမပြပေ။ ထို့ထက် သင်သည် ထိုသို့တွေ့ဆုံရန် အကြောင်းတရားဖြစ်ခဲ့သောကြောင့်သာ ဖြစ်သည်။ သို့ဆိုလျှင် ပြောဆိုရန် ယုတ္တိတန်သောအရာမှာ အဘယ်နည်း။ သမ္မာတရားနှင့် ပတ်သက်၍ သင် မိတ်သဟာယမပြုနိုင်ပါက၊ ပြီးလျှင် သင်၏ ညီအစ်ကို မောင်နှမများအဖို့ အသက်ကို ပံ့ပိုးပေးနိုင်စွမ်းမရှိပါက သင်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းအား လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိကိုယ်ကို သိရမည်။ မိမိကိုယ်ကို စိတ်ဖြာလေ့လာစစ်ဆေးရမည်။ သင့်စိတ်နှလုံးထဲရှိသည့်အရာကို ပြောဆိုနိုင်ရမည်။ မိမိကိုယ်ကို ဖွင့်ဟကာ အယောက်တိုင်းရှေ့တွင် မိမိကိုယ်ကို ဖွင့်ချရမည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ခြင်းက ရလဒ်များ ရရှိပေလိမ့်မည်။ ဖွင့်ဟခြင်းသည် မိမိကိုယ်ကို မှန်ကြောင်းပြခြင်းကို မဆိုလိုပေ။ ယင်းမှာ လူတိုင်း စုစုစည်းစည်းဖြင့် ရင်းနှီးသိကျွမ်းမှု ရရှိရန်အတွက် အခြားသူများအားလည်း ထိုအရာမှ အကျိုးကျေးဇူးခံစားစေလျက် သင့်အတွင်းရှိ မမှန်ကန်သော ကြံရွယ်ချက်များနှင့် အတွေးများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအတွက် တင်ပြခြင်းကို ဆိုလိုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် မိမိကိုယ်ကို ချီးမြှောက်နေခြင်း မဟုတ်။ သင်သည် မိမိကိုယ်ကို မှန်ကန်စွာ သဘောထားပြီး သင်၏ မှန်ကန်သော နေရာကို ယူပါက ဆိုလိုသည်မှာ သင်သည် သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များကို ဘေးဖယ်ထားပြီး စိစစ်နိုင်ပါက သင့်အတွင်းရှိ ညစ်ညူးသောအရာများကို ဖွင့်ချနိုင်ပြီး ထိုသို့လုပ်ဆောင်ရာတွင် မိမိကိုယ်ကို ဖော်ထုတ်နိုင်ပါက ဤအရာက သင်သည် မှန်ကန်သည့် အနေအထားတွင်ရှိသည်ကို ပြ၏။ များစွာသော ခေါင်းဆောင်တို့သည် အထက်စီးမှ လူတို့ကို ဩဝါဒပေးကာ တရားဟောနိုင်စွမ်းသာရှိကြပြီး အခြားသူများနှင့် တန်းတူကဲ့သို့ ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိကြသည်ကို ငါ တွေ့ပြီးဖြစ်သည်။ ၎င်းတို့သည် လူများနှင့် ပုံမှန်အတိုင်း မဆက်ဆံနိုင်ကြချေ။ လူအချို့ စကားပြောသည့်အခါ ၎င်းတို့က အမြဲ မိန့်ခွန်းပြောနေသကဲ့သို့၊ သို့မဟုတ် သတင်းပေးပို့ချက် ပြုလုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ စကားလုံးများသည် အခြားလူများ၏ အခြေအနေများကိုသာ ဦးတည်သော်လည်း မိမိကိုယ်တိုင်အကြောင်းကို မည်သည့်အခါတွင်မျှ ဖွင့်မပြောကြချေ။ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ လုံးဝ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိ။ ထိုအစား လူတိုင်းအား အသိပညာပေးရန် အခြားသူများကို ဥပမာများအဖြစ် အသုံးပြုလျက် အခြားသူများ၏ ပြဿနာများကိုသာ စိတ်ဖြာလေ့လာဆွေးနွေးကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် ထိုသို့သော တရားဒေသနာများကို ဟောပြီး ထိုသို့သောအရာများကို ၎င်းတို့ ပြောဆိုကြသနည်း။ ဤသည်မှာ ၎င်းတို့သည် မိမိတို့နှင့်ဆိုင်သည့် အသိပညာ မည်သို့မျှ မရှိကြောင်း၊ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့နေကြကြောင်းနှင့် အလွန်မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု ထင်မှတ်ကြကြောင်း သက်သေဖြစ်၏။ အခြားသူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သတိပြုမိနိုင်စွမ်းသည် ၎င်းတို့က အခြားသူများအထက်တွင် ရှိကြောင်း၊ လူများနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရာတွင် အခြားသူများထက် တော်ကြောင်းနှင့် ၎င်းတို့က အခြားသူများထက် ဖောက်ပြန်ပျက်စီးမှု ပို၍ လျော့နည်းကြောင်း သက်သေပြသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အခြားသူများကို စိတ်ဖြာလေ့လာကာ ဩဝါဒခြွေနိုင်ကြသော်လည်း မိမိတို့ကိုယ်ကို မဖွင့်ချပေ၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖော်ထုတ်ပေ၊ သို့မဟုတ် စိတ်ဖြာလေ့လာခြင်း မပြုပေ၊ သို့မဟုတ် မိမိတို့၏ သဘောသဘာဝအမှန်ကို မပြပေ၊ သို့မဟုတ် မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များအကြောင်း