ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူသား၏ အလုပ်မည်မျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ပြီး၊ မည်မျှသည် လူသား၏ အတွေ့အကြုံ ဖြစ်သနည်း။ လူတို့သည် ဤမေးခွန်းများကို နားမလည်ကြသေးဟု ပြောကောင်းပြောနိုင်ပြီး၊ ယင်းအတွက် အကြောင်းရင်းမှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နှင့်သက်ဆိုင်သော အခြေခံသဘောတရားများကို နားမလည်သောကြောင့် ဖြစ်သည်။ ဟုတ်ပေ၏၊ “လူသား၏အလုပ်” ဟု ငါ ပြောသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ရှိသောသူများ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသောသူတို့၏ အလုပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ လူသား၏ အလိုဆန္ဒမှ ပေါ်ပေါက်သော အလုပ်ကို ငါ ရည်ညွှန်းနေသည်မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက် နယ်ပယ် အတွင်း၌ ကျရောက်သော တမန်တော်များ၊ လုပ်သားများ သို့မဟုတ် သာမန်ညီအစ်ကို မောင်နှမများ၏ အလုပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤနေရာတွင်၊ “လူသား၏ အလုပ်” သည် လူ့ဇာတိခံ ဘုရားသခင်၏အလုပ်ကို မရည်ညွှန်းဘဲ၊ လူတို့အပေါ် ဆောင်ရွက်သော သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နယ်ပယ် နှင့် အခြေခံသဘောတရားများကို ရည်ညွှန်းပေသည်။ ဤအခြေခံသဘောတရားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် အခြေခံသဘောတရားများနှင့် နယ်ပယ်ဖြစ်လင့်ကစား၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အလုပ်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများနှင့် နယ်ပယ်တို့နှင် မတူပေ။ လူသား၏ အလုပ်သည် လူသား၏ အနှစ်သာရနှင့် အခြေခံသဘောတရားများရှိပြီး၊ ဘုရားသခင်၏ အလုပ်သည် ဘုရားသခင်၏ အနှစ်သာရနှင့် အခြေခံသဘောတရားများ ရှိလေသည်။

ဘုရားသခင်ကိုယ်တိုင်၏အမှုဖြစ်စေ၊ အသုံးပြုခြင်းခံရသော လူများ၏ အလုပ်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင်ရှိသော အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်များတွင် မတူညီသည့် အမည်နာမများဖြင့် ခေါ်ဆိုသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် တစ်ခုတည်း ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် အလုပ်လုပ်နေသည့် သန့်ရှင်းသော ဝိညာဉ်တော်ထက် တစ်ပြားသားမျှ မလျော့ပေ။ အသုံးပြုခြင်း ခံရသော လူတို့၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော လုံးဝ မှန်ကန်သည့် ဖော်ပြချက် ဖြစ်သည်၊ အသုံးပြုခြင်းခံရသော လူတို့၏ အလုပ်မှာမူ လူသား၏ အမှုအရာများစွာနှင့် ရောနှောနေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်ဖြစ်ဖို့ မဆိုထားနှင့် သူ၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ကွဲပြားခြားနားပြီး မည်သည့် အခြေအနေများနှင့်မျှ ကန့်သတ်မထားပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ကွဲပြားသော လူများတွင် ကွဲပြားခြားနားသည်၊ ယင်းသည် ကွဲပြားသော အနှစ်သာရများကို ထင်ရှားစေပြီး၊ ခေတ်အပြင် နိုင်ငံများအားဖြင့် ကွဲပြားလေသည်။ ဟုတ်ပေ၏၊ သန့်ရှင်းသောဝိညာဉ်တော်သည် မတူညီသော နည်းလမ်း များစွာဖြင့် အလုပ်လုပ်ပြီး အခြေခံသဘောတရား များစွာအတိုင်း အလုပ်လုပ်သော်လည်း၊ အလုပ်ကို မည်သို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လူအမျိုးအစားတို့အပေါ် လုပ်ဆောင်သည် ဖြစ်စေ ယင်း၏ အနှစ်သာရသည် အမြဲ ကွဲပြားခြားနားပေသည်။ မတူညီသော လူများအပေါ် လုပ်ဆောင်သော အလုပ်အားလုံးသည် ၎င်း၏ အခြေခံသဘောတရားများ ရှိပြီး၊ ထိုအလုပ်တစ်ခုလုံးသည် အပြုခံအရာများ၏ အနှစ်သာရကို ကိုယ်စားပြုနိုင်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် နယ်ပယ်အားဖြင့် အတော်အတန် တိကျပြီး အတော်အတန် ချင့်ချင့်ချိန်ချိန် ဖြစ်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ခန္ဓာ၌ လုပ်ဆောင်သည့် အမှုသည် လူတို့အပေါ် ဦးစီးဦးရွက်ပြုသော အလုပ်နှင့် မတူညီသကဲ့သို့၊ ထိုအလုပ်သည် ဦးစီးဦးရွက်ပြုခံရသော လူ၏ အရည်အချင်းနှင့်အညီလည်း ကွဲပြားလေသည်။ လူ့ဇာတိခံ ခန္ဓာတွင် လုပ်ဆောင်သော အလုပ်ကို လူတို့အပေါ် မလုပ်ဆောင်သကဲ့သို့ ယင်းသည် လူတို့အပေါ် လုပ်ဆောင်သော အလုပ်နှင့် မတူညီပေ။ အတိုချုပ်အားဖြင့်၊ ယင်းကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ကွဲပြားသော အရာများအပေါ် ဆောင်ရွက်သော အမှုသည် လုံးဝ မတူညီသကဲ့သို့၊ သူလုပ်ဆောင်သည့် အခြေခံသဘောတရားများသည် သူအမှုပြုသော ကွဲပြားသည့် လူများ၏ အခြေအနေနှင့် သဘာဝဗီဇများနှင့်အညီ ကွဲပြားလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော လူတို့၏ ရှိရင်းစွဲ အနှစ်သာရအပေါ် အခြေခံ၍ ၎င်းတို့အပေါ် အလုပ်လုပ်ပြီး၊ ယင်းအနှစ်သာရကို ကျော်လွန်သည့် တောင်းဆိုမှုများကို ၎င်းတို့အပေါ် မပြုသကဲ့သို့၊ ၎င်းတို့၏ မွေးရာပါ အရည်အချင်းကို ကျော်လွန်သည့် အမှုကိုလည်း ၎င်းတို့အပေါ် မလုပ်ဆောင်ချေ။ သို့ဖြစ်၍၊ လူသားအပေါ်တွင်ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် ယင်းအလုပ်၏ အပြုခံအရာ၏ အနှစ်သာရကို လူတို့အား တွေ့မြင်ခွင့်ပေးလေသည်။ လူသား၏ ရှိရင်းစွဲ အနှစ်သာရသည် မပြောင်းလဲပေ။ သူ၏ မွေးရာပါ အရည်အချင်းသည် အကန့်အသတ်ရှိ၏။ ယင်းမှ လူတို့ အကျိုးရရှိနိုင်ဖို့အလို့ငှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ အရည်အချင်း ကန့်သတ်ချက်များနှင့်အညီ လူတို့ကို အသုံးပြုသည် သို့မဟုတ် လူတို့အပေါ် အလုပ်လုပ်လေသည်။ အသုံးပြုခြင်း ခံရသည့် လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါတွင်၊ ထိုလူတို့၏ ပါရမီများနှင့် မွေးရာပါ အရည်အချင်းသည် ထိန်ချန်မထားဘဲ ပွင့်အန်ထွက် လာလေသည်။ ၎င်းတို့၏ မွေးရာပါ အရည်အချင်းသည် အမှုနှင့်သက်ဆိုင်သော ဝန်ဆောင်မှုတွင် အသုံးပြုခံရလေသည်။ သူသည် ယင်းအမှုတွင် ရလဒ်များ ရရှိဖို့အလို့ငှာ၊ လူများ၏ အသုံးပြု၍ရသော အစိတ်အပိုင်းများကို သူ၏ အမှုတွင် အသုံးပြုသည်ဟု ဆိုကောင်းဆိုနိုင်ပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူ့ဇာတိခံ ခန္ဓာ၌ လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်၏ အလုပ်ကို တိုက်ရိုက်ဖော်ပြပြီး၊ လူ၏စိတ်နှင့် အတွေးများဖြင့် ရောနှောခြင်းမရှိပေ။ လူသား၏ ပါရမီများဖြစ်စေ၊ လူ၏ အတွေ့အကြုံဖြစ်စေ၊ လူသား၏ မွေးရာပါအခြေအနေဖြစ်စေ ယင်းကို လက်လှမ်း မမီနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ မရေမတွက်နိုင်သော အလုပ်အားလုံးသည် လူသားကို အကျိုးပြုရန်နှင့် စိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ပေသည်။ သို့ရာတွင် လူအချို့သည် စုံလင်စေခြင်း ခံရနိုင်သော်လည်း၊ အခြားသူများသည် စုံလင်စေခြင်းအတွက် သတ်မှတ်ချက်များ မပိုင်ဆိုင်ပေ၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်း မခံရနိုင်သကဲ့သို့၊ နည်းနည်းမျှ ကယ်တင်မခံရနိုင်ဟု ဆိုလိုပြီး၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိခဲ့ကောင်း ရှိခဲ့နိုင်သော်လည်း၊ အဆုံး၌ ပယ်ထုတ်ခံကြရပေသည်။ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူတို့ကို စိတ်ဓာတ်မြှင့်တင်ရန် ဖြစ်သော်လည်း၊ ၎င်းတို့၏ လိုက်စားရှာဖွေမှုတွင် လူများစွာ လိုက်လျှောက်သော လမ်းကြောင်းသည် စုံလင်စေခြင်းဆီသို့သွားသည့် လမ်းကြောင်း မဟုတ်သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရရှိခဲ့ပြီးဖြစ်သည့် လူတိုင်း လုံးဝ စုံလင်စေခြင်း ခံရလိမ့်မည်ဟု ပြော၍မရနိုင်ဟု ဆိုခြင်းဖြစ်သည်။ ၎င်းတို့သည် ခံစားချက်အရဖြစ်သော လူသား၏ ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့၊ လူသား၏ မှန်ကန်သော အားထုတ်မှု မရှိဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တစ်ဖက်သတ် လုပ်ဆောင်မှုသာ ရှိလေသည်။ ဤအကြောင်းကြောင့်၊ ဤလူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စုံလင်စေခြင်းခံရသော သူတို့ကို အစေခံရန် ဖြစ်လာလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့က တိုက်ရိုက် မမြင်နိုင်သကဲ့သို့၊ လူတို့ကိုယ်တိုင် တိုက်ရိုက် မထိတွေ့နိုင်ပေ။ ယင်းသည် အမှုနှင့်သက်ဆိုင်သော ပါရမီရှိသူတို့ အားဖြင့်သာ ဖော်ပြခံရနိုင်လေသည်၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့ ပြုလုပ်သော ဖော်ပြချက်များမှတစ်ဆင့် နောက်လိုက်များအား ထောက်ပံ့ ပေးထားခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူအမျိုးအစား များစွာနှင့် မတူညီသော အခြေအနေများစွာမှတစ်ဆင့် ပြီးမြောက်ကာ ပြည့်စုံလေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် ခေတ်တစ်ခုလုံး၏ အမှုကို ကိုယ်စားပြုနိုင်ပြီး ခေတ်တစ်ခုလုံးထဲက လူတို့၏ဝင်ရောက်မှုကို ကိုယ်စားပြုနိုင်သော်လည်း၊ လူတို့၏ ဝင်ရောက်မှု အသေးစိတ်နှင့် ပတ်သက်သော အမှုကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော လူတို့အားဖြင့် လုပ်ဆောင်ဖို့ လိုအပ်ဆဲ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ သာသနာသည် လူက ဘုရားသခင်ကိုယ်စား မလုပ်ဆောင်နိုင်သည့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၏ အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မတူညီသည့် လူအမျိုးအစားများစွာမှတစ်ဆင့် ပြည့်စုံလေသည်။ ယင်းကို မည်သည့် လူတစ်ဦးတစ်ယောက်တည်းကမျှ လုံးဝ မရရှိနိုင်သကဲ့သို့၊ လူတစ်ဦး တစ်ယောက်တည်းကလည်း လုံးလုံးလျားလျား မဖော်ပြနိုင်ပေ။ အသင်းတော်ကို ဦးဆောင်သော သူများသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ပေ။ ၎င်းတို့သည် ဦးဆောင်သည့် အလုပ်အချို့ကိုသာ လုပ်ဆောင်နိုင်သည်။ ဤအကြောင်းကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သုံးပိုင်းခွဲခြားနိုင်၏- ဘုရားသခင် ကိုယ်တိုင်၏အလုပ်၊ အသုံးပြုခြင်းခံရသော လူတို့၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း၌ ရှိသော သူအားလုံးနှင့် ပတ်သက်သည့် အလုပ်ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် ခေတ်တစ်ခုလုံးကို ဦးဆောင်ရန်ဖြစ်သည်။ အသုံးပြုခြင်းခံရသော သူတို့၏ အလုပ်သည်၊ စေလွှတ် ခံရခြင်းဖြင့် သို့မဟုတ် ဘုရားသခင်က သူကိုယ်တိုင်၏ အလုပ် လုပ်ဆောင်ပြီးနောက် ပေးသည့် စေခိုင်းချက်တာဝန်များကို ရရှိခြင်းဖြင့်၊ ဘုရားသခင်၏ နောက်လိုက် အားလုံးကို ဦးဆောင်ရန်ဖြစ်ပြီး၊ ဤသူတို့သည် ဘုရားသခင်၏အမှုနှင့် ပူးပေါင်းဆောင်ရွက်ကြသူများ ဖြစ်သည်။ ရေစီးကြောင်းထဲတွင် ရှိသော သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သော အလုပ်သည် သူကိုယ်တိုင်၏ အလုပ်အားလုံးကို ထိန်းသိမ်းရန် ဖြစ်ပြီး၊ ယင်းမှာ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးနှင့် သက်သေခံချက်ကို ထိန်းသိမ်းရန် ဖြစ်သော်လည်း၊ တစ်ချိန်တည်းတွင် စုံလင်စေခြင်းခံရနိုင်သူများကို စုံလင်စေခြင်း ဖြစ်ပေသည်။ ဤသုံးပိုင်းသည် အတူတကွ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် အစုံအလင်ဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲမှု အလုပ်သည် အလုံးစုံ တန့်သွားပေမည်။ ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။ ၎င်းတို့နှစ်ခုလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အလုပ်၏ ပင်ကိုလက္ခဏာများနှင့် ကိုယ်စားပြုမှုများထဲက ကွဲပြားမှုများကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်နှင့် လူသား၏ အလုပ်ကြားတွင် ရှင်းလင်းပြီး ပဓာနကျသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ပင်ကိုလက္ခဏာများရှိသည့် အပြုခံအရာများအပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အတိုင်းအတာ ကွဲပြားလေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် နယ်ပယ် ဖြစ်သည်။

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့၏ လက္ခဏာပြသည်။ လူသားပေးသည့်အရာနှင့် သူလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြု၏။ လူသား၏ ထိုးထွင်းသိမြင်မှု၊ လူသား၏ ဆင်ခြင်တုံတရား၊ လူသား၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် သူ၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်း အားလုံးသည် သူ၏ အလုပ်တွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏ အတွေ့အကြုံသည် သူ့အလုပ်၏လက္ခဏာကို ပြနိုင်ပြီး၊ လူတစ်ဦး အတွေ့အကြုံများသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လာလေသည်။ လူသား၏ အလုပ်သည် သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်သည်။ လူအချို့သည် အပျက်သဘောဆောင်စွာ တွေ့ကြုံရချိန်တွင်၊ ၎င်းတို့ မိတ်သဟာယ၏ စကားအသုံးအနှုန်း အများစုသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပါရှိပေလိမ့်မည်။ ၎င်းတို့၏ အတွေ့အကြုံသည် အချိန်ကာလ တစ်ခုကြာ အပြုသဘောဆောင်ပြီး ၎င်းတို့သည် အထူးသဖြင့် အပြုသဘောဆောင်သည့် ရှုထောင့်ဖြင့် လမ်းကြောင်းတစ်ခု ပိုင်ဆိုင်ပါက၊ ၎င်းတို့၏ မိတ်သဟာယသည် အလွန် ခွန်အားရစရာဖြစ်ကာ လူတို့သည် ၎င်းတို့ထံမှ အပြုသဘောဆောင်သော ထောက်ပံ့မှုများကို ရရှိနိုင်ကြပေသည်။ အကယ်၍ လုပ်သားတစ်ဦးသည် အချိန်ကာလတစ်ခုကြာ အပျက်သဘောဆောင်လာပါက၊ သူ၏မိတ်သဟာယသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ အမြဲ သယ်ဆောင်လိမ့်မည်။ ဤမိတ်သဟာယမျိုးသည် ဝမ်းနည်းညိုးငယ်စေပြီး အခြားသူတို့သည် သူ၏ မိတ်သဟာယပြီးနောက် သတိမထားမိဘဲ၊ စိတ်မချမ်းမသာ ဖြစ်လာကြလိမ့်မည်။ နောက်လိုက်များ၏ အခြေအနေသည် ခေါင်းဆောင်၏ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသည်။ လုပ်သားတစ်ဦးသည် အတွင်းတွင် မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ယင်းသည် သူဖော်ပြသည့်အရာဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် တစ်ခါတစ်ရံ လူသား၏ အခြေအနေနှင့်အညီ ပြောင်းလဲလေသည်။ သူသည် လူသား၏အတွေ့အကြုံနှင့်အညီ အလုပ်လုပ်ပြီး ၎င်းတို့ကို အတင်းအကျပ် မလုပ်စေဘဲ၊ ၎င်းတို့အတွေ့အကြုံ၏ ပုံမှန်လမ်းကြောင်းနှင့်အညီ လူတို့ကို တောင်းဆိုမှုများ ပြုလုပ်လေသည်။ ဤသည်မှာ လူသား၏မိတ်သဟာယသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်ဟု ဆိုလိုပေသည်။ လူတို့ မိတ်သဟာယပြုသည့်အရာသည် ဘုရားသခင်၏ အမှုအရ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံတို့ကို ဖော်ပြရင်း၊ ၎င်းတို့တစ်ဦးချင်း၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံကို သိရှိစေသည်။ သူတို့၏တာဝန်မှာ ဘုရားသခင် အလုပ်လုပ်ပြီးနောက် သို့မဟုတ် စကားပြောဆိုပြီးနောက်တွင် ၎င်းတို့ လက်တွေ့ဆောင်သင့်သောအရာ သို့မဟုတ် ဝင်ရောက်သင့်သည့်အရာ မည်သည့်အရာဖြစ်သည်ကို သိရှိအောင်ပြုလုပ်ပြီး၊ ထို့နောက် နောက်လိုက်များထံသို့ ပေးပို့ရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ထိုသို့သောအလုပ်သည် လူသား သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား အတွေးများ အချို့နှင့် ရောနှောနေပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်သည်ဖြစ်စေ၊ လူသားပေါ် အလုပ်လုပ်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်၌ အလုပ်လုပ်သည်ဖြစ်စေ၊ လုပ်သားများက ၎င်းတို့မည်သည့်အရာ ဖြစ်သည်ကို အမြဲဖော်ပြကြ၏။ အလုပ်လုပ်သူမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြေခံအုတ်မြစ် မရှိဘဲ အလုပ်မလုပ်သောကြောင့်၊ အလုပ်သည် လူသား ပင်ကိုအားဖြင့် ဖြစ်သည့်အရာအပေါ် အခြေခံလေသည်။ တစ်နည်းဆိုရသော်၊ အလုပ်သည် ဘာမျှမရှိခြင်းမှ မလာဘဲ၊ တကယ့်အခြေအနေများနှင့် စစ်မှန်သော အနေအထားများနှင့်အညီ အမြဲ လုပ်ဆောင်ရလေသည်။ ဤနည်းဖြင့်သာ လူသား၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး သူ၏ အယူအဆဟောင်းများနှင့် အတွေးဟောင်းများ ပြောင်းလဲနိုင်ပေသည်။ လူသားက ဖော်ပြသည့်အရာသည် သူမြင်သော အရာ၊ တွေ့ကြုံရသောအရာနှင့် သူစိတ်ကူးနိုင်သောအရာ ဖြစ်ပြီး၊ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်လျှင်ပင်၊ လူသား၏ တွေးခေါ်မှုအားဖြင့် ရရှိနိုင်ပေသည်။ လူသား၏ အလုပ်သည် ယင်းအလုပ်၏ အရွယ်အစားကို ပဓာနမထားဘဲ၊ လူသား၏ အတွေ့အကြုံဖြစ်စေ၊ လူသား မြင်သည့်အရာဖြစ်စေ လူသား စိတ်ကူးနိုင်သည့်အရာ သို့မဟုတ် စိတ်ကူးကြံစည်နိုင်သည့်အရာ၏ အတိုင်းအတာကို မကျော်လွန်နိုင်ပေ။ ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။ လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့ မတွေ့ကြုံဖူးသည့်အရာ၊ မမြင်ဖူးသည့်အရာ သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက လက်လှမ်းမမီနိုင်သောအရာ၊ ထိုအရာများသည် ၎င်းတို့၏အတွင်းတွင် မရှိသောအရာများဖြစ်သဖြင့် ၎င်းတို့ကို မည်သူမျှ မိတ်သဟာယ မပြုနိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမှ မဟုတ်ပါက၊ ယင်းသည် သူ၏ စိတ်ကူးစိတ်သန်း သို့မဟုတ် အယူဝါဒ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏စကားများတွင် မည်သည့် လက်တွေ့အရှိတရားမျှ မရှိပေ။ သင်သည် လူ့အဖွဲ့အစည်း၏ အရာများနှင့် မည်သည့်အခါမျှ ထိတွေ့မှုရှိမလာခဲ့ပါက၊ သင်သည် လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်မည် မဟုတ်ပေ။ သင်သည် မိသားစုမရှိလျှင်၊ အခြားသူများသည် မိသားစု အရေးကိစ္စများအကြောင်း ဆွေးနွေးကြမည်ဆိုပါက၊ ၎င်းတို့ပြောနေသည့်အရာ အများစုကို သင်နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် လူသား မိတ်သဟာယ ပြုသောအရာနှင့် သူ လုပ်ဆောင်သောအလုပ်သည် သူ၏ အတွင်းဖြစ်တည်မှုကို ကိုယ်စားပြုပေသည်။ အကယ်၍ လူတစ်ယောက်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ၎င်း၏ သိနားလည်မှုကို မိတ်သဟာယ ပြုသော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အတွေ့အ‌ကြုံ သင်၌ မရှိခဲ့ပါက၊ သင်သည် ထိုအရာ၌ တစ်ရာ ရာခိုင်နှုန်း သေချာဖို့ မဆိုထားနှင့်၊ သူ၏ အသိပညာကို သင်ငြင်းဝံ့မည် မဟုတ်ချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မိတ်သဟာယသည် သင် လုံးဝ မတွေ့ကြုံဖူးသော အရာတစ်ခု၊ သင် လုံးဝ မသိဖူးသကဲ့သို့၊ သင်၏စိတ်က စိတ်မကူးနိုင်သည့် အရာတစ်ခု ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ အသိပညာမှ၊ သင် ရယူနိုင်သမျှမှာ အနာဂတ်တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံဖို့ လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သို့သော် ဤလမ်းကြောင်းသည် အယူဝါဒဆိုင်ရာ အသိပညာထဲမှ တစ်ခုသာ ဖြစ်နိုင်၏။ ယင်းသည် သင်ကိုယ်တိုင်၏ အတွေ့အကြုံကို အစားထိုးနိုင်ဖို့မဆိုထားနှင့်၊ သင်ကိုယ်တိုင်၏သိနားလည်မှုကို အစားမထိုးနိုင်ပေ။ ၎င်းတို့ပြောသောအရာသည် အတော် မှန်သည်ဟု သင်ထင်ကောင်းထင်မည် ဖြစ်သော်လည်း၊ သင်၏ အတွေ့အကြုံတွင် ယင်းသည် နည်းလမ်းများစွာ လက်တွေ့မကျသည်ကို သင် တွေ့ရပေသည်။ သင် ကြားသောအရာထဲမှ အချို့သည် လုံးဝ လက်တွေ့မကျသည်ကို သင် ခံစားရကောင်း