၄၀။ မနာလိုစိတ်အတွက် ကုထုံးတစ်ခု

ရွှင်းချုံ တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့် ပြည့်နှက်သည်၊ ယင်းသည် မနှစ်မြို့ဖွယ်ဖြစ်စွာ ညစ်ညမ်းပြီး၊ မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူတို့သည် ဇာတိပကတိ၏ မွေ့လျော်မှုကို အလွန့်အလွန် တပ်မက်ကြပြီး ဇာတိပကတိ၏ သရုပ်သကန်များ အလွန့်အလွန် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာသည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် စာတန်၏ ညစ်ညမ်းသော၊ ဖောက်ပြန်ပျက်စီးသော အမှုအရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မထုတ်ပစ် သေးပါက၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင် နေကြဆဲဖြစ်သည်။ လူတို့၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်း အားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်အား ဘုရားသခင်ကယ်တင်ခြင်းသည် သင့်ကို စာတန်၏ ဤအရာများမှ ကယ်ထုတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ ယင်းသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်သာ လုပ်ဆောင်ပေသည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ ထုတ်ပစ်နိုင်ပြီး၊ ဤဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်ခြင်း မခံရတော့သောအခါတွင်၊ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ကျွန်မတို့က စာတန်၏ နှောင့်ယှက်ဖျက်ဆီးခြင်းကို ခံရသည့်အတွက် လူအချင်းချင်း ဆက်ဆံရေးမှာ အငြင်းပွားမှုများနှင့် မနာလိုသည့်ပြဿနာများ ရှိနေသည်၊ ပြီးလျှင် ကျွန်မတို့အားလုံးက လိမ်လည်လှည့်ဖြားပြီး ဆိုးယုတ်သည့် စာတန်၏ စိတ်သဘောထားနှင့်နေထိုင်နေကြပြီး အတ္တလည်း အလွန်ကြီးကြသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မ နားလည် လာခဲ့သည်။ လူများကို အမြဲတမ်း အကောက်ကြံပြီး နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းနေသည့် မနာလိုသည့် စိတ်နှင့်နေသည့် အချိန်တစ်ခု ကျွန်မမှာ ရှိခဲ့ပါသည်။ ထိုကဲ့သို့နေရခြင်းက အလွန် နာကျင်စရာကောင်းသည်၊ သို့ရာတွင် ကျွန်မ ရုန်းမထွက်နိုင်ခဲ့ပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုများ၏ ကျေးဇူးကြောင့်သာ ကျွန်မအနည်းငယ်ပြောင်းလဲလာပြီး ထိုနာကျင်မှုမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် အသင်းတော်မှာ တွေ့ဆုံပွဲနေရာ သုံးခု လေးခုအတွက် တာဝန်ယူရသည့် အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မ တာဝန်ပေးအပ်ခံရသည့်အချိန်က ဖြစ်သည်။ ထိုတာဝန် ထမ်းဆောင်ခွင့်ရသည်ကို ကျွန်မ အလွန်ပျော်ခဲ့ပြီး ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးသည်၊ ထိုအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်အောင် ကြိုးစားရမည်ဟု ခံစားရသည်။ ထိုနောက်ပိုင်း တွေ့ဆုံပွဲများမှာ မိတ်သဟာယဖွဲ့ပါက၊ ကျွန်မ အလွန်တက်ကြွခဲ့သည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများမှာ အခက်အခဲရှိခြင်း၊ အားနည်းသည့် အခြေအနေ ရောက်နေခြင်းတို့ကိုတွေ့ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာပြီးမိတ်သဟာယဖွဲ့ကာ ပြဿနာများကို ဖြေရှင်းပေးသည်။ အနည်းအကြာသည့်အခါ အခြားလူများက ကျွန်မကို အထင်ကြီး လေးစားကြပြီး၊ ကျွန်မက လက်တွေ့လုပ်ဆောင်ရမည့် ပြဿနာများကို တွေ့ဆုံပွဲများမှာ မိတ်သဟာယဖွဲ့ပြီးဖြေရှင်းပေးနိုင်သည်၊ တာဝန်ကျေပွန်ပြီး ညီအစ်ကိုမောင်နှမများကို ချစ်ခင်သည်ဟု ပြောကြသည်။ ထိုကဲ့သို့ ကြားသည့်အခါ၊ ကျွန်မ မိမိကိုယ်ကိုယ် အလွန်ကျေနပ်မိသည်။