မည်သည့်အရာမျှ မပြောကြချေ။ အခြားသူများကိုသာ မလျော်မကန် ပြုမူခြင်းအတွက် ဩဝါဒပေးကြသည်။ ဤသည်မှာ မိမိ၏ ဩဇာအရှိန်အဝါ ကြီးအောင်လုပ်ခြင်းနှင့် မိမိကိုယ်ကို ချီးမြှောက်ခြင်း ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည့်တိုင် အဘယ်သို့ မတန်တဆ ဒုက္ခပေးတတ်သနည်း။ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ပြီးသည့်နောက်တွင် အဘယ်ကြောင့် သင်သည် အခြားသူများကို သာမန်ကာလျှံကာ ကြိမ်းမောင်းရသနည်း၊ ထင်ရာမြင်ရာ ပြုမူပြီး မိမိနှစ်သက်သည့်အတိုင်း ဆောင်ရွက်ရသနည်း။ သင့်စကားများ၏ အကျိုးဆက်များကို အဘယ်ကြောင့် လုံးဝ မစဉ်းစားရသနည်း။ သင် မည်သူမည်ဝါဖြစ်ကြောင်းကို အဘယ့်ကြောင့် လုံးဝ ထည့်မစဉ်းစားသနည်း။ သင်သည် အဘယ်ကြောင့် ဤသို့ ပြုမူရသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သင့်ကိုယ်ပိုင် အဆင့်အတန်း၊ သို့မဟုတ် သင်မည်သူမည်ဝါဖြစ်ကြောင်းကို မသိသောကြောင့် ဖြစ်သည်။ သင် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့အတွက် စီစဉ်ခြင်းသည် သင့်ကို မြှင့်တင်ကာ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေး ပေးရုံမျှသာ ဖြစ်သည်။ အခြားသူများထက် စစ်မှန်မှု သင် ပိုမိုပိုင်ဆိုင်သောကြောင့်၊ သို့မဟုတ် အခြားသူများထက် ပိုတော်သောကြောင့် မဟုတ်ပေ။ အမှန်တွင် သင်သည် အခြားလူအယောက်တိုင်းနှင့် အတူတူပင် ဖြစ်သည်။ သင်တို့တစ်ဦးမျှ စစ်မှန်မှု မပိုင်ဆိုင်သကဲ့သို့ တစ်နည်းနည်းဖြင့် သင်သည် အခြားသူများထက်ပင် ပိုမိုဖောက်ပြန်ပျက်စီးကောင်း ပျက်စီးနိုင်ပေသည်။ ထို့ကြောင့် သင်သည် အခြားသူတို့အား အဘယ်ကြောင့် မတန်တဆ ဒုက္ခဖြစ်စေကာ ထင်ရာမြင်ရာ ဩဝါဒပေး၍ ဒေါသဖြင့် ဝေဖန်ပြောဆိုပြီး စိတ်ကျဉ်းကျပ်စေသနည်း။ သင်မှားသည့်အချိန်တွင်ပင် အဘယ်ကြောင့် အခြားသူများကို အတင်းနားထောင်စေသနည်း။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဤအရာက သင်သည် မှားယွင်းသည့် နေရာတွင်ရှိသည်ကို သက်သေပြ၏။ သင်သည် လူသားတစ်ဦး၏ နေရာမှ အလုပ်လုပ်နေခြင်းမရှိ၊ ဘုရားသခင်၏ နေရာ၊ အခြားသူများ၏ အထက်နေရာမှ သင်၏ အလုပ်ကို သင် လုပ်နေသည်။ သင် ပြောသည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့် ညီပါက အခြားသူများက သင့်ကို နားထောင်၍ရသည်။ ဤကိစ္စတွင် ထိုအရာကို လက်ခံ၍ရသည်။ သို့ရတွင် သင် မှားသည့်အချိန်တွင် အခြားသူများအား သင့်ကို အဘယ်ကြောင့် အတင်းနားထောင်စေသနည်း။ သင်သည် ဩဇာအာဏာရှိသလော။ အထွတ်အမြတ် ဖြစ်သလော။ သမ္မာတရား ဖြစ်သလော။ လူအချို့သည် ဧဝံဂေလိဟောရန် နေရာတစ်ခုသို့ သွားပြီး ထိုနေရာရှိလူတို့နှင့် ထိုလူများ၏ နေထိုင်မှုအခြေအနေက မိမိတို့အကြိုက် မဟုတ်သည်ကို မြင်သည့်အခါ ထိုနေရာကို မနှစ်သက်ကြတော့သကဲ့သို့ အခြားတစ်နေရာရာသို့ ထွက်သွားချင်ကြလေသည်။ အခြားလူတစ်ဦးက ၎င်းတို့ကို “ဤနေရာတွင် ဧဝံဂေလိဟောရန် တစ်စုံတစ်ဦး လိုအပ်သည်။ သင် ထွက်သွားလျှင် အလုပ်နှောင့်နှေးစေလိမ့်မည်”ဟု ပြောကောင်းပြောနိုင်သည်။ သို့ရာတွင် ၎င်းတို့က နားထောင်မည်မဟုတ်သကဲ့သို့ “ထိုသို့ဆိုလျှင် အဘယ်ကြောင့် သင် မနေသနည်း။ ကျွန်ုပ် ထွက်သွားမှဖြစ်မည်။ သင်တို့ ကျွန်ုပ်စကားနားထောင်ပြီး နာခံရန် သင်ယူသင့်သည်”ဟု ပြောလျက် မရမက ထွက်သွားပေမည်။ ၎င်းတို့သည် မိမိတို့ သဘောအတိုင်း လုပ်ပြီး မိမိတို့နှစ်သက်သည့်နေရာကို ရွေးချယ်ဖို့ဆိုလျှင် အသင်းတော်အလုပ်ကိုပင် နှောင့်နှေးစေချင်ကြသည်။ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး အခြားသူများအား ၎င်းတို့ ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် တောင်းဆိုကြသည်။ ၎င်းတို့သည် မိမိ၏ ဩဇာအရှိန်အဝါ ကြီးအောင်လုပ်နေခြင်း မဟုတ်လော။ မိမိတို့ကိုယ်ကို ချီးမြှောက်နေကြခြင်း မဟုတ်လော။ ၎င်းတို့သည် မာနထောင်လွှားသော လူများ မဟုတ်လော။ ၎င်းတို့၏ တာဝန်တွင် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ မိမိတို့ နှစ်သက်ရာများကို ဖြစ်နိုင်သမျှ လုပ်ဆောင်ကြသည်။ ထို့ကြောင့် အခြားသူများကို ၎င်းတို့ ဦးဆောင်သည့်အခါ ၎င်းတို့ ဦးဆောင်သည့်သူများကို သမ္မာတရား လက်တွေ့လုပ်ဆောင်ရန် မစေခိုင်းကြချေ။ ထိုအစား အခြားသူများအား ၎င်းတို့ ပြောသည့်အရာကို နားထောင်ပြီး ၎င်းတို့ နည်းလမ်းများနောက်လိုက်ရန် တောင်းဆိုကြသည်။ ဤသည်မှာ အခြားသူများအား ၎င်းတို့ကို ဘုရားသခင်ကဲ့သို့ သဘောထားပြီး နာခံရန် စေခိုင်းနေခြင်း မဟုတ်လော။ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရား ကင်းမဲ့ကြ၏၊ စာတန်၏ စိတ်သဘောထားဖြင့် ပြည့်ကာ ဘီလူးသရဲစီးကြပေသည်။ ထို့ကြောင့် ၎င်းတို့ကို နာခံရန် အခြားသူများအား အဘယ်ကြောင့် စေခိုင်းကြသေးသနည်း။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် မိမိ၏ ဩဇာအရှိန်အဝါ ကြီးအောင်လုပ်နေခြင်း မဟုတ်လော။ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်နေကြခြင်း မဟုတ်လော။ ဤသို့သော လူများသည် လူတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်နိုင်သလော။ ၎င်းတို့သည် လူများအား ဘုရားသခင်ကို ကိုးကွယ်အောင် လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် လူများအား မိမိတို့ကို နာခံစေချင်ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ဤသို့အလုပ်လုပ်သောအခါ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရာတွင် လူတို့ကို ၎င်းတို့ အမှန်တကယ် ဦးဆောင်နေကြသလော။ ၎င်းတို့ကို ဘုရားသခင် အပ်နှံထားသည့် အလုပ်ကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နေကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးစားနေကြပေသည်။ ၎င်းတို့သည် ဘုရားသခင် ဖြစ်ချင်ကြပြီး လူတို့အား ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားကာ နာခံစေချင်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များ မဟုတ်လော။ အန္တိခရစ်တို့၏ ပုံစံသည် ဤပုံစံ အမြဲဖြစ်ပေသည်။ အသင်းတော် အလုပ် နှောင့်နှေးခြင်း၊ အတားအဆီးဖြစ်ခြင်း အတိုင်းအတာက မည်သို့ပင်ဖြစ်ပါစေ ဘုရားရွေးချယ်ထားသူတို့၏ အသက်ဝင်ရောက်မှုအတွက် အန္တရာယ်ရှိလင့်ကစား လူတိုင်းက ၎င်းတို့ကို နာခံကာ နားထောင်ရမည်ဖြစ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးများ၏ သဘောသဘာဝ မဟုတ်လော။ စာတန်၏ စိတ်သဘောထား မဟုတ်လော။ ဤကဲ့သို့သောလူများသည် လူ့အရေခွံဖြင့် အသက်ရှင်နေသော မကောင်းဆိုးဝါးများ ဖြစ်သည်။ လူသားမျက်နှာများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့အတွင်း ရှိသမျှတိုင်းသည် ဘီလူးသရဲစီးနေ၏။ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သမျှတိုင်းသည် ဘီလူးသရဲစီးနေ၏။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ထိုအရာတစ်ခုမျှသည် အသိစိတ်ရှိသည့်လူများ လုပ်ဆောင်သည့်အရာ မဟုတ်။ ထို့ကြောင့် ဤသည်တို့မှာ မကောင်းဆိုးဝါးများ၊ စာတန်နှင့် အန္တိခရစ်တို့၏ လုပ်ရပ်များ ဖြစ်သည်မှာ သံသယထား၍မရနိုင်ပေ။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်သင့်သည်။ ထို့ကြောင့် အခြားသူများနှင့် သင်တို့ ပြုမူ၊ ပြောဆို၊ ဆက်ဆံကြသည့်အခါ ဘဝတွင် သင်တို့ လုပ်ဆောင်သမျှတိုင်း၌ ဤအမိန့်ကို သင်တို့ စိတ်နှလုံးထဲတွင် ကိုင်စွဲထားသင့်ပေသည်။ “လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။” ဤသို့ဖြင့် လူတို့အပေါ် ကန့်သတ်ချက်များ ထားရှိခြင်းခံရကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည်အထိ ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်သည် အရေးပါလှပြီး ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်က မည်သည့်အရာကို ဆိုလိုသည်၊ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အဘယ်ကြောင့် ဤအရာ တောင်းဆိုပြီး မည်သည့်အရာကို စွမ်းဆောင်ရရှိရန် သူ ရည်ရွယ်သည်ဆိုသည်တို့ကို သင်တို့အားလုံး ကောင်းစွာ စဉ်းစားသင့်၏။ ဤအရာကို သေချာစဉ်းစားလော့။ လွယ်လွယ် နားတစ်ဖက်တွင်ဝင်ပြီး တစ်ဖက်တွင် ထွက်သွားခွင့် မပေးလိုက်နှင့်။ ဤအရာသည် သင်တို့အတွက် အမှန်တကယ်အကျိုးပြုလိမ့်မည်။

