ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
လူသည် ဘုရားသခင် အမှု၏ ရည်မှန်းချက်ဖြစ်ပြီး ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ဦးတည်းသော အဖန်ဆင်းခံသတ္တဝါ ဖြစ်သည့်အတွက်၊ လူသားအလယ် ဘုရားသခင်၏ အမှုသည် လူနှင့် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရသကဲ့သို့၊ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားပြီး၊ မည်သည့်လူမျှ ဘုရားသခင်နှင့် သီးခြားစီ မတည်ရှိနိုင်ဟုပင် ပြောကောင်းပြောနိုင်သည်။ ယင်းသည် အမှန်တရား ဖြစ်သည့်အတွက်၊ မည်သူမျှ မငြင်းနိုင်ပေ။ ဘုရားသခင် လုပ်ဆောင်သမျှ အားလုံးသည် လူသားမျိုးနွယ် အကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ လိုအပ်သမျှအားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား အသက်၏ အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ဘုရားသခင်မှ ရိုးရှင်းစွာ ခွဲမထွက်နိုင်ပေ။ ထို့အပြင် ဘုရားသခင်သည် လူသားထံမှ ခွဲခွားခြင်းနှင့်ဆိုင်သည့် မည်သည့် ရည်ရွယ်ချက်မျှ လုံးဝ မရှိဖူးပေ။ ဘုရားသခင် ပြုသောအမှုသည် လူသားမျိုးနွယ် အားလုံးအတွက် ဖြစ်ပြီး၊ သူ၏ အကြံအစည်များမှာ အမြဲ ကြင်နာတတ်လေသည်။ ထို့နောက် လူသားအတွက်၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ အကြံအစည်များ (ယင်းမှာ ဘုရားသခင်၏ အလိုဖြစ်သည်) နှစ်ခုလုံးသည် လူသား သိထားသင့်သည့် “ရူပါရုံများ” ဖြစ်သည်။ ထိုသို့သော ရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားက လုပ်နိုင်စွမ်း မရှိသော အမှုဖြစ်သည်။ ထိုအချိန်အတောအတွင်း၊ သူ၏ အမှုအတောအတွင်းတွင် လူနှင့်သက်ဆိုင်၍ ဘုရားသခင် ပြုသည့် သတ်မှတ်ချက်များကို လူ၏ “လက်တွေ့လုပ်ဆောင်မှု” ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တိုင်၏အမှု သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ အလို သို့မဟုတ် သူ့အမှု၏ ရည်မှန်းချက်များနှင့် အရေးပါမှု ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အမှုဖြစ်သည့်အတွက်၊ ရူပါရုံများကို စီမံခန့်ခွဲမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားကို ရည်ရွယ်ပေသည်၊ ဆိုလိုသည်မှာ ယင်းသည် လူသားအလယ် ဘုရားသခင် ပြုသောအမှု ဖြစ်ပေသည်။ ဤအမှုသည် ဘုရားသခင်ကို လူက သိရှိလာရာ သက်သေအထောက်အထားနှင့် လမ်းကြောင်း ဖြစ်ပြီး လူသားအတွက် အဆုံးစွန် အရေးပါမှု တစ်ခုလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် အယူဝါဒများ သို့မဟုတ် မဖြစ်စလောက် အရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်မည်ဆိုပါက၊ ၎င်းတို့သည် တကယ်ကို ဘုရားသခင်ကို သိကြလိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူ၏ အသိပညာအဖို့ အလွန့်အလွန် အထောက်အကူ ပြုသည့် ဘုရားသခင်၏ အမှုကို ရူပါရုံများဟု ခေါ်ပေသည်။ ဤရူပါရုံများသည် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ အလို၊ ဘုရားသခင် အမှု၏ ရည်မှန်းချက်များနှင့် အရေးပါမှု ဖြစ်သည်- ယင်းတို့သည် လူသားအဖို့ အကျိုးကျေးဇူးသာ ဖြစ်ပေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူက လုပ်ဆောင်သင့်သောအရာ၊ ဘုရားသခင် နောက်လိုက်သော အဖန်ဆင်းခံသတ္တဝါများ လုပ်ဆောင်သင့်သောအရာကို ရည်ညွှန်းပြီး၊ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသားက လုပ်ဆောင်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ၊ ဘုရားသခင်က သူ၏အမှုအတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ဤသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်နဲလာပြီး ဘုရားသခင် အမှုပြုသည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာအားဖြင့် ပညတ်တော်ခေတ်အတွင်းတွင်၊ လူသည် ပညတ်တော်ကို လိုက်နာဖို့ဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် လူသားသည် ကားတိုင်ကို ထမ်းရွက်ဖို့ ဖြစ်ခဲ့သည်။ နိုင်ငံတော်ခေတ်သည် ကွာခြား၏- လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းက သတ်မှတ်ချက်များထက် ပိုမို မြင့်မားလေသည်။ ရူပါရုံများက ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်မားလာပြီး ယခင်ထက် သာ၍ ရှင်းလင်းလာကာ သာ၍ စစ်မှန်လာသည်။ ထိုနည်းတူ ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ဤစစ်မှန်သော ရူပါရုံများစွာသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးသည်သာမက၊ ထို့အပြင် ဘုရားသခင်နှင့်ဆိုင်သည့် သူ၏ အသိပညာကိုလည်း အားဖြည့်ပေးလေသည်။
ယခင်ခေတ်များနှင့် နှိုင်းယှဉ်ရာတွင်၊ နိုင်ငံတော်ခေတ်အတွင်း ဘုရားသခင်၏ အမှုသည် သာ၍ လက်တွေ့ကျပြီး၊ လူသား၏ အနှစ်သာရနှင့် သူ၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို သာ၍ ရည်ရွယ်သကဲ့သို့၊ သူ့နောက်လိုက်သူ အားလုံးအတွက်လည်း ဘုရားသခင် ကိုယ်တော်တိုင်ကို သာ၍ သက်သေခံစေနိုင်လေသည်။ တစ်နည်းဆိုသော် နိုင်ငံတော်ခေတ်အတွင်းတွင်၊ သူအမှုပြုသည်နှင့်အမျှ အတိတ်ကာလ မည်သည့်အချိန်ကထက်မဆို ဘုရားသခင်သည် လူသားထံ မိမိကိုယ်ကိုယ် ပြသလေသည်၊ ဆိုလိုသည်မှာ လူသားက သိသင့်သော ရူပါရုံများသည် ယခင် မည်သည့်ခေတ်မဆိုထက် ပိုမို မြင့်မားလေသည်။ လူသားအလယ်ရှိ ဘုရားသခင်၏ အမှုသည် ယခင် မရောက်ဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သောကြောင့်၊ နိုင်ငံတော်ခေတ်အတွင်း လူသားက သိသော ရူပါရုံများသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အားလုံးတစ်လျှောက် အမြင့်ဆုံးဖြစ်လေသည်။ ဘုရားသခင်၏ အမှုသည် ယခင်က မရောက်ဖူးသေးသော နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ ထို့ကြောင့် လူသားက သိရှိရမည့် ရူပါရုံများသည် ရူပါရုံများအားလုံးထဲမှ အမြင့်ဆုံး ဖြစ်လာပြီးဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ရူပါရုံများဖြင့် အဆင့်ဆင့် ပြောင်းလဲသည့်အတွက်၊ အကျိုးဆက်ဖြစ်သော လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယခင်ခေတ်ထက် ပိုမို မြင့်မားပြီး၊ ရူပါရုံများ၏ ပြည့်စုံခြင်းသည်လည်း လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များ ပြည့်စုံခြင်းကို အမှတ်အသား ပြုပေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအားလုံး ရပ်တန့် သွားသည်နှင့်တစ်ပြိုင်နက် လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ရပ်တန့်သွားသည်၊ ပြီးလျှင် ဘုရားသခင်၏ အမှု မရှိဘဲနှင့်၊ လူသည် အတိတ်ကာလများ၏ အယူဝါဒကို ထိန်းသိမ်းရန်မှလွဲ၍ ရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်၊ သို့မဟုတ် တကယ်ကို အားကိုးရာမရှိဘဲ ဖြစ်လိမ့်မည်။ ရူပါရုံအသစ်များ မရှိဘဲနှင့်၊ လူအားဖြင့် အသစ်သော လက်တွေ့ လုပ်ဆောင်မှုများ ရှိလိမ့်မည် မဟုတ်ပေ။ ပြီးပြည့်စုံသော ရူပါရုံများ မရှိဘဲနှင့်၊ လူ၏ စုံလင်သော လက်တွေ့လုပ်ဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ သာ၍ မြင့်မားသော ရူပါရုံများ မရှိဘဲနှင့်၊ လူ၏ သာ၍ မြင့်မားသော လက်တွေ့လုပ်ဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ လူ၏ လက်တွေ့ လုပ်ဆောင်မှုသည် ဘုရားသခင်၏ ခြေလှမ်းများနှင့်အတူ ပြောင်းလဲပြီး၊ ထိုနည်းတူ လူ၏ အသိပညာနှင့် အတွေ့အကြုံသည်လည်း ဘုရားသခင်၏ အမှုနှင့်အတူ ပြောင်းလဲသည်။ လူသည် မည်မျှ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့် ခွဲ၍ မရနိုင်ဆဲ ဖြစ်သကဲ့သို့၊ အကယ်၍ ဘုရားသခင်သည် အမှုပြုခြင်းကို အချိန်အခိုက်အတန့်မျှ ရပ်တန့်ခဲ့မည် ဆိုပါက၊ လူသည် သူ၏ အမျက်ဒေါသကြောင့် ချက်ချင်း သေဆုံးသွားလိမ့်မည်။ ယနေ့ လူ၏ အသိပညာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ သူ၏ အတွေ့အကြုံများ မည်မျှ နက်နဲသည်ဖြစ်စေ၊ လူသည် ဝါကြွားစရာ မည်သည့်အရာမျှ မရှိ၊ သူသည် ဘုရားသခင်၏ အမှုနှင့် ခွဲ၍မရနိုင်ပေ- အကြောင်းမှာ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားသခင်၌ သူ၏ယုံကြည်မှုတွင် သူ ရှာဖွေသင့်သည့်အရာတို့သည် ရူပါရုံများနှင့် ခွဲ၍ မရသည့်အတွက် ဖြစ်သည်။ ဘုရားသခင်၏ အမှု ဖြစ်စဉ်တိုင်းတွင် လူသားသိသင့်သော ရူပါရုံများ ရှိပြီး၊ ဤအရာများနောက်တွင် လူသားနှင့်သက်ဆိုင်သည့် သင့်တော်သော သတ်မှတ်ချက်များကို ပြုလုပ်ထားပေသည်။ ဤရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် မရှိဘဲ၊ လူသည် တကယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိမည် မဟုတ်သကဲ့သို့၊ လူသည် ဘုရားသခင်နောက် မဆုတ်မနစ် လိုက်နိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ လူသည် ဘုရားသခင်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို နားမလည်ပါက၊ လူသား လုပ်ဆောင်သမျှအားလုံး အချည်းနှီး ဖြစ်ပြီး ဘုရားသခင်က လက်ခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ လူသား၏ ဆုကျေးဇူးများသည် မည်မျှ များပြားသည် ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ လမ်းပြမှုမှ ခွဲ၍မရနိုင်ဆဲ ဖြစ်သည်။ လူ၏ လုပ်ရပ်များ မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ မည်မျှ များပြားသည့် လုပ်ရပ်များကို လူက ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားသခင်၏ အမှုကို အစားမထိုးနိုင်သေးပေ။ သို့ဖြစ်ရာ မည်သည့် အခြေအနေအောက်တွင်မျှ လူ၏ လက်တွေ့ လုပ်ဆောင်မှုသည် ရူပါရုံများမှ ခွဲထွက်၍ မရနိုင်ပေ။ ရူပါရုံအသစ်များကို လက်မခံသူသည် လက်တွေ့လုပ်ဆောင်မှု အသစ်များ မရှိပေ။ ၎င်းတို့သည် အယူဝါဒကို လိုက်နာပြီး အသက်မဲ့သည့် ပညတ်တရားကို ထိန်းသိမ်းသောကြောင့်၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ ၎င်းတို့သည် ရူပါရုံသစ်များ လုံးဝ မရှိသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ခေတ်သစ်မှ မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ရူပါရုံများ ပျောက်ဆုံးကြပြီးဖြစ်ကာ၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ဆုံးရှုံးကြပြီးဖြစ်သကဲ့သို့၊ သမ္မာတရားကို ဆုံးရှုံးကြပြီး ဖြစ်သည်။ သမ္မာတရားမရှိသူတို့သည် အဓိပ္ပာယ်မဲ့မှု၏ အစွန်းအမြိတ် ဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ ပြယုဂ်ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် မည်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပါစေ၊ ၎င်းတို့သည် ဘုရားသခင် အမှု၏ ရူပါရုံများ မရှိဘဲ မနေနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို ကင်းမဲ့၍ မဖြစ်ပေ။ တစ်ဦးတစ်ယောက်သည် ရူပါရုံများ ဆုံးရှုံးသည်နှင့် တစ်ပြိုင်နက်၊ မရဏနိုင်ငံသို့ ချက်ချင်း သက်ဆင်းရပြီး အမှောင်ထုအလယ်တွင် အသက်ရှင်ကြရသည်။ ရူပါရုံများ မရှိသည့် လူတို့သည် ဘုရားသခင်နောက် မိုက်မဲစွာ လိုက်လျှောက်သူများ ဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သူများ ဖြစ်ကြပြီး၊ ငရဲတွင် အသက်ရှင်နေကြပေသည်။ ထိုသို့သော လူများသည် သမ္မာတရားကို မလိုက်စားကြဘဲ၊ ယင်းအစား ဘုရားသခင်၏ နာမကို ဆိုင်းဘုတ်တစ်ခုပမာ ချိတ်ဆွဲထားကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူ၊ လူ့ဇာတိခံ ဘုရားသခင်ကို မသိသူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးထဲက အမှုအဆင့် သုံးဆင့်ကို မသိသူ- ၎င်းတို့သည် ရူပါရုံများကို မသိကြ၊ ထို့ကြောင့် သမ္မာတရားလည်း မရှိကြပေ။ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် မကောင်းမှုပြုသူများသာ ဖြစ်သည် မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူ၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ရှာဖွေရန် လိုလားနေသူနှင့် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းသောသူတို့အတွက် ရူပါရုံများက အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ကြသောကြောင့် ၎င်းတို့ကို ဘုရားသခင် လက်ခံပြီး၊ လူသားက လက်တွေ့လုပ်ဆောင်သင့်သည်မှာ ဤပူးပေါင်းလုပ်ဆောင်မှု ဖြစ်သည်။
ရူပါရုံများတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများစွာ ပါရှိသည်။ လူသားသိသင့်သော ဘုရားသခင်၏ အမှုကဲ့သို့၊ လူသားကို ပြုလုပ်ထားသည့် လက်တွေ့ကျသော တောင်းဆိုချက်များသည်လည်း ရူပါရုံများအတွင်းတွင် ပါရှိလေသည်။ အတိတ်တွင် နေရာအမျိုးမျိုးတွင် ပြုလုပ်ခဲ့သည့် အထူးစုဝေးခြင်းများ သို့မဟုတ် ကြီးကျယ်ခမ်းနားသော စုဝေးခြင်းများအတွင်းတွင်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ရှုထောင့်တစ်ခုတည်းကိုသာ ပြောဆိုခဲ့ကြသည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုမှာ ကျေးဇူးတော်ခေတ်အတွင်း လက်တွေ့လုပ်ဆောင်ခဲ့သင့်သော အရာဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်၏ ရုပါရုံသည် ယေရှု၏ ကားစင်တင်ခံရခြင်း ရူပါရုံသာ ဖြစ်ခဲ့သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှပင် မရှိသကဲ့သို့ သာ၍ ကြီးမားသော ရူပါရုံများ မရှိခဲ့ပေ။ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို သူ၏ ရွေးနုတ်ခြင်း အမှုထက်ပို၍ လူအနေဖြင့် သိရှိရမည် မဟုတ်ဟု မှတ်ယူထားခဲ့ပြီး၊ ထို့ကြောင့် ကျေးဇူးတော်ခေတ် အတွင်းတွင် လူသားအတွက် သိရှိဖို့ အခြားရူပါရုံများ မရှိခဲ့ပေ။ ဤနည်းဖြင့် လူသည် ဘုရားသခင်နှင့်ဆိုင်သည့် သာမန်ကာလျှံကာ အသိပညာ တစ်ခုသာ ရှိခဲ့ပြီး၊ ယေရှု၏ ချစ်ခြင်းနှင့် သနားကရုဏာနှင့်ဆိုင်သည့် အသိပညာမှလွဲ၍၊ သူ့အတွက် လက်တွေ့လုပ်ဆောင်စရာသည် ယနေ့နှင့် တခြားစီဖြစ်သည့် ရိုးရှင်းပြီး နုံချာသောအရာ အနည်းငယ်သာ ရှိခဲ့သည်။ အတိတ်တွင် သူ၏ အစုအဝေးက မည်သည့်ပုံသဏ္ဌာန်ကို ယူဆောင်ခဲ့သည်ဖြစ်စေ၊ လူသားအတွက် ဝင်ရောက်ဖို့ မည်သည့်အရာက အသင့်တော်ဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းဖြစ်သည်ကို တစ်ဦးတစ်လေက ရှင်းလင်းစွာ ပြောနိုင်ခဲ့ဖို့ မဆိုထားနှင့်၊ လူသည် ဘုရားသခင် အမှုနှင့်ဆိုင်သည့် လက်တွေ့ကျသော အသိပညာတစ်ခုကိုပင် ပြောဆိုနိုင်စွမ်း မရှိခဲ့ပေ။ လူသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၏ အခြေခံအုတ်မြစ်တစ်ခုကို ရိုးရှင်းသည့် အသေးစိတ် အချက်အလက် အနည်းငယ်အား ဖြည့်စွက်မျှရုံ ဖြည့်စွက်ခဲ့သည်။ ဘုရားသခင်သည် တူညီသည့် ခေတ်အတွင်းတွင် သာ၍ သစ်လွင်သော အမှု တစ်ခုတစ်လေကို မပြုခဲ့သကဲ့သို့၊ လူသားအပေါ် သူပြုခဲ့သည့် သတ်မှတ်ချက်များမှာ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းခြင်းတို့သာ ဖြစ်ခဲ့သည့်အတွက်၊ သူ၏လက်တွေ့လုပ်ဆောင်မှု အနှစ်သာရတွင် တကယ်ကို မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများမှအပ၊ ယေရှု၏ ကားစင်တင်ခံရခြင်းထက် ပိုမြင့်မားသည့် ရူပါရုံများ မရှိခဲ့ပေ။ အတိတ်ကာလတွင် ဘုရားသခင်သည် များလှစွာသော အမှုကို မလုပ်ဆောင်ခဲ့သောကြောင့်၊ ပြီးလျှင် သူသည် လူသားအပေါ် နည်းပါးသော တောင်းဆိုမှုများသာ ပြုခဲ့သောကြောင့်၊ အခြားရူပါရုံများကို ဖော်ပြပြောဆိုမှု မရှိခဲ့ပေ။ ဤနည်းဖြင့် လူက မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ သူသည် လူသားအတွက် လက်တွေ့လုပ်ဆောင်ရန် ရိုးရှင်းပြီး ပေါ့တန်သော အရာအနည်းငယ် ဖြစ်သည့် ဤအကန့်အသတ် အတိုင်းအတာကို ချိုးဖောက်နိုင်စွမ်း မရှိခဲ့ပေ။ ယနေ့တွင် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထက် အဆပေါင်းများစွာ ပိုသည့် သာ၍များသော အမှုကို လုပ်ဆောင်ပြီး ဖြစ်သောကြောင့်၊ ယနေ့တွင် အခြားရူပါရုံများ အကြောင်းကို ငါ ပြောပြရပေသည်။ လူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များမှာလည်း အတိတ်ခေတ်ကာများထက် အဆပေါင်းများစွာ မြင့်မားလေသည်။ အကယ်၍ လူသည် ထိုသို့သော အမှုကို အပြည့်အဝ သိနိုင်စွမ်း မရှိပါက၊ ယင်းသည် ကြီးမားသည့် အရေးပါမှုကို ပိုင်ဆိုင်မည် မဟုတ်ပေ။ လူသည် တစ်သက်တာ အားထုတ်မှု တစ်ခုလုံးကို ယင်းအား မဆက်ကပ်ပါက၊ ထိုသို့သော အမှုကို အပြည့်အဝ သိရှိရာတွင် အခက်အခဲ ရှိလိမ့်မည်ဟု ပြောနိုင်သည်။ သိမ်းပိုက်ခြင်းအမှုတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကိုသာ ပြောဆိုခြင်းသည် လူသားအား သိမ်းပိုက်ခြင်းကို မဖြစ်နိုင်စရာ ဖြစ်စေပေမည်။ လူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များ မပြုဘဲနှင့်၊ ရူပါရုံများကို သာ၍ ပြောဆိုခြင်းသည်လည်း လူသားအား သိမ်းပိုက်ခြင်းကို မဖြစ်နိုင်စရာ ဖြစ်စေပေမည်။ လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းမှလွဲ၍ မည်သည့်အရာကိုမျှ ပြောဆိုခြင်း မရှိပါက၊ လူ၏ပျော့ကွက်ကို တိုက်ခိုက်ရန်၊ သို့မဟုတ် လူ၏အယူအဆများကို ပပျောက်စေရန် ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ ထို့ကြောင့် လူသားကို အပြည့်အဝ သိမ်းပိုက်ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပေ။ ရူပါရုံများသည် လူသားကို သိမ်းပိုက်ခြင်း၏ အဓိက တန်ဆာပလာ ဖြစ်သည်၊ သို့သော်လည်း ရူပါရုံများကလွဲ၍ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း မရှိပါက၊ လူသားသည် ဝင်ရောက်မည့် နည်းလမ်းတစ်ခုတစ်လေ ရှိဖို့ မဆိုထားနှင့်၊ လိုက်လျှောက်ရန် နည်းလမ်းပင် ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အစမှ အဆုံးထိတိုင် ဘုရားသခင်အမှု၏ အခြေခံသဘောတရား ဖြစ်ပြီး ဖြစ်သည်- ရူပါရုံများထဲတွင် လက်တွေ့လုပ်ဆောင်နိုင်သည့်အရာ ရှိပြီး၊ လက်တွေ့လုပ်ဆောင်မှု အပြင် ရူပါရုံများလည်း ရှိလေသည်။ လူ့အသက်တာနှင့် သူ၏ စိတ်သဘောထား နှစ်ခုလုံးရှိ ပြောင်းလဲမှု အတိုင်းအတာသည် ရူပါရုံများထဲက ပြောင်းလဲမှုများနှင့်အတူ ပါရှိလေသည်။ လူသည် သူ၏ကိုယ်ပိုင် အားထုတ်မှုကိုသာ အားကိုးခဲ့မည်ဆိုပါက၊ မည်သည့် ကြီးမားသည့် ပြောင်းလဲမှု အတိုင်းအတာကိုမျှ စွမ်းဆောင်ရရှိရန် သူ့အတွက် ဖြစ်နိုင်မည် မဟုတ်ပေ။ ရူပါရုံများက ဘုရားသခင် ကိုယ်တိုင်၏အမှုနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ပြောဆိုသည်။ လက်တွေ့လုပ်ဆောင်မှုသည် လူ၏လုပ်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့် လူ၏ဖြစ်တည်မှု နည်းလမ်းကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံးတွင် ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှုကြားက ဆက်နွှယ်မှုသည် ဘုရားသခင်နှင့် လူကြားက ဆက်နွှယ်မှု ဖြစ်သည်။ ရူပါရုံများကို ဖယ်ရှားခဲ့မည်ဆိုပါက၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုကို မပြောဘဲ ရူပါရုံများကိုသာ ပြောခဲ့မည်ဆိုပါက၊ သို့မဟုတ် ရူပါရုံများသာ ရှိခဲ့ပြီး လူ၏ လက်တွေ့လုပ်ဆောင်မှုများကို အမြစ်ဖြတ်ခဲ့မည်ဆိုပါက၊ ယင်းကို ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောနိုင်ဖို့မဆိုထားနှင့်၊ ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖြစ် မှတ်ယူ၍ ရနိုင်မည် မဟုတ်ပေ။ ဤနည်းဖြင့် လူ၏တာဝန်သည် ဖယ်ရှားခံရမည်သာမက၊ ယင်းသည် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို ငြင်းပယ်ခြင်း တစ်ခုလည်း ဖြစ်ပေမည်။ အကယ်၍ အစမှအဆုံးတိုင် ဘုရားသခင်၏ အမှုမပါဝင်ဘဲ၊ လူသည် လက်တွေ့ လုပ်ဆောင်ရန်မျှ လိုအပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် လူသည် ဘုရားသခင်၏ အမှုကို သိရန် မလိုအပ်ခဲ့ပါက၊ ထိုသို့သော အမှုကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု သာ၍ပင် ခေါ်ဆိုနိုင်မည်မဟုတ်။ လူသည် ဘုရားသခင်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ အလိုကို မသိ နားမလည်ဘဲ၊ မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို မရေရာ၊ စိတ်ကူးသက်သက် ဖြစ်သည့် နည်းလမ်းဖြင့် ကျိုးကြောင်းမမြင်ဘဲ ဆောင်ရွက်ခဲ့မည်ဆိုပါက၊ သူသည် မည်သည့်အခါတွင်မျှ ပြည့်ဝစွာ အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှစ်ခုလုံးသည် မရှိမဖြစ် ဖြစ်သည်။ ဘုရားသခင်၏ အမှုတစ်ခုတည်းသာ ရှိခဲ့မည်ဆိုလျှင်၊ ဆိုလိုသည်မှာ ရူပါရုံများသာ ရှိခဲ့မည်ဆိုပါက၊ ပြီးလျှင် လူ၏ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု ခေါ်ဆို၍ မရနိုင်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုသာ ရှိခဲ့မည် ဆိုပါက၊ မည်မျှမြင့်မားသည့် လမ်းကြောင်းကို လူက ဝင်ရောက်သည်ဖြစ်စေ၊ ဤအရာသည်လည်း လက်ခံနိုင်ဖွယ်ရာ ဖြစ်မည် မဟုတ်။ လူ၏ဝင်ရောက်မှုသည် အမှုနှင့် ရူပါရုံများနှင့်အညီ တဖြည်းဖြည်း ပြောင်းလဲရမည်။ ယင်းသည် စိတ်ကူးပေါက်သည့်အတိုင်း ပြောင်းလဲ၍ မရနိုင်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သည့် အခြေခံသဘောတရားများသည် မလွတ်လပ်သကဲ့သို့၊ ထိန်းမနိုင်သိမ်းမရ မဖြစ်ဘဲ၊ အချို့သော အကန့်အသတ် အတိုင်းအတာအတွင်းတွင် တည်ရှိပေသည်။ ထိုသို့သော အခြေခံသဘောတရားများသည် အမှု၏ ရူပါရုံများနှင့်အညီ ပြောင်းလဲလေသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်မှု ပေါ်တွင်သာ မူတည်လေတော့သည်။
လူသားမျိုးနွယ်ကြောင့် စီမံခန့်ခွဲခြင်း အမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူသား၏ တည်ရှိခြင်းကြောင့် ယင်းက ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ် မတိုင်မီတွင် သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန် အစအဦးတွင် စီမံခန့်ခွဲခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးတွင်၊ လူသားအဖို့ အကျိုးရှိသည့် လက်တွေ့လုပ်ဆောင်မှု မရှိခဲ့ပါက၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အတွက် သင့်တော်သည့် သတ်မှတ်ချက်များကို မပြုလုပ်ခဲ့လျှင် (ဘုရားသခင် လုပ်ဆောင်သည့် အမှုတွင်၊ လူ၏ လက်တွေ့လုပ်ဆောင်မှုအတွက် သင့်တော်သည့် လမ်းကြောင်း မရှိခဲ့လျှင်)၊ ဤအမှုကို ဘုရားသခင်၏ စီမံခံခန့်ခွဲမှုဟု ခေါ်ဆို၍မရနိုင်ပေ။ ဘုရားသခင်၏ အမှုတစ်ခုလုံးသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြောပြခြင်းသာ ပါဝင်ပြီး၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် မည်သည့် လုပ်ငန်းကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့၊ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း သို့မဟုတ် ဉာဏ်ပညာကို စိုးစဉ်းမျှ ထုတ်ဖော် မပြသခဲ့ပါက၊ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ မည်မျှ မြင့်မားသည်စေ၊ လူသားအလယ် ဘုရားသခင် မည်မျှကြာ အသက်ရှင်ခဲ့သည်ဖြစ်စေ၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ သိရှိမည် မဟုတ်ပေ။ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက ဤအလုပ်မျိုးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု အခေါ်ခံရရန် သာ၍ ထိုက်တန်မည် မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုသည် ဘုရားသခင် လုပ်ဆောင်သည့် အမှုဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်း ခံရပြီးသူများက ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လုပ်ဆောင်သော အလုပ်များ အားလုံး ဖြစ်ပေသည်။ ထိုသို့သောအမှုကို စီမံခန့်ခွဲမှုအဖြစ် အကျဉ်းရုံးနိုင်သည်။ တစ်နည်းအားဖြင့် လူသားအလယ် ဘုရားသခင်၏ အမှုအပြင်၊ သူ့နောက်လိုက်သူများ အားလုံး၏ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းကို စုပေါင်း၍ စီမံခန့်ခွဲမှုဟု ခေါ်ဆိုပေသည်။ ဤတွင် ဘုရားသခင်၏အမှုကို ရူပါရုံများဟု ခေါ်ပြီး၊ လူ၏ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အမှု သာ၍ မြင့်မားလေ (ဆိုလိုသည်မှာ၊ ရူပါရုံများက သာ၍မြင့်မားလေ)၊ ဘုရားသခင်၏ စိတ်သဘောထားက လူသားများအဖို သာ၍ ပေါ်လွင်လေဖြစ်သည်၊ ယင်းသည် လူသား၏ အယူအဆများနှင့် သာ၍ ကွဲလွဲလေ ဖြစ်ပြီး၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် သာ၍ မြင့်မားလာလေ ဖြစ်သည်။ လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များ သာ၍ မြင့်မားလေ၊ ဘုရားသခင်၏အမှုသည် လူ၏ အယူအဆများနှင့် သာ၍ ကွဲလွဲလေ ဖြစ်သည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူနှင့်ဆိုင်သည့် စမ်းသပ်မှုများနှင့် သူ ဖြည့်ဆည်းဖို့ လိုအပ်သည့် စံနှုန်းများကလည်း သာ၍ မြင့်မားလာလေ ဖြစ်သည်။ ဤအမှု၏ အဆုံးသတ်တွင်၊ ရူပါရုံများအားလုံး ပြီးပြည့်စုံသွားမည်ဖြစ်ပြီး၊ လူက လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့်အရာများသည်လည်း စုံလင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ လူက သိရှိရန် လိုအပ်သည့်အရာကို လူသားထံ ပြသပြီးဖြစ်လိမ့်မည်ဖြစ်သည့်အတွက်၊ ဤသည်မှာ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားသည့်အချိန်လည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရူပါရုံများက ယင်းတို့၏အထွတ်အထိပ်သို့ ရောက်ချိန်တွင်၊ အမှုသည် လျော်ညီစွာ ယင်း၏ အဆုံးသတ်သို့ ချဉ်းကပ်လိမ့်မည် ဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် ဘုရားသခင်၏ အမှုအပေါ် အခြေခံထားပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လူ၏လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်သာ အပြည့်အဝ ဖော်ပြခြင်းကို ခံရပေသည်။ လူသည် ဘုရားသခင်အမှု၏ ပြရုပ်ဖြစ်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးနှင့်သက်ဆိုင်သည့် အမှု၏ ရည်မှန်းချက်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏ ရလဒ်လည်း ဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ၏ပူးပေါင်းဆောင်ရွက်မှု မပါဘဲ၊ တစ်ကိုယ်တည်း လုပ်ဆောင်ခဲ့မည်ဆိုပါက၊ သူ့အမှုတစ်ခုလုံး၏ အကောင်အထည် ပေါ်လာသည့်အရာအဖြစ် အသုံးတော်ခံနိုင်မည့်အရာ တစ်ခုတစ်လေမျှ ရှိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖို့ အရေးပါမှု စိုးစဉ်းမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုအပြင်၊ သူ၏အမှုကို ဖော်ပြရန်နှင့် ယင်း၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာကို သက်သေပြရန် သင့်တော်သည့် အပြုခံအရာများကို ဘုရားသခင်က ရွေးချယ်ခြင်းအားဖြင့်သာ၊ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်ပြီး၊ စာတန်ကို လုံးဝ ရှုံးနိမ့်စေဖို့ ဤအမှုအားလုံး အသုံးပြုခြင်း၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အကျိုးဖြစ်ထွန်းစေနိုင်ပြီး ယင်း၏အဆုံးစွန်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိစေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ လူသားကလွဲ၍ အခြားမည်သည့် သက်ရှိအမျိုးအစားကမျှ ထိုကဲ့သို့သော အခန်းကဏ္ဍကို တာဝန် မယူနိုင်ပါ။ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ စစ်မှန်သည့် အကောင်အထည်ပေါ်ခြင်း ဖြစ်လာဖို့ဆိုပါက၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ မနာခံမှုသည် လုံးဝ ပပျောက်သွားရမည်ဖြစ်သည်။ ဤအရာက လူကို မတူညီသည့် အချိန်ကာလများအတွက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်မှု ပေးထားရမည်ဖြစ်ပြီး ဘုရားသခင်သည် လူသားအလယ် အလားတူ လိုက်လျောညီထွေသော အမှုကို ဆောင်ရွက်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အကောင်အထည်ပေါ်ခြင်းဖြစ်သော လူတစ်စုသည် နောက်ဆုံးတွင် ရယူခြင်းခံရလိမ့်မည် ဖြစ်သည်။ ဘုရားသခင် တစ်ကိုယ်တည်းလုပ်ဆောင်သော အမှုမှတစ်ဆင့်မျှဖြင့် လူများအလယ် ဘုရားသခင်၏အမှုသည် ဘုရားသခင်ကိုယ်တိုင်ကို သက်သေမခံနိုင်ပေ။ ထိုသို့သော သက်သေခံချက်ကို စွမ်းဆောင်ရရှိရန် သူ၏ အမှုအတွက် သင့်တော်သည့် သက်ရှိလူသားများကိုလည်း လိုအပ်ပေသည်။ ပထမဦးစွာ ဘုရားသခင်သည် ဤလူများအပေါ် အမှုပြုလိမ့်မည် ဖြစ်သည်၊ ထို့နောက် ထိုသူများမှတစ်ဆင့် သူ၏ အမှုကို ထုတ်ဖော်ပြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ထိုသို့သော သက်သေခံချက်သည် အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် သက်သေခံလိမ့်မည် ဖြစ်ပြီး၊ ဤတွင် ဘုရားသခင်သည် သူ၏ အမှုနှင့်ဆိုင်သည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် မိမိကိုယ်ကိုယ် တိုက်ရိုက် သက်သေခံ၍ မရသောကြောင့်၊ သူသည် စာတန်ကို အနိုင်ယူရန် တစ်ကိုယ်တည်း အမှုမပြုပေ။ သူသည် ထိုသို့လုပ်ဆောင်ခဲ့မည်ဆိုပါက၊ လူသားကို လုံးဝ လက်ခံယုံကြည်စေရန် ဖြစ်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူကို သိမ်းပိုက်ရန် လူ့အပေါ် အမှုပြုရမည် ဖြစ်ပြီး၊ ထိုအခါမှသာ သူသည် အဖန်ဆင်းခံ သတ္တဝါများ အားလုံးအလယ်တွင် သက်သေခံချက်ကို ရရှိနိုင်မည် ဖြစ်သည်။ လူ၏ ပူးပေါင်းလုပ်ဆောင်မှု မရှိဘဲ၊ အမှုပြုသည်မှာ ဘုရားသခင်သာ ဖြစ်ခဲ့မည်ဆိုပါက၊ သို့မဟုတ် လူသည် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ခဲ့ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို ဘယ်သောအခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို အစဉ်အမြဲ သတိပြုမိမည် မဟုတ်ပေ။ ထိုအခါ ဘုရားသခင်၏ အမှုကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုဟု ခေါ်ဆို၍ ရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုကို သိနားလည်ခြင်း မရှိဘဲ၊ လူကသာ ကိုယ်တိုင် ကြိုးပမ်းပြီး၊ ရှာဖွေကာ ကြိုးစား အလုပ်လုပ်ခဲ့ရမည်ဆိုပါက၊ လူသည် နောက်ပြောင် ကျီစယ်နေခြင်း ဖြစ်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိဘဲနှင့်၊ လူလုပ်ဆောင်သည့် အရာသည် စာတန်နှင့်သက်ဆိုင်သည်၊ သူသည် ပုန်ကန်တတ်ပြီး မကောင်းမှုပြုသူတစ်ဦး ဖြစ်ပေသည်။ စာတန်သည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် လုပ်ဆောင်သည့်အရာ အားလုံးတွင် ထုတ်ဖော်ပြသခြင်း ခံရပြီး၊ ဘုရားသခင်နှင့် သဟဇာတ ဖြစ်သောအရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူလုပ်ဆောင်သည့် အရာအားလုံးသည် စာတန်၏ သရုပ်သကန် ဖြစ်ပေသည်။ ပြောထားပြီးဖြစ်သည့် အရာအားလုံးထဲတွင် မည်သည့်အရာမျှ ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှု မပါပေ။ ရူပါရုံများ၏ အခြေခံအုတ်မြစ်ပေါ်တွင် လူသည် သူ၏ အယူအဆများကို ဘေးဖယ်ပြီး အတိတ်က သူ မပိုင်ဆိုင်သေးသည့် အရာများကို ရရှိနိုင်ဖို့အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှုနှင့် နာခံခြင်း လမ်းကြောင်းကို ရှာတွေ့လေသည်။ လူသားက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူ၏သတ်မှတ်ချက်များကို လူသားက လုံးဝ ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ပြီးသည့်အမှုကို ရှုမြင်ရန်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို တွေ့ကြုံရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် လူသားက တောင်းဆိုသည်ကို ဘုရားသခင် လိုအပ်ပေသည်။ အချုပ်အားဖြင့် ဤသည်တို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ လူသားနှင့်အတူ ဘုရားသခင်၏ ပေါင်းစည်းခြင်းသည် စီမံခန့်ခွဲမှု ဖြစ်ပြီး၊ ယင်းသည် အကြီးမြတ်ဆုံးသော စီမံခန့်ခွဲမှု ဖြစ်သည်။
ရူပါရုံများ ပါဝင်သည့်အရာသည် အဓိကအားဖြင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ရည်ညွှန်းပြီး၊ လက်တွေ့လုပ်ဆောင်မှု ပါဝင်သည့် အရာကို လူက လုပ်ဆောင်သင့်ကာ ဘုရားသခင်နှင့် မည်သို့မျှ ဆက်နွှယ်မှု မရှိချေ။ ဘုရားသခင်၏အမှုကို ဘုရားသခင် ကိုယ်တော်တိုင်က ပြည့်စုံစေပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကို လူကိုယ်တိုင်က စွမ်းဆောင်ရရှိပေသည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သည့် အရာကို လူက လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့၊ လူက လက်တွေ့လုပ်ဆောင်သင့်သည့်အရာသည်လည်း ဘုရားသခင်နှင့် မဆက်နွှယ်ပေ။ ဘုရားသခင်၏အမှုသည် သူ၏ကိုယ်ပိုင် အမှုတော် ဖြစ်ပြီး လူနှင့် ဆက်နွှယ်မှု မရှိပေ။ ဤအမှုကို လူက လုပ်ဆောင်ရန် မလိုအပ်သည့်အပြင်၊ ဘုရားသခင်လုပ်ဆောင်ရမည့် အမှုကို လူက လုပ်ဆောင်နိုင်စွမ်း မရှိပေ။ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အရာကို လူက ပြီးမြောက်ရမည် ဖြစ်သည်၊ ယင်းသည် သူ၏ အသက်ကို စတေးခြင်း ဖြစ်စေ၊ သို့မဟုတ် သက်သေရပ်တည်ရန် စာတန်ထံသို့ သူ့ကို လွှဲအပ်ခြင်းဖြစ်စေ- ဤအရာအားလုံးကို လူက ပြီးမြောက်ရမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်သည် သူလုပ်ဆောင်သင့်သည့် အမှုအားလုံးကို ပြီးစီးပြီး၊ လူက လုပ်ဆောင် ရမည့်အရာကို လူသားထံ ပြသပြီးဖြစ်ကာ၊ ကျန်ရှိသည့် အလုပ်ကို လုပ်ဆောင်ဖို့ လူသားထံ ချန်ထားပေသည်။ ဘုရားသခင်သည် အပိုအလုပ်ကို မလုပ်ဆောင်ပေ။ သူသည် သူ၏အမှုတော်အတွင်း၌ ရှိသော အမှုကိုသာ လုပ်ဆောင်ပြီး၊ လမ်းခရီးကိုသာ လူအား ပြသပြီး၊ လမ်းဖွင့်ပေးခြင်း အလုပ်ကိုသာ လုပ်ဆောင်ကာ၊ လမ်းခင်းပေးခြင်း အလုပ်ကို မလုပ်ဆောင်ပေ။ ဤအရာကို အားလုံး နားလည်ထားသင့်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုပြီး၊ ဤအရာအားလုံးသည် လူသား၏တာဝန်၊ လူက လုပ်ဆောင်သင့်သော အရာဖြစ်ပြီး ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည်လည်း သမ္မာတရား၌ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းကို လူသားနည်းတူ ခံစားရန် လူက တောင်းဆိုပါက၊ လူသားသည် မနာခံတတ်ခြင်း ဖြစ်ပေသည်။ ဘုရားသခင်၏ အမှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ပြီး လူ၏တာဝန်မှာ ဘုရားသခင်၏ လမ်းပြမှု အားလုံးကို မည်သည့်အတိုက်အခံမျှ မရှိဘဲ နာခံရန်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်နည်းဟန်ဖြင့် အမှုပြုသည်ဖြစ်စေ၊ သို့မဟုတ် အသက်ရှင်သည်ဖြစ်စေ၊ လူက ရရှိရမည့်အရာကို သူ ပြီးမြောက်အပ်ပေသည်။ ဘုရားသခင် ကိုယ်တိုင်သည်သာ လူသားအပေါ် သတ်မှတ်ချက်များ ပြုလုပ်နိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သာ လူသားအပေါ် သတ်မှတ်ချက်များ ပြုလုပ်ရန် သင့်တော်ပေသည်။ လူသားသည် မည်သည့်ရွေးချယ်မှုမျှ မရှိသင့်သကဲ့သို့၊ အပြည့်အဝ ကျိုးနွံနာခံကာ လက်တွေ့လုပ်ဆောင်သည်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်သင့်ပေ။ ဤသည်မှာ လူသားအနေဖြင့် ပိုင်ဆိုင်ထားသင့်သည့် အသိစိတ် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သည့် အမှု ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ လူသည် ယင်းကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရန် လိုအပ်သည်။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ပြီးစီးသည့်အချိန်တွင်၊ ဘုရားသခင် တောင်းဆိုသည့်အရာကို လူသားက မလုပ်ဆောင်ပြီးသေးပါက၊ လူသားသည် အပြစ်ပေးခံသင့်ပေသည်။ လူသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းပါက၊ ဤသည်မှာ လူ၏ မနာခံမှုကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လုံလောက်အောင် မစေ့စပ်မသေချာလေပြီဟု မဆိုလိုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်သူအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်သူအားလုံးနှင့်၊ မိမိတို့၏ သစ္စာစောင့်သိမှုကို မပေးနိုင်သကဲ့သို့ မိမိတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။ သင်တို့ကိုပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် သင်တို့၏ အနှစ်သာရ၏ တကယ့်ဗဟိုချက်သို့ ရောက်ရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ အမှုသည် တစ်ခါမျှမရောက်ဖူးသည့် နယ်ပယ်ထဲသို့ ဝင်ရောက်ပြီး ဖြစ်သည်။ လူများစွာတို့သည် ဤလမ်းခရီး၏ အမှန်တရား သို့မဟုတ် မုသားကို နားမလည်ကြသေးချေ။ ၎င်းတို့သည် စောင့်နေဆဲဖြစ်ပြီး မြင်နေဆဲဖြစ်ကာ၊ ၎င်းတို့၏တာဝန်ကို ဆောင်ရွက်မနေကြသေးချေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်တိုင်းကို ဆန်းစစ်ကြပြီး၊ သူ စားသည့်အရာနှင့် ဝတ်သည့်အရာကို အာရုံစိုက်ကြကာ၊ ၎င်းတို့၏ အယူအဆများက ယခင်ထက် ပို၍ပင် ဆိုးရွားလာသည်။ ထိုသို့သော လူများသည် ဘာမျှမဟုတ်သည်ကို ရေးကြီးခွင်ကျယ် လုပ်နေကြခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် ဘုရားသခင်ကို ရှာဖွေသူများ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် ရှိသူများ မည်သို့ ဖြစ်နိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် တာဝန်ကို လျစ်လျူရှုထားကြပြီး၊ ယင်းအစား ဘုရားသခင် ရှိသည့်နေရာများကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် ရက်စက်ရမ်းကားသူတစ်ဦး ပါတကား။ အကယ်၍ လူသည် သူ နားလည်သင့်သည့်အရာ အားလုံးကို နားလည်ပြီးဖြစ်ကာ၊ သူ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ အားလုံးကို လက်တွေ့လုပ်ဆောင်ပြီး ဖြစ်ပါက၊ လူကို ဘုရားသခင် တောင်းဆိုသည်မှာ လူ၏ တာဝန်နှင့် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် သူ၏ ကောင်းချီးမင်္ဂလာများကို လူသားအပေါ်သို့ ဧကန်မုချ အပ်နှင်းမည် ဖြစ်လိမ့်မည် ဖြစ်သည်။ အကယ်၍ လူသည် သူနားလည်သင့်သည့်အရာကို နားလည်နိုင်စွမ်း မရှိသကဲ့သို့၊ သူလက်တွေ့လုပ်ဆောင်သင့်သည်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ အပြစ်ပေးခံရလိမ့်မည်။ ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်သည့် သူများသည် ဘုရားသခင်ကို ရန်လိုမှုတွင် ရှိကြပြီး၊ အမှုသစ်ကို လက်မခံသူများသည် ဆန့်ကျင်ရာတွင် သိသာထင်ရှားစွာ မရှိလျှင်ပင်၊ ယင်းကို ဆန့်ကျင်ကြပေသည်။ ဘုရားသခင်က တောင်းဆိုသည့် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သူ အားလုံးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အထူး အာရုံစိုက်ကြလျှင်ပင်၊ ထိုသို့သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမင်တကာ ဆန့်ကျင်ကာ မနာခံကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံသကဲ့သို့၊ ဘုရားသခင်ကို မကျိုးနွံမနာခံသူများသည် ပုန်ကန်တတ်သူများ ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိကြပေသည်။ မိမိတို့၏ တာဝန်ကို မထမ်းဆောင်သူများသည် ဘုရားသခင်နှင့် မပူးပေါင်းမဆောင်ရွက်သူများ ဖြစ်ပြီး၊ ဘုရားသခင်နှင့် မပူးပေါင်းမဆောင်ရွက်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို လက်မခံသူများ ဖြစ်ကြသည်။
ဘုရားသခင်၏ အမှုနှင့် သူ၏ စီမံခန့်ခွဲမှုတို့ အဆင့်တစ်ခုထိ ရောက်ရှိသည့်အခါ၊ သူ၏စိတ်နှလုံးနှင့် ညီညွတ်သော သူအားလုံးသည် သူ၏သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း ရှိကြလေသည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် စံနှုန်းများနှင့်အညီ၊ ပြီးလျှင် လူက စွမ်းဆောင်ရရှိနိုင်စွမ်း ရှိသည့်အရာနှင့်အညီ လူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များ ပြုလုပ်သည်။ သူ့စီမံခန့်ခွဲမှု အကြောင်းကို ပြောနေစဉ်တွင်၊ သူသည် လူအတွက် လမ်းခရီးကိုလည်း ညွှန်ပြပေးပြီး အသက်ရှင်မှုအတွက် လမ်းကြောင်းကို လူသားအား ပေးလေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု နှစ်ခုလုံးသည် အမှု၏ တူညီသည့် အဆင့်ဖြစ်ပြီး၊ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောဆိုခြင်းသည် လူ၏စိတ်သဘောထားရှိ ပြောင်းလဲမှုများနှင့် ဆက်နွှယ်ပြီး၊ လူသားက လုပ်ဆောင်သင့်သည့်အရာနှင့် လူသား၏ စိတ်သဘောထားရှိ ပြောင်းလဲမှုများ အကြောင်းကို ပြောဆိုခြင်းသည် ဘုရားသခင်၏ အမှုနှင့် ဆက်နွှယ်ပေသည်။ ဤနှစ်ခု ခွဲခြားခံရနိုင်သည့် အချိန် မရှိပေ။ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် တစ်ဆင့်ချင်း ပြောင်းလဲနေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များလည်း ပြောင်းလဲနေသောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲတမ်း ပြောင်းလဲနေကာ တိုးတက်နေသောကြောင့် ဖြစ်သည်။ အကယ်၍ လူသား၏ လုပ်ဆောင်မှုသည် အယူဝါဒ၌ ပိတ်မိနေဆဲ ဖြစ်ပါက၊ ဤအရာက သူသည် ဘုရားသခင်၏ အမှုနှင့် လမ်းပြမှု ကင်းမဲ့သည်ဟု သက်သေပြပေသည်။ အကယ်၍ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ဘယ်သောအခါမျှ မပြောင်းလဲ သို့မဟုတ် သာ၍ နက်ရှိုင်းမလာပါက၊ ဤသည်မှာ လူ၏လက်တွေ့လုပ်ဆောင်မှုသည် လူ၏ အလိုအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်သည်ကို သက်သေပြပေသည်။ အကယ်၍ လူသည် နင်းလျှောက်ရန် လမ်းကြောင်း မရှိပါက၊ သူသည် စာတန်၏ လက်အတွင်းသို့ ကျရောက်နှင့်ပြီးဖြစ်ကာ၊ စာတန်၏ ထိန်းချုပ်မှုကို ခံရပေသည်၊ ဆိုလိုသည်မှာ သူသည် ဆိုးယုတ်သော ဝိညာဉ်များ၏ ထိန်းချုပ်ခြင်းကို ခံရပေသည်။ အကယ်၍ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် သာ၍ နက်ရှိုင်းမသွားပါက၊ ဘုရားသခင်၏ အမှု တိုးတက်ဖွံ့ဖြိုးလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ အမှုတွင် ပြောင်းလဲမှု မရှိပါက၊ လူ၏ဝင်ရောက်မှုသည် ရပ်တန့်သွားပေလိမ့်မည်။ ဤသည်မှာ ရှောင်လွှဲ၍ မရပေ။ ဘုရားသခင်၏ အမှုအားလုံး တစ်လျှောက်တွင်၊ လူသည် ယေဟောဝါ၏ ပညတ်တရားကို အမြဲလိုက်နာရမည် ဆိုပါက၊ ခေတ်တစ်ခုလုံးကို အဆုံးသို့ ဆောင်ကြဉ်းဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုသည် တိုးတက်နိုင်မည်မဟုတ်ပေ။ အကယ်၍ လူသည် ကားတိုင်ကို အမြဲစွဲကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲလက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု ဆက်လက် တိုးတက်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ပညတ်တရားများကိုသာ လိုက်နာသည့် လူတို့အလယ်တွင်၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကိုသာ စွဲကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းတို့ကို အမြဲလက်တွေ့လုပ်ဆောင်သော လူသားများအလယ်တွင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအား တကယ်ကို အဆုံးမသတ်နိုင်ပေ။ ယင်းအစား ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ဘုရားသခင်ကို သိရှိသူ၊ စာတန်၏ လက်တွင်းမှ ပြန်လည်ရယူခြင်း ခံရသူနှင့် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ကင်းမဲ့စေပြီးသူများ ဖြစ်သည့် နောက်ဆုံးသော ကာလနှင့်သက်ဆိုင်သူများအလယ်တွင် အဆုံးသတ်ပေသည်။ ဤသည်မှာ ဘုရားသခင်အမှု၏ လွှဲရှောင်၍မရသော ဦးတည်ရာဖြစ်သည်။ ဘာသာရေး အသင်းတော်များ၌ ရှိသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ခေတ်နောက်ကျသည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ လက်တွေ့လုပ်ဆောင်သော အရာသည် ယနေ့အမှုမှ ကွဲကွာသောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်ခဲ့သောအရာက မှန်ကန်ခဲ့သော်လည်း၊ ခေတ်ကုန်ဆုံးပြီးဖြစ်ကာ ဘုရားသခင်၏ အမှု ပြောင်းလဲပြီး ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် တဖြည်းဖြည်း ခေတ်နောက်ကျလာပြီးဖြစ်သည်။ ယင်းကို အမှုသစ်နှင့် အလင်းသစ်တို့က နောက်ချန်ထားရစ်ပြီးဖြစ်သည်။ ထိုအမှု၏ မူလ အခြေခံအုတ်မြစ်ကို အခြေပြုလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သာ၍နက်နဲစွာ အဆင့်အချို့သို့ တိုးတက်ပြီး ဖြစ်သည်။ သို့သော် ထိုလူတို့သည် ဘုရားသခင်အမှု၏ မူလအဆင့်တွင် သောင်တင်ဆဲဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်းတွင် ပိုမို ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လာမည် မဟုတ်လော။ အကယ်၍ လူသားသည် အသစ်သောအလင်း၊ သို့မဟုတ် အသစ်သော လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ယင်းမှာ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မီအောင်လိုက်ခြင်း မရှိလေပြီဟု ဆိုလိုပေသည်။ ဤသည်မှာ လူ၏ချွတ်ယွင်းချက် ဖြစ်သည်။ ယနေ့တွင် ယခင်က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိခဲ့သူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲ ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အသစ်သော အမှု တည်ရှိခြင်းကို ငြင်းမရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အမြဲ ရှေ့ဆက်နေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသူအားလုံးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့်၊ သာ၍နက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေသင့်ပေသည်။ ၎င်းတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်နေသင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူများသာ သူ၏မူလအလုပ်တွင် ရှိမြဲရှိနေကြမည် ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် အသစ်ကို လက်ခံကြမည် မဟုတ်ပေ။ နာခံခြင်းမရှိသူများသာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်စွမ်း မရှိဘဲ ဖြစ်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အမှုနှင့် ဧကန်မုချ ပြတ်တောက်ပြီး၊ ယနေ့အမှုနှင့် ဧကန်မုချ သဟဇာတ မဖြစ်ပေ။ ဤကဲ့သို့သော ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်အဖို့ နောက်ဆုံးတွင် သက်သေခံရပ်တည်မည့်လူများ ဖြစ်လာရန် မဆိုထားနှင့်၊ ဘုရားသခင်၏ အလိုကို အကယ်ပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြချေ။ ထို့အပြင် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ထိုသို့သော လူတစ်စုအလယ်တွင် အဆုံးသတ်၍ မရနိုင်ပေ။ ယေဟောဝါ၏ ပညတ်တရားကို တစ်ချိန်က ကိုင်စွဲခဲ့သူများနှင့် ကားတိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲ ခံခဲ့ရသောသူတို့သည်၊ နောက်ဆုံးသောကာလ အမှု၏ အဆင့်ကို လက်မခံနိုင်ပါက၊ ၎င်းတို့လုပ်ဆောင်ခဲ့သမျှ အားလုံးသည် အချည်းနှီးနှင့် အလဟဿ ဖြစ်ပြီးဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ အတိတ်ကို မဖက်တွယ်ဘဲ၊ ဤနေရာနှင့် ယခုအချိန်ကို လက်ခံယုံကြည်ခြင်းတွင် ရှိပေသည်။ ယနေ့အမှုကို အမီမလိုက်သူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်လားပြီး ဖြစ်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအမှုကို အာခံကြသည်။ ၎င်းတို့သည် အတိတ်၏ အလင်းကို ဆုပ်ကိုင်ကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မသိကြသည်မှာ ငြင်းမရနိုင်ပေ။ လူ၏လက်တွေ့လုပ်ဆောင်မှု၌ ပြောင်းလဲမှုများ အကြောင်း၊ အတိတ်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှုရှိ မတူညီကွဲပြားမှုများအကြောင်း၊ ယခင်ခေတ်အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့သည့်ပုံနှင့် ယနေ့တွင် ယင်းကို လုပ်ဆောင်သည့်ပုံတို့နှင့်ဆိုင်သည့် ဤပြောဆိုဆွေးနွေးမှုသာ အဘယ့်ကြောင့် ပြောဆိုရလေပြီနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့ဆက်နေပြီး၊ ထိုသို့ဖြင့် လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည် စဉ်ဆက်မပြတ် ပြောင်းလဲဖို့ လိုအပ်သောကြောင့်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုထဲက ထိုသို့သော အပိုင်းအခြားများ အကြောင်းကို အမြဲပြောဆိုရခြင်း ဖြစ်ပေသည်။ လူသည် အဆင့် တစ်ခုတွင် သောင်တင်နေပါက၊ ဤသည်မှာ သူသည် ဘုရားသခင်၏ အသစ်သော အမှုနှင့် အသစ်သောအလင်းကို အမီလိုက်နိုင်စွမ်း မရှိသည်ကို သက်သေပြပေသည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် မပြောင်းလဲလေပြီဟု သက်သေမပြပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိသူများက ၎င်းတို့ မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်ကြသော်ငြားလည်း၊ အမှန်တွင် ၎င်းတို့ထဲက ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ရပ်တန့်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ထံတွင် မရှိပေ။ ဘုရားသခင်၏ အမှုသည် ကြာမြင့်စွာကတည်းက အခြားလူတစ်စုဆီသို့၊ သူ၏အမှုသစ်ကို ပြည့်စုံစေရန် သူရည်ရွယ်ထားသည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားခဲ့ပေသည်။ ဘာသာတရားထဲ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံနိုင်စွမ်း မရှိကြသကဲ့သို့၊ အတိတ်က အမှုဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့်၊ ဘုရားသခင်သည် ဤလူတို့ကို စွန့်လွှတ်ပြီးဖြစ်ကာ၊ ဤအမှုသစ်ကို လက်ခံသည့် သူများအပေါ် သူ၏အမှုသစ်ကို လုပ်ဆောင်ပေသည်။ ဤသည်တို့မှာ သူ၏အမှုသစ်၌ ပူးပေါင်းဆောင်ရွက်သည့် လူများဖြစ်ပြီး၊ ဤနည်းဖြင့်သာ သူ၏စီမံခန့်ခွဲမှုက ပြီးမြောက်နိုင်ပေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတမ်း ရှေ့ဆက်နေပြီး၊ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် အမြဲ သာ၍ မြင့်မားစွာ တက်နေသည်။ ဘုရားသခင်သည် အမြဲ အမှုပြုနေပြီး၊ လူသည် အမြဲ လိုအပ်နေသည်မှာ နှစ်ဦးလုံးသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဘုရားသခင်နှင့် လူသည် ပြည့်စုံသည့် ပေါင်းစည်းမှုကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှု ပြီးမြောက်အောင်မြင်ခြင်း၏ ဖော်ပြချက်ဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးရလဒ်ဖြစ်သည်။
ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင့်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။ ဤလူများ၏ မကောင်းမှုပြုခြင်းကို ထုတ်ဖော်ရာဝယ်၊ လူအချို့သည် ၎င်းတို့ကို ကျိန်ဆဲရန် စိတ်ထက်သန်ကြစေကာမူ၊ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုလေသည်။ လူသားအဖို့ ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ နာမနှင့် သက်ဆိုင်သည့် ပုံပေါ်သော်လည်း၊ အမှန်တွင် ဘုရားသခင်အဖို့ ယင်းတို့သည် သူ၏ နာမနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ သို့မဟုတ် သူ့ကို သက်သေခံခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမရှိပေ။ ဤလူများ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ယင်းသည် ဘုရားသခင်နာမနှင့် သူ၏ လတ်တလော အမှုနှစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုယ် အရှက်ရစေပြီး၊ စာတန်ကို ပေါ်လွင်ထင်ရှားစေသည်။ ၎င်းတို့သည် ဒေါသအမျက်ခံရာ နေ့ရက်အတွက် သိုမှီးနေကြသည့် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ယနေ့တွင် ၎င်းတို့၏ လုပ်ရပ်များကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မပိတ်ဆို့သကဲ့သို့ ဘုရားသခင်၏ အမှုသစ်နှင့် ဘာမျှ မသက်ဆိုင်မှသာလျှင်၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလ မရောက်သေးသည့်အတွက်၊ ထိုသို့သော လူတို့သည် လိုက်လျောညီထွေသော ပြစ်ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကိုယ်တွယ်ဖြေရှင်းနှင့်ပြီးဖြစ်သင့်ကာ၊ ထိုမကောင်းမှုပြုသူများသည် ဒဏ်ခတ်ခြင်းကို စောနိုင်သမျှ စောစွာ ခံရသင့်သည်ဟု များစွာသော လူတို့က ယုံကြည်ကြလေသည်။ သို့ရာတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုသည် အဆုံးသတ်သို့ မရောက်သေးသကဲ့သို့၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလ ရောက်မလာသေးသောကြောင့်၊ မဖြောင့်မတ်သောသူများသည် ၎င်းတို့၏ မဖြောင့်မတ်သည့် လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ အချို့က၊ “ဘာသာရေးထဲတွင်ရှိသော သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက်တို့ မရှိသကဲ့သို့၊ ဘုရားသခင်၏ နာမကို အရှက်ရစေသည်။ သို့ဆိုလျှင် ဘုရားသခင်က ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော အပြုအမူကို သည်းခံနေဆဲ ဖြစ်ခြင်းထက်၊ အဘယ်ကြောင့် ၎င်းတို့ကို မဖျက်ဆီးသနည်း။” ဟု ဆိုကြသည်။ စာတန်၏ သရုပ်သကန်ဖြစ်ပြီး ဇာတိပကတိကို ဖော်ပြသည့် ဤလူတို့သည် မသိနားမလည်ကြသူများ၊ ယုတ်ညံ့သောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် အဓိပ္ပာယ် မရှိသော လူများဖြစ်ကြသည်။ ဘုရားသခင်သည် သူ၏ အမှုကို လူသားအလယ် မည်သို့လုပ်ဆောင်သည်ကို ၎င်းတို့ နားလည် မလာမီတွင်၊ ဘုရားသခင်၏ အမျက်ဒေါသရောက်လာခြင်းကို ၎င်းတို့ရှုမြင်ရလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့ အပြည့်အဝ သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ထိုမကောင်းမှုပြုသူ အားလုံးသည် ၎င်းတို့၏ ဒဏ်ခတ်ခံရခြင်းကို ရရှိကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ ဒေါသအမျက်ခံရာ နေ့ရက်ကာလကို လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ယခုအချိန်သည် လူသား၏ အပြစ်ဒဏ်ပေးခြင်းအတွက် အချိန်ကာလ မဟုတ်သေးဘဲ၊ သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်နေသည့်အချိန် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ထိခိုက်စေသူများ မဟုတ်ပါက၊ ထိုကိစ္စတွင် ၎င်းတို့လုပ်ရပ်များ၏ ပြင်းထန်မှုအပေါ် အခြေခံ၍ အပြစ်ပေးခြင်းကို ၎င်းခံရကြလိမ့်မည်ဖြစ်သည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အတောအတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူများသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စက်ဆုပ်မုန်းတီးမှုနှင့် ငြင်းပယ်မှုကို ခံရသူများသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ကြပြီး၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် အရာသည် ဘုရားသခင်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်ခံပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်သော သူများသာ ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိသည်၊ အကြောင်းမှာ ဘုရားသခင်၏ အမှုသည် ယင်းကို လက်ခံသည့် သူများကိုသာ ဦးတည်ထားပြီး၊ ၎င်းတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လူအားလုံးကို မဦးတည်သောကြောင့် ဖြစ်ပေသည်။ ဘုရားသခင် ပြုသည့်အမှုသည် အစဉ်သဖြင့် ရည်မှန်းချက် ရှိပြီး၊ စိတ်ကူးပေါက်ရာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ စာတန်နှင့် ပေါင်းဖော်သူများသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်တော်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေခံရန်ပင် မသင့်တော်ကြချေ။
သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အဆင့်အသီးသီးတွင်၊ လူသား၏ သက်သေခံချက်လည်း လိုအပ်ပေသည်။ လုပ်ဆောင်ချက် အဆင့်အသီးသီးသည် ဘုရားသခင်နှင့် စာတန်အကြား တိုက်ပွဲတစ်ခုဖြစ်ပြီး၊ တိုက်ပွဲ၏ ပစ်မှတ်မှာ စာတန် ဖြစ်သော်လည်း၊ ဤအမှုအားဖြင့် စုံလင်စေခြင်းခံရမည်မှာ လူသား ဖြစ်သည်။ ဘုရားသခင်၏ အမှုက အကျိုးဖြစ်ထွန်းသည်၊ မဖြစ်ထွန်းသည်မှာ ဘုရားသခင်အဖို့ လူ၏ သက်သေခံချက် နည်းဟန်အပေါ် မူတည်သည်။ ဤသက်သေခံချက်သည် သူ့နောက်လိုက်သူများနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော အရာဖြစ်သည်။ ယင်းသည် စာတန်ရှေ့မှောက်တွင် ပြုလုပ်သည့် သက်သေခံချက ဖြစ်ပြီး၊ သူ၏ အမှု အကျိုးတရားနှင့်ဆိုင်သည့် သက်သေလည်း ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။ ထိုအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အမှုသည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားက သူ၏စိတ်သဘောထား၌ ပြောင်းလဲမှုများ ရရှိရန်အလို့ငှာ ဘုရားသခင်နှင့် လူသား၏ ပူးပေါင်းဆောင်ရွက်မှုသည် နောက်ထပ်ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ထိုအချိန်မှစ၍ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည်လည်း လူသားနှင့်သက်ဆိုင်သည့် တောင်းဆိုမှုများ ပြုလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လုံးဝ ပြီးဆုံးပြီးနောက်နှင့် လူသားသည် စာတန်၏ လက်ခုပ်တွင်းမှ ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီးသည့်နောက် ဖြစ်လာမည့် အသက်တာဖြစ်သော၊ လူသားနှင့် ဘုရားသခင်တို့ အတူတကွ သက်ဆိုင်သည့် အသက်တာဖြစ်မည့်၊ လူနှင့် ဘုရားသခင်ကြားက သာ၍ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ မလိုက်လျှောက်နိုင်သူများသည် ထိုသို့သော အသက်တာတစ်ခုကို ရရှိနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်နေရမည့် အမှောင်ထဲသို့ မိမိတို့ကိုယ်တိုင် ဆင်းကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့နောက်မလိုက်သူများ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ အမှုအားလုံးကို မနာခံသူများ ဖြစ်ကြသည်။ လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ထုတ်ခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပယ်ထုတ်ခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏- သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။ ယနေ့၏ အမှုသစ်ကို အမီမလိုက်ကြသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များအားလုံးသည် ၎င်းတို့၏ ဆန္ဒအသီးသီးကို ဘုရားသခင်က ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယူဆလျက် ၎င်းတို့ ကံကောင်းလိမ့်မည်ဟူသည့် မျှော်လင့်ချက်ကို ဖက်တွယ်ထားကြလေသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာမည် မရောက်လာမည်ကို လုံးဝ သေချာမှုဖြင့် ၎င်းတို့ ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို ၎င်းတို့ သေချာ မပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးလျက် ၎င်းတို့ကို လက်ခံဖို့ မည်သို့ ကြွလာမည်ဆိုသည်ကိုလည်း မသေချာကြပေ။ ၎င်းတို့အားလုံးသည် သောကရောက်ပြီး ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်သည် ဂိုဏ်းဂဏ အသီးသီးမှဖြစ်ကြသည့် ကွဲပြားသော နည်းပါးသည့် လက်တစ်ဆုပ်စာ ဖြစ်သည့် ၎င်းတို့ အသီးသီးကို ခေါ်ဆောင်မည် မခေါ်ဆောင်မည်ကိုပင် ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ယခုအချိန် မျက်မှောက်ခေတ်တွင် ဘုရားသခင်ပြုသည့် အမှု၊ ဘုရားသခင်၏ အလို- ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ သဘောမပေါက်ကြသကဲ့သို့၊ ၎င်းတို့၏လက်ချောင်းများဖြင့် နေ့ရက်များကို