ခံစားရပေမည်။ ထိုအချိန်တွင် သင့်အနေဖြင့် ထိုအရာနှင့် ပတ်သက်၍ အယူအဆများ သိုထားပြီး၊ ယင်းကို သင် လက်ခံသော်လည်း အလွန် အင်တင်တင်ဖြင့်သာ လုပ်ဆောင်ပေသည်။ သို့ရာတွင် သင်ကိုယ်တိုင်၏ အတွေ့အကြုံတွင်၊ သင့်ကို အယူအဆများ ရရှိစေသည့် အသိပညာသည် သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း ဖြစ်လာပြီး၊ သင် လက်တွေ့လုပ်ဆောင်လေလေ သင်ကြားသည့် နှုတ်ကပတ်တော်များ၏ စစ်မှန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ကို သင်နားလည်လေလေ ဖြစ်သည်။ သင်ကိုယ်တိုင်၏ အတွေ့အကြုံ ရှိပြီးသည့်နောက်တွင်၊ သင်သည် တွေ့ကြုံခဲ့သည့်အရာမှ သင် ရှိသင့်သည့် အသိပညာနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ပေသည်။ ထို့အပြင်၊ သင်သည် မိမိတို့၏ အသိပညာစစ်မှန်ပြီး လက်တွေ့ကျသော သူများနှင့် မိမိတို့၏အသိပညာက သုံးမရဘဲ၊ အယူဝါဒအပေါ်အခြေခံထား သူတို့ကြားလည်း ခွဲခြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်ပြောဆိုသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိသည် သင်၌ ယင်းနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော အတွေ့အကြုံ ရှိမရှိဆိုသည့်အပေါ် ကြီးစွာ မူတည်လေသည်။ သင့်အတွေ့အကြုံတွင် သမ္မာတရားရှိပါက၊ သင်၏အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင်၏ အတွေ့အကြုံမှတစ်ဆင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏ အသိပညာ နက်သထက်နက်လာနိုင်ကာ၊ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင် ရမည်ဆိုသည်နှင့်ပတ်သက်၍ သင်၏ဉာဏ်ပညာနှင့် သာမန်အသိတို့ တိုးပွားနိုင်ပေသည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့ ဖော်ပြသည့် အသိပညာသည် မည်မျှပင် မြင့်မားကောင်း မြင့်မားပါစေ၊ အယူဝါဒ ဖြစ်ပေသည်။ ဤလူစားမျိုးသည် ဇာတိပကတိနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ အလွန် ဉာဏ်ရည်ဉာဏ်စွမ်း ကောင်းနိုင်သော်လည်း၊ ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ ခွဲခြားခြင်း မပြုနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများအားလုံးတွင် အတွေ့အကြုံမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်း မရသောသူများဖြစ်ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်၏ ဖြစ်တည်မှု ဖြစ်နေသရွေ့ ယင်းသည် သင်၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံ၊ သင်၏ စစ်မှန်သော အသိပညာ ဖြစ်သည်။ အယူဝါဒကိုသာ ပြောဆိုသူများ- သမ္မာတရားကိုဖြစ်စေ လက်တွေ့အရှိတရားကိုဖြစ်စေ မပိုင်ဆိုင်သူများ- သည် နက်ရှိုင်းသည့် ဆင်ခြင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အယူဝါဒကို ရရှိပြီး၊ ယင်းသည် ၎င်းတို့၏ နက်ရှိုင်းသော ပြန်လည်တွေးဆခြင်း အကျိုးဆက်ဖြစ်သောကြောင့်၊ ၎င်းတို့ ဆွေးနွေးသောအရာကိုလည်း ၎င်းတို့၏ဖြစ်တည်မှုဟု ခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးစိတ်သန်းထက် မပိုပေ။ လူအမျိုးအစားမျိုးစုံ၏ အတွေ့အကြုံများသည် ၎င်းတို့အတွင်းရှိ အရာများကို ကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ တစ်ခုတစ်လေမျှ မရှိသည့် မည်သူမဆိုသည် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာကို မပြောနိုင်သကဲ့သို့၊ အမျိုးမျိုးသော ဝိညာဉ်ရေးရာ အမှုအရာများအကြောင်း မှန်ကန်သော အသိပညာကို မပြောဆို နိုင်ပေ။ လူသားဖော်ပြသောအရာသည် အတွင်းတွင် သူ ဖြစ်သည့်အရာ ဖြစ်သည်- ဤသည်မှာ သေချာ၏။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သော အသိပညာနှင့် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာ ရှိရန် ဆန္ဒရှိပါက၊ စစ်မှန်သော အတွေ့အကြုံ ရှိရပေမည်။ အကယ်၍ သင်သည် လူ့ဘဝနှင့် သက်ဆိုင်သော သာမန်အသိစိတ်အကြောင်း ရှင်းလင်းစွာ မပြောဆိုနိုင်ပါက၊ ဝိညာဉ်ရေးရာများ အမှုအရာများနှင့် ပတ်သက်၍ သင်သည် မည်မျှသာ၍ နည်းပါးစွာ ဆွေးနွေးနိုင်မည်နည်း။ အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ပယ်ထုတ်ခြင်း ခံရလိမ့်မည်။ သင်ဖော်ပြသော ထိုးထွင်းသိမြင်မှုသည် အသက်တာ၌ သင်တွေ့ကြုံပြီးဖြစ်သည့် အခက်အခဲများ၊ သင် ပြစ်တင်ဆုံးမခံခဲ့ရသည့် အရာများနှင့် သင် တရားစီရင်ခံခဲ့ရသည့် ပြဿနာများ၏ သက်သေအဖြစ် ရပ်တည်နိုင်ပေသည်။ ဤအရာသည် စမ်းသပ်မှုများနှင့် ပတ်သက်၍လည်း မှန်ကန်ပေသည်- လူတစ်ဦး စစ်ဆေးခံရသည့် နေရာသည်၊ လူတစ်ဦး အားနည်းသည့်နေရာဖြစ်၏- ဤအရာများသည် လူတစ်ဦး ကြုံတွေ့ဖူးသည့်၊ လူတစ်ဦး လမ်းကြောင်းတစ်ခုရှိသည့် နယ်ပယ်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးသည် အိမ်ထောင်၌ စိတ်ပျက်စရာများ ခံစားရပါက၊ “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ ဘုရားသခင်ကို ချီးမွမ်းပါသည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံး ဆန္ဒကို ကျေနပ်စေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို ဆက်ကပ်ရပါမည်၊ ပြီးလျှင် ကျွန်ုပ်၏ အိမ်ထောင်ကို ဘုရားသခင်၏ လက်တွင် ကျွန်ုပ် လုံးလုံးလျားလျား ထားရှိရပါမည်။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်ရန် ကတိပြုဖို့ ကျွန်ုပ် လိုလားလျက် ရှိပါသည်။” ဟု ၎င်းတို့ မကြာခဏ မိတ်သဟာယပြုကြလိမ့်မည်။ မိတ်သဟာယမှတစ်ဆင့် လူ့အတွင်းရှိ အရာခပ်သိမ်းသည် သူ၏ ဖြစ်ခြင်းကို ပြသနိုင်ပေသည်။ လူတစ်ဦး၏ စကားအမြန်နှုန်း၊ ကျယ်ကျယ် ပြောသည်ဖြစ်စေ ညင်ညင်သာသာ ပြောသည်ဖြစ်စေ- ထိုသို့သော ကိစ္စများသည် အတွေ့အကြုံနှင့် သက်ဆိုင်သော ကိစ္စများ မဟုတ်သကဲ့သို့၊ ၎င်းတို့ ရှိသည့်အရာနှင့် ဖြစ်သည့်အရာကို ကိုယ်စားမပြုနိုင်ပေ။ ဤအရာများသည် လူတစ်ဦး၏ အကျင့်စရိုက် ကောင်းသည် သို့မဟုတ် ဆိုးသည်ကိုသာ ပြောပြနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို ပြောပြနိုင်သော်လည်း၊ ယင်းတို့ကို လူတစ်ဦး၌ အတွေ့အကြုံ ရှိမရှိဆိုသည်နှင့် တန်းတူထား၍မရနိုင်ပေ။ စကားပြောချိန်တွင် မိမိကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း သို့မဟုတ် ကျွမ်းကျင်မှု သို့မဟုတ် စကားအမြန်နှုန်းသည် အလေ့အကျင့်နှင့်သာ သက်ဆိုင်သော အရာဖြစ်ပြီး လူတစ်ဦး၏အတွေ့အကြုံကို အစားမထိုးနိုင်ပေ။ သင်၏တစ်ဦးချင်း အတွေ့အကြုံများအကြောင်း သင်ပြောပြချိန်တွင်၊ အရေးကြီးသည်ဟု သင်မြင်သော အရာနှင့် သင့်အတွင်းရှိ အရာအားလုံးကို သင်မိတ်သဟာယပြုလေသည်။ ငါ၏စကားသည် ငါ၏ဖြစ်တည်မှုကို ကိုယ်စားပြုသော်လည်း၊ ငါပြောသော အရာကို လူသားက လက်လှမ်းမမီနိုင်ပေ။ ငါပြောသောအရာသည် လူသားတွေ့ကြုံသည့် အရာမဟုတ်သကဲ့သို့၊ လူသားက မြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူသားက တွေ့ထိနိုင်သည့် အရာလည်း မဟုတ်ဘဲ၊ ငါ၏ဖြစ်တည်မှု ဖြစ်ပေသည်။ ငါမိတ်သဟာယဖွဲ့သော အရာသည် ငါတွေ့ကြုံဖူးသော အရာဖြစ်သည်ဟုသာ လူအချို့က အသိအမှတ်ပြု ကြသော်လည်း၊ ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်ကို ၎င်းတို့ သတိမပြုမိကြချေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံဖူးသောအရာ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲမှု အလုပ်ကို လုပ်ဆောင်ပြီးသည့်သူမှာ ငါဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အစအဦးမှ ယခုတိုင်အောင် အရာရာကို တွေ့ကြုံပြီးဖြစ်သည်။ ယင်းကို ငါ မည်သို့ မဆွေးနွေးနိုင်ဘဲ ရှိလိမ့်မည်နည်း။ လူသား၏သဘာဝနှင့် ပတ်သက်လာသည့်အခါ၊ ငါသည် ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သည်။ ယင်းကို ငါ အချိန်ကြာမြင့်စွာက စောင့်ကြည့်ခဲ့ပေသည်။ ထိုအရာနှင့်ပတ်သက်၍ ငါသည် အဘယ်သို့ ရှင်းလင်းစွာ မပြောနိုင်ဘဲ ရှိလိမ့်မည်နည်း။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ပြီးဖြစ်သည့်အတွက်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် ငါသည် အရည်အချင်းပြည့်မီ၏၊ အဘယ်ကြောင့်ဆိုသော် လူသား၏ အရာခပ်သိမ်းသည် ငါ့ထံမှ လာသော်လည်း၊ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သောကြောင့် ဖြစ်သည်။ မှန်ပေ၏၊ ငါသည် ငါပြုသောအမှုကိုလည်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီပေသည်။ ဤအမှုသည် ငါ၏ လူ့ဇာတိဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း၊ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ဤသည်မှာ ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအလုပ်ကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီပေသည်။ လူတို့ပြောသော အရာသည် ၎င်းတို့ တွေ့ကြုံပြီးသောအရာဖြစ်သည်။ ယင်းသည် ၎င်းတို့တွေ့မြင်ပြီးသောအရာ၊ ၎င်းတို့၏ စိတ်များ အလှမ်းမီနိုင်သောအရာနှင့် ၎င်းတို့အာရုံများက သတိပြုမိနိုင် သောအရာ ဖြစ်သည်။ ယင်းသည် ၎င်းတို့ မိတ်သဟာယပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက လက်လှမ်းမမီနိုင်သော်လည်း၊ ဝိညာဉ်တော် လုပ်ဆောင်နှင့်ပြီးသော အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနောက်တွင်၊ ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်တည်ခြင်းအား သိရှိနိုင်စေပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူပြုခဲ့သောအမှုတို့ကို မြင်တွေ့ ခွင့်ပေးလေသည်။ လူသား၏အလုပ်သည် လူတို့ကို ၎င်းတို့ ဝင်ရောက်သင့်သော အရာနှင့် ၎င်းတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်သည့် သာ၍ ရှင်းလင်းပြတ်သားမှုကို ပေးလေသည်။ ယင်းတွင် လူတို့ကို သမ္မာတရားကို