၂။ ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။

ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်၊ ဘုရားသခင်၏ နာမတော်တို့နှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမဆို သင်သည် ထိန်းသိမ်းသင့်ပြီး တာဝန်ယူသင့်သည်။ သင်တို့အယောက်စီတိုင်းတွင် ဤတာဝန်၊ ဤဝတ္တရားရှိပြီး ယင်းမှာ သင်တို့လုပ်ဆောင်ရမည့် အရာဖြစ်သည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှု အားလုံးတို့သည် လူသားက ပေးသင့်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ လူ၏ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သောကြောင့်၊ ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ ခံစား၍မရပေ။ ဘုရားသခင်သည် ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့်သာ မျှဝေခံစားသည်။ အခြားမည်သူမျှ ယင်းတို့၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခံစားရန် အရည်အချင်း မပြည့်မီပေ၊ သို့မဟုတ် ခံစားခွင့် မရှိပေ။ (ငွေကြေးနှင့် မွေ့လျော်ခံစား၍ရသည့် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင်) လူသား၏ လှူဖွယ်ပစ္စည်းများ အားလုံးကို လူကို မဟုတ်ဘဲ၊ ဘုရားသခင်အား ပေးအပ်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ဤအရာတို့ကို လူသားက မမွေ့လျော်မခံစားသင့်ပေ။ လူသားသည် ယင်းတို့ကို မွေ့လျော်ခံစားခဲ့မည်ဆိုပါက၊ သူသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း ဖြစ်မည်။ ယုဒသည်လည်း သစ္စာဖောက်တစ်ဦး ဖြစ်ခြင်းအပြင်၊ ငွေအိတ်ထဲသို့ ထည့်သည့်အရာကို အခွင့်မရှိဘဲ ယူဆောင်သည့်အတွက်၊ ဤအရာပြုသောသူ မည်သူမဆိုသည် ယုဒ ဖြစ်၏။

