အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
လူအများစုသည် ၎င်းတို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ကိုင်တွယ်ဖြေရှင်းခြင်းကိုမျှ မကြုံရသေးသည့် သူများအတွက်၊ ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အလို့ငှာ၊ ဆုလာဘ်များ ရရှိရန်အလို့ငှာ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် စုံလင်စေခြင်းခံရဖို့အလို့ငှာ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြခြင်း မဟုတ်ပေ။ ယင်းမှာ လူအများစုသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ ဝတ္တရားကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ဟု ဆိုရပေမည်။ လူများသည် အဓိပ္ပာယ်ရှိသော အသက်တာများကို နေထိုင်ရန်အလို့ငှာ ဘုရားသခင်အား ယုံကြည်ခဲလှသကဲ့သို့၊ လူသည် အသက်ရှိသည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ လုပ်ဆောင်ရန်မှာ ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ အခြေခံသဘောတရားဖြစ်သောကြောင့် ဖြစ်ပြီး၊ လူ၏ ပင်ကို မွေးရာပါတာဝန် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပေ။ ဤသို့ဖြင့် မတူကွဲပြားသော လူအသီးသီးသည် မိမိတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များကို လိုက်စားကြသော်လည်း၊ ၎င်းတို့ လိုက်စားခြင်း၏ ရည်မှန်းချက်နှင့် ယင်းနောက်ကွယ်ရှိ ကြံရွယ်ချက်တို့သည် အားလုံးအတူတူ ဖြစ်သည်၊ ထို့အပြင် ၎င်းတို့ အများစုအတွက် ၎င်းတို့၏ ကိုးကွယ်ခြင်း ရည်မှန်းချက်များက များစွာ တူညီကြပေသည်။ ပြီးခဲ့သည့် ထောင်ချီနှစ်အချို့တွင်၊ ယုံကြည်သူများစွာ သေဆုံးကြပြီး ဖြစ်သည်၊ များစွာသောသူတို့သည်လည်း သေဆုံးခဲ့ကာ တစ်ဖန် မွေးဖွားကြပြီး ဖြစ်သည်။ ဘုရားသခင်ကို ရှာဖွေသောသူမှာ တစ်ဦး နှစ်ဦးသာ မဟုတ်သကဲ့သို့၊ တစ်ထောင် နှစ်ထောင်ပင် မဟုတ်ဘဲ၊ ဤလူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ မွန်မြတ်သော မျှော်လင့်ချက်များအတွက် လိုက်စားကြပေသည်။ ခရစ်တော်ကို ဆည်းကပ်သော သူများသည် အခါကျဲ၍ အလာနည်းလေသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည် ၎င်းတို့၏ ကိုယ်ပိုင် ပိုက်ကွန်များတွင် ကျော့မိလျက် သေဆုံးဆဲဖြစ်ကြသကဲ့သို့၊ ထို့အပြင် အောင်မြင်ပြီးသော လူအရေအတွက်မှာ သေးဖွဲ နည်းပါးလှပေသည်။ ယနေ့ထိတိုင် လူများ ရှုံးနိမ့်ရသည့် အကြောင်းရင်းများ သို့မဟုတ် ၎င်းတို့ အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို ၎င်းတို့ မသိရှိကြသေးချေ။ ခရစ်တော်ကို ဖွေရှာခြင်းအား စိတ်စွဲလမ်းကြသော သူများသည် ၎င်းတို့၏ ရုတ်ခြည်း ထိုးထွင်းသိမြင်မှု အခိုက်အတန့်ကို မရရှိကြသေးချေ၊ ၎င်းတို့သည် တကယ်ကို မသိကြသောကြောင့်၊ ဤနက်နဲမှုများ၏ အကြောင်းရင်းမှန်ကို စူးစမ်းဖော်ထုတ်ခြင်း မရှိခဲ့ကြသေးပေ။ ၎င်းတို့သည် ၎င်းတို့၏ အားထုတ်ခြင်းတွင် အပတ်တကုတ် အားထုတ်မှုများ ပြုကြသော်လည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် တစ်ချိန်က ၎င်းတို့၏ အရင်လူများက လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းတို့ မည်မျှ ဖွေရှာသည် ဖြစ်စေ၊ ၎င်းတို့သည် အမှောင်သို့ ဦးတည်သည့် လမ်းကြောင်းကို လျှောက်ကြသည် မဟုတ်လော။ ၎င်းတို့ ရရှိသည်မှာ ခါးသက်သော အသီးအပွင့် ဖြစ်သည် မဟုတ်လော။ အတိတ်အချိန်ကာလများတွင် အောင်မြင်ခဲ့ကြသော သူများကို အတုယူကြသော လူများသည် နောက်ဆုံးတွင် အခွင့်အလမ်းကောင်း ရရှိကြမည်လော သို့မဟုတ် ဘေးဒုက္ခတွေ့ကြမည်လော ဆိုသည်ကို ကြိုတင်ခန့်မှန်းရန် ခက်ခဲသလောက်ဖြစ်ပေသည်။ သို့ဆိုလျှင် ရှုံးနိမ့်ခဲ့သော သူများ၏ ခြေလှမ်းများနောက် လိုက်လျှောက်ခြင်းဖြင့် ရှာဖွေကြသော သူများအတွက် အလားအလာ မည်မျှ ဆိုးရွားသနည်း။ ၎င်းတို့သည် သာ၍ ကြီးမားသည့် ရှုံးနိမ့်မှု အလားအလာ တစ်ခုတွင် ရှိသည် မဟုတ်လော။ ၎င်းတို့ လျှောက်သော လမ်းကြောင်းတွင် မည်သည့် တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အချိန်ကို ဖြုန်းနေခြင်း ဖြစ်သည် မဟုတ်လော။ လူများသည် ၎င်းတို့၏ အားထုတ်ခြင်းတွင် အောင်မြင်သည်ဖြစ်စေ သို့မဟုတ် ရှုံးနိမ့်သည်ဖြစ်စေ၊ တိုတိုပြောရလျှင် ၎င်းတို့ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ခု ရှိပြီး၊ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုကို ၎င်းတို့ သဘောကျ ဖွေရှာခြင်းအားဖြင့် ဆုံးဖြတ်သည် မဟုတ်ပေ။
ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ သူသည် ရိုးသားသော နှလုံးသားရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်အပ်နှံကာ အမှန်တကယ် နာခံသည်ဆိုသည့်အရာ ဖြစ်သည်။ လူသားအတွက် အခက်ခဲဆုံးသောအရာမှာ စစ်မှန်သော ယုံကြည်မှုအတွက် အလဲအလှယ်ပြုရာတွင် သူ၏အသက်တာ တစ်ခုလုံးကို ပေးရန် ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်ပေသည်။ ဤသည်မှာ ရှုံးနိမ့်သောသူတို့ ကြိုးပမ်းမရရှိနိုင်သည့် အရာ ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော သူများက သာ၍ပင် ကြိုးပမ်းမရရှိနိုင်ပေ။ လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်းတွင် အရည်အချင်း မရှိသောကြောင့်၊ လူသည် ဖန်ဆင်းရှင်အဖို့ သူ၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားခြင်း မရှိသောကြောင့်၊ လူသည် သမ္မာတရားကို မြင်တွေ့ပြီးဖြစ်သော်လည်း၊ ယင်းကို ရှောင်ဖယ်ကာ မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းသောကြောင့်၊ လူသည် ရှုံးနိမ့်ပြီး ဖြစ်သော သူတို့၏ လမ်းကြောင်းနောက်လိုက်ခြင်းဖြင့် အမြဲ ဖွေရှာသောကြောင့်၊ လူသည် ကောင်းကင်ဘုံကို အမြဲ ဖီဆန်သောကြောင့်၊ ဤအကြောင်းကြောင့် လူသည် အမြဲ ကျရှုံး၏၊ စာတန်၏ လှည့်ကွက်အားဖြင့် အမြဲ အယုံသွင်းခံရကာ မိမိ၏ ကိုယ်ပိုင် ကွန်တွင် အမိခံရပေသည်။ လူသည် ခရစ်တော်ကို မသိသောကြောင့်၊ လူသည် သမ္မာတရားကို နားလည်ခြင်းနှင့် တွေ့ကြုံခြင်း၌ မကျွမ်းကျင်သောကြောင့်၊ လူသည် ပေါလုအား အလွန် ကြည်ညိုလေးစားပြီး ကောင်းကင်ဘုံအား အလွန် တပ်မက်သောကြောင့်၊ လူသည် သူ့အား နာခံရန် ခရစ်တော်ကို အမြဲတောင်းဆိုပြီး ဘုရားသခင်ကို ဩဇာပေးနေသောကြောင့်၊ ဤအကြောင်းကြောင့် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်များနှင့် လောက၏ သုခ၊ ဒုက္ခသံသရာကို ကြုံတွေ့ပြီးဖြစ်သည့် သူများသည် သေမျိုးဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု အလယ်တွင် သေဆုံးကြဆဲ ဖြစ်ပေသည်။ ထိုသို့သော လူများနှင့်ပတ်သက်၍ ငါပြောနိုင်သမျှအားလုံးမှာ ၎င်းတို့သည် ဝမ်းနည်းစရာ သေခြင်းဖြင့် သေဆုံးကြရပြီး၊ ၎င်းတို့အတွက် အကျိုးဆက်မှာ ၎င်းတို့၏ သေခြင်းသည် တရားမမျှတမှု မရှိပေ။ ၎င်းတို့၏ ရှုံးနိမ့်မှုသည် ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သာ၍ပင် သည်းမခံနိုင်စရာ ဖြစ်သည် မဟုတ်လော။ သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။ သို့သော် ခရစ်တော်သည် သမ္မာတရားကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရားကို လိုက်စားခြင်း၌ အောင်မြင်မည်၊ မအောင်မြင်မည်ကို ဆုံးဖြတ်ရန် သူ ကြွလာခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လူ၏ လိုက်စားခြင်းကြောင့်သာ ဖြစ်သည်မှာ ယုတ္တိရှိပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လုံးဝ ခရစ်တော်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဖူးဘဲ၊ ထိုအစား သူ၏ လိုက်စားခြင်းအားဖြင့်သာ သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်အတွက် အရေးကိစ္စမဟုတ်ဘဲ၊ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများ ဆောင်ရွက်သင့်သည့် တာဝန်နှင့် တိုက်ရိုက် ဆက်နွှယ်သောကြောင့်၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ခေါင်းခံစေဖို့ရန်အလို့ငှာ၊ လူ၏ ခရီးပန်းတိုင်နှင့် သူ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတို့ကို ဘုရားသခင်၏ ခေါင်းအပေါ်တွင် ပုံချထား၍ မရပေ။ လူအများစုသည် ပေါလုနှင့် ပေတရုတို့၏ လိုက်စားခြင်းနှင့် ခရီးပန်းတိုင်နှင့် ပတ်သက်၍ အသိပညာ အနည်းငယ် ရှိကြ၏၊ သို့သော်လည်း ပေတရုနှင့် ပေါလုတို့၏ ရလဒ်များထက် ပို၍ မည်သည့်အရာကိုမျှ မသိကြသကဲ့သို့၊ ပေတရု၏ အောင်မြင်မှု နောက်ကွယ်က လျှို့ဝှက်ချက် သို့မဟုတ် ပေါလု၏ ကျရှုံးမှုသို့ ဦးတည်စေသည့် ချို့တဲ့ခြင်းများနှင့် ပတ်သက်၍ မသိနားမလည်ကြချေ။ ထို့ကြောင့် သင်တို့သည် ၎င်းတို့၏ လိုက်စားခြင်းနှင့်ဆိုင်သော အနှစ်သာရကို လုံးဝ ရိပ်စားမိနိုင်စွမ်း မရှိပါက၊ သင်တို့အများစု၏ လိုက်စားခြင်းသည် ရှုံးနိမ့်လိမ့်ဦးမည် ဖြစ်ပြီး၊ သင်တို့ထဲမှ အရေအတွက် အနည်းငယ် အောင်မြင်မည်ဆိုလျှင်ပင်၊ ၎င်းတို့သည် ပေတရုနှင့် တန်းတူ ဖြစ်လိမ့်ဦးမည် မဟုတ်ပေ။ သင်၏ လိုက်စားခြင်း လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ သင့်တွင် အောင်မြင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိ၏။ သမ္မာတရားအား လိုက်စားခြင်းတွင် သင်နင်းလျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ သင်သည် အစဉ်အမြဲ အောင်မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ပေါလုကဲ့သို့ တူညီသော အဆုံးသတ်ကို ကြုံရလိမ့်မည် ဖြစ်သည်။
ပေတရုသည် စုံလင်စေခြင်းခံခဲ့ရသည့် လူတစ်ဦး ဖြစ်ခဲ့သည်။ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီးသည့်နောက်၊ ထိုသို့ဖြင့် ဘုရားသခင်ကို ဖြူစင်သော ချစ်ခြင်းမေတ္တာတစ်ခု ရရှိပြီးသည့်နောက်မှသာ၊ သူသည် အပြည့်အဝ စုံလင်စေခြင်း ခံခဲ့ရသည်။ သူ လျှောက်လှမ်းသည့် လမ်းကြောင်းသည် စုံလင်စေခြင်း ခံခဲ့ရသည်။ ယင်းမှာ အစအဦးကတည်းက ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်းအတွက် သူ၏ ကြံရွယ်ချက်သည် မှန်ကန်သော ကြံရွယ်ချက် ဖြစ်ခဲ့ပြီး၊ ထို့ကြောင့် သူသည် စုံလင်စေခြင်းကို ခံခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပြီး၊ ယခင်က လူသား လုံးဝ မလျှောက်လှမ်းခဲ့ဖူးသည့် လမ်းကြောင်းသစ်တစ်ခုကို သူ နင်းလျှောက်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော် အစကတည်းက ပေါလု လျှောက်ခဲ့ပြီးသော လမ်းကြောင်းသည် ခရစ်တော်ကို ဆန့်ကျင်ခြင်း လမ်းကြောင်း ဖြစ်ခဲ့ပြီး၊ သူသည် ခရစ်တော်အတွက် ဆယ်စုနှစ် အချို့ကြာ အလုပ်လုပ်ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသုံးပြုရန် နှင့် သူ၏ အလုပ်အတွက် ပေါလု၏ ဆုကျေးဇူးများနှင့် ၎င်း၏ ထူးချွန်မှုများ အားလုံးကို ကောင်းစွာအသုံးချဖို့ ဆန္ဒရှိခဲ့သောကြောင့်သာ ဖြစ်ပေသည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏အသုံးပြုခြင်းခံခဲ့ရသော တစ်စုံတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ယေရှုက သူ၏ လူ့သဘာဝအပေါ် အကောင်းမြင်ခဲ့သောကြောင့် သူသည် အသုံးပြုခံခဲ့ရခြင်း မဟုတ်ဘဲ၊ သူ၏ ဆုကျေးဇူးများကြောင့်သာ ဖြစ်သည်။ ယေရှုအတွက် အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် အောက်သို့ လှဲခြင်းခံခဲ့ရခြင်းကြောင့် ဖြစ်ပြီး၊ ထိုသို့လုပ်ရသည်ကို သူ ပျော်သောကြောင့် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကြောင့် ထိုသို့သော အလုပ်ကို သူ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ သူလုပ်ခဲ့သော အလုပ်သည် မည်သို့နှင့်မျှ သူ၏ လိုက်စားခြင်း သို့မဟုတ် သူ၏ လူ့သဘာဝကို လုံးဝ ကိုယ်စားမပြုခဲ့ပေ။ ပေါလု၏ အလုပ်သည် အစေခံ တစ်ယောက်၏ အလုပ်ကို ကိုယ်စားပြုသည်၊ ယင်းမှာ သူသည် တမန်တော်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော် ပေတရုက ကွဲပြားခြားနား၏။ သူသည်လည်း အလုပ်တချို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းသည် ပေါလု၏ အလုပ်လောက် မကြီးမားခဲ့သော်လည်း၊ သူသည် မိမိ၏ကိုယ်ပိုင် ဝင်ရောက်ခြင်းအား လိုက်စားနေစဉ်တွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ သူ၏ အလုပ်သည် ပေါလု၏ အလုပ်နှင့် ကွဲပြားခြားနားလေသည်။ ပေတရု၏ အလုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ခဲ့သည်။ သူသည် တမန်တော်တစ်ဦး၏ အခန်းကဏ္ဍဖြင့် အလုပ်မလုပ်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ခြင်းအား အားထုတ်နေစဉ်တွင် အလုပ်လုပ်ခဲ့သည်။ ပေါလု၏ အလုပ် ဆောင်ရွက်ပုံ နည်းလမ်းသည်လည်း သူ၏ကိုယ်ရေးကိုယ်တာ လိုက်စားခြင်း ပါရှိခဲ့သည်။ သူ၏ လိုက်စားခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုအတွက် သူ၏ ဆန္ဒတို့ထက် ဘာမျှမပိုခဲ့ပေ။ သူသည် သူ၏ အလုပ်အတွင်းတွင် စစ်ဆေးခြင်းကို လက်မခံခဲ့သကဲ့သို့၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုလည်း လက်မခံခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေးပြီး သူလုပ်သည့် အရာအားလုံးသည် ဘုရားသခင်အဖို့ နှစ်လိုဖွယ် ဖြစ်သရွေ့၊ နောက်ဆုံးတွင် ဆုလာဘ်က သူ့ကို စောင့်ကြိုမည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်တွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ။ ယင်းမှာ အားလုံးမှာ အလုပ် အတွက်သက်သက်သာ ဖြစ်ပြီး၊ ပြောင်းလဲခြင်းအား အားထုတ်ခြင်းအလယ်တွင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲရှိ အရာရာတိုင်းသည် အပေးအယူတစ်ခု ဖြစ်သည်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန် သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်ခုမျှ မပါဝင်ပေ။ သူ၏ အလုပ်ဖြစ်စဉ်အတွင်းတွင်၊ ပေါလု၏ ဟောင်းသော စိတ်သဘောထားထဲတွင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေခံခြင်းမျှ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲ ပြောင်းလဲမှုများ ဆောင်ကြဉ်းနိုင်စွမ်း မရှိခဲ့ချေ။ ပေါလုသည် စုံလင်စေခြင်း မခံရဘဲ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းမခံရဘဲ သူ၏ အလုပ်ကို တိုက်ရိုက် ဆောင်ရွက်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ပေတရုမှာ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံခဲ့ရသူ တစ်ယောက်ဖြစ်ပြီး၊ စစ်ဆေးခြင်းကို ကြုံပြီးခဲ့သူ ဖြစ်သည်။ ပေတရုအလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်သည် ပေါလု အလုပ်၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်တို့နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် ကြီးမားသည့် အလုပ်ပမာဏကို မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲမှုများစွာ ကြုံခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာ သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှု ဖြစ်သည်။ သူ၏ အလုပ်ကို အလုပ်အတွက် သက်သက် ဆောင်ရွက်ခဲ့သည် မဟုတ်ပေ။ ပေါလုသည် များစွာသော အလုပ်ကို လုပ်ခဲ့သော်ငြားလည်း၊ ထိုအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်ခဲ့ပြီး၊ ပေါလုသည် ဤအလုပ်ဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သော်လည်း၊ ယင်းကို မတွေ့ကြုံခဲ့ရပေ။ ပေတရုသည် များစွာ သာ၍နည်းပါးသော အလုပ်ကို လုပ်ခဲ့ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူမှတစ်ဆင့် များစွာသော အလုပ်ကို မလုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ၎င်းတို့အလုပ်၏ ပမာဏသည် ၎င်းတို့မှာ စုံလင်စေခြင်း ခံခဲ့ရသည်၊ မခံခဲ့ရသည်ကို အဆုံးအဖြတ်မပေးပေ။ တစ်ယောက်သောသူ၏ လိုက်စားခြင်းသည် ဆုလာဘ်များ ရရှိရန်အလို့ငှာ ဖြစ်ပြီး၊ အခြား တစ်ယောက်၏ လိုက်စားခြင်းမှာ အဆုံးစွန် ဘုရားသခင်ကို ချစ်ခြင်းကို ရရှိရန်နှင့်၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေးရန်အလို့ငှာ ချစ်ခင်နှစ်သက်ဖွယ် ပုံရိပ်တစ်ခုကို နေထိုင်သွားနိုင်မည့် အတိုင်းအတာအထိ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ အပြင်ပန်းအရ ၎င်းတို့သည် ကွဲပြားခြားနားကြပြီး၊ ၎င်းတို့၏ အနှစ်သာရများသည်လည်း ကွဲပြားခြားနားကြသည်။ ၎င်းတို့ အလုပ်ပမာဏ မည်မျှ လုပ်ဆောင်ခဲ့သည်ကို အခြေခံ၍ ၎င်းတို့ထဲမှ မည်သူ စုံလင်စေခြင်း ခံခဲ့ရသည်ကို သင် ဆုံးဖြတ်၍မရပေ။ ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်ကို နာခံသော သူတစ်ဦးဖြစ်ရန်၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံသောသူတစ်ဦး ဖြစ်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့သူတစ်ဦး ဖြစ်ရန် ကြိုးစားခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်နိုင်ခဲ့သည်၊ မိမိကိုယ်တိုင်၏ အလုံးစုံကို ဘုရားသခင်၏ လက်ထဲထားရှိနိုင်ခဲ့ပြီး၊ ဘုရားသခင်ကို သေသည်အထိ နာခံနိုင်ခဲ့သည်။ ယင်းမှာ သူ လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်အရာဖြစ်ပြီး၊ ထို့အပြင် သူ စွမ်းဆောင် ရရှိခဲ့သည့်အရာ ဖြစ်သည်။ ဤသည်မှာ သူ၏ အဆုံးသတ်သည် နောက်ဆုံးတွင် ပေါလု၏အဆုံးသတ်နှင့် ကွဲပြားခြားနားရသည့် အခြေခံ အကြောင်းရင်း ဖြစ်သည်။ ပေတရုထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အမှုသည် သူ့ကို စုံလင်စေရန် ဖြစ်ပြီး၊ ပေါလုထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သောအမှုသည် သူ့ကို အသုံးပြုရန် ဖြစ်သည်။ ယင်းမှာ လိုက်စားခြင်းအပေါ် ၎င်းတို့၏ သဘာဝများနှင့် ၎င်းတို့၏ အမြင်များသည် မတူညီသောကြောင့် ဖြစ်သည်။ နှစ်ဦးလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိကြသည်။ ပေတရုသည် ဤအလုပ်ကို မိမိကိုယ်ကိုယ်အဖို့ အသုံးချပြီး၊ အခြားသူများ ထံလည်း ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ပေါလုမှာမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း အလုံးစုံကို အခြားသူများထံသာ ထောက်ပံ့ပေးခဲ့ပြီး၊ မိမိကိုယ်ကိုယ်အဖို့ ယင်းမှ မည်သည့်အရာကိုမျှ မရရှိခဲ့ပေ။ ဤသို့ဖြင့် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးသည့်နောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် တကယ်မရှိသလောက် ဖြစ်သည်။ သူသည် သူ၏ သဘာဝ အခြေအနေတွင် ကျန်ရစ်ဆဲ ဖြစ်ပြီး၊ ယခင်က ပေါလု ဖြစ်နေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းနှင့်ဆိုင်သော အခက်အခဲကို ကြံ့ကြံ့ခံပြီးနောက်တွင်သာ၊ သူသည် မည်သို့ အလုပ်လုပ်ရမည်ကို သင်ယူခဲ့ပြီးဖြစ်သကဲ့သို့၊ ခံနိုင်ရည်ကိုလည်း သင်ယူခဲ့ပြီးဖြစ်သော်လည်း၊ သူ၏ သဘာဝဟောင်းသည် သူ၏ အလွန် နိုင်လိုစိတ်ပြင်းကာ ကြေးစား သဘာဝသည် ကျန်ရှိနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်၊ သူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ သူ၏ ဟောင်းသော စိတ်သဘောထားမှလည်း မိမိကိုယ်ကိုယ် မဖယ်ရှားခဲ့ပေ၊ ပြီးလျှင် ယင်းကို သူ၏ အလုပ်တွင် သိသာထင်ရှားစွာ မြင်၍ရနိုင်ဆဲဖြစ်ခဲ့သည်။ သူ၏အထဲတွင် သာ၍များသော အလုပ်အတွေ့အကြုံမျှသာ ရှိခဲ့သော်လည်း၊ ထိုသို့သော သေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့ကို ပြောင်းလဲပေးနိုင်စွမ်း မရှိသကဲ့သို့၊ ဖြစ်တည်မှုနှင့်ပတ်သက်သည့် သူ၏ အမြင်များ သို့မဟုတ် သူ၏ လိုက်စားခြင်းနှင့်ဆိုင်သော အရေးပါမှုတို့ကို မပြောင်းလဲနိုင်ခဲ့ပေ။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး၊ သခင်ယေရှုကို မည်သည့်အခါတွင်မျှ တစ်ဖန် နှိပ်စက်ညှဉ်းပန်းခြင်း မပြုခဲ့သော်လည်း၊ သူ၏ နှလုံးသားရှိ ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏ အသိပညာတွင် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူသည် ဘုရားသခင်အဖို့ မိမိကိုယ်ကိုယ် ဆက်ကပ်ရန်အလို့ငှာ အလုပ်လုပ်ခဲ့သည် မဟုတ်ဘဲ၊ ယင်းထက် သူ၏ အနာဂတ် ခရီးပန်းတိုင်အတွက် အတင်းအကျပ် မဖြစ်မနေ လုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်ကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး၊ ခရစ်တော်ကို ကျိုးနွံနာခံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုအားဖြင့် ခရစ်တော်အား တမင်တကာ ညှဉ်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိခဲ့သူ တစ်ဦးဖြစ်သည်။ သူ့အလုပ် အဆုံးသတ်ခါနီးတွင်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိခဲ့သေးသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဉ်းမျှ အရေးမထားဘဲ၊ သူ၏ ပင်ကိုစရိုက်နှင့်အညီ မိမိ ဆန္ဒအလျောက် ပြုမူရုံမျှ ပြုမူခဲ့သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်ကို မလိုမုန်းထားစိတ်ရှိခဲ့ပြီး၊ သမ္မာတရားကို မနာခံခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က စွန့်ပယ်ခြင်း ခံခဲ့ရပြီးသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူနှင့် ခရစ်တော်ကို ဆန့်ကျင်သူဖြစ်သည့် ထိုသို့သော လူတစ်ဦးသည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ လူသည် ကယ်တင်ခံရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူ အလုပ်မည်မျှ လုပ်ဆောင်သည်၊ သို့မဟုတ် သူ မည်မျှ ဆက်ကပ်သည် ဆိုသည်တို့အပေါ် မမူတည်ဘဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိခြင်း ရှိ မရှိ သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့်၊ လိုက်စားခြင်းအပေါ် သူ၏ အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိ စသည်တို့အားဖြင့် သတ်မှတ်ပေသည်။