သိနားလည်ခြင်းနှင့် တွေ့ကြုံခြင်းဆီသို့ ဦးဆောင်ခြင်း ပါဝင်လေသည်။ လူသား၏ အလုပ်သည် လူတို့ကို အားဖြည့်ရန်ဖြစ်သည်၊ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လမ်းကြောင်းသစ်များနှင့် ခေတ်သစ်များကို ဖွင့်လှစ်ပေးရန် ဖြစ်ပြီး၊ လူတို့ကို သူ၏ စိတ်သဘောထားအား သိရှိနိုင်စေရင်း၊ သေမျိုးများ မသိထားကြသည့် အရာကို လူများအား ထုတ်ဖော်ပြဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားလုံးမှာ လူတို့ကို အကျိုးပြုရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို စိတ်ဓာတ်မြှင့်တင်စေခြင်း အကြောင်းသာ ဖြစ်ပေသည်။ လူတို့ကို အကျိုးမပြုသောအလုပ် မရှိပေ။ သမ္မာတရားသည် နက်သည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ ပြီးလျှင် သမ္မာတရားကို လက်ခံသောသူတို့၏ အရည်အချင်း မည်သို့ရှိပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် လူတို့ကို အကျိုးပြုပေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို တိုက်ရိုက် မလုပ်ဆောင်နိုင်ပေ။ ယင်းကို သူနှင့်အတူ ပူးပေါင်း လုပ်ဆောင်သော လူတို့မှတစ်ဆင့် ဖော်ပြရမည် ဖြစ်သည်။ ဤသို့အားဖြင့်သာ၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ရလဒ်များကို ရရှိနိုင်ပေသည်။ မှန်ပေ၏၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သည့်အခါ၊ ယင်းသည် လုံးဝ ရောနှောခြင်းမရှိပေ၊ သို့ရာတွင် လူမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါတွင်၊ ယင်းသည် အလွန် စွန်းထင်းလာပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ မူလအလုပ် မဟုတ်တော့ပေ။ ထိုသို့ဖြစ်သဖြင့်၊ သမ္မာတရားသည် မတူညီသော အတိုင်းအတာများအထိ ပြောင်းလဲလေသည်။ နောက်လိုက်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မူလ ရည်ရွယ်ချက်ကို မရရှိကြဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့် လူသား၏အတွေ့အကြုံနှင့် အသိပညာတို့ ပေါင်းစပ်မှုတစ်ခုကို ရရှိကြလေသည်။ နောက်လိုက်သူများရရှိသည့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အစိတ်အပိုင်းသည် မှန်ကန်၏၊ ၎င်းတို့ ရရှိသည့် လူသား၏ အတွေ့အကြုံနှင့် အသိပညာမှာမူ လုပ်သားများ ကွဲပြားကြသောကြောင့် ခြားနားလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှုရှိသည့် လုပ်သားများသည် ဤဉာဏ်အလင်းပေးခံရခြင်းနှင့် လမ်းပြမှုပေါ်တွင် အခြေခံ၍ ဆက်လက်တွေ့ကြုံခံစားကြလိမ့်မည် ဖြစ်သည်။ ဤအတွေ့အကြုံများ အတွင်းတွင် လူသား၏စိတ်နှင့် အတွေ့အကြုံအပြင် လူ့သဘာဝဖြစ်ခြင်းတို့ ပေါင်းစပ်ထားပြီး၊ ထို့နောက်တွင် ၎င်းတို့၌ရှိသင့်သည့် အသိပညာသို့မဟုတ် ထိုးထွင်းသိမြင်မှုကို ၎င်းတို့ရရှိကြသည်။ ဤသည်မှာ သမ္မာတရားကို တွေ့ကြုံပြီးနောက် လူသား၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း ဖြစ်သည်။ လူတို့သည် ကွဲပြားစွာ တွေ့ကြုံကြပြီး လူတို့ တွေ့ကြုံရသော အရာများ ကွဲပြားကြသောကြောင့်၊ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် အမြဲ တူညီသည် မဟုတ်ပေ။ ဤနည်းဖြင့်၊ အသိဉာဏ်ပွင့်လင်းခြင်းကို ရရှိသောသူတို့သည် ကွဲပြားကြသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလားတူ အသိဉာဏ် ပွင့်လင်းစေခြင်းသည် ကွဲပြားသောအသိပညာနှင့် လက်တွေ့လုပ်ဆောင်မှုများဖြင့် အကျိုးဆက်ဖြစ်ပေါ်လေသည်။ လူအချို့သည် လက်တွေ့လုပ်ဆောင်သည့် အတောအတွင်းတွင် သေးငယ်သော အမှားများကို ပြုကြသော်လည်း၊ အချို့သည် ကြီးမားသော အမှားများ ပြုမိကြကာ၊ အချို့မှာ အမှားများသာ ပြုမိကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် နားလည်နိုင်သောစွမ်းရည်များ ကွဲပြားသောကြောင့် ဖြစ်ပြီး၊ ၎င်းတို့၏ မွေးရာပါအရည်အချင်း ကွဲပြားသောကြောင့်လည်း ဖြစ်သည်။ လူအချို့သည် သတင်းစကားတစ်ခုကို ကြားသည့်နောက်တွင် သိနားလည်မှုတစ်မျိုး ရှိကြပြီး၊ အချို့မှာ သမ္မာတရားတစ်ခုကို ကြားသည့်နောက်တွင် သိနားလည်မှုမျိုး နောက်တစ်မျိုး ရှိကြလေသည်။ လူအချို့သည် အနည်းငယ် လမ်းလွဲကြသော်လည်း၊ အချို့မှာ သမ္မာတရား၏ စစ်မှန်သောအဓိပ္ပာယ်ကို လုံးဝ နားမလည်ကြပေ။ ထို့ကြောင့်၊ လူတစ်ဦး၏ သိနားလည်မှုသည် အခြားသူများကို မည်သို့ဦးဆောင်မည်ဆိုသည်ကို ဆုံးဖြတ်ပေးလေသည်။ လူတစ်ဦး၏ အလုပ်သည် မိမိ၏ ဖြစ်တည်မှုနှင့်ဆိုင်သည့် ဖော်ပြချက်တစ်ခုသက်သက် ဖြစ်သောကြောင့် ဤသည်မှာ အတိအကျ မှန်ကန်ပေသည်။ သမ္မာတရားနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှုရှိသူများ၏ ဦးဆောင်ခြင်း ခံရသောလူများသည် သမ္မာတရားနှင့်သက်ဆိုင်သော မှန်ကန်သည့် သိနားလည်မှုတစ်ခုလည်း ရှိကြပေလိမ့်မည်။ ၎င်းတို့၏ သိနားလည်မှုတွင် မှားယွင်းမှုများရှိသောသူများ ရှိလျှင်ပင်၊ ၎င်းတို့ အလွန်နည်းပါးလိမ့်မည်ဖြစ်ပြီး အယောက်တိုင်း အမှားများ ရှိကြလိမ့်မည်မဟုတ်။ လူတစ်ဦးသည် သမ္မာတရားနှင့်သက်ဆိုင်သော ၎င်း၏ သိနားလည်မှုတွင် အမှားများရှိပါက၊ ၎င်း၏ နောက်သို့လိုက်သူများသည်လည်း ဧကန်မုချ မှားယွင်းကြလိမ့်မည်ဖြစ်ပြီး၊ ဤလူများသည် ဤစကားလုံး၏ အဓိပ္ပာယ်တိုင်းတွင် မှားယွင်းကြလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို နောက်လိုက်သူများ နားလည်သည့် အတိုင်းအတာသည် လုပ်သားများအပေါ်တွင် ကြီးစွာမူတည်လေသည်။ ဟုတ်ပေ၏၊ ဘုရားသခင်ထံမှ သမ္မာတရားသည် မှန်ကန်ပြီး၊ အမှားမရှိသကဲ့သို့၊ လုံးဝသေချာပေသည်။ သို့ရာတွင် လုပ်သားများသည် လုံးလုံးလျားလျား မမှန်ကန်သကဲ့သို့၊ လုံးဝ ယုံကြည်စိတ်ချ၍ရနိုင်သည်ဟု မဆိုနိုင်ပေ။ လုပ်သားများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အလွန် လက်တွေ့ကျသည့် နည်းလမ်းတစ်ခု ရှိကြပါက၊ နောက်လိုက်သူများသည်လည်း လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းတစ်ခု ရှိကြပေလိမ့်မည်။ အကယ်၍ လုပ်သားများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုမရှိဘဲ အယူဝါဒသာရှိပါက၊ နောက်လိုက်သူများသည် လက်တွေ့အရှိတရား ရှိကြလိမ့်မည် မဟုတ်ပေ။ နောက်လိုက်များ၏ အရည်အချင်းနှင့် သဘာဝသည် မွေးဖွားစဉ် သတ်မှတ်ထားပြီး၊ လုပ်သားများနှင့် ဆက်နွှယ်မှု မရှိသော်လည်း၊ သမ္မာတရားကို နောက်လိုက်သူများ နားလည်ပြီး ဘုရားသခင်ကို သိရှိသည့် အတိုင်းအတာသည် လုပ်သားများအပေါ် မူတည်ပေသည် (ဤသည်မှာ လူအချို့အတွက်သာ ဖြစ်သည်)။ လုပ်သားတစ်ဦးသည် မည်သည့်အရာနှင့် တူညီသည်ဖြစ်စေ၊ သူဦးဆောင်သော နောက်လိုက်များလည်း ထိုသို့ဖြစ်ကြလိမ့်မည်။ လုပ်သားတစ်ဦး ဖော်ပြသည့်အရာသည် သံသယမရှိဘဲ၊ သူကိုယ်တိုင်၏ ဖြစ်တည်မှုဖြစ်သည်။ သူ့နောက်လိုက်သော သူများအပေါ် သူပြုသော တောင်းဆိုချက်များသည် သူကိုယ်တိုင်ရရှိရန် လိုလားနေသောအရာ သို့မဟုတ် ရရှိနိုင်သောအရာ ဖြစ်လေသည်။ ၎င်းတို့၏ နောက်လိုက်များ လုံးဝ မရရှိနိုင်သည့်အရာများစွာ ရှိသကဲ့သို့- လူတစ်ဦး မရရှိနိုင်သည့်အရာသည် လူတစ်ဦး၏ ဝင်ရောက်မှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသော်လည်း၊ လုပ်သားအများစုသည် မိမိတို့ကိုယ်တိုင် လုပ်ဆောင်သော အရာများကို ၎င်းတို့၏ နောက်လိုက်များအပေါ် ပြုသော တောင်းဆိုချက်များအတွက် အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အသုံးပြုကြလေသည်။

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး ၎င်းတို့အလုပ်၏ ဖော်ပြချက်သည် သာ၍များစွာ တိကျလေသည်။ အလုပ်လုပ်ရန် မိမိတို့၏ သဘာဝကျမှုအပေါ် အားထားသောသူများသည် အတော်အတန် အဓိကကျသော အမှားများကို ပြုမိကြသည်။ စုံလင်ခြင်း မခံရသော သူတို့၏အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဓိကအတားအဆီး ဖြစ်ပေါ်စေသည့် ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုကို အလွန်များလှစွာ ဖော်ပြလေသည်။ လူတစ်ဦး၏ အရည်အချင်း မည်မျှ ကောင်းသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို မလုပ်ဆောင်နိုင်မီတွင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် တရားစီရင်ခြင်းတို့ကိုလည်း ကြုံကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော တရားစီရင်မှုကို မကြုံရသေးပါက၊ ၎င်းတို့၏ အလုပ်သည် မည်မျှကောင်းစွာ လုပ်ဆောင်ထားသည်ဖြစ်စေ၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုနှင့် လူသား ကောင်းမြတ်မှု၏ ရလဒ်တစ်ခု အမြဲ ဖြစ်ပေလိမ့်မည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးသူများ၏ အလုပ်သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် တရားစီရင်ခြင်းတို့ကို မခံရသေးသောသူများ၏ အလုပ်ထက် များစွာသာ၍ မှန်ကန်တိကျလေသည်။ တရားစီရင်မှုကို မကြုံရသေးသော သူများသည် လူ့အသိဉာဏ်နှင့် မွေးရာပါ ပါရမီများဖြင့် ရောနှောထားသည့် လူ့ဇာတိပကတိနှင့် အတွေးများကိုသာ ဖော်ပြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်သည့် လူသား၏ တိကျသော ဖော်ပြချက် မဟုတ်ပေ။ ထိုသို့သော လူတို့နောက်လိုက်သူများသည် ၎င်းတို့၏ မွေးရာပါ အရည်အချင်းဖြင့် ၎င်းတို့ရှေ့သို့ ခေါ်ဆောင်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆက်စပ်မှု မရှိလုနီးပါးဖြစ်သကဲ့သို့၊ ယင်းမှ အလွန်သွေဖည်လွန်းသည့် လူသား၏ များလွန်းလှသော ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ကို ဖော်ပြသောကြောင့်၊ ဤလူစားမျိုး၏ အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့သို့ မခေါ်ဆောင်နိုင်ဘဲ၊ လူရှေ့သို့သာ ပြန်လည်ခေါ်ဆောင်နိုင်သည်။ ထို့ကြောင့်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မကြုံရသေးသောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီပေ။ အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ စုံလင်ခြင်းမခံရသောလူများ၏ အလုပ်တွင် သဘာဝကျမှု အလွန်များလှ၏။ ယင်းသည် အလွန်များလှစွာသော လူ၏လိုအင်ဆန္ဒဖြင့် ရောနှောထားသည်။ ၎င်းတို့၏ ဖြစ်တည်ခြင်းသည် သဘာဝကျမှု ဖြစ်သည်- ၎င်းတို့ မွေးကတည်းက ပါလာသည့်အရာ ဖြစ်သည်။ ယင်းသည် ကိုင်တွယ်ဖြေရှင်း ခံရပြီးနောက် အသက်တာ သို့မဟုတ် ပြောင်းလဲခြင်းခံရပြီးနောက် လက်တွေ့အရှိတရား မဟုတ်ပေ။ ထိုသို့သော လူစားမျိုးတို့သည် အသက်ကို လိုက်စားရှာဖွေသော သူတို့ကို မည်သို့ ထောက်ပံ့ပေးနိုင်မည်နည်း။ ထိုလူ၏ အသက်သည် မူလအားဖြင့် သူ၏ မွေးရာပါ ဉာဏ်ပညာ သို့မဟုတ် ပါရမီဖြစ်သည်။ ဤဉာဏ်ပညာ သို့မဟုတ် ပါရမီမျိုးသည် လူသားအတွက် ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များနှင့် အတော်အတန် ဝေးကွာလေသည်။ အကယ်၍ လူတစ်ဦးသည် စုံလင်စေခြင်း မခံရသေးသကဲ့သို့၊ ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ခြင်းမခံရသေးပါက သူဖော်ပြသောအရာနှင့် သမ္မာတရားတို့ကြားတွင် ကြီးမားသောကွာဟမှုတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ၎င်းဖော်ပြသော အရာသည် ၎င်း၏စိတ်ကူးစိတ်သန်းနှင့် တစ်ဖက်သတ် အတွေ့အကြုံ ကဲ့သို့သော မရေရာသည့် အရာများဖြင့် ရောနှော နေပေလိမ့်မည်။ ထို့အပြင်၊ သူမည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ လူအားလုံး၏ ဝင်ရောက်မှုအတွက် သင့်တော်သည့် ယေဘုယျ ပန်းတိုင်နှင့် သမ္မာတရားမရှိဟု လူတို့ ခံစားရသည်။ လူတို့အပေါ် တောင်းဆိုထားသည့် အရာအများစုသည် ၎င်းတို့အနေဖြင့် ငှက်နားရာအိပ်တန်းများပေါ်သို့ နားစေခြင်းခံနေရလျက်ရှိသည့် ဘဲများအလား ၎င်းတို့၏ အစွမ်းအစကို ကျော်လွန်ပေသည်။ ဤသည်မှာ လူ့အလိုဆန္ဒ၏ အလုပ်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ၎င်း၏အတွေးများနှင့် အယူအဆများသည် ၎င်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ အားလုံးကို ပျံ့နှံ့ဝင်ရောက်လေသည်။ လူသားသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဗီဇဖြင့် မွေးဖွားခြင်း မဟုတ်သကဲ့သို့၊ သမ္မာတရားကို တိုက်ရိုက်နားလည်ရန် ဗီဇလည်း မရှိပေ။ ယင်း၌ ထိုလူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါင်းထည့်ပါက- ဤသဘာဝကျသည့် လူပုဂ္ဂိုလ်မျိုး အလုပ်လုပ်သောအခါတွင်၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည် မဟုတ်လော။ သို့ရာတွင် စုံလင်စေခြင်း ခံရပြီးသော လူသားတစ်ဦးသည် သူ၏အလုပ်ထဲက မရေမရာနှင့် မစစ်မှန်သော အရာများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားဖို့အလို့ငှာ၊ လူသား၏ အရောအနှောများ ပိုနည်းလာပြီး၊ သူ့အလုပ် နှင့် အစေခံမှုတို့သည် ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာဖို့အလို့ငှာ၊ လူတို့ နားလည်သင့်သော သမ္မာတရား၏ အတွေ့အကြုံနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အသိပညာတို့ ရှိကြလေသည်။ ထို့ကြောင့်၊ ၎င်း၏အလုပ်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ လက်တွေ့လည်း ကျလာပြီ ဖြစ်လေသည်။ လူသား၏စိတ်ထဲက အတွေးများသည် အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိတ်ဆို့သည်။ လူသားသည် ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ယုတ္တိတန်သော ဆင်ခြင်တွေးခေါ်မှုစနစ် ရှိပြီး၊ အရေးကိစ္စများကို ကိုင်တွယ်ခြင်း၌ ရှည်ကြာသော အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်သည်။ အကယ်၍ လူသား၏ ဤသွင်ပြင်လက္ခဏာများသည် ပြုပြင်ခြင်းနှင့် မှန်အောင်ပြင်ဆင်ခြင်းတို့ကို မကြုံရပါက၊ ယင်းတို့အားလုံးသည် အလုပ်အဖို့ အတားအဆီးများ ဖြစ်ပေသည်။ ထို့ကြောင့် လူသား၏အလုပ်၊ အထူးသဖြင့် စုံလင်စေခြင်းမခံရသော သူတို့၏ အလုပ်သည် တိကျမှန်ကန်မှု၏ အကြီးမားဆုံးသော အတိုင်းအတာကို မစွမ်းဆောင်နိုင်ပေ။

လူသား၏အလုပ်သည် အပိုင်းအခြားတစ်ခုအတွင်း ရှိနေပြီး အကန့်အသတ် ရှိ၏။ လူတစ်ဦးသည် အဆင့်တစ်ခုခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများ အလယ်သို့ ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် သီးခြား အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်နှင့်သာ သက်ဆိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသား၏ အတွေ့အကြုံသည် ယင်း၏ အတိုင်းအတာ တစ်ခုရှိသောကြောင့် ဖြစ်သည်။ လူ၏အလုပ်ကို ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်၍ မရပေ။ လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ အလို ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ အလိုနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။ လူတွင် လူ၏ အလုပ်လုပ်သည့် အခြေခံသဘောတရားများရှိပြီး၊ လူအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများ ပိုင်ဆိုင်ကြသည်။ လူ၏အလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်တွင်ရှိသည့် သူ၏ အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူ၏ဖြစ်တည်ခြင်းကိုသာ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ဖြစ်တည်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လူ၏အလုပ်သည် ဘုရားသခင်၏ အမှုကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူ၏အလုပ်နှင့် လူ၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြည့်စုံသော အလိုတော် မဟုတ်သောကြောင့် လူလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု ဆို၍မရပေ။ လူ၏အလုပ်သည် စည်းမျဉ်းများထဲသို့ ကျဆင်းလွယ်ပြီး၊ သူ့အလုပ်၏ နည်းစနစ်သည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုသို့ လွယ်လင့်တကူ ဘောင်ခတ်ခံရကာ၊ လူတို့ကို အချုပ်အချယ်ကင်းသော လမ်းတစ်ခုသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်းတွင် အသက်ရှင်ကြပြီး၊ ၎င်းတို့၏တွေ့ကြုံမှု နည်းလမ်းသည်လည်း ယင်း၏နယ်ပယ်ထဲတွင် ကန့်သတ်ခံရလေသည်။ လူ၏ အတွေ့အကြုံသည် အမြဲ အကန့်အသတ်ရှိ၏။ သူ၏အလုပ်နှင့်ဆိုင်သော နည်းစနစ်သည်လည်း အမျိုးအစား အနည်းငယ်ထိ ကန့်သတ်ခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်၏ အမှုနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ နောက်ဆုံးတွင် လူ၏ အတွေ့အကြုံသည် အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် စည်းမျဉ်းများအားဖြင့် ပိတ်ဆီးမခံရပေ။ ယင်းကို မည်သို့လုပ်ဆောင်ပြီးစီးသည်ဖြစ်စေ၊ နည်းစနစ် တစ်ခုတစ်လေမျှထိ ကန့်သတ်မထားပေ။ ဘုရားသခင်၏ အမှုအတွက် မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိပေ- သူ၏အမှုအားလုံးသည် လွတ်ငြိမ်းပြီး အချုပ်အနှောင် ကင်းလေသည်။ လူသည် သူ့နောက်လိုက်ရင်း အချိန်မည်မျှကုန်ဆုံးပါစေ၊ သူသည် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်းများကို စိုးမိုးသည့် မည်သည့်ဥပဒေသကိုမျှ အနှစ်မချုပ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မူအရဖြစ်သော်လည်း၊ ယင်းကို နည်းလမ်းသစ်များဖြင့် အမြဲလုပ်ဆောင်ကာ အသစ်သော တိုးတက်မှုများ အမြဲရှိပြီး ယင်းကို လူက လက်လှမ်းမမီနိုင်ပေ။ အချိန်ကာလတစ်ခုတည်းတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော အလုပ်အမျိုးအစား အချို့နှင့် လူတို့ကို မတူကွဲပြားသော ဦးဆောင်ခြင်း နည်းလမ်းများရှိနိုင်ကာ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် လူတို့သည် အသစ်သော ဝင်ရောက်မှုများနှင့် ပြောင်းလဲမှုများ အမြဲရှိလေသည်။ သူသည် အသစ်သော နည်းလမ်းများဖြင့် အမြဲ အမှုပြုသောကြောင့်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော ဥပဒေသများကို မသိမြင်နိုင်ပေ၊ ပြီးလျှင် ထိုသို့ဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများအားဖြင့် ကန့်သတ်ခံလာရခြင်း မရှိပေ။ ဘုရားသခင် ကိုယ်တိုင်၏အမှုသည် လူတို့၏အယူအဆများကို အမြဲရှောင်ရှားပြီး ထိုအယူအဆများကို ဆန့်ကျင်လေသည်။ စစ်မှန်သော နှလုံးသားတစ်ခုဖြင့် ဘုရားသခင် နောက်သို့လိုက်ပြီး သူ့ကို လိုက်စားရှာဖွေသော သူတို့သာ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းခံရမည်ဖြစ်ပြီး မည်သည့် စည်းမျဉ်းအောက်တွင်မျှ မရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရား အယူအဆများဖြင့်မျှ ချုပ်ထိန်းမခံရဘဲ၊ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပေသည်။ လူ၏အလုပ်သည် ၎င်း၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ၎င်းကိုယ်တိုင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ လူတို့ကို တောင်းဆိုမှုများ ပြုလေသည်။ ဤသတ်မှတ်ချက်များ၏ စံနှုန်းများသည် တိကျသည့် နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး၊ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန် ကန့်သတ်မှုရှိလေသည်။ ဤသို့ဖြင့်၊ နောက်လိုက်များသည် ဤကန့်သတ်ထားသော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်မိကြသည်။ အချိန်ကုန်လွန် လာသည်နှင့်အမျှ ဤအရာများသည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။ အကယ်၍ ကာလတစ်ခု၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ စုံလင်စေခြင်းကို မကြုံရသေးသကဲ့သို့၊ တရားစီရင်ခြင်းကို မရရှိသေးသည့် သူတစ်ဦး၏ ဦးဆောင်ခြင်းခံရပါက၊ ၎င်း၏နောက်လိုက်များအားလုံးသည် ဘာသာရေးသမားများနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦးဖြစ်ပါက၊ ထိုလူသည် တရားစီရင်ခြင်းကို ကြုံရမည်ဖြစ်ပြီး စုံလင်စေခြင်းကို လက်ခံရပေမည်။ တရားစီရင်မှုကို မကြုံတွေ့သေးသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိကောင်းရှိနေနိုင်သော်လည်း၊ မရေရာသကဲ့သို့ မစစ်မှန်သော အရာများကိုသာ ဖော်ပြလေသည်။ အချိန်နှင့်အမျှ၊ ၎င်းတို့သည် လူတို့ကို မရေရာသကဲ့သို့ သဘာဝလွန်သော စည်းမျဉ်းများထဲသို့ ဦးဆောင်လိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူ၏ ဇာတိပကတိနှင့် မကိုက်ညီပေ။ ယင်းသည် လူ၏ အတွေးများနှင့် မကိုက်ညီဘဲ၊ လူ၏ အယူအဆများကို ဆန့်ကျင်လေသည်။ ယင်းသည် မရေရာသော ဘာသာရေး အသွေးအရောင်များနှင့် မစွန်းထင်းပေ။ ဘုရားသခင်၏ အမှုရလဒ်များကို ဘုရားသခင်၏ စုံလင်စေခြင်းမခံရသေးသည့် သူတစ်ဦးဦးက မရရှိနိုင်ပေ။ ထိုရလဒ်များကို လူ၏အတွေးများက လက်လှမ်းမမီနိုင်ပေ။