ဤစကားများကို ငါ ရှင်းပြရန် လိုအပ်သည်။ မရှင်းပြလျှင် လှူဖွယ်ပစ္စည်းများကို ခိုးယူမည့် အလွန်အရှက်တရားမဲ့ပြီး အရေထူသောလူအချို့ ရှိသည်။ လက်ရှိတွင် အသင်းတော်ထဲက အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယာယီအစမ်းခန့်ကာလတွင် ရှိကြ၏။ သင့်တော်သူများသည် ဆက်လက်အသုံးပြုခံရလိမ့်မည် ဖြစ်သော်လည်း မသင့်တော်သူများသည် ထုတ်ပယ်ခံရလိမ့်မည်၊ သို့မဟုတ် ဖယ်ရှားခံရလိမ့်မည်။ ဤရာထူးများကို ပုံသေသတ်မှတ်ထားခြင်း မဟုတ်ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းသည် သင်၏ ရာထူးကို ပုံသေသတ်မှတ်ထားခြင်း ဖြစ်သည်ဟုလည်းကောင်း၊ သင်သည် မည်သည့်အခါတွင်မျှ ထုတ်ပယ်ခြင်း၊ သို့မဟုတ် ဖယ်ရှားခြင်း ခံရလိမ့်မည်မဟုတ်ဟုလည်းကောင်း မတွေးထင်လေနှင့်။ ဤထင်ယောင်ထင်မှားဖြစ်ခြင်း၌ အရသာမတွေ့နှင့်။ ဤသည်မှာ လွန်ကဲသော စိတ်ဆန္ဒတစ်ခု ဖြစ်သည်။ ယဇ်ပရောဟိတ်သည် သာမန်ခေါင်းဆောင်တစ်ဦး မဟုတ်။ သူသည် ဘုရားသခင်ကို တိုက်ရိုက် အစေခံရန် လုပ်ပိုင်ခွင့် အရည်အချင်း ရှိ၏။ ပင်ကိုအားဖြင့် ဤလုပ်ပိုင်ခွင့်နှင့် အရည်အချင်းတို့ကို သူ့အား ဘုရားသခင် ပေးထားခြင်း ဖြစ်သည်။ ဤသည်မှာ ပညတ်တော်ခေတ်၏ ယဇ်ပရောဟိတ်များကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့သည် ဗိမာန်တော်ထဲသို့ ဝင်နိုင်ကြသော်လည်း အခြားမည်သူမျှ မဝင်နိုင်သကဲ့သို့ ယဇ်ပူဇော်သက္ကာများကို ၎င်းတို့ စားသုံးနိုင်သော်လည်း အခြားမည်သူမျှ စားသုံး၍မရခဲ့ပေ။ ယနေ့ခေတ် နိုင်ငံတော်ခေတ်တွင် မည်သည့်လူစားမျိုးသည် ယဇ်ပရောဟိတ်တစ်ဦး ဖြစ်ပါသနည်း။ အတိတ်တွင် ယဇ်ပရောဟိတ်တစ်ဦးအဖြစ် သိထားကြသည့် လူတစ်ဦးသည် ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသော လူတစ်ဦးအဖြစ် ခေါ်ဝေါ်ခြင်း ခံရ၏။ ထို့ကြောင့် ဤအရာသည် သင်တို့ကို သရုပ်ဖော်ပြသလော။ သင်တို့သည် ယဇ်ပရောဟိတ်များ လုံးဝ မဟုတ်ကြချေ။ ယဇ်ပရောဟိတ်တစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူတစ်ဦးဖြစ်ပြီး ထိုလူမှလွဲ၍ အခြားမည်သူကမျှ ပူဇော်သက္ကာများကို မွေ့လျော်ခံစား၍ မရနိုင်ပေ။ အခြားမည်သူမျှ မထိုက်တန်။ သင်ထိုက်တန်သည်ဟု သင်အခိုင်အမာပြောပါက မိမိဆန္ဒအလျောက် ထိုပြောဆိုချက်ကို သင်ပြုလုပ်ခြင်း ဖြစ်၏။ သင်သည် ပူဇော်သက္ကာများကို မွေ့လျော်ခံစားခွင့် ရလိမ့်မည်မဟုတ်။ ယင်းတို့သည် သင့်အတွက် မရည်ရွယ်ပေ။

သင်တို့၏ အခြေအနေများနှင့် ပတ်သက်၍ ငါစကားပြောဦးမည်။ အသင်းတော်တွင် သတ်သတ်မှတ်မှတ် အလုပ်ကို လုပ်ကြသော ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်သည့် သင်တို့ကဲ့သို့သော လူများအတွက် အသင်းတော်က ခရီးသွားကုန်ကျစရိတ်များကို ထောက်ပံ့ပေးနိုင်သော်လည်း သင်တို့၏ နေ့စဉ်လိုအပ်ချက်များအတွက် အသင်းတော်တွင် တာဝန်မရှိပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်အတွက် အသုံးခံခြင်းသည် ဆန္ဒအလျောက်ဖြစ်၏။ သင်က “ဤအရာကို ကျွန်ုပ် ဆန္ဒအလျောက် လုပ်ခြင်း မဟုတ်ပါ။ ဘုရားအိမ်တော်က စီစဉ်ထားခြင်း ဖြစ်သည်”ဟု ဆိုပါက သင် ထွက်သွားနိုင်သည်။ လူချို့က “ဘုရားသခင်က ကျွန်ုပ်ကို ခေါ်ခဲ့သည်။ ကျွန်ုပ်ကို အသုံးပြုချင်သောကြာင့် ကျွန်ုပ် ရောက်လာခဲ့သည်။ ဆန္ဒအလျောက် ကျွန်ုပ် ရောက်လာခြင်း မဟုတ်ပါ”ဟု ဆိုကြသည်။ ထိုသို့ဖြစ်ပါက သင့်ကို ကျွန်ုပ် ယခု မလိုအပ်။ သင်ထွက်သွားနိုင်သည်။ လူတို့ကို ငါ လုံးဝ အတင်းအဓမ္မ မလုပ်ပေ။ သင်သည် ဤနေရာ၌ ဆန္ဒအလျောက် ရှိနေလျှင်ပင် သင့်ကို ဆက်လက်ခန့်အပ်ထားခြင်း ရှိမရှိက သင်၏ အရည်အချင်းများအပေါ် မူတည်သည်။ သင်သည် အရည်အချင်း မပြည့်မီပါက အသုံးပြုခံရလိမ့်မည် မဟုတ်။ သင်၏ နေရာကို ယူရန် အခြားတစ်စုံတစ်ဦးကို ရှာ၍ရသည်။ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို အသုံးပြုသည့် စည်းမျဉ်း ဖြစ်၏။ အထူးခြွင်းချက်များ ပေးမထားပေ။ ဘုရားအိမ်တော်၏ ငွေကို ဘုရားအိမ်တော်၏ အလုပ်နှင့် ပတ်သက်၍ အသုံးပြု၏။ လူအယောက်စီတိုင်း၏ ဘဝများကို ထောက်ပံ့ပေးရန် မရည်ရွယ်သကဲ့သို့ လူတို့၏ ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုအတွက်လည်း မရည်ရွယ်ပေ။