ရေတွက်ရုံသာ တတ်နိုင်ကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သူများသာ နောက်ဆုံး ကောင်းချီးမင်္ဂလာကို ရရှိနိုင်သည်၊ အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း ၎င်းတို့ အလုံးစုံကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည့် ထို“လူတော်များ” များမှာမူ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု ၎င်းတို့ အသီးသီးက ယုံကြည်ကြပြီး၊ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အမှု၏ ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုကို ဖြတ်တောက်ကြကာ၊ “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် ၎င်းတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်ကြပုံရလေသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာစောင့်သိမှု” ရှိသော်လည်း၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်ကြသည့်အတွက်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးထိတိုင် မလိုက်လျှောက်သော သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူများနှင့်၊ ဟောင်းသော အမှုကိုသာ ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာစောင့်သိခြင်း မရှိကြသည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ခေတ်သစ်၏ ငြင်းပယ်ခြင်းကို ခံရသည့်သူများနှင့် အပြစ်ပေးခံရမည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့ထက်သာ၍ သနားစဖွယ်ကောင်းသည့်အရာ တစ်ခုတစ်လေ ရှိသလော။ ပညတ်တရားဟောင်းကို ပယ်ဖျက်ပြီး အမှုသစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိကြသည့် ဤလူတို့သည် နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ အသိစိတ်များက ၎င်းတို့၏ မျှော်လင့်ချက်များ ဖြတ်တောက်သည်ကို ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်က မဖက်တွယ်သေးပေ။ ငြင်းပယ်ခံရသင့်သည့်အရာသည် ငြင်းပယ်ခံရပြီး၊ ပယ်ထုတ်ခံရသင့်သည့်အရာသည် ပယ်ထုတ််ခြင်း ခံရပေသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကိုသာ ဆုပ်ကိုင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် ဘုရားသခင်အား ရန်လိုမှုတွင် ရှိစေကြသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ မရရှိမည်ကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိလေလေ၊ ၎င်းတို့သည် သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် နောက်ဆုံး ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိနိုင်စွမ်း မရှိလေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် သူအားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာစောင့်သိမှုကို ပြသကြပြီး ၎င်းတို့သည် ပညတ်တော်အပေါ် ထိုသို့သော သစ္စာစောင့်သိမှုကို ပြသလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ သာ၍ဖြစ်လေလေ ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်ပြီး ပညတ်တော်ခေတ် မဟုတ်သကဲ့သို့၊ ယနေ့အမှုနှင့် အတိတ်က အမှုတို့ကို တစ်ချိန်တည်းတွင် ဖော်ပြ၍ မရနိုင်သကဲ့သို့၊ အတိတ်က အမှုကိုလည်း ယနေ့အမှုနှင့် နှိုင်းယှဉ်၍ မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် ပြောင်းလဲပြီးဖြစ်ကာ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ပြောင်းလဲပြီး ဖြစ်သည်။ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပေ၊ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်အပေါ် လူတို့၏ သစ္စာစောင့်သိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။
နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်စေခြင်း အပြည့်အဝ ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုနောက်တွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခကို ခံရလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း အတောအတွင်းတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေ ရပ်တည်နိုင်သူတို့သည်၊ နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲခြင်းအတောအတွင်းတွင်၊ လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းသည် ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအားလုံး အဆုံးမသတ်မီတွင် လူသားက စစ်ဆေးခြင်း ခံရလိမ့်မည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။ ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများသည် ယနေ့တွင် ကပ်ပါးရပ်ပါးလုပ်နိုင်ကြသေးသော်လည်း၊ မည်သူမျှ နောက်ဆုံးသော ဒုက္ခဆင်းရဲကို မလွှတ်မြောက်နိုင်သကဲ့သို့၊ မည်သူကမျှ နောက်ဆုံးသော စမ်းသပ်ခြင်းကို မလွှတ်မြောက်နိုင်ပေ။ အောင်နိုင်သည့် သူများအတွက် ထိုသို့သော ဆင်းရဲဒုက္ခသည် ကြီးမားသည့် စစ်ဆေးခြင်း ဖြစ်သည်။ သို့သော်လည်း ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများအတွက်၊ ယင်းသည် လုံးဝ ပယ်ထုတ်ခြင်း အလုပ် ဖြစ်သည်။ ၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ “စိတ်နှလုံးကောင်း” ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှု ပြီးပြည့်စုံခြင်းနောက်တွင် လူသားကို ကယ်တင်ခြင်း အမှုအား စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်း အမှုသည် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်သော်လည်း၊ လူသားကို သန့်စင်စေခြင်း အမှုက အဆုံးမသတ်သေးပေ။ ထိုသို့သောအမှုသည် လူသားက အပြည့်အဝ သန့်စင်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများက စုံလင်စေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ နုတ်ပယ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်တွင်သာ ပြီးစီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သူ၏ အမှု နောက်ဆုံးအဆင့်တွင် စိတ်မကျေနပ်စေနိုင် သူများသည် လုံးဝ ပယ်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ ပယ်ထုတ်ခြင်း ခံရသူများသည် နတ်ဆိုးနှင့် သက်ဆိုင်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း မရှိကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်တတ်ကြပြီး၊ ဤလူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ဤအရာက ၎င်းတို့သည် နောက်ဆုံးတွင် ကျန်ရှိကြလိမ့်မည်ဟု သက်သေမပြပေ။ “ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ “နောက်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်း ဖြစ်သည်။ ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ “ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က နှိပ်စက်မည် မဟုတ်ပေ။ ၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများသည် ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည် ဖြစ်ပြီး၊ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သောသူများသည် နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်ပေါ်လိမ့်မည်။ ထိုအချိန်ရောက်သည့်အခါတွင်၊ လူ့အနေဖြင့် လုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်အတွင်းတွင် ဘုရားသခင်နှင့်အတူတကွ သူ၏ အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ်မင်းများနှင့် ယဇ်ပရောဟိတ်များ ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲအတောအတွင်း၊ ဘုရားသခင်အတွက် ၎င်းတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေခိုင်သည်နှင့် တစ်ပြိုင်နက်၊ အသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုးအစားအလိုက် ခွဲခြားခံရပြီး ၎င်းတို့၏မူလ အနေအထားသို့ ပြန်သွားကြကာ ယင်းသည် ဘုရားသခင်၏ အမှု အောင်မြင်ခြင်း၏ အမှတ်အသား ဖြစ်သည့်အတွက် ဘုရားသခင်၏ အမှုသည် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်ခြင်းတို့၏ နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့၏ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ အဆုံးတွင် လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်လိမ့်မည်။