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် အမှုထဲက နည်းဥပဒေသ တစ်ခုတစ်လေကို သင် သိမြင်နိုင်ပါသလော။ လူလုပ်ဆောင်သောအလုပ်တွင် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာရှိပြီး လူသား ဦးနှောက်သည် အလွန် တစ်ယူသန်ဖြစ်လွန်းလှ၏။ ထို့ကြောင့် လူက ဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ နယ်ပယ်အတွင်းရှိ အသိပညာနှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသည် ဤအရာမှလွဲ၍ မည်သည့်အရာကိုမျှ မဖော်ပြနိုင်ပေ။ လူ၏ အတွေ့အကြုံ သို့မဟုတ် အသိပညာသည် ၎င်း၏မွေးရာပါ ဆုကျေးဇူးများ သို့မဟုတ် ၎င်း၏ ဗီဇမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် တိုက်ရိုက်ထိန်းကျောင်းမှုတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူသည် ဤထိန်းကျောင်းမှုကို လက်ခံနိုင်စွမ်းသာရှိပြီး၊ ဘုရား၏သဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အစွမ်းအစမရှိချေ။ လူသည် အရင်းအမြစ်မဖြစ်နိုင်ပေ။ သူသည် အရင်းအမြစ်မှ လာသော ရေကိုလက်ခံသည့် အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ဤသည်မှာ လူသား ဗီဇ၊ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အစွမ်းအစ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် စွမ်းရည်ဆုံးရှုံးပြီး၊ လူသား ဗီဇကို ဆုံးရှုံးပါက၊ ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံ လူသား၏ တာဝန်ကို ဆုံးရှုံးပေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အမှုနှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် အတွေ့အကြုံမရှိပါက ထိုလူသည် သူ၏တာဝန်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော တာဝန်ကို ဆုံးရှုံးပြီး၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးပေသည်။ လူ့ဇာတိ၌ ဖော်ပြသည်ဖြစ်စေ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်ဖော်ပြသည်ဖြစ်စေ၊ ဘုရားသဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်ကို ဖော်ပြရန်မှာ ဘုရားသခင်၏ ပင်ကိုစရိုက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသည် ဘုရားသခင်၏ အမှုအတွင်း သို့မဟုတ် အမှုပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံများ သို့မဟုတ် အသိပညာကို ဖော်ပြလေသည် (ယင်းမှာ သူ၏ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်)။ ဤသည်မှာ လူ၏ ပင်ကိုစရိုက်နှင့် လူ၏ တာဝန်ဖြစ်ပြီး၊ ယင်းသည် လူက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူ၏ ဖော်ပြချက်သည် ဘုရားသခင် ဖော်ပြသည့်အရာကို မမီသော်လည်း၊ လူဖော်ပြသည့် အရာသည် စည်းမျဉ်းများစွာဖြင့် ကန့်သတ်ခံရသော်လည်း၊ လူသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး၊ သူလုပ်သင့်သည့် အရာကိုလုပ်ရမည်ဖြစ်သည်။ လူသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် တတ်စွမ်းသမျှ ဖြစ်နိုင်သည့်အရာအားလုံးကို လုပ်ဆောင်သင့်ပြီး၊ သံသယ နည်းနည်းမျှပင် မရှိသင့်ပေ။

နှစ်များစွာကြာ အလုပ်လုပ်ပြီးနောက်တွင်၊ လူသည် သူ၏နှစ်ပေါင်းများစွာ ကြာသည့် အလုပ် အတွေ့အကြုံအပြင် သူစုဆောင်းထားခဲ့သော ဉာဏ်ပညာနှင့် စည်းမျဉ်းတို့ကို အကျဉ်းချုပ်လိမ့်မည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖူးသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ လှုပ်ရှားမှုအား မည်သို့ အာရုံခံရမည်ကို သိရှိလေသည်။ မည်သည့်အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပြီး မည်သည့်အချိန်တွင် အလုပ်မလုပ်သည်ကို သူသိသည်။ ဝန်ထုပ်တစ်ခုကို သယ်ဆောင်စဉ် မည်သို့မိတ်သဟာယပြုရမည်ကို သူသိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ပုံမှန်အခြေအနေနှင့် အသက်တာ၌ လူတို့၏ ကြီးထွားမှုအခြေအနေကို သိလေသည်။ ယင်းသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ဖူးပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသိသော လူတစ်ဦးဖြစ်သည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖူးသောသူတို့သည် ခိုင်ခိုင်မာမာနှင့် စိတ်အေးလက်အေး စကားပြောကြ၏။ ၎င်းတို့ ပြောစရာ ဘာမျှမရှိသည့်အချိန်တွင်ပင် စိတ်တည်ငြိမ် ကြလေသည်။ အတွင်း၌၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ရှာဖွေရန် ဆက်လက်ဆုတောင်းနိုင်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရာတွင် အတွေ့အကြုံ ရှိကြသည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖူးပြီး အတွေ့အကြုံများစွာရှိကာ သင်ခန်းစာများစွာ သင်ယူပြီးသောလူတစ်ဦးသည် အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို တားဆီးသော အရာများစွာရှိ၏။ ဤသည်မှာ ၎င်း၏ ရေရှည်အလုပ်နှင့်ဆိုင်သော ချွတ်ယွင်းချက်တစ်ခုဖြစ်သည်။ ယခုတင် အလုပ်စလုပ်သော လူတစ်ဦးသည် လူသား သင်ခန်းစာများ သို့မဟုတ် အတွေ့အကြုံများဖြင့် ရောနှောမခံရသကဲ့သို့၊ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပုံနှင့်ပတ်သက်၍ ဘာပြောရမှန်းမသိ ဖြစ်ကြလေသည်။ သို့သော် အလုပ်လုပ်နေဆဲအတောအတွင်းတွင်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့ အလုပ်လုပ်သည်ကို အာရုံခံရန် တဖြည်းဖြည်း သင်ယူပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုရရှိရန်အလို့ငှာ မည်သည့်အရာ လုပ်ဆောင်ရမည်၊ အခြားသူတို့၏ ပျော့ကွက်များကို အတိအကျ ထုနှက်ရန်အလို့ငှာ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်နှင့် အလုပ်လုပ်သူများ ပိုင်ဆိုင်သင့်သည့် ထိုသို့သော အခြား သာမန်အသိပညာကို သတိမူမိလာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သူသည် အလုပ်လုပ်ခြင်းနှင့်သက်ဆိုင်သည့် ထိုသို့သော ဉာဏ်ပညာနှင့် သာမန်အသိပညာတို့ကို ကောင်းစွာ သိလာပြီး အလုပ်လုပ်နေချိန်တွင် ယင်းကို အလွယ်တကူ အသုံးပြုပုံပေါ်လေသည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲသည့်အခါတွင်၊ ထိုသူသည် အလုပ်နှင့်ဆိုင်သည့် သူ၏အသိပညာဟောင်းနှင့် စည်းမျဉ်းဟောင်းများကို လိုက်နာစောင့်ထိန်းဆဲဖြစ်ပြီး၊ အမှု၏ အသစ်သော လှုပ်ရှားမှုအကြောင်းကို အလွန်နည်းပါးစွာ သိလေသည်။ နှစ်ချီသော အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်နှင့် လမ်းပြမှု ပြည့်ဝခြင်းသည် သူ့အား အလုပ်နှင့်ပတ်သက်သည့် သင်ခန်းစာများနှင့် အတွေ့အကြုံများကို ပို၍ပို၍ ပေးလေသည်။ ထိုသို့သော အရာများသည် သူ့ကို မာနမဟုတ်သည့် မိမိကိုယ်ကို ယုံကြည်မှုဖြင့် ပြည့်စေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သူသည် သူ့ကိုယ်ပိုင်အလုပ်ဖြင့် အတော်အတန် ကျေနပ်အားရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့်ပတ်သက်၍ သူရရှိပြီးသော သာမန်အသိပညာဖြင့် တင်းတိမ်ရောင့်ရဲလေသည်။ အထူးသဖြင့် အခြားသူများ မရရှိခဲ့သည့်အရာများ သို့မဟုတ် မသိခဲ့သော အရာများသည် သူ့ကို သာ၍ပင် ယုံကြည်စိတ်ချမှုကို ပေးလေသည်။ ၎င်းအတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အခါတွင်မျှ မကွယ်ပျောက်နိုင်သည့်ပုံ ရသော်လည်း၊ အခြားသူများသည် ဤအထူးဆက်ဆံမှုအတွက် အရည်အချင်း မပြည့်မီကြချေ။ နှစ်ချီကြာ အလုပ်လုပ်ဖူးပြီး ယင်း၏ အသုံးဝင်မှုက အတော်တန်ဖိုးရှိသည့် ၎င်းကဲ့သို့သော လူစားမျိုးများသာလျှင် ယင်းကို မွေ့လျော်ခံစားရန် အရည်အချင်း ပြည့်မီကြလေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို ၎င်း၏လက်ခံမှုအဖို့ ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာလေသည်။ အသစ်သော အလုပ်ကို ၎င်းက လက်ခံနိုင်လျှင်ပင်၊ ညတွင်းချင်း ထိုသို့ သူ မလုပ်ဆောင်နိုင်ပေ။ ယင်းကို လက်မခံမီ သူသည် အလှည့်အပြောင်း အချို့ကို ဖြတ်သန်းရဖို့ သေချာပေသည်။ ၎င်း၏ အယူအဆ ဟောင်းများသည် ကိုင်တွယ်ဖြေရှင်းခံရပြီး ၎င်းတို့၏ စိတ်သဘောထားဟောင်းများ တရားစီရင်ခံရပြီး နောက်တွင်သာ၊ ဤအခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲနိုင်ပေသည်။ ဤအဆင့်များကို ဖြတ်သန်းခြင်းမရှိဘဲ၊ ၎င်းသည် လက်မလွတ်သကဲ့သို့ ၎င်း၏အယူအဆဟောင်းများနှင့် မကိုက်ညီသော သင်ယူမှုအသစ်များနှင့် အလုပ်တို့ကို အလွယ်တကူ လက်မခံပေ။ ဤသည်မှာ လူ့အထဲက ကိုင်တွယ်ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာဖြစ်ပြီး ပြောင်းလဲရန် မလွယ်ကူပေ။ အကယ်၍ လုပ်သားတစ်ဦးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အား တစ်ပြိုင်နက် နားလည်မှုကို