၄။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။

ညီအစ်ကိုအချို့က ညီအစ်မများနှင့်သာ မိတ်သဟာယပြုဖို့ မရမကတောင်းဆိုပြီး တစ်ဦးတည်း မိတ်သဟာယပြုဖို့ပင် မရမကတောင်းဆိုကြသည်။ ၎င်းတို့သည် ညီအစ်မများနှင့် မိတ်သဟာယပြုသည့်အခါ သူတို့ကို ရင်ဖွင့်ပြောပြပြီး အခြားမည်သူနှင့်မဆို ထိုသို့လုပ်ဆောင်ရန် ငြင်းဆန်ကြသည်။ ဤလူများသည် လုံးဝမကောင်းကြ။ ညီအစ်မအချို့သည် အခြားညီအစ်မများနှင့် မိတ်သဟာယမပြု၊ သူတို့ကို မည်သည့်အခါမျှ ရင့်ဖွင့်ပြောပြခြင်း မရှိကြဘဲ အတူ မိတ်သဟာယပြုဖို့ ညီအစ်ကိုများကို အထူး သီးသန့်ရှာဖွေကြသည်။ ဤလူများသည် မည်သည့် လူစားမျိုးနည်း။ သင့်ကို ထောက်ကူနိုင်သည့် ညီအစ်မတစ်ဦးမျှ မရှိလေသလော။ သင်နှင့် မိတ်သဟာယပြုမည့် ညီအစ်မတစ်ဦးမျှ မရှိသလော။ ၎င်းတို့အားလုံးက သင့်ကို စက်ဆုပ်ရွံရှာကြသလော။ တစ်ယောက်မျှ သင့်အတွက် မသင့်တော်လေသလော။ သင်သည် ညီအစ်ကိုများနှင့်သာ သင့်မြတ်နိုင်သလော။ သင်၌ အခြား ကြံရွယ်ချက်များရှိသည်ဟု ငါထင်သည်။ ဆန့်ကျင်ဘက်လိင်များနှင့် အစဉ်သဖြင့် ပရောပရည် လုပ်သူများရှိကြသည်။ ဤသည်မှာ အန္တရာယ်များလေ၏။ သင့်ကိုယ်သင် ချုပ်တည်းရမည်၊ ထိုးထွင်းသိမြင်နိုင်စွမ်း ရအောင်လုပ်ရမည်ဖြစ်ပြီး အသိစိတ်အချို့ကို အသုံးပြုရမည်။ လူများတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြသောကြောင့် သင့်ကိုယ်သင် လက်လွတ်စပယ် အလိုမလိုက်နှင့်။ ချုပ်တည်းမှုအချို့ ထားရှိရမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ အပြုအမူသည် တိုးတက်လာလိမ့်မည်။ ချုပ်တည်းမှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပါက လူတို့သည် လွန်လွန်ကဲကဲ အကျင့်ပျက်စီးလာကြသည်။ ၎င်းတို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များသည် အလွန်စိုးရိမ်ဖွယ်ဖြစ်သောကြောင့် ၎င်းတို့သည် ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို အစဉ်သဖြင့် အမှတ်ရကြရမည် ဖြစ်လေသည်။

၅။ ဘုရားသခင်ကို မဝေဖန်နှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို သာမန်ကာလျှံကာ မဆွေးနွေးနှင့်။ လူ လုပ်သင့်သည့်အတိုင်း လုပ်ဆောင်လော့၊ လူ ပြောသင့်သည့်အတိုင်း ပြောလော့၊ ပြီးလျှင် ကန့်သတ်ချက်များကို မကျော်လွန်နှင့်၊ စည်းဘောင်များကို မကျူးကျော်နှင့်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတစ်လေ လုပ်ဆောင်ခြင်းကို ရှောင်ရှားဖို့ သင်၏နှုတ်ကို စောင့်ထိန်းပြီး သင် ခြေလှမ်းလှမ်းရာကို သတိပြုလော့။

၆။ လူ ပြုသင့်သောအရာကို ပြုပြီး၊ သင်၏ဝတ္တရားများကို ဆောင်ရွက်ကာ သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး၊ သင်၏ တာဝန် စောင့်ထိန်းလော့။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင်၏ အမှုအဖို့ သင်၏ ဖြည့်ဆည်းမှုကို သင် ပြုသင့်ပေသည်။ သင် ဖြည့်ဆည်းမှု မပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့ မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အိမ်ထောင်စုတွင် အသက်ရှင်ဖို့ မသင့်တော်ပေ။