ပေတရုသည် ယေရှုနောက် စတင်လိုက်သည့် နောက်တွင် သဘာဝအလျောက် ထုတ်ဖော်ပြခြင်းများ အမှန်တကယ် ဖြစ်ပွားခဲ့သော်လည်း၊ သဘာဝအရ သူသည်၊ အစအဦးကတည်းက သန့်ရှင်းသော ဝိညာဉ်တော်ကို ကျိုးနွံနာခံရန်နှင့် ခရစ်တော်ကို ဖွေရှာရန် လိုလားနေခဲ့သည့် သူတစ်ယောက်ဖြစ်ပေသည်။ သူ၏ သန့်ရှင်းသော ဝိညာဉ်တော်အား နာခံခြင်းသည် စင်ကြယ်ခဲ့သည်။ သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းတို့ကို မဖွေရှာခဲ့ဘဲ၊ ထိုအစား သမ္မာတရားအား နာခံခြင်းအားဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ပေတရုသည် ခရစ်တော်ကို သိကျွမ်းခြင်းအား ငြင်းပယ်ခဲ့သည့်အချိန် သုံးကြိမ် ရှိခဲ့သော်လည်း၊ ပြီးလျှင် သူသည် သခင်ယေရှုအား အစုံအစမ်းပြုခဲ့ သော်ငြားလည်း၊ ထိုသို့သော လူသား၏ အနည်းငယ်သော အားနည်းမှုသည် သူ၏ သဘာဝနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိခဲ့ပေ၊ ယင်းသည် သူ၏ အနာဂတ် လိုက်စားခြင်းကို အကျိုးသက်ရောက်မှု မရှိခဲ့သကဲ့သို့၊ ယင်းက သူ၏ သွေးဆောင်မှုမှာ အန္တိခရစ်တစ်ဦး၏ လုပ်ရပ်ဖြစ်သည်ဟု လုံလောက်စွာ သက်သေမပြနိုင်ပေ။ ပုံမှန်လူသား အားနည်းချက်သည် လောကရှိ လူအားလုံး ပိုင်ဆိုင်ကြရသည့်အရာတစ်ခု ဖြစ်သည်- ပေတရုသည် ကွဲပြားခြားနားမှု တစ်ခုတလေ ရှိမည်ဟု သင် မျှော်လင့်သလော။ ပေတရုသည် မိုက်မဲသော အမှားတစ်ချို့ လုပ်ခဲ့သောကြောင့် လူများသည် သူနှင့်ပတ်သက်သည့် အချို့သော အမြင်များ ကိုင်စွဲထားကြသည် မဟုတ်လော။ ပြီးလျှင် လူများသည် ပေါလုအား သူလုပ်ဆောင်ခဲ့သော အလုပ်အားလုံးနှင့် သူရေးသားခဲ့သော သြဝါဒစာစောင်များ အားလုံးကြောင့် သူ့ကို အလွန် ရိုသေလေးမြတ်ကြသည် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ရိပ်စားမိနိုင်စွမ်း ရှိနိုင်မည်နည်း။ အသိစိတ် အမှန်တကယ်ရှိသော သူများသည် ထိုသို့သော မသိသာသည့် အရာကို ဧကန်မုချ မြင်နိုင်ကြပါသလော။ ပေတရု၏ နာကျင်မှုများနှင့် ပြည့်နေသည့် အတွေ့အကြုံ နှစ်ပေါင်းများစွာကို သမ္မာ ကျမ်းစာထဲတွင် မှတ်တမ်း မတင်ထားသော်လည်း၊ ဤအရာက ပေတရုသည် စစ်မှန်သော အတွေ့အကြုံများ မရှိခဲ့၊ သို့မဟုတ် ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရဟု သက်သေမပြပေ။ ဘုရားသခင်၏ အမှုကို လူသားက မည်သို့ ပြည့်ဝစွာ နားလည်နိုင်မည်နည်း။ သမ္မာကျမ်းစာထဲရှိ မှတ်တမ်းများသည် ယေရှုက ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ၊ နောက်ပိုင်း မျိုးဆက်များက စုဆောင်းပြုစု ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လျက် သမ္မာကျမ်းစာထဲရှိ မှတ်တမ်းတင်ထားသည့် အရာများအားလုံးသည် လူ၏ စိတ်ကူးများအတိုင်း ရွေးချယ်ထားခြင်း ဖြစ်သည် မဟုတ်လော။ ထို့အပြင် ပေတရုနှင့် ပေါလု၏ အဆုံးသတ်များကို သြဝါဒစာများထဲတွင် အတိအကျ မဖော်ပြထားချေ၊ ထို့ကြောင့် လူသည် ပေတရုနှင့် ပေါလုကို သူ၏ ကိုယ်ပိုင် သိမြင်နားလည်ခြင်းများအတိုင်း၊ သူ၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း အကဲဖြတ်လေသည်။ ပေါလုသည် အလုပ်များစွာကို လုပ်ဆောင်ခဲ့သောကြောင့်၊ သူ၏ “ပံ့ပိုးမှုများ” သည် အလွန် ကြီးမားခဲ့သောကြောင့်၊ သူသည် လူထု၏ ယုံကြည်ခြင်းကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ လူသည် အပေါ်ယံများအပေါ်သာ အာရုံစိုက်သည် မဟုတ်လော။ လူသည် လူ၏ အနှစ်သာရကို အဘယ်သို့ ရိပ်စားမိနိုင်စွမ်း ရှိနိုင်မည်နည်း။ ဖော်ပြရန်မလိုသည်မှာ၊ ပေါလုသည် နှစ်ထောင်ပေါင်းများကြာ ဝတ်ပြုကိုးကွယ်ခြင်း ခံရသူတစ်ဦးဖြစ်ပြီးသည်ကို ထောက်ဆလျှင်၊ မည်သူသည် သူ၏ အလုပ်အား မဆင်မခြင် ငြင်းပယ်ဝံ့မည်နည်း။ ပေတရုသည် တံငါသည်တစ်ဦးမျှသာ ဖြစ်ခဲ့သည်၊ ထို့ကြောင့် သူ၏ ပံ့ပိုးပါဝင်မှုသည် အဘယ်သို့ ပေါလုလောက် ကြီးမြတ်နိုင်ခဲ့မည်နည်း။ ၎င်းတို့ ပြုလုပ်ခဲ့ကြသည့် ပံ့ပိုးမှုများအရ၊ ပေါလုသည် ပေတရုထက်အလျင် ဆုချခံရသင့်ပြီး၊ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် သာ၍ အရည်အချင်းပြည့်မီသော သူတစ်ယောက် ဖြစ်ခဲ့သင့်ပေသည်။ သူ၏ ပေါလုအား ဆက်ဆံခြင်းတွင်၊ ဘုရားသခင်သည် သူ့ကို သူ၏ ဆုကျေးဇူးများမှ တစ်ဆင့်သာ အလုပ်လုပ်စေခဲ့ပြီး၊ ပေတရုကိုမူ ဘုရားသခင်က စုံလင်စေခဲ့မည်ဟု မည်သူ စိတ်ကူးမိနိုင်ခဲ့မည်နည်း။ သခင်ယေရှုသည် ပေတရုနှင့် ပေါလုတို့အတွက် အစကတည်းက အစီအစဉ်များ ချမှတ်ခဲ့ခြင်း လုံးဝမဟုတ်ပေ၊ ယင်းထက် ၎င်းတို့သည် ၎င်းတို့၏ ပင်ကို သဘာဝများအရ စုံလင်စေခြင်း ခံခဲ့ရသည် သို့မဟုတ် အလုပ်လုပ်စေခြင်း ခံခဲ့ရပေသည်။ ထို့ကြောင့် လူတို့မြင်သည့်အရာမှာ လူ၏ အပြင်ပန်း ပံ့ပိုးမှုများသာ ဖြစ်သော်လည်း၊ ဘုရားသခင် မြင်သည့်အရာမှာမူ လူ၏ အနှစ်သာရအပြင်၊ အစမှ လူက လိုက်စားသည့် လမ်းကြောင်းနှင့် လူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက် ဖြစ်သည်။ လူတို့သည် လူတစ်ဦးကို ၎င်းတို့၏ အယူအဆများအရနှင့် ၎င်းတို့၏ ကိုယ်ပိုင် သိမြင်နားလည်မှုများအရ အကဲဖြတ်သည်၊ သို့သော် လူတစ်ဦး၏ နောက်ဆုံး အဆုံးသတ်ကို သူ၏ အပြင်ပန်းအရာများအရ ဆုံးဖြတ်သည် မဟုတ်ပေ။ ထို့ကြောင့် အစကတည်းက သင်လျှောက်သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်း ဖြစ်ပြီး၊ လိုက်စားခြင်းအပေါ် သင်၏ အမြင်ရှုထောင့်သည် အစကတည်းက မှန်ကန်သော အမြင်ရှုထောင့်တစ်ခု ဖြစ်ခဲ့ပါက၊ သင်သည် ပေတရုကဲ့သို့ ဖြစ်သည်ဟု ငါပြော၏။ အကယ်၍ သင် နင်းလျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်းဖြစ်ပါက၊ သင်သည် မည်သည့် အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ သင်၏ အဆုံးသတ်သည် ပေါလု၏ အဆုံးသတ်နှင့် တူညီလိမ့်ဦးမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ သင်၏ ခရီးပန်းတိုင်နှင့် သင် အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်း ရှိ မရှိဆိုသည်တို့ နှစ်ခုလုံးသည် သင်၏ ဆက်ကပ်ခြင်း သို့မဟုတ် သင်ပေးဆပ်သော အဖိုးအခထက် သင်ဖွေရှာသည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းတစ်ခု ဟုတ် မဟုတ်ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ ပေတရုနှင့် ပေါလု၏ အနှစ်သာရများနှင့် ၎င်းတို့ လိုက်စားကြသည့် ပန်းတိုင်များသည် ကွဲပြားခြားနားခဲ့၏။ လူသည် ဤအရာများကို ဖွေရှာသိရှိနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကသာ ထိုအရာများကို အလုံးစုံ သိရှိနိုင်ပေသည်။ အကြောင်းမှာ ဘုရားသခင် မြင်သည့်အရာသည် လူ၏ အနှစ်သာရ ဖြစ်ပြီး၊ လူကမူ မိမိ၏ အနှစ်သာရနှင့် သက်ဆိုင်၍ မည်သည့်အရာကိုမျှ မသိရှိသောကြောင့် ဖြစ်သည်။ လူသည် လူ၏အတွင်းရှိ အနှစ်သာရ သို့မဟုတ် သူ၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ရှုမြင်နိုင်စွမ်း မရှိသကဲ့သို့၊ ထိုသို့ဖြင့် ပေါလုနှင့် ပေတရုတို့၏ ရှုံးနိမ့်မှုနှင့် အောင်မြင်မှု၏ အကြောင်းရင်းကို ခွဲခြားနိုင်စွမ်း မရှိပေ။ လူအများစုသည် ပေတရုကို မဟုတ်ဘဲ ပေါလုကို ကြည်ညိုလေးစားရသည့် အကြောင်းရင်းမှာ ပေါလုသည် အများပြည်သူ အလုပ်အတွက် အသုံးပြုခံခဲ့ရကာ၊ လူသည် ဤအလုပ်ကို သိမြင်နားလည်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် လူများသည် ပေါလု၏ “ပြီးမြောက်အောင်မြင်ခြင်းများ” ကို အသိအမှတ် ပြုကြခြင်း ဖြစ်သည်။ သို့သော်လည်း ပေတရု၏ အတွေ့အကြုံများမှာ လူသားအဖို့ မြင်၍မရနိုင်သကဲ့သို့၊ သူရှာဖွေခဲ့သည့်အရာကို လူသားက ကြိုးပမ်းမရရှိနိုင်ပေ၊ ထို့ကြောင့် လူသည် ပေတရုကို စိတ်ဝင်စားခြင်း မရှိချေ။
ပေတရုသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေခြင်း ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရမည်။ ငါပြုသော အရာအားလုံး၌ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့သာ ငါ ရှာဖွေပြီး၊ ငါသည် ပြစ်တင်ဆုံးမခံရသည် ဖြစ်စေ၊ တရားစီရင်ခြင်း ခံရသည်ဖြစ်စေ၊ ထိုသို့ လုပ်ဆောင်ရန် ငါပျော်ရွှင်ဆဲ ဖြစ်သည်။” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားများနှင့် အသက်တာတစ်ခုလုံးသည် ဘုရားသခင်အား ချစ်ခြင်းအတွက်သာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူတစ်ဦး ဖြစ်ခဲ့ပြီး၊ သူ သာ၍ တွေ့ကြုံခဲ့ရလေလေ၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးမားလေလေ ဖြစ်သည်။ သို့သော်လည်း ပေါလုမှာ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ပြီး၊ သူသည်လည်း ကြိုးစားလုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုများမှာ သူ၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက်ဖြစ်ခဲ့ပြီး၊ ထိုသို့ဖြင့် ဆုလာဘ်ရယူရန်အတွက် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိမည် မဟုတ်သည်ကို သိခဲ့ပါက၊ သူသည် သူ၏ အလုပ်ကို လက်လျှော့မိပြီး ဖြစ်ပေမည်။ ပေတရု အလေးထားခဲ့သော အရာမှာ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပြီး၊ ယင်းသည် လက်တွေ့ကျကာ စွမ်းဆောင်ရရှိ၍ ရနိုင်ပေသည်။ သူသည် ဆုလာဘ် ရရှိမည်၊ မရရှိမည်ကို အရေးမစိုက်ခဲ့ဘဲ၊ သူ၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိ မရှိကို အရေးစိုက်ခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ခြင်းကို အရေးစိုက်ခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်း၊ ပြီးလျှင် ပုံမှန်လူများက မတွေ့ကြုံသည့် အယူဝါဒများကို အရေးစိုက်ခဲ့သည်။ သူ၏အတွင်းနက်နက်ရှိ ပြောင်းလဲမှုများကို သူ အရေးမစိုက်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းကိုလည်း အရေးမစိုက်ခဲ့ပေ။ ပေတရု၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော အသိပညာတို့ကို စွမ်းဆောင်ရရှိရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်နေထိုင်ခြင်း ရှိရန်အလို့ငှာ ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုက သူ့ကို ပေးအပ်ခဲ့သည့်အရာကြောင့် ဖြစ်ခဲ့ပြီး၊ သူတောင့်တသော အရာများကို ရရှိရန်အလို့ငှာ ဖြစ်ခဲ့သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်နှင့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ရုန်းထွက်လွတ်မြောက်ရန်အတွက် လုံးဝဥဿုံ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ ဖြူစင်သော ချစ်ခြင်းဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာ ဓမ္မသရဖူ ဖြစ်ခဲ့သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့သည့်အပြင်၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာ ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းသည် ဖြူစင်ခဲ့ပေသည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်းသည် ယေရှု၊ အသက်နှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့ပြီးဖြစ်သကဲ့သို့၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်း ဖြစ်သည်၊ ယင်းသည် အလိုအလျောက် ဖြစ်သော ချစ်ခြင်း ဖြစ်ကာ သူသည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းခဲ့သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကိုမျှ မမျှော်လင့်ခဲ့ပေ။ ပေါလုသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့သကဲ့သို့၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည်လည်း သနားစရာကောင်းလောက်အောင် သေးနုပ်ခဲ့သည်။ သူသည် ခရစ်တော်ကို ချစ်ခြင်း တကယ်ကို မရှိခဲ့သကဲ့သို့၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော လမ်းကြောင်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူ ဖြစ်ပြီး၊ အစင်ကြယ်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့ဘဲ၊ မတုန်မလှုပ်ဖြစ်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် သိမ်းပိုက်ခံရခြင်းနောက်တွင် သူ၏ လိုက်စားမှု မဖြစ်မနေလုပ်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်စားခြင်းက သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ခဲ့သူမှာ ပေတရု ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးမှုတစ်ခု ပြုသူ အားလုံးသည် ဆုလာဘ် ရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးမှု သာ၍ ကြီးမားလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်မှာ မှန်သည်ဟု မှတ်ယူလေလေ ဖြစ်သည်။ လူ့ အမြင်ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်ပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် သူ မကြိုးစားပေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား ပြီးပြည့်စုံသော နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းဟုလည်း ဆိုလိုသကဲ့သို့၊ ဘုရားသခင်၏ လက်ခံမှုကို ပို၍ ရရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ခရီးပန်းတိုင်များကို ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်အရ တိုင်းတာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးမှု အတိုင်းအတာအရ မဟုတ်ပေ။ ၎င်းတို့၏ ခရီးပန်းတိုင်များသည် အစကတည်းမှ ၎င်းတို့ ကြိုးစားခဲ့ကြသည့် အရာအတိုင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များအတိုင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းအား ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ ဟောင်းသော စိတ်သဘောထား၌ ပြောင်းလဲမှုများကို ရှာဖွေခြင်းနှင့် ဘုရားသခင်အတွက် ဖြူစင်သော ချစ်ခြင်းအား ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး၊ အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်စားခြင်းသည် ကိုယ်ရေးကိုယ်တာ လွန်ကဲသော တောင်းဆိုမှုများနှင့် ယုတ္တိမတန်သော တောင့်တခြင်းများဖြင့် စွန်းထင်းပါက၊ စွမ်းဆောင်ရရှိသည့် အကျိုးတရားသည် လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်ရရှိခြင်း အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤအရာက ဤကဲ့သို့သော လိုက်စားခြင်းမျိုးကို ဘုရားသခင်က လက်မခံသည်ကို သက်သေပြပေသည်။ ဘုရားသခင်က လက်မခံသည့် လိုက်စားခြင်းတစ်ခုသည် မည်သည့် အရေးပါမှု ရှိပါသနည်း။