ရရှိနိုင်ပြီး ယင်း၏ လှုပ်ရှားမှုကို အကျဉ်းချုပ်နိုင်ပါက၊ ပြီးလျှင် ၎င်း၏ အတွေ့အကြုံနှင့် အလုပ်တို့ဖြင့် ကန့်သတ်မခံရနိုင်သကဲ့သို့၊ အလုပ်ဟောင်းအရ အလုပ်သစ်ကို လက်ခံနိုင်ပါက၊ သူသည် ပညာရှိသောသူဖြစ်ပြီး အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး ဖြစ်လေသည်။ လူတို့သည် မကြာခဏ ဤသို့ဖြစ်ကြလေသည်- ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့်ဆိုင်သည့် အတွေ့အကြုံများကို အကျဉ်းချုံးနိုင်ခြင်းမရှိဘဲ၊ နှစ်ပေါင်းများစွာ အလုပ်လုပ်ကြသည်၊ သို့မဟုတ် အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏အတွေ့အကြုံနှင့် ဉာဏ်ပညာကို အကျဉ်းချုံးပြီးနောက် အသစ်သော အလုပ်ကို လက်ခံရန် ဟန့်တားခြင်းခံရကာ၊ အလုပ်ဟောင်းနှင့် အလုပ်သစ်ကို ကောင်းမွန်စွာ နားလည်နိုင်ခြင်း သို့မဟုတ် မှန်ကန်စွာ သဘောထားနိုင်ခြင်းမရှိပေ။ လူတို့သည် ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲကြပေသည်။ သင်တို့အများစုသည် ဤသို့ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးဖြစ်သော သူတို့သည် အလုပ်သစ်ကို လက်ခံရန်ခက်ခဲကြပြီး ၎င်းတို့ ဘေးဖယ်မထားနိုင်သည့် အယူအဆများဖြင့် အမြဲပြည့်သော်လည်း၊ ယခုတင် အလုပ်စတင်လုပ်သော လူတစ်ဦးသည် အလုပ်နှင့်ပတ်သက်သည့် သာမန်အသိပညာ ကင်းမဲ့ပြီး၊ အရိုးရှင်းဆုံး ကိစ္စအချို့တို့ကိုပင် မည်သို့ကိုင်တွယ် ရမည်ကို မသိကြပေ။ အသင်လူတို့သည် အလွန်ပင် ခက်ခဲလှသည်။ ဝါရင့်မှုအချို့ရှိသူများသည် အလွန်မာန ကြီးကြပြီး စိတ်ကြီးဝင်ကြသည်မှာ ၎င်းတို့ မည်သည့်နေရာမှ လာခဲ့ကြသည်ကို မေ့လျော့ကြလေသည်။ သာ၍ ငယ်ရွယ်သောသူများအပေါ် ၎င်းတို့ အမြဲအထင်သေးကြသော်လည်း၊ ၎င်းတို့သည် အသစ်သော အမှုကို လက်မခံနိုင်ကြဘဲ၊ နှစ်များစွာ ၎င်းတို့ စုဆောင်းပြီး ထိန်းသိမ်းခဲ့ကြသော အယူအဆများကို လက်မလွှတ်နိုင်ကြပေ။ ထိုငယ်ရွယ်ပြီး ပညာမဲ့သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အနည်းငယ် လက်ခံနိုင်ပြီး အတော်အတန် စိတ်အားထက်သန်ကြသော်လည်း၊ ပြဿနာများ ပေါ်ပေါက်သည့်အခါ အမြဲ စိတ်ရှုပ်ထွေးလာကြကာ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့သည် စိတ်အားထက်သန်ကြသော်လည်း မသိနားမလည်ကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်သာ ၎င်းတို့ ရှိကြပြီး၊ ယင်းကို ၎င်းတို့အသက်တာများတွင် အသုံးမပြုနိုင်ကြပေ။ ယင်းသည် လုံးဝ အသုံးမကျသော အယူဝါဒသာ ဖြစ်သည်။ သင်တို့ကဲ့သို့သော လူများစွာရှိ၏။ မည်မျှသောသူတို့သည် အသုံးပြုရန် သင့်တော်ပါသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့ကို နာခံနိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ စီမံခန့်ခွဲနိုင်သူ မည်မျှရှိသနည်း။ သင်တို့ထဲမှ ယခုထက်ထိ နောက်လိုက်များ ဖြစ်ကြပြီးဖြစ်သည့် သူများသည် အလွန်နာခံပုံရကြသော်လည်း၊ အမှန်တွင် သင်တို့သည် သင်တို့အယူအဆများကို လက်လွှတ်လိုက်ခြင်းမရှိသေးပေ၊ သင်တို့သည် သမ္မာကျမ်းထဲတွင် ရှာဖွေနေဆဲ၊ ဝေဝါးမှုများဖြင့် ယုံကြည်နေဆဲ သို့မဟုတ် အယူအဆများထဲတွင် သွားလာနေဆဲဖြစ်သည်။ ယနေ့၏ စစ်မှန်သော အလုပ်ကို သေချာစွာ စုံစမ်းသောသူ သို့မဟုတ် ထိုအလုပ်ထဲသို့ အလေးအနက်ထားသောသူ မည်သူမျှ မရှိပေ။ သင်တို့သည် ယနေ့လမ်းခရီးကို သင်တို့၏ အယူအဆဟောင်းများဖြင့် လက်ခံနေကြပေသည်။ ထိုသို့သော ယုံကြည်ချက်တစ်ခုဖြင့် သင်တို့ မည်သည့်အရာကို ရရှိနိုင်သနည်း။ သင်တို့အထဲတွင် ထုတ်ဖော်ပြမခံရသေးသည့် အယူအဆများစွာ ကွယ်ဝှက်ထားပြီး သင်တို့သည် ထိုအရာတို့ကို အလွယ်တကူ ထုတ်ဖော်ပြခြင်းမရှိဘဲ၊ ကွယ်ဝှက်ရန် အထွတ်အထိပ်အားထုတ်မှုတစ်ခု တကယ်ကို ပြုလုပ်နေသည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် အသစ်သော အမှုကို စစ်မှန်ရိုးသားစွာ လက်ခံခြင်းမရှိသကဲ့သို့၊ သင်တို့၏ အယူအဆဟောင်းများကို စွန့်လွှတ်ရန် အစီအစဉ်မရှိပေ။ သင်တို့သည် အသက်ရှင်သန်မှုအတွက် အလွန်များလှသော အတွေးအခေါ်များ ရှိပြီး၊ ယင်းတို့သည် အလွန်များပြားလှသည်။ သင်တို့သည် သင်တို့၏ အတွေးအခေါ်ဟောင်းများကို မစွန့်လွှတ်သကဲ့သို့၊ အလုပ်သစ်ကို အင်တင်တင်ဖြင့် ကိုင်တွယ်ဖြေရှင်းလေသည်။ သင်တို့၏ နှလုံးသားများသည် အလွန်ဆိုးယုတ်လှပြီး၊ သင်တို့သည် အမှုသစ်၏ အဆင့်များကို တကယ်ကို နှလုံးမသွင်းကြပေ။ သင်တို့ကဲ့သို့သော အပျင်းခိုသူများသည် ဧဝံဂေလိကို ဖြန့်ဝေခြင်းအလုပ်ကို လုပ်နိုင်ပါသလော။ ယင်းကို စကြဝဠာတစ်ခုလုံးဆီသို့ ဖြန့်ဝေခြင်းအလုပ်ကို သင်တို့တာဝန်ယူနိုင်ပါသလော။ သင်တို့၏ ဤလက်တွေ့လုပ်ဆောင်မှုများသည် သင်တို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို သိရှိခြင်းတို့မှ သင်တို့ကို တားဆီးနေပါသလော။ အကယ်၍ သင်တို့သည် ဤသို့ရှေ့ဆက်နေပါက၊ သင်တို့ ပယ်ထုတ်ခံရဖို့ သေချာပေ၏။

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင် သူ့အတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာ ရှိသည်။ လူ ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကို ဖော်ပြသည်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းသည် လူ၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူ၏ ဖြစ်ခြင်းသည် လူ၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူ၏ အသက်တာတွင် သူတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံရသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်ရှင်သန်မှုအတွက် ဒဿနများ) ကိုယ်စားပြုပြီး မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် လူများသည် မတူကွဲပြားသော ဖြစ်တည်မှုများကို ဖော်ပြလေသည်။ သင်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏မိသားစုအတွင်း သင် အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံပုံကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ လူ့ဇာတိခံ ဘုရားသခင်က လူမှုရေး အတွေ့အကြုံများ ရှိ၊ မရှိဆိုသည်ကိုမူ သူ၏အမှုတွင် သင် မတွေ့နိုင်ပေ။ သူသည် လူ၏အနှစ်သာရကို ကောင်းမွန်စွာ သိရှိပြီး၊ လူအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှု အမျိုးအစားအားလုံးကို သူ ထုတ်ဖော်ပြနိုင်သည်။ သူသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် သာ၍ပင် တော်လေသည်။ သူသည် လောကီဆန်သော လူများအလယ်တွင် အသက်မရှင်ဘဲ၊ သူသည် သေမျိုးများ၏သဘာဝနှင့် လောကီဆန်သော လူများ၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို သိရှိလေသည်။ ဤသည်မှာ သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် လူသား သဘာဝကို အပြည့်အဝ နားလည်သောကြောင့်၊ လောကနှင့် ဆက်ဆံမှုမရှိသော်လည်း၊ ကမ္ဘာကြီးနှင့် ဆက်ဆံသည့် စည်းမျဉ်းများကို သူသိ၏။ သူသည် လူ့မျက်လုံးက မမြင်နိုင်သကဲ့သို့၊ လူ့နားများက မကြားနိုင်သည့် ယနေ့နှင့် အတိတ်နှစ်ခုလုံးထဲက ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိလေသည်။ ဤအရာတွင် အသက်ရှင်သန်မှုအတွက် အတွေးအခေါ်မဟုတ်သော ဉာဏ်ပညာနှင့် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသော အံ့ဖွယ်ရာများပါဝင်သည်။ ဤသည်မှာ လူတို့ထံ ဖွင့်ဟလျက်ရှိပြီး လူတို့ထံမှလည်း ကွယ်ဝှက်လျက်ရှိသည့် သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူဖော်ပြသည့်အရာသည် သာမန်ထက်လွန်ကဲသော လူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ သူသည် ကမ္ဘာလောကသို့ ခရီးမထွက်သော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အရာရာတိုင်းကို သိသည်။ သူသည် အသိပညာ သို့မဟုတ် ထိုးထွင်းသိမြင်မှုမရှိသည့် “လူမျောက်ဝံများ” နှင့် အဆက်အသွယ်ရှိသော်လည်း၊ အသိပညာထက်မြင့်သကဲ့သို့ ကြီးမြတ်သော လူသားများအထက်တွင်ရှိသည့် စကားများကို ဖော်ပြလေသည်။ သူသည် လူ့သဘာဝမရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အစဉ်အလာများနှင့် အသက်ကို နားမလည်သည့် ထူကာ ထုံအသော လူတစ်စုအတွင်းတွင် အသက်ရှင်သော်လည်း၊ သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ရန် စေခိုင်းနိုင်သကဲ့သို့၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ ယုတ်ညံ့ကာ နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် အသွေးအသားရှိသည့် မည်သည့်လူမဆို၏ ဖြစ်ခြင်းထက် မြင့်မားသည့် သူ၏ ဖြစ်ခြင်း ဖြစ်ပေသည်။ သူ့အတွက် သူလုပ်ဆောင်ရန်လိုအပ်သော အလုပ်ကိုလုပ်ရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို အကုန်အစင် ထုတ်ဖော်ပြရန် ရှုပ်ထွေးကာ၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေးချေ။ သူ၏အမှုနှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူကို လောကနှင့်ဆက်ဆံရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများကို မထောက်ပံ့ပေးချေ။ သူသည် လူကို အသက်ဖြင့် ထောက်ပံ့ချိန်တွင်၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူ၏မိသားစုကို လေ့လာစုံစမ်းရန် မလိုအပ်ပေ။ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် သူ၏ ဇာတိခန္ဓာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူ၏မနာခံမှုကို အချိန်ကြာမြင့်စွာ သိရှိကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို စက်ဆုပ်ပြီးနောက် လူ၏မဖြောင့်မတ်မှုနှင့်သက်ဆိုင်သည့် သူ၏ ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ သူပြုသော အမှုအားလုံးသည် လူ့ထံသို့ သူ၏စိတ်သဘောထားကို ထုတ်ဖော်ပြရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန် ရည်ရွယ်ပေသည်။ သူသာလျှင် ဤအမှုကို လုပ်ဆောင်နိုင်၏။ ယင်းသည် အသွေးအသားနှင့် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သူ၏ အမှုမှ၊ သူ မည်သည့် လူစားမျိုးဖြစ်သည်ကို လူက မပြောနိုင်ပေ။ လူသည် သူ့ကို ဖန်ဆင်းခံလူသား တစ်ဦးအဖြစ်လည်း သူ၏ အမှုပေါ်အခြေပြု၍ အမျိုးအစားမသတ်မှတ်နိုင်ပေ။ သူ၏ ဖြစ်ခြင်းကလည်း သူ့ကို ဖန်ဆင်းခံ လူတစ်ဦးအဖြစ် အမျိုးအစား သတ်မှတ်၍မရနိုင်သောသူ ဖြစ်စေသည်။ လူသည် သူ့ကို လူသား မဟုတ်သောသူတစ်ဦးဟုသာ ယူဆနိုင်သော်လည်း၊ ဘုရားသခင်ကို မည်သည့် အမျိုးအစားတွင် ထားရှိရမည်ကို မသိပေ၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို ဘုရားအမျိုးအစားတွင် စာရင်းသွင်းရန် တွန်းအားပေးခံရလေသည်။ ဘုရားသခင်သည် လူများကြားတွင် လူ မလုပ်ဆောင်နိုင်သည့် အမှုများစွာတို့ကို လုပ်ဆောင်ပြီး ဖြစ်သည့်အတွက်၊ လူ့အတွက် ထိုသို့ပြုရန် ယုတ္တိမတန်သောအရာ မဟုတ်ပေ။