အမိန့် ခြောက်သည် လူသားများ၏ တာဝန်များနှင့် ဆက်နွှယ်၏။ သင်၏ ယခင် အသက်ဝင်ရောက်မှု၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် လိုက်စားမှု မည်သို့ဖြစ်ခဲ့သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် သင်၏ အစွမ်းအစ၊ သို့မဟုတ် လူ့သဘာဝကို ပဓာနမထားဘဲ အသင်းတော်အလုပ်က သင့်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် လိုအပ်သရွေ့ ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲ မည်မျှ ကြီးမားသည်ဖြစ်စေ သင်လုပ်ဆောင်သင့်သည်။ မလုပ်ဆောင်ပါက ဘုရားအိမ်တော်တွင် သင် ဆက်ရှိနေရန် မသင့်လျော်ပေ။ ဘုရားအိမ်တော်သည် အခမဲ့နေထိုင်ရန် မထောက်ပံ့ပေးသကဲ့သို့ အသုံးမကျသောသူကို မထားပေ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက ၎င်းတို့သည် အနည်းဆုံးအနေဖြင့် အစေခံတစ်ဦး ဖြစ်ရမည်။ အစေခံမှု အနည်းငယ်မျှကိုပင် ၎င်းတို့ မပေးချင်ပါက၊ သို့မဟုတ် တစ်လုပ်စာ စားဖို့အတွက် အားထုတ်မှု အနည်းငယ်မျှကိုသာ ပြုလုပ်ပါက ၎င်းတို့ကို ရှင်းလင်းပစ်ရမည်၊ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ပြန်ယူရမည်ဖြစ်ပြီး မယုံကြည်သူများကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ရမည်။ အနည်းဆုံးအနေဖြင့် လူတို့သည် ဘုရားအိမ်တော်တွင် ဆက်လက်၍ ရှိနေထိုက်သူဖြစ်ရန် မိမိတို့ စိတ်နှလုံးတွင် စစ်မှန်စွာယုံကြည်ရမည်၊ မိမိတို့စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့မှုအချို့ရှိကာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့ကို ပြသရမည်ဖြစ်သည်။ ဘုရားအိမ်တော်သည် လူတို့အပေါ် များစွာ မတောင်းဆိုပေ။ တစ်စုံတစ်ဦးသည် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသရွေ့၊ သမ္မာတရားကို နားလည်ပြီး လက်ခံနိုင်ကာ မိမိတို့တာဝန်တွင် တာဝန်သိတတ်သရွေ့ ယင်းမှာ လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သင်၏ အပြုအမူနှင့် သင်ဆောင်ရွက်ပုံတို့သည် လက်ခံနိုင်ဖွယ်ဖြစ်ရမည်။ သင်၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် အကြောက်တရား အတန်အသင့် ရှိရမည်ဖြစ်ပြီး သူ့ကို နာခံမှုအချို့ ပြရမည်။ ယင်းကိုပင် သင် မလုပ်ဆောင်နိုင်ပါက အမြန်ဆုံး အိမ်ပြန်ပြီး ဘုရားအိမ်တော်တွင် တော်စွလျော်စွ ကြုံရာကျပန်းနေခြင်းကို ရပ်လိုက်သင့်သည်။ အသေးငယ်ဆုံး တာဝန်ကိုပင် သင်ငြင်းပယ်ပြီး ဘုရားအိမ်တော်တွင် ကပ်ပါးရပ်ပါးသာ လုပ်ချင်ပါက သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သောသူတစ်ဦး ဖြစ်ပါသလော။ ငါ၏ အမြင်တွင် ထိုသို့သော လူတစ်ဦးသည် ယုံကြည်သက်ဝင်မှု မရှိသောတစ်ဦးဖြစ်သည်။ မယုံကြည်သူတစ်ဦးနှင့် မကွာခြားချေ။ ၎င်းတို့ကို ရှုမြင်ရသည်မှာ စိတ်မချမ်းသာစရာဖြစ်၏။ ဘုရားသခင်ကို သင် ယုံကြည်လိုပါက မှန်မှန်ကန်ကန် ထိုသို့လုပ်ဆောင်လော့၊ မဟုတ်လျှင် လုံးဝ မယုံကြည်နှင့်။ ဘုရားသခင်ကို ယုံကြည်မှုသည် ဆန္ဒအလျောက်ဖြစ်၏။ မည်သူကမျှ သင့်ကို အတင်းအဓမ္မ မလုပ်ပေ။ ဤအသေးအမွှား ကိစ္စရပ်ကို သင် နားမလည်နိုင်ပါက ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်၍ နောက်ထပ် မည်သည့်အရာကို ပြောရဦးမည်နည်း။ ဘုရားအိမ်တော်က ဖြုန်းတီးမှုကို မလိုချင်ပေ။ အသင်းတော်သည် ခိုလှုံရာ မဟုတ်။ သမ္မာတရားအပေါ် အရိုးရှင်းဆုံး လက်ခံမှုပင် မရှိသောသူတို့သည် ဖယ်ရှားကာ ထုတ်ပယ်ခံရလိမ့်မည်။ သမ္မာတရားသည် ဘုရားအိမ်တော်တွင် အုပ်စိုး၏။ အဓိပ္ပာယ်မရှိသည့် အရာတစ်ခုခုကို တစ်ဦးတလေက ကြိုးပမ်းပါက၊ သို့မဟုတ် အနှောင့်အယှက်၊ ဆူပူလှုပ်ရှားမှုတစ်ခုခုကို ဖြစ်စေပါက ထိုသူသည် ထုတ်ပယ်ကာ ဖယ်ရှားခံရမည်ဖြစ်သည်။

၇။ အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို နာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့နာခံခြင်းကိုသာ စိတ်ဝင်စားလော့။

သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူက မည်သည့်အရာ ပြောဆို၊ လုပ်ဆောင်သည်ကို ပဓာနမထားဘဲ သူ့ကို နားထောင်ကာ နာခံရမည်။ သင့်ကို ပြောထားသည့်အရာကို ခိုင်းထားသည့်အတိုင်း လုပ်ဆောင်လော့။ “ဘုရားသခင်က သိပါသလား။ ဘုရားသခင်ကို ကျွန်ုပ် မေးရမည်”ဟု မပြောနှင့်။ မေးစရာ မလိုအပ်၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူက သင့်ကို ခိုင်းစေသောအရာကိုသာ လုပ်ဆောင်လော့။ သင်နားလည်ပါသလော။ ဤအရာနှင့် ပတ်သက်၍ နောက်ထပ် ပြောရန် မလိုအပ်ပေ။ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ နားလည်နှင့်ပြီး ဖြစ်သင့်ပေသည်။

၈။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

လူအချို့သည် အထူးသဖြင့် ရေပန်းစားသောအလုပ်များကို ဝင်လုပ်ပြီး အခြားသူများကို ဖော်လံဖားလုပ်နိုင်ကြသည်။ ငါ ချီးကျူးသည့်သူ၊ ကောင်းကောင်း ဆက်ဆံသည့်သူ၊ သို့မဟုတ် ငါ မိတ်သဟာယပြုရင်း မကြာခဏ အချိန်ကုန်ဆုံးသောသူ မည်သူကိုမဆို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့ကို ဖော်လံဖားလုပ်ရန် အသေအချာ အာရုံစိုက်ကြသည်။ အယူအဆတစ်ခုက ၎င်းတို့စိတ်များကို ပုံသွင်းပြီး ဖြစ်သည်။ ယခု ဘုရားသခင်က ဤသီးခြားညီအစ်ကိုဆီသို့ လာပြီးနောက် ၎င်းတို့နောက်တွင် ဤသီးခြား ညီအစ်မထံ လာသည်။ ဘုရားသခင်သည် ပထမဦးစားပေးဖြစ်သည်၊ တစ်စုံတစ်ဦးသည် ဒုတိယ၊ တတိယ သို့မဟုတ် စတုတ္ထဖြစ်သည်ဟူ၍...သင်၏ စိတ်တွင် အဆင့်များ မထားနှင့်။ ထိုသို့သော အဆင့်များက အထောက်အကူပြုခြင်း တစ်ခုတလေ ရှိသလော။ ဤသည်မှာ ဧကရာဇ်က ပထမ၊ ဝန်ကြီးချုပ်က ဒုတိယဖြစ်ပြီး အခြားအရာရှိက တတိယဖြစ်သည့် နန်းတွင်းတရားခုံရုံးတစ်ခုကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ ဘုရားအိမ်တော်တွင် ထိုသို့သော အဆင့်များ မရှိ၊ ဘုရားသခင်နှင့် ဘုရားရွေးချယ်ထားသော လူတို့သာရှိပြီး ဘုရားရွေးချယ်ထားသော လူများသည် ဘုရားသခင်ကိုသာ နာခံပြီး ကိုးကွယ်သင့်ကြ၏။ အမှန်တွင် သင်တို့အားလုံး တန်းတူဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်ကို ဦးစွာပထမ လက်ခံသည်ဖြစ်စေ၊ နောက်မှ လက်ခံသည်ဖြစ်စေ၊ သင်တို့၏ လိင်အမျိုးအစား၊ အသက်အရွယ်၊ အစွမ်းအစတို့က မည်သည့်အရာဖြစ်စေ သင်တို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် တန်းတူဖြစ်ကြသည်။ လူတို့ကို မကိုးကွယ်နှင့်။ ပြီးလျှင် သင့်ကိုယ်သင် အလွန်အထင်မကြီးနှင့်။ ရာထူး၊ သို့မဟုတ် အဆင့်များကို မဖန်တီးနှင့်။ ဖန်တီးပါက သင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာသည် လူသား အယူအဆများနှင့် စိတ်ကူးများဖြင့် ညစ်ညမ်းပြီးဖြစ်သည်ကို သက်သေပြသောကြောင့် သင်သည် အမိန့်များကို ချိူးဖောက်ရန် ဖြစ်နိုင်ဖွယ်ရှိလေသည်။

၉။ အသင်းတော်၏အလုပ်ကို အမြဲ တွေးလော့။ သင်ကိုယ်တိုင်၏ အသွေးအသား မျှော်လင့်ချက်များကို ဘေးဖယ်လော့၊ မိသားစု ကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားလော့၊ ဘုရားသခင်၏ အမှုအဖို့ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ပြီး၊ ဘုရားသခင်၏အမှုကို ပထမဦးစားပေးကာ သင်ကိုယ်တိုင်၏ ဘဝကို ဒုတိယထားလော့။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ဖြစ်၏။

၁၀။ (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအစ်မများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။

ဤသည်တို့မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင် ရွေးချယ်ထားသူတို့ လိုက်လျှောက်ရမည့် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဆယ်ခုဖြစ်လေသည်။ အားလုံးကို ခေါင်းထဲစွဲမှတ်လော့။

၁၉၉၅ခုနှစ် နှောင်းပိုင်း

အရှေ့သို့- လူသားသည် အသစ်သောကာလသို့ ကူးပြောင်းပုံ

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။