ပေါလု လုပ်ဆောင်ခဲ့သည့် အလုပ်ကို လူ၏ရှေ့တွင် ထုတ်ဖော်ပြသခံခဲ့ရသော်လည်း၊ သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်ခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား သူမည်မျှ ချစ်ခဲ့သည် ဤအရာတို့ကို လူသားက မမြင်နိုင်ပေ။ လူသည် သူ လုပ်ဆောင်ခဲ့သော အလုပ်ကိုသာ ရှုမြင်နိုင်ပြီး၊ ယင်းမှ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဧကန်မုချ အသုံးပြုခြင်း ခံခဲ့ရသည်ကို လူသားက သိလေသည်၊ ထို့ကြောင့် ပေါလုသည် ပေတရုထက် သာလွန်သည်၊ သူသည် အသင်းတော်များကို ထောက်ပံ့ပေးနိုင် ခဲ့သည့်အတွက် သူ၏ အလုပ်သည် သာ၍ ကြီးမြတ်သည်ဟု လူက ထင်သည်။ ပေတရုသည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ကြည့်ပြီး၊ သူ၏ ရံဖန်ရံခါ လုပ်ဆောင်သော အလုပ်အတောအတွင်း လူအနည်းငယ်ကိုသာ ရယူနိုင်ခဲ့သည်။ သူ့ထံမှ လူသိနည်းသည့် သြဝါဒစာစောင် အနည်းငယ်မျှသာ ရှိသည်၊ သို့သော် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမေတ္တာ မည်မျှကြီးမားသည်ကို မည်သူသိမည်နည်း။ နေ့စဉ် နေ့တိုင်း ပေါလုသည် ဘုရားသခင်အတွက် အလုပ်လုပ်ခဲ့၊ သည် လုပ်ဆောင်ရမည့် အလုပ် ရှိသရွေ့၊ သူ လုပ်ဆောင်ခဲ့သည်။ ဤနည်းဖြင့် သူသည် သရဖူအား ရရှိနိုင်ပြီး၊ ဘုရားသခင်အား ကျေနပ်စေနိုင်မည်ဟု ခံစားခဲ့ရသည်၊ သို့သော် သူသည် သူ၏ အလုပ်မှတစ်ဆင့် မိမိကိုယ်ကိုယ် ပြောင်းလဲရန် နည်းလမ်းများ မဖွေရှာခဲ့ချေ။ ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေသည့် မည်သည့်အရာမဆိုသည် သူ့ကို မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေပါက၊ သူသည် နောင်တခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးပမ်းနိုင်မည့် သင့်လျော်သော နည်းလမ်းတစ်ခုကို ရှာမည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ကျေနပ်စေရန် မိမိကိုယ်ကိုယ် တောင်းဆိုဆဲဖြစ်ခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာသည့်အခါ သူသည် စိုးစဉ်းမျှ အမှားမခံခဲ့ဘဲ၊ သမ္မာတရားထဲသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားရန် မိမိကိုယ်ကိုယ် မိမိ သတ်မှတ်ချက်များတွင် သူသည် ယခင်ထက် တင်းကျပ်ခဲ့သည်။ ပေါလုသည် အပေါ်ယံ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဖွေရှာခဲ့သည်။ လူ၏ရှေ့တွင် မိမိကိုယ်ကိုမိမိ ကြွားဝါရန် သူ ကြိုးစားခဲ့ပြီး၊ အသက် ဝင်ရောက်မှုတွင် သာ၍ နက်ရှိုင်းသော တိုးတက်မှုတစ်ခုတလေကို လုပ်ဆောင်ရန် သူ မကြိုးစားခဲ့ပေ။ သူ အရေးစိုက်သည်မှာ လက်တွေ့အရှိတရား မဟုတ်ဘဲ အယူဝါဒကို ဖြစ်ခဲ့သည်။ လူအချို့က “ပေါလုမှာ ဘုရားသခင်အတွက် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့၏၊ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ အောက်မေ့ခြင်းကို မခံရသနည်း။ ပေတရုသည် ဘုရားသခင်အတွက် အလုပ် အနည်းငယ်သာ လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအဖို့ ကြီးစွာသော ပံ့ပိုးမှုလည်း မပြုခဲ့ပါ၊ သို့ဆိုလျှင် အဘယ့်ကြောင့် သူသည် စုံလင်စေခြင်း ခံခဲ့ရသနည်း။” ဟု ပြောကြသည်။ ပေတရုသည် ဘုရားသခင်အား အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့ပြီး၊ ယင်းကို ဘုရားသခင်က တောင်းဆိုခဲ့ပေသည်။ ဤကဲ့သို့သော သူများသာ သက်သေခံချက် ရှိသည်။ ပေါလုမှာ အဘယ်နည်း။ ပေါလုသည် ဘုရားသခင်အား မည်သည့် အတိုင်းအတာအထိ ချစ်ခဲ့သနည်း။ သင် သိပါသလော။ ပေါလု၏ အလုပ်ကို မည်သည်အတွက် လုပ်ဆောင်ခဲ့သနည်း။ ပေတရု၏ အလုပ်ကို မည်သည်အတွက် လုပ်ဆောင်ခဲ့သနည်း။ ပေတရုသည် များစွာသော အလုပ်ကို မလုပ်ဆောင်ခဲ့သော်လည်း၊ သူ၏ စိတ်နှလုံးထဲတွင် အဘယ်အရာ ရှိသည်ကို သင်သိသလော။ ပေါလု၏ အလုပ်သည် အသင်းတော်များအား ထောက်ပံ့ခြင်းနှင့် အားပေးခြင်းတို့ဖြင့် နှီးနွှယ်သည်။ ပေတရု ကြုံတွေ့ခဲ့ရသော အရာမှာမူ သူ၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်သည်။ သူသည် ဘုရားသခင်ကို ချစ်ခြင်းအား ကြုံတွေ့ခံစားခဲ့ရသည်။ ယခုတွင် သင်သည် ၎င်းတို့ အနှစ်သာရများရှိ ကွဲပြားခြားနားချက်များကို သိသည့်အတွက်၊ နောက်ဆုံးတွင် မည်သူသည် ဘုရားသခင်အား အမှန်တကယ် ယုံကြည်ခဲ့ပြီး၊ မည်သူသည် ဘုရားသခင်အား အမှန်တကယ် မယုံကြည်ခဲ့သည်ကို သင်မြင်နိုင်ပေသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် ဘုရားသခင်အား အမှန်တကယ် ချစ်ခဲ့ပြီး၊ အခြားတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် မချစ်ခဲ့ပေ။ တစ်ဦးသည် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ကြုံခဲ့ရပြီး၊ အခြားတစ်ဦးက မကြုံခဲ့ရပေ။ တစ်ဦးသည် နှိမ့်ချစွာ အစေခံခဲ့ပြီး လူများက လွယ်ကူစွာ သတိမပြုမိခဲ့သကဲ့သို့ အခြားတစ်ဦးသည် လူများ၏ ကိုးကွယ်ခြင်း ခံခဲ့ရကာ ကြီးမြတ်သည့် ပုံရိပ်ရှိခဲ့သည်။ တစ်ဦးသည် သန့်ရှင်းခြင်းကို ရှာဖွေခဲ့ပြီး၊ အခြားတစ်ဦးကမူ မရှာဖွေခဲ့သကဲ့သို့၊ သူသည် မစင်ကြယ်သောသူ မဟုတ်ခဲ့သော်လည်း၊ သူသည် စင်ကြယ်သော ချစ်ခြင်းကို မပိုင်ဆိုင်ခဲ့ပေ။ တစ်ဦးသည် စစ်မှန်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး၊ အခြားတစ်ဦးသည် မပိုင်ဆိုင်ခဲ့။ တစ်ဦးသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ပြီး၊ အခြားတစ်ဦးက မပိုင်ဆိုင်ခဲ့ပေ။ ယင်းတို့မှာ ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲရှိ ကွဲပြားခြားနားချက်များ ဖြစ်သည်။ ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်း ဖြစ်သည်၊ ယင်းသည် ပုံမှန်လူ့သဘာဝနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်တို့ကို ပြန်ရရှိခြင်းအား စွမ်းဆောင်ရရှိခြင်း လမ်းကြောင်းလည်း ဖြစ်သည်။ ပေတရုသည် အောင်မြင်သော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်းဖြစ်ပြီး၊ သူသည် မိမိကိုယ်ကိုယ် အပေါ်ယံ ကျိုးနွံနာခံပြီး အသုံးခံသော သူအားလုံးကို ကိုယ်စားပြုကာ၊ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ မချစ်ပေ။ ပေါလုသည် သမ္မာတရားအား ပိုင်ဆိုင်ခြင်းမရှိသော သူအားလုံးကို ကိုယ်စားပြုသည်။ သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။
လူအချို့က “ပေါလုသည် ကြီးမားသော အလုပ် ပမာဏကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းရွက်ခဲ့ကာ ၎င်းတို့အဖို့ အလွန်များစွာ ပံ့ပိုးခဲ့သည်။ ပေါလု၏ သြဝါဒစာ ဆယ့်သုံးစောင်ကို ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း ၂၀၀၀ ကြာ ထိန်းသိမ်းခဲ့ကြပြီး၊ ခရစ်ဝင်ကျမ်း လေးကျမ်းနောက် ဒုတိယနေရာတွင် ရှိလေသည်။ သူနှင့် မည်သူ နှိုင်းယှဉ်နိုင်မည်နည်း။ ယောဟန်၏ ဗျာဒိတ်ကျမ်းကို မည်သူကမျှ ဖတ်ရှု၍ အဓိပ္ပာယ် မဖော်နိုင်ပေ၊ သို့သော် ပေါလု၏ သြဝါဒ စာစောင်များကမူ အသက်တာကို ထောက်ပံ့ပေးပြီး၊ သူ လုပ်ဆောင်ခဲ့သည့် အလုပ်သည် အသင်းတော်များအဖို့ အကျိုးပြုခဲ့သည်။ ထိုသို့သော အရာများကို အခြားမည်သူက စွမ်းဆောင်ရရှိနိုင်မည်နည်း။ ပြီးလျှင် ပေတရုသည် မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။” ဟူ၍ ပြောကြသည်။ လူက အခြားသူများကို တိုင်းတာသည့်အခါ၊ ၎င်းတို့၏ ပံ့ပိုးမှုများနှင့်အညီ ထိုသို့ လုပ်ဆောင်လေသည်။ ဘုရားသခင်က လူကို အကဲဖြတ်သည့်အခါ၊ လူသား၏ သဘာဝနှင့်အညီ ထိုသို့ လုပ်ဆောင်ပေသည်။ အသက်ကို ဖွေရှာသော သူများအလယ်တွင်၊ ပေါလုသည် မိမိ၏ ကိုယ်ပိုင် အနှစ်သာရကို မသိသောသူတစ်ဦး ဖြစ်သည်။ သူသည် လုံးဝ မနှိမ့်ချခဲ့ သို့မဟုတ် မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အနှစ်သာရကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မကြုံခဲ့ရသောသူဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော သူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနားခဲ့၏။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သူ ရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိသော်လည်း၊ လက်တွေ့အရှိတရား မပိုင်ဆိုင်သော သူများထဲမှ တစ်ဦး မဟုတ်ခဲ့ချေ။ ပြောင်းလဲသော သူတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်သည့် လူသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၌ အရည်အချင်း ပြည့်မီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော လူတို့သည် အလိုအလျောက် ခေတ်နောက်ကျသွားသော သူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံရသေးသော သူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းခံရသော သူများ ဖြစ်ကြပေသည်။ ၎င်းတို့၏ အလုပ်သည် မည်မျှကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်၏ ကိုယ်ပိုင် လိုက်စားခြင်းနှင့် နှိုင်းယှဉ်သောအခါတွင်၊ နောက်ဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်၊ မဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေးပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ မာနထောင်လွှားပြီး ပမာမခန့် ဖြစ်နေဆဲဖြစ်ကာ၊ သူကဲ့သို့ ရွှန်းရွှန်းဝေအောင် ပြောတတ်ပြီး ဝါကြွားဆဲဖြစ်ပါက၊ သင်သည် ရှုံးနိမ့်သည့် အကျင့်ဆုတ်ယုတ်သူ တစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ ကြိုးစားပါက၊ သင်သည် လက်တွေ့လုပ်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ရှာဖွေပြီး၊ မာနမထောင်လွှားဘဲ သို့မဟုတ် တစ်ဇွတ်ထိုး မလုပ်ဘဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားပါက၊ သင်သည် အောင်နိုင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သည့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် ဩတ္တပ္ပစိတ်အတွက် အခြားသူများကို ကျွန်တစ်ဦးသဖွယ် ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ဘဲ အသိပညာ ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ လုပ်ဆောင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။ သူသည် ယေရှုခရစ်တော်အား ချစ်ခြင်းနှင့် ရိုသေလေးမြတ်မှုတို့ဖြင့် ပြည့်သည့် လူတစ်ဦး မဟုတ်ခဲ့သကဲ့သို့၊ သူသည် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို ရှာဖွေခဲ့သူတစ်ဦး ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားအား ဖွေရှာရာ၌ ကျွမ်းကျင်သော သူတစ်ဦးလည်း မဟုတ်ခဲ့ပေ။ သူသည် တစ်ပတ်ရိုက်ခြင်းတွင် ကျွမ်းကျင်သော သူတစ်ယောက်မျှ ဖြစ်ခဲ့ပြီး မိမိထက် မြင့်သောသူများ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော သူများကို အလျှော့မပေးမည့်သူ သူတစ်ယောက်မျှ ဖြစ်ခဲ့ပေသည်။ ဆုကျေးဇူးခံစားရသော ထိုသူများနှင့် ကြီးမြတ်သော ပုံရိပ်ကို ကိုယ်စားပြုပြီး သိမ်မွေ့နက်နဲသည့် အသိပညာကို ပိုင်ဆိုင်ထားကြသည့် သူများကို သာ၍ နှစ်သက်ရင်း၊ သူနှင့် ဆန့်ကျင်သော လူများ သို့မဟုတ် သမ္မာတရားများ သို့မဟုတ် သူ့ကို ရန်လိုသော သူများကို သူသည် မနာလိုဝန်တိုခဲ့သည်။ သူသည် မှန်သော လမ်းခရီးကို ရှာဖွေပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့် အရာကိုမျှ အရေးမစိုက်သည့် ညံ့ဖျင်းသော လူများနှင့် ထိတွေ့ဆက်ဆံခြင်းကို သူ မနှစ်သက်သကဲ့သို့၊ ထိုအစား အယူဝါဒများကိုသာ ပြောဆိုကြပြီး၊ ကြွယ်ဝသော အသိပညာကို ပိုင်ဆိုင်ထားကြသည့် ဘာသာရေး အဖွဲ့အစည်းများမှ အဆင့်မြင့်သည့် ပုဂ္ဂိုလ်များကိုသာ စိတ်ဝင်စားခဲ့လေသည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောအလုပ်ကို ချစ်ခြင်း မရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော အလုပ်၏ လှုပ်ရှားမှုကိုလည်း အရေးမစိုက်ခဲ့ပေ။ ထိုအစား သူသည် ယေဘုယျ အမှန်တရားများထက် သာ၍ မြင့်သော ထိုစည်းမျဉ်းများနှင့် အယူဝါဒများကိုသာ ထောက်ခံခဲ့သည်။ သူ၏ သူတော်ကောင်း ယောင်ဆောင်ခြင်းသည် အလွန်များလှပြီး၊ သူ၏ မနာခံမှုသည် အလွန် ကြီးမားလှသည့်အတွက်၊ သူ၏ မွေးရာပါ အနှစ်သာရနှင့် သူ ရှာဖွေခဲ့သည့် အရာ၏အလုံးစုံတွင်၊ သူသည် ဘုရားသခင်၏ အိမ်တော်ရှိ သစ္စာရှိသော အစေခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရရန် မဆိုထားနှင့်၊ သမ္မာတရားအား အားထုတ်သော ခရစ်ယာန် တစ်ယောက်ဟု ခေါ်ဆိုခံရခြင်းငှာ မထိုက်တန်ပေ။ သူ့ကို သခင်ယေရှု၏ အစေခံသူတစ်ဦးအဖြစ် သိထားကြသော်ငြားလည်း၊ အစမှ အဆုံးတိုင် သူ၏ လုပ်ရပ်များသည် ဖြောင့်မတ်သည်ဟု ခေါ်ဆို၍ မရသည့်အတွက်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဝင်ရောက်ရန် လုံးဝ မသင့်တော်ခဲ့ပေ။ သူ့ကို သူတော်ကောင်း ယောင်ဆောင်ခဲ့ပြီး မဖြောင့်မတ်မှု ပြုခဲ့ပြီး ခရစ်တော်အတွက် အလုပ်လုပ်ခဲ့သူ တစ်ဦးအဖြစ်မျှသာ မြင်၍ ရနိုင်ပေသည်။ သူ့ကို ဆိုးယုတ်သည်ဟု ခေါ်ဆို၍ မရသော်ငြားလည်း၊ မဖြောင့်မတ်မှုကို ပြုခဲ့သော လူတစ်ဦးဟု အလိုက်အထိုက်အားဖြင့် ခေါ်၍ ရသည်။ သူသည် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်ပမာဏ အပေါ်တွင် သူ့ကို အကဲဖြတ်ရမည် မဟုတ်ဘဲ၊ ယင်း၏ အရည်အသွေးနှင့် အနှစ်သာရအပေါ်တွင်သာ အကဲဖြတ်ရမည် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဤကိစ္စရပ်၏ အကြောင်းရင်းမှန်ကို စူးစမ်းဖော်ထုတ်ရန် ဖြစ်နိုင်မည် ဖြစ်သည်။ သူ အမြဲ ယုံကြည်ခဲ့သည်မှာ- “ငါသည် အလုပ်လုပ်နိုင်စွမ်း ရှိသည်၊ ငါသည် လူအများစုထက် သာလွန်သည်။ ကြီးစွာသော အလင်းသည် ငါ့အပေါ် ထွန်းလင်းခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါ့လောက် နက်ရှိုင်းစွာ နောင်တရခြင်းမရှိပေ၊ ထို့ကြောင့် ငါ၏ နောင်တသည် အခြားမည်သူမဆိုထက် သာ၍ နက်ရှိုင်းသည်။” ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် ဤသည်မှာ သူ၏ စိတ်နှလုံးအတွင်း တွေးခဲ့သောအရာ ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုက “တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။” ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် လုံးဝ ဖြစ်ခဲ့ပြီး၊ သူသည် တက်ကြွစွာ တစ်ဟုန်ထိုးမလုပ်ဆောင်ခဲ့ချေ။ သူသည် သူ၏အလုပ်တွင် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ၏ အလုပ်သည် သူ၏ အမှားများကို ထေမိစေရန်အလို့ငှာ၊ သူ၏ သြတ္တပ္ပစိတ်၏ စွပ်စွဲချက်များကို ထေမိစေရန်အလို့ငှာမျှသာ ဖြစ်ခဲ့သည်။ သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန်အလို့ငှာ၊ သူသည် သူ၏ အလုပ်ကို ပြည့်စုံစေရန်၊ သူ၏ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူ မျှော်လင့်ခဲ့သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာဖြင့် သခင်ယေရှုအား တွေ့ဆုံရန် မဟုတ်ခဲ့ဘဲ၊ သူသည် သခင်ယေရှုနှင့် ဆုံတွေ့သောအခါ သူ၏အလုပ်က ကြိုးပမ်းရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်ခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိနှိုင်းရန် သူ၏ အလုပ်ကို အသုံးချခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင် မဟုတ်ခဲ့ဘဲ၊ သရဖူကိုသာ ဖြစ်ခဲ့သည်။ ထိုသို့သော လိုက်စားခြင်းသည် အဘယ်သို့ စံချိန်မီနိုင်မည်နည်း။ သူ၏ ကြံရွယ်ချက်၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံး သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှုများသည် အားလုံးကို ပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ စိတ်ဆန္ဒများအတိုင်း လုံးလုံးလျားလျား အလုပ်လုပ်ခဲ့လေသည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှ မရှိခဲ့ပေ။ သူသည် အပေးအယူလုပ်ခြင်းတွင် ပါဝင်ပတ်သက်ရုံမျှ ပတ်သက်ခဲ့သည်။ အားထုတ်မှုများကို သူ၏ တာဝန်အား ဆောင်ရွက်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့သည် မဟုတ်ဘဲ၊ အပေးအယူ၏ ရည်မှန်းချက်ကို အောင်မြင်ရရှိနိုင်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်းတစ်ခုတလေ ရှိပါသလော။ သူ၏ မဖြူစင်သော အားထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုသို့သော အားထုတ်မှုများတွင် စိတ်ဝင်စားမှုတစ်ခုတလေ မည်သူ ရှိပါသနည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်သည်၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေပြီး၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ စေတနာအများစုမှာ ဟန်ဆောင်ခြင်းတစ်ခု ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် အသက်ကို ထောက်ပံ့မပေးခဲ့ဘဲ၊ ရည်မွန်မှု အတုအယောင် တစ်ခုသာ ဖြစ်ခဲ့သည်။ ယင်းသည် အပေးအယူ ပြုလုပ်ခြင်း ဖြစ်ခဲ့သည်။ ဤကဲ့သို့သော အလုပ်သည် အဘယ်သို့ လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရရှိခြင်း လမ်းကြောင်းဆီသို့ ဦးဆောင်နိုင်မည်နည်း။
ပေတရု ဖွေရှာခဲ့သည့် အရာအားလုံးမှာ ဘုရားသခင်၏ နှလုံးသားနှင့် ညီညွှတ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့ပြီး၊ ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို ပဓာနမထားဘဲ၊ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် လိုလားနေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်အားဖြင့် သာ၍ ကြီးမြတ်သော လိုက်စားခြင်း မရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များနှင့် အကြံအစည်များဖြင့် စွန်းထင်းခဲ့သည်။ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားသောတစ်ဦး မဟုတ်ခဲ့ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ကြိုးစားခဲ့ပြီး၊ သူ လုပ်ဆောင်ခဲ့သော အလုပ်သည် မကြီးမားခဲ့သော်လည်း၊ သူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့ မှန်ကန်ခဲ့ပေသည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို လိုက်စားနိုင်ခဲ့သည်။ ဤအရာကြောင့် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။ ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသုံးပြုခဲ့သော်လည်း၊ သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်အဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အသုံးပြု၍ မရနိုင်မည့် အပိုင်းကို အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ကြိုးစားခဲ့ပါက၊ သင်သည် အသုံးပြုခြင်းခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်း စုံလင်စေခြင်း ခံရမည်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးတွင် သင် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူသကဲ့သို့၊ ဤသည်မှာ သင်၏ လိုက်စားခြင်း နည်းဟန်ပေါ်တွင် မူတည်ပေသည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိပါက၊ ယင်းမှာ လိုက်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်သည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မျှ အပ်နှင်းမခံရပါက၊ ယင်းမှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်ပြီး၊ သင်ကိုယ်တိုင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်၏ စိတ်ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးသကဲ့သို့ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများက၊ “အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။
ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမှ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။ ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများကို သင် နှိုင်းယှဉ်ကြည့်ပါက၊ သင် မည်သို့ ဖွေရှာ သင့်သည်ကို သိပေလိမ့်မည်။ ပေတရုနှင့် ပေါလုတို့ လျှောက်ခဲ့သော လမ်းကြောင်းများထဲမှ၊ တစ်ခုသည် စုံလင်စေခြင်းကို ခံရခြင်း လမ်းကြောင်းဖြစ်ပြီး၊ တစ်ခုမှာ ပယ်ထုတ်ခြင်း လမ်းကြောင်း ဖြစ်သည်။ ပေတရုနှင့် ပေါလုသည် မတူကွဲပြားသော လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို လက်ခံရရှိခဲ့ပြီး၊ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းကို ရရှိခဲ့ကာ၊ အသီးသီးသည် သခင်ယေရှုက ၎င်းတို့ကို ပေးအပ်ခဲ့သည့် အရာကို လက်ခံခဲ့ကြသော်ငြားလည်း၊ အသီးသီး၌ ဖြစ်ထွန်းသော အကျိုးတရားသည် မတူညီပေ။ တစ်ဦးသည် အမှန်တကယ် အကျိုးဖြစ်ထွန်းစေပြီး အခြားတစ်ဦးက အကျိုးမဖြစ်ထွန်းခဲ့ချေ။ ၎င်းတို့၏ အနှစ်သာရများမှ၊ ၎င်းတို့ အပြင်ပန်းအားဖြင့် ဖော်ပြခဲ့သည့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်နှင့်၊ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်များမှ၊ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သည်၊ မည်သည့် လမ်းကြောင်းကို သင် လျှောက်လှမ်းရန် ရွေးချယ်သင့်သည်ကို သင်နားလည်သင့်သည်။ ၎င်းတို့သည် သိသာထင်ရှားသည့် မတူကွဲပြားသော လမ်းကြောင်း နှစ်ခုကို လျှောက်ခဲ့ကြသည်။ ပေါလုနှင့် ပေတရု၊ ၎င်းတို့သည် လမ်းကြောင်း အသီးသီး၏ စံနမူနာပြ ဖြစ်ခဲ့ကြပြီး၊ ထို့ကြောင့် အစကတည်းမှ ၎င်းတို့သည် ဤလမ်းကြောင်းနှစ်ခုအား ကိုယ်စားပြုရန် စံပြုခံခဲ့ကြရသည်။ ပေါလု အတွေ့အကြုံများ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ အဘယ့်ကြောင့် သူသည် မအောင်မြင်ခဲ့ရသနည်း။ ပေတရု အတွေ့အကြုံ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ သူသည် စုံလင်စေခြင်းကို အဘယ်သို့ တွေ့ကြုံခံစားခဲ့ရသနည်း။ ၎င်းတို့ အသီးသီး အရေးစိုက်ခဲ့ကြသည့် အရာကို သင်နှိုင်းယှဉ်ကြည့်ပါက၊ ဘုရားသခင်သည် မည်ကဲ့သို့သော လူမျိုး အတိအကျကို လိုချင်သည်၊ ဘုရားသခင်၏ အလိုက အဘယ်အရာ ဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်အရာ ဖြစ်သည်၊ မည်သို့သော လူစားမျိုးသည် နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည်ဆိုသည်နှင့်၊ မည်သို့သော လူစားမျိုးက စုံလင်စေခြင်း မခံရမည်ဆိုသည်ကိုလည်း သင် သိလိမ့်မည်။ စုံလင်စေခြင်း ခံရမည့် သူများ၏ စိတ်သဘောထားက အဘယ်အရာ ဖြစ်သည်ဆိုသည်နှင့် စုံလင်စေခြင်း မခံရမည့် သူများ၏ စိတ်သဘောထားက အဘယ်အရာ ဖြစ်သည်- ဤကိစ္စရပ်များ၏ အနှစ်သာရကို ပေတရုနှင့် ပေါလု၏ အတွေ့အကြုံများထဲတွင် မြင်တွေ့နိုင်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံခြင်း မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ပယ်ထုတ်ခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။