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ပြုသော အမှုမရှိဘဲ လူ၏အလုပ်သာရှိပါက၊ လူ၏ သွန်သင်ချက်များသည် မြင့်မားကာ အခြားမည်သူမဆို၏ တတ်စွမ်းနိုင်မှုကို ကျော်လွန်သည်ဟု သင် အလွယ်တကူသိရှိလိမ့်မည်။ ၎င်းတို့၏ စကားပြောသည့် အသံနေအသံထား၊ အမှုအရာတို့ကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အခြေခံသဘောတရားများနှင့် အလုပ်လုပ်ရာတွင် ၎င်းတို့၏ အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံစံကို အခြားသူများ လက်လှမ်းမမီနိုင်ပေ။ သင်တို့အားလုံးသည် ကောင်းမွန်သော အရည်အချင်းနှင့် မြင့်မားသော အသိပညာရှိသည့် ဤလူများကို လေးစားအားကျကြသည်၊ သို့ရာတွင် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား၊ သူသည် သာမန်ဖြစ်ပြီး အလုပ်လုပ်နေသည့်အချိန်တွင် သူသည် ပုံမှန် ဖြစ်ကာ စစ်မှန်သော်လည်း၊ သေမျိုးများအနေဖြင့် တိုင်းတာ၍ မရနိုင်ပေ၊ ထို့ကြောင့် ယင်းသည် လူတို့အား သူ့ကို ကြည်ညိုမှုတစ်မျိုး ခံစားရစေလေသည်။ မိမိ၏ အလုပ်၌ရှိသည့် လူတစ်ဦး၏အတွေ့အကြုံသည် အထူးသဖြင့် တိုးတက်ကောင်းတိုးတက်မည် သို့မဟုတ် သူ၏ စိတ်ကူးစိတ်သန်းနှင့် ဆင်ခြင်တုံတရားတို့သည် အသိပညာအကြောင်းကို သာ၍ပင် လေ့လာသင်ယူခြင်းဆီသို့၊ သူ၏ လူ့သဘာဝသည် အထူးသဖြင့် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေသည်။ ထိုသို့သော အရည်အသွေးများ အားလုံးသည် လူတို့၏ လေးစားမှုကိုသာ ရရှိစေနိုင်သော်လည်း၊ ၎င်းတို့၏ အံ့ဩခြင်းနှင့် ကြောက်ရွံ့မှုတို့ကို မနိုးကြွစေနိုင်ပေ။ လူအားလုံးတို့သည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်သောသူများ၊ အထူးသဖြင့် နက်ရှိုင်းသော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများကို လေးစားကြသော်လည်း၊ ထိုသို့သောလူတို့သည် အံ့ဩမှုကို မထုတ်ဖော်နိုင်ဘဲ၊ လေးစားခြင်းနှင့် မနာလိုမှုတို့သာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးဖြစ်သော လူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အမှုသည် လူ့အဖို့ လက်လှမ်းမမီနိုင်ဖြစ်ပြီး နားလည် သဘောမပေါက်နိုင်သည့်အရာဖြစ်သည်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဩဖွယ် ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရလေသည်။ ဘုရားသခင်၏အမှုကို လူတို့ကြုံတွေ့ ရချိန်တွင်၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ပထမဦးဆုံးသော အသိမှာ ဘုရားသခင်သည် နားလည်သဘောပေါက်၍မရနိုင်သောသူ၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ကောင်းသူဟူ၍ ဖြစ်ပြီး၊ ၎င်းတို့သည် မသိလိုက်ဘဲ သူ့ကို ကြည်ညိုကာ လူသားတို့စိတ်က ဉာဏ်မမီနိုင်သည့်အရာ ဖြစ်သည့် သူပြုသောအမှု၏ နက်နဲမှုကို ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ သူ၏ စိတ်ဆန္ဒများကို ကျေနပ်စေရန်သာ အလိုရှိကြသည်။ ဘုရားသခင် ပြုသည့် အမှုသည် လူ၏ အတွေးနှင့် စိတ်ကူးများကို ကျော်လွန်ပြီး သူ့ကိုယ်စား လူက မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်လိုသော ဆန္ဒမရှိပေ။ လူကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ၊ သို့ရာတွင် ဘုရားသခင်သည် လမ်းကြောင်းသစ်တစ်ခုကို ရှေ့ဆက်ပြီး လူကို သာ၍သစ်လွင်ကာ သာ၍လှပသော ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ထိုသို့လျှင် လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုပြီးဖြစ်ကာ အသစ်သော စတင်မှု ရှိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အတွက် လူတို့ ခံစားရသည့်အရာမှာ လေးစားမှုမဟုတ်ပေ၊ သို့မဟုတ် ယင်းထက် လေးစားမှုတစ်ခုတည်း မဟုတ်ပေ။ ၎င်းတို့၏အနက်ရှိုင်းဆုံး အတွေ့အကြုံသည် ရိုသေခန့်ညားခြင်းနှင့် ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဟူ၏။ သူသည် လူ မလုပ်ဆောင်နိုင်သောအမှုကို လုပ်ဆောင်ပြီး၊ လူ မပြောနိုင်သောအရာကို ပြောလေသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးသောလူတို့သည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိကြသည်။ အတော်နက်ရှိုင်းသော အတွေ့အကြုံရှိသည့် လူတို့သည် ဘုရားသခင်ကို ချစ်ခြင်းအား နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ခံစားနိုင်ကြသည်၊ ဘုရားသခင်၏ အမှုသည် အလွန် အမြော်အမြင်ရှိသည်၊ အလွန် အံ့ဖွယ်ဖြစ်သည်ဟု ခံစားရပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကြားတွင် အဆုံးမရှိသော တန်ခိုး ဖြစ်ပေါ်စေလေသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းနှင့် လေးစားမှု မဟုတ်ဘဲ လူ့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကို သည်းခံခြင်းနှင့်သက်ဆိုင်သည့် နက်ရှိုင်းသော အသိစိတ်တစ်ခု ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသောသူများသည် သူ၏ ဘုန်းအာနုဘော်နှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သူ သည်းမခံသည်ကို အာရုံခံစားရကြသည်။ ဘုရားသခင်၏အမှုများစွာကို ကြုံတွေ့ပြီးသော လူများပင်လျှင် သူ့ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ သူ့ကို အမှန်တကယ် ကြည်ညိုသောသူ အားလုံးက ဘုရားသခင်၏အလုပ်သည် လူတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ၊ ၎င်းတို့၏အယူအဆများနှင့် အမြဲဆန့်ကျင်သည်ကို သိကြသည်။ ဘုရားသခင်သည် သူ့ကို အပြည့်အဝ လေးစားရန် သို့မဟုတ် သူ့ကို ကျိုးနွံနာခံမှု ပုံပန်းပြရန် လူတို့ကို မလိုအပ်ပေ။ ယင်းထက်၊ ၎င်းတို့အနေဖြင့် မှန်ကန်သော ကြည်ညိုမှုနှင့် မှန်ကန်သော ကျိုးနွံနာခံမှုတို့ ရရှိသင့်ပေသည်။ ဘုရားသခင်၏ များစွာသော အမှုတွင် စစ်မှန်သော အတွေ့အကြုံရှိသူတို့သည် သူ့ကို လေးစားမှုထက် ပို၍မြင့်မားသော ကြည်ညိုမှု ခံစားကြရလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ကြရပြီးဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏စိတ်နှလုံးများထဲတွင် ကြည်ညိုကြလေသည်။ ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်အပေါ် ကြည်ညိုမှု ခံစားကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်- သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည်- သူ့အပေါ် ကြည်ညိုမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် မနာခံသော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြည်ညိုမှု စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။ ထိုသို့သောအမှုကို တွေ့ကြုံပြီးဖြစ်သော လူတို့သည် အနည်းငယ်မျှပင် ဘုရားသခင်ကို ကြည်ညိုမှုမရှိပါက၊ ပြီးလျှင် ၎င်းတို့၏အတိတ်က မနာခံမှုသည် ပြောင်းလဲခြင်း လုံးဝမရှိပါက၊ ၎င်းတို့ ပယ်ထုတ်ခံကြရဖို့ သေချာပေသည်။ ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားသည် အဝေးမှ သူ့ကို လေးစားဖို့ သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး၊ နည်းနည်းကလေးမျှ သူ့ကို ချစ်ရန်မဟုတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောလူတစ်ဦး ဆိုက်ရောက်သည့် အကျိုးဆက်ဖြစ်ပြီး၊ ထိုလူသည် စုံလင်စေခြင်းခံရဖို့ သတ်မှတ်ချက်များ ကင်းမဲ့ပေသည်။ အကယ်၍ များစွာသော အမှုတို့သည် လူတစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရရှိနိုင်ပါက၊ ထိုလူသည် ဘုရားသခင်ကို မရရှိသေးသကဲ့သို့၊ သမ္မာတရားကို စစ်မှန်စွာ လိုက်လျှောက်ခြင်းမရှိပေ။ ဘုရားသခင်ကို မချစ်သော လူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ၊ သို့ဖြစ်ရာ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်မဆိုထားနှင့်၊ ဘုရားသခင်ကို မရရှိနိုင်ပေ။ ထိုသို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို ၎င်းတို့ မည်သို့တွေ့ကြုံသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့နိုင်ကြပေ။ ဤသည်တို့မှာ မိမိတို့၏ သဘာဝအရ မပြောင်းလဲနိုင်သည့် လူများနှင့် အလွန့်အလွန် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို မကြောက်ရွံ့သောသူအားလုံးသည် ပယ်ထုတ်ခြင်းခံကြရမည်၊ အပြစ်ပေးခြင်း ခံရမည့်သူများဖြစ်မည်ဖြစ်ပြီး မတရားသောအရာများကို ပြုသောသူတို့ထက် ဆင်းရဲဒုက္ခခံစားဖို့၊ မကောင်းမှုပြုသူများကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။

အရှေ့သို့- အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

နောက်တစ်ခုသို့- ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။