အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်မှန်းချက်များက မည်သည်တို့နည်း

01.09.2018

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်သည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှင့် လုံးဝကိုက်ညီစွာ ၎င်း၏ ယုံကြည်သူများကို ရေလောင်းကာ ထိန်းကျောင်းပါသည်။ ထိုသို့ပြုခြင်းမှာ ယုံကြည်သူတိုင်း သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှု၊ ကျွေးမွေးထားမှု၊ ရေလောင်းမှုနှင့် လမ်းပြမှုအောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ ခပ်သိမ်းသော သမ္မာတရားတို့ကို နားလည်၍ အသက်တာနှင့် တန်ဖိုးထားမှုများအတွက် မှန်ကန်သည့် အမြင်ရှိရန်၊ မှန်ကန်သည့် ရည်မှန်းချက်များရှိရန်၊ ဘုရားသခင်၏ လမ်းခရီးနောက် လိုက်လျှောက်ရန်၊ ဘုရားသခင်ပေးအပ်သည့် တာဝန်များကို စွဲကိုင်ထားရန်နှင့် လောက၏ အလင်းနှင့် လောက၏ဆားတို့ ဖြစ်ခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ထင်ရှားစေကာ ဘုရားသခင်၏ ချီးမွမ်းခြင်းခံရ၍ ဘုရားသခင်၏ကတိများကို အမွေခံထိုက်သူ ဖြစ်စေရန် ဖြစ်သည်။

အသင်းတော်သည် ဘုရားသခင်၏ စိတ်နှလုံးနောက်လိုက်သည့် အသင်းတော် တည်ထောင်ရန် ရည်ရွယ်ပါသည်။ သို့မှသာ ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး အလုပ်အကျွေး ပြုနိုင်ရန်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နာခံ၍ ဝတ်ပြုကိုးကွယ်နိုင်ရန်နှင့် ဘုရားသခင်အတွက် စစ်မှန်သော သက်သေခံဖြစ်လာနိုင်ကာ ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ပြသနိုင်မည်ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် နိုင်ငံ၏ ဧဝံဂေလိတရား ပြန့်ပွားစေရန်နှင့် သက်သေ ခံရန် အသင်းတော်မှ ရည်ရွယ်ပါသည်။ ထို့အပြင် လူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ပြန်ကြွလာသော သခင်ယေရှု ဖြစ်ကြောင်းနှင့် သူသည် ကျမ်းစာတွင် ကြိုတင် ဟောကြားထားသည့် နောက်ဆုံးသောကာလတွင် လူသားကို လုံးဝ သန့်စင်ကာ ကယ်တင်သည့် အမှုဖြစ်သည့် “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေးဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။(၁ ပေ ၄:၁၇) ဟူသည့်အတိုင်း အမှုကို စတင်ပြီ ဖြစ်ကြောင်းကို တွေ့မြင်ခွင့် ပေးပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော သမ္မာတရားခပ်သိမ်းကို လက်ခံခြင်းဖြင့်သာ လူသားသည် ၎င်း၏စာတန်ဆန်သော စိတ်သဘောထားကို ဖျောက်ဖျက်နိုင်ကာ အပြစ်၏အချုပ်အနှောင်မှ လွတ်မြောက်လျှက် သန့်စင်ခံကာ ဘုရားသခင်ကိုသိ၍ ဘုရားသခင်ကို နာခံကိုးကွယ်လျှက် အဓိပ္ပါယ်ရှိသော ဘဝတွင် အသက်ရှင်ခြင်းဖြင့် နောက်ဆုံးသောကာလ၏ ကြီးစွာသော ကပ်ဘေးတို့ကို ကျော်လွန်၍ ဘုရားသခင်၏နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤသည်သာလျှင် လူသား မျိုးနွယ်၏ လှပသော ခရီးလမ်းဆုံးဖြစ်၏။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုကို ပြန့်ပွားစေလျှက် သက်သေခံခြင်းဖြင့် ဘုရားသခင်ရှိကြောင်းကို လက်ခံ၍ သမ္မာတရားကို ချစ်မြတ်နိုးသူအပေါင်းကို နောက်ဆုံးသောကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ရေးအတွက် ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်မှရွေးချယ်ထားသူများကိုပေးအပ်သည့် တာဝန်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်ရွယ်ချက်များဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။

ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက်...

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်လော။

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။...

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ

(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။