သိပ်မကြာမီတွင် အသင်းတော်ခေါင်းဆောင်ရွေးချယ်ပွဲ ရှိသည်ဟု ကျွန်မကြားသည့်အခါ၊ “လူတိုင်းက ငါ့ကို အထင်ကြီး လေးစားကြတယ်ဆိုတော့ ငါ့မှာလည်း အခွင့်အရေးရှိလောက်တယ်။ ငါသာအရွေးခံရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ပိုအထင်ကြီး ကြမှာပဲ။” ဟု တွေးမိသည်။ နောက်ပိုင်းတွင် မဲပေးရွေးချယ်မှုအပြီး၌ အစ်မယန်းနှင့် ကျွန်မ နှစ်ယောက်လုံး အဆိုတင်သွင်းခံရသည်။ သူမက ကျွန်မထက် မဲအနည်းငယ်ပိုရသည်ကို တွေ့ရသည့်အခါ၊ ကျွန်မ အနည်းငယ် စိုးရိမ်သွားသည်။ “ငါကတာဝန်ကျေပွန်ပြီးတော့ လက်တွေ့လည်း လုပ်ဆောင်နိုင်တယ်။ သူကဘာလို့ ငါ့ထက် မဲပိုရနေရတာလဲ။” ဟု တွေးမိသည်။ သို့ရာတွင် ပြီးလျှင် “ဒါတွေက အဆိုပြုချက်ပဲ ရှိသေးတယ်။ နောက်ဆုံးမဲမှ မဟုတ်တာ။ ငါ့မှာအခွင့်အရေး ရှိသေးတယ်။ ငါအခုသမ္မာတရားကို လက်ကိုင်ထားပြီး သူများတွေရဲ့ အသက်ဝင်ရောက်မှုတွေကို ပိုကူညီဖြေရှင်းပေးမယ်ဆိုရင် သူကငါ့ထက် ဘာမှမသာတာကို သူတို့သိပြီး ငါသေချာပေါက် အရွေးခံရမှာပဲ။” ဟု တွေးမိသည်။ နောက်ဆုံးတွေ့ဆုံပွဲမှာ အစ်မဝမ်ပြောခဲ့သည့် မဖြေရှင်းရသေးသည့် ပြဿနာတစ်ခုအကြောင်း စဉ်းစားမိသောကြောင့်၊ သူနှင့်နောက်တစ်ခါ မိတ်သဟာယဖွဲ့ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သင့်တော်သည့်အရာများကို မြန်မြန်လေး ပြင်ဆင်ခဲ့သည်။ တွေ့ဆုံပွဲနေ့တွင် ကျွန်မတို့ ဆုံမည့်နေရာကို သွားသည်၊ သို့ရာတွင် ကျွန်မဝင်သွားသည်နှင့် အစ်မယန်းက အစ်မဝမ်ကို မိတ်သဟာယဖွဲ့ပေးနေသည်ကိုတွေ့လိုက်ရသည်။ ကျွန်မက အလွန် စိတ်မကျေမနပ်ဖြစ်သွားသည်။ “သူ့ပြဿနာကို ဖြေရှင်းပေးဖို့ သူနဲ့ မိတ်သဟာယဖွဲ့ဖို့ ငါလာတာကို နင်ကဦးအောင်အသုံးချသွားတယ်ပေါ့။ နင်က မိတ်သဟာယဖွဲ့နေမှတော့ ငါလုပ်နိုင်ကြောင်းကို ဘယ်လို လုပ်ပြလို့ရတော့မလဲ။” ဟု ကျွန်မတွေးမိသည်။ ထင်သည့်အတိုင်းပဲ အစ်မဝမ် မိတ်သဟာယဖွဲ့ပြီး အစ်မယန်းက ပြုံးသွားကာ အခြားညီအစ်ကိုမောင်နှမများကလည်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံနေသည်ကို တွေ့သည်။ ယင်းကို မြင်ရသည်မှာ ကျွန်မ တကယ်မပျော်ပါ။ အစ်မယန်းကို မနာလိုဖြစ်ပြီး ကျွန်မ၏အောင်မြင်မှုကို လုယူသွားသည်ဟု တွေးမိသည်။ “တွေ့ဆုံပွဲမှာ နင်ဝင်မပါခင်က အားလုံးက ငါမိတ်သဟာယဖွဲ့တာကို ကြားချင်ကြတယ်။ ဒါပေမဲ့ အခုကျတော့ လူတိုင်းက နင့်ကိုအထင်ကြီးပြီး ငါ့ကို ဂရုမစိုက်ကြတော့ဘူး။” ဟု တွေးမိသည်။ နောက်တော့ လူတိုင်းက ‌ပျော်ရွှင်စွာ မိတ်သဟာယမှာ ပါဝင်ကြသည်၊ သို့ရာတွင် ကျွန်မက လုံးဝ လက်မခံနိုင်ဘဲ အမြန်ဆုံးထွက်သွားချင်ခဲ့သည်။

အိမ်ပြန်ရောက်သည့်အခါ၊ ကျွန်မအိပ်ရာပေါ်မှာ ထိုင်ပြီး စိတ်ဓါတ်ကျမိသည်၊ အဲဒီအကြောင်းကိုစဉ်းစားမိလေ စိတ်အနှောင့်အယှက် ဖြစ်မိသည်။ “ဒီအတိုင်းသာဆိုရင် ငါ ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အလမ်းနည်းသွားလိမ့်မယ်။ မဖြစ်ဘူး မိတ်သဟာယ ဖွဲ့ဖို့အတွက် ငါသေချာကြိုပြင်ဆင်ရမယ်။ သူငါ့ထက်သာလို့ မဖြစ်တော့ဘူး။” ဟု တွေးမိသည်။ နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ကြမ်းတမ်းသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ အစ်မကျန်း စိတ်သောကရောက်ပြီး သူမ၏တာဝန်၌ စိတ်ကျဉ်းကျပ်နေသည်ကို ကျွန်မ သတိပြုမိသောကြောင့်၊ ကျွန်မလည်း တွေ့ဆုံပွဲမရောက်မီ၊ သူမနှင့် မိတ်သဟာယဖွဲ့ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကြိုပြီး အမြန်ရှာဖွေခဲ့သည်။ နောက်နေ့မှာ တွေ့ဆုံပွဲနေရာကို ကျွန်မကြိုရောက်အောင် သွားသော်လည်း၊ သို့ရာတွင် မထင်မှတ်ဘဲ၊ အစ်မယန်းက အရင်ကြိုရောက်နေပြီး အစ်ကျန်းနှင့် မိတ်သဟာယဖွဲ့နေသည်ကို တွေ့လိုက်ရသည်။ ကျွန်မ အလွန်စိတ်ပျက်သွားပြီး စိတ်ထဲမှာလည်း “နင်ထပ်လုပ်ပြန်ပြီလား။ နင့်ရဲ့မိတ်သဟာယမှာ ဘယ်လိုအလင်းရောင်ရှိလဲဆိုတာ ငါသိမှဖြစ်မယ်။ ဒီလောက်အလုပ်ဖြစ်နေတာ အဲဒါတစ်ခုတည်းကြောင့်လို့လည်း ငါမယုံဘူး။” ဟု တွေးမိသည်။ မသင်္ကာသည်နှင့် သူတို့နားကို သွားထိုင်ပြီး သူမ မည်သည့်အရာ ပြောမည်ကို နားထောင်ကြည့်သည်။ နားထောင်ကြည့်သည့်အခါ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းအချို့ကို အစ်မယန်းက မိတ်သဟာယဖွဲ့နေသော်လည်း၊ အစ်မကျန်း၏ အားနည်းချက်နှင့် အပျက်သဘောဆောင်ခြင်း၏ ဇာစ်မြစ်ကိုမူ သူမက မပြောရသေးသည်ကို ကျွန်မ တွေ့လိုက်ရသည်။ “ငါနားလည်ထားတာကို မျှဝေပြီး အစ်မယန်းက ထင်သလောက် မတော်ဘူးဆိုတာကို ပြဖို့ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချရမယ်။” ဟု ကျွန်မ တွေးမိသည်။ ထိုသို့နှင့် ကျွန်မ၏မိတ်သဟာယကိုမျှဝေဖို့ အမြန်ဝင်ပြီး “အစ်မ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကို သိရုံနဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကိုဖြေရှင်းဖို့ မလုံလောက်သေးဘူး။ ဘုရားသခင်က သူ ရွေးချယ်ထားတဲ့လူတွေကို စုံလင်အောင် ပြုလုပ်ဖို့အတွက် အဆင်းနီတဲ့ နဂါးကြီးကို ဘယ်လို အသုံးပြုခဲ့လဲဆိုတာကို သမ္မာတရားကို နားလည်ဖို့လည်းလိုတယ်။ ဘုရားသခင်ရဲ့လုပ်ဆောင်မှု၊ အနန္တတန်ခိုးနဲ့ ဉာဉာဏ်ပညာတွေကို နားလည်မှသာ ဒီလို အပျက်သဘောဆောင်တဲ့ အခြေအနေကနေ ကျွန်မတို့လွတ်မြောက်နိုင်လိမ့်မယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နည်းနည်းလောက် အတူတူဖတ်ရအောင်။” ဟု ပြောလိုက်သည်။ အစ်မကျန်းက ခေါင်းညိတ်သည်နှင့် ကျွန်မအစ်မယန်းကို အသာလေး စောင်းပြီးကြည့်လိုက်သည့်အခါ၊ သူမက အနေရခက်ခက်နှင့် ဘေးကို ရွှေ့ထိုင်သည်ကို တွေ့လိုက်ရသည်။ ကျွန်မက တိုက်ပွဲတစ်ခုကို အနိုင်ရလိုက်သကဲ့သို့ ခံစားရပြီး “ဘယ်သူ့ရဲ့ မိတ်သဟာယက ပိုထိရောက်လဲဆိုတာ ယှဉ်ကြည့်လိုက်ရင် အားလုံးသိမှာပဲ။ ငါ ဂုဏ်သိက္ခာရှိရှိ ပြန်နေလို့ရပြီးတော့ ဒါက ငါ မညံ့ဘူးဆိုတာကို ပြလိုက်တာပဲ။” ဟု တွေးမိသည်။ ထိုနောက်ပိုင်းအမှုတော်ကို ကျွန်မ ပို၍ တက်တက်ကြွကြွ ဆောင်ရွက်သည်။ တစ်ယောက်မကောင်းသည့် အခြေအနေမှာ ရှိနေသည် သို့မဟုတ် အခက်အခဲကြုံနေသည်ကို ကြားလိုက်သည်နှင့် ကျွန်မချက်ချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာသည်၊ မှတ်စုရေးပြီး သူတို့ကို မိတ်သဟာယ ဖွဲ့ပေးသည်။ တစ်ယောက်ယောက်က ခေါင်းညိတ်သည်ကို မြင်ပါက၊ ကျွန်မ အလွန်ပျော်သည်၊ မည်သို့တုံ့ပြန်မှုမျှမရှိပါက၊ ကျွန်မ မခံမရပ်နိုင်အောင် စိုးရိမ်လာပြီး ကျွန်မစိတ်သောကရောက်လေ အခြားလူများ၏အခြေအနေကိုနားလည်ဖို့ သို့မဟုတ် ပြဿနာများကို ဖြေရှင်းဖို့ ခက်ခဲလေဖြစ်သည်။ ကျွန်မ ပို၍ပို၍ စိတ်ပင်ပန်းလာပြီး “ဒီလိုသာဆက်သွားရင် ညီအစ်ကိုမောင်နှမတွေက ငါ့မှာသမ္မာတရားရဲ့ လက်တွေ့သဘောမရှိဘူးဟု သေချာပေါက် ပြောကြပြီးတော့ ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးမှာမဟုတ်ဘူး။” ဟု တွေးမိသည်။ အထူးသဖြင့် အစ်မယန်းက သမ္မာတရား၏ လက်တွေ့ကျသည့်မိတ်သဟာယဖွဲ့ပြီး မျှဝေနေသည်ကို ညီအစ်ကိုမောင်နှမများက သဘောတူသည်ကို တွေ့ရပါက၊ ကျွန်မပို၍ တုန်လှုပ်မိသည်။ ကျွန်မ၏မနာလိုမှုနှင့် ယင်းကို လက်မခံနိုင်မှုက သိသာထင်ရှားလာသည်။ ကျွန်မသူ့ကို စ၍မကျေမနပ် ဖြစ်လာပြီး စကားကိုမပြောချင်တော့ပေ။ နာမည်နှင့် ကိုယ်ကျိုးအတွက် တိုက်ပွဲဝင်နေသည့် အခြေအနေတစ်ခုမှာ ကျွန်မနေနေခဲ့မိသည်။ ယင်းကအလွန်နာကျင်ရပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့် ဉာဏ်အလင်းပြခြင်းကိုမျှ ကျွန်မ မရခဲ့ဘဲ၊ ဝတ်ပြုဆုတောင်းပါက၊ ရေလိုက်ငါးလိုက်ပဲနေခဲ့သည်။ ကျွန်မ ဘုရားသခင်နှင့် ဝေးသထက် ဝေးလာသည်ဟု ခံစားရသည်။

နောက်ပိုင်းတွင် ကျွန်မ၏အကျင့်ပျက်နေသည့် စိတ်သဘောထားကို နားလည်နိုင်ဖို့နှင့် ဤဆိုးရွားသည့်အခြေအနေမှ ရုန်းထွက်နိုင်ဖို့ ဘုရားသခင်ကို ဝတ်ပြုဆုတောင်းပြီး သူ့၏ ဉာဏ်အလင်းကို တောင်းခံခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်သာ ကျွန်မ၏ ပျက်စီးနေသည့်အခြေအနေကို အနည်းငယ် နားလည် လာခဲ့သည်။ ဤနှုတ်ကပတ်တော်တွင် ပြောထားသည့်အရာမှာ “လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဖတ်ပြီး ကျွန်မရှက်သွားကာ မနာလိုဖြစ်ခဲ့ခြင်း၊ နာမည်နှင့်ကိုယ်ကျိုးအတွက် ကျွန်မ ရုန်းကန်ကြိုးစားခဲ့ခြင်းတို့ကို သွားစဉ်းစားမိသည်။ အသင်းတော်က ခေါင်းဆောင်တစ်ယောက် ရွေးမည်ကို ကြားကတည်းက ထိုနေရာကို လိုချင်သည့်စိတ်နှင့် လောင်မြိုက်နေခဲ့ပြီး၊ လျာထားစာရင်းတွင် အစ်မယန်းက ကျွန်မထက် မဲပိုရနေသည်ကိုတွေ့သည့်အခါ၊ သူမကို ပြိုင်ဘက်အဖြစ်မြင်ခဲ့ပြီး ကျိတ်တိုက်ခိုက်ကာ ပြိုင်ဆိုင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများ၏ပြဿနာများကို သူမက သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီးဖြေရှင်းပေးနေသည်ကိုမြင်ပါက၊ မနာလိုဖြစ်မိသည်။ သူမက ကျွန်မအောင်မြင်မှုကိုခိုးသွားပြီး ကျွန်မ၏ ခေါင်းဆောင်နေရာကို ခြိမ်းခြောက်နေသည်ဟု မြင်ခဲ့သည်။ ကျွန်မသူ့ကို ကျိတ်ပြိုင်ခဲ့ပြီး သူမ၏မိတ်သဟာယဖွဲ့ခြင်းကို ကြံဖန်ပြီး အပြစ်များ အမှားများ လိုက်ရှာခဲ့သည်။ မိမိကိုယ်ကိုယ် မြှင့်တင်နေရင်း သူမကို ကျိတ်နှိမ်နေပြီး သူမ၏ တာဝန်မှာ အပြုသဘောဆောင်ခြင်းကို နည်းလာအောင် လုပ်ခဲ့သည်။ ကျွန်မ အနိုင်မရနိုင်သည်ကို တွေ့ရသည့်အခါ၊ သူမကို မကျေမနပ်ဖြစ်လာပြီး အသိအမှတ်ပင် မပြုချင်တော့ပါ။ ကျွန်မ၏ နာမည်နှင့် ကိုယ်ကျိုးအတွက် ကြိုးပမ်းခဲ့ပြီး အမှုတော်ထမ်းဆောင်ခြင်းမှာ မနာလိုဖြစ်ခဲ့သည်။ ကျွန်မ သူမကိုဒေါသတကြီးနှင့်မဲခဲ့ပြီး ပယ်ထားခဲ့သည်။ ကျွန်မထုတ်ဖော်ပြသခဲ့သည်မှာ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ကျွန်မအလွန်အတ္တကြီး စက်ဆုပ်ဖွယ်ကောင်းပြီး မလိုမုန်းထားစိတ်ကြီးလွန်းခဲ့သည်။ ကျွန်မက ဘဝကို စာတန်၏စိတ်သဘောထားနှင့် နေထိုင်ခဲ့မိသည် အခြားသူများကို ထိခိုက်အောင် လုပ်ရုံမကဘဲ မကျေမနပ်မှု နာကျင်မှုများနှင့် နေထိုင်ခဲ့သည်။ သုံးပြည်ထောင်အချစ်ဇာတ်လမ်းက ကျောက်ယုကို သွားသတိရသည်။ သူက အလွန် သဘောထားသိမ်ဖျင်းပြီး ကျူလျန်းကို အမြဲတမ်း မနာလိုဖြစ်ခဲ့သည် သူမသေမီလေးတွင်ပင် “ယု မွေးလာပြီဆိုကတည်းက လျန်းကို ဘာအတွက်လိုအပ်ဦးမှာလဲ။” ဟုပြောခဲ့သည်။ သူက ဒေါသစိတ်နှင့်သေသွားခဲ့သည်။ ယင်းက မနာလိုခြင်း၏ ဆိုးရွားလှသည့် အကျိုးဆက်များသာ မဟုတ်ပါလား။ ကျွန်မလည်း အတူတူဖြစ်သည်ဟု သဘောပေါက်သွားသည်၊ ဂုဏ်အဆင့်အတန်း တစ်ခုရဖို့ ကြိုးစားရင်းနှင့် မနာလိုဖြစ်နေခဲ့သည်၊ ကျွန်မ၏အသက်ဝင်ရောက်မှုကို တားဆီးထားရုံသာမကဘဲ၊ အခြားသူများကိုလည်း ထိခိုက်အောင် လုပ်နေခဲ့မိသည်။ ကျွန်မမှာ လူ့သဘာဝ လုံးဝပျောက်ဆုံးနေခဲ့သည်။ ယင်းက ဘုရားသခင် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည့်အရာလည်းဖြစ်သည်။ တကယ်တမ်း ဘုရားသခင်က ကျွန်မထက် အရည်အချင်း ပိုရှိသည့်သူအနား ကျွန်မရောက်အောင် စီစဉ်ပြီး သူ၏အားသာချက်များမှ သင်ယူကာ ကျွန်မ အားနည်းနေသည့်နေရာများမှာ တိုးတက်လာဖို့ ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ကျွန်မက ပြိုင်ဆိုင်ပြီး လိုက်ယှဉ်ခဲ့သည်။ နောက်ဆုံးမှာတော့ ကျွန်မ မည်သည့်အရာမျှ မရခဲ့ဘဲ နာကျင်ခဲ့ရသည်။ ကျွန်မ အလွန်ရူးမိုက်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏အိမ်တော်မှာ သမ္မာတရားက အုပ်စိုးပြီး ခေါင်းဆောင်ရွေးသည့်နေရာမှာလည်း မူဝါဒများ ရှိသည်။ အနည်းဆုံး သူတို့က သမ္မာတရားကိုလက်ခံပြီး လက်တွေ့ကျင့်သုံးနိုင်ပြီး ကောင်းမွန်သည့်လူသားဆန်မှုရှိသည့်လူများ ဖြစ်သည်၊ သို့ရာတွင် ကျွန်မက အမြဲတမ်းမနာလိုဖြစ်ခဲ့သည်၊ နာမည်နှင့် ကိုယ်ကျိုးအတွက်ပြိုင်ဆိုင်ခဲ့ပြီး လူ့သဘာဝကို အသက်ရှင်နေထိုင်ခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ကျွန်မက ခေါင်းဆောင်နေရာနှင့် မထိုက်တန်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း နေထိုင်ဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပြိုင်ဆိုင်တိုက်ခိုက်နေသည်ကို ကျွန်မ ရပ်ရမည်ကို သိခဲ့သည်။ ယင်းက တစ်ခုတည်းသော မှန်ကန်သည့်လမ်း ဖြစ်ပေသည်။ ဤအရာများအားလုံးကို သဘောပေါက်သွားသည့်အခါ၊ ကျွန်မ တကယ်စိတ်သက်သာရာရသည်။

ရွေးကောက်ပွဲနေ့မှာ ကျွန်မ “အဖဘုရားသခင်။ ဘယ်လိုရလဒ်ပဲထွက်ပါစေ ကျွန်မနာခံပါ့မယ်၊ ပြီးတော့ မျှမျှတတ မဲပေးပါ့မယ်။” ဟု ဆုတောင်းခဲ့သည်။ သို့ရာတွင် တကယ် မဲပေးရမည့်အချိန်တွင် ကျွန်မခြေတုံချတုံဖြစ်နေဆဲ ဖြစ်သည်။ “ငါက အစ်မယန်းကို မဲပေးလိုက်လို့ သူအရွေးခံရရင်၊ အခြားသူတွေက ငါ့ကို ဘယ်လို ထင်ကြမလဲ။ ငါကသူ့လောက် မတော်ဘူးလို့ ထင်ကြမှာ သေချာတယ်။” ဟု တွေးမိသည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ ကျွန်မ စိတ်ထဲပေါ်လာသည်။ “ထိုထက်မက သင်သည်ယင်းအရာများကို စွန့်လိုက်ပြီး ဘေးဖယ်ထားရန် သင်ယူရမည်။ သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ထိုတွင် “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ရမယ်။ ဂုဏ်နဲ့အဆင့်အတန်းအတွက်ပဲ ငါနေနေလို့ မဖြစ်ဘူး။” ဟု တွေးမိသည်။ အစ်မယန်းက အရည်အချင်းရှိပြီး သူမ၏ မိတ်သဟာယက လက်တွေ့ကျသောကြောင့်၊ သူမကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းက အသင်းတော်အတွက်ရော၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက်ပါ အကျိုးရှိလိမ့်မည်ဟု စဉ်းစားမိသည်။ ကျွန်မအနေနှင့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်၏ အကျိုးကို ထိန်းသိမ်းရမည်။ ထို့ကြောင့် ကျွန်မ သူမကို မဲပေးခဲ့ပါသည်။ သူမ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ကျွန်မတည်တည်ငြိမ်ငြိမ် ကျေကျေနပ်နပ်နှင့် လက်ခံခဲ့ပါသည်။ နောက်ဆုံးမှာတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီဟု ကျွန်မခံစားရသည်။ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်ပါသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဧပြီ၌ အသင်းတော်၏အလုပ်များကို တာဝန်ယူထားသည့် ညီအစ်ကိုမောင်နှမ လေးယောက် ငါးယောက်လောက်နှင့်အတူ လုပ်ဆောင်ရမည့် အသင်းတော်၏ ခေါင်းဆောင်တာဝန်အတွက် ကျွန်မရွေးချယ်ခံခဲ့ရပါသည်။ အစပိုင်းမှာ အသင်းတော်၏အလုပ်အားလုံးကို ကျွန်မတို့ တိုင်တိုင်ပင်ပင်နှင့် အားလုံးအဆင်ပြေခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ကျွန်မတို့၏ စာအရေးအသား တာဝန်ယူထားသည့် အစ်မလီက အရည်အချင်းရှိပြီး အတတ်မြန်သည်ကို သတိထားမိသည်။ သူမ၏မိတ်သဟာယက အခြားသူများကို ဉာဏ်အလင်းပေးပြီး စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်။ ကျွန်မ သူမကို အလွန်သဘောကျသည်၊ သို့ရာတွင် အနည်းငယ်လည်း မနာလိုဖြစ်မိသည်။ သူမအလုပ်များထဲကို ကျွန်မဝင်ပါဖို့ စကြိုးစားသည်၊ ကျွန်မနောက်ကောက်မကျအောင် ပညာများ၊ အခြေခံသဘာတရားများကို လေ့လာချင်ခဲ့သည်။ တစ်ရက်တွင် အခြားနေရာက အသင်းတော်တစ်ခုမှာ အလုပ်ကိစ္စအတွက် တစ်ယောက်လွှတ်ပေးရမည်ဖြစ်ပြီး၊ ထိုအတွက် အစ်မလီက သင့်တော်ခြင်း ရှိမရှိကို ကျွန်မတို့ ခေါင်းဆောင်က ကျွန်မထံ စာတစ်စောင်ပို့လာသည်။ ကျွန်မအနေနှင့် သုံးသပ်ချက်ပေးနိုင်ခြင်း ရှိမရှိ မေးသည်။ ကျွန်မ အလွန်မနာလိုဖြစ်သွားသည်၊ “သူတို့က အစ်မလုကို ပျိုးထောင်ပေးချင်တယ်။ သူက အရည်အချင်းရှိပြီး တတ်တာမြန်တယ်၊ ဒါပေမဲ့ သူယုံကြည်သူ ဖြစ်လာတာမကြာသေးဘူး။ ပြီးတော့ သူ့ရဲ့ အသက်ဝင်ရောက်မှုကလည်း မနက်ရှိုင်းသေးဘူး။ ငါက သူ့လောက် အရည်အချင်း မရှိဘူးလား။ ဘာလို့ ငါ့ကိုမလွှတ်တာလဲ အစ်မလီသာ အဲဒီအလုပ်ရသွားရင်၊ ငါ့ကိုသူများတွေက ဘယ်လိုထင်မလဲ။ ငါ့ထက် ပိုသာတယ်လို့ ပြောကြမှာသေချာတယ်။” ဟု တွေးမိသည်။ ထိုသို့ တွေးမိသည့်အခါ ကျွန်မပို၍ စိတ်မသက်မသာဖြစ်လာပြီး ထိုနောက်ပိုင်း သူမကိုတွေ့ပါက၊ အသိအမှတ်ပင် မပြုမိတော့ပါ။ ကျွန်မ ထိုကဲ့သို့ ဖြစ်နေသည်ကို တွေ့သည့်အခါ၊ သူမလည်းစိတ်ကျဉ်းကျပ်သွားပြီး ယခင်ကကဲ့သို့ ကျွန်မနှင့်မဆွေးနွေးတော့ပါ။ နောက်ရက်တွင် ညီအစ်ကိုမောင်နှမများ၏ အစ်မလီအပေါ် သုံးသပ်ချက်ကို ရသည်၊ ပြီးလျှင် အားလုံးက အကောင်းပြောထားသည်ကို တွေ့သည့်အခါ၊ ကျွန်မ အလွန် မနာလိုဖြစ်သွားသည်။ သူတို့ ကျွန်မအပေါ် သုံးသပ်ထားသည်ထက်ပင် ပို၍ ကောင်းနေသေးသည်။ ကျွန်မက ခေါင်းဆောင် ဖြစ်သော်လည်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လောက် အရည်အချင်းမရှိ ဖြစ်နေသည်။ မည်မျှရှက်ဖို့ကောင်းလိုက်သနည်း။ ယင်းကို စဉ်းစားမိပါက၊ ကျွန်မ ပို၍ စိတ်မသက်မသာဖြစ်လာသည်။ ကျွန်မက အခြားညီအစ်မတစ်ယောက်ကို တစ်ချက်ထောက်ပြလိုက်သည်။ “အစ်မရဲ့သုံးသပ်ချက်က ဘယ်လိုဖြစ်တာလဲ။ ဘာမြော်အမြင်မှမရှိဘူး။ အစ်မလီက တိုးတက်လာပေမဲ့ သူ့ရဲ့အသက်ဝင်ရောက်မှုက မနက်ရှိုင်းသေးဘူး။ အစ်မက သူ့ကို အရမ်းကောင်းနေသလိုမျိုး ပြောထားတယ်၊ ဒါပေမဲ့ တခြားအသင်းတော်မှာ သူက လက်တွေ့မလုပ်ဆောင်နိုင်လို့ သူတို့ အလုပ်တွေနှောင့်နှေးကြန့်ကြာရင်၊ အစ်မရဲ့အပြစ်လည်းပါသွားလိမ့်မယ်။” ဟု ပြောလိုက်သည်။ ကျွန်မ ထိုကဲ့သို့ ပြောသည့်အခါ၊ သူမလည်း အနည်းငယ် ကြောက်သွားသည်။ သူမက တကယ့်အခြေအနေကို ကြည့်ပြီး ရေးထားခြင်းဖြစ်သော်လည်း၊ အပြည့်အစုံကို သေချာမစဉ်းစားရသေးဘဲ၊ ထပ်စဉ်းစားပြီး ကြည့်ကြည့်ပါမည်ဟု ပြောသည်။ ကျွန်မရည်ရွယ်ထားသကဲ့သို့ လုပ်လိုက်ရသော်လည်း မပျော်နိုင်သေးပါ။ အထူးသဖြင့် အစ်မလီကို တွေ့ပါက၊ ကျွန်မ တော်တော်လေး လိပ်ပြာမသန့်ဖြစ်ပြီး အပြစ်ရှိသကဲ့သို့ ခံစားရသည်။ ကျွန်မက မကောင်းသည့်အရာ ရှက်စရာကောင်းသည့်အရာ တစ်ခုကို လုပ်မိသွားပြီး သူမကို မကြည့်ရဲခဲ့ပါ။ ကျွန်မတစ်ခုခု ဖြစ်နေတာကိုတွေ့သည့်အခါ၊ သူမက စိတ်ပူလို့ “အဆင်မပြေတာ ရှိလို့လား။” ဟု လာမေးသည်။ သူမက ထိုသို့ ပြောသည့်အခါ၊ ကျွန်မ ပို၍အပြစ်ရှိသကဲ့သို့ ခံစားရသည်။ ထိုသို့နှင့် ကျွန်မက အထစ်ထစ် အငေါ့ငေါ့နှင့် “ဟုတ်.. ဟုတ်တယ်” ဟု ပြောလိုက်သည်၊ ပြီးနောက် အခြားအခန်းထဲကို အမြန်သွားပြီး ဝတ်ပြုဆုတောင်းဖို့ ဘုရားသခင်ရှေ့မှာ ဒူးထောက်ခဲ့သည်။ “အဖဘုရားသခင် ကျွန်မလျော်ကန်တာတွေ ပြုမူမိနေပါတယ်။ လူတွေရဲ့သုံးသပ်ချက်တွေကို မြင်ရတဲ့အခါ၊ ကျွန်မ အစ်မလီကို မနာလိုဖြစ်ပြီးတော့ သူ့ကို နောက်ကွယ်မှာတောင် မကောင်းပြောမိခဲ့ပါတယ်။ ဘုရားသခင် အရှင်က အဲဒီလိုမျိုးကို အလွန် မုန်းတီးမှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့အကျင့်ပျက်နေတဲ့ စိတ်သဘောထားထဲမှာ ကျွန်မပိတ်မိနေပြီးတော့ ကိုယ့်ကိုယ့်ကိုယ် မတားဆီးနိုင်ဘူး ဖြစ်နေပါတယ်။ ဘုရားသခင် ကျွန်မကိုယ်ကျွန်မ အမှန်အတိုင်းမြင်ပြီး အကျင့်ပျက်စိတ်သဘောထားနဲ့နေထိုင်ခြင်းကနေ လွတ်မြောက်အောင် ဉာဏ်အလင်းပေးတောမူပါ။” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းပြီး ကျွန်မ အနည်းငယ် စိတ်တည်ငြိမ်သွားကာ ကွန်ပျူတာ ဖွင့်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ထဲက ကျမ်းပိုဒ်အချို့ကို ဖတ်ခဲ့ပါသည်။

ဘုရားသခင်က ပြောသည်- “လူအချို့က မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့် ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပဓာနကျသည့် ပြဿနာမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို ရရှိထားကြသလော။ (မရရှိထားကြပါ။) ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များ အားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ကိုယ်ကျိုးအတွက် ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ်များအားလုံးကို ကာကွယ်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားကြသည် မဟုတ်လော။ ၎င်းတို့သည် စာတန် ဖြစ်ကြသည်မဟုတ်လော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသလော။ တိရစ္ဆာန်များကို ဘေးဖယ်ထားပါက၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း မရှိသောသူများ အားလုံးတွင် နတ်ဆိုးများ၊ စာတန်၊ ကောင်းကင်တမန်မင်းနှင့် ဘုရားသခင်ကို ဖက်ပြိုင်သောသူများ ပါဝင်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”)လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း အတိအကျပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)

ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဖတ်ပြီး ကျွန်မအလွန် စိတ်မကောင်းဖြစ်ပြီး တုန်လှုပ်ခြောက်ခြား သွားသည်။ ကျွန်မ၏ အခြေအနေကို အတိအကျ ပြောသွားခြင်း မဟုတ်ပါလား။ ခေါင်းဆောင်က အစ်မလီကို ပျိုးထောင်ချင်သည်ကိုသိသောကြောင့်၊ ကျွန်မ မနာလိုဖြစ်ပြီး မလိုမုန်းထားဖြစ်လာသည်။ သူမကို ဆိုးရွားသည့်ပုံစံမျိုးနှင့်အကဲဖြတ်ပြီး မကောင်းပင် ပြောမိခဲ့သည်။ အသင်းတော်၏ အကျိုးကို လုံးဝ ထည့်မတွက်ဘဲ၊ သူမထိုတာဝန်မရအောင်လုပ်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားခဲ့သည်။ ကျွန်မဖြစ်ချင်သည့်အရာဖြစ်ဖို့ စိတ်ထဲရှိသည့်အရာ မည်သည့်အရာမဆို လုပ်ခဲ့သည်။ ကျွန်မစိတ်ကြီးဝင် ထင်ရာစိုင်းပြီး ဘုရားသခင်ကို ကြည်ညိုမှုမရှိခဲ့ပါ။ ဘုရားသခင်က သူမ၏အလိုတော်ကို လူများက ပို၍အလေးထားပြီး သူတို့၏အမှုတော်ကို ထမ်းဆောင် စေချင်သည်။ အစ်မလီက အရည်အချင်းရှိပြီး သမ္မာတရားကို ရှာဖွေဖို့ အာရုံစူးစိုက်ထားသည်ကို ကျွန်မ သေချာသိသောကြောင့်၊ ပို၍ လေ့ကျင့်ပေးဖို့ အခွင့်အလမ်းများရှိလာပါက၊ သူမ၏ အသက်ဝင်ရောက်မှုနှင့် အရည်အသွေးများက တိုးတက်လာပြီး၊ အသင်းတော်၏ အလုပ်များကိုလည်း အကျိုးပြုလိမ့်မည်။ သို့ရာတွင် ကျွန်မ၏ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ဖို့ သူမကို နှောင့်နှေးစေခဲ့သည်။ နောက်ကွယ်မှ အကောက်ကြံပြီးလျှင်ပင် သူမ ထိုတာဝန်မရအောင် လုပ်ခဲ့သည်။ ကျွန်မ မသိလိုက်မီတွင်ပင်၊ ကျွန်မက စာတန်၏လက်ပါးစေဖြစ်လာပြီး အသင်းတော်၏အလုပ်များကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့မိသည်။ ကျွန်မ၏ရူးမိုက်မှုများအတွက် မိမိကိုယ်ကိုယ် အလွန်စိတ်ပျက်မိသည်။ မနာလိုမှုက ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီသည်ကို ကျွန်မသိသည်၊ သို့ရာတွင် ယင်းက ဤကဲ့သို့ လူသားမဆန်သည့်အရာကိုလုပ်ဖို့ အသင်းတော်၏အလုပ်များကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို အာခံဖို့ တွန်းအားပေးလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးမိခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မသွားသတိရသည်။ “လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်း...မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။” “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင် မအောင်း” တို့ကဲ့သို့ စာတန်၏ အဆိပ်အတောက်များကြောင့် ကျွန်မ၏အတွေးအခေါ် အယူအဆများ ပျက်ဆီးပြီး အမြဲတမ်း မနာလိုများဖြစ်ကာ အခြားသူများ မိမိထက်သာသွားမည်ကို လက်မခံနိုင် ဖြစ်ခဲ့သည်ကို စဉ်းစားမိသည်၊ မည်သည့်အဖွဲ့တွင်ဖြစ်စေ အခြားသူများ၏ ရှေ့ရောက်အောင် တိုက်ပွဲဝင်ချင်ခဲ့သည်၊ ကျွန်မက အခြားသူများ၏ အပေါ်မှာ ရှိသင့်သည်ဟု ထင်သည်၊ ကျွန်မထက် သာသွားသည်ဟု ထင်ပါက၊ မည်သူ့ကိုမျှ မျှတစွာ မဆက်ဆံနိုင်ပါ။ ကျွန်မက မနာလိုဖြစ်ပြီး ခွဲခြားဆက်ဆံခဲ့သည်။ သူတို့က ကျွန်မအတွက် ဆူးငြောင့်ခလုတ် ဖြစ်သည်ဟု မြင်ခဲ့သည်။ ကျွန်မက မနာလိုဖြစ်ပြီး ရှောင်ဖယ်ရှောင်ဖယ် လုပ်ကာ ကျွန်မအနားက သမ္မာတရားကို လိုက်စားနေသည့်သူများကို ရန်လိုခဲ့သည်။ သူတို့၏ကွယ်ရာမှာ သူတို့မကောင်းကြောင်းပင် ပြောခဲ့သည်။ ကျွန်မမှာ လူ့သဘာဝ လုံးဝပျောက်ဆုံးနေခဲ့သည်။ ကျွန်မကိုယ်ကျွန်မ အမြဲမြှင့်တင်ပြီး အခြားသူများကို ဆွဲချချင်ခဲ့သည်။ တိုက်ခိုက်ဖို့ အနိုင်ရဖို့နှင့် မည်သူ့ကိုမျှ အလျှော့မပေးချင်ခဲ့ပါ။ ကျွန်မက ကြွားဝါလိုခြင်း သက်သက်သာ ဖြစ်သည်။ ကျွန်မက အသက်ရှင်နေသည့် စာတန်တစ်ယောက်သာ မဟုတ်ပါလား။ နောက်ပိုင်းမှာမှ ထိုစာတန်၏ အဆိပ်အတောက်များနှင့် ဘဝရှင်သန်ရေးနည်းလမ်းများက ကျွန်မ၏ သဘာဝ ဖြစ်လာသည်ကို သိခဲ့ရသည်။ ကျွန်မဘဝကို ထိုအရာများ အပေါ်မှာ အခြေခံထားပြီး ပို၍ပို၍ အတ္တကြီးလာသည်၊ ဘဝင်မြင့်ပြီး မလိုမုန်းထားစိတ်များလာသည်။ ကျွန်မသာ ဘုရားသခင်ထံ ဝန်ချတောင်းပန်ဖို့ ဆက်ငြင်းဆန်နေပါက၊ ဘုရားသခင်က ရွံရှာမုန်းတီးပြီး ဖယ်ရှင်းပစ်ခြင်း ခံရမည်ကို ကျွန်မ သိခဲ့ပါသည်။ ဤအရာများအားလုံးကို သဘောပေါက်သည့်အချိန်မှာ ကျွန်မ အလွန်ကြောက်သွားသည်။ ကျွန်မ ဘုရားသခင်ထံ အမြန်သွားဆုတောင်းသည်၊ ဝန်ချတောင်းပန်ချင်သည့် အကြောင်း၊ ယခုမှစ၍ ကျွန်မသမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စာတန်၏အဆိပ်များနှင့် မနေတော့ပါမည့်အကြောင်းတို့ကို ပြောခဲ့သည်။

နောက်တစ်ရက်တွင် ခြုံငုံကြည့်ပါက အစ်မလီက အခြားအသင်းတော်က အလုပ်အတွက် သင့်တော်သည်ဟု ယူဆရကြောင်း ခေါင်းဆောင်ထံမှ စာကို ကျွန်မရခဲ့သည်။ ယင်းကို ဖတ်ရသည့်အချိန် ကျွန်မစိတ်ထဲမှာ တစ်ခုခုမွှေနှောက်သွားသော်လည်း၊ ချက်ချင်း ကျွန်မ၏ မနာလိုမှုက ကျွန်မကိုခြယ်လှယ်နေပြီ ဖြစ်သည်ကို သဘောပေါက် လိုက်သည်။ ကျွန်မချက်ချင်း ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး ကျွန်မကိုယ်ကျိုးကို စွန့်ခွာလိုစိတ် ဖြစ်လာခဲ့သည်။ ဆုတောင်းပြီး ဘုရားသခင်၏နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ထပ်ဖတ်ခဲ့သည်။ ဘုရားသခင်က ပြောသည်- “သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်ကို သင့်ကိုယ်သင် ထုတ်ဖော်ပြီး ဤသည်ကို သတိထားမိလာသောအခါ သမ္မာတရားကို သင်ရှာဖွေသင့်သည်- ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်နှင့်ညီအောင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ လူတိုင်းကို အကျိုးရှိစေရန် ကျွန်ုပ် မည်သို့ပြုမူသင့်သနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် အကျိုးအမြတ်များကို ဘေးဖယ်ထားပြီး သင်၏ဝိညာဉ်အသက်တာအရ ယင်းတို့ကို တစ်ဖြည်းဖြည်း တစ်ကြိမ်တွင် နည်းနည်းချင်းစီ စွန့်လွှတ်ခြင်းဖြင့် အစပြုရပါမည်။ သင်သည် ဤအရာကို အကြိမ်အနည်းငယ် တွေ့ကြုံပြီးသည့်နောက်၊ ယင်းတို့ကို လုံးလုံးလျားလျား ဘေးဖယ်ထားပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဘေးဖယ်ထားသည်နှင့်အမျှ သင်သည် ပို၍ပို၍ တည်ကြည်ခိုင်မာလာသည်ဟု ခံစားရလိမ့်မည်။ သင်၏ အကျိုးအမြတ်များကို ဘေးဖယ်ထားလေလေ၊ လူသားတစ်ဦးအနေဖြင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသင့်သည်ဟု ခံစားရလေလေဖြစ်မည်။ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိဘဲနှင့် သင်သည် ရိုးဖြောင့်သော၊ တည်ကြည်သော လူတစ်ဦးဖြစ်ပြီး သင်သည် ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာသာ အမှုအရာများကို ပြုလုပ်နေသည်ဟု သင်ခံစားရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော အပြုအမူက သင့်ကို ‘လူသား’ဟု ခေါ်ထိုက်စေပြီး ကမ္ဘာမြေပေါ် ဤနည်းအတိုင်း အသက်ရှင်ခြင်းဖြင့် သင်သည် ပွင့်လင်းရိုးသားနေကြောင်း၊ သင်သည် စစ်မှန်သောလူတစ်ဦး ဖြစ်နေကြောင်း၊ သင်၌ ရှင်းလင်းသောအသိစိတ်ရှိပြီး သင့်အပေါ် ဘုရားသခင် နှင်းအပ်ထားသော အရာများအားလုံးနှင့် ထိုက်တန်ကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤကဲ့သို့ ပို၍အသက်ရှင်လေ၊ ပို၍တည်ကြည်ခိုင်မာပြီး ပို၍ထက်မြက်သည်ဟု သင်ခံစားရလေ ဖြစ်မည်။ ထိုသို့ဆိုသော် သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ခြေချထားပြီးဖြစ်မည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း အကြမ်းဖျင်းဖော်ပြထားသည်။ ကျွန်မ၏ကိုယ်ကျိုးကို စွန့်လွှတ်ပြီး ဘုရားသခင်အိမ်တော်၏ကိုယ်ကျိုးကို စဉ်စားသင့်သည်။ တစ်နေရာရာမှာ ကျွန်မထက် ပိုတော်သည့် မည်သူ့ကိုမဆို ကျွန်မ ထောက်ခံပေးသင့်သည်၊ သို့မှသာ အရည်အချင်း ရှိသည့်သူတိုင်း ဘုရားသခင်၏အိမ်တော်မှာ သူတို့၏ အရည်အချင်းများကို ချပြနိုင်ပြီး၊ နိုင်ငံတော်ဧဝံဂေလိတရား ဖြန့်ဝေရာတွင် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးကသာ လူ့သဘာဝရှိပြီး ဘုရားသခင်၏အလိုတော်ကို အလေးထားသူဖြစ်သည်၊ ပြီးလျှင် ဘုရားသခင် အိမ်တော်၏အကျိုးကို သယ်ပိုးနိုင်ပါသည်။ သူတို့က ဘုရားသခင်၏ ထောက်ခံမှုကိုရရှိပြီး ယင်းကကောင်းမှုကုသိုလ်သာ ဖြစ်သည်။ ထိုညနေတွင်ပင် ကျွန်မအစ်မလီကိုသွားတွေ့ပြီး ထိုအမှုတော်ကို ထမ်းဆောင်ဖို့ သူမသွားလိုခြင်း ရှိမရှိ မေးခဲ့သည်။ သူမက သွားချင်သည်ဟု ပြောခဲ့သည်၊ သို့ရာတွင် သူမက ယုံကြည်သက်ဝင်သည်မှာ မကြာသေးသကဲ့သို့ ဝိညာဉ်ရင့်ကျက်မှုက နည်းနေသေးသောကြောင့်၊ အဆင်မပြေမည်ကို စိုးရိမ်နေသည်ဟု ပြောခဲ့သည်။ သူမ၏စိုးရိမ်မှုကိုကြားရသည့်အခါ၊ ဘုရားသခင်၏ အလိုတော်အရ ကျွန်မက သူမကို မိတ်သဟာယဖွဲ့ပေးခဲ့သည်၊ ဘုရားသခင်ကို အားကိုးအားထားပြုဖို့နှင့် သူမ၏အမှုတော်မှာ သမ္မာတရား၏ သဘောတရားများကို ရှာဖွေရေးမှာ အာရုံစိုက်ဖို့ ပြောခဲ့သည်။ နောက်လေးရက် ငါးရက်တွင် သူမ၏ အမှုတော်အသစ်ကို ထမ်းဆောင်ဖို့ ထွက်သွားသည်။ ကျွန်မအလွန်ပျော်ခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဂုဏ်နှင့်အဆင့်အတန်းအတွက် မနေထိုင်ခြင်းကသာ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်ခြင်းဖြစ်သည်ဟု ကျွန်မခံစားခဲ့ရသည်။ ကျွန်မနှလုံးသားထဲမှာ လုံးဝအေးချမ်းသွားသည်။

စာတန်၏လှည့်စားဖျက်ဆီးခြင်းကိုခံရပြီး အမြဲတမ်းမနာလိုဖြစ်ကာ နာမည်နှင့်ကိုယ်ကျိုးအတွက် တိုက်ခိုက်ပြီး အကျင့်ပျက်နေသည့် စိတ်သဘောထားနှင့် နေခဲ့သည့်အချိန်များကို ပြန်တွေးကြည့်လိုက်ပါက၊ ထိုကဲ့သို့ နေထိုင်ရသည်မှာ အလွန်ပူလောင်သည်ကို ကျွန်မမြင်လာသည်။ ဘုရားသခင်က ကျွန်မကိုဖော်ထုတ်ဖို့၊ ကယ်တင်ဖို့ လူ၊ အရာဝတ္ထု၊ အဖြစ်အပျက်နှင့် ပတ်ဝန်းကျင်အမျိုးမျိုးကို စီစဉ်ခဲ့သည်။ ကျွန်မ၏ဆိုးယုတ်သည့်သဘာဝကို ကျွန်မ အနည်းငယ် သိလာပြီး မနာလိုခြင်းနှင့် နာမည်နှင့်ကိုယ်ကျိုးအတွက် တိုက်ပွဲဝင်ခြင်း၏ သဘာဝနှင့် အကျိုးဆက်များကို မြင်လာသည့်အထိ သူ၏နှုတ်ကပတ်တော်များကို သုံးပြီး ကျွန်မကို ဖော်ထုတ်ကာ တရားစီရင်သည်၊ အားဖြည့်ပေးခဲ့သည်။ ထိုနောက်ပိုင်းမှသာ ကျွန်မက သမ္မာတရားကို အနည်းငယ်လက်တွေ့လုပ်ဆောင်နိုင်လာပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားလည်းအနည်းငယ်ရှိလာခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်ပါသည်။

အရှေ့သို့- ၃၉။ နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း

နောက်တစ်ခုသို့- ၄